← Chapters

အင်မော်တယ် ဒဏ္ဍာရီ

Vol. 83 Ch. 876

အင်မော်တယ် ဒဏ္ဍာရီ

Vol. 83 Ch. 876

“ဖေဖေ... ဟန်ရှင်းယွမ်က အသက် ဘယ်လောက်ရှိသွားပြီလဲ”

“ဖေဖေ... သမီးရဲ့ အစ်ကိုက ဘယ်မှာလဲ”

“ဖေဖေ... သမီး အစ်ကိုဆီ သွားချင်တယ်”

“ဖေဖေ...”

ဟန်ကျွယ်ဟာ စိတ်မရှည်တော့ပါဘူး။ ဟန်ချင်းအာကို လွှင့်ပစ်ချင်စိတ် ပေါက်သွားပါတယ်။

ဒါကို မြင်တဲ့ ချင်းလွမ်အာက ပြုံးလိုက်ပါတယ် “သမီး ဒီလို ဆက်ပြီးတော့ ပြဿနာရှာနေရင် သမီးဖေဖေက သမီးကို တကယ် လွှင့်ပစ်လိုက်လိမ့်မယ်”

ဟန်ချင်းအာဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ် “သမီး မကြောက်ပါဘူး၊ သမီး ပျံတတ်တယ်”

ဟန်ကျွယ်ဟာ ဟန်ချင်းအာကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး ဟန်ထော်အကြောင်းကို တစ်ခွန်းမ မဟပါဘူး။ ဒါကြောင့် ဟန်ချင်းအာဟာ စိတ်ဆိုးသွားပြီး မျက်လုံးတွေ နီရဲသွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ သူ့မိန်းမနဲ့ သမီးကို အင်မော်တယ်ကမ္ဘာဆီ ခေါ်သွားပါတယ်။

မျက်တောင်တစ်ခတ်အတွင်း ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။

ဟန်ချင်းအာဟာ မိန်းမပျိုလေး ဖြစ်လာပါပြီ။ ဟန်ချင်းအာဟာ လှပတဲ့ အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ရှည်လျားတဲ့ ဆံနွယ်တွေကိုတော့ ပိုးစတစ်စနဲ့ ချည်နှောင်ထားပါတယ်။ ဟန်ချင်းအာဟာ တက်တက်ကြွကြွနဲ့ ချင်းလွမ်အာဆီ လျှောက်လာပါတယ်။ ကြည့်လိုက်ရင် သူတို့နှစ်ယောက်က သားအမိနဲ့ မတူဘဲ ညီအစ်မတွေနဲ့ ပိုတူပါတယ်။

ဟန်ကျွယ်ဟာ ဟန်ချင်းအာနဲ့ ချင်းလွမ်အာရှေ့မှာ မတ်တတ်ရပ်ပြီး ကောင်းကင်ကို ကြည့်လိုက်ပါတယ်။

“ဖေဖေ... သမီးတို့ ဘယ်ထပ်သွားမှာလဲ” ဟန်ချင်းအာက မျှော်လင့်ချက် အပြည့်နဲ့ မေးလိုက်ပါတယ်။ ဟန်ချင်းအာ ငယ်ရွယ်စဉ်ကတည်းက ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ရပြီး သောကဆိုတာကို ဘာမှန်းတောင် မသိပါဘူး။ နေ့တိုင်း အသစ်အသစ်တွေကို တွေ့မြင်ရပြီး ခရီးသွားဖို့လည်း ဘာအားမှ စိုက်ထုတ်စရာ မလိုပါဘူး။ အရမ်းကို လွယ်ကူလွန်းတဲ့ ဘဝပါ။

“သေမျိုးကမ္ဘာဆီ သွားမယ်၊ ဒါက နောက်ဆုံးအကြိမ်ပဲ၊ ပြီးရင် ငါတို့တွေ အိမ်ပြန်ကြမယ်၊ အဲဒီအချိန်ကျရင် မင်း အပြင်ကို ပြန်ထွက်လာဖို့ ခက်ခဲလိမ့်မယ်၊ ဘဝကို ပေါ့ပေါ့တန်တန်နေလို့ မရဘူး”

ဟန်ချင်းအာ နှုတ်ခမ်းမဲ့သွားပါတယ် “ရတယ်၊ ဘာမှမဖြစ်ဘူး၊ သမီးက ဒီလောက် အရည်အချင်းရှိတာ၊ အဲဒီအချိန်ကျရင် ဖေဖေကို အံ့အားသင့်သွားအောင် လုပ်ပြမယ်”

ဒီနှစ်တွေမှာ ဟန်ချင်းအာဟာ အင်မော်တယ်ကမ္ဘာရဲ့ ကျင့်ကြံမှု အခြေအနေကို နားလည်လာခဲ့ပါတယ်။ တခြားလူတွေနဲ့ နှိုင်းယှဉ်ပြီးနောက် သူမက အရမ်းအရမ်း အရည်အချင်းရှိတာကို ရှာတွေ့သွားတဲ့အတွက် ဟန်ချင်းအာဟာ ကျင့်ကြံရာမှာလည်း မျှော်လင့်ချက်တွေ ရှိပါတယ်။

ချင်းလွမ်အာဟာ ပြုံးလိုက်ပါတယ် “ချင်းအာရဲ့ အရည်အချင်းက တကယ် မဆိုးဘူး၊ အရင်တုန်းက သမီးအစ်ကိုမှာ သမီးလိုမျိုး အရည်အချင်း မရှိခဲ့ဘူး၊ ဒါပေမဲ့ သမီးအစ်ကိုက သူ့အရည်အချင်းကို စိတ်မပျက်ဘဲ အခွင့်အရေးရှာဖို့ အင်မော်တယ်ကမ္ဘာကို တစ်ကိုယ်တည်း ခရီးနှင်ခဲ့တယ်”

ဟန်ထော်အကြောင်း ပြောမိတဲ့အခါ ဟန်ချင်းအာဟာ စိတ်ဝင်စားလာပါတယ် “မေမေ... သမီးအစ်ကိုရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ကို ရောက်နေပြီလဲ၊ အစ်ကိုက အသက်ငါးသန်းတောင် ရှိနေပြီလို့ မေမေပဲ ပြောထားတာလေ၊ အစ်ကိုက ကောင်းကင်ဘဝဂ် ရွှေအင်‌မော်တယ် ဖြစ်နေပြီလား”

အင်မော်တကယ်ကမ္ဘာက သက်ရှိ အများကြီးဟာ နှစ်ငါးသန်းကျော် ရှင်သန်နိုင်ကြပေမဲ့ နတ်မင်းအဆင့်တောင် မထိုးဖောက်နိုင်ကြပါဘူး။ ချင်းလွမ်အာကလည်း ဒီအဆင့်မှာပါ။ ဒါကြောင့် ဟန်ချင်းအာဟာ စွမ်းအားကြီးမားတယ်ဆိုတဲ့ သူ့အစ်ကိုက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်လို့ ထင်နေတာပါ။ တစ်ခါမှ မတွေ့ဖူးပေမဲ့ ဟန်ချင်းအာဟာ ဟန်ထော်ကို အလိုလိုနေရင်း လေးစားနေပါတယ်။

ချင်းလွမ်အာဟာ ခေါင်းခါပြီး ရယ်မောကာ ဟန်ကျွယ်ကို တစ်ချက်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်က ဘာမှမပြောချင်တာကို တွေ့လိုက်ရပါတယ်။

“ဖြစ်နိုင်ပါတယ်”

ဟန်ကျွယ်ဟာ ဟန်ချင်းအာကို တာအိုပညာရှိအထက်က အဆင့်တွေအကြောင်း မသိစေချင်သေးပါဘူး။ ပျင်းပြီး မကျင့်ကြံမှာစိုးလို့ပါ။

ချင်းလွမ်အာဟာ ဒါကို နားလည်ပါတယ်။

ဟန်ကျွယ်ဟာ လှည့်မကြည့်ဘဲ ပြောလိုက်ပါတယ် “အင်း... အိမ်ပြန်ရောက်ရင် သွားကြည့်ရမယ်၊ ဒါပေမဲ့ သမီးရဲ့ ဒုတိယအစ်ကို မွေးဦးမှာ မဟုတ်သေးဘူး”

“ဒုတိယ အစ်ကိုက ဘာဖြစ်လို့ မမွေးသေးတာလဲ၊ အမေအကြီးဆုံးက လူမဟုတ်ဘဲ နတ်ဆိုး ဖြစ်နေလို့လား”

“ဘယ်ကလား... သမီးရဲ့ ဒုတိယ အစ်ကိုက အရည်အချင်း ရှိလွန်းလို့ မမွေးနိုင်သေးတာ”

“အရည်အချင်း ရှိလွန်းလို့...” ဟန်ချင်းအာရဲ့ မျက်လုံးတွေဟာ ဝင်းလက် တောက်ပသွားပါတယ်။

ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့ပြီး ဟင့်ခနဲ လုပ်လိုက်ပါတယ် “မေးတာများနေပြီ... တော်တော့”

ဟန်ကျွယ်ဟာ အင်္ကျီညာလက်စကို ဝှေ့ယမ်းလိုက်ပါတယ်။ အဲဒီနောက် သူတို့သုံးယောက်ဟာ ထုန်ကျန့်ကမ္ဘာကို ရောက်ရှိသွားပါတယ်။ သူတို့အောက်က ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တောင်ထိပ် ၁၈ ထိပ်ပါ။ ဒါပေမဲ့ မြေမျက်နှာသွင်ပြင်က လုံးဝ မမှတ်မိလောက်အောင်ကို ပြောင်းလဲသွားပါပြီ။

ဟန်ချင်းအာက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဒါက ဘယ်နေရာလဲ၊ ဘာဖြစ်လို့ တစ်ယောက်မှ မရှိရတာလဲ”

ချင်းလွမ်အာကလည်း ဟန်ကျွယ်ကို နားမလည်နိုင်စွာ ကြည့်လိုက်ပါတယ်။

“ဒါက ငါမွေးဖွားခဲ့တဲ့ နေရာပဲ” ဟန်ကျွယ်က ဖြေလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ စကားကို ကြားရတဲ့အခါ ချင်းလွမ်အာနဲ့ ဟန်ချင်းအာဟာ ဒီနေရာကို စိတ်ဝင်စားသွားကြပါတယ်။ သူတို့သုံးယောက်ဟာ မြေပြင်ပေါ် ဆင်းသက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှေ့ကနေ လျှောက်ပြီး အတွေးတွေကို အတိတ်ကို ပြန်ရာက်သွားပါတယ်။

ချင်းလွမ်အာနဲ့ ဟန်ချင်းဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်ပြီး ဟန်ကျွယ်ကို မနှောင့်ယှက်ကြပါဘူး။ ဟန်ကျွယ်ဟာ ချောက်ကမ်းပါးစွန်းတစ်စွန်းကို လျှောက်သွားပြီး တောင်တွေကို လှမ်းကြည့်လိုက်ပါတယ်။ တစ်ချိန်က ခမ်းနားထည်ဝါခဲ့တဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ပုံရိပ်ဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။ အတောမသတ်နိုင်အောင် များပြားလှတဲ့ တပည့်တွေဟာ တောင်တွေအနှံ့ ပျံသန်းနေကြပါတယ်။ ဟန်ကျွယ်ဟာ အကြီးအကဲ သံမဏိ၊ လီချင်းဇဲ့နဲ့ တာအိုသခင်ကျိုးတီတို့ကို တွေးမိလိုက်ပါတယ်။

အကုန်လုံးက အတိတ်မှာ ကျန်နေခဲ့ပါပြီ။ ဟန်ကျွယ်ရဲ့ မိတ်ဆွေဟောင်းတွေလည်း ပြန်လည်မွေးဖွားတာ ကြာခဲ့ပါပြီ။

“ဖေဖေ... ဟိုဘက်တောင်မှာ လူရှိနေတယ်” ဟန်ချင်းအာဟာ တောင်တစ်လုံးကို လက်ညှိုးထိုးပြီး တအံ့တဩ ပြောလိုက်ပါတယ်။

ဟန်ကျွယ်လည်း ဟန်ချင်းအာ လက်ညှိုးထိုးတဲ့နေရာကို လှမ်းကြည့်လိုက်တဲ့အခါ မျက်နှာချင်းဆိုင် တောအုပ်မှာ လူတစ်ယောက်က သစ်ပင်တွေ ခုတ်လှဲနေတာကို တွေ့လိုက်ရပါတယ်။

ဒီနေရာရဲ့ မိုင်တစ်သောင်း ပတ်လည်မှာ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိပါဘူး။ ဒီလိုနေရာမျိုးမှာ သစ်ခုတ်သမား ရှိနေတာက တကယ်ကို ထူးဆန်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ ဒီသစ်ခုတ်သမားကို စိတ်မဝင်စားပါဘူး။

ဟန်ချင်းအာဟာ သူ့အဖေက ဘာမှမပြောတဲ့အတွက် မျက်လုံးပင့်တက်သွားပြီး မျက်နှာချင်းဆိုင် တောအုပ်ကို ခုန်ပျံလိုက်ပါတယ်။

ချင်းလွမ်အာဟာ ဟန်ချင်းအာကို မတားပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ သစ်ခုတ်သမားက ဘာကျင့်ကြံမှုမှ မရှိတဲ့အတွက် လူဆိုးဆိုရင်တောင် ဟန်ချင်းအာကို ထိခိုက်အောင် မလုပ်နိုင်လို့ပါပဲ။

ဟန်ချင်းအာဟာ သစ်ခုတ်သမားနောက်မှာ ဆင်းသက်ပြီး ဟင့်ခနဲ အသံပြုလိုက်ပါတယ်။ သစ်ခုတ်သမားဟာ အလျင်စလို နောက်လှည့်ကြည့်လိုက်တဲ့အတွက် ဟန်ချက် မထိန်းနိုင်ဘဲ မြေကြီးပေါ် လဲကျသွားပါတယ်။ လက်ထဲက ပုဆိန်လည်း လွတ်ကျပြီး လက်ဖဝါးကို မတော်တဆ ထိမိကာ သွေးတွေ ထွက်လာပါတယ်။

သစ်ခုတ်သမားဟာ နာကျင်မှုကြောင့် မျက်မှောင်ကြုတ်သွားပေမဲ့ ညည်းညူခြင်းတော့ မရှိပါဘူး။

ဟန်ချင်းအာဟာ ထိတ်လန့်သွားပါတယ် “တောင်းပန်တယ်နော်...”

ဟန်ချင်းအာဟာ သစ်ခုတ်သမားက ငယ်ငယ်လေး ရှိသေးတာကို သတိထားမိလိုက်ပါတယ်။ ဒီသစ်ခုတ်သမားက နှစ်ဆယ်ကျော်လောက်လေးပဲ ရှိပါသေးတယ်။

သစ်ခုတ်သမားဟာ ပုဆိန်ကို ကောက်ယူပြီး သတိကြီးစွာ မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ... မိစ္ဆာမလား...”

‘ဒီမိန်းမက ဝတ်ရုံနီနဲ့ ဒီလောက် ချောတာဆိုတော့ သေချာပေါက် မိစ္ဆာမပဲ ဖြစ်ရမယ်’ ဒီအတွေးကြောင့် သစ်ခုတ်သမားရဲ့ မျက်နှာဟာ သွေးမရှိတော့ဘဲ ဇောချွေးတွေ စို့လာပါတယ်။

မိစ္ဆာတွေက လူသားစားတယ် မဟုတ်ပါလား။

ဟန်ချင်းအာဟာ နှုတ်ခမ်းမဲ့လိုက်ပါတယ် “ငါက မိစ္ဆာမဟုတ်ဘူး၊ နတ်သမီး”

ဟန်ချင်းအာဟာ ပြောပြာဆိုဆို ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ သစ်ခုတ်သမားရဲ့ လက်ဖဝါးက ဒဏ်ရာဟာ အရှင်းပျောက်သွားပါတယ်။

သစ်ခုတ်သမားဟာ မတ်တတ်ရပ်ပြီး ထွက်ပြေးပါတော့တယ်။

ဟန်ချင်းအာဟာ လက်မြှောက်ပြီး စိတ်ဝိညာဉ်စွမ်းအားနဲ့ သစ်ခုတ်သမားကို ပြန်ဆွဲယူလိုက်ပါတယ်။

“နင်ဘာလို့ ပြေးတာလဲ၊ ငါက မိစ္ဆာ မဟုတ်ဘူး၊ ငါ နင့်ဆီကို လာတာက ဒီလူသူမရှိတဲ့နေရာမှာ ဘာလုပ်နေလဲဆိုတာ လာမေးတာ” ဟန်ချင်းအာ စိတ်ဆိုးမာန်ဆိုး မေးလိုက်ပါတယ်။

သစ်ခုတ်သမားဟာ တုန်တုန်ယင်ယင် ပြန်ဖြေပါတယ် “ကျွန်တော် ဒီနားမှာ နေတာ၊ ဒီပတ်ဝန်းကျင်မှာ လူတစ်ယောက်မှ မရှိတာ အမှန်ပဲ”

“နင်က ဒီလောက် ကြောက်တတ်တာ၊ ဒီလို လူသူမရှိတဲ့နေရာမှာ ဘယ်လိုလုပ်ပြီး တစ်ယောက်တည်း နေရဲတာလဲ”

သစ်ခုတ်သမားဟာ အံ့ကြိတ်လိုက်ပြီး ဟန်ချင်းအာရဲ့ အမေးကို ပြန်မဖြေပါဘူး။ သစ်ခုတ်သမားဟာ ထွက်ပြေးဖို့ လမ်းစ ရှာပါတော့တယ်။

“နင် ဒီနေရာမှာ ဘာလုပ်နေတာလဲ... နင် အမှန်အတိုင်းဖြေရင် ငါ နင့်ကို ခက်ခဲအောင် မလုပ်ဘူး၊ နင့်ကို ကျင့်စဉ်တောင် သင်ပေးနိုင်တယ်”

သစ်ခုတ်သမားရဲ့ မျက်လုံးတွေဟာ အရောင် တောက်သွားပြီး ချက်ချင်း ပြန်ဖြေပါတယ် “ဒီနေရာ ပတ်ဝန်းကျင်မှာ အင်မော်တယ်တွေ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေ ရှိတယ်လို့ ပြောကြတယ်၊ နှစ်တစ်ထောင်တိုင်းမှာ တစ်ယောက်ယောက်က ဒီနေရာကနေ အင်‌မော်တယ်ကျင့်စဉ်ကို ရပြီး နာမည်ကြီးသွားကြတာချည်းပဲ၊ ကျွန်တော်လည်း ကြိုးစားကြည့်ချင်လို့ ဒီနေရာကို ရောက်နေတာ နှစ်ဝက်ရှိသွားပြီ”

“အဲဒါဆို နင်က ဘာဖြစ်လို့ အမွေအနှစ်ကို လိုက်မရှာဘဲ သစ်လာခုတ်နေရတာလဲ”

“ကျွန်တော် မီးမွေးချင်လို့ပါ၊ ဒီနေရာမှာ သားရဲတွေ အများကြီးရှိတယ်၊ မီးမရှိရင် ကျွန်တော် သေလိမ့်မယ်”

“အို..”

ဟန်ချင်းအာ တကယ့်သေမျိုးတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးတာမလို့ စိတ်ဝင်စားမှုတွေ ပြည့်နှက်နေပြီး မေးခွန်းမျိုးစုံ လျှောက်မေးပါတော့တယ်။ သစ်ခုတ်သမားဟာ သူသိသမျှကို ပြန်ဖြေပါတယ်။

ဟန်ချင်းအာဟာ သစ်ခုတ်သမား အကြောင်းကိုလည်း သိသွားပါတယ်။

သစ်ခုတ်သမားရဲ့ ရွာကို မိစ္ဆာကျင့်ကြံသူတွေက သတ်ဖြတ်ပြီး ဖုတ်ကောင်တွေ လုပ်ပစ်လိုက်ပါတယ်။ သစ်ခုတ်သမားက ကံကောင်းလွန်းလို့ ဒီကပ်ဘေးကနေ လွတ်မြောက်ခဲ့တာပါ။ သစ်ခုတ်သမားဟာ မိစ္ဆာကျင့်ကြံသူတွေကို ကလဲ့စားချေချင်တဲ့အတွက် ဆယ်နှစ်သားကတည်းက အင်မော်တယ်တွေကို လိုက်ရှာခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ ဘာအရည်အချင်းမှ မရှိတဲ့အတွက် ဘယ်ဂိုဏ်းကမှ လက်မခံပါဘူး။ အဲဒါကြောင့် သစ်ခုတ်သမားဟာ ကြားဖူးနားဝရှိတဲ့ ဒဏ္ဍာရီတွေကိုသာ အားကိုးရပါတော့တယ်။

ဟန်ချင်းအာဟာ သစ်ခုတ်သမားရဲ့ အကြောင်းကို ကြားရတဲ့အခါ ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး။ သစ်ခုတ်သမားဘက်ကနေ တွေးကြည့်ပြီး မျှော်လင့်ချက် ကင်းမဲ့တာကို ခံစားလိုက်ရပါတယ်။

“ငါ နင့်အတွက် ကလဲ့စားချေပေးရင်ရော...” ဟန်ချင်းအာက မေးလိုက်ပါတယ်။

သစ်ခုတ်သမားရဲ့ မျက်လုံးတွေဟာ တောက်ပသွားပေမဲ့ ချက်ချင်း ခေါင်းခါလိုက်ပါတယ် “မလိုဘူး၊ ကျွန်တော်ကိုယ်တိုင် ကလဲ့စားချေချင်တယ်၊ ကျွန်တော့်ကိုသာ ကျင့်စဉ် သင်ပေးပါ”

ဟန်ချင်းအာဟာ ဘာမှမတတ်နိုင်တော့ဘဲ လက်နှစ်ဖက်ကို ဖြန့်လိုက်ပါတယ် “တကယ်တော့ ငါ ကျင့်စဉ်တွေ မသိဘူး၊ ဒါပေမဲ့ ငါ့ဖေဖေကို မေးပေးမယ်”

ဟန်ချင်းအာဟာ တစ်ခါမှ လေးလေးနက်နက် မကျင့်ကြံခဲ့ပါဘူး။ အရည်အချင်းကိုသာ မှီခိုနေခဲ့တာပါ။

သစ်ခုတ်သမားဟာ ချက်ချင်း ဒူးထောက်ပြီး ရှိခိုးလိုက်ပါတယ် “ကျေးဇူးတင်ပါတယ် နတ်သမီး... နတ်သမီးရဲ့ ဖခင်ကသာ ကျွန်တော်ကို ကျင့်စဉ် သင်ပေးမယ်ဆိုရင် ကျွန်တော် ကျေးကျွန်လုပ်ပြီး နတ်သမီးကို တစ်ဘဝလုံး အမှုထမ်းပါမယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters