← Chapters

ခုနစ်ပါးတာအို နတ်လက်နက်၊ တခြားတည်ရှိမှုတစ်ခု

Vol. 82 Ch. 868

ခုနစ်ပါးတာအို နတ်လက်နက်၊ တခြားတည်ရှိမှုတစ်ခု

Vol. 82 Ch. 868

ဆက်တွက်မယ်။

ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့ နတ်မင်းက ဘာကြံနေလဲဆိုတာကို သိချင်တဲ့အတွက် ဆက်တွက်ဖို့ ရွေးချယ်လိုက်တာပါ။ အဲဒီနောက် ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ဘယ်နေရာကြည့်ကြည့် အတိမှောင်မိုက်နေတာကို တွေ့လိုက်ရပါတယ်။ ဒီအချိန်မှာပဲ ရှေ့နားမှာ အလင်းရောင်တစ်ရောင် ရုတ်တရက် ပေါ်လာပါတယ်။

ဒီအလင်းရောင်ဟာ ပိုပိုတောက်ပလာပါတယ်။ ဟန်ကျွယ် သေချာ ကြည့်လိုက်တဲ့အခါ ဒီအလင်းရောင်က ခမ်းနားထည်ဝါတဲ့ ရုပ်သွင်တစ်သွင်ရဲ့ နဖူးကနေ လာနေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ တစ်ဖက်လူရဲ့ ရုပ်သွင်ကိုပဲ အကြမ်းဖျင်း မြင်နိုင်ပါတယ်။ ဒီရုပ်သွင်ဟာ ဝတ်ရုံတစ်ရုံကို ဝတ်ဆင်ထားပြီး အမှောင်ထုထဲမှာ ထိုင်နေပါတယ်။

‘သဏ္ဍာန်မဲ့နတ်မင်းလား...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်သွားပါတယ်။ သက်တမ်း ၁ ကွာဒလီယံ ကုန်သွားတာတောင် တစ်ဖက်လူရဲ့ ရုပ်သွင်ကို မမြင်နိုင်ဘူး မဟုတ်ပါလား။

ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ နောက်ဘက်က လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တဲ့အတွက် နောက်လှည့်ကြည့်လိုက်တဲ့အခါ ပုကျိုးနတ်တောင်ထက် အဆတစ်သောင်းလောက် ကြီးမားတဲ့ ရုပ်သွင်တစ်သွင်ကို တွေ့လိုက်ရပါတယ်။

ဒီရုပ်သွင်ဟာ ဟင်းလင်းပြင်ထဲမှာ ပေါလောမျောနေပါတယ်။ ဒီရုပ်သွင်ဟာ ဘယ်ခြေကို မြှောက်ပြီး သူ့လက်ဖဝါးကို ရင်ဘက်ပေါ် တင်လိုက်ပါတယ်။ ဒါပေမဲ့ သူ့နောက်မှာရှိတဲ့ လက်မောင်းတွေက မရေတွက်နိုင်ပါဘူး။ သစ်ပင်ကြီးတစ်ပင်ရဲ့ သစ်ကိုင်းတွေထက်တောင် ပိုများနေပါသေးတယ်။ ဟန်ကျွယ်ဟာ ဒီရုပ်သွင်ရဲ့ ပုံရိပ်မှန်ကိုလည်း မတွေ့မြင်နိုင်ပါဘူး။

“လောကဦးနတ်ဘီလူးက ခုထိ မမွေးဖွားသေးဘူး၊ ကြည့်ရတာ မဟာတာအို အနန္တကပ်ဘေးမှာ မသိကိန်းတစ်ခု ပေါ်လာလိမ့်မယ်နဲ့ တူတယ်”

“ငါလည်း အဲဒီလိုပဲ ဖြစ်မယ်လို့ ထင်တယ်၊ ငါ မိုးကောင်းကင် အပျက်အစီး နတ်ကမ္ဘာကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ၊ လောကဦးနတ်ဘီလူးက ဒီကမ္ဘာမှာ မွေးဖွားချင် မွေးဖွားလာမှာ”

“ဟုတ်တယ်... အဲဒီမိစ္ဆာ ကောင်းကင်ဧကရာဇ်က ကောင်းကောင်း အသုံးချလို့ရတယ်၊ ဒါက သူ့အတွက် အခွင့်အရေးကောင်း တစ်ခုဆိုတော့ သူ ဆုပ်ကိုင်နိုင်ဖို့ မျှော်လင့်ရမှာပဲ”

“အင်း...”

သာလွန်တည်ရှိမှုနှစ်ခု တစ်ခဏတာ စကားပြောပြီးတာနဲ့ ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ပုံရိပ်ယောင်ထဲမှာ သာလွန်တည်ရှိမှုနှစ်ခုက စကား အများကြီး မပြောပေမဲ့ ဟန်ကျွယ်ဟာ သတင်း တော်တော်များများ ရလိုက်ပါတယ်။

‘ဒီတာအိုဖန်တီးရှင် နှစ်ပါးက လောကဦးနတ်ဘီလူးကို မွေးဖွားစေချင်နေတာလား... ပဋိပက္ခသိစိတ်က လောကဦးနတ်ဘီလူးကို ဂရုမစိုက်ဘဲ သူ ထိန်းချုပ်လို့မရတဲ့ အမှောင်သခင်ကြီးကိုပဲ အာရုံစိုက်တာ အံ့ဩစရာ မရှိတော့ပါဘူး’

ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ဒီအကြောင်း ပြောပြဖို့ စိတ်ကူး မရှိပါဘူး။ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုက ကွာခြားလွန်းတဲ့အတွက် သိတာများလေလေ မိစ္ဆာ ကောင်းကင်ဧကရာဇ်အတွက် အန္တရာယ်များလေလေပါပဲ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တစ်ဖက်လူက သူ့ကို အသုံးချနေတယ်ဆိုတာကို ကျိန်းသေပေါက် သိမှာပါ။ ဒါပေမဲ့ ပုံရိပ်ယောင်ထဲက သာလွန်တည်ရှိမှု ပြောသလိုမျိုး မိစ္ဆာ ကောင်းကင်ဧကရာဇ်က အသုံးချခံရတာဆိုပေမဲ့ ဒါက သူ့အတွက် အခွင့်အရေးတစ်ခုဆိုရင်လည်း မမှားပါဘူး။

သဏ္ဍာန်မဲ့နတ်မင်းသာ မရှိဘူးဆိုရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် ပဋိပက္ခကို ဂယက်ပဲ ထစေမှာပါ။ မုန်တိုင်း ထန်စေနိုင်မှာ မဟုတ်ပါဘူး။

မိုးကောင်းကင် အပျက်အစီး နတ်ကမ္ဘာကို ရရှိသွားတဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သဏ္ဍာန်မဲ့ နတ်မင်းရဲ့ လမ်းညွှန်မှုအောက်မှာ သေချာပေါက် အင်အားကြီးလာမှာပါ။

ဟန်ကျွယ်ဟာ တွေးနေတာ ရပ်လိုက်ပါတယ်။ အခုအချိန်မှာ သူက တာအိုဖန်တီးရှင်ကို လျှို့ဝှက်ကြံစည်ဖို့ အရည်အချင်း မရှိသေးပါဘူး။ အရင်ဆုံး တာအိုဖန်တီးရှင်အဆင့် ရောက်အောင် ကြိုးစားရပါဦးမယ်။

လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်၊ လောကဦးပဋိပက္ခ လွတ်လပ်မှုအဆင့်၊ မဟာတာအို လောကဦးပဋိပက္ခ အဆင့်၊ မဟာတာအို အထွတ်အထိပ်အဆင့်၊ တာအိုဖန်တီးရှင်အဆင့်။ အဆင့်တိုင်းက အင်မော်တယ်နဲ့ မော်တယ်တွေ ကွာခြားသလိုပါပဲ။

ဟန်ကျွယ်ဟာ ဖန်တီးမှု စွမ်းအားကို ဆက်ပြီးတော့ သုံးသပ်နားလည်ပါတယ်။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

မျက်တောင်တစ်ခတ်အတွင်း နှစ်သုံးသိန်း ကြာသွားပါတယ်။

ကောင်းကင်တာအိုဟာ တစ်နေ့တစ်ခြား ပြောင်းလဲလာပါတယ်။ စတုတ္ထမြောက် ပဋိပက္ခ ကောင်းကင်လမ်းကိုလည်း စတင် တည်ဆောက်နေပါပြီ။ ကောင်းကင်တာအိုပညာရှိလည်း လေးပါး ပိုများလာပါတယ်။ ဒီအထဲက ကောင်းကင်တာအိုပညာရှိတစ်ပါးဟာ ဟုန်စဲ့မင်ယွင်ကမ္ဘာကလာတာ ဖြစ်ပြီး တစ်ပါးက ဗုဒ္ဓကမ္ဘာက လာတာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ဟုန်စဲ့မင်ယွင်ကမ္ဘာနဲ့ ဗုဒ္ဓကမ္ဘာက ကောင်းကင်တာအိုနဲ့ လုံးဝ ပေါင်းစပ်သွားပြီ ဆိုတာကို သိနိုင်ပါတယ်။

