← Chapters

ဒဏ်ခတ်သမားများ ရောက်လာခြင်း

Vol. 83 Ch. 878

ဒဏ်ခတ်သမားများ ရောက်လာခြင်း

Vol. 83 Ch. 878

ကောင်းကင်ဘုံ ၃၃ ဘုံက ထွက်ခွာလာပြီးနောက် ဟန်ကျွယ်တို့ မိသားစုသုံးယောက်ဟာ အပြင်မှာ သိပ်ကြာကြာ မနေတော့ဘဲ ပင်မတာအိုစက်ကွင်းဆီ ပြန်ပါတယ်။ အဲဒီနောက် တတိယ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာလိုက်ပါတယ်။

“တော်တော်တောင် ကြာသွားပြီ၊ သမီး ဒီနေရာကို မေ့လုနီး ဖြစ်နေပြီ၊ အိမ်က အကောင်းဆုံးပဲ” ဟန်ချင်းဟာ တာအိုဘုံကျောင်းထဲက ထွက်ပြီး အကြောဆန့်ကာ လွမ်းဆွေးတသ ပြောလိုက်ပါတယ်။

ဘေးက ချင်းလွမ်အာဟာ ပါးစပ်ကို လက်နဲ့ပိတ်ပြီး ရယ်လိုက်ပါတယ် “ခစ်..ခစ်... နောက်ကျရင် သမီး ဒီလိုပြောမိတာ နောင်တရလိမ့်မယ်”

“ဘာဖြစ်လို့လဲ”

ချင်းလွမ်အာဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဘာဖြစ်လို့လဲဆိုတော့ သမီးဖေဖေက ဂူအောင်းကျင့်ကြံတော့မယ်”

“သူ့ဘာသာ ကျင့်ကြံတာ သမီးနဲ့ ဘာဆိုင်လို့လဲ”

“အပြင်ထွက်လို့ မရတော့ဘူးလေ”

“ဘာမှမဖြစ်ဘူး၊ ဂူအောင်းကျင့်ကြံတာပြီးရင် ဖေဖေက သမီးကို အပြင်ခေါ်သွားမှာပဲ”

“သမီးဖေဖေက တစ်ခါဂူအောင်းကျင့်ကြံရင် ဘယ်လောက်ကြာလဲဆိုတာ သမီးသိလို့လား”

“ဘယ်လောက်ကြာမှာမလို့လဲ၊ နေပါဦး... မေမေဆိုလိုတာက ဖေဖေက အချိန်အကြာကြီး ဂူအောင်းကျင့်ကြံတာပေါ့၊ ဘယ်လောက်တောင် ကြာမှာလဲ၊ နှစ်တစ်ရာလား၊ နှစ်တစ်ထောင်လား... မဖြစ်နိုင်ဘူး...”

ဟန်ချင်းအာရဲ့ မျက်နှာဟာ သွေးမရှိတော့ပါဘူး။

ဟန်ချင်းအာဟာ အင်မော်တယ်ကမ္ဘာမှာ ကျင့်ကြံသူ အများကြီးနဲ့ တွေ့ကြုံခဲ့ပါတယ်။ အဲဒီကျင့်ကြံသူတွေဆီက သိရသလောက် စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်ခါ ဂူအောင်းကျင့်ကြံရင် နှစ်တစ်ထောင် ကြာပါတယ်။

ဟန်ချင်းအာဟာ ပြန်ရောက်ခါစဆိုပေမဲ့ အင်မော်တယ်ကမ္ဘာကို ထပ်လည်ဖို့ မျှော်လင့်နေတုန်းပါ။ ဟန်ချင်းအာဟာ အချိန်တစ်ခု ကျင့်ကြံအားထုတ်ပြီးရင် အင်မော်တယ်ကမ္ဘာကို တစ်ယောက်တည်း သွားလည်ဖို့တောင် စဉ်းစားထားတာပါ။ သူ့မိဘတွေ မပါရင် လွတ်လပ်မှုရဲ့ အရသာကို တဝကြီး ခံစားရပြီး ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ကောင်းမယ် မဟုတ်ပါလား။

ချင်းလွမ်အာဟာ ခေါင်းခါ ရယ်မောလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပါတယ်။

ဟန်ချင်းအာဟာ လန့်သွားပါတယ် ‘နှစ်တစ်ထောင်ထက် ပိုကြာတာလား...’

“တော်ပြီ... တာအိုစက်ကွင်းထဲက တပည့်တွေနဲ့ သွားတွေ့ချည်၊ နောက်လေးငါးရက် ကြာရင် သမီး ကျင့်ကြံအားထုတ်ရတော့မယ်၊ မေမေ သမီးကို ဘယ်လို ကျင့်ကြံ အားထုတ်ရမလဲဆိုတာ သင်ပေးမယ်” ချင်းလွမ်အာဟာ ဟန်ချင်းအာ ခေါင်းကို ပုတ်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ်။ အဲဒီနောက် ဟန်ချင်းအာဟာ ခပ်လှမ်းလှမ်းမှာရှိတဲ့ သစ်ပင်အောက်က သက်ရှိတစ်ရာကျော်ဆီ လျှောက်သွားပါတယ်။

ဒီသက်ရှိတွေဟာ အခုထိ ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ဟန်ချင်းအာဟာ ဒီသက်ရှိတွေက နှစ်တွေ ဒီလောက်ကြာတာတောင် အခုလိုမျိုး ငယ်ငယ်လေး ရှိနေလိမ့်ဦးမယ်လို့ ထင်မထားခဲ့ပါဘူး။ ဟန်ချင်းအာဟာ သက်ရှိတွေဆီ ချက်ချင်း ပြေးသွားပါတယ်။

တာအိုဘုံကျောင်းအတွင်း။

ဟန်ကျွယ်ဟာ တင်ပလ္လင်ခွေထိုင်ပြီး စတင်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ ဟန်ချင်းအာနဲ့အတူ အချိန်ဖြုန်းခဲ့ရတဲ့ ဒီဆယ်နှစ်က သူ နှစ်သိန်းချီ ဂူအောင်းကျင့်ကြံတာထက် ပိုကြာတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ် အတွေးတွေဟာ အနည်ထိုင်ကျသွားပြီး ကျင့်ကြံမှု အခြေအနေကို ဝင်ရောက်သွားပါတယ်။

အချိန်က တကယ်ကို အကုန်မြန်လွန်းပါတယ်။ ဒီဆယ်နှစ်မှာ ဟန်ကျွယ်ဟာ ချင်းလွမ်အာ၊ ဟန်ချင်းအာတို့နဲ့အတူ ခရီးထွက်ခဲ့တာကြောင့် နေ့တိုင်း အသစ်အသစ်တွေကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီဆယ်နှစ်ကို အရမ်းကြာတယ်လို့ ခံစားနေရတာပါ။

ဟန်ကျွယ်ဟာ အချိန်အကြာကြီး မကျင့်ကြံမိတဲ့အတွက် စိတ်ထဲမှာ တော်တော်လေး လေးလံနေပါတယ်။ ဟန်ကျွယ်ဟာ သူ အပျင်းကြီးသွားမှာကို ကြောက်နေတာပါ။ သူ့ရဲ့ ကျင့်ကြံမှု သဘောထားကို နဂိုအတိုင်း ဆက်ထိန်းထားဖို့ လိုပါတယ်။ မဟုတ်ရင် သူ အစွမ်းအထက်ဆုံး ဖြစ်လာရင်တောင် တစ်နေ့ကျ ကျရှုံးကောင်း ကျရှုံးနိုင်ပါတယ်။

ရှေးခေတ်ကစလို့ အစွမ်းအထက်ဆုံးဆိုတဲ့ ထိပ်ဆုံးကို ရောက်ခဲ့တဲ့လူတွေဟာ ရေတွက်လို့တောင် မရပါဘူး။ အငယ်တွေက အမြဲတမ်း မြင့်တက်လာပြီး အစွမ်းအထက်ဆုံးဆိုတဲ့ လူတွေကို အနိုင်ယူသွားကြပါတယ်။

ဟန်ကျွယ် သာမန်ကာလျှံကာ ဂူအောင်းကျင့်ကြံအားထုတ်တဲ့ နှစ်တစ်သိန်းအတွင်းမှာ နောက်ထပ် အရည်အချင်းရှိတဲ့ ကျင့်ကြံသူတစ်ဦး ထွက်ပေါ်မလာဘူးလို့ အာမမခံနိုင်ပါဘူး။ တစ်ခါတစ်လေမှာ ပန်ကူးလိုမျိုး ကျင့်ကြံသူက နှစ်တစ်သိန်းကျော်ရုံနဲ့ ပေါ်လာနိုင်ပါတယ်။

ဒီအတွေးတွေကြောင့် ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားဟာ ခိုင်မြဲသွားပါတယ်။ ဟန်ကျွယ် ဝိညာဉ်နက်ထဲက လောကဦးကမ္ဘာဟာလည်း ပိုမိုမြန်ဆန်စွာ ကျယ်ပြန့်သွားပါတယ်။

နန်းတော်တစ်ဆောင်အတွင်း။

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ခန်းမထဲက ရုပ်သွင်ငါးသွင်ကို ကြည့်ပြီး မျက်နှာအမူအရာ ပြောင်းလဲသွားပါတယ်။

ဒဏ်ခတ်သမားငါးဖော်။

ငွေရောင်ချပ်ဝတ်နဲ့ ဟန်ထော်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ငါတို့တွေ ဘာဖြစ်လို့ ရောက်လာလဲဆိုတာ မင်း နားလည်မယ်လို့ ထင်တယ်”

ယီတျန်ရဲ့ မျက်နှာဟာ ပြုံးဖြဲဖြဲနဲ့ပါ။ သူတို့တွေဟာ ဒဏ်ခတ်သမားငါးဖော် ဖြစ်လာကတည်းက စိတ်ဓာတ်လည်း စပြီးတော့ ပြောင်းလဲပါတယ်။ အခုအချိန်မှာ ဘယ်မဟာတာအို နတ်စိတ်ဝိညာဉ်ကမှ သူတို့ကို မာမာထန်ထန် မဆက်ဆံရဲပါဘူး။ ဒီလိုအခြေအနေမှာ ယီတျန် မပြောနဲ့ ဘယ်သူပဲဖြစ်ဖြစ် မောက်မာလာမှာပါ။

“ငါ နားလည်တယ်၊ ငါ မင်းတို့ကို မတားပါဘူး” ရှန်ပေါင် တာအိုကျင့်ကြံသူဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘သခင်က တကယ်ကို စွမ်းအားကြီးတာပဲ၊ သားတောင် ဒဏ်ခတ်သမားငါးဖော်ရဲ့ ခေါင်းဆောင် ဖြစ်လာတယ်’

ဒဏ်ခတ်သမားငါးဖော်က ပေါ်လာတာ မကြာသေးဖူးဆိုပေမဲ့ ပဋိပက္ခမှာ စပြီးတော့ နာမည်ကျော်လာပါပြီ။

ဟန်ထော်က ပြောလိုက်ပါတယ် “ငါတို့တွေ မင်းအုပ်ချုပ်တဲ့ ပဋိပက္ခနယ်မြေမှာ အချိန်တစ်ခုလောက် နေချင်တယ်၊ လွတ်လပ်တာအိုပညာရှိနဲ့ မဟာတာအိုပညာရှိတွေကို စုစည်းချည်၊ ငါတို့ မင်းကို နှစ်တစ်သောင်း အချိန်ပေးမယ်”

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ကန့်ကွက်မှုမရှိ ခေါင်းညိတ်လိုက်ပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ အပြင်ပန်းမှာသာ မကျေမနပ်ချင်ယောင် ဆောင်နေတာပါ။ စိတ်ထဲမှာတော့ လုံးဝကို နာခံပါတယ်။

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဟန်ထော်က ဟန်ကျွယ် မဟာတာအိုနတ်စိတ်ဝိညာဉ်ထဲမှာ ချထားတဲ့ နယ်ရုပ်တစ်ရုပ်လို့ ထင်နေတာပါ။ ဒါကြောင့် ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဟန်ထော်ကို တရင်းတနှီး မဆက်ဆံရဲသလို ဟန်ကျွယ်နဲ့ သူရဲ့ ပတ်သက်မှုကိုလည်း လုံးဝ ထုတ်မပြောရဲပါဘူး။

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်လုံးမှိတ်ပြီး လွတ်လပ် တာအိုပညာရှိနဲ့ မဟာတာအိုပညာရှိတွေကို အသံလွှင့်စကား ပေးပို့လိုက်ပါတယ်။

ယီတျန်ဟာ ဟန်ထော်ကို ကြည့်ပြီး မေးလိုက်ပါတယ် “ကောင်းကင်တာအိုက ဒီပဋိပက္ခနယ်မြေထဲမှာ ငါတို့တွေ တစ်ချက်လောက် သွားကြည့်ကြမလား”

‘ကောင်းကင်တာအို...’ တခြား ဒဏ်ခတ်သမား သုံးဖော်ဟာ စပ်စုချင်သွားပါတယ်။

နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ တိုက်ပွဲက ပဋိပက္ခတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တာပါ။ တိုက်ပွဲအပြီးမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်လို့တောင် နာမည်ကျော်ခဲ့ပါတယ်။ ဒါကြောင့် ဒဏ်ခတ်သမားသုံးဖော် စိတ်ဝင်တစားရှိတာက အဆန်းတော့ မဟုတ်ပါဘူး။

သူတို့တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အထင်မသေးရဲပါဘူး။ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဓားတစ်ချက်တည်းနဲ့ သတ်ခဲ့တာပါ။ သူတို့ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ လက်ညှိုးတစ်ချောင်း လှုပ်ရုံနဲ့ အမှုန့်ဖြစ်သွားနိုင်ပါတယ်။

နတ်အာဏာရှင် စစ်သူကြီးတိုင်းက ထိပ်တန်း မဟာတာအိုပညာရှိတွေပါ။

ဟန်ထော်ဟာ တုံ့ဆိုင်းသွားပါတယ်။

ဒဏ်ခတ်သမားတစ်ဦးက ပြုံးလိုက်ပါတယ် “တစ်ခါလောက် သွားကြည့်ရအောင်၊ အခု ခေါင်းဆောင်က ဒဏ်ခတ်သမား ဖြစ်နေပြီပဲ၊ ကောင်းကင်တာအို ဂုဏ်ယူရအောင် လုပ်ပေးခဲ့တယ်လို့ ပြောလို့ရတယ်၊ ခေါင်းဆောင်က ကောင်းကင်တာအိုနဲ့ နတ်စိတ်ဝိညာဉ်တွေကြားက ဆက်ဆံရေးကို ပြေလည်အောင် လုပ်ပေးနိုင်လောက်တယ်”

“ဟုတ်တယ်၊ ဒါက အခွင့်အရေးကောင်းပဲ”

“ဒါက အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်လောက်တယ်”

ဒဏ်ခတ်သမား သုံးဖော်ဟာ ကောင်ကင်တာအိုကို သွားဖို့ သဘောတူကြပါတယ်။ သူတို့တွေဟာ ဒါက အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အဓိက ပန်းတိုင်လို့တောင် ယုံကြည်သွားကြပါသေးတယ်။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ နယ်မြေကို ထောက်လှမ်းတာက အပေါ်ယံဖြစ်ပြီး သူတို့ အဓိက ထမ်းဆောင်ရမဲ့ တာဝန်က ကောင်းကင်တာအိုနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ ဖြစ်နိုင်ပါတယ်။

ဟန်ထော်ဟာ ဘာမှမတတ်နိုင်တော့ပါဘူး “ကောင်းပြီလေ... ငါတို့တွေ ပဋိပက္ခ တာအိုပညာရှိတွေနဲ့ တွေ့ပြီးတာနဲ့ ကောင်းကင်တာအိုဆီ သွားကြမယ်”

“ဟီးဟီး... ငါ့ကို ခေါင်းကိုင်အဖေနဲ့ မိတ်ဆက်ပေးဖို့လည်း မမေ့နဲ့ဦး”

ယီတျန်ရဲ့ စကားကြောင့် ဟန်ထော်ဟာ မျက်လုံးပင့်တက်သွားပါတယ်။

တခြားဒဏ်ခတ်သမား သုံးဖောက်လည်း ယီတျန်ကို ဝိုင်းစကြပါတယ်။

စကြဝဠာခန်းမမှာ တာအိုပညာရှိတွေ စုဝေးနေကြပါတယ်။

အကုန်လုံးက ကောင်းကင်တာအိုပညာရှိတွေပါ။ ကောင်းကင်အရှင်ရွှမ်တု၊ ကောင်းကင်အရှင်ဝူဖာ၊ ပန်ရှင်းနဲ့ တခြား လွတ်လပ် တာအိုပညာရှိတွေတော့ ရှိမနေပါဘူး။

တာအိုပညာရှိတွေဟာ သူတို့အချင်းချင်း စကားစမြည် ပြောဆိုနေကြပါတယ်။ ကောင်းကင်တာအို ပညာရှိ ဒါဇင်ကျော် စုဝေးနေတဲ့အတွက် တော်တော်လေး စည်ကားပုံ ပေါ်နေပါတယ်။ လက်ရှိ တာအိုပညာရှိ အသိုင်းအဝိုင်းက အသိုင်းအဝိုင်းငယ်လေး လေးငါးဆယ်ခုကွဲပြီး တည်ရှိနေတာပါ။

ပြောစရာရှိတာဆိုလို့ ဒီအသိုင်းအဝိုင်းငယ်လေးတွေထဲမှာ တာအိုပညာရှိဟောင်းတွေက အဓိကနေရာ ယူထားပါတယ်။ သူတို့က တခြားတာအိုပညာရှိတွေနဲ့ ပေါ်တင်ရော နောက်ကွယ်မှာရော တိုက်ခိုက်ကြပါတယ်။

ဒီအချိန်မှာပဲ သူတို့ရှေ့မှာ ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။

ကောင်းကင်အရှင်ရွှမ်တု။

ခန်းမတစ်ခုလုံးက မီးကို ရေနဲ့ ဖြန်းလိုက်သလို ငြိမ်ကျသွားပါတယ်။

“ငါတို့တွေ နတ်တာအိုစက်ကွင်းကနေ ပြန်လာတော့မယ်၊ ဒီတစ်ခါ ငါတို့နဲ့ ဒဏ်ခတ်သမားငါးဖော် ပါလာတယ်၊ သူတို့က မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ကြီးကြပ်တဲ့ သာလွန်တည်ရှိမှုတွေ၊ မင်းတို့တွေ သူတို့ကို ကြိုဆိုဖို့ ပြင်ဆင်ထားကြတော့”

ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားကြောင့် တာအိုပညာရှိတွေဟာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြပါတယ်။

သူတို့တွေဟာ ရှန်ပေါင် တာအိုကျင့်ကြံသူက လွတ်လပ်တာအိုပညာရှိတွေကို ပင်မခန္ဓာကိုယ်နဲ့ လာခိုင်းတဲ့အတွက် အကောက်ကြံမှာကို စိုးရိမ်နေကြတာပါ။ ပထမတော့ ကောင်းကင်အရှင်ရွှမ်တုနဲ့ တခြားလွတ်လပ် တာအိုပညာရှိတွေလည်း စိုးရိမ်ကြပါသေးတယ်။ ဒါပေမဲ့ ဒဏ်ခတ်သမား ငါးဖော်က ဘယ်သူတွေလဲဆိုတာ သိလိုက်ရတဲ့အခါ စိုးရိမ်သောကတွေ အကုန်လုံး ကင်းစင်ပပျောက်သွားပါတယ်။

ဒဏ်ခတ်သမားငါးဖော်ထဲက နှစ်ဖော်ဟာ ကောင်းကင်တာအိုက ဖြစ်ပြီး တစ်ပါးက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားပါ။ ဒါကြောင့် သူတို့တွေ မစိုးရိမ်တော့တာပါ။

“တော်ပြီ... အားလုံးပဲ စိုးရိမ်စရာ မလိုဘူး၊ ဒဏ်ခတ်သမားငါးဖော်က ဧည့်သည်အနေနဲ့ လာတာ၊ သူတို့တွေက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ကြောက်လို့ ပဋိပက္ခနဲ့ ကောင်းကင်တာအို ကြားက ဆက်ဆံရေးကို ပြေလည်စေချင်တာ ဖြစ်ဖို့များတယ်၊ ဒီတော့ မင်းတို့တွေ ဘာမှ ကြောက်စရာမလိုဘူး”

ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေကို နှစ်သိမ့်ပြီး ပျောက်ကွယ်သွားပါတယ်။

ရန်ချဲ့ဟာ ချုံရှီလိုင်ကို ကြည့်ပြီး မေးလိုက်ပါတယ် “စီနီယာ... ကျွန်တော်တို့တွေ ကောင်းကင်တာအိုပညာရှိကို ဒီအကြောင်း ပြောသင့်လား”

ချုံရှီလိုင်က ပြန်ဖြေပါတယ် “ဘာလို့ ပြောရမှာလဲ၊ ငါတို့က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ခေါ်ပြီး အဲဒီဒဏ်ခတ်သမားငါးဖော်ကို သွားကြိုဆိုရမှာလား၊ အဲဒီငါးယောက်က လွတ်လပ်တာအိုပညာရှိ အဆင့်ပဲ ရှိတာ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မဟာတာအိုပညာရှိ နှစ်သောင်းကို ဓားတစ်ချက်တည်းနဲ့ သတ်ခဲ့တာ”

“မဟာတာအိုပညာရှိက ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ မင်းသိလား၊ စီနီယာ ဓားရူးတာအိုပညာရှိက မဟာတာအိုပညာရှိပဲ၊ အဲဒါက စီနီယာ ဓားရူးတာအိုပညာရှိ နှစ်သောင်းကို ဓားတစ်ချက်တည်းနဲ့ သတ်လိုက်တာနဲ့ အတူတူပဲ၊ အဲဒီလောက် စွမ်းအားကြီးတဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို လွတ်လပ် တာအိုပညာရှိအဆင့်ပဲ ရှိသေးတဲ့ ဒဏ်ခတ်သမားငါးဖော်က တွေ့ချင်တိုင်း တွေ့လို့ရစရာလား...”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters