အခန်း (၈၂၃)
Vol. 59 Ch. 823
လူငယ်က အလင်းလွှာဖြင့် တားဆီးခံထားရသော တုစန်ကျန်းတို့ကို ကြည့်လိုက်သည်။ သူက လှုပ်ရှားလိုက်ပြီး သူတို့ဆီသို့ ပျံသန်းသွားသည်။
“တာအိုရောင်းရင်းတို့က ငါက ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ကျောက်ချန်ပါ။ ငါက မင်းတို့ကို တစ်ခုလောက်မေးချင်တယ်”
လူငယ်က အစိမ်းရောင်ဝိညာဉ်ကျောက်တုံးတချို့ကို ထုတ်ယူသည်။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးသည် သာမန်ဝိညာဉ်ကျောက်တုံးများထက် အင်မော်တယ်ချီအဆတစ်ရာခန့် ပိုမိုပါဝင်သည်။
လူငယ်၏ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ရာချီ၍ တန်ဖိုးရှိသည်။
သို့သော် ထိုဝိညာဉ်ကျောက်တုံးများကို လွယ်ကူစွာရနိုင်မည်မဟုတ်ပေ။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အဆုံးတွင် တုစန်ကျန်းကို ကြည့်လိုက်ကြသည်။
တုစန်ကျန်းက သူတို့ထဲတွင် စကားပြောနိုင်သောလူ ဖြစ်လာသည်။
“သခင်လေး၊ ကျွန်တော်တို့က အများကြီးမသိပါဘူး”
တုစန်ကျန်းက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ဒါပေမဲ့ သခင်လေးကျောက်ချန်မေးရင် ကျွန်တော်တို့က တတ်နိုင်သမျှ ဖြေပေးပါ့မယ်”
ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းသည် မိုင်တစ်သန်းပတ်ဝန်းကျင်၌ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစုဖြစ်ပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်များနှင့် တခြားအင်အားစုများက ထောက်ပံ့ပေးထားသည်။
ကျောက်ချန်သည် ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်း၏ သခင်လေးဖြစ်ပြီး စီးပွားရေးပါရမီရှင်တစ်ယောက်ဟု ပြောကြသည်။
ယခင်က တုစန်ကျန်းနှင့် တခြားလူများအတွက် ထိုလူမျိုးနှင့် ဆက်သွယ်ရန် မဖြစ်နိုင်ပေ။
တုစန်ကျန်းက ကျောက်ချန်၏ချဉ်းကပ်မှုသည် ကပ်ဘေးကျော်ဖြတ်နေသော သခင်လေးဟန်နှင့် သက်ဆိုင်ကြောင်း နားလည်ထားသည်။
သူက ကျောက်ချန်၏ ဝိညာဉ်ကျောက်တုံးနှင့် သခင်လေးဟန်၏ကြားတွင် ရွေးချယ်ရမည့်အရာကိုလည်း ကောင်းမွန်စွာ သိထားသည်။
“ရတာပေါ့။ ရတာပေါ့”
ကျောက်ချန်က လက်ထဲတွင်ရှိသော ဝိညာဉ်ကျောက်တုံးများကို ပစ်ပေးလိုက်သည်။
“ငါကလည်း မင်းတို့သိတာကိုပဲ သိချင်တာပါ”
တုစန်ကျန်းက ဝိညာဉ်ကျောက်တုံးများကို ဖမ်းယူလိုက်ပြီး ညင်သာစွာခေါင်းညိတ်သည်။
....
“ဘုန်း”
လျှပ်စီးကြောင်းသည် မြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို ရစ်ပတ်ထားသည်။
ထိုကပ်ဘေးသည် လူများ၏နှလုံးသားကို တုန်ခါသွားစေနိုင်သည်။
ရေကန်ဘေးတွင်ရှိနေသော လူများ၏မျက်နှာထားက လေးနက်နေသည်။
ထိုကပ်ဘေးသည် အလွန်အားကောင်းပြီး ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူကိုပင် အခက်တွေ့သွားစေလိမ့်မည်။
အကယ်၍ ဟန်မူယဲ့က ကပ်ဘေးကို မခုခံနိုင်လျှင် ကပ်ဘေးက ပြန့်ကျဲသွားပြီး သူတို့ကိုပါ သက်ရောက်သွားလိမ့်မည်။
ဟန်မူယဲ့က ကပ်ဘေးကို ကျော်ဖြတ်ခဲ့လျှင် နက်နဲသောကျင့်ကြံခြင်းကို ဖော်ပြနိုင်မည်။ သို့သော် ယခုအချိန်၌ ဤနေရာတွင်ရှိနေခြင်းသည် သူတို့အတွက် အန္တရာယ်များသည်။
သို့သော် သူတို့၏သခင်လေးက ထွက်မသွားသည့်အတွက် သူတို့က တုစန်ကျန်းတို့၏နောက်သို့ နေရာပြောင်းသွားပြီး သတိထားနေရုံသာ တတ်နိုင်ကြသည်။
ထိုအချိန်တွင် ကပ်ဘေးဖြတ်ကျော်နေသော ဟန်မူယဲ့က စိတ်အအေးဆုံး ဖြစ်နိုင်သည်။
မိုးကြိုးကပ်ဘေးသည် သန်မာသော်လည်း ဓားတာအိုနှင့် တာအိုဘိုးဘေးအဆင့်သို့ ရောက်နေခဲ့သော ဟန်မူယဲ့အတွက် မလုံလောက်ပေ။
ထို့အပြင် သူက နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် လျှပ်စီးကြောင်းများကို မတားဆီးလျှင်ပင် ဒဏ်ရာရသွားမည်မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ပိုကောင်းသောနည်းလမ်းကို အသုံးပြုနိုင်သည်။
မိုးကြိုးလျှပ်စီးများက ဆင်းသက်လာကြသည်။ မှိန်ဖျော့သော ခွေသားရဲပုံရိပ်သည် ဟန်မူယဲ့၏နောက်တွင် ပေါ်ထွက်လာသည်။
“ဝီ”
ကောင်းကင်တွင်ရှိနေသော မိုးကြိုးတိမ်တိုက်များသည် ခွေသားရဲကို ချက်ချင်းအာရုံခံမိသွားသည်။
ဒေါသထွက်နေသော မိုးကြိးတိမ်တိုက်များသည် ချစ်သူတစ်ယောက်နှင့် တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။
တုစန်ကျန်းနှင့် တခြားလူများက မျက်လုံးပြူးသွားပြီး လျှပ်စီးကြောင်းမြွေနှင့် မိုးကြိုးတိမ်တိုက်များအား မြိုချလိုက်သော ဟန်မူယဲ့၏ ခွေသားရဲပုံရိပ်ကို ကြည့်နေကြသည်။
မိုးကြိုးတိမ်တိုက်ကို မြိုချလိုက်သော ခွေသားရဲက ကျေနပ်ပုံမပေါ်ပေ။ ထိုသားရဲက လေချဉ်တက်လိုက်ပြီး ခန္ဓာကိုယ်တွင်ရှိသော လျှပ်စီးကြောင်းများသည် ပတ်ဝန်းကျင်ကို လှိုင်းထသွားစေခဲ့သည်။
ထို့နောက် ခွေသားရဲပုံရိပ်သည် ပျောက်ကွယ်သွားပြီး အရာအားလုံးက ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားကြသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး တုစန်ကျန်းတို့၏ အလင်းလွှာကို ဖယ်မပေးခင်အထိ မည်သူမှ သတိဝင်မလာကြပေ။
ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်း၏ ဗဟုသုတနှင့်ပြည့်စုံသော သခင်လေးကျောက်ချန်ကပင် မယုံကြည်နိုင်စွာ စိတ်ရှုပ်ထွေးနေသည်။
မိုးကြိုးကပ်ဘေးက မည်မျှပင် သေးငယ်နေပါစေ မိုးကြိုးကပ်ဘေးပင် ဖြစ်သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရန် အခွင့်အရေးအနည်းငယ်သာ ရှိကြသည်။
သို့သော် သူတို့၏ရှေ့တွင် ရှိနေသောလူသည် မိုးကြိုးကပ်ဘေးကို အလေးအနက်မထားခဲ့ပေ။
သူ၏ မိုးကြိုးကပ်ဘေးကို ဝါးမြိုခဲ့သော နည်းလမ်းသည် လူများကို အလွန်ရင်နာစေသည်။
‘အဲဒါက ကောင်းကင်နဲ့မြေကြီးရဲ့ မိုးကြိုးကပ်ဘေးလေ။ သူက ဘာဖြစ်လို့ အရှက်မရှိ ဝါးစားလိုက်တာလဲ’
မိုးကြိုးကပ်ဘေးကို ဝါးမြိုလိုက်သော ခွေသားရဲသည် စိတ်ကျေနပ်မှုမရှိပေ။ အကယ်၍ တခြားလူများ ရှိမနေလျှင် ဟန်မူယဲ့က ပျောက်ကွယ်သွားသော မိုးကြိုးကပ်ဘေးကို ထပ်မံလှုံ့ဆော်၍ အချိန်ဆွဲထားလိမ့်မည်။
မိုးကြိုးကပ်ဘေးကို ဝါးမြိုခြင်းသည် သူ၏ ရုပ်ခန္ဓာကျင့်ကြံခြင်းအတွက် အကျိုးရှိသည်။
သို့သော် မိုးကြိုးကပ်ဘေး၏စွမ်းအားက အလွန်နည်းပြီး သူ့ကို မကျေနပ်စေခဲ့ပေ။
“မင်းက ငါ့ကို ရှာနေတာလား”
ဟန်မူယဲ့က အောက်သို့ဆင်းသက်လာပြီး ကျောက်ချန်၏ရှေ့တွင်ရပ်တန့်၍ တည်ငြိမ်စွာပြောလိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုသည် လှုပ်ရှားနေသည်။ သူက မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသောကြောင့် ဖြစ်နိုင်သည်။
ထိုစွမ်းအားကြောင့် ကျောက်ချန်က ဟန်မူယဲ့ကို တိုက်ရိုက်မကြည့်နိုင်ဘဲ ခေါင်းငုံလိုက်ရသည်။
“တာအိုရောင်းရင်ဟန်၊ ကျွန်တော်က ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ကျောက်ချန်ပါ။ တောရိုင်းထဲမှာ တွေ့ရတာ ကံကြမ္မာကြောင့်ပါပဲ”
ကျောက်ချန်က ချောင်းဟန့်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။
ကျောက်ချန်က စီးပွားရေးလောကထဲတွင် အချိန်ကြာမြင့်စွာကျင်လည်ပြီး မရေမတွက်နိုင်သောလူများနှင့် တွေ့ဆုံခဲ့ရသော်လည်း ဟန်မူယဲ့နှင့် ရင်ဆိုင်ရသောအခါတွင် မငြိမ်မသက်ဖြစ်နေသည်။
ဟန်မူယဲ့က ဂိုဏ်း၏စမ်းသပ်မှုကို မကျော်ဖြတ်ရသေးသောကြောင့် တရားဝင်တပည့်တစ်ယောက် မဖြစ်သေးကြောင်း တုစန်ကျန်းဆီမှ သိခဲ့ရသည်။
ထိုအရာသည် အလွန်ကောင်းမွန်သော အခွင့်အရေး ဖြစ်သည်။
“ကျွန်တော်တို့ ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းက ချင်းယွင်မြို့မှာ ဆိုင်တချို့ဖွင့်ထားတယ်။ ဒီတစ်ကြိမ်မှာ ပစ္စည်းလာပို့ရင်း အစ်ကိုကြီးဝမ်ကျင်းထိုက်ကို လာပြီးနှုတ်ဆက်တာပါ”
ကျောက်ချန်က ပြောသည်။
သူက ဟန်မူယဲ့၏ခါးတွင်ရှိသော ဝူယွဲ့ဓားကို ကြည့်သည်။
သူက ဝမ်ကျင်းထိုက်၏နာမည်ကို ထုတ်ပြောလိုက်သောအခါတွင် ဟန်မူယဲ့၏မျက်နှာထားက ပျော့ပြောင်းသွားသည်။
“မင်းက ဂိုဏ်းတူအစ်ကိုကြီးဝမ်နဲ့ မိတ်ဆွေတွေဆိုရင် ချင်းယွင်မြို့ကို အတူတူသွားကြတာပေါ့”
ဟန်မူယဲ့က ဓားအလင်းကိုထုတ်ဖော်၍ ပျံသန်းသွားရန် ပြင်လိုက်သည်။
ကျောက်ချန်က ပေတစ်ရာရှည်လျားသော သင်္ဘောပျံကို လျင်မြန်စွာထုတ်ယူသည်။
ထိုသင်္ဘောပျံ၏ပုံစံသည် လူသားလောက၏ သင်္ဘောပျံများနှင့် သိပ်မတူပေ။ ယုံတင်းမြစ်တွင်ရှိသော အပျော်လှေများနှင့် ပိုတူသည်။
အင်မော်တယ်ကမ္ဘာသည် အလွန်တည်ငြိမ်သောကြောင့် ဓားပျံဖြစ်စေ၊ သင်္ဘောပျံဖြစ်စေ အမြန်နှုန်းကို ကန့်သတ်ခံထားရသည်။
ထို့ကြောင့် သင်္ဘောပျံများသည် အမြန်နှုန်းကို ဦးစားမပေးတော့ဘဲ သယ်ယူနိုင်စွမ်းနှင့် သက်တောင့်သက်သာရှိမှုကို ဦးစားပေးထားသည်။
“အစ်ကိုဟန်က ကပ်ဘေးကို ဖြတ်ကျော်ထားတာဆိုတော့ အနားယူဖို့လိုနေမှာပေါ့”
ကျောက်ချန်က ထိုသို့ပြောလိုက်ပြီး ကြောင်အသွားသည်။
သူ့ရှေ့တွင်ရှိနေသောလူသည် စွမ်းအားအပြည့်ရှိပြီး အလွန်တက်ကြွနေသည်။ သူက အနားယူရန် လိုအပ်ပုံမပေါ်ပေ။
ကံကောင်းစွာဖြင့် ဟန်မူယဲ့က သူ၏ကမ်းလှမ်းချက်ကို မငြင်းဘဲ ခေါင်းညိတ်၍ သင်္ဘောပေါ်သို့ တက်သွားသည်။
သင်္ဘောပျံသည် နှေးကွေးစွာပျံသန်းလာသည်။ သို့သော် အလွန်တည်ငြိမ်သည်။ အလင်းလွှာတစ်ခုသည် သင်္ဘောပျံကို ဖုံးအုပ်ပြီး လေပြင်းများတိုက်ခတ်မှုကို ကာကွယ်ပေးထားသည်။
“အစ်ကိုဟန်၊ ချွီယွင်မြို့ကနေ ကျွန်တော်ဝယ်လာတဲ့ ယွင်ရှန့်သစ်သီးကို မြည်းကြည့်ပါအုံး”
ကျောက်ချန်က ပြုံးလိုက်ပြီး ပြတင်းပေါက်တွင်ရပ်နေသော ဟန်မူယဲ့ကို ဖိတ်ခေါ်သည်။ ထို့နောက် ကျောက်စိမ်းရောင်သစ်သီးများဖြင့် ဧည့်ခံသည်။
တိတ်ဆိတ်သောအခန်းထဲတွင် ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးအစေခံနှစ်ဦးအပြင် အငွေ့အသက်များကို ထိန်းချုပ်ထားသော မုတ်ဆိတ်ဖြူလူအိုကြီးတစ်ယောက်သာ ရှိနေသည်။
ထိုလူအိုကြီးက သခင်လေးကျောက်ချန်၏ ကိုယ်ရံတော်ဖြစ်ပုံရသည်။
ဟန်မူယဲ့က ထိုကိစ္စများကို ဂရုမစိုက်ဘဲ သစ်သီးတစ်လုံးကို ကိုက်၍ အပြင်ဘက်တွင်ရှိသော တိမ်တိုက်များကို ကြည့်လိုက်သည်။
အင်မော်တယ်ကမ္ဘာသည် လူသားလောကထက် တိမ်တိုက်ပိုများသည်။
အင်မော်တယ်ချီသည် ပိုမိုအားကောင်းသောလူများကို မွေးထုတ်ပေးနိုင်သည်။
ယခုအချိန်တွင် ဟန်မူယဲ့၏စွမ်းအားသည် လူသားလောကတွင်ရှိသော အဆင့်တူကျင့်ကြံသူများထက် အဆပေါင်းမရေမတွက်နိုင်အောင် ပိုမိုသန်မာသည်။
ကျွမ်းကျင်သူများသည် အင်မော်တယ်ကမ္ဘာသို့ သွားရောက်ချင်သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
ထိုလူများသည် လူသားလောကတွင် တိုးတက်လာရန် ခက်ခဲနေကြသည်။ သို့သော် အင်မော်တယ်စွမ်းအင်ကို ရရှိပြီး ချီစွမ်းအင်ထက် အဆတစ်ရာခန့် ပိုမိုသန်မာနေကြောင်း သိလိုက်ရသောအခါတွင် မည်သူက တည်ငြိမ်စွာနေနိုင်မည်နည်း။
မည်သည့်နည်းလမ်းနှင့် ယှဉ်ပြိုင်မှုများကို ထုတ်သုံးနေပါစေ ထိုက်တန်မှုရှိသည်။
‘အစ်ကိုဟန်က ချင်းယွင်မြို့ကိုရောက်လာတာ သိပ်မကြာသေးဘဲ တရားဝင်တပည့်တစ်ယောက် မဖြစ်သေးဘူးလို့ မိတ်ဆွေတုစန်ကျန်းက ပြောခဲ့တယ်”
ဟန်မူယဲ့က သူမစားရက်သော အဖိုးတန်ယွင်ရှန့်သစ်သီးများကို သာမန်သစ်သီးအဖြစ် သဘောထားပြီး စားသောက်နေသောအခါတွင် ကျောက်ချန်က နှုတ်ခမ်းတွန့်သွားပြီး ညင်သာစွာပြောလိုက်သည်။
ဟန်မူယဲ့က ကျောက်ချန်ကိုလှည့်ကြည့်ပြီး လက်ထဲတွင်ရှိသော သစ်သီးတစ်ဝက်ကို ဖြည်းဖြည်းချင်း လက်စသတ်လိုက်သည်။
အခန်းထဲတွင်ရှိသော လေထုသည် လေးလံလာသည်။
“ငါက စီးပွားရေးသမားတွေနဲ့ ရင်ဆိုင်ဖူးတယ်။ လူသားလောကမှာလည်း အင်အားစုတစ်ခုကို ထိန်းချုပ်ထားတယ်”
ဟန်မူယဲ့က ကျောက်ချန်ကို စိုက်ကြည့်နေပြီး တည်ငြိမ်စွာပြောသည်။
ကျောက်ချန်က ဟန်မူယဲ့၏အကြည့်ကြောင့် နှလုံးသားထဲတွင် တုန်ခါသွားသည်။
ဟန်မူယဲ့က လူများ၏နှလုံးသားကို ထွင်းဖောက်မြင်နိုင်ပုံပေါ်သည်။
“အစ်ကိုဟန်၊ ကျွန်တော်က စီးပွားရေးသမားတစ်ယောက်ဆိုပေမဲ့ ....”
ကျောက်ချန်က ရှင်းပြသင့်သည်ဟု ခံစားနေရသည်။
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်သည်။
“ငါက စီးပွားရေသမားတွေကို မကောင်းမြင်တာမျိုး မရှိပါဘူး”
ထိုစကားကြောင့် ကျောက်ချန်က ရှင်းမပြနိုင်ဘဲ စိတ်လှုပ်ရှားသွားရသည်။
အင်မော်တယ်ကမ္ဘာ၏ အဓိကအင်အားစုများသည် ကြွယ်ဝသောအရင်းအမြစ်ကို ပိုင်ဆိုင်သောကြောင့် စီးပွားရေးနှင့်ပတ်သတ်၍ စိတ်မဝင်စားကြပေ။
အင်အားစုလေးများကသာ ကုန်သည်များမှတစ်ဆင့် ကြွယ်ဝမှုနှင့် အရင်းအမြစ်ကို စုဆောင်းရသည်။
သူတို့ကလည်း ကျင့်ကြံခြင်းတွင် အချိန်ပြည့်အာရုံစိုက်ထားချင်သည်။ သို့သော် မတတ်နိုင်ဘဲ တစ်ချိန်လုံး ခရီးသွားနေရသည်။
လက်တွေ့ဖြစ်ရပ်များကြောင့်သာ မဟုတ်လျှင် လူတိုင်းက လွတ်လပ်သော အင်မော်တယ်တစ်ပါး ဖြစ်ချင်ကြသည်။
“အစ်ကိုဟန်ကို ကုန်သွယ်ရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်တာမဟုတ်ပါဘူး။ အဲဒါက ....”
ဟန်မူယဲ့က စီးပွားရေးလမ်းစဉ်ကို မဆန့်ကျင်ဟု ပြောခဲ့သော်လည်း နားလည်မှုလွဲသွားမည်ကို စိုးရိမ်နေသည်။
ဟန်မူယဲ့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်သွားခဲ့လျှင် ကုန်သွယ်ရေးအဖွဲ့အစည်းသို့ ဝင်ရောက်ခြင်းထက် ပိုမိုကောင်းမွန်လိမ့်မည်။
သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက်အပေါ်တွင် ရင်းနှီးမြှုပ်နှံပြီး အဆက်အသွယ်တစ်ခုကို တည်ဆောက်ချင်ရုံသာ ဖြစ်သည်။ သူက အားကောင်းသောကျင့်ကြံသူတစ်ဦးကို ဖိတ်ခေါ်ရန် မျှော်လင့်မထားပေ။