← Chapters

အတိတ်

Vol. 83 Ch. 874

အတိတ်

Vol. 83 Ch. 874

ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲ ဝင်လိုက်တဲ့အခါ ရှင်းဟုန်ရွှမ်က တရားထိုင်တုန်း ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ချင်းလွမ်အာဟာ ရင်ထိတ်သွားပေမဲ့ ဟန်ချင်းအာကတော့ ဘာကိုမှ မကြောက်ဘဲ ရှင်းဟုန်ရွှမ်ကို စိုက်ကြည့်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်တို့ သုံးယောက်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း မတ်တတ်ရပ်ပြီး ကြိုဆိုလိုက်ပါတယ် “ဒါက ညီမ ချင်းလွမ်အာ ထင်တယ်”

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် ပြင်ဆင်ထားနိုင်အောင် လွန်ခဲ့တဲ့တစ်နှစ်ကတည်းက ဒီအကြောင်းကို ရှင်းဟုန်ရွှမ်ဆီ အသံလွှင့်ပြီး ပြောပြီးပါပြီ။

ချင်းလွမ်အာဟာ ရှင်းဟုန်ရွှမ်ရဲ့ အပြုံးကို မြင်လိုက်ရတဲ့အခါ ချက်ချင်း သက်သာရာ ရသွားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်နောက်ကို ဟန်ချင်းအာကို ကြည့်ပြီး ပြုံးလိုက်ပါတယ် “ချင်းအာ... အဒေါ့်ကို အမေအကြီးဆုံးလို့ခေါ်”

ဟန်ချင်းအာဟာ ခေါင်းစောင်းပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အမေအကြီးဆုံးဆိုတာက ဘာကို ပြောတာလဲ၊ မေမေက တစ်ယောက်တည်းရှိတာ မဟုတ်ဘူးလား”

‘အမေအကြီးဆုံး...’ ဟန်ကျွယ်ဟာ ရယ်ချင်သွားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ချင်းအာကို ပွေ့ချီပြီး ပြုံးလိုက်ပါတယ် “သမီးရဲ့မေမေနဲ့ အ‌ဒေါ်နဲ့က သမီးဖေဖေရဲ့ မိန်းမတွေလေ၊ အဲဒီတော့ အဒေါ်ကလည်း သမီးမေမေလို့ ပြောလို့ရတယ်”

ချင်းလွမ်အာဟာ ပဟေဠိ ဖြစ်သွားပါတယ် ‘အမေအကြီးဆုံး... သူက ငါ့ထက်စောပြီး ယောက်ျားနဲ့ တွေ့ခဲ့တာလား... ဒါဆို သေမျိုးကမ္ဘာကတည်းက ရှင်းဟုန်ရွှမ်က ယောက်ျားနောက် လိုက်နေခဲ့တာလား...’

ချင်းလွမ်အာဟာ သိချင်စိတ်ကို စိတ်ထဲမှာပဲ သိမ်းထားလိုက်ပါတယ်။ နောက်ကျရင် မေးဖို့ အခွင့်အရေးတွေ အများကြီးရှိတယ် မဟုတ်ပါလား။

ချင်းလွမ်အာဟာ ရှင်းဟုန်ရွှမ်ကို မနာလို မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှင်းဟုန်ရွှမ်က သဘောကောင်းလွန်းလို့ပါ။ သူ့သမီးကိုတောင် အရင်စ စကားပြောပြီး သူတို့ကို ကြင်ကြင်နာနာ ဆက်ဆံတယ် မဟုတ်ပါလား။

အချိန်အတန်ကြာအောင် စကားပြောပြီးတဲ့ နောက်မှာတော့ ချင်းလွမ်အာက စပ်စုလိုက်ပါတယ် “အစ်မရဲ့ သားရော... ယောက်ျားပြောတော့ အစ်မမှာလည်း သားတစ်ယောက် ရှိတယ်ဆို”

ရှင်းဟုန်ရွှမ်ဟာ သူမဗိုက်ကို အသာပွတ်ပြီး ပြုံးလိုက်ပါတယ် “ဒီမှာလေ... သူက အခုထိ မမွေးသေးဘူး”

ချင်းလွမ်အာဟာ ကြက်သေသေသွားပါတယ် ‘ခုထိ မမွေးသေးဘူး...’

ချင်းလွမ်အာဟာ မနေနိုင်ဘဲ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

“ဒီကလေးက နည်းနည်း ထူးခြားတယ်၊ သူ့ကို အာဟာရပေးပြီး ပျိုးထောင်ထားတာ အတော်လေး ကြာပြီ၊ ခုထိ မမွေးသေးဘူး၊ ဒါပေမဲ့ သူ ပဋိသန္ဓေယူတဲ့အချိန်ကနေ တွက်ကြည့်ရင် သူက ချင်းအာရဲ့ အစ်ကိုပဲ”

“အား... သမီးရဲ့အစ်ကို... သူက ဗိုက်ထဲမှာပဲ ရှိသေးတာလေ၊ သမီးရဲ့ မောင်လေး ဖြစ်ရမှာ မဟုတ်ဘူးလား၊ သမီး အစ်မကြီး ဖြစ်ချင်တယ်... သမီး အစ်မကြီး ဖြစ်ချင်တယ်...” ဟန်ချင်းအာဟာ ခေါင်းခါပြီး အော်ပြောပါတော့တယ်။ ဟန်ချင်းအာဟာ ရှင်းဟုန်ရွှမ်ရဲ့ ဗိုက်ကို တအံ့တဩ တို့ကြည့်လိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပါတယ် “ရတယ်... သမီး အစ်မကြီး လုပ်လို့ရတယ်၊ ဒါပမဲ့ အစ်မကြီး လုပ်ရင် မောင်လေးကို ဂရုစိုက်ရမှာနော်၊ နောက်ကျရင် မောင်လေး လိုချင်တာ မှန်သမျှ အကုန်ပေးရမှာနော်၊ သူက အစ်ကိုဆိုရင် သမီးကို ဂရုစိုက်ပြီး သမီးလိုချင်တာမှန်သမျှ လုပ်ပေးလိမ့်မယ်၊ ဒီတော့ သမီး အစ်မကြီး ဖြစ်ချင်လား၊ ညီမလေး ဖြစ်ချင်လား...”

ဟန်ချင်းဟာ ခေါင်းစောင်းပြီး တစ်ခဏ တွေးတောလိုက်ပါတယ် “ဒါဆို သမီး ညီမလေးပဲ လုပ်တော့မယ်”

ချင်းလွမ်အာဟာ မရယ်ဘဲ မနေနိုင်ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ ဟန်ချင်းအာရဲ့ နှာတံလေးကို သပ်ပြီး ပြုံးလိုက်ပါတယ် “ကြည့်ရတာ ငါတို့ရဲ့ ချင်းအာလေးက အရမ်း ဉာဏ်ကောင်းတာပဲ”

“ဟုတ်တယ်... သမီးက ဉာဏ်အကောင်းဆုံးပဲ” ဟန်ချင်းအာဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဘေးကနေ ရပ်ကြည့်ပြီး ပြုံးလိုက်ပါတယ်။

နှစ်နာရီကြာတဲ့အခါမှာတော့ သူတို့ဟာ ရှင်းဟုန်ရွှမ်ရဲ့ တာအိုဘုံကျောင်းထဲကနေ ထွက်ပြီး ရွှမ်ချင်းကျွင်းရဲ့ တာအိုဘုံကျောင်းဆီ သွားပါတယ်။ ရွှမ်ချင်းကျွင်းကလည်း ဟန်ကျွယ်ရဲ့ တာအိုလက်တွဲဖော်ပါ။ သူတို့နှစ်ယောက်ဟာ တစ်ကြိမ်မက အတူတူနေပြီးပြီမလို့ လင်မယားအရာ မြောက်နေပါပြီ။ ချင်းလွမ်အာတို့ သားအမိအကြောင်းကိုလည်း လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ဟန်ကျွယ်ပြောလို့ သိထားပြီးသား ဖြစ်နေပါပြီ။

ရှင်းဟုန်ရွှမ်နဲ့ မတူတာက ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်တို့ကို တာအိုဘုံကျောင်းထဲမှာ စောင့်နေတာပါ။ ရွှမ်ချင်းကျွင်းဟာ ရှင်းဟုန်ရွှမ်လောက် ဖော်ဖော်ရွေရွေ မရှိပေမဲ့ ချင်းလွမ်အာကိုတော့ သူမနဲ့ ရင်းနှီးတယ်လို့ ခံစားရစေပါတယ်။ ရွှမ်ချင်းကျွင်းဟာ ဓမ္မရတနာတစ်ပါးတောင် လက်ဆောင် ပေးလိုက်ပါသေးတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းရဲ့ တာအိုဘုံကျောင်းထဲကနေ မထွက်ခွာခင် ရွှမ်ချင်းကျွင်းရဲ့ အဓိပ္ပာယ်ပါတဲ့ အကြည့်ကို ခံစားမိလိုက်ပါတယ်။ ကျွန်မလည်း ကလေးလိုချင်တယ်ဆိုတဲ့ အကြည့်မျိုးပါ။

ရွှမ်ချင်းကျွင်းဟာ အရင်တုန်းက ကလေးလိုချင်တယ်လို့ ဟန်ကျွယ်ကို ပူဆာခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အခု ဟန်ချင်းအာကို မြင်လိုက်ရတဲ့အခါမှာတော့ ရွှမ်ချင်းကျွင်းဟာ ကလေး ပြန်လိုချင်လာပါတယ်။

ဟန်ကျွယ်ဟာ အသံလွှင့်ပြီး ရွှမ်ချင်းကျွင်းကို နှစ်သိမ့်ကာ ချင်းလွမ်အာတို့ သားအမိနဲ့အတူ ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့စိတ်ဆန္ဒကို သူ့ခန္ဓာကိုယ်နေရာမှာ အစားထိုးပြီး ချင်းလွမ်အာတို့ သားအမိနဲ့အတူ အင်မော်တယ်ကမ္ဘာထဲ ခုန်ဝင်လိုက်ပါတယ်။

သူတို့သုံးယောက်ဟာ လူသားတွေ နေထိုင်တဲ့ မြို့တစ်မြို့ကို ရောက်ရှိသွားကြပါတယ်။ လမ်းသွားလမ်းလာတွေကို ကြည့်ရင်း ချင်းလွမ်အာဟာ မှင်တက်သွားပါတယ်။

‘ဘယ်လောက်တောင် ကြာသွားပြီလဲ’ သူ့ရှေ့က မြင်ကွင်းဟာ ချင်းလွမ်အာကို ငိုချင်စိတ် ပေါက်သွားစေပါတယ်။ နှစ်ငါးသန်းတောင် ကြာသွားပြီဖြစ်တဲ့အတွက် သူ့မိတ်ဆွေဟောင်းတွေ ဆွေမျိုးတွေလည်း အစအနတောင် ကျန်တော့မှာ မဟုတ်ပါဘူး။

ဟန်ချင်းအာကတော့ အရမ်းစိတ်လှုပ်ရှားပြီး တရစပ် အော်ဟစ်နေပါတယ်။

အင်မော်တယ်ကမ္ဘာက ကျယ်ပြောလွန်းပါတယ်။ ဟန်ကျွယ်ဟာ ဟန်ချင်းအား ကြီးပြင်လာတကို စောင့်ဆိုင်းရင်း အင်မော်တယ်ကမ္ဘာမှာ ခရီးနှင်ဖို့ စီစဉ်ထားပါတယ်။

တစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်တို့တွေဟာ သူတို့အရင်နေထိုင်ခဲ့တဲ့ မြို့ဆီ ပြန်ရောက်သွားပါတယ်။ ဒါပေမဲ့ ဒီနေရာဟာ ခြောက်ကပ်နေပြီး ဘယ်ကိုကြည့်ကြည့် တောတောင်တွေနဲ့ မြက်ပင်တွေချည်းပါပဲ။ လူဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မတွေ့ရပါဘူး။

ချင်းလွမ်အာဟာ ချောက်ကမ်းပါးစွန်းမှာ ရပ်ရင်း ငေးကြောင်သွားပါတယ်။

ဟန်ချင်းအာဟာ တောအုပ်ထဲမှာ လျှောက်ပျံသန်းပြီး ဟန်ကျွယ်ကိုတောင် နောက်ကနေ လိုက်ခိုင်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က မသိချင်ယောင် ဆောင်နေလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ချင်းလွမ်အာဆီ လျှောက်သွားပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “အချိန်က ဒီလိုပဲ၊ တစ်နေ့ကျရင် မင်း အသားကျသွားပါလိမ့်မယ်”

ချင်းလွမ်အာဟာ ဟန်ကျွယ်ကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ် “ဒါဆို ယောက်ျားက မိန်းမကို တွေ့တုန်းကလည်း ဒီလို တည်ငြိမ်နေတာပဲလား”

“ဟုတ်တယ်”

“ဟမ်... အဲဒါဆို မိန်းမကို ဘာဖြစ်လို့ လိမ်တာလဲ၊ မိန်းမ သေပြီးမှ အင်မော်တယ်နဲ့ တွေ့တာဆို”

“ဒါဆို မင်းငါရဲ့ ဇာတ်လမ်းကို နားထောင်ချင်လား၊ ဘာပဲဖြစ်ဖြစ် ငါ မင်းတို့ကို တော်တော်ကြာအောင် အဖော်ပြုရဦးမှာ၊ ငါ့ဇာတ်လမ်းကို အစအဆုံး ပြောပြလို့ရတယ်”

“နားထောင်မယ်... ပြောပြ” ချင်းလွမ်အာရဲ့ မျက်လုံးတွေဟာ ချက်ချင်း ဝင်းလက်သွားပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်”ငါက အင်မော်တယ်ကမ္ဘာအောက်မှ ရှိတဲ့ သေမျိုးကမ္ဘာတစ်ခုမှာ မွေးဖွားခဲ့တာ၊ ငါ့မိဘတွေက ဂိုဏ်းအပြင်ဘက်မှာရှိတဲ့ ဆေးဥယျာဉ်တစ်ခုက ကျေးကျွန်တွေ၊ ငါ ငယ်ငယ်လေးကတည်း သူတို့တွေ ငါ့ကို တစ်ယောက်တည်း စွန့်ပစ်ပြီး ဆေးဥယျာဉ်ကနေ ထွက်ပြေးသွားကြတယ်...”

ချင်းလွမ်အာဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ချင်းလွမ်အာဟာ ဟန်ကျွယ်မှာ ဒီလိုမျိုး ဝမ်းနည်းဖို့ကောင်းတဲ့ နောက်ခံ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ အတိတ်ကို အသေးစိတ် ပြန်ပြောင်း ပြောပြပါတယ်။ ဒါပေမဲ့ စနစ်၊ တိတ်ဆိတ်ဂိုဏ်းနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ စတဲ့ နာမည်တွေကိုတော့ ထိန်ချန်ထားလိုက်ပါတယ်။

အချိန်ဟာ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးကာ အမှောင်ထု ကျရောက်လာပါတယ်။ ဟန်ချင်းအာဟာ ဟန်ကျွယ်တို့နှစ်ယောက် နောက်မှာ မတရားခံရတဲ့ မျက်နှာနဲ့ ပေါ်လာပါတယ်။ သူ နေ့တစ်ဝက်တောင် ထွက်သွားတာကို သူ့မိဘတွေက သူ့ကို လိုက်မရှာဘူး မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဟန်ချင်းအာရဲ့ လက်ကို ကိုင်ပြီး လမ်းလျှောက်ရင်း ချင်းလွမ်အာနဲ့ စကား ဆက်ပြောပါတယ်။ ချင်းလွမ်အာဟာ ဟန်ကျွယ်ရဲ့ ဇာတ်လမ်းကို နားထောင်ရင်း စိတ်ဝင်စားလွန်းတာကြောင့် သူ့သမီးကိုတောင် ဂရုမစိုက်နိုင်တော့ပါဘူး။

လေးငါးဆယ်ရက် ကြာမှပဲ ဟန်ကျွယ်ဟာ သူ့အကြောင်းကို ပြောလို့ ပြီးသွားပါတယ်။

ချင်းလွမ်အာဟာ သက်ပြင်းချလိုက်ပါတယ် “ယောက်ျားက မိန်းမနဲ့ မတွေ့ခင် ဒီလိုမျိုး အတွေ့အကြုံတွေ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး” ချင်းလွမ်အာဟာ ဟန်ကျွယ်ကို အလွန်တရာ နူးညံသိမ်မွေ့တဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်က အရမ်းကို တည်ငြိမ်လွန်းပါတယ်။ အခက်အခဲတွေ ဘေးဒုက္ခတွေကို တစ်ယောက်တည်း ရင်ဆိုင်ပြီး ဘယ်တုန်းကမှ ပင်ပန်းတယ်လို့ စောဒက မတက်ခဲ့ပါဘူး။

ရုတ်တရက်ဆိုသလို ချင်းလွမ်အာဟာ သူ့ကိုယ်သူ ရှက်သွားပါတယ်။ ဟန်ကျွယ်က အကောင်းဆုံး ကြိုးစားပြီး သူမကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တာတောင် သူမက ကျင့်ကြံအားထုတ်ဖို့ ပျင်းရိနေတယ် မဟုတ်ပါလား။ အတိတ်မှာတုန်းက ဟန်ကျွယ်မှာ ကာကွယ်ဖို့ ဘယ်သူမှ မရှိခဲ့ပါဘူး။ ဒါပေမဲ့ သူမကတော့ ဘာကိုမှ စိုးရိမ်စရာမလိုဘဲ စိတ်အေးလက်အေး ကျင့်ကြံအားထုတ်လို့ရနေတယ် မဟုတ်ပါလား။

“ဖေဖေ... မေမေ... စကားပြောလို့ ပြီးပြီလား... သမီးပျင်းလို့ သေတော့မယ်”

ဟန်ကျွယ်နဲ့ ချင်းလွမ်အာတို့ တိတ်ဆိတ်သွားတဲ့အတွက် ဟန်ချင်းအာဟာ နှုတ်ခမ်းစူပြီး အော်ဟစ်လိုက်ပါတယ်။ ဒီရက်တွေမှာ ဟန်ချင်းအာဟာ အချိန်အများစုကို အိပ်စက်ပြီး ကုန်ဆုံးခဲ့ရပါတယ်။ ဟန်ချင်းအာမှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ သူ့မိဘတွေ ပြောတဲ့ စကားကို နားမလည်သလို နည်းနည်းလေးမှာလည်း စိတ်မဝင်စားဘူး မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဟန်ချင်းအားရဲ့ ပါးကို ဆွဲဖြဲပြီး ပြုံးလိုက်ပါတယ် “ချင်းအာ... ဖေဖေ သမီးကို သမီးရဲ့ တူမဆီ ခေါ်သွားရမလား”

“တူမ... တူမဆိုတာက ဘာကို ပြောတာလဲ”

“သမီးရဲ့ အစ်ကိုရဲ့ သမီးကို ပြောတာ”

“အား... သွားမယ်... သွားမယ်... သမီး အဲဒီကို သွားမယ်”

ဟန်ချင်းအာ ချက်ချင်း စိတ်လှုပ်ရှားလာပါတယ်။

ချင်းလွမ်အာက တအံ့တဩ မေးလိုက်ပါတယ် “ထော်အာမှာ သမီးရှိတာလား၊ သူ အသက်ရှင်နေတုန်းလား”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အဲဒီကောင်လေးက ငါ့လိုပဲ၊ သူ့သမီးကို လုံးဝ ဂရုမစိုက်ဘူး၊ ငါ့ကူညီမှုကြောင့်သာ မဟုတ်ရင် မင်းမြေးမက သေသွားတာကြာပြီ၊ ဒါနဲ့ မင်းမှာ လွန်ခဲ့တဲ့ နှစ်သန်းချီက သေသွားခဲ့တဲ့ မြေးတစ်ယောက်လည်း ရှိသေးတယ်”

ချင်းလွမ်အာဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဘာမှမပြောတော့ဘဲ ချင်းလွမ်အာတို့ သားအမိနှစ်ယောက်ကို ငရဲပြည်ဆီ ခေါ်သွားပါတယ်။

သူတို့သုံးယောက်ဟာ ရန်ထျန်တုန်းရဲ့ ငရဲမင်းခန်းမဆီ ရောက်သွားပါတယ်။

ရန်ထျန်တုန်းက ကျင့်ကြံအားထုတ်နေတဲ့အတွက် ခန်းမတစ်ခုလုံး တိတ်ဆိတ်ပြီး သရဲအမှုထမ်းတွေလည်း ရှိမနေပါဘူး။

“ဖေဖေ သူက ဘယ်သူလဲ၊ သူ့ပုံစံကြည့်ရတာ ကြောက်စရာကြီး...”

ဟန်ချင်းအာရဲ့ အသံကို ရန်ထျန်တုန်းကို နိုးသွားစေပါတယ်။ ရန်ထျန်တုန်းဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ မှင်တက်သွာပြီး ရင်ထဲမှာ ဟာလာဟင်းလင်း ဖြစ်သွားပါတယ်။

“ဆရာ... ဆရာသခင်...”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters