← Chapters

ဟန်ချင်းအာ

Vol. 83 Ch. 873

ဟန်ချင်းအာ

Vol. 83 Ch. 873

‘ကလေး ထပ်ယူမယ်...’ ဟန်ကျွယ်ဟာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်မှာ ကလေးနှစ်ယောက်ပဲ ရှိသေးတာဆိုပေမဲ့ ဒီနှစ်ယောက်က ဟန်ကျွယ်ကို တော်တော်လေး ခေါင်းကိုက်စေနေပါပြီ။ အကြီးဆုံးသား ဟန်ထော်က အိမ်ပြန်လာဖို့ ငြင်းပြီး အငယ်ဆုံးသားကျတော့ အရည်အချင်း ထက်မြက်လွန်းတဲ့အတွက် သူ့အမေဗိုက်ထဲမှာ ပိတ်မိနေတာ နှစ်သန်းချီပါပြီ။

“ငါ မင်းအတွက် သက်ရှိတွေ အများကြီး ဖန်တီးပေးပြီးပြီလေ၊ အပျင်းပြေဖို့ မလုံလောက်ဘူးလား”

ချင်းလွမ်အာဟာ ဟန်ကျွယ်ကို ကပ်ချွဲလိုက်ပါတယ် “သူတို့တွေက ဘယ်လိုလုပ်ပြီး မိန်းမရဲ့ ရင်သွေးနဲ့ ယှဉ်လို့ရမှာလဲ၊ နောက်ပြီး ယောက်ျားက ဒီလောက်စွမ်းအားကြီးတာ မျိုးဆက်များဖို့ စဉ်းစားရမှာ မဟုတ်ဘူးလား၊ သေမျိုးကမ္ဘာက စွမ်းအားကြီးတဲ့လူတွေတောင် ကလေးတစ်ယောက်မက ရှိတာ ယောက်ျားလို လွတ်လပ်မှုအဆင့်ကို ကျော်လွန်သွားတဲ့လူက ပိုရှိရမှာပေါ့”

ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။

ချင်းလွမ်အာဟာ ဆက်ပြီးတော့ ဖျောင်းဖျပါတယ် “ယောက်ျား... ယောက်ျားက အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာဆိုတော့ ကလေးကို မိန်းမဘာသာ ဂရုစိုက်မယ်လေ”

ဟန်ကျွယ်ဟာ ချင်းလွမ်အာ စကားက ကျိုးကြောင်းဆီလျော်တာကြောင့် ဒီနည်းလမ်းက အလုပ်ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ပဋိပက္ခထဲမှာ ဟန်ကျွယ်ကို ခြိမ်းခြောက်နိုင်တဲ့ တည်ရှိမှုတွေက သိပ်များတာ မဟုတ်ပါဘူး။ နောက်ပြီး ကလေးနည်းနည်း ထပ်ယူတာက အလုပ်များတဲ့ကိစ္စ မဟုတ်ပါဘူး။

“ကောင်းပြီလေ”

“ယောက်ျားက အကောင်းဆုံးပဲ”

ချင်းလွမ်အာဟာ ဟန်ကျွယ် ရင်ခွင်ထဲ တိုးဝင်ပြီး ဟန်ကျွယ်ရဲ့ အဝတ်အစားတွေကို စချွတ်ပါတယ်။

ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ် “ဒီလောက်မြန်မြန်ကြီးလား... စကြဝဠာ အပြင်ဘက်က တိုက်ပွဲ မပြီးသေးဘူး”

“ယောက်ျားက လွတ်လပ်မှုအဆင့်ကို ကျော်လွန်သွားပြီပဲ၊ ဘာကြောက်စရာ ရှိလို့လဲ၊ ယောက်ျားရဲ့ တပည့်က ယောက်ျားထက် အဆင့်ကြီးတစ်ဆင့်တောင် နိမ့်တာ၊ သူ အမင်္ဂလာ မကောင်းဆိုးဝါးတွေကို မခုခံနိုင်တဲ့ အချိန်ကျရင် ယောက်ျား လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ အဲဒီမြူခိုးနက်တွေက လွင့်စဉ်ထွက်သွားမှာ”

“မင်းက ငါ့ကို တော်တော် ယုံကြည်တာပဲ”

“ယုံကြည်တာပေါ့၊ မိန်းမ ယောက်ျားကို လက်ထပ်ပြီးကတည်းက စိုးရိမ်စရာ ဘာရှိခဲ့လို့လဲ၊ ယောက်ျားရှိနေရင် မိန်းမက ကောင်းကင်ပြိုကျတောင် မကြောက်ဘူး”

“ထားလိုက်ပါတော့... မင်း ဆန္ဒအတိုင်းပါပဲ”

ကြယ်စကြဝဠာ အပြင်ဘက်။

ကျန်းကျွယ်ရှီဟာ ဟင်းလင်းပြင်မှာ ထိုင်လိုက်ပြီး သူ့နောက်မှာ စူးရှတဲ့ အလင်းရောင်တွေ ဖြာထွက်နေတဲ့ ဧရာမအရိပ်ကြီး ခဲလာပါတယ်။ ဒီဧရာမအရိပ်ကြီးက ကျန်းကျွယ်ရှီနဲ့ ဆင်တူပါတယ်။ ဧရာမအရိပ်ကြီး လက်ဖြန့်လိုက်တဲ့အခါ ဓမ္မစွမ်းအားဟာ အဖြူရောင် အလင်းကွင်းတွေအဖြစ် ပြောင်းလဲသွားပြီး အရိပ်ဆယ်မျက်နှာကို ဖြန့်ထွက်သွားပါတယ်။ အဖြူရောင် အလင်းကွင်းတွေဟာ မြူခိုးနက်နဲ့ ထိမိတာနဲ့ မြူခိုးနက်တွေကို တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ လွင့်ပါး ပျောက်ကွယ်စေပါတယ်။

ကျန်းကျွယ်ရှီဘေးမှာ ထိုင်နေတဲ့ လျူပေ့ဟာ ကျန်းကျွယ်ရှီကို ကြောင်ကြည့်လိုက်ပါတယ် ‘ဒီကောင်လေးရဲ့ အရည်အချင်းက..’ လျူပေ့ဟာ မနာလိုဖြစ်သွားသလို လန့်လည်း လန့်သွားပါတယ်။

ကျန်းကျွယ်ရှီရဲ့ အရည်အချင်းက ကြောက်ဖို့ ကောင်းတယ်ဆိုတာကို ဟန်ကျွယ် ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီလောက်ထိ ကြောက်ဖို့ ကောင်းလိမ့်မယ်လို့ လျူပေ့ ထင်မထားခဲ့ပါဘူး။

ပထမတော့ လျူပေ့နဲ့ ကျန်းကျွယ်ရှီဟာ အမင်္ဂလာ မကောင်းဆိုးဝါးတွေကို မနိုင်ပါဘူး။ ဒါပေမဲ့ တိုက်ခိုက်ရင်းနဲ့ ကျန်းကျွယ်ရှီဟာ တိုက်ပွဲကို သုံးသပ်ပြီး ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှုနဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေကို ဖိနှိပ်နိုင်တဲ့ ကံတရား အထောက်အပံ့ ဆန်းကြယ်စွမ်းအားတစ်မျိုးကို ဖန်တီးလိုက်ပါတယ်။

ဒီဆန်းကြယ်စွမ်းအားက ကံတရား အထောက်အပံ့ကို သုံးပြီး ရန်သူကို ဖိနှိပ်တာပါ။ တကယ်ကို စွမ်းအားကြီးမားလှပါတယ်။

လျူပေ့ဟာ ကျန်းကျွယ်ရှီကို စိုက်ကြည့်ရင်း ကြက်သေသေသွားပါတယ်။ အကြောင်းတချို့ကြောင့် လျူပေ့ဟာ ဟန်ကျွယ်ကို တွေးမိလိုက်ပါတယ်။

ကျန်းကျွယ်ရှီနဲ့ ဟန်ကျွယ်က ရုပ်လုံးဝ မတူပေမဲ့ တိုက်ပွဲမစခင် တည်ငြိမ်လွန်းတဲ့ ရောင်ဝါကတော့ သွားတူနေပါတယ်။ ဒီရောင်ဝါက လူတွေကို အလိုလို စိတ်သက်သာစေပြီး အန္တရာယ်တွေ ပျောက်ကွယ်သွားတော့မယ်လို့ ခံစားရစေပါတယ်။

လျူပေ့ဟာ ကျန်းကျွယ်ရှီကို မနှောင့်ယှက်ဘဲ ကျန်းကျွယ်ရှီ တာအိုကို သုံးသပ်နားလည်ပြီးတဲ့အထိ စောင့်ပါတယ်။ ကျန်းကျွယ်ရှီဟာ တာအိုကို သုံးသပ်နားလည်ရင် အမင်္ဂလာ မကောင်းဆိုးဝါးတွေကို သတ်ဖြတ်ပါတယ်။ ဒီအချိန်မှာ ကျန်းကျွယ်ရှီက ‌ကောင်းကင် နတ်ဘုရားလိုမျိုး အလွန် တန်ခိုးထွားလှပါတယ်။

မြူခိုးနက်ထဲကနေ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပါတယ် “မင်းက ဘယ်သူလဲ”

ကျန်းကျွယ်ရှီဟာ ပြန်မဖြေဘဲ ညာလက်ကို မြှောက်ကာ ရှေ့ကို တွန်းထုတ်လိုက်ပါတယ်။ ကျန်းကျွယ်ရှီ အထက်က ဧရာမအရိပ်ကြီးဟာလည်း သူ့လက်ဝါးကို ဝှေ့ယမ်းလိုက်ပါတယ်။ ဧရာမအရိပ်ကြီးရဲ့ ခန္ဓာကိုယ်ပေါ်က တောက်ပတဲ့ အလင်းရောင်ဟာ အလင်းတိုင်အဖြစ် ပြောင်းလဲပြီး အသံထွက်ပေါ်ရာ အနီးတဝိုက်က မြူခိုးနက်တွေကို တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်ပါတယ်။၊

တစ်နာရီကြာတဲ့အခါမှာတော့ ကြယ်စကြဝဠာနားမှာရှိတဲ့ မြူခိုးတွေဟာ လုံးဝ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုလည်း ဘာမှမပြောဘဲ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။

ကျန်းကျွယ်ရှီဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပါတယ်။

“ဒီဆန်းကြယ်စွမ်းအား မဆိုးဘူး...” ကျန်းကျွယ်ရှီဟာ တစ်ကိုယ်ကြားရုံ ရေရွတ်ရင်း အရမ်း စိတ်လှုပ်ရှားသွားပါတယ်။ ကျန်းကျွယ်ရှီဟာ ဆန်းကြယ်စွမ်းအားတွေကို မကြာခဏ ဖန်တီးတယ်ဆိုပေမဲ့ ဒီအမင်္ဂလာ မကောင်းဆိုးဝါးတွေကို နှိမ်နင်းနိုင်တဲ့ ဆန်းကြယ်စွမ်းအားက ထိပ်တန်းသုံးနေရာ ဝင်ပါတယ်။

လျူပေ့က ချီးကျူးလိုက်ပါတယ် “တာအိုရောင်းရင်းကျန်း... ဒီဆန်းကြယ်စွမ်းအားက တကယ်ကို မခေဘူး”

ကျန်းကျွယ်ရှီဟာ ပြုံးလိုက်ပါတယ် “မင်း မသင်ချင်ဘူးလား၊ ငါ မင်းကို သင်ပေးလို့ရတယ်၊ နောက်ကျရင် အမင်္ဂလာ မကောင်းဆိုးဝါးတွေက ဒီထက် များလာလိမ့်မယ်”

“တကယ်လား...”

“ငါတို့က ညီအစ်ကိုတွေပဲ၊ ငါက ဘာဖြစ်လို့ မင်းကို လိမ်ရမှာလဲ”

“ကျေးဇူးပါပဲ တာအိုရောင်းရင်းကျန်း...”

“ဟားဟား... ညီအစ်ကိုတွေပဲဟာကို၊ ကျေးဇူးတင်စရာ မလိုပါဘူး”

“ဟုတ်သားပဲ”

ကျန်းကျွယ်ရှီနဲ့ လျူပေ့ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြပါတယ်။ သူတို့နှစ်ယောက်စလုံး စိတ်ကောင်းဝင်နေကြပါတယ်။

တာအိုဘုံကျောင်းထဲက ချင်းလွမ်အာနဲ့ ဟန်ကျွယ်ဟာ အဝတ်အစားတွေ ပြန်ဝတ်လိုက်ကြပါတယ်။ ချင်းလွမ်အာဟာ သူမဗိုက်ကို တယုတယ ပွတ်သပ်ပြီး ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ချင်းလွမ်အာ ကိုယ်ဝန်ရသွားပြီဆိုတာကို မြင်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ သားနှစ်ယောက် ရထားတာမလို့ ဒီတစ်ခါမှာတော့ သမီးရဖို့ ရွေးချယ်လိုက်ပါတယ်။ သူ့သမီးရဲ့ အရည်အချင်းက အများဆုံး ဟန်ထော်နဲ့ ယှဉ်နိုင်ရုံပါ။ ချင်းလွမ်အာရဲ့ ကျင့်ကြံမှုက နိမ့်ပါးလွန်းတဲ့အတွက် ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ သွေးစည်းကို ချိပ်ပိတ်ခဲ့သလိုမျိုး သူ့သမီးရဲ့ အရည်အချင်းကိုလည်း ချိပ်ပိတ်လိုက်ပါတယ်။

တတိယ လောကဦး နတ်ဘီလူးက ရှင်းဟုန်ရွှမ်ရဲ့ သား ရှိနေသမျှကာလပတ်လုံး မွေးဖွားနိုင်မှာ မဟုတ်ပါဘူး။

ဒါနဲ့ မင်းသမီး မွေးလာရင်တောင် သူက တတိယနေရာမှာပဲ ရှိလိမ့်မယ်၊ ငါ့မှာ သားယောက်ျားလေး ကိုယ်ဝန်လွယ်ထားရတဲ့ မိန်းမတစ်ယောက် ရှိတယ်”

ချင်းလွမ်အာဟာ ဟန်ကျွယ် စကားကို ကြားလိုက်ရတဲ့အခါ မှင်တက်သွားပြီး မနေနိုင်ဘဲ မေးလိုက်ပါတယ် “သူက ဘယ်မှာလဲ၊ ယောက်ျားနဲ့ ဘာလို့ အတူ ရှိမနေတာလဲ”

ချင်းလွမ်အာဟာ ဒေါသမထွက်သလို မနာလိုဝန်တိုတာလည်း မရှိပါဘူး။ အင်မော်တယ်ကမ္ဘာမှာ ယောက်ျားတစ်ယောက်က မိန်းမအများကြီးရှိတာ ပုံမှန်ပါပဲ။ မိန်းမတစ်ယောက်တည်း ရှိရင်သာ ထူးဆန်းတာပါ။ လုံလောက်တဲ့ စွမ်းအားသာရှိမယ်ဆိုရင် မိန်းမတစ်ယောက်ကလည်း ယောက်ျား အများကြီး ယူလို့ရပါတယ်။

ဒါ့အပြင် ချင်းလွမ်အာ သေသွားတာက နှစ်ငါးသန်းကျော်သွားပါပြီ။ ဒါကြောင့် ဟန်ကျွယ် နောက်မိန်းမရှာတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုပါ။

“နောက်တာအိုစက်ကွင်း တစ်ခုမှာ၊ သူက ကျင့်ကြံအားထုတ်ရင်း အလုပ်ရှုပ်နေတယ်”

ချင်းလွမ်အာဟာ ပြုံးလိုက်ပါတယ် “ဒါဆို မိန်းမလည်း ကြိုးစားကျင့်ကြံမှပဲ၊ မဟုတ်ရင် ယောက်ျားက မိန်းမကို အပျင်းကြီးတယ်လို့ ထင်သွားမှာ”

ဟန်ကျွယ်ဟာ ပြုံးပြီး ချင်းလွမ်အာရဲ့ ခေါင်းကို ပွတ်သပ်လိုက်ပါတယ် “ငါ ပြန်ကျင့်ကြံတော့မယ်၊ အပြင်က တိုက်ပွဲလည်း ပြီးသွားပြီ”

ချင်းလွမ်အာဟာ ခေါင်းညိတ်ပြီး တာအိုဘုံကျောင်း အပြင်ကို လမ်းလျှောက် ထွက်သွားပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး သူ့အငယ်ဆုံးသမီးကို ပုံဖော်ကြည့်မိလိုက်ပါတယ်။

တစ်နှစ်ကြာတဲ့အခါ ချင်းလွမ်အာဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းမှာ သမီးမိန်းကလေးကို ဖွားမြင်ပါတယ်။ ချင်းလွမ်အာဟာ ကျင့်ကြံမှုအဆင့်တစ်ခုအထိ ရောက်နေပြီမလို့ ဘာဝေဒနာမှ မခံစားရပါဘူး။ မွေးဖွားပြီးတော့လည်း အရင်အတိုင်း ပုံမှန်ပါပဲ။

အငယ်ဆုံးသမီးက အရမ်းချစ်ဖို့ ကောင်းပါတယ်။ ငိုသံကလည်း ကျယ်လွန်းတဲ့အတွက် တာအိုဘုံကျောင်း အပြင်ဘက်က တခြားသက်ရှိတွေကို ဆွေးနွေးသွားစေပါတယ်။ သူတို့တွေဟာ သူတို့ဘုရင်မက သမီးမိန်းကလေး ဖွားမြင်တော့မယ်မှန်း သိတဲ့အတွက် သူတို့ရဲ့ မင်းသမီးလေးကို မျှော်လင့်နေကြတာပါ။

ဟန်ကျွယ်ဟာ ရှားရှားပါးပါး သူ့ကျင့်ကြံမှုကို အချိန်မပြည့်ခင် အစောကြီး အဆုံးသတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့သမီးကို တယုတယ ချီပွေ့လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်နှာမှာတော့ ဖခင်မေတ္တာတွေ အပြည့်ပါပဲ။

“မိန်းမတို့တွေ ယောက်ျားကို နှောင့်ယှက်မိသွားတာလား”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘာမှမဖြစ်ဘူး... ငါ သူကြီးပြင်းလာတာကို နှစ်တစ်ရာ စောင့်ကြည့်မယ်”

ချင်းလွမ်အာဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် ကျေနပ်အံ့အားသင့်သွားပါတယ်။

“သူကို ချင်းအာလို့ ခေါ်ရအောင်၊ မင်း ဘယ်လို သဘောရလဲ”

ချင်းလွမ်အာဟာ ဒီနာမည်ရဲ့ အဓိပ္ပာယ်ကို နားလည်တာကြောင့် ပျော်ရွှင်စွာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။

“သမီးလေး နည်းနည်းကြီးလာရင် ငါ မင်းတို့သားအမိကို အင်မော်တယ်ကမ္ဘာဆီ ပြန်ခေါ်သွားပေးမယ်၊ မင်းလည်း အသက်ပြန်ရှင်လာတာ ကြာပြီ၊ တစ်ချိန်လုံး ကျင့်ကြံအားထုတ်နေရတာဆိုတော့ မင်းလည်း ငြီးငွေ့မှာပဲ”

“ယောက်ျား သိရင် ပြီးတာပဲ”

ချင်းလွမ်အာဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ်။ ချင်းလွမ်အာက တကယ်ကို စိတ်ဓာတ်ကျခဲ့တာပါ။ ချင်းလွမ်အာဟာ အသက်ပြန်မရှင်လာခင်တုန်းက သေမျိုးတစ်ယောက်ပါ။ ဒါကြောင့် သေမျိုးစိတ်ဓာတ်နဲ့ တစ်ကိုယ်တည်း နှစ်တစ်သိန်း ကျင့်ကြံအားထုတ်တာကို ဘယ်လိုမှ မခံစားနိုင်ပါဘူး။

ဒါပေမဲ့ ဟန်ကျွယ်က ဒီအကြောင်း ပြောလိုက်တဲ့အခါမှာတော့ ချင်းလွမ်အာ ခံစားခဲ့ရတဲ့ နာကျင်မှုတွေဟာ ချိုမြန်မှုတွေ ဖြစ်သွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်နဲ့ ချင်းလွမ်အာဟာ တာအိုဘုံကျောင်းထဲက လမ်းလျှောက်ထွက်ပြီး သူတို့ရဲ့ သမီးလေးကို တတိယ တာအိုစက်ကွင်းထဲက တခြားသက်ရှိတွေနဲ့ မိတ်ဆက်ပေးပါတယ်။ ဒီသက်ရှိတွေက အရမ်း စိတ်လှုပ်ရှားသွားကြပြီး ဟန်ချင်းအာကို ဖက်ချင်လာကြပါတယ်။

ဒီလိုနဲ့ ဟန်ချင်းအာဟာ လူအများကြီးရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံရပြီး ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာပါတယ်။ သူမရဲ့ အရည်အချင်းကို ဟန်ကျွယ်က ချိပ်ပိတ်ထားပေမဲ့ ပင်ကိုယ်စရိုက်အရ ထက်မြက်နေတုန်းပါ။ တစ်နှစ်သမီး အရွယ်မှာတင် ပျံသန်းနိုင်ပြီး သုံးနှစ်အရွယ်မှာ စိတ်ဝိညာဉ်ချီကို ရှူရှိုက်ကာ ကျင့်ကြံအားထုတ်နိုင်ပါပြီ။

ငါးနှစ်အရွယ်မှာတော့ ကနဦးဝိညာဉ်အဆင့်ကို ရောက်ရှိသွားပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ချင်းလွမ်အာနဲ့ ဟန်ချင်းအာကို ပင်မတာအိုစက်ကွင်းဆီ ခေါ်သွားပါတယ်။

ငါးနှစ်အရွယ် ဟန်ချင်းအာဟာ ကြာစိမ်းဝတ်ရုံကို ဝတ်ဆင်ထားပြီး ဟန်ကျွယ်ရဲ့ ရုပ်ရည်ကို အမွေဆက်ခံထားတာကြောင့် သူမရဲ့ မျက်နှာလေးဟာ ကြည့်မဝအောင်ကို ချစ်ဖို့ကောင်းလှပါတယ်။ သူမရဲ့ ရုပ်ရည်က ဟန်ကျွယ်ထက် နည်းနည်း နိမ့်ကျပေမဲ့ လူတိုင်းရဲ့ ချစ်ခင်မြတ်နိုးမှုကို ရဖို့တော့ လုံလောက်ပါတယ်။

ဟန်ကျွယ်ဟာ ချင်းလွမ်အာတို့ သားအမိနှစ်ယောက်ကို ဘေးနားက တာအိုဘုံကျောင်းဆီ ခေါ်သွားပြီး ရှင်းဟုန်ရွှမ်နဲ့ တွေ့ပေးပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters