← Chapters

လွတ်လပ်တာအိုပညာရှိထက် ကျော်လွန်ခြင်း

Vol. 83 Ch. 872

လွတ်လပ်တာအိုပညာရှိထက် ကျော်လွန်ခြင်း

Vol. 83 Ch. 872

လျူပေ့ဟာ အတွေးနက်သွားပါတယ်။ ဟန်ကျွယ်က ဒီစကြဝဠာကို တည်ဆောက်မယ်လို့ သူ့ကို ကတိပေးထားပါတယ်။ ဒါကြောင့် လျူပေ့ဟာ ဘာမှလုပ်စရာ မရှိတဲ့အခါ ဒီကြယ်စကြဝဠာကို ဘယ်လို တိုးတက်အောင် လုပ်ရမလဲဆိုတာကို စဉ်းစားပါတယ်။

ကျန်းကျွယ်ရှီရဲ့ အကြံပြုချက်က တော်တော် ကောင်းပါတယ်။ ဘုံပျံတက်ပြီးတဲ့ ကျင့်ကြံသူတွေကို သေမျိုးကမ္ဘာဆီ ပြန်ဆင်းခွင့် မပြုရင် ထိပ်သီးကျင့်ကြံသူတွေက ရင်းမြစ်တွေ မောင်ပိုင်စီးပြီး မျိုးဆက်သစ်တွေကို ဒုက္ခပေးတဲ့ အဖြစ်အပျက်မျိုး ရှိလာမှာ မဟုတ်ပါဘူး။

“မင်းနည်းလမ်းက မဆိုးဘူး၊ ငါတို့တွေ ကျင့်ကြံသူတွေကို ဘုံပျံတက်အောင် ဖိအားပေးဖို့ လိုတယ်၊ သူတို့တွေ အဆင့်တစ်ခုရောက်ရင် ကောင်းကင်ကပ်ဘေးကို မဖြစ်မနေရင် ဆိုင်ခိုင်းမယ်”

ကျန်းကျွယ်ရှီဟာ ပြုံးလိုက်ပါတယ် “ဒီအကြံ မဆိုးဘူး၊ မဆိုးဘူး”

ကျန်းကျွယ်ရှီဟာ လျူပေ့နဲ့ မိတ်ဆွေ ဖြစ်လာတာက ဒီစကြယ်စကြဝဠာကို ပိုင်ဆိုင်လို့တင် မဟုတ်ပါဘူး။ လျူပေ့ရဲ့ စရိုက်က သူ့ကို သက်သောင့်သက်သာ ရှိစေပြီး စိတ်ကူကိုယ်တူ တာအိုရောင်းရင်းတွေလို့ ခံစားရစေတာကြောင့်ပါ။

ကျန်းကျွယ်ရှီနဲ့ လျူပေ့ဟာ စကားပြောလေလေ စိတ်လှုပ်ရှားလေလေပါပဲ။

တစ်ချိန်တည်းမှာပဲ ကြယ်စကြဝဠာ အပြင်ဘက်မှာ အမှောင်ထုက အာကာသကို ဝါးမျိုသလိုမျိုး မြူခိုးနက်တွေ ထိုးထွက်လာပါတယ်။ ဒီမြင်ကွင်းက အရမ်းကို ကြောက်ဖို့ကောင်းပါတယ်။

တတိယ တာအိုစက်ကွင်း၊ တာအိုဘုံကျောင်း။

ဟန်ကျွယ်ဟာ ကျင့်ကြံမှုထဲ စိတ်မနှစ်သေးတာမလို့ ကြယ်စကြဝဠာ အပြင်ဘက်က မြူခိုးနက်ကို သတိထားမိသွားပါတယ်။ တစ်ချက်ကြည့်လိုက်တဲ့အခါ မြူခိုးနက်ထဲမှာ မရေမတွက်နိုင်တဲ့ ရန်ငြိုးစိတ်ဝိညာဉ်တွေ အော်ဟစ်နေတာကို တွေ့လိုက်ရပါတယ်။

‘အမင်္ဂလာ မကောင်းဆိုးတွေလား...’

မမြင်နိုင်တဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေဟာ မဟာတာအို အထွတ်အထိပ်အဆင့် ရောက်နေတဲ့ ဟန်ကျွယ် မျက်စိအောက်မှာ ပုန်းစရာ နေရာမရှိပါဘူး။

‘အင်း...’

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို အမင်္ဂလာ မကောင်းဆိုးဝါးတစ်ကောင်ကို အာရုံစိုက်လိုက်ပါတယ်။ ဒီကောင်က တခြား အမင်္ဂလာ မကောင်းဆိုးဝါးတွေနဲ့ မတူဘဲ သူ့ဝိညာဉ်နက်ထဲမှာ ဓမ္မစွမ်းအားနဲ့ အသက်ဓာတ်တွေ ပုန်းလျှိုးနေပါတယ်။

ဒီလူက အမင်္ဂလာ မကောင်းဆိုးဝါးတွေရဲ့ ခေါင်းဆောင်နဲ့ တူပါတယ်။ သူ့ကျင့်ကြံမှုက လောကဦးပဋိပက္ခ လွတ်လပ်မှု ကနဦးအဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ ဟန်ကျွယ် မျက်လုံးထဲမှာတော့ စွမ်းအားရှိတယ်လို့တောင် မယူဆပါဘူး။

ဟန်ကျွယ်ဟာ မတိုက်ခိုက်ပါဘူး။ အမင်္ဂလာ မကောင်းဆိုးဝါးတွေကို ကျန်းကျွယ်ရှီရဲ့ ဓားသွေး ကျောက်တုံးအဖြစ် အသုံးပြုချင်တာကြောင့်ပါ။ တစ်ကိုယ်တည်း ကျင့်ကြံအားထုတ်တာက ထုံထိုင်းလွယ်ပါတယ်။ မကြာမကြာ တိုက်ပွဲတွေ တိုက်ခိုက်ရတာကလည်း ကောင်းတဲ့ကိစ္စပါ။

မကြာခင်မှာပဲ ကျန်းကျွယ်ရှီနဲ့ လျူပေ့ဟာ ရန်သူ တိုက်ခိုက်လာတာကို အာရုံခံမိလိုက်ကြပါတယ်။ သူတို့ဟာ ချက်ချင်း ကြယ်စကြဝဠာ အပြင်ဘက်ကို ရောက်သွားကြပါတယ်။

ကျန်းကျွယ်ရှိဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ကျန်းကျွယ်ရှီဟာ အမင်္ဂလာ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တွေ့ရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဒီမြူခိုးနက်ထဲမှာက သူ့ကို စိတ်လေးလံစေတဲ့ ရောင်ဝါတစ်မျိုး ပါဝင်နေပါတယ်။

လျူပေ့လည်း အတူတူပါပဲ။

အရင်တုန်းက သူတို့တွေဟာ အမင်္ဂလာ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တွေ့တဲ့အခါ ထွက်ပြေးဖို့ ရွေးချယ်ခဲ့ကြပါတယ်။ အဲဒါကြောင့် အခုအချိန်မှာ သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာကို ကြည့်လိုက်ရင် ဘီလူးမ သံပရာသီးကိုက်ထားသလိုပါပဲ။

“ငါတို့တွေ ဘာလုပ်ကြမလဲ”

ကျန်းကျွယ်ရှီဟာ ထွက်ပြေးချင်ပေမဲ့ လျူပေ့နဲ့ ဒီစကြဝဠာကို တည်ဆောက်မယ်လို့ ဆွေးနွေးထားတဲ့အတွက် နည်းနည်း မျက်နှာပူသွားပါတယ်။

လျူပေ့က ပြန်ဖြေပါတယ် “တိုက်ကြရအောင်... ငါတို့တွေ ဘယ်သွားသွား အမင်္ဂလာ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တိုးနိုင်တာပဲ၊ သူတို့နဲ့ မတွေ့ချင်ရင် စွမ်းအားကြီးပုဂ္ဂိုလ် တစ်ပါးပါးရဲ့ နယ်မြေကို သွားမှ ရမယ်”

လျူပေ့ဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ်။ ဟန်ကျွယ် ရှိနေတယ် မဟုတ်ပါလား။ ဒါပေမဲ့ လျူပေ့ဟာ ဟန်ကျွယ်က ခုထိ မလှုပ်ရှားသေးတဲ့အတွက် ဂူအောင်းကျင့်ကြံတာ ဖြစ်လိမ့်မယ်လို့ ကောက်ချက် ချလိုက်ပါတယ်။ ဒါကြောင့် အခု သူတို့လုပ်နိုင်တာ ဟန်ကျွယ် ဂူအောင်းကျင့်ကြံမှု ပြီးစီးတဲ့အထိ ခုခံထားဖို့ပါ။

ကျန်းကျွယ်ရှီဟာ လျူပေ့ကို တအံ့တဩ ကြည့်လိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ လျူပေ့ရဲ့ စရိုက်ကို သိပြီးပါပြီ။ လျူပေ့လိုမျိုး သေရမှာ ကြောက်တဲ့လူက ထွက်မပြေးဘဲ တိုက်ခိုက်မယ်လို့ ပြောတာက ထူးဆန်းတယ် မဟုတ်ပါလား။

လျူပေ့ဟာ အားတင်း ပြုံးလိုက်ပါတယ် “ငါတို့တွေ ကျင့်ကြံတာက ပန်းတိုင်ရှိရမယ်လေ၊ မဟုတ်ရင် ဘာလို့ ကျင့်ကြံနေမှာလဲ”

လျူပေ့ရဲ့ စကားကို ကျန်းကျွယ်ရှီကို ကိုင်လှုပ်လိုက်ပါတယ် ‘ဟုတ်တယ်... ကျင့်ကြံတာက ဘာအတွက်လဲ...’

ကျန်းကျွယ်ရှီဟာ သူ့ဆရာသခင်ကို အသက်ပြန်ရှင်စေချင်တာပါ။ ဒါပေမဲ့ ဒါက နောက်မှ ဆုံးဖြတ်လိုက်တဲ့ ပန်းတိုင်တစ်ခုပါ။ အဲဒီမတိုင်ခင်တုန်းက ကျန်းကျွယ်ရှီဟာ စွမ်းအားကြီးမားလာဖို့ ကျင့်ကြံအားထုတ်ခဲ့တာပါ။

ဒါပေမဲ့ တာအိုပညာရှိ ဖြစ်လာပြီးနောက် တာအိုရယူတာက အဆုံးသတ် မဟုတ်ဘူးဆိုတာကို ကျန်းကျွယ်ရှီ သိလိုက်ရပါတယ်။ ပဋိပက္ခကို ရောက်လာပြီးနောက် အမြဲတမ်း တစ်ယောက်ယောက်က သူ့ထက် စွမ်းအားပိုကြီးနေပါတယ်။ ကျင့်ကြံမှုမှာ ထိပ်ဆုံးမရှိပါဘူး။

‘ငါ ဘာဖြစ်လို့ ကျင့်ကြံအားထုတ်တာလဲ... အစွမ်းအထက်ဆုံး ဖြစ်ဖို့လား...’ ကျန်းကျွယ်ရှီဟာ အစွမ်းအထက်ဆုံး ဖြစ်ဖို့ ယုံကြည်ချက် မရှိပါဘူး။ စွမ်းအားကြီးလှပါတယ်ဆိုတဲ့ ပဋိပက္ခ နတ်ဘီလူးတွေကို နတ်အာဏာရှင် စစ်သူကြီးတွေက ဖျက်ဆီးလိုက်တယ် မဟုတ်ပါလား။

ရုတ်တရက်ဆိုသလို ကျန်းကျွယ်ရှီဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို တွေးမိလိုက်ပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတဲ့ တည်ရှိမှုပါ။ ပဋိပက္ခထဲက ကျင့်ကြံသူတွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုကို ဘာလို့ ကာကွယ်နေလဲဆိုတာ နားမလည်နိုင်ကြပါဘူး။

ကောင်းကင်တာအိုကို ဖန်တီးခဲ့တဲ့လူက ပန်ကူး ဖြစ်ပြီး နောက်ပိုင်းမှာ တာအိုဘိုးဘေးနဲ့ ပေါင်းစပ်ခဲ့ပါတယ်။ ကောင်းကင်တာအိုက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ကံတရား အထောက်အပံ့က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆီ ရောက်မှာ မဟုတ်ပါဘူး။

ဒီအချိန်မှာ ကျန်းကျွယ်ရှီဟာ တစ်စုံတစ်ခုကို နားလည်သွားသလို ရှိပါတယ်။

လျူပေ့လည်း အတူတူပါပဲ။

“တာအိုရောင်းရင်း ကျန်း... ငါနဲ့ အတူ တိုက်ခိုက်မလား... တကယ်မနိုင်မှ ထွက်ပြေးရင်လည်း နောက်မကျသေးပါဘူး”

ကျန်းကျွယ်ရှီတဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းအသာ ညိတ်လိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ ဇက်ချိုးပြီး အကြောဆန့်ကာ ပြုံးလိုက်ပါတယ် “ဒါဆို တိုက်ကြရအောင်... ငါ မတိုက်ခိုက်ဖြစ်တာ နှစ်သိန်းချီပြီ”

ကျန်းကျွယ်ရှီနဲ့ လျူပေ့ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြပါတယ်။ အဲဒီနောက် ဟင်းလင်းပြင်နက်ထဲက မြူခိုးနက်ဆီ အပြင်းချီတက်သွားကြပါတယ်။

မကြာခင်မှာပဲ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။

တတိယ တာအိုစက်ကွင်း။

သစ်ပင်အောက်က ချင်းလွမ်အာဟာ ရုတ်တရက် မတ်တတ်ရပ်ပြီး ကြယ်တာရာ ကောင်းကင်ပြင်ကို မော့ကြည့်လိုက်ပါတယ်။ အသွင်ပြောင်းထားတဲ့ သက်ရှိတွေဟာ ကြယ်စကြဝဠာအပြင်ဘက်က အန္တရာယ်ကို အာရုံမခံနိုင်တဲ့အတွက် ဆက်ပြီးတော့ ကစားနေကြပါတယ်။ သူတို့က လူသားတွေ မဟုတ်တဲ့အတွက် သူတို့ရဲ့ ကြီးပြင်းတဲ့ စက်ဝန်းက အရမ်းကို ရှည်ကြာပါတယ်။ ဆယ်နှစ်ကုန်သွားတာတောင် ငယ်ငယ်လေး ရှိနေပါသေးတယ်။

နတ်မင်းအဆင့် ရောက်နေပြီ ဖြစ်တဲ့ ချင်းလွမ်အာဟာ ကြယ်စကြဝဠာ အပြင်ဘက်က ဟင်းလင်းပြင်ကို မြင်နိုင်စွမ်းရှိတဲ့အတွက် လျူပေ့နဲ့ ကျန်းကျွယ်ရှီတို့က မြူခိုးနက်ထဲမှာ ဆန်းကြယ်စွမ်းအားတွေ အသုံးပြုနေတာကို တွေ့လိုက်ရပါတယ်။

ချင်းလွမ်အာဟာ မျက်လုံးပြူးသွားပြီး တာအိုဘုံကျောင်းဆီ ချက်ချင်း ပြေးသွားပါတယ်။

“ယောက်ျား... အပြင်ဘက်မှာ...” ဟန်ကျွယ် ဂူအောင်း မကျင့်ကြံသေးတာကို တွေ့လိုက်ရတဲ့အတွက် ချင်းလွမ်အာက အလောတကြီး ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက သူ့ထက် ပိုမြင့်မားတဲ့အတွက် ဒီကိစ္စကို ကျိန်းသေပေါက် အာရုံခံမိမှာပဲလို့ တွေးမိလိုက်တာကြောင့် ချင်းလွမ်အာဟာ စကားကို ဆုံးအောင် မပြောလိုက်ပါဘူး။

“ဟီးဟီး... အဲဒီနှစ်ယောက်က ဒီစကြဝဠာကို ကာကွယ်နေကြတာ”

ဟန်ကျွယ်ရဲ့ စကားကြောင့် ချင်းလွမ်အာဟာ မှင်တက်သွားပါတယ် ‘ကာကွယ်တယ်...’

“အဲဒီမြူခိုးနက်တွေက အမင်္ဂလာ မကောင်းဆိုးဝါးတွေပဲ၊ အမင်္ဂလာ မကောင်းဆိုးဝါးဆိုတာက ပဋိပက္ခထဲမှာရှိတဲ့ ရန်ငြိုးစိတ်ဝိညာဉ်တွေ၊ အငြိုး အရမ်းကြီးတယ်၊ အထူးသဖြင့် သူတို့က သက်ရှိတွေကို တိုက်ခိုက်တယ်၊ မင်း သူတို့ကို မမြင်နိုင်သလို သူတို့ရောင်ဝါကိုလည်း ဖမ်းဆုပ်လို့ မရဘူး”

ချင်းလွမ်အာဟာ အံ့အားသင့်သွားပါတယ်။

“အဲဒီနှစ်ယောက်က ဘယ်သူလဲ၊ ယောက်ျားပြောတာ ဒီနေရာမှာ ယောက်ျား တစ်ယောက်တည်းဆို...”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “တစ်ယောက်က အတိတ်မှာ ငါ ဖန်တီးခဲ့တဲ့ ကိုယ်ပွားပဲ၊ နောက်တစ်ယောက်က ငါ ပျိုးထောင်ချင်တဲ့ တပည့်ပဲ၊ ဒါနဲ့ ငါ့တပည့်လေးက ငါ သေသွားပြီလို့ ထင်နေတာ”

ချင်းလွမ်အာဟာ ပိုစိတ်ဝင်စားသွားပြီး ဟန်ကျွယ်ကို အကြောင်းစုံ ရှင်းပြခိုင်းပါတယ်။ ဟန်ကျွယ်ဟာ ဘာတစ်ခုမှ မဖုံးကွယ်ဘဲ လျူပေ့နဲ့ ကျန်းကျွယ်ရှီရဲ့ နောက်ခံကို အကုန်အစင် ပြောပြလိုက်ပါတယ်။

‘လျူပေ့က ရန်သူ့ ခန္ဓာကိုယ်ကနေ ဖြစ်လာတာ... ကျန်းကျွယ်ရှီက အကြိမ်သိန်းချီ ပြန်မွေးဖွားတာ... အကြိမ်သိန်းချီ ပြန်မွေးဖွားဖို့ ဘယ်လောက်တောင် ကြာမှာလဲ’ ချင်းလွမ်အာဟာ သူ့နားသူ မယုံနိုင်လောက်အောက်ကို ဖြစ်သွားပါတယ်။

“သူတို့က အရမ်းစွမ်းအားကြီးတာပဲ၊ သူတို့က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေလား” ချင်းလွမ်အာဟာ အင်မော်တယ်ကမ္ဘာတုန်းက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ကို ကြားဖူးခဲ့ပါတယ်။ ချင်းလွမ်အာဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ကို အင်မော်တယ်တွေရဲ့ ထိပ်ဆုံးလို့ ထင်နေပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သူတို့က တာအိုပညာရှိတွေ... ငါ့တပည့်က သာမန် တာအိုပညာရှိကိုတောင် ကျော်လွန်သွားပြီ”

‘တာအိုပညာရှိ...’ ချင်းလွမ်အာဟာ ထပ်ပြီးတော့ ပါးစပ် အဟောင်းသား ဖြစ်သွားရပါတယ်။

“အင်မော်တယ်ဧကရာဇ် အထက်မှာ နတ်မင်းအဆင့်ရှိတယ်၊ နတ်မင်းအဆင့်ရဲ့ အထက်မှာ ကောင်းကင်ဘဝဂ် အဆင့်ရှိတယ်၊ အဲဒီအထက်မှာ တာအိုပညာရှိအတု၊ တာအိုပညာရှိနဲ့ လွတ်လပ် တာအိုပညာရှိ အဆင့်တွေ ရှိတယ်”

ချင်းလွမ်အာက တအံ့တဩ မေးလိုက်ပါတယ် “ဒါဆို ယောက်ျားရဲ့ တပည့်က လွတ်လပ် တာအိုပညာရှိအဆင့်ကို ရောက်နေပြီပေါ့၊ ဒါတောင် ယောက်ျားက သူ့ကို လိမ်ထားတာလား၊ သူ ကလဲ့စားချေမှာကို ယောက်ျား မကြောက်ဖူးလား”

“မကြောက်ဘူး... ငါက လွတ်လပ်မှုအဆင့်ကို ကျော်လွန်သွားပြီ”

ဟန်ကျွယ်ရဲ့ အဖြေကြောင့် ချင်းလွမ်အာဟာ မျက်လုံးပြူးသွားပါတယ်။

ဟန်ကျွယ်ဟာ ချင်းလွမ်အာရဲ့ အမူအရာ ပြောင်းလဲသွားတာကို ကြည့်ပြီး စိတ်ထဲမှာ ကျေနပ်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကြယ်စကြဝဠာ အပြင်ဘက်ကို တိုက်ပွဲကို လှမ်းကြည့်ပြီး ပြုံးလိုက်ပါတယ် “ငါ့တပည့်က မဆိုးဘူး၊ ကြည့်ရတာ ငါ ဘာမှလုပ်စရာ မလိုဘူး ထင်တယ်”

“ယောက်ျား... ယောက်ျားက အခု ဘယ်လောက်တောင် စွမ်းအားကြီးနေပြီလဲ” ချင်းလွမ်အာဟာ ဟန်ကျွယ်ရဲ့ လက်မောင်းကို ဆုပ်ကိုင်ပြီး စပ်စုလိုက်ပါတယ်။

ဟန်ကျွယ်ဟာ လျှို့ဝှက်စွာ ပြုံးလိုက်ပါတယ် “ပြောလို့မရဘူး၊ ငါ ပြောလိုက်ရင် မင်း လန့်သေသွားနိုင်တယ်၊ ကြိုးကြိုးစားစားသာ ဆက်ကျင့်ကြံ၊ တစ်နေ့ကျရင် မင်း ငါ့အဆင့်ကို ရောက်လာလိမ့်မယ်”

“ထော်အာကရော...”

“သူလည်း လွတ်လပ်တာအိုပညာရှိပဲ”

“သားလေးက ဒီလောက်တောင် စွမ်းအားကြီးတာလား...” ချင်းလွမ်အာဟာ အရမ်းစိတ်လှုပ်ရှားသွားပါတယ်။ သူ့ကျင့်ကြံမှုအဆင့်ကို သိလိုက်ရတုန်းကထက် ပိုအံ့ဩသွားတာပါ။

ဟန်ကျွယ်ဟာ ဝန်တိုစွာ နှုတ်ခမ်းတွန့်လိုက်ပါတယ် ‘တကယ်ပဲ... ဒီကောင်မလေးက သူ့သားကို ဂရုအစိုက်ဆုံးပဲ’

“ယောကျ်ား... ကလေး ထပ်ယူရအောင်၊ ထော်အာက မိန်းမကို နှစ် ၂၀ ပဲ အဖော်ပြုပေးခဲ့တာ၊ သူက မိန်းမ ဘယ်လိုပုံစံရှိတယ်ဆိုတာကို မေ့သွားလောက်ပြီ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters