အသက်ငါးသန်းပြည့်ခြင်း၊ နတ်ဒေါင်းအရှင် မဟာတာအိုရရှိခြင်း
Vol. 82 Ch. 869
“တခြားတည်ရှိမှုက ဘယ်သူလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ် ‘ဒီကောင်က ငါ့ကို ဒွိဟဖြစ်အောင် လုပ်နေတာလား... နောက်ဆုံးတော့ ဒီကောင် ကြီးပြင်းလာပြီပဲ’
ဟန်ကျွယ်ရဲ့ မကျေနပ်တဲ့ အကြည့်ကြောင့် ကျိုးဖန်ဟာ ချက်ချင်း ပြန်ဖြေပါတယ် “ကျွန်တော်လည်း သေချာ မသိဘူး၊ ဘာပဲဖြစ်ဖြစ် လောကဦးနတ်ဘီလူး ခုခံဖို့လိုတဲ့ တည်ရှိမှုတစ်ခု ရှိနေတာတော့ အမှန်ပဲ”
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ် ‘ဒီတခြားတည်ရှိမှုက သွေးစည်း ဆင့်ကဲပြောင်းလဲသွားတဲ့ ငါများလား...’
ကိစ္စတွေ ထွေထွေထူးထူး မရှိဘူးဆိုရင် ဟန်ကျွယ်ရဲ့ လောကဦး နတ်ဘီလူး သွေးစည်းက နောက်လာမဲ့ နှစ်လေးငါးသန်းအတွင်း သေချာပေါက် နောက်တစ်ဆင့်ကို ဆင့်ကဲပြောင်းလဲတော့မှာပါ။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ကျိုးဖန်ပြောတဲ့ တခြားတည်ရှိမှုက သွေးစည်း ဆင့်ကဲပြောင်းလဲသွားတဲ့ ငါများလား”
[သက်တမ်း ၁၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မဟုတ်ပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ ဆင့်ကဲပြောင်းလဲရင် သူ့အငယ်ဆုံးသားကို တစ်ခါတည်း မွေးဖွားခိုင်းပြီး လောကဦး နတ်ဘီလူးနေရာကို အရယူခိုင်းမှာပါ။ ဒီလိုဆိုရင် ပဋိပက္ခမှာ ဒုတိယမြောက် လောကဦးနတ်ဘီလူးတစ်ပါး မွေးဖွားလာနိုင်တော့မှာ မဟုတ်ပါဘူး။
ဒုတိယ လောကဦး နတ်ဘီလူးမရှိရင် ဟန်ကျွယ်မှာ အလားအလာရှိတဲ့ ရန်သူတစ်ယောက် မရှိတော့တာနဲ့ အတူတူပါပဲ။
ဟန်ကျွယ်ဟာ တွေးလေလေ ပျော်လေလေပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့အပျော်တွေကို စိတ်ထဲမှာပဲ ထားပြီး အပြင်မထုတ်ပါဘူး။
“မဟာတာအိုမျှော်စင်က ဒီလောက် စွမ်းအားကြီးတာ၊ မင်း ထိန်းချုပ်နိုင်တာရော သေချာရဲ့လား၊ မဟာတာအို မျှော်စင်နောက်မှာ တခြား သာလွန်တည်ရှိမှုတွေ ရှိမနေနိုင်ဘူးလား၊ မဟာတာအို မျှော်စင်ကို ဘယ်သူ ဖန်တီးခဲ့တာလဲဆိုတာ မင်း တွေးကြည့်ဖူးလား...”
မဟာတာအိုမျှော်စင်က မဟာတာအိုပညာရှိချုပ်ကြောင့် ဖြစ်လာမဲ့ အနာဂတ်ကိုတောင် တွက်ချက်နိုင်တာဆိုတော့ လုံးဝကို မရိုးရှင်းပါဘူး။
“ကျွန်တော်လည်း ဒီကိစ္စကို စိုးရိမ်နေတာ၊ ဒါပေမဲ့ လောလောဆယ်မှာ ကျွန်တော်က မဟာတာအိုမျှော်စင်နဲ့ ပေါင်းစပ်ပြီးနေပြီ၊ ခုထိတော့ မူမမှန်တာ ဘာမှ မတွေ့ရသေးဘူး၊ နောက်ပြီး အန္တရာယ်ရှိတာတော့ သေချာတယ်၊ အခွင့်အရေး အကုန်လုံးက ဒီအတိုင်းပဲဟာကို၊ တစ်ယောက်ယောက် စွမ်းအားကြီးလာတာနဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ မျက်စိကျတာကို ခံရမှာပဲ”
“ဆရာသခင်... ကျွန်တော်အတွက် မစိုးရိမ်ပါနဲ့၊ ဘာလုပ်ရမယ်ဆိုတာကို ကျွန်တော် သိပါတယ်၊ တကယ်လို့ ပြဿနာတက်ခဲ့ရင် ကျွန်တော် ဆရာသခင်ကို သေချာပေါက် လာရှာပါ့မယ်” ကျိုးဖန်ဟာ ဟန်ကျွယ်ရဲ့ ဂရုစိုက်မှုကို ခံစားရတာကြောင့် အလိုက်သင့် ပြန်ဖြေလိုက်ပါတယ်။
“မင်း သိရင် ပြီးတာပဲ”
အဲဒီနောက် ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ရေရွတ်လိုက်ပါတယ် “ငါ ကျင့်ကြံမှုကို အာရုံစိုက်ရဦးမှာပါလား”
ဟန်ကျွယ်ဟာ လောကဦး အပိုင်းအစ ငါးစကို စုဆောင်းမိထားပါပြီ။ ဟန်ကျွယ်ဟာ တစ်ယောက်ယောက်က လောကဦး နတ်ဘီလူး အဖြစ် အသွင်ပြောင်းလဲသွားမှာကို ကာကွယ်တဲ့အနေနဲ့ သူ့အငယ်ဆုံးသားကို အမြန်ဆုံး မွေးဖွားချင်နေပါပြီ။
ကောင်းကင်ပြာအောက်က တိမ်လွှာတွေအောက်မှာ မရေမတွက်နိုင်တဲ့ ကျောက်သားစင်မြင့်တွေဟာ လေပေါ် ပေါလော မျောနေပါတယ်။
ဟန်ထော်၊ ယီတျန်နဲ့ တခြား မဟာတာအို နတ်စိတ်ဝိညာဉ် သုံးပါးဟာ ဒီကျောက်သား စင်မြင့်တွေထဲက တစ်ခုပေါ်မှာ ရင်ပေါင်တန်း ရပ်နေကြပါတယ်။ သူတို့အကုန်လုံးဟာ အရပ်မျက်နှာတစ်ခုတည်းကို ကြည့်ပြီး အန္တိမဒဏ်ခတ်နတ်မင်း ရောက်လာမှာကို စောင့်ဆိုင်းနေကြပါတယ်။
တစ်အောင့်ကြာသွားတဲ့အခါ အနက်ရောင် အလင်းတန်းတစ်တန်းဟာ သူတို့ရှေ့ကို ကျဆင်းလာပါတယ်။ အလင်းနက်ထဲကနေ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အသံ ထွက်ပေါ်လာပါတယ် “ငါ မင်းတို့ကို တာဝန်တစ်ခု ပေးမယ်”
ဟန်ထော်ဟာ လက်သီးဆုပ်လိုက်ပါတယ် “ခေါင်းဆောင်... ပြောပါ”
တခြားလေးယောက်လည်း ဦးညွှတ်လိုက်ကြပါတယ်။ သူတို့ငါးယောက်ဟာ သူတို့ရဲ့ ရာထူးအသစ်ဖြစ်တဲ့ ဒဏ်ခတ်သမားငါးဖော်နဲ့ အသားကျသွားကြပါပြီ။ ဒီနှစ်တွေမှာ အန္တိမဒဏ်ခတ်နတ်မင်းက သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ဆန်းကြယ်စွမ်းအားတွေလည်း သင်ပေးပါတယ်။ ဒါကြောင့် ကျေးဇူးပြန်ဆပ်ဖို့ အချိန်တန်ပါပြီ။
“ငါ မင်းတို့ကို မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကုန်လုံးဆီ သွားလည်စေချင်တယ်၊ မင်းတို့တွေ ကြိုက်သလို စစ်ဆေးနိုင်တယ်၊ မင်းတို့တွေ လျှောက်ကြည့်ဖို့ပဲ လိုတယ်” အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အသံဟာ ထပ်မံထွက်ပေါ်လာပါတယ်။
ဒါကို ကြားလိုက်ရတဲ့ ဒဏ်ခတ်သမားငါးဖော်ဟာ ချက်ချင်းပဲ အမိန့်ကို လက်ခံလိုက်ပါတယ်။ အလင်းနက်လည်း ပျောက်ကွယ်သွားပါတယ်။ အစကနေ အဆုံးအထိ အန္တိမဒဏ်ခတ်နတ်မင်း ပေါ်မလာပါဘူး။
ဟန်ထော်နဲ့ တခြားလူတွေဟာ လှည့်ထွက်သွားပါတယ်။
ဒီလိုနဲ့ နှစ်လေးသိန်းနီးပါး လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ဒီနေ့မှာတော့...
ဟန်ကျွယ်ရှေ့မှာ အသိပေးချက်တစ်ချက် ပေါ်လာပါတယ်။
[သင်သည် အသက်ငါးသန်းပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ချက်ချင်းထွက်၍ လောကဦး နတ်ဘီလူး၏ ဂုဏ်သတင်းကို ဖြန့်ကြက်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် လောကဦး အပိုင်းအစ တစ်စအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် လောကဦး အပိုင်းအစ တစ်စအား ရရှိမည်။]
ဒီတစ်ခါမှာတော့ စနစ်က ဟန်ကျွယ်ကို ထပ်ပြီးတော့ သွေးဆောင်ပါတယ်။ ဒုတိယရွေးချယ်မှုထက် ပထမရွေးချယ်မှုမှာ ဆုတွေ ပိုပါနေပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ဟန်ကျွယ်က အရူးလုပ်မခံဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
အခုဆိုရင် ဟန်ကျွယ်ဆီမှာ မဟာတာအို အပိုင်းအစ ရှစ်စနဲ့ လောကဦး အပိုင်းအစ ခြောက်စ ရှိသွားပါပြီ။ ဒီအတိုင်းဆက်သွားရင် နောက်ထပ် နှစ်သုံးသန်းအကြာမှာ ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်က ထပ်ပြီးတော့ အသွင်ပြောင်းလဲသွားမှာပါ။
ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။
နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်ဖို့ မျှော်လင့်ချက်ကို မြင်လိုက်ရပါပြီ။
အခုဆိုရင် ဟန်ကျွယ်ရဲ့ လောကဦးကမ္ဘာက အရမ်းကို ကျယ်ပြန့်နေပါပြီ။ ပဋိပက္ခနဲ့ ယှဉ်လို့မရသေးဘူး ဆိုပေမဲ့ ကောင်းကင်တာအိုထက် လေးငါးဆ ရှိနေပါပြီ။ လောကဦးကမ္ဘာဟာ ခုထိ အကန့်အသတ်ကို မရောက်သေးပါဘူး။ ဝိုးတိုးဝါးတား လောကဦးချီတွေ တိုးလာတာနဲ့ ဟန်ကျွယ်ရဲ့ အထွတ်အထိပ် စွမ်းအားကလည်း ဆက်တိုးလာပါတယ်။ ဒါကြောင့် အများဆုံး နှစ်ငါးသိန်းအတွင်း ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်နိုင်တောမှာပါ။
ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုအလျင်ကို တော်တော်လေး ကျေနပ်အားရသွားပါတယ်။ ဓားရူးတာအိုပညာရှိက အခုထိ မဟာတာအို အထွတ်အထိပ် ကနဦးအဆင့်မှာပဲ ရှိနေသေးတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ဆီ အိပ်မက်ထဲကနေ သွားလည်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက တစ်စုံတစ်ယောက် မဟာတာအိုပညာရှိ ဖြစ်လာတာကို ဟန်ကျွယ် အာရုံခံမိခဲ့ပါတယ်။ ဒီတစ်စုံတစ်ယောက်က နတ်ဒေါင်းအရှင်ပါ။
ဟန်ကျွယ် မဟာတာအို ရယူပြီး နှစ်ပေါင်းများစွာကြာမှ ပဋိပက္ခမှာ နောက်ထပ် မဟာတာအိုပညာရှိ အသစ်တစ်ပါး ပေါ်ထွက်လာပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မဟာတာအိုအဆင့်ကို ရောက်ရှိဖို့က ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ သိနိုင်ပါတယ်။
အိပ်မက်နယ်မြေ။
နတ်ဒေါင်းအရှင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ အမှောင်သခင်ကြီးယောင် ဆောင်ထားတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ကျေနပ်အံ့အားသင့်သွားပြီး ချက်ချင်း ဒူးထောက်လိုက်ပါတယ်။ နတ်ဒေါင်းအရှင်ဟာ စိတ်ထဲမှာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ မဟာတာအိုပညာရှိ ဖြစ်လာတာတောင် အမှောင်သခင်ကြီးရဲ့ အိပ်မက်ကို အာရုံခံမိဖို့က အရင်အတိုင်း ခက်ခဲနေလို့ပါပဲ။
“နည်းနည်းတော့ နှေးတယ်ဆိုပေမဲ့ မင်း အောင်မြင်သွားပြီ” ဟန်ကျွယ်ရဲ့ ချီးကျူးစကားကြောင့် နတ်ဒေါင်းအရှင်ဟာ မျက်နှာပူသွားပါတယ်။
“သခင်ကြီး... ကျွန်တော် ဘာလုပ်ပေးရမလဲ၊ ကျွန်တော်ကို ပြောပါ”
“လောလောဆယ်တော့ ကျင့်ကြံအားထုတ်ဦး... ငါ မင်းကို တာအိုဟောကြားပေးမယ်၊ မဟာတာအိုအဆင့်က မင်းရဲ့ နောက်ဆုံးအဆင့် မဖြစ်နိုင်ဘူး”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို စပြီးတော့ ဟောကြားပါတယ်။ အန္တိမမူလ မဟာတာအိုက အကုန်လုံး ပေါင်းစုထားတာ ဖြစ်တဲ့အတွက် မဟာတာအို သုံးထောင်ကို ကျင့်ကြံသူ အကုန်လုံး ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုကနေ အကျိုးအမြတ် ရနိုင်ကြပါတယ်။
နတ်ဒေါင်းအရှင်ဟာ ကိုယ်ပိုင် မဟာတာအို ရှိနေပြီမလို့ အန္တိမမူလ မဟာတာအိုကို ပြောင်းပြီး မကျင့်ကြံနိုင်ပါဘူး။ ဟန်ကျွယ်ကလည်း ဒါကို သိပါတယ်။ ဟန်ကျွယ် တာအို ဟောကြားပေးတာကလည်း နတ်ဒေါင်းအရှင်ရဲ့ တာအိုကို ပိုပြီးတော့ အင်အားကြီးလာစေချင်လို့ပါ။ ဒါကြောင့် ဒီတာအိုဟောကြားမှုမှာ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို မပေါ်အောင် ဟောကြားပါတယ်။
မဟာတာအိုပညာရှိချုပ် တာအိုဟောကြားတာက ဘာအကြောင်းမှ မပါပါဘူး။ တာအိုအသံကို အသုံးပြုပြီး နားထောင်သူတွေကို တာအိုသုံးသပ်နားလည်တဲ့ အခြေအနေ ရောက်အောင် လမ်းညွှန်ပေးတာပါ။
နတ်ဒေါင်းအရှင်ဟာ တာအိုသုံးသပ်နားလည်တဲ့ အခြေအနေကို လျင်မြန်စွာ ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ အိပ်မက်ထဲမှာ တာအိုဟောကြားရင်း အချိန်ကို ထိန်းချုပ်လိုက်ပါတယ်။ အိပ်မက်ထဲမှာ နှစ်တစ်သောင်းလောက် ကုန်ဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ့် အပြင်မှာတော့ တစ်နေ့ပဲ ကုန်ပါသေးတယ်။
နတ်ဒေါင်းအရှင် မျက်လုံး ဖွင့်လိုက်တဲ့အခါ အိပ်မက်က အဆုံးသတ်သွားပါပြီ။
နတ်ဒေါင်းအရှင်ဟာ စိတ်လှုပ်ရှားသွားပါတယ် ‘အမှောင်သခင်ကြီးက ဘယ်အဆင့်ကို ရောက်နေပြီလဲ... မဟာတာအိုပညာရှိကိုတောင် တာအိုသုံးသပ်နားလည်တဲ့ အခြေအနေထဲ ခဏလေးနဲ့ ရောက်သွားအောင် လမ်းညွှန်ပေးနိုင်တယ်... စွမ်းအားချင်း တော်တော်ကွာတာပဲ’
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အချိန်နိယာမကို အိပ်မက်ထဲမှာ အသုံးပြုလိုက်တယ်ဆိုပေမဲ့ ဒါက နတ်ဒေါင်းအရှင်ကို သုံးလိုက်တာပါ။ ဟန်ကျွယ်ဟာ အချိန်နိယာမကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးလို့ မရပါဘူး။ ကောင်းကင်တာအိုရဲ့ အချိန်ကိုလည်း မြန်သွားအောင် လုပ်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအိုက ဟန်ကျွယ် အပိုင် မဟုတ်လို့ပါ။
အထွတ်အထိပ် နိယာမ ၇ ပါးထဲမှာ အချိန်လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်က သေမျိုးတွေ သိတဲ့ အချိန်နဲ့ မတူပါဘူး။ အထွတ်အထိပ် နိယာမ ၇ ပါးထဲမှာ ပါဝင်တဲ့ အချိန်နိယာမက ဖန်တီးမှုစွမ်းအား ဆက်လက် ဖြစ်ပေါ်တာကို ဆိုလိုတာပါ။ ဖန်တီးမှုစွမ်းအား လွှဲပြောင်းနှုန်းက ကိန်းသေပါ။ စွမ်းအားကြီးပုဂ္ဂိုလ်တွေ သူတို့နယ်မြေရဲ့ အချိန်ကို မြန်လိုက်ရင်တောင် အသုံးမဝင်ပါဘူး။ အချိန်မြန်သည်ဖြစ်စေ နှေးသည်ဖြစ်စေ ဖန်တီးမှုစွမ်းအားက ပုံမှန်အတိုင်း ဆက်သွားနေမှာပါ။ ဒါပေမဲ့ ဖန်တီးမှုစွမ်းအားကို မသိတဲ့ သက်ရှိတွေအတွက်တော့ အချိန်က အရမ်းကြောက်ဖို့ကောင်းတဲ့ စွမ်းအားတစ်ပါးပါ။
နှစ်လေးသိန်းကြာ စုနေတဲ့ စာစောင်တွေက တော်တော်လေးကို များပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကို စိတ်ဝင်တစား ဖတ်ရှုပါတယ်။ အကျဉ်းချုပ်ရရင် ပဋိပက္ခမှာ ဒီအတောအတွင်း တိုက်ပွဲကြီးတွေ မဖြစ်ပေါ်ခဲ့ပါဘူး။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီးတဲ့နောက် တတိယ တာအိုစက်ကွင်းကို ကြည့်လိုက်ပါတယ်။ ကြယ်စကြဝဠာက တိတ်ဆိတ်နေတုန်းပါပဲ။ ဒါပေမဲ့ တတိယ တာအိုစက်ကွင်းထဲမှာတော့ သစ်ပင်ပန်းမန်တွေ ပေါက်ရောက်ပြီး သုခဘုံတစ်ဘုံနဲ့ တူနေပါပြီ။
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ဝိညာဉ်အလုံးတစ်လုံးကို ထုတ်ယူလိုက်ပါတယ်။ ဒီဝိညာဉ်က ဟန်ထော်ရဲ့ မယ်တော် ချင်းလွမ်အာ ဝိညာဉ်ပါ။
ဟန်ကျွယ်ဟာ ဝိုးတိုးဝါးတား လောကဦးချီနဲ့ ချင်းလွမ်အာရဲ့ ဝိညာဉ်ကို အာဟာရပေးခဲ့တာ နှစ်သန်းချီခဲ့ပါပြီ။ ဒါကြောင့် ချင်းလွမ်အာဟာ အိပ်ပျော်နေတုန်းဆိုပေမဲ့ သူမရဲ့ ဝိညာဉ်က ဆက်တိုက် အားကောင်းလာခဲ့ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။