← Chapters

ကျန်းကျွယ်ရှီ ရောက်လာခြင်း၊ ဟန်ကျွယ်ရဲ့ မျှော်လင့်မှု

Vol. 82 Ch. 866

ကျန်းကျွယ်ရှီ ရောက်လာခြင်း၊ ဟန်ကျွယ်ရဲ့ မျှော်လင့်မှု

Vol. 82 Ch. 866

နဂါးခေါင်း တာအိုကျင့်ကြံသူဟာ သူနဲ့ တိုက်ခိုက်ခဲ့တဲ့လူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ မဟုတ်မှန်း သိလိုက်ရတဲ့အခါ တိတ်ဆိတ်သွားပါတယ် ‘ဒါ လုံးဝ မဖြစ်နိုင်ဘူး...’ တစ်ချိန်တည်းမှာပဲ နဂါးခေါင်း ကျင့်ကြံသူရဲ့ ရင်ထဲမှာ မုန်တိုင်း ထန်သွားပါတယ်။

‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိအောက်မှာ ဒီလိုမျိုး ထိပ်သီးကျင့်ကြံသူ ရှိနေတာလား...’ နဂါးခေါင်း တာအိုကျင့်ကြံသူဟာ သူ ကောင်းကင်တာအိုကို အလျင်စလို မသွားဘဲ အသက်ရှင်ဖို့ နည်းချန်ခဲ့တာကို ဝမ်းသာမိသွားပါတယ်။ မဟုတ်ရင် သူ ကောင်းကင်တာအိုထဲမှာ တကယ် သေသွားကောင်း သေသွားနိုင်ပါတယ်။

နဂါးခေါင်း တာအိုကျင့်ကြံသူက တိတ်ဆိတ်နေတာကို ကြည့်ပြီး ရှန်ပေါင် တာအိုကျင့်ကြံသူဟာ သရော်ပြုံး ပြုံးလိုက်ပါတယ် ‘နတ်အာဏာရှင် စစ်သူကြီးတွေတောင် ကောင်းကင်တာအိုကို မဝင်နိုင်တာ... မင်းကိုယ်မင်း ဘယ်သူများ ထင်နေတာလဲ’

အတော်အတန်ကြာသွားတဲ့ အခါမှာတော့...

နဂါးခေါင်း တာအိုကျင့်ကြံသူဟာ မော့ကြည့်ပြီး မေးလိုက်ပါတယ် “တန်ခိုးရှင် နတ်ဘုရား... တန်ခိုးရှင် နတ်ဘုရားက ကောင်းကင်တာအိုနဲ့ သဘောတူညီမှု ရသွားပြီလား”

နဂါးခေါင်း တာအိုကျင့်ကြံသူဟာ ငတုံး မဟုတ်တဲ့အတွက် သေချာ ပြန်တွေးကြည့်တဲ့အခါ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ လေသံက ကောင်းကင်တာအိုကို ကာကွယ်တဲ့ လေသံမျိုး ပေါက်နေတာကို သွားတွေ့ပါတယ်။

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဘာမှ မပြောပါဘူး။

“ကျွန်တော်ကို ကောင်းကင်တာအိုနဲ့ ဘာဖြစ်လို့ မိတ်ဆက်မပေးတာလဲ” နဂါးခေါင်း တာအိုကျင့်ကြံသူက မေးခွန်းထုတ်လိုက်ပါတယ်။

ဒီတစ်ခါမှာတော့ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မှင်တက်သွားပါတယ် ‘ဒီကောင်...’

နဂါးခေါင်း တာအိုကျင့်ကြံသူက လေးလေးနက်နက် ပြောပါတယ် “ကျွန်တော် သူတို့ကို အနိုင်မယူနိုင်မှတော့ ကျွန်တော် ကောင်းကင်တာအိုထဲ ဝင်မယ်၊ လက်ရှိ ပဋိပက္ခထဲမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိထက် စွမ်းအားကြီးတဲ့လူ မရှိဘူးမလား၊ ဟို အန္တိမဒဏ်ခတ်နတ်မင်းက ကျွန်တော်အမြင်မှာတော့ ဒီလောက်ပဲရှိတာ၊ အရင် နတ်စိတ်ဝိညာဉ် ခေါင်းဆောင်တောင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မတိုက်ရဲဘူးမလား”

ရှန်ပေါင် တာအိုကျင့်ကြံသူက မျက်နှာသေနဲ့ မေးလိုက်ပါတယ် “ဒါဆို မင်းက ဘာဖြစ်လို့ ကောင်းကင်တာအိုထဲ ဝင်ချင်ရတာလဲ”

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ နဂါးခေါင်း တာအိုကျင့်ကြံသူက ကောင်းကင်တာအိုကို လျှို့ဝှက်ကြံစည်ချင်ရင် ဖြေရှင်းဖို့ နည်းလမ်းရှာမှာပါ။ ပြောရရင် သူ ဟန်ကျွယ်ကို ကူညီတာက တော်တော် ရှားပါတယ်။ အများဆုံး သူ လုပ်တာက ကောင်းကင်တာအိုကို သတင်းပေးပြီး နည်းနည်းပါးပါး ဂရုစိုက်ရုံပါ။

ဒါပေမဲ့ ကောင်းကင်တာအို ကိုယ်တိုင်က ဟန်ကျွယ် ဖြစ်တဲ့အတွက် ကောင်းကင်တာအို အင်အားကြီးထွားလာမှုက တားဆီးမရတော့ပါဘူး။

နဂါးခေါင်း တာအိုကျင့်ကြံသူက ပြောလိုက်ပါတယ် “ဘာဖြစ်ရမှာလဲ၊ အစွမ်းအထက်ဆုံး ဖြစ်လာဖို့ပေါ့၊ အရင်တုန်းက ကျွန်တော် ကောင်းကင်တာအိုကို ချေမှုန်းချင်တာက နာမည်ကြီးချင်လို့ပဲ၊ အခု ကျွန်တော်နဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဒီလောက် ကွာခြားနေမှတော့ ကျွန်တော်က ဘာဖြစ်လို့ ကိုယ့်သေတွင်း ကိုယ်တူးမှာလဲ”

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ဒါဆို မင်း ဘာဖြစ်လို့ တခြားတာအိုပညာရှိတွေကို အရင်ဆုံး စိန်မခေါ်တာလဲ၊ ဥပမာပေးရရင် စန့်ချွမ်အဂ္ဂကမ္ဘာက သုံးပါးအရှင်ပေါ့၊ ဒါကလည်း နာမည်ကြီးလာဖို့ နည်းလမ်းတစ်ခုပဲ”

နဂါးခေါင်း တာအိုကျင့်ကြံသူဟာ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ စကားကို အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတဲ့အတွက် ချက်ချင်း သဘောတူ လက်ခံလိုက်ပါတယ် “ကောင်းပြီလေ၊ ကျွန်တော် စန့်ချွမ်အဂ္ဂကမ္ဘာဆီ အရင်ဆုံး သွားလိုက်မယ်”

အဲဒီနောက် နဂါးခေါင်း တာအိုကျင့်ကြံသူဟာ လှည့်ထွက်သွားပါတယ်။

တံခါးဝ အရောက်မှာတော့ နဂါးခေါင်း တာအိုကျင့်ကြံသူဟာ တုံ့ခနဲ ရပ်လိုက်ပြီး ခေါင်းလှည့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “တန်ခိုးရှင် နတ်ဘုရား... လောကဦးနတ်ဘီလူးက အတုဖြစ်ချင် ဖြစ်မယ်၊ ဒါပေမဲ့ မဟာတာအို အနန္တကပ်ဘေးကတော့ စိတ်ကူးယဉ်သက်သက် မဟုတ်ဘူး၊ တန်ခိုးရှင် နတ်ဘုရား ကြိုပြီးတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားသင့်တယ်”

စကားဆုံးတာနဲ့ နဂါးခေါင်း တာအိုကျင့်ကြံသူဟာ ပျောက်ကွယ်သွားပါတယ်။

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ပဋိပက္ခ နတ်ဘီလူးတွေနဲ့ နတ်စိတ်ဝိညာဉ် ခေါင်းဆောင် သေသွားတဲ့အတွက် မဟာတာအို အနန္တကပ်ဘေးက ဖြစ်မလာတော့ဘူးလို့ တွေးထားခဲ့တာပါ။ ပဋိပက္ခတစ်ခုလုံးက လောကဦး နတ်ဘီလူးဆိုတာ ဒဏ္ဍာရီသက်သက်ပဲလို့ လက်ခံလိုက်ပြီ မဟုတ်ပါလား။

ဒါပေမဲ့ နဂါးခေါင်း တာအိုကျင့်ကြံသူရဲ့ စကားက ရှန်ပေါင် တာအိုကျင့်ကြံသူကို ချီတုံချတုံ ဖြစ်သွားစေပါတယ်။

“ဒီကောင် ဘယ်ကနေ ရောက်လာတာလဲ” ရှန်ပေါင် တာအိုကျင့်ကြံသူဟာ တစ်ကိုယ်ကြားရုံ တီးတိုး ရေရွတ်လိုက်ပြီး သူ နဂါးခေါင်း တာအိုကျင့်ကြံသူကို နားမလည်နိုင်ဘူးဆိုတာ ရုတ်တရက် သဘောပေါက်သွားပါတယ်။

နဂါးခေါင်း တာအိုကျင့်ကြံသူက တော်တော်လေး ထူးဆန်းပါတယ်။ ပဋိပက္ခ အကြောင်းကို ဘာတစ်ခုမှ မသိသလိုပါပဲ။ ဒီလို မသိလို့လည်း မဟာတာအိုကို ရယူပြီးရုံနဲ့ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ကို လိုက်ပြီး စိန်ခေါ်တာ ဖြစ်နိုင်ပါတယ်။

‘ဒီကောင်က တစ်နေရာရာမှာ နှစ်သန်းချီ ဂူအောင်း ကျင့်ကြံနေခဲ့တာလား... ဒါဆို သူ့ဆရာသခင်က ဘယ်သူများလဲ’

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်မှောင်ကြုတ်ပြီး အတွေးနက်သွားပါတယ်။

ဟင်းလင်းပြင်ထဲမှာ ကျန်းကျွယ်ရှီက ရှေ့ကို လျင်မြန်စွာ ခရီးနှင်နေပါတယ်။ ကျန်းကျွယ်ရှီရဲ့ အဖြူရောင်ဝတ်ရုံဟာ လေထဲမှာ လူးလွန့်နေပါတယ်။ ကျန်းကျွယ်ရှီဟာ အရင်အတိုင်းပါပဲ။ အချိန်က သူ့ကို မသက်ရောက်နိုင်သလိုပါပဲ။ ဒါပေမဲ့ သူ့ကိုယ်ဟန်ကတော့ ပိုပိုပြီးတော့ သိမ်မွေ့နက်နဲလာပါတယ်။

ကျန်းကျွယ်ရှီရဲ့ ရှေ့မှာ တလက်လက် တောက်နေတဲ့ စကြဝဠာတစ်ခု ပေါ်လာပါတယ်။ ဒီစကြဝဠာမှာ ဂလက်ဆီပေါင်း မရေမတွက်နိုင်အောင် ရှိနေပြီး ပန်းချီကားတစ်ချပ်လို လှပလှပါတယ်။

ကျန်းကျွယ်ရှီဟာ ဒီစကြဝဠာကို စိတ်ဝင်စားသွားပါတယ်။ အကြောင်းအရင်းတချို့ကြောင့် ဒီစကြဝဠာက သူ့ကို လက်ယပ်ခေါ်နေတယ်လို့ ကျန်းကျွယ်ရှီ ခံစားလိုက်ရပါတယ်။ ကျန်းကျွယ်ရှီဟာ ချက်ချင်း အရှိန်တင်လိုက်ပါတယ်။

ဒီစကြဝဠာက ဟန်ကျွယ် ဖန်တီးထားခဲ့တဲ့ ကြယ်စကြဝဠာပါ။ ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီ ငါးစာ လာဟပ်တာကို စောင့်နေတာပါ။

ကျန်းကျွယ်ရှီဟာ လျင်မြန်စွာ ခရီးနှင်ပြီး ကြယ်စကြဝဠာထဲ ဝင်လိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ ကြယ်စကြဝဠာထဲ လျှောက်သွားရင်း တာအိုပညာရှိအာရုံနဲ့ စကြဝဠာကို စစ်ဆေးလိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ ဒီစကြဝဠာမှာ ဘာသက်ရှိမှ မရှိပေမဲ့ သူ့ကို အရမ်း သက်သောင့်သက်သာ ဖြစ်စေတဲ့ ရောင်ဝါတစ်ခု ရှိနေတာကို ခံစားမိလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကြယ်စကြဝဠာဗဟို တတိယတာအိုစက်ကွင်းထဲက လျူပေ့ဟာ ကျန်းကျွယ်ရှီ ရောက်လာတာကို သတိထားမိသွားပါတယ်။ လျူပေ့ဟာ ကျန်းကျွယ်ရှီကို သတိကြီးကြီးနဲ့ စိုက်ကြည့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြယ်စကြဝဠာက အသစ်ဖြစ်တည်လာတာ မကြာသေးတဲ့အတွက် အပြင်လူတွေရဲ့ ဖျက်ဆီးမှုဒဏ်ကို ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။

လျူပေ့ဟာ ကျန်းကျွယ်ရှီက အရမ်းစွမ်းအားကြီးတာကို အာရုံခံမိတဲ့အတွက် အလျင်စလို စကားမပြောရဲပါဘူး။ နောက်ပြီး ဟန်ကျွယ် ရှိနေတာကြောင့် တစ်ခုခုဖြစ်မှာကိုလည်း လျူပေ့က မစိုးရိမ်ပါဘူး။

လျူပေ့ဟာ ကျန်းကျွယ်ရှီ ဘာလုပ်မလဲဆိုတာကို သိချင်သွားပါတယ်။

ကျန်းကျွယ်ရှီဟာ ကြယ်စကြဝဠာမှာ အချိန်တစ်ခုကြာအောင် လျှောက်သွားပြီးနောက် ဂူအောင်းကျင့်ကြံဖို့ နေရာတစ်ခု ရှာလိုက်ပါတယ်။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

မျက်တောင်တစ်ခတ်အတွင်း ဟန်ကျွယ်ရဲ့ နှစ်တစ်သိန်း ဂူအောင်းကျင့်ကြံမှု ပြီးဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီ ရောက်လာတာကို အစောကြီးကတည်းက သိနှင့်ပြီးသားပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အလျင်စလို မရှိဘဲ ဒုတိယ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာကာ အသစ်မွေးဖွားလာတဲ့ နတ်ဘီလူးကို လွှတ်ပေးပြီး ဒုတိယ တာအိုစက်ကွင်း တစ်ခုလုံးကို တာအိုဟောကြားပေးလိုက်ပါတယ်။

နှစ်ငါးရာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ပြီး တာအိုဘုံကျောင်းထဲက လမ်းလျှောက်ထွက်ကာ လျူပေ့ရှေ့မှာ ပေါ်လာပါတယ်။

“ဒီကောင်လေးကို မင်း ဘယ်လိုထင်လဲ” ဟန်ကျွယ်က မေးခွန်းထုတ်လိုက်ပါတယ်။

လျူပေ့ဟာ ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် မျက်လုံးပွင့်လာပြီး မှင်တက်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ် ဘယ်သူကို ပြောနေလဲဆိုတာ လျူပေ့ နားလည်သွားပါတယ်။ ဟန်ကျွယ် ပြောတဲ့ကောင်လေးက ကြယ်စကြဝဠာထဲကို မတော်တဆ ဝင်ရောက်လာတဲ့ ကျင့်ကြံသူကလွဲရင် ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။

“သူကလည်း ကောင်းကင်တာအိုသက်ရှိ ထင်တယ်”

ကျန်းကျွယ်ရှီရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ သိပ်သည်းပါတယ်။ ဘဝပေါင်းများစွာ ပြန်လည်မွေးဖွားခဲ့တာကြောင့် ကောင်းကင်တာအို ကံတရား အထောက်အပံ့ဟာ ကျန်းကျွယ်ရှီဆီမှာ အမြစ်တွယ်နေပါပြီ။ ဒါကြောင့် ပဋိပက္ခမှာ ခဏလေး လျှောက်သွားရုံနဲ့ လွင့်ပါးပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

“မဆိုးပါဘူး... သူက ဒီနေရာကို လျှောက်မဖျက်ဆီးဘူး၊ နေရာတစ်ခုရှာပြီး ဂူအောင်း ကျင့်ကြံအားထုတ်တယ်၊ သူက သတိကြီးပြီး ခြိုးခြံချင်တဲ့ စရိုက် ရှိတယ်” လျူပေ့က ဟန်ကျွယ်ရဲ့ မေးခွန်းကို ဖြေလိုက်ပါတယ်။

ဟန်ကျွယ်ဟာ သူနဲ့ ကျန်းကျွယ်ရှီရဲ့ အတိတ်ကို လျူပေ့သိအောင် ပြောပြလိုက်ပါတယ်။

လျူပေ့ဟာ နှလုံးလှုပ်သွားပါတယ် ‘ဒီကောင်လေးရဲ့ အရည်အချင်းက ဒီလောက်ထိတောင် ကြောက်ဖို့ ကောင်းတာလား...’

လျူပေ့က မေးလိုက်ပါတယ် “ဒါဆို ကျွန်တော် ဘာလုပ်ပေးရမလဲ”

“မင်း သူနဲ့ မိတ်ဆွေဖွဲ့ပြီး သူ့ကို ဒီနေရာမှာ ဆက်နေခိုင်းချည်” ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ်။

ကြယ်စကြဝဠာရဲ့ စိတ်ဝိညာဉ်ချီက နည်းပါးလွန်းတဲ့အတွက် ပဋိပက္ခချီကလည်း လုံလုံလောက်လောက် မရှိပါဘူး။ ဒါကြောင့် ကျန်းကျွယ်ရှီဟာ ဒီလိုနေရာမျိုးမှာ ကြာကြာနေမှာ မဟုတ်ပါဘူး။

လျူပေ့က ချက်ချင်း သဘောတူလိုက်ပါတယ်။

ဟန်ကျွယ်ဟာ သူ့စိတ်ဆန္ဒတစ်စွန်းတစ်စကို လျူပေ့ထိုင်နေတဲ့ သစ်ပင်ဆီ ထည့်သွင်းလိုက်ပါတယ် “နောက်ကျလို့ မင်း အပြင်ထွက်ချင်တာပဲဖြစ်ဖြစ် အထဲဝင်ချင်တာပဲဖြစ်ဖြစ် စကားတစ်လုံးသာ ပြောလိုက်”

ဒီစိတ်ဆန္ဒက လျူပေ့က အပြင်ထွက်မှာနဲ့ အထဲဝင်မှာကို အဓိက တာဝန်ယူမှာပါ။

“ကောင်းပါပြီ”

ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ရောက်တာနဲ့ ဖန်တီးမှုစွမ်းအားကို ဆက်ပြီးတော့ သုံးသပ်နားလည်ပါတယ်။ ဟန်ကျွယ်ဟာ နှစ်သိန်းချီကြာအောင် ကြိုးစားအားထုတ်ပြီးနောက် ဖန်တီးမှုစွမ်းအားကို တစ်စွန်းတစ်စ နားလည်လာပါတယ်။

အရာအားလုံးက အစပိုင်းမှာပဲ ခက်ခဲတာပါ။

ဟန်ကျွယ်ဟာ အရမ်းစိတ်လှုပ်ရှားသွားပြီး မဟာတာအို အထွတ်အထိပ် အလယ်အဆင့်ကို ထိုးဖောက်ဖို့ မျှော်လင့်ချက် ရှိသွားပါတယ်။

နှစ်သုံးထောင်ကျော် ကြာတဲ့အခါမှာတော့...

[မိစ္ဆာ ကောင်းကင်ဧကရာဇ်က သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အိပ်မက်ကို လက်ခံဖို့ ရွေးချယ်လိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ့ကို လာရှာတာ ရှားပါတယ်။ တကယ်အရေးကြီးမှသာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ့ဆီ ဆက်သွယ်တာပါ။

ဟန်ကျွယ်ဟာ နည်းနည်းတော့ မျှော်လင့်ချက် ထားမိလိုက်ပါတယ် ‘သူ ငါ့ကို အကူအညီ တောင်းမှာလား...’

လက်ရှိ ပဋိပက္ခမှာ ဟန်ကျွယ်ကို ယှဉ်နိုင်တဲ့လူက လက်တစ်ဖက်တောင် မပြည့်ပါဘူး။ ဒါကြောင့် အစွမ်းသာ ထုတ်ပြခွင့်ရမယ်ဆိုရင် ဟန်ကျွယ်က တော်‌တော်လေး ပျော်မှာပါ။

အိပ်မက်နယ်မြေက အရင်အတိုင်း ယွီဂျင်ဂိုဏ်းတော်ကြီး အပြင်ဘက်က တောအုပ်ပါပဲ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို တွေ့တဲ့အခါ ပြုံးလိုက်ပါတယ် “အဆင်ပြေရဲ့လား”

“မဆိုးပါဘူး၊ ဘာကိစ္စရှိလို့လဲ”

ဟန်ကျွယ်ဟာ လာရင်းကိစ္စကို တန်းမေးလိုက်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ သဘောထားကို ကြည့်ပြီး ပဟေဠိ ဖြစ်သွားပါတယ် “နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က သေသွားပြီ၊ သူက လောကဦး နတ်မိသားစုကို ဖန်တီးလိုက်တယ်၊ ဒီမျိုးနွယ်စုက မင်းကို ခြိမ်းခြောက်နိုင်လာလောက်တယ်”

“ဒါပဲလား... မဟုတ်သေးဘူး... နေပါဦး... နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က ဘာဖြစ်လို့ သေသွားရတာလဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံး ပင့်တက်သွားပါတယ် “ဟန်ဆောင်နေတာ ရပ်တော့၊ မင်း ဒီအကြောင်းကို အစောကြီးကတည်းက သိထားတာမလား၊ သူ့ကို ဘယ်သူ သတ်လိုက်လဲဆိုတာ ငါ မသိဘူး၊ ဒါပေမဲ့ ငါ့အထင်တော့ မင်း သတ်လိုက်တယ်လို့ပဲ ထင်တယ်”

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ နှစ်ဆယ်သန်း သဘောတူညီမှုမှ မပြည့်သေးတာ”

“ငါ ဒီနေ့ မင်းကို လာရှာတာက တောင်းဆိုစရာတစ်ခု ရှိလို့ပဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ တလဲ့လဲ့ တောက်ပသွားပါတယ် ‘နောက်ဆုံးတော့ ရောက်လာပြီလား...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters