← Chapters

အခန်း (၈၁၆)

Vol. 59 Ch. 816

အခန်း (၈၁၆)

Vol. 59 Ch. 816

ရွှေလင်က အင်မော်တယ်ကမ္ဘာသို့ ရောက်လာသောအချိန်တွင် ချီစွမ်းအင်အလင်းကို အင်မော်တယ်စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

“ကျူးကျော်သူတစ်ယောက်ကို ဖမ်းမိထားတယ်။ ဒီတာဝန်က မဆိုးဘူးပဲ”

“ဘာအကျိုးအမြတ်တွေရနိုင်မလဲ ကြည့်ရအောင်”

လူတစ်ယောက်က ဟန်မူယဲ့၏ရှေ့သို့ ရောက်လာပြီး အင်္ကျီလည်ပင်းကို ဆွဲကိုင်ရန် ကြိုးစားလိုက်ရသည်။

သို့သော် အနက်ရောင်ချပ်ဝတ်နှင့်လူက လက်ကို ဆန့်ထုတ်လိုက်သောအချိန်တွင် တီးတိုးရေရွတ်၍ လက်ကို ပြန်ချသည်။

ဟန်မူယဲ့က တောက်ပနေသော ရွှေအလင်းနှင့်အတူ ရွှေရောင်ဓားတစ်လက်ကို ဖော်ပြသည်။

“ဆရာက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ အဆင့်မြင့်လူတစ်ယောက်လား။ ဆရာက ထုတ်ပြောသင့်တာပေါ့။ ကျွန်တော်တို့က တစ်ဖွဲ့တည်းပါပဲ”

“ချုပ်နှောင်မှုကနေ လွှတ်ပေးပါ့မယ်ဆရာ”

ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာသို့ တည်နေရာရွှေ့ပြောင်းလာသောအချိန်တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသော ဤနေရာကို တမင်သက်သက် ရွေးချယ်ခဲ့သည်။

သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ ကောင်းကင်ကင်းလှည့်ခန်းဆောင်သခင်၏ တံဆိပ်ပြားနှင့် အမွေအနှစ်ကို ရရှိထားသည်။ သူက အကာအကွယ်ဓားအလင်းကို ထုတ်ဖော်လိုက်သောအချိန်တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် အလိုလျောက် သတ်မှတ်ခံရလိမ့်မည်။

“သွားကြစို့။ ငါ့ကို ဂိုဏ်းရဲ့ အစောင့်အကြပ်ခေါင်းဆောင်နဲ့တွေ့ဖို့ ခေါ်သွားပါ”

ဟန်မူယဲ့က ချိန်းကြိုးကို ဖြေချလိုက်ပြီး အဝတ်အစားကို ဆွဲဆန့်သည်။ ထို့နောက် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး စကားပြောသည်။ ဓားအလင်းသည် သူ့ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေသည်။

အနက်ရောင်ချပ်ဝတ်နှင့်လူက လျင်မြန်စွာဦးညွတ်လိုက်ပြီး လက်မြှောက်သည်။ သူက အစိမ်းရောင်ဓားတစ်လက်ကို ဆင့်ခေါ်၍ ဓားကို စီးနင်းလိုက်ပြီး ရှေ့မှ လမ်းပြသည်။

ဟန်မူယဲ့က ဓားအလင်းကို ထုတ်ဖော်၍ နောက်မှ လိုက်လာသည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

ဤနေရာသည် အင်မော်တယ်ကမ္ဘာ ဖြစ်သည်။

ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းမဟုတ်ပေ။

အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသော ရတနာများထဲတွင် သူက အင်မော်တယ်ကမ္ဘာ၏မြင်ကွင်းကို မြင်ခဲ့ရသည်။

အင်မော်တယ်ချီများသည် အင်မော်တယ်ကမ္ဘာတွင် ရစ်ဝဲနေပြီး နတ်ဘုရားနှင့်ဗုဒ္ဓများကို နေရာတိုင်းတွင် မြင်နိုင်သည်။

သို့သော် ထိုအရာများသည် မှတ်ဉာဏ်မြင်ကွင်းများသာဖြစ်ပြီး ကိုယ်တိုင်မြင်ရခြင်းနှင့် မတူပေ။

အင်မော်တယ်ချီ စွမ်းအင်အမျှင်တန်းများသည် ဝိညာဉ်သွေးကြောကို ပျက်စီးသွားစေနိုင်သောစွမ်းအားဖြင့် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာကြသည်။

လူသားလောကတွင် သိုလှောင်ထားသော အင်မော်တယ်ချီကို စုပ်ယူခြင်းနှင့် မတူညီဘဲ ယခုအချိန်တွင် အင်မော်တယ်ချီများက သူ့ခန္ဓာကိုယ်ထဲသို့ အလိုလျောက်ဝင်လာပြီး ဝိညာဉ်သွေးကြောထဲတွင် လှည့်ပတ်နေကြသည်။ ထိုအင်မော်တယ်ချီသည် သူ၏ သွေးမျိုးဆက်စွမ်းအားကို လှုံ့ဆော်ပေးနိုင်သည်။

ထို့အပြင် အင်မော်တယ်ချီများက ဝိညာဉ်သွေးကြောထဲ၌ လှည့်ပတ်သွားသောအချိန်တွင် ကျင့်ကြံခြင်းနည်းစနစ်များကို အသက်သွင်းရန်မလိုဘဲ အင်မော်တယ်ချီ၏ ထူးခြားသောစွမ်းအားတစ်ခုကို ဖော်ထုတ်နေသည်။

ထိုစွမ်းအားသည် သူ၏ ရုပ်ခန္ဓာ၊ ဝိညာဉ်သွေးကြောနှင့် ဝိညာဉ်ကို ဖြည်းဖြည်းချင်း ပြောင်းလဲပေးနေသည်။

ထိုအရာသည် အင်မော်တယ်ချီနှင့် ချီစွမ်းအင်၏ တိုင်းတာ၍မရနိုင်‌သော ကွာခြားချက်ဖြစ်သည်။

အင်မော်တယ်ချီတစ်မျှင်တွင် ပါဝင်သောစွမ်းအားသည် ချီစွမ်းအင်တစ်မျှင်တွင် ပါဝင်‌သောစွမ်းအားထက် အဆတစ်ရာခန့် ပိုမိုအားကောင်းသည်။

အင်မော်တယ်ကမ္ဘာသည် လူသားကမ္ဘာ၏အထက်တွင် ရှိနေသည့်အတွက် အံ့အားသင့်နေရန်မလိုတော့ပေ။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားရန် ကြိုးစားနေကြသည်။

အင်မော်တယ်ကမ္ဘာတွင် အင်မော်တယ်ချီနှင့် ကျင့်ကြံခြင်းသည် လူတစ်ယောက်ကို အမှန်တကယ် ပြောင်းလဲသွားစေပြီး ပိုမိုသန်မာသောခွန်အားကို ရရှိလာလိမ့်မည်။

ထိုစွမ်းအားကို မည်သူက ငြင်းဆန်မည်နည်း။

“ဝီ”

မှိန်ဖျော့သောအင်မော်တယ်အလင်းသည် ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။

လမ်းပြနေသော အနက်ရောင်ချပ်ဝတ်နှင့်လူက တိတ်ဆိတ်စွာ နောက်လှည့်ကြည့်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

ထိုလူက အမှန်တကယ်ပင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ပြီး လူသားလောကသို့ တာဝန်အရ သွားရောက်နေခြင်းဖြစ်လိမ့်မည်။

အကယ်၍ သူက အင်မော်တယ်ကမ္ဘာမှ မဟုတ်ခဲ့လျှင် အင်မော်တယ်ချီကို တိုက်ရိုက်အသက်သွင်းနိုင်မည်မဟုတ်ပေ။

“မင်းမှာ ဓားပျံကောင်းကောင်းမရှိဘူးလား”

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး အနက်ရောင်ချပ်ဝတ်နှင့် လူ၏ဘေးသို့ ရောက်လာသည်။

ထိုလူ၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက အားကျနေသောမျက်လုံးတစ်စုံဖြင့် ဟန်မူယဲ့၏ ခြေထောက်အောက်တွင်ရှိသော ဓားရှည်ကိုကြည့်သည်။

“သခင်လေး၊ ကျွန်တော်က အပြင်စည်းရဲ့ အစောင့်တစ်ယောက်ပါပဲ။ ဘယ်လိုလုပ်ပြီး ဓားကောင်းတစ်လက်ကို သုံးနိုင်မှာလဲ”

ဟန်မူယဲ့၏ ခြေထောက်အောက်တွင်ရှိသော ဓားသည် အဆင့်မြင့်ရတနာတစ်ခုဖြစ်ပြီး အလွန်လျင်မြန်သည်။ အထူးသဖြင့် အင်မော်တယ်ချီကို ထည့်သွင်းလိုက်သောအခါ မယုံကြည်နိုင်ဖွယ်ကောင်းသော လျင်မြန်သွက်လက်မှုကို ဖော်ထုတ်နိုင်သည်။

ယခုအချိန်တွင် ဟန်မူယဲ့က အင်မော်တယ်ချီအနည်းငယ်ကို အသုံးပြု၍ စစ်ဆေးကြည့်ခဲ့သည်။ ဓား၏ အမြန်နှုန်းသည် ချက်ချင်း ဆယ်ဆတိုးမြင့်သွားပြီး ယခင်က ခံစားခဲ့ရသော အတားအဆီးသည် ပျောက်ကွယ်သွားသည်။

အင်မော်တယ်ကမ္ဘာသည် ချီစွမ်းအင်ကို ဖိနှိပ်ထားပြီး ချီစွမ်းအင်၏စွမ်းအားကို ဆယ်ဆကျော်အထိ လျော့နည်းသွားစေသည်။ ထို့အပြင် ချီစွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် ခက်ခဲသည်။

ထိုအရာသည် ပြဿနာတစ်ခု ဖြစ်သည်။

သူက ချီစွမ်းအင်ကို အသုံးပြုလိုက်လျှင် ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိဘဲ ကုန်ဆုံးသွားလိမ့်မည်။ အင်မော်တယ်ချီကိုတော့ အနည်းငယ်သာ စုပ်ယူနိုင်သည်။ သူက အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးကဲ့သို့ ဖြစ်နေသည်။

မဟုတ်သေးပေ။ အဆင့်နိမ့် အင်မော်တယ်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ဟန်မူယဲ့က အနည်းငယ် သိချင်နေသည်။ အဆုံးမဲ့နတ်ဘုရားဘုရင်၏ ကိုယ်ပွားနှစ်ခုနှင့် ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်၏ ရွှေလင်က လိုက်ဖမ်းခံရခြင်းမှ လွတ်မြောက်ရန် မည်သို့ ကြိုးစားကြမည်နည်း။

သူ့အတွက်ကတော့ စိတ်ပူရန်မလိုအပ်ပေ။ သူက များပြားလှသော အင်မော်တယ်ချီစွမ်းအင်များကို သိုလှောင်ထားခဲ့သည်။

“ဒီဓားကိုယူလိုက်။ မင်းရဲ့ဓားကို ပေး”

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါ အနက်ရောင်ချပ်ဝတ်နှင့်လူ၏ ခြေထောက်အောက်တွင်ရှိသော အဆင့်နိမ့်ဝိညာဉ်လက်နက်ဓားက သူ့လက်ထဲသို့ ရောက်လာသည်။

သူက အဆင့်မြင့်ဝိညာဉ်လက်နက် ဓားတစ်လက်ကို ထုတ်ပေးသည်။

အနက်ရောင်ချပ်ဝတ်နှင့်လူက ပျော်ရွှင်နေသောမျက်နှာထားဖြင့် ဓားရှည်ကို ဖမ်းယူလိုက်သည်။

အဆင့်မြင့်ဝိညာည်လက်နက်သည် သူ၏ အဆင့်နိမ့်ဝိညာဉ်လက်နက်ထက် အဆတစ်ရာခန့် ပိုမိုအဖိုးတန်သည်။

“တုစန်ကျန်းက သခင်လေးရဲ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”

ထိုလူက ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။

“မြန်မြန်သန့်စင်လိုက်ပါ”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုလူ၏ဓားကို ကိုင်ထားသည်။ သူက ဂရုမစိုက်သောမျက်နှာထားဖြင့် စိတ်မရှည်စွာ ပြောသည်။

တုစန်ကျန်း၏အမြင်တွင် ဟန်မူယဲ့က အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်သည်။ သူ့အမြန်နှုန်းက နှေးကွေးနေသောကြောင့် အဆင့်မြင့်ဝိညာဉ်လက်နက်ကို ချီးမြှင့်ခဲ့သည်။

သူက ဓားရှည်ကို လျင်မြန်စွာဆုပ်ကိုင်ပြီး အင်မော်တယ်ချီစွမ်းအင်ကို အသက်သွင်း၍ သန့်စင်လိုက်သည်။ သူ၏ နှစ်ပေါင်းမရေမတွက်နိုင်အောင် ပျိုးထောင်ထားသော ဓားရှည်နှင့် အဆက်အသွယ်ပြတ်တောက်မှုကို ဂရုမစိုက်ခဲ့ပေ။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်များသည် မရေမတွက်နိုင်သော နည်းလမ်းများဖြင့် ဓားနှင့်သခင်ဖြစ်သူ၏ ဆက်သွယ်မှုကို ဖြတ်တောက်နိုင်ကြသည်။

သူက ဓားရှည်ကို သန့်စင်ရန် အာရုံစိုက်ထားပြီး ဓားကိုလဲလှယ်ခဲ့သော ဟန်မူယဲ့၏အပြုအမူနှင့် ပြတ်တောက်သွားသော ဓားရှည်၏ ဆက်သွယ်မှုကို စိတ်ရှုပ်ခံပြီး တွေးမနေခဲ့ပေ။

ဓားကိုင်ထားသော ဟန်မူယဲ့က ဓားရှည်ထဲတွင်ရှိသော အင်မော်တယ်ချီစွမ်းအင်ကို အာရုံခံမိလိုက်သည်။

သူက ကိုယ်ပိုင်အင်မော်တယ်ချီစွမ်းအင်ကို လှည်ပတ်ပြီး ဓားဆန္ဒကို ဓားရှည်ထဲသို့ ထည့်သွင်းလိုက်သည်။ ဓား၏မှတ်ဉာဏ်များအားလုံးသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။

ဓား၏နာမည်သည် ချန်မင်ဖြစ်ပြီး သံမဏိအဆီအနှစ်ဖြင့် ပြုလုပ်ထားသည်။ သောင်းချီသန့်စင်ခြင်းဂိုဏ်းက မူလသုံးပြန်နည်းစနစ်ဖြင့် ဓားရှည်ကို သန့်စင်ခဲ့သည်။

ဓားသည် သုံးပေနှစ်လက်မ ရှည်လျားပြီး ကိုးပေါင်လေးသည်။ ဓားသွားတွင် ဝိညာဉ်အင်းကွက်များကို ထွင်းထုထားသည်။

ထိုအချက်ကြောင့် ဟန်မူယဲ့က အံ့အားသင့်သွားသည်။

အင်မော်တယ်ကမ္ဘာတွင်ရှိသော ဓားရှည်ကို အင်မော်တယ်အင်းကွက်ဖြင့် ထွင်းထုထားလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် လူသားလောက၏ ဝိညာဉ်အင်းကွက်များကို အသုံးပြုလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူက အင်မော်တယ်အင်းကွက်ဖြင့် ထွင်းထုထားသော အင်မော်တယ်ကမ္ဘာ၏ ရတနာများကို ရရှိထားသည်။

သို့သော် အင်မော်တယ်အင်းကွက်ကို အသက်သွင်းချင်လျှင် များပြားသော အင်မော်တယ်စွမ်းအင်ကို အသုံးပြုရလိမ့်မည်။

ဝိညာဉ်အင်းကွက်များသည် အင်မော်တယ်အင်းကွက်ကဲ့သို့ အားမကောင်းသော်လည်း အင်မော်တယ်ချီနှင့် အသက်သွင်းလိုက်သောအခါတွင် ပိုမိုကောင်းမွန်သောရလဒ်ကို ပေးစွမ်းနိုင်ကြသည်။ စွမ်းအင်ကုန်ဆုံးမှု နည်းပါးပြီး အဆင့်နိမ့်ကျင့်ကြံသူများအတွက် သင့်တော်သည်။

ဟန်မူယဲ့က ချန်မင်ဓားကို ကြည့်လိုက်ပြီး အင်မော်တယ်ကမ္ဘာ၏အကြောင်းကို အကြမ်းဖျင်းနားလည်သွားသည်။

ဂိုဏ်းကြီးများသည် အင်မော်တယ်ကမ္ဘာကို ပူးပေါင်း၍ ထိန်းချုပ်ထားကြသည်။ ထိုဂိုဏ်းများထဲတွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနှင့် အောက်ဘုံကို ထိန်းချုပ်ထားသော သွေးစစ်ပွဲဂိုဏ်းလည်း ပါဝင်သည်။

အင်မော်တယ်ကမ္ဘာသည် မိုင်သန်းထောင်ချီကျယ်ဝန်းသည်။ ကျင့်ကြံသူများက များသောအားဖြင့် ကိုယ်ပိုင်နယ်မြေတွင်သာ နေထိုင်ပြီး တခြားနေရာများသို့ သွားလာခြင်းမရှိကြပေ။ အကယ်၍ သူတို့က အဝေးတစ်နေရာသို့ ခရီးသွားချင်လျှင် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြုကြသည်။

သို့သော် ရွှေအမြုတေအဆင့်တွင်ရှိသော တုစန်ကျန်းက တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါအတွက် လိုအပ်သော ဝိညာဉ်ကျောက်တုံးများကို မစုဆောင်းနိုင်ခဲ့ပေ။

အင်မော်တယ်ကမ္ဘာ၏ အဆင့်နိမ့်ကျင့်ကြံသူများကို အောက်ဘုံကဲ့သို့ လူသား၊ ကမ္ဘာမြေနှင့် ကောင်းကင်အဆင့်အဖြစ် ခွဲခြားထားကြသည်။ သူတို့က ချီစွမ်းအင်ထက် ပိုမိုကျင့်ကြံရန်ခက်ခဲသော အင်မော်တယ်စွမ်းအင်ကို ကျင့်ကြံကြသောကြောင့် အရေအတွက်နည်းပါးသည်။

ထို့ကြောင့် အင်မော်တယ်ကမ္ဘာသည် အလွန်ကျယ်ပြန့်သော်လည်း လူဦးရေနည်းပါးပြီး အရင်းအမြစ်ကြွယ်ဝသည်။ ဂိုဏ်းများစုသည် ကိုယ်ပိုင်ဂိုဏ်းကိုသာ စောင့်ကြပ်ထားပြီး တောရိုင်းနယ်မြေများကို စွန့်ပစ်ထားကြသည်။

ထိုတောရိုင်းနယ်မြေများသည် အမျိုးမျိုးသော အင်မော်တယ်သားရဲနှင့် မိစ္ဆာသားရဲများအတွက် သုခဘုံဖြစ်လာကြသည်။

တုစန်ကျန်းကဲ့သို့ အပြင်စည်းတပည့်များသည် အဓိကဂိုဏ်းအပေါ်တွင် မှီခို၍ အမျိုးမျိုး‌သောတာဝန်များကို ထမ်းဆောင်ပြီး ကျင့်ကြံခြင်းအတွက် ဝိညာဉ်ကျောက်တုံးများကို ရှာဖွေကြသည်။

အင်မော်တယ်ကမ္ဘာတွင် တစ်ကိုယ်တော်ကျင့်ကြံသူအများအပြား ရှိနေကြသည်။

တုစန်ကျန်း၏ ကျင့်ကြံခြင်းနှင့် ဗဟုသုတသည် ယွီကျစ်ဒေသဟုခေါ်သော ဤနယ်မြေတွင်သာ ရှိနေသည်။ သူမြင်ဖူးသော အသန်မာဆုံးကျင့်ကြံသူများသည် လူသားအင်မော်တယ်အဆင့်တွင်သာ ရှိကြသည်။

ထိုလူများထဲတွင် ယွီကျစ်ဒေသကို စောင့်ကြပ်နေသော အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက်လည်း ပါဝင်သည်။

ဝမ်မင်ဟယ်ဟု အမည်ရသော ထိုတပည့်သည် တောရိုင်းထဲတွင် အလွန်အားကောင်းသော မိစ္ဆာသားရဲတစ်ကောင်ကို ဓားသုံးချက်ဖြင့် သတ်ဖြတ်ခဲ့သည်။

သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ရေစီးသံဓားနည်းစနစ်ကို နားလည်ခဲ့သည်။

ထိုဓာနည်းစနစ်သည် သုံးကွက်သာရှိသော်လည်း ဟန်မူယဲ့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ ဓားနည်းစနစ်၏ ဦးတည်ချက်ကို အကြမ်းဖျင်းနားလည်သွားသည်။

တာဝန်များကိုဆောင်ရွက်၍ လဲလှယ်ထားသော တုစန်ကျန်း၏ အခြေခံဓားနည်းစနစ်နှစ်ခုအပြင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အစစ်အမှန်ဓားနည်းစနစ်ကိုလည်း ဟန်မူယဲ့က နားလည်သွားခဲ့သည်။

တုစန်ကျန်းက ဓားရှည်ကို ဖြည်းဖြည်းချင်း သန့်စင်ပြီးသောအခါတွင် လျင်မြန်စွာ ပျံသန်းနိုင်ခဲ့သည်။

ဟန်မူယဲ့က သူ့နောက်မှ ပေါ့ပါးစွာလိုက်လာသောကြောင့် တုစန်ကျန်းက လေးစားသွားသည်။

လမ်းတစ်လျှောက်တွင် ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာ၏ သတင်းအချက်အလက်များကို ဆက်တိုက်စဉ်းစားပြီး အကဲဖြတ်နေခဲ့သည်။

အင်မော်တယ်ကမ္ဘာသည် အလွန်ကျယ်ဝန်းပြီး သတင်းများက မျိုးစုံဖြစ်နေသည်။ ထို့ကြောင့် အမှန်နှင့်အမှားကို ခွဲခြားရန် အလွန်ခက်သည်။

သို့သော် ထို့ကြောင့် သူက နောက်ခံ၊ ဓားနည်းစနစ်နှင့် တခြားအရာများကို လွယ်ကူစွာဖုံးကွယ်နိုင်သည်။

“ဝီ”

ရှေ့တွင် တုစန်ကျန်းက ရုတ်တရက် ရပ်တန်သွားသည်။ ဟန်မူယဲ့ကလည်း လေထုထဲတွင် ရပ်တန့်လိုက်သည်။ ပြန့်ကျဲနေသောစံအိမ်များသည် တောင်ကုန်းပေါ်တွင် ရှိနေကြသည်။

အမျိုးမျိုးသော ဓားအလင်းများနှင့် လွင့်မျောနေသော မန္တန်စွမ်းအားများကို ပတ်ဝန်းကျင်တွင် မြင်နိုင်သည်။

တုစန်ကျန်းက တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး အင်မော်တယ်စွမ်းအင်ဖြင့် အသက်သွင်းလိုက်သည်။ ခဏအကြာတွင် ဓားအလင်းသုံးခုသည် ကောင်းကင်ထက်မှ ဆင်းသက်လာကြသည်။

ထိုဓားအလင်းများသည် လျင်မြန်ပြီး သန့်စင်သော အင်မော်တယ်အလင်းကို ထုတ်လွှတ်နေကြသည်။

ရှေ့ဆုံးတွင်ရှိသောလူက အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ပြီး နောက်ကျောတွင် ကြည်လင်သောဓားတစ်လက်ကို သယ်ဆောင်ထားသည်။ သူက ဆံပင်များကို ထုံးဖွဲ့၍ စည်းနှောင်ထားပြီး မုတ်ဆိတ်မွေးတိုများသည် မေးစေ့တွင် ပေါက်နေကြသည်။ သူက အသက်လေးဆယ်ခန့် ဖြစ်ပုံရပြီး အနည်းဆုံး ကောင်းကင်အဆင့်တွင် ရှိနေသည်။

သူ့နောက်တွင် အစိမ်းရောင်အငွေ့အသက်များကို ထုတ်လွှတ်နေသော ဓားရှည်နှစ်လက်အား သယ်‌ဆောင်ထားသည့် လူငယ်နှစ်ယောက်က သတိကြီးသောမျက်နှာထားဖြင့် ရှိနေကြသည်။

“ငါတို့ဂိုဏ်းရဲ့ တပည့်လား”

ခေါင်းဆောင်လူကြီးက တုစန်ကျန်း၏လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားကို လှမ်းကြည့်သည်။ ထို့နောက် သူ့နောက်တွင်ရှိနေသော ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က မှိန်ဖျော့သော ဓားအငွေ့အသက်နှင့်အတူ အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။

သို့သော် ထိုအချက်တစ်ခုတည်းဖြင့် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်ဖြစ်သည်ဟု မပြောနိုင်ပေ။

တုစန်ကျန်းက ဟန်မူယဲ့ကို လှည့်ကြည့်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အစိမ်းရောင်ဓားအလင်းကို ထုတ်ဖော်သည်။

ဤတစ်ကြိမ်တွင် ဓားအလင်းသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ တပည့်တစ်ယောက်၏ အမှတ်အသားအပြင် ဂိုဏ်း၏ အခြေခံဓားနည်းစနစ်စွမ်းအားကိုလည်း ထုတ်ဖော်နေသည်။

All Chapters