← Chapters

အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါး၊ အနှိုင်းမဲ့ ပါရမီရှင်

Vol. 84 Ch. 881

အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါး၊ အနှိုင်းမဲ့ ပါရမီရှင်

Vol. 84 Ch. 881

‘လောကဦး ရန်ငြိုးစိတ်ဝိညာဉ်...’ ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပြီး အတွေးနက်သွားပါတယ်။ ဟန်ကျွယ်ဟာ လောကဦး ရန်ငြိုးစိတ်ဝိညာဉ်တွေကို မကြောက်ပါဘူး။ အန္တိမဒဏ်ခတ်နတ်မင်းတောင် မကြောက်တာကို ဟန်ကျွယ် ဘာကိစ္စနဲ့ ကြောက်ရမှာလဲ။

ဒါပေမဲ့ လောကဦး ရန်ငြိုးစိတ်ဝိညာဉ်တွေရဲ့ တည်ရှိမှုက လျစ်လျူရှုလို့မရတဲ့ ဖြစ်နိုင်ခြေတစ်ခုကို ညွှန်ပြနေပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ပဋိပက္ခအောက်ကနေ ဒီလောကဦး ရန်ငြိုးစိတ်ဝိညာဉ်တွေကို အပြတ်ရှင်းပစ်လို့ရမဲ့ နည်းလမ်း မရှိဘူးလား”

အန္တိမဒဏ်ခတ်နတ်မင်းဟာ ခေါင်းခါလိုက်ပါတယ် “ငါလည်း အဲဒီလို နည်းလမ်းကို ရှာနေတာ ကြာပြီ၊ ခုထိတော့ မတွေ့သေးဘူး”

အဲဒီနောက် အန္တိမဒဏ်ခတ်နတ်မင်းဟာ လေသံပြောင်းသွားပါတယ် “ငါ ပဋိပက္ခ အစည်းအဝေးတစ်ရပ်ကို ကျင်းပဖို့ ပြင်ဆင်ထားတယ်၊ မင်းရဲ့ ဂုဏ်သတင်းနဲ့ ငါ့ရဲ့ အာဏာနဲ့ဆိုရင် ပဋိပက္ခထဲက ပါရမီရှင်အများကြီး တက်‌ရောက်အောင် ဆွဲဆောင်နိုင်မှာပဲ၊ ဒီအစည်းအဝေးမှာ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေကို ဆုချဖို့ ငါ အခွင့်အရေးမျိုးစုံကို ထောက်ပံ့ပေးမယ်”

“ငါ ဒီပွဲကို သုံးဆင့်ခွဲမယ်”

“ပထမအဆင့်က ပဋိပက္ခအောက်မှာ... လောကဦး ရန်ငြိုးစိတ်ဝိညာဉ်တွေကို သတ်နိုင်စွမ်းပေါ် မူတည်ပြီး အဆင့်သတ်မှတ်မယ်”

“ဒုတိယအဆင့်မှာ ပဋိပက္ခရဲ့ အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးကို ဆုံးဖြတ်မယ်၊ သူတို့က စီးချင်းထိုးပြီး ပဋိပက္ခရဲ့ အကြွင်းမဲ့ပါရမီရှင် ဆယ်ပါး ဖြစ်လာကြလိမ့်မယ်၊ သူတို့တွေက မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဖြစ်လာနိုင်ပြီး မဟာတာအိုကို ခံစားခွင့်ရမယ်”

“တတိယအဆင့်မှာ ပဋိပက္ခရဲ့ အနှိုင်းမဲ့ပါရမီရှင်ကို ဆုံးဖြတ်မယ်၊ ဒီပါရမီရှင်က ဒဏ်ခတ်သမား ဖြစ်လာပြီး နယ်မြေတစ်ရပ်ကို အပိုင်စားရမယ်”

ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အစီအစဉ်က ကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ အနည်းဆုံး ဒီပွဲက ပါရမီရှင်တွေရဲ့ တိုးတက်မှုကို လှုံ့ဆော်ပေးနိုင်မှာပါ။

အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေက အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ဆုလာဘ်ကောင်းတွေကို ရဖို့ ပါရမီရှင်တွေကို နည်းမျိုးစုံသုံးပြီး ပြုစုပျိုးထောင်မှာပါ။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ကြမ်းခင်း သတ်မှတ်ချတ်ကရော... ဘယ်နေ့လုပ်မှာလဲ”

အန္တိမဒဏ်ခတ်နတ