← Chapters

ချင်းလွမ်အာရဲ့ အံ့အားသင့်မှု

Vol. 82 Ch. 870

ချင်းလွမ်အာရဲ့ အံ့အားသင့်မှု

Vol. 82 Ch. 870

ဟန်ကျွယ်ဟာ အစီအစဉ်ရှိလို့ ချင်းလွမ်အာရဲ့ ဝိညာဉ်ကို ထုတ်ယူလိုက်တာပါ။ ဟန်ကျွယ်ဟာ ချင်းလွမ်အာကို ဒီကြယ်စကြဝဠာရဲ့ အရှင်သခင်မ လုပ်ခိုင်းမလို့ပါ။ ကောင်းတဲ့ဟာကို အပြင်လူဆီ ပေးလို့ မဖြစ်ပါဘူး။

နောက်ပြီး ချင်းလွမ်အာ အသက်ပြန်ရှင်လာရင် သူ့ထာဝရအသက်ကို လိုက်မီဖို့ နည်းလမ်းရှာဖို့ လိုပါတယ်။ မဟုတ်ရင် ချင်းလွမ်အာကို အသက်ပြန်ရှင်အောင် လုပ်တာက အဓိပ္ပာယ်မရှိပါဘူး။ ဟန်ကျွယ်မှာ မိန်းမ မရှားပါဘူး။

ဟန်ကျွယ်ဟာ ချင်းလွမ်အာကို အသက်ပြန်သွင်းပြီး သူ့ကို အဖော်ပြုခိုင်းမှာပါ။

ဟန်ကျွယ်ဟာ ဖန်တီးမှုစွမ်းအားကို စသုံးလိုက်ပါတယ်။

နှစ်ပေါင်းများစွာ သုံးသပ်နားလည်ပြီးနောက် ဟန်ကျွယ်ဟာ ဖန်တီးမှုစွမ်းအားနဲ့ တစ်စွန်းတစ်ကို ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒါက ဖန်တီးမှု နိယာမလောက် လျှို့ဝှက်ဆန်းကြယ်ခြင်း မရှိပေမဲ့ သက်ရှိတစ်ပါးကို အသက်ပြန်သွင်းဖို့တော့ မခက်ပါဘူး။

ချင်းလွမ်အာရဲ့ ဝိညာဉ်က အကောင်းပကတိ ရှိနေသေးတဲ့အတွက် ခန္ဓာကိုယ် ပြန်ရဖို့ပဲ လိုပါတယ်။

အဲဒီနေ့မှာပဲ ချင်းလွမ်အာရဲ့ ခန္ဓာကိုယ်ကို ဖန်တီးလို့ပြီးပြီးချင်း ချင်းလွမ်အာဟာ အင်မော်တယ်ဧကရာဇ် ဖြစ်လာပါတယ်။ ကျင့်ကြံမှုအဆင့်က ဒီထက်နိမ့်ရင် ခန္ဓာကိုယ်က ချင်းလွမ်အာရဲ့ ဝိညာဉ်ကို ခံနိုင်မှာ မဟုတ်ပါဘူး။

ချင်းလွမ်အာဟာ အိပ်ရာထက်မှာ အဖြူရောင်ဝတ်စုံနဲ့ လဲလျောင်းနေပါတယ်။ ဒါက ဟန်ကျွယ် သာမန်ကာလျှံကာ ဖန်တီးလိုက်တဲ့အရာတွေပါ။

ချင်းလွမ်အာဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး ခေါင်းရှုပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမခေါင်းထဲမှာ မှတ်ဉာဏ်တွေ ထိုးထွက်လာလို့ပါ။

“ငါ ပြန်မွေးဖွားတာလား...” ချင်းလွမ်အာ တစ်ကိုယ်ကြားရုံ ရေရွတ်လိုက်ပြီး လက်မြှောက်ကြည့်မိလိုက်တဲ့အခါ ကလေးလက် မဟုတ်တာကို တွေ့လိုက်ရပါတယ် ‘ဘာဖြစ်တာလဲ’

ချင်းလွမ်အာဟာ ထထိုင်ဖို့ ပြင်လိုက်တဲ့အခါ တာအိုဘုံကျောင်းကို မတော်တဆ ချိုးဖျက်မိပြီး ကောင်းကင်ပေါ် ရောက်သွားပါတယ်။ ချင်းလွမ်အာဟာ လေပေါ်မှာရပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားပါတယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ... စိတ်ဝိညာဉ်စွမ်းအား...” ချင်းလွမ်အာဟာ မျက်လုံးပြူးသွားပြီး သူမရဲ့ခန္ဓာကိုယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါတယ်။ ချင်းလွမ်အာဟာ သူမခန္ဓာကိုယ်ထဲက အားကောင်းတဲ့ စွမ်းအားတစ်ခုကို ခံစားမိတာကြောင့် စိတ်ဝိညာဉ်ချီကို မတွေးမိဘဲ မနေနိုင်ပါဘူး။

အတိတ်မှာတုန်းက ချင်းလွမ်အာဟာ သေမျိုးဆိုပေမဲ့ ကျင့်ကြံမှုအကြောင်းကို သိပါတယ်။

ချင်းလွမ်အာဟာ ငုံကြည့်လိုက်တဲ့အခါ ကျယ်ပြောတဲ့ တောင်တန်းပေါ်က တာအိုဘုံကျောင်း တစ်ကျောင်းကို ရှာတွေ့သွားပါတယ်။ တာအိုဘုံကျောင်းဟာ ချင်းလွမ်အာရဲ့ ချိုးဖျက်မှုကြောင့် ပျက်စီးသွားပေမဲ့ သူ့ဘာသာ ပြန်ပြင်နေပါတယ်။

‘ငါ မသေတာများလား...’ ချင်းလွမ်အောက်ဟာ မျက်မှောင်ကြုတ်သွားပြီး သူမခန္ဓာကိုယ်ကို အကောင်းဆုံး ထိန်းချုပ်ကာ မြေပြင်ပေါ် ဖြည်းဖြည်းချင်း ဆင်းသက်လိုက်ပါတယ်။

ချင်းလွမ်အာဟာ တာအိုဘုံကျောင်းဆီ လျှောက်သွားပြီး မေးလိုက်ပါတယ် “တစ်ယောက်ယောက် ရှိလား”

လျူပေ့က ကျန်းကျွယ်ရှီကို အဖော်ပြုနေတုန်း ဖြစ်တဲ့အတွက် တတိယ တာအိုစက်ကွင်းဟာ လူခြေတိတ်ပြီး တိတ်ဆိတ်နေပါတယ်။

“ကျွီ...”

တာအိုဘုံကျောင်းတံခါးဟာ ရုတ်တရက် ပွင့်သွားပါတယ်။ အထဲကို လှမ်းမမြင်ရတဲ့အတွက် ချင်းလွမ်အာဟာ ရင်ပိုထိတ်လာပြီး အထဲကို အလျင်စလို မဝင်ရဲပါဘူး။

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး အဝတ်အစားတွေ သေသပ်အောင် ပြုပြင်လိုက်ပါတယ်။ ဟန်ကျွယ်သာ လှုပ်ရှားမှု မမြန်ရင် ချင်းလွမ်အာက အရင်အခြေအနေကို ပြန်ရောက်သွားမှာပါ။ သူ့တာအိုဘုံကျောင်းက အင်မော်တယ် ဧကရာဇ် ဖျက်ဆီးလို့ရလောက်တဲ့အထိ ကျိုးလွယ်တဲ့ တာအိုဘုံကျောင်း မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ တစ်ခဏ စောင့်လိုက်ပေမဲ့ ချင်းလွမ်အာက ဝင်မလာတဲ့အတွက် လက်မြှောက်ပြီး ချင်းလွမ်အာကို စုပ်ယူလိုက်ရပါတယ်။ ချင်းလွမ်အာဟာ သူမခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ တာအိုဘုံကျောင်းထဲ စုပ်ယူခံလိုက်ရပါတယ်။ ဒီအဖြစ်ကြောင့် ချင်းလွမ်အာဟာ ကြောက်လန့်သွားပြီး အလိုလို မျက်လုံးမှိတ်မိလိုက်ပါတယ်။

တာအိုဘုံကျောင်းထဲ ရောက်လို့ ခြေထောက်နဲ့ ကြမ်းပြင် ထိမိတဲ့အခါ ချင်းလွမ်အာဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဒီအခါမှာတော့ ချင်းလွမ်အာဟာ မှင်တက်သွားပါတယ်။

“ယော... ယောက်ျား...” ချင်းလွမ်အာဟာ တအံ့တဩ ဖြစ်သွားပြီး မျက်လုံးကို ပွတ်သပ်ကြည့်မိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘာလဲ... ငါ့ကို ကြောက်နေတာလား၊ ငါသာ မဟုတ်ရင် ဘယ်သူက မင်းကို အသက်ပြန်ရှင်အောင် လုပ်ပေးမှာလဲ”

ချင်းလွမ်အာဟာ ဟန်ကျွယ်စကားကို ကြားတဲ့အခါ သံသယတွေကို လွှတ်ချပြီး ဟန်ကျွယ် ရင်ခွင်ထဲ ပြေးဝင်လိုက်ပါတယ်။

“ယောက်ျား... မိန်းမ အိပ်မက် မက်နေတာလား၊ ယောက်ျားက မိန်းမကို တကယ်ကြီး အသက်ပြန်သွင်းခဲ့တာလား၊ နောက်ပြီး ယောက်ျားက ဘာဖြစ်လို့ ဒီလောက် နုပျိုနေရတာလဲ”

ချင်းလွမ်အာဟာ မေးခွန်းတွေ တရစပ် မေးပါတယ်။ ချင်းလွမ်အာရဲ့ ရင်ထဲမှာ မေးခွန်းတွေ အပြည့်ပါပဲ။

ဟန်ကျွယ်ဟာ ချင်းလွမ်အာကို ထိုင်စေပြီး ရှင်းပြပါတယ် “မင်း သေသွားတော့ ငါ တော်တော်လေး ခံစားခဲ့ရတယ်၊ ငါလည်း အသက်ကြီးပြီး သေမှာကို ထိုင်စောင့်နေတာ၊ ဒါပေမဲ့ မထင်မှတ်ဘဲ အင်မော်တယ်တစ်ပါးနဲ့ တွေ့ပြီး ကျင့်ကြံအားထုတ်ဖို့ အခွင့်အရေး ရခဲ့တယ်၊ နှစ်သန်းချီ ကျင့်ကြံအားထုတ်ပြီးတော့ ငါ ကမ္ဘာတစ်ခုကိ ဖန်တီးနိုင်ခဲ့တယ်၊ အခွင့်အရေး အကြီးကြီးတစ်ခုကိုလည်း ရခဲ့တယ်၊ ပြီးတော့ မင်းကို အသက်ပြန်ရှင်အောင် လုပ်လိုက်တာပဲ”

“နေပါဦး... နှစ်သန်းချီ... ဟုတ်လား...” ချင်းလွမ်အာဟာ လန့်သွားပြီး မယုံနိုင် ဖြစ်သွားပါတယ်။

“ဟုတ်တယ်၊ နှစ်ငါးသန်း ကုန်သွားပြီ၊ ငါတို့က အင်မော်တယ်ကမ္ဘာမှာ မဟုတ်တော့ဘူး”

“ဒါဆို ထော်အာကရော...”

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။

ချက်ချင်းဆိုသလို ချင်းလွမ်အာရဲ့ မျက်နှာဟာ သွေးမရှိတော့ပါဘူး “သား... သားလေးက... နှစ်တွေလည်း ကြာပြီဆိုတော့ အင်မော်တယ်တောင် သေဆုံးမှာပဲလေ...”

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “သားက မသေသေးဘူး”

“ဟမ်...” ချင်းလွမ်အာရဲ့ မျက်ရည်တွေဟာ တိတ်သွားပါတယ်။

ဟန်ကျွယ်က မတတ်နိုင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “သားက အသက်ရှင်နေသေးတယ်၊ ဒါပေမဲ့ ကြီးလာပြီဆိုတော့ ငါ့နောက် မလိုက်တော့ဘူး၊ သားမှာ မျိုးဆက်တွေတောင် ရှိတယ်”

ချင်းလွမ်အာဟာ ဟန်ကျွယ်ကို လိမ်ဆွဲရင်း ညုတုတု ပြောလိုက်ပါတယ် “ယောက်ျားက မိန်းမကို စနေတာပဲ”

ချင်းလွမ်အာဟာ သူ့သား အသက်ရှင်နေသေးကြောင်း သိလိုက်ရတဲ့အခါ ဝမ်းသာသွားပါတယ်။ ချင်းလွမ်အာဟာ ဟန်ကျွယ်ကို ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးတွေမှာလည်း သူတို့ကိုယ်ပိုင် ဘဝ ရှိတယ် မဟုတ်ပါလား။ သူမကိုယ်တိုင်လည်း သူမမိဘတွေနဲ့ တစ်သက်လုံး အတူနေထိုင်ခဲ့တာ မဟုတ်ပါဘူး။

“ယောက်ျားရဲ့ ဒီနှစ် အတွေ့အကြုံတွေကို ပြောပါဦး” ချင်းလွမ်အာဟာ ဟန်ကျွယ် လက်ကိုဆွဲပြီး‌ တောင်းဆိုလိုက်ပါတယ်။

“အဲဒါကို နောက်မှ ပြောကြရအောင်၊ အရင်ဆုံး မင်းရဲ့ ဓမ္မစွမ်းအားကို အသားကျအောင် ကျင့်ယူရမယ်”

အဲဒီနောက် ဟန်ကျွယ်ဟာ ချင်းလွမ်အာကို လိုအပ်တာတွေ သင်ကြားပေးပါတယ်။

ချင်းလွမ်အာရဲ့ ခန္ဓာကိုယ်က အရွယ်ကောင်းမှာ ရှိနေတာပါ။ ဟန်ကျွယ်ရဲ့ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ရင် ချင်းလွမ်အာ တွေ့ကြုံခဲ့ရတာတွေက မပြောပါလောက်ပါဘူး။ ဒါကြောင့် မကြာခင်မှာ ချင်းလွမ်အာဟာ မိန်းမငယ်လေး ပြန်ဖြစ်ပြီး ဟန်ကျွယ်နားမှာ ကပ်ချွဲပါတော့တယ်။

မျက်တောင်တစ်ခတ်အတွင်း တစ်နှစ် ကုန်ဆုံးသွားပါတယ်။

ချင်းလွမ်အာဟာ အင်မော်တယ်ဧကရာဇ် စွမ်းအားနဲ့ နေသားကျသွားပါတယ်။ ဒီနှစ်က ချင်းလွမ်အာ ရှင်သန်ခဲ့တဲ့နှစ်တွေမှာ အချိုမြိန်ဆုံးနှစ်တစ်နှစ် ဖြစ်ပါတယ်။ သူမနဲ့ ဟန်ကျွယ် နှစ်ယောက်တည်းရှိပြီး ဘာအပူအပင် သောကမှ မရှိပါဘူး။ အရေးအကြီးဆုံးက သူမယောက်ျားကို နှစ်သန်းချီကြာတာအောင် မှီခိုလို့ ရသေးတယ်လို့ သိလိုက်ရတာပါ။

ချင်းလွမ်အာဟာ အိပ်မက် မက်နေတယ်လို့တောင် ခံစားလိုက်ရပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်နဲ့ ချင်းလွမ်အာဟာ အဝတ်အစားတွေ ဝတ်ဆင်ပြီး ခုတင်ပေါ်မှာ ထိုင်လိုက်ပါတယ်။

“ကောင်းပြီ၊ ငါတို့တွေလည်း ကျင့်ကြံအားထုတ်သင့်ပြီ၊ ငါက တစ်ခါ ဂူအောင်းကျင့်ကြံရင် နှစ်တစ်သိန်းကြာတယ်၊ အရေးကြီးတဲ့ကိစ္စမရှိရင် ငါ့ကို လာမနှောင့်ယှက်နဲ့၊ မင်း အပြင်ဘက်မှာ လျှောက်သွားလို့ရတယ်၊ ဒါပေမဲ့ မိုင်တစ်သန်းပတ်လည်ပဲ လျှောက်သွားချည်၊ ဒါက အပြင်လောကနဲ့ သီးခြားခွဲထုတ်ထားတဲ့ ငါရဲ့တာအိုစက်ကွင်းပဲ၊ မင်း အပြင်ထွက်ချင်ရင်တောင် ထွက်မရဘူး”

“အား... နှစ်တစ်သိန်းတောင်လား...” ချင်းလွမ်အာဟာ မှင်တက်သွားပါတယ်။

ဟန်ကျွယ်ဟာ ချင်းလွမ်အာကို လျစ်လျူရှုပြီး မျက်စိမှိတ်လိုက်ပါတယ်။

ဟန်ကျွယ် ချင်းလွမ်အာကို အမှန်အတိုင်း မပြောတာက မရှင်းပြချင်လို့ပါ။ နောက်ပြီး ချင်းလွမ်အာကို အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်စေချင်တာလည်း ပါပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်၊ ရွှမ်ချင်းကျွင်းနဲ့ တခြားမိန်းမတွေကို ချင်းလွမ်အာ သိသွားမှာ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သေမျိုးကမ္ဘာမှာ သူတို့နှစ်ယောက် ရှိနေတုန်းက ချင်းလွမ်အာဟာ သူ့ကို ကိုယ်လုပ်တော်ယူဖို့ အရင်ဆုံး တိုက်တွန်းခဲ့လို့ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ဟန်ကျွယ်ဟာ ချင်းလွမ်အာရဲ့ အဆိုကို ငြင်းဆန်ခဲ့ပါတယ်။

အချိန်ဟာ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။

ချင်းလွမ်အာ ပထမတော့ လေးငါးဆယ်နှစ် ကျင့်ကြံအားထုတ်ပြီး နည်းနည်း စိတ်မရှည် ဖြစ်လာပါတယ်။ ဒါကြောင့် တာအိုဘုံကျောင်း အပြင်ဘက်မှာ လေးငါးဆယ်ရက် လျှောက်သွားပါတယ်။ ပြီးတော့မှ တာအိုဘုံကျောင်းကို ပြန်လာပြီး ဆက်ကျင့်ကြံပါတယ်။

ဒီလိုနဲ့ နှစ်တစ်ထောင် ကြာသွားတဲ့အခါ ချင်းလွမ်အာဟာ ပျင်းရိဖို့ကောင်းတဲ့ ကျင့်ကြံခြင်းကို ကျင့်သားရသွားပါတယ်။

ဟင်းလင်းပြင်ထဲမှာ ဒဏ်ခတ်သမားငါးဖော်ဟာ နတ်အလင်းရောင်ကို စီးနင်းပြီး ခရီးနှင်နေပါတယ်။ ရှေ့ဆုံးမှာ ရပ်နေတဲ့ ဟန်ထော်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပါတယ်။

ဘေးမှာရပ်နေတဲ့ ယီတျန်က ခပ်တိုးတိုး မေးလိုက်ပါတယ် “မင်း ဒီအတောအတွင်း စိတ်လေးနေတဲ့ပုံပဲ”

“ဟုတ်တယ်၊ အကြောင်းတချို့ကြောင့် ငါ ရင်းနှီးတဲ့ ရောင်ဝါတစ်ခုကို ဆက်တိုက် ခံစားမိနေတယ်၊ ဒါပေမဲ့ ဘယ်သူလဲဆိုတာကို ငါ သေချာမသိဘူး” ဟန်ထော်ဟာ ဒီလိုမျိုး ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။

“မင်းရဲ့ ညီလေးက အဆင့်ထိုးဖောက်သွားလို့များလား...” ယီတျန်က စနောက်လိုက်ပါတယ်။

“မဟုတ်ဘူး၊ အဲဒီတုန်းက အားပြင်းတယ်၊ အခုဟာက ရင်းနှီးတဲ့ ခံစားချက်သက်သက်ပဲ၊ သက်သောင့်သက်သာ မဖြစ်တာကို ငါ မခံစားရဘူး” ဟန်ထော်ဟာ ခေါင်းခါလိုက်ပါတယ်။ အဲဒီနောက် ဟန်ထော်ဟာ ပြုံးလိုက်ပါတယ် “ငါ့ညီလေးက ဘယ်အဆင့်တောင် ရောက်နေပြီလဲ မသိဘူး”

ယီတျန်ဟာ ပြုံးလိုက်ပါတယ် “မင်းထက် စွမ်းအားကြီးလောက်တယ်၊ သူက ငါတို့ကို သွေးစည်းနဲ့တင် ဖိနှိပ်နိုင်နေတာ”

ဟန်ထော် ယီတျန်ရဲ့ ဒီစကားကိုတော့ သဘောမတူပါဘူး “အဲဒီလိုဆိုရင်တော့ ကောင်းတဲ့ကိစ္စပဲ”

တခြား မဟာတာအို နတ်စိတ်ဝိညာဉ်သုံးပါးလည်း ချဉ်းကပ်လာပြီး ဟန်ထော်ရဲ့ ညီလေးက ဘယ်သူလဲဆိုတာကို စပ်စုကြပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters