အခန်း (၈၂၂)
Vol. 59 Ch. 822
ကံကောင်းစွာဖြင့် ဟန်မူယဲ့က ကျင့်ကြံရန်အတွက် ယွင်ချီရွှံ့အိုင်ကို ရွေးချယ်ခဲ့သောအချိန်တွင် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။
သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး ပတ်ဝန်းကျင်တွင် ရစ်ဝဲနေသော အင်မော်တယ်ချီစွမ်းအင်ကို အသုံးပြု၍ ရုပ်ခန္ဓာကို ဖြည်းဖြည်းချင်း သန့်စင်နေသည်။
သူ၏ ချီပင်လယ်နှင့် ဒန်ထျန်တွင် ချီစွမ်းအင်များသည် စုစည်းသွားပြီး မူလဝိညာဉ်ဓားနှင့် ပေါင်းစပ်နေသည်။
ထိုဝိညာဉ်ဓားသည် သူ၏စိတ်ထဲတွင် နက်ရှိုင်းစွာပုန်းကွယ်နေပြီး အပြင်လူများက မြင်နိုင်ကြမည်မဟုတ်ပေ။
ထိုဓားက ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်စွမ်းအားဖြင့် ရောစပ်နေသောကြောင့် အင်မော်တယ်ကမ္ဘာတွင် ထုတ်သုံးမည်မဟုတ်ပေ။
ထိုဓားနှင့် ချီစွမ်းအင်ကျင့်ကြံခြင်းကို ပေါင်းစပ်လိုက်ခြင်းသည် မှန်ကန်သောရွေးချယ်မှု ဖြစ်သည်။
ထိုဖြစ်ရပ်ကြောင့် ဝိညာဉ်သွေးကြော၊ ဒန်ထျန်နှင့် ချီပင်လယ်သည် စွမ်းအင်များမရှိတော့ဘဲ ခန္ဓာကိုယ်က ဗလာဖြစ်နေသည်။
သူက ကျောက်စိမ်းပုလင်းများကို ထုတ်ယူပြီး တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။
တက်ကြွနေသော အင်မော်တယ်ချီစွမ်းအင်သည် ရေစီးကြောင်းများအဖြစ် အသွင်ပြောင်းသွားသည်။
ရေထိန်းချုပ်ခြင်းနည်းစနစ် ....
သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်ကို အသုံးပြုပြီး စုဆောင်းထားခဲ့သော အင်မော်တယ်ချီစွမ်းအင်ကို သုံးစွဲနိုင်သည်။
သူထုတ်ယူလိုက်သော ကျောက်စိမ်းပုလင်းတစ်လုံးစီသည် ရှေးခေတ်ဆေးပင်များဥယျာဉ်ကို ထောက်ပံ့ပေးထားသော အင်မော်တယ်ချီစွမ်းအင်ပင် ဖြစ်သည်။
ကျောက်စိမ်းပုလင်းတစ်လုံးသည် ကောင်းကင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးကို လူသားအင်မော်တယ်အဆင့်သို့ ဝင်ရောက်သွားအောင် ထောက်ပံ့ပေးနိုင်သည်။
အင်မော်တယ်ချီသည် သူ၏ ဝိညာဉ်သွေးကြောများထဲတွင် လှည့်ပတ်နေပြီး ရေထိန်းချုပ်နည်းစနစ်၏ လမ်းညွှန်ချက်အောက်တွင် သူ၏ ကျင့်ကြံဆင့်ကို တည်ငြိမ်လာစေသည်။
အခြေခံအုတ်မြစ်အဆင့် ....
ရွှေအမြုတေအဆင့် ....
ဝိညာဉ်သူငယ်အဆင့် ....
သုံးရက်အကြာတွင် ဓားရှည်တစ်လက်သည် ဟန်မူယဲ့၏ ဦးခေါင်းထက်တွင် စုစည်းလာသည်။
ထိုအစိမ်းရောင်ဓားရှည်သည် သူ၏ ဝိညာဉ်သူငယ်ဓား ဖြစ်သည်။
သူ၏စွမ်းအားနှင့် အင်မော်တယ်ချီအပေါ်တွင် အခြေခံ၍ ထိုဓားကို ဖန်တီးခဲ့သည်။
ထိုဓားက အထွတ်အထိပ်အဆင့်သို့ ရောက်သွားပြီး ကိုယ်ပိုင်တာအိုကို ဖန်တီးနိုင်လျှင် သူ့စိတ်ထဲတွင်ရှိနေသော သတ်ဖြတ်ခြင်းဓားကဲ့သို့ ဖြစ်လာလိမ့်မည်။
အင်မော်တယ်ချီစွမ်းအင်များ ကျန်နေသေးသည်။
မူရုံကျန်းက လူသားလောကကို စောင့်ကြပ်ခဲ့သောအချိန်တွင် ရရှိထားသော ရတနာအများစုကို အင်မော်တယ်ချီဖြင့် လဲလှယ်ခဲ့သည်။ ထို့နောက် ဆေးပင်ဥယျာဉ်ထဲတွင် အင်မော်တယ်ဆေးပင်များကို ပျိုးထောင်ပေးရန် အသုံးချခဲ့သည်။
“မူလဝိညာဉ်ဓားကို ဆက်ပြီးဖန်တီးလိုက်ရမလား”
ဟန်မူယဲ့က တီးတိုးပြောလိုက်ပြီး ခေါင်းခါသည်။
သူက သတ်ဖြတ်ခြင်းဓားကို ထိန်းသိမ်းထားရန်အတွက် အလွန်အားထုတ်နေရသည်။
သူ၏ အင်မော်တယ်ချီ ကျင့်ကြံခြင်းသည် မတည်ငြိမ်သေးပေ။ ဝိညာဉ်စွမ်းအားကလည်း မူလဝိညာဉ်ဓားကို ဖန်တီးရန်အတွက် မလုံလောက်တော့ပေ။
မူလဝိညာဉ်ဓားကို အတင်းအကျပ်ဖန်တီးပြီး ဝိညာဉ်ကိုယ်ခွဲအဆင့်သို့ ဝင်ရောက်ခြင်းထက် အခြေခံအုတ်မြစ်ကို တည်ငြိမ်အောင်လုပ်ခြင်းသည် ပိုကောင်းလိမ့်မည်။
ရွှေအလင်းသည် သူ့ရှေ့တွင် ပေါ်ထွက်လာပြီး ရွှေရောင်စာရွက်များကို မြင်ရသည်။
ထိုအရာသည် ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင် ချန်ထားခဲ့သော ကျမ်းစာအမွေအနှစ် ဖြစ်သည်။
ထိုကျမ်းစာသည် ကျင့်ကြံခြင်းနည်းစနစ်မဟုတ်ဘဲ အင်မော်တယ်ဘုရင်၏ ဉာဏ်အလင်းနှင့် နားလည်သဘောပေါက်မှုများ ဖြစ်သည်။
“ရေထိန်းချုပ်ခြင်းနည်းစနစ်က အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ထဲမှာ မပါလောက်ဘူး။ ဒါပေမဲ့ အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်တွေက နေရာတိုင်းမှာ ပြန့်ကျဲနေပြီး ခွဲခြားသိဖို့ မလွယ်ဘူး”
ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်က ဟန်မူယဲ့၏အကြံပြုချက်အတိုင်း ရတနာများကို အသုံးပြု၍ ကိုယ်ပိုင်အမွေအနှစ်ကို လောကထဲတွင် ဖြန့်ကျက်ထားခဲ့သည်။
သူတို့ကျင့်ကြံနေသော နည်းစနစ်များသည် အင်မော်တယ်ဘုရင်နှင့် သက်ဆိုင်ခြင်းမရှိဟု မည်သူမှ သေချာမပြောရဲပေ။
ဟန်မူယဲ့၏စိတ်ထဲတွင် ရေထိန်းချုပ်နည်းစနစ်သည် အင်မော်တယ်ဘုရင်၏ အမွေအနှစ်နှင့် ပေါင်းစပ်သွားသည်။
“သုံးလွှာကျင့်ကြံခြင်းနည်းစနစ်လား”
ဟန်မူယဲ့က နောင်တများဖြင့် ခေါင်းခါသည်။
အကယ်၍ သူက အင်မော်တယ်ဘုရင်၏ ပြီးပြည့်စုံသောအမွေအနှစ်ကို ရရှိထားလျှင် အနည်းငယ်တွက်ချက်လိုက်ရုံဖြင့် ပိုမိုကောင်းမွန်သော ကျင့်ကြံခြင်းနည်းစနစ်ကို ရရှိနိုင်လိမ့်မည်။
ယခုအချိန်တွင် သူက သုံးလွှာရေထိန်းချုပ်ခြင်းနည်းစနစ်ကိုသာ ရရှိခဲ့သည်။
သူက ရေထိန်းချုပ်ခြင်းနည်းစနစ်ကို ကျင့်ကြံလိုက်သောအခါတွင် ယခင်ထက် သုံးဆပိုမြန်နေလိမ့်မည်။
ရေထိန်းချုပ်ခြင်းနည်းစနစ်သည် သုံးဆစီ သုံးကြိမ်တိုးသွားမည်ဖြစ်သောကြောင့် အထွတ်အထိပ်သို့ ရောက်သောအခါတွင် နှစ်ဆယ့်ခုနစ်ဆ ဖြစ်နေလိမ့်မည်။
အကယ်၍ ပြီးပြည့်စုံသော ရေထိန်းချုပ်နည်းစနစ်ကို ရရှိထားလျှင် ၉၉ဆအထိ တိုးမြှင့်နိုင်လိမ့်မည်။
ထိုကျင့်ကြံခြင်းနည်းစနစ်၏ စွမ်းအားသည် စိတ်ကူးမယဉ်နိုင်လောက်ပေ။
ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်၏ ကျင့်ကြံခြင်းအမွေအနှစ်ကို နတ်ဘုရားကမ္ဘာက ကြောက်ရွံ့ပြီး လေးစားနေသည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။
“ဝီ”
ရေထိန်းချုပ်နည်းစနစ်က ထပ်မံလှုပ်ရှားလိုက်ပြန်သည်။ ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအားများသည် တုံ့ပြန်လိုက်ကြပြီး အခြေတည်ဝိညာဉ်ဓားသည် ချက်ချင်းပျက်စီးသွားသည်။
ကျင့်ကြံခြင်းနည်းစနစ်၏ ဖိနှိပ်လိုက်သောစွမ်းအားကို သူ၏ ကျင့်ကြံဆင့်ဖြင့် တောင့်မခံနိုင်ပေ။
ဟန်မူယဲ့က လက်မြှောက်ပြီး ကျန်ရှိနေသော အင်မော်တယ်ချီစွမ်းအင်များကို အသုံးပြုလိုက်သည်။
သုံးရက်ကြာသွားသည်။
သူက အင်မော်တယ်ချီစွမ်းအင် သုံးပုလင်းကို အသုံးပြုခဲ့ပြီး ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့်သို့ ရောက်လာသည်။
သူက သုံးလွှာရေထိန်းချုပ်နည်းစနစ်ကို ကျင့်ကြံထားသောကြောင့် အဆင့်တူကျင့်ကြံသူများထက် ၂၇ဆ ပိုမိုသန်မာသည်။
သူက အင်မော်တယ်ကမ္ဘာ၏ ကောင်းကင်အဆင့် ကျင့်ကြံသူများကြားတွင် ဝင့်ကြွားနိုင်ပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှင့်ပင် တိုက်ခိုက်နိုင်လိမ့်မည်။
ထို့အပြင် သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ကျင့်ကြံဆင့်နှင့် ဘယ်တော့မှ မသက်ဆိုင်ခဲ့ပေ။
သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ဓားတာအိုမှတစ်ဆင့် ဖြစ်ပေါ်လာသည်။
သူက ကျင့်ကြံဆင့်ကို တည်ငြိမ်အောင်လုပ်ပြီး ချက်ချင်းပြန်ထွက်မလာခဲ့ပေ။ အင်မော်တယ်ချီစွမ်းအင်ပုလင်းကို ထုတ်ယူပြီး ဓားများကို တစ်ချောင်းပြီးတစ်ချောင်း ပြန်လည်သန့်စင်နေသည်။
ပုံမှန်အတိုင်းအသုံးပြုသော ဓားများနှင့် ဓားဝင်္ကပါအဖြစ် ဖွဲ့စည်းသော ဓားရှည်များအားလုံးသည် အင်မော်တယ်ချီဖြင့် သန့်စင်ခံလိုက်ရပြီး အင်မော်တယ်ဓားများ ဖြစ်လာကြသည်။
သူက ကျင့်ကြံရာမှ ထွက်လာသောအခါတွင် ဆယ်ရက်ကြာသွားပြီဖြစ်သည်။
လွန်ခဲ့သောဆယ်ရက်တွင် သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက်အဖြစ် အပြည့်အဝ အသွင်ပြောင်းနိုင်ခဲ့သည်။
ကျင့်ကြံခြင်းနည်းစနစ်၊ ဓားနည်းစနစ်နှင့် ဓားရှည်များ ....
အားလုံးသည် အင်မော်တယ်ကမ္ဘာနှင့် သက်ဆိုင်နေသည်။
သူက ရေထဲမှ ထွက်လာသောအခါ မိုးကြိုးကပ်ဘေးသည် ကောင်းကင်တွင် ပေါ်ထွက်လာသည်။
သူ၏ အင်မော်တယ်တာအိုကျင့်ကြံခြင်းသည် ရွှေအမြုတေအဆင့်မှ ဝိညာဉ်သူငယ်အဆင့်သို့ ရောက်သွားသည်။ ထို့ကြောင့် မိုးကြိုးကပ်ဘေးနှင့် ရင်ဆိုင်ရမည်။
သူက မိုးကြိုးကပ်ဘေးကို ယခုအချိန်အထိ ဖိနှိပ်ထားခဲ့သည်။
သူက ခေါင်းမော့ကြည့်လိုက်ပြီး ကပ်ဘေးကို ချက်ချင်းမဖြတ်ကျော်ဘဲ တစ်ချက်လှုပ်ရှား၍ ယွင်ချီရွှံ့အိုင်၏ အစွန်အဖျားသို့ ရောက်လာသည်။
သူက သိပ်မဝေးသောနေရာတွင် ရပ်တန့်လိုက်သည်။ တုစန်ကျန်းနှင့် တခြားလူများက ဆယ်ပေရှည်လျားသော ကြေးခွံနက်သားရဲတစ်ကောင်ကို အစွမ်းကုန်သုံး၍ ဝိုင်းရံတိုက်ခိုက်နေကြသည်။
အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူများသည် သူတို့၏တိုက်ပွဲကို ပျော်ရွှင်စွာ စောင့်ကြည့်နေကြသည်။
ဟန်မူယဲ့ ရောက်လာသောကြောင့် လူတိုင်းက ကြောင်အသွားကြသည်။
ကောင်းကင်ထက်တွင် မိုးကြိုးတိမ်တိုက်များသည် မိုးပြိုကျလာသကဲ့သို့ တည်ရှိနေကြသည်။
သို့သော် ဟန်မူယဲ့က တည်ငြိမ်စွာရှိနေသည်။
“သခင်လေးဟန်”
ချွေးထွက်နေသော တုစန်ကျန်းက အော်ခေါ်လိုက်သည်။ သူက အံ့အားသင့်သွားသည်။
ကြေးခွံနက်သားရဲက ခေါင်းမော့ကြည့်လိုက်ပြီး မိုးကြိုးတိမ်တိုက်များကြောင့် တစ်ကိုယ်လုံးတုန်ခါသွားသည်။
“ဒါက မိုးကြိုးကပ်ဘေးလား။ ဒါမှမဟုတ် လူသတ်ကပ်ဘေးလား”
သိပ်မဝေးသောနေရာတွင် လူငယ်တစ်ယောက်က ဟန်မူယဲ့၏ မိုးကြိုးတိမ်တိုက်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်၍ ညင်သာစွာရေရွတ်သည်။
“သခင်လေး၊ အဲဒီလူရဲ့ကျင့်ကြံဆင့်က နက်နဲတယ်။ ကျွန်တော်တို့ အရင်ဆုံး နောက်ဆုတ်သင့်တယ်”
လူငယ်၏နောက်တွင် ရှိနေသော မုတ်ဆိတ်ဖြူလူအိုကြီးတစ်ယောက်က တီးတိုးပြောသည်။
တခြားလူများက အသာအယာလှုပ်ရှားပြီး လူငယ်ကို ကာကွယ်ရန် အသင့်ပြင်ထားကြသည်။
“အဆင်ပြေပါတယ်။ ဒီနေရာက ချင်းယွင်မြို့ရဲ့ အုပ်ချုပ်မှုထဲမှာ ရှိနေတယ်။ ငါတို့ ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းက ချင်းယွင်မြို့ရဲ့ခေါင်းဆောင်နဲ့ ဆက်ဆံရေးကောင်းတယ်”
လူငယ်က ခေါင်းခါလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။ သူ့မျက်လုံးများက အေးစက်သွားပြီး ပြုံးလိုက်သည်။
“ဝူယွဲ့ဓားလား။ အဲဒါဆိုရင်တော့ ဆက်သွားနေစရာ မလိုတော့ဘူးပဲ”
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အပြင်လူများကို လျစ်လျူရှုထားသည်။ သူက တုစန်ကျန်းတို့ကို ကြည့်လိုက်သည်။
သူတို့က ကြေးခွံနက်သားရဲကို ဝိုင်းရံထားသော်လည်း အနိုင်မရကြပေ။
ထိုသားရဲက နောက်တွင်ရှိနေသောလူတချို့ကို ကြောက်ရွံ့နေသောကြောင့် တုစန်ကျန်းတို့ကို မသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
“အနောက်တောင်ဘက်ကို စောင့်ကြပ်ထား”
“မိုးကြိုးအဖြစ်အသွင်ပြောင်းဖို့ မီးရှို့လိုက်။ တိမ်တိုက်ကိုစုစည်းပြီး ရေထုကိုဖြတ်သန်းမယ်”
ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်သည်။ သူ့အသံက လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
တုစန်ကျန်းနှင့် တခြားလူများက ပျော်ရွှင်သွားကြသည်။ သူတို့က တုံ့ဆိုင်းမနေဘဲ ဟန်မူယဲ့၏ညွှန်ကြားချက်အတိုင်း လှုပ်ရှားလိုက်ပြီး လက်ထဲတွင်ရှိသော မန္တန်နှင့် ဓားအလင်းများက ပြောင်းလဲသွားကြသည်။
“ဝီ”
သူတို့၏ဝင်္ကပါက ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် ချက်ချင်းပေါ်ထွက်လာသည်။ ဟန်မူယဲ့၏ ခေါင်းပေါ်တွင်ရှိသော မိုးကြိုးကပ်ဘေးမှ လျှပ်စီးကြောင်းများသည် သားရဲကို ထိမှန်သွားပြီး တွန့်လိမ်နေစေသည်။
အစပိုင်းတွင် အရေးနိမ့်နေသောလူအုပ်စုက လမ်းညွှန်ချက်တချို့ကြောင့် တိုက်ခိုက်နိုင်စွမ်း တိုးတက်လာသည်။ ထိုဖြစ်ရပ်ကြောင့် ရေကန်ဘေးတွင် စောင့်ကြည့်နေသော လူများက အံ့အားသင့်သွားကြသည်။
ခေါင်းဆောင်လူငယ်၏ မျက်လုံးများက တောက်ပလာကြသည်။
“ကျေးဇူးပါသခင်လေး”
တုစန်ကျန်းနှင့် တခြားလူများက လျင်မြန်စွာပြေးလာပြီး ဟန်မူယဲ့ကို ဦးညွတ်လိုက်ကြသည်။
သို့သော် သူတို့ လှုပ်ရှားလိုက်သောအချိန်တွင် ဟန်မူယဲ့က လက်ကိုဝှေ့ယမ်း၍ ပေတစ်သောင်းကျယ်ဝန်းသော အင်မော်တယ်ချီအလင်းလွှာတစ်ခုကို ထုတ်ဖော်သည်။ အလင်းလွှာက သူတို့ကိုလွှမ်းခြုံပြီး ကာကွယ်ပေးလိုက်သည်။
“စိတ်မပူပါနဲ့။ ငါက ကပ်ဘေးကို အရင်ကျော်ဖြတ်လိုက်အုံးမယ်”
မိုးကြိုးကပ်ဘေး ....
ဟန်မူယဲ့၏ ပေါ့ပါးသောပုံစံကြောင့် သူတို့က ကောင်းကင်ထက်တွင်ရှိနေသော မိုးကြိုးကပ်ဘေးကို မေ့လျော့သွားခဲ့ကြသည်။
“မိုးကြိုးကပ်ဘေးလား”
တုစန်ကျန်း၏နောက်တွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက တစ်ကိုယ်လုံးတုန်ခါသွားသည်။
သူက ရွှေအမြုတေဆဌမအဆင့်တွင် ရှိနေသည်။ သို့သော် မိုးကြိုးကပ်ဘေးကို ကြောက်ရွံ့နေသောကြောင့် ရွှေအမြုတေနှောင်းပိုင်းအဆင့်သို့ မဝင်ရောက်ခဲ့ပေ။
သူက မိုးကြိုးကပ်ဘေးဟု ကြားလိုက်ရသောအခါတွင် ထိတ်လန့်သွားသည်။
သူတစ်ယောက်တည်းသာမဟုတ်ဘဲ ကျင့်ကြံသူများအားလုံးသည် မိုးကြိုးကပ်ဘေးကို ကြောက်ရွံ့ကြသည်။
သို့သော် ဟန်မူယဲ့၏ပုံစံအရ မိုးကြိုးကပ်ဘေးကို အလေးအနက်ထားပုံမပေါ်ပေ။
သူက အလွန်သက်တောင့်သက်သာရှိနေသည်။
လူတိုင်းက ကောင်းကင်ထက်တွင် လိမ့်တက်လာသော တိမ်တိုက်များကို ကြည့်လိုက်ကြသည်။
‘ဒီမိုးကြိုးကပ်ဘေးက ဘယ်အဆင့်မှာလဲ’
“လူအိုကြီးချူ၊ ဒီကပ်ဘေးက ဘာလဲ”
ရေကန်ဘေးတွင်ရှိနေသော လူငယ်က မျက်မှောင်ကြုတ်လိုက်ပြီး တိမ်တိုက်များကိုကြည့်၍ မေးသည်။
သူက မိုးကြိုးကပ်ဘေးများကို မြင်ဖူးသည်။
သို့သော် ဟန်မူယဲ့၏ မိုးကြိုးကပ်ဘေးက အလွန်ထူးဆန်းနေသည်။
မိုးကြိုးကပ်ဘေးများသည် တစ်လွှာပြီးတစ်လွှာ ထပ်ဆင့်ရှိနေပြီး တချို့က သန်မာ၍ တချို့က အားနည်းသည်။
သူက ဒါဇင်ချီနေသော မိုးကြိုးကပ်ဘေးများကို စုစည်းထားပြီး တစ်ပြိုင်နက် ကျော်ဖြတ်နေပုံပေါ်သည်။
သို့သော် ထိုအရာသည် မဖြစ်နိုင်ပေ။
“သခင်လေး၊ ကျွန်တော်လည်း မပြောနိုင်ဘူး။ ဒါက ကျင့်ကြံခြင်းကပ်ဘေး၊ လက်နက်ကပ်ဘေး၊ ဆေးလုံးကပ်ဘေးတွေ မဟုတ်ဘူး”
မုတ်ဆိတ်ဖြူလူအိုကြီးက ခေါင်းခါလိုက်ပြီး ပြောသည်။
“ဒါက သတ်ဖြတ်ခြင်းကပ်ဘေးနဲ့ တူနေတယ်”
လူတစ်ယောက်က အလွန်အကျွံသတ်ဖြတ်ခဲ့လျှင် ကပ်ဘေးကို လှုံ့ဆော်မိလိမ့်မည်။
သို့သော် ထိုကပ်ဘေးက အလွန်အကျွံသတ်ဖြတ်မှုကြောင့် ဖြစ်ပေါ်လာခဲ့လျှင် ထိုလူက သွေးဆာသောအငွေ့အသက်ကို ထုတ်လွှတ်နေရမည်။
ထိုလူက မိုးကြိုးကပ်ဘေးနှင့် ရင်ဆိုင်ရာတွင် ကြောက်ရွံ့စိတ်ကင်းမဲ့နေသည်။ ထို့အပြင် စကားလုံးအနည်းငယ်ဖြင့် အဆင့်နိမ့်ကျင့်ကြံသူများ၏ တိုက်ခိုက်နိုင်စွမ်းကို နှစ်ဆတိုးသွားစေသည်။
ထိုလူမျိုးက စိတ်ဝင်စားဖွယ်ကောင်းသည်။