ကောင်းကင်တာအိုနှင့် မတူသောလမ်း
Vol. 83 Ch. 871
“ငါ ငါ့ညီကို တစ်ခါမှ မမြင်ဖူးသေးဘူး၊ မင်းတို့မေးလည်း ငါဖြေနိုင်မှာ မဟုတ်ဘူး” ဟန်ထော်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။ မျက်လုံးထဲမှာလည်း မျှော်လင့်မှု အပြည့်ပါပဲ။ ဟန်ထော်ဟာ နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် သူ့ညီငယ်က ဘယ်လိုမျိုး စရိုက်ရှိပြီး ဘယ်အဆင့်ကို ရောက်နေပြီလည်းဆိုတာ ပုံဖော်ကြည့်မိလိုက်ပါတယ်။
ယီတျန်ဟာ ပြုံးလိုက်ပါတယ် “မင်းနဲ့ မိသားစုအမွေကို တိုက်ခိုက်လောက်တယ်”
ဟန်ထော်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ငါကတော့ မတိုက်ဘူး၊ ငါ့မှာလည်း အဲဒီလောက် အရည်အချင်း မရှိဘူး”
“ဘယ်မိသားစု အမွေအနှစ်လဲ” မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးက စပ်စုလိုက်ပါတယ်။ သူတို့တွေဟာ ဟန်ထော်ရဲ့ နောက်ခံကို သိချင်နေတာ ကြာပါပြီ။
ဟန်ထော်ဟာ ပြုံးလိုက်ပြီး ဘာမှမပြောပါဘူး။ ယီတျန်ကလည်း အတူတူပါပဲ။ ပါးစပ်ပိတ်ပြီး လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်ပါတယ်။
မဟာတာအို နတ်စိတ်ဝိညာဉ် သုံးပါးဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စကားပြောတာ ရပ်လိုက်ကြပါတယ်။
အချိန်ဟာ ပုံမှန် ကုန်ဆုံးသွားပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်သိန်း ကြာသွားပါတယ်။ ဒီနှစ်တစ်သိန်းက ချင်းလွမ်အာကို တော်တော်လေး နှိပ်စက်ခဲ့ပါတယ်။
ဟန်ကျွယ်က ဂူအောင်း ကျင့်ကြံနေတဲ့အတွက် ချင်းလွမ်အာဟာ ဟန်ကျွယ်ကို မနှောင့်ယှက်ရဲပါဘူး။ ဒါကြောင့် နှစ်တစ်သိန်းကို ချင်းလွမ်အာ တစ်ယောက်တည်း နေထိုင်ရတာနဲ့ အတူတူပါပဲ။ ချင်းလွမ်အာဟာ အားရင် အရင်တုန်းက လျူပေနေခဲ့တဲ့ နေရာဆီသွားပြီး ပန်းပင်တွေနဲ့ စကားပြောကာ စိတ်ဓာတ်ကျမှုကို ဖြေဖျောက်ပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။
ဘေးမှာရှိနေတဲ့ ချင်းလွမ်အာဟာ ဟန်ကျွယ် ကျင့်ကြံရာက ထလာတာကို သတိမထားမိပါဘူး။
ဟန်ကျွယ်ဟာ မပြုံးဘဲ မနေနိုင်ပါဘူး ‘ဒီကောင်မလေး...’ ဟန်ကျွယ်ဟာ ချင်းလွမ်အာနဲ့ ပန်းပင်တွေ စကားပြောတာကို ကြားခဲ့ပါတယ်။ အဲဒီတုန်းက ဟန်ကျွယ်ဟာ ရယ်ချင်စိတ် မနည်းထိန်းခဲ့ရပါတယ်။
“လွမ်အာ...” ဟန်ကျွယ်က အသာခေါ်လိုက်ပါတယ်။
ဟန်ကျွယ်အသံကို ကြားလိုက်ရတဲ့အခါ ချင်းလွမ်အာ ဓာတ်လိုက်ခံလိုက်ရသလိုမျိုး တစ်ကိုယ်လုံး တုန်ယင်သွားပြီး ချက်ချင်း မျက်လုံးပွင့်လာပါတယ်။
ချင်းလွမ်အာဟာ ဟန်ကျွယ်ကို ဝမ်းသာအားရ ကြည့်ပြီး ဟန်ကျွယ်ရင်ခွင်ထဲ တိုးဝင်ပါတယ် “ယောက်ျား... ယောက်ျား နောက်ဆုံးတော့ နိုးလာပြီပေါ့”
ချင်းလွမ်အာဟာ ဒီကြားထဲ တော်တော်လေး စိတ်ဓာတ်ကျနေခဲ့တာပါ။ ဒီနှစ်တစ်သိန်းက ချင်းလွမ်အာအတွက် ငရဲပါပဲ။ အခုတောင် ချင်းလွမ်အာဟာ သူမ ဒီနှစ်တစ်သိန်းကို ဘယ်လို တောင့်ခံခဲ့လဲဆိုတာ မသိပါဘူး။
“ဒါက ကျင့်ကြံမှုပဲ၊ ငါ မင်းကို အသက်ပြန်ရှင်အောင် မလုပ်ခင်တုန်းက အချိန်အများစုမှာ ငါ တစ်ယောက်တည်း ကျင့်ကြံအားထုတ်နေခဲ့တာ”
ချင်းလွမ်အာဟာ တိတ်ဆိတ်သွားပါတယ်။
“မင်း ပျင်းရင် ငါမင်းကို အဖော်ပြုပေးဖို့ သက်ရှိတချို့ ဖန်တီးပေးမယ်”
“တကယ်လား...” ချင်းလွမ်အာဟာ တအံ့တဩ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်တဲ့အတွက် ချင်းလွမ်အာလည်း လိုက်ရပ်လိုက်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ တာအိုဘုံကျောင်းထဲကနေ ထွက်သွားပြီး သစ်ပင်ဆီ လျှောက်သွားပါတယ်။ ဟန်ကျွယ် ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ မြေပြင်ပေါ်က ပန်းပင်တွေဟာ ယောက်ျား မိန်းမအဖြစ် ပြောင်းလဲသွားကြပါတယ်။ သူတို့အကုန်လုံးက ငယ်ရွယ်နုပျိုပြီး အရေအတွက်အားဖြင့် တစ်ရာကျော်ပါတယ်။
အသွင်ပြောင်းလာတဲ့ သက်ရှိတွေဟာ တစ်ယောက်ကို တစ်ယောက် ခေါင်းရှုပ်စွာ ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုစတင် ဟောကြားပြီး ဒီသက်ရှိတွေရဲ့ အသိဉာဏ်ကို နိုးပေးလိုက်ပါတယ်။ အဲဒီနောက် ဘာသာစကားနဲ့ ကျင့်စဉ်တွေလည်း သင်ကြားပေးလိုက်ပါတယ်။
ချင်းလွမ်အာလည်း ဒီအထဲမှာ နစ်မြုပ်သွားပါတယ်။
ဟန်ကျွယ်က နေ့တစ်ဝက်ပဲ စကားပြောတာဆိုပေမဲ့ ဒီအသွင်ပြောင်းလာတဲ့ သက်ရှိတွေအတွက်တော့ အချိန်အကြာကြီး ကုန်ဆုံးသွားသလိုပါပဲ။
“ဒါက မင်းတို့ရဲ့ ဘုရင်မပဲ၊ နောက်ကျရင် သူ့စကားကို မင်းတို့တွေ နားထောင်ရမယ်၊ ငါပြောတာ နားလည်လား...” ဟန်ကျွယ်က ညွှန်ကြားလိုက်ပါတယ်။
အသွင်ပြောင်းလာတဲ့ သက်ရှိတစ်ရာကျော်ဟာ ချက်ချင်း ဒူးထောက်ပြီး ချင်းလွမ်အာကို ဂါရဝပြုကြပါတယ်။ ချင်းလွမ်အာဟာ ပြုံးသွားပြီး အသွင်ပြောင်း သက်ရှိတွေကို မတ်တတ် ရပ်ခိုင်းလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျန်တဲ့ကိစ္စကို ချင်းလွမ်အာ လက်ထဲ အပ်ခဲ့ပြီး တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။
ဒီသက်ရှိတွေဟာ ဖန်တီးမှုစွမ်းအား မရှိတဲ့အတွက် သူတို့ကျင့်ကြံမှုကလည်း သိပ်မမြင့်ပါဘူး။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ကျောက်တုံးကို စိတ်ဝိညာဉ်ဖြစ်အောင် လုပ်ဖို့က မှောက်ထားတဲ့လက်ကို လှန်လိုက်သလို လွယ်ကူပါတယ်။ ဒါပေမဲ့ ချင်းလွမ်အာလိုမျိုး တစ်ခါတည်း အင်မော်တယ်ဧကရာဇ် ကျင့်ကြံမှုကို လိုချင်ရင်တော့ ဟန်ကျွယ် ဖန်တီးမှုစွမ်းအားသုံးပြီး ဖန်တီးမှပဲ ရပါလိမ့်မယ်။
ချင်းလွမ်အာဟာ နှစ်တစ်သိန်းကြာ ကျင့်ကြံအားထုတ်ပြီးနောက် နတ်မင်းအဆင့်ကို ရောက်သွားပါပြီ။ ဖန်တီးမှုစွမ်းအားနဲ့ ဖန်တီးထားတဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းက သိပ်မဆိုးပါဘူး။ နောက်ပြီး ချင်းလွမ်အာရဲ့ ဝိညာဉ်ကလည်း ဝိုးတိုးဝါးတား လောကဦးချီရဲ့ အာဟာရပေးတာကို နှစ်သန်းချီ ရရှိခဲ့တာပါ။ ဒါကြောင့် ချင်းလွမ်အာရဲ့ ရုပ်နဲ့နာမ်ကို ယှဉ်လိုက်ရင် နာမ်က အထင်ကြီးဖို့ ပိုကောင်းပါတယ်။
ချင်းလွမ်အာက ပဋိပက္ခ နတ်ဘီလူးနဲ့ မယှဉ်နိုင်ဘူးဆိုရင်တောင် ကောင်းကင်တာအို ပဋိပက္ခ ရုပ်ခန္ဓာထက်တော့ အများကြီး ပိုသန်မာပါသေးတယ်။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာပြီး နတ်ဘီလူးအသစ်ကို လွှတ်ပေးကာ မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။
လီယောင်ဟာ ဟန်ကျွယ်နဲ့ နှစ်ယောက်တည်း နေချင်တဲ့အတွက် ဝူတောက်ကျန့်ကို အပြင်ထွက်ခိုင်းပါတယ်။ ဝူတောက်ကျန့်ဟာ နီမြန်းတဲ့မျက်နှာနဲ့ တာအိုဘုံကျောင်းထဲက ပြေးထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ လီယောင်ရဲ့ အတွေးကို နားလည်လိုက်ပါတယ်။
ဆယ်နှစ်ကြာလို့ ဟန်ကျွယ် ပြန်သွားတဲ့အခါ လီယောင်ဟာ ဝူတောက်ကျန့်ကို ပြန်ခေါ်လိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ လီယောင်ရဲ့ ကျင့်ကြံမှုကို မေးမြန်းတဲ့အခါ လီယောင်က အပြုံးနဲ့ ပြန်ဖြေပါတယ် “ငါ လွတ်လပ်မှုအဆင့်ကို ရောက်တော့မယ်”
“ဝိုး... စွမ်းလှချည်လား...”
“မစွမ်းပါဘူး၊ မုရုံချီတို့ကို မီဖို့ အများကြီး လိုသေးတယ်၊ သူတို့က လွတ်လပ်မှု အလယ်အဆင့်ကို ရောက်သွားတာ ကြာလှပြီ”
“အစ်မလီ... ညီမလေးကို ပြောစမ်းပါ၊ ညီမလေး...”
ဝူတောက်ကျန့်ဟာ ငရဲကြက်နက် ပြောခဲ့တဲ့စကားတွေကို ပြန်တွေးပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားပါတယ်။
လီယောင်ဟာ ပြုံးလိုက်ပါတယ် “နောက်တစ်ခါကျရင် အစ်မ ညီမလေးအတွက် အခွင့်အရေး ဖန်တီးပေးမယ်၊ ဒါပေမဲ့ အောင်မြင် မအောင်မြင်ဆိုတာကတော့ ညီမလေးအပေါ်ပဲ မူတည်တယ်၊ ဂိုဏ်းချုပ်က အရင်ကလို မဟုတ်တော့ဘူး၊ သေမျိုးလောကရဲ့ အချစ်က ဂိုဏ်းချုပ်ကို မဆွဲဆောင်နိုင်တော့ဘူး”
လောကဦးပဋိပက္ခ တာအိုအသီးကို ရရှိပြီးနောက် အဆင့်လေး တစ်ဆင့် ထိုးဖောက်တိုင်း ခံစားရတဲ့ ပျော်ရွှင်မှုက ဘာနဲ့မှ နှိုင်းမရပါဘူး။
ဝူတောက်ကျန့်ဟာ ခေါင်းညိတ်လိုက်ပြီး ရင်တုန်သွားပါတယ်။
တခြားတစ်ဖက်မှာတော့...
တတိယ တာအိုစက်ကွင်းထဲ ပြန်ရောက်နေတဲ့ ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်နေပါတယ်။ ဒီအတောအတွင်း ဟန်ထော်နဲ့ ယီတျန်က တော်တော်လေး လှုပ်ရှားနေပြီး မကြာခဏ တိုက်ခိုက်ခံရပေမဲ့ ပြင်းပြင်းထန်ထန်တော့ ဒဏ်ရာမရပါဘူး။ အဲဒီအစား တိုက်ပွဲတစ်ခုပြီးတိုင်း သူတို့ကံတရား အထောက်အပံ့က ပိုအားကောင်းလာပါတယ်။
ဟန်ကျွယ်ဟာ စာတစ်စောင်ကို သတိထားမိလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် အမင်္ဂလာ မကောင်းဆိုးဝါးကို စုပ်ယူပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]
‘ဘိုးဘေးက ဘာလုပ်နေတာလဲ... အရင်တုန်းက အမှောင်ထု စွမ်းအားကို စုပ်ယူခဲ့တယ်၊ အခုလည်း အမင်္ဂလာ မကောင်းဆိုးဝါးကို စုပ်ယူပြန်ပြီ’
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်က တဖြည်းဖြည်း မိစ္ဆာ ပိုဆန်လာတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ လက်ချောင်းတွေသုံးပြီး တွက်ချက်ကြည့်လိုက်ပေမဲ့ ဘိုးဘေးရှီတျန်ကို တွက်ချက် မရပါဘူး။ ကြည့်ရတာ ဘိုးဘေးရှီတျန်ဆီမှာ တွက်ချက်တာကို ကာကွယ်နိုင်တဲ့ ရတနာတစ်ပါး ရှိနေပုံပါပဲ။
‘စိတ်ဝင်စားဖို့တော့ ကောင်းသား...’ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို အထင်သေး စက်ဆုပ်ခြင်း မရှိပါဘူး။ လူတိုင်းက ကိုယ့်လမ်းနဲ့ကိုယ် မဟုတ်ပါလား။ ဘယ်သူတွေ ထွက်သွားသွား ပဋိပက္ခက ဆက်ပြီးတော့ တည်ရှိနေဦးမှာပါ။ ဘိုးဘေးရှီတျန်က သူ့ကိုယ်ပိုင်လမ်းကို ဖန်တီးသွားနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီးတဲ့အခါ ကျန်းကျွယ်ရှီကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ပုံရိပ်ဟောင်းကို အသုံးပြုကာ ကျန်းကျွယ်ရှီကို အိပ်မက်ပေးလိုက်ပါတယ်။
ကျန်းကျွယ်ရှီဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ သူ့ဆရာသခင်ဟောင်းကို တွေ့လိုက်ရတဲ့အတွက် တိတ်ဆိတ်သွားပါတယ်။ ကျန်းကျွယ်ရှိဟာ တိတ်ဆိတ်သွားပေမဲ့ မျက်လုံးတွေကတော့ အတိတ်ကို လွမ်းဆွတ်သွားပါတယ်။
“တပည့်... ဒီအတောအတွင်း အဆင်ပြေရဲ့လား...”
ဟန်ကျွယ်နဲ့ ကျန်းကျွယ်ရှီရဲ့ ကျင့်ကြံမှုချင်းက ကွာခြားလွန်းလှပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးအပြင် ဝေခွဲမရ နတ်ဘီလူးရဲ့ စွမ်းအားကို သုံးပြီး ကျန်းကျွယ်ရှီရဲ့ အာရုံနဲ့ စိတ်ကို လုံးဝ ထွေပြားအောင် လုပ်လိုက်ပါတယ်။
ဒါက ကျန်းကျွယ်ရှီ သူ့ဆရာသခင်ကို အိပ်မက်မက်တာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူးး။ ကျန်းကျွယ်ရှီဟာ သတိလွတ်ပြီး သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပါတယ်။
အချိန်အတော် ကြာသွားတဲ့အခါမှာတော့...
“ဆရာသခင်... ကျွန်တော် အခု အဆင်ပြေပါတယ်၊ အေးအေးချမ်းချမ်း ကျင့်ကြံဖို့ နေရာတစ်နေရာလည်း ရှိတယ်၊ တစ်နေ့ကျရင် ကျွန်တော် ဆရာသခင်ကို အသက်ပြန်ရှင်အောင် လုပ်ပေးမယ်”
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ကျန်းကျွယ်ရှီကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးလိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ အငိုက်မိပြီး ငေးကြောင်ကြောင် ဖြစ်သွားပါတယ်။
အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ ကျန်းကျွယ်ရှီဟာ နိုးလာပါတယ်။ ဘေးနားမှာရှိနေတဲ့ လျူပေ့က စပ်စုလိုက်ပါတယ် “ဘာဖြစ်တာလဲ၊ မင်းစိတ်က ဒီနေရာမှာ ရှိမနေဘူး၊ ဒါ မကောင်းဘူးနော်၊ ရန်သူသာ အနားမှာရှိရင် မင်း တိုက်ခိုက်ခံရလိမ့်မယ်”
ကျန်းကျွယ်ရှီဟာ ပြုံးလိုက်ပါတယ် “ဘာမှမဟုတ်ပါဘူး... ငါ ဆန်းကြယ်စွမ်းအားတစ်မျိုးကို သုံးသပ်နားလည်မိလိုက်တာ”
ကျန်းကျွယ်ရှီဟာ ဒီလိုအဖြစ်မျိုးကြုံတာ ပထမဆုံးအကြိမ် မဟုတ်တော့တဲ့အတွက် နေသားကျနေပါပြီ။ ကျန်းကျွယ်ရှီဟာ ဒီကိစ္စကို သူ့တာအိုနှလုံးသားရဲ့ တုံ့ပြန်မှုပဲလို့ ယူဆထားပါတယ်။ သူ့ရဲ့ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ကျင့်စဉ်က အလွန်တရာမှ သိမ်မွေ့ပါတယ်။ သူ ကိုယ်တိုင်တောင် အထက်စည်း အကန့်အသက်က ဘယ်လောက်ထိ ရှိတယ်ဆိုတာ မသိတဲ့အတွက် အရာအားလုံး ဖြစ်နိုင်ပါတယ်။
လျူပေ့ဟာ ခေါင်းညိတ်ပြီး ပြုံးလိုက်ပါတယ် “နောက်ကျလို့ ဒီစကြဝဠာမှာ သက်ရှိတွေ မွေးဖွားလာရင် ဘယ်လိုဖန်တီးမှုမျိုးက ပိုကောင်းမယ် ထင်လဲ”
ကျန်းကျွယ်ရှီဟာ တိတ်ဆိတ်သွားပါတယ်။ ကျန်းကျွယ်ရှိဟာ ကြယ်စကြဝဠာကို ရောက်နေတာ အချိန်တစ်ခုထိ ရှိပြီမလို့ ဒီစကြဝဠာရဲ့ အလားအလာက အရမ်းကြီးမားတယ်ဆိုတာကို ခံစားမိပါတယ်။
“ငါတို့တွေ ကောင်းကင်တာအိုကို အတုယူလို့ရတယ်၊ ဒါပေမဲ့ ကောင်းကင်တာအိုအတိုင်း လိုက်လုပ်လို့တော့ မဖြစ်ဘူး” ကျန်းကျွယ်ရှီက မတိုးမကျယ် ဖြေပါတယ်။
လျူပေ့က စစ်စုလိုက်ပါတယ် “ဘယ်လို လမ်းစဉ်မျိုးကို ယူသင့်တယ်လို့ ထင်လဲ”
“ကမ္ဘာကို အဆင့်ခွဲထားမယ်၊ အဆင့်တိုင်းက မတူဘဲ ပိုများတဲ့အဆင့်တွေ ရှိနေမယ်၊ ကျင့်ကြံမှုရဲ့ အဆင့်ကြီးတစ်ဆင့်တိုင်းကို အဆင့်လေး လေးဆင့်ခွဲမယ်၊ သက်ရှိအကုန်လုံးက ကျင့်ကြံဖို့နဲ့ ဘုံပျံတက်ဖို့ကို ပန်းတိုင်ထားပြီး ကြိုးစားကျင့်ကြံကြမယ်၊ ဒီလိုဆို အတွင်း ပြိုင်ဆိုင်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်တယ်၊ ဂလက်ဆီတွေကို အချင်းချင်းထပ်အောင် စီစဉ်ပြီး နယ်ပယ်တိုင်းကို ဧရာမ ကန့်သတ်စည်းထားမယ်၊ အဆင့်တစ်ခုကို ရောက်မှ ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရပြီး ဘုံပျံတက်နိုင်လိမ့်မယ်၊ အောင်မြင်သွားရင် သေမျိုးကမ္ဘာကို ပြန်ဆင်းသက်ခွင့် မရှိဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။