အင်မော်တယ်ကမ္ဘာကလည်း အကြီးအကျယ် ပြောင်းလဲသွားပါတယ်။ ကျင့်ကြံသူတွေက မရေတွက်နိုင်သလို မျိုးနွယ်စုကလည်း ရေတွက်လို့ မရပါဘူး။ အင်မော်တယ်ကမ္ဘာက သက်ရှိအားလုံးအတွက် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ဟာ စိတ်ကူးယဉ်သက်သက် မဟုတ်တော့ပါဘူး။ အနည်းဆုံး ဒီတည်ရှိမှုတွေရဲ့ သတင်းကို မကြာခဏ ကြားလာရပါတယ်။

အင်မော်တယ်ကမ္ဘာအောက်မှာရှိတဲ့ သေမျိုးကမ္ဘာ အရေအတွက်က တစ်သိန်းကျော်လာပါတယ်။ ဒီအရေအတွက်က ဆက်ပြီးတော့ တိုးနေတုန်းပါ။ အနန္တကပ်ဘေး မရှိတာကြောင့် ကံတရား အထောက်အပံ့ဂိုဏ်းတွေဟာ ကောင်းကင်တာအို ကုသိုလ်ကံနဲ့ ကံတရား အထောက်အပံ့ကို ရရှိဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်တဲ့ သေမျိုးကမ္ဘာ ဖန်တီးတဲ့ နည်းလမ်းကို အသုံးပြုလာကြပါတယ်။

လီရွှမ်အောက်နဲ့ ဟန်ဇွေတျန်ရဲ့ အုပ်ချုပ်မှုအောက်မှာ တိတ်ဆိတ်ဂိုဏ်းက မူလစည်းချက်ကို ဆက်ပြီးတော့ ထိန်းသိမ်းထားပါတယ်။ တိတ်ဆိတ်ဂိုဏ်းဟာ စွမ်းအားကြီးပေမဲ့ သိုသိုသိပ်သိပ်ပဲ နေပါတယ်။

ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းမှာ နေထိုင်ပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တပည့်တွေနဲ့ ဒုတိယ တာအိုစက်ကွင်းထဲက တပည့်တွေ မနှောင့်ယှက်တာကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ အရမ်းကို အဆင်ပြေ ချောမွေ့နေပါတယ်။

တစ်နေ့မှာတော့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်ဟာ စကြဝဠာကို ဖြတ်သန်းပြီး ဧရာမကြယ်ကြီးတစ်လုံးဆီ ရောက်ရှိသွားပါတယ်။ ဒီကြယ်ကြီးပေါ်မှာ ကျန်းကျွယ်ရှီနဲ့ လျူပေ့ဟာ တာအိုအကြောင်း ဆွေးနွေးနေကြပါတယ်။

နှစ် ၂၀၀,၀၀၀ ကျော် ဆက်ဆံပြီးတဲ့နောက်မှာတော့ လျူပေ့နဲ့ ကျန်းကျွယ်ရှီဟာ မိတ်ဆွေကောင်းတွေ ဖြစ်လာကြပါတယ်။ လျူပေ့ဟာ ကျန်းကျွယ်ရှီကို ဒီစကြဝဠာရဲ့ အရှင်သခင်အဖြစ် လက်ခံထားပါတယ်။

ပထမတော့ ကျန်းကျွယ်ရှီဟာ လျူပေ့ကို သတိထားပါတယ်။ ဒါပေမဲ့ လျူပေ့က မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာကို သိလိုက်ရတဲ့အခါ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။

လျူပေ့ရဲ့ ခန္ဓာကိုယ်က တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ် ဖြစ်တဲ့အတွက် ဟန်ကျွယ်နဲ့ လုံးဝကို ကွဲပြားခြားနားပါတယ်။ လျူပေ့ကလည်း သူ ဘယ်သူလဲဆိုတာကို ထုတ်မပြောပါဘူး။

ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီနဲ့ ပတ်သက်ပြီး တော်‌တော်လေး ကျေနပ်အားရပါတယ်။ ကျန်းကျွယ်ရှီက လောကဦးပဋိပက္ခ လွတ်လပ်မှု ကနဦးအဆင့်ကိုတောင် ရောက်နေပြီ မဟုတ်ပါလား။ ကျန်းကျွယ်ရှီရဲ့ အရည်အချင်းက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပါ။ အခု ဟန်ကျွယ် လုပ်ရမှာက ကျန်းကျွယ်ရှီကို သူ့ဘေးနား ခေါ်ထားဖို့ပါ။

ပဋိပက္ခမှာ အရည်အချင်း ကောင်းရုံနဲ့ ရှင်သန်နိုင်တာ မဟုတ်ပါဘူး။ မဟုတ်ရင် မဟာတာအိုပညာရှိက ဒီလောက်ထိ နည်းနေမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီကို ခဏ ကြည့်ပြီးတာနဲ့ စာစောင်တွေကို ဖွင့်စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ လောင်တန်သည် နတ်ဘီလူး ရန်ငြိုးဝိညာဉ်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၈၂၀၃၉၃၂

[သင့်တပည့် တာအိုအရှင်သခင်သည် နတ်ဘီလူး ရန်ငြိုးဝိညာဉ်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၀၈၂၇၆၃၁

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် မိုးကောင်ကင် အပျက်အစီး နတ်ကမ္ဘာ၏ ကံတရား အထောက်အပံ့ကို ဆုပ်ကိုင်မိသွား၏။]

[သင့်မိတ်ဆွေ ဓားရူးတာအိုပညာရှိသည် ဓားတာအိုကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]

[သင့်သား ဟန်ထော်သည် နတ်အခွင့်အာဏာကို ဆုပ်ကိုင်မိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ယီတျန်သည် နတ်အခွင့်အာဏာကို ဆုပ်ကိုင်မိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် သင့်ရန်သူ ခုနစ်ပါးတာအိုပညာရှိကို နတ်လက်နက်အဖြစ် သန့်စင်ပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]

‘မိစ္ဆာ ကောင်းကင်ဧကရာဇ်က မိုးကောင်းကင် အပျက်အစီး နတ်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့နဲ့ ဒီလောက် မြန်မြန် ပေါင်းစပ်သွားတာလား... ကြည့်ရတာ သဏ္ဍာန်မဲ့ နတ်မင်းက ကူညီလိုက်တယ်နဲ့ တူတယ်’

အဲဒီနောက် ဟန်ကျွယ်ရဲ့ အာရုံကို ကျိုးဖန်က ဆွဲဆောင်လိုက်ပါတယ် ‘ဒီကောင်က ဘာလုပ်နေတာလဲ’

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးကြည့်လိုက်တဲ့အခါ ခုနစ်ပါး တာအိုပညာရှိရဲ့ ပုံရိပ်က ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ခုနစ်ပါး တာအိုပညာရှိက အသက်ရှင်နေတုန်းပါပဲ။

ဟန်ကျွယ်ဟာ လက်ချောင်းတွေသုံးပြီး တွက်ချက် ကြည့်တဲ့အခါ ကျိုးဖန် ခုနစ်ပါး တာအိုပညာရှိကို သန့်စင်တုန်းက ဘာခုခံမှုကိုမှ မရင်ဆိုင်ရဘူးဆိုတာကို သွားတွေ့ပါတယ်။ ကြည့်ရတာ ဒါက ခုနစ်ပါး တာအိုပညာရှိရဲ့ အကြံနဲ့ တူပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ကျိုးဖန်နဲ့ ခုနစ်ပါး တာအိုပညာရှိရဲ့ ဆက်ဆံရေးကို နားမလည်နိုင်တော့ပါဘူး။

တစ်ခဏ စဉ်းစားပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကျိုးဖန်ကို အိပ်မက်ပေးလိုက်ပါတယ်။

အိပ်မက်နယ်မြေထဲမှာ ကျိုးဖန်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။

ဟန်ကျွယ် မေးတာကို မစောင့်ဘဲ ကျိုးဖန်က လက်နက်ရှည်တစ်ခုကို ထုတ်ယူလိုက်ပါတယ်။ ဒီလက်နက်ရဲ့ အစွန်းနှစ်ဖက်က တုတ်ခိုင်ပြီး ပါးလွှာတဲ့ သင်္ကေတခုနစ်ပါး ဝန်းရံနေပါတယ်။ ဒီသင်္ကေတ ခုနစ်ပါးဟာ လက်နက်ပေါ်မှ ကွေ့ကောက်ပြီး တည်ရှိနေတာကြောင့် အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ပုံစံ ပေါက်နေပါတယ်။

“ဆရာသခင်... ဒီလက်နက်က ခုနစ်ပါးတာအို နတ်လက်နက်ပဲ၊ ကျွန်တော် ခုနစ်ပါး တာအိုပညာရှိနဲ့အတူ သန့်စင်ထားတာ၊ ဒီလက်နက်မှာ မဟာတာအိုခုနစ်ပါးရဲ့ စွမ်းအားတွေ ပါဝင်နေတယ်၊ ဆရာသခင် ဘယ်လိုသဘောရလဲ” ကျိုးဖန်က ဂုဏ်ယူစွာ မေးလိုက်ပါတယ်။

ဒါက အိပ်မက်တစ်ခု ဖြစ်တဲ့အတွက် ခုနစ်ပါးတာအို နတ်လက်နက်က ပုံရိပ်ယောင်ပါ။ ဒါကြောင့် ခုနစ်ပါးတာအို နတ်လက်နက်ရဲ့ စွမ်းအားကို မြင်တွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ခုနစ်ပါး တာအိုပညာရှိက ဘာဖြစ်လို့ မင်း သန့်စင်တာကို ခံတာလဲ”

“သူက ဆရာသခင်ကို ကြောက်နေတာ၊ ဆရာသခင်ကိုတင် မဟုတ်ဘူး၊ တခြား တည်ရှိမှုတွေကိုလည်း ကြောက်နေတာ၊ အဲဒါကြောင့် သူ့သရုပ်မှန်ကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တယ်၊ အဲဒါကြောင့်ပဲ သူက ကျွန်တော်ကို ကူညီတာ”

“မင်းကို ကူညီတယ်...”

“ဟုတ်တယ်၊ သူက ကျွန်တော်ကို မဟာတာအို ရယူနိုင်အောင် ကူညီမယ်၊ ကျွန်တော် စွမ်းအားကြီးလာရင် သူ့ကို အသက်ပြန်ရှင်အောင် လုပ်ပေးရမယ်၊ အဲဒီမတိုင်ခင်တော့ ပဋိပက္ခမှာ ခုနစ်ပါးတာအိုပညာရှိ မရှိတော့ဘူး၊ ကျွန်တော် ကျိုးဖန်ပဲ ရှိတော့တယ်”

ကျိုးဖန်ဟာ တော်တော်လေး ကျေနပ်နေပါတယ်။

ဟန်ကျွယ်ဟာ ကျိုးဖန်ကို စိတ်ဓာတ်ကျအောင် မလုပ်ချင်တာကြောင့် တခြားဟာ ပြောင်းမေးလိုက်ပါတယ် “မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ”

ကျိုးဖန်ဟာ နတ်အာဏာရှင် စစ်သူကြီးတွေ ဖျက်ဆီးခံရပြီးနောက် မဟာတာအိုမျှော်စင်နဲ့ အတူ ထွက်သွားပြီး ပဋိပက္ခမှာ လျှောက်သွားခဲ့ပါတယ်။

ကျိုးဖန်က ပြန်ဖြေပါတယ် “ကျွန်တော် ချူရှီရန်လိုမျိုး ကမ္ဘာတစ်ခု မဖန်တီးချင်ဘူး၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်လိုမျိုးလည်း စစ်သားတွေ စုဆောင်းပြီး နေရာတကာမှာ လျှောက်မတိုက်ချင်ဘူး၊ ကျွန်တော်က ပဋိပက္ခကို စူစမ်းရှာဖွေပြီး ကျွန်တော်ရဲ့ ဂုဏ်သတင်းကို ဖြန့်ကြက်ချင်တာ”

“လျှောက်သွားနေရင် မင်း ဘယ်လို ကျင့်ကြံအားထုတ်မှာလဲ”

ကျိုးဖန်ဟာ ရယ်မောလိုက်ပါတယ် “ဟီးဟီး... မဟာတာအိုမျှော်စင် စွမ်းအားကြီးလေလေ ကျွန်တော် စွမ်းအားကြီးလေလေပဲ”

ဟန်ကျွယ်ဟာ ဘာမှ ထပ်မပြောတော့ဘဲ အိပ်မက်ကို အဆုံးသတ်ဖို့ ပြင်လိုက်ပါတယ်။

“ဆရာသခင်... ကျွန်တော် မဟာတာအိုမျှော်စင်ဆီကနေ လောကဦးနတ်ဘီလူးနဲ့ ပတ်သက်ပြီး သတင်းတချို့ ရထားတယ်၊ ဆရာသခင် သိချင်လား” ကျိုးဖန်ဟာ ဟန်ကျွယ်နားတိုးပြီး လျှို့ဝှက်ဆန်းကြယ်စွာ မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တင်လိုက်ပါတယ် “ပြောကြည့်လေ”

“လောကဦးနတ်ဘီလူးက သတင်းတုပဲ၊ ပဋိပက္ခ ကြောက်တာက တခြားတည်ရှိမှုတစ်ခု၊ အထွတ်အထိပ် တည်ရှိမှုတွေက အဲဒီတည်ရှိမှုကို ခုခံဖို့ လောကဦး နတ်ဘီလူးကို ပျိုးထောင်ချင်နေတာ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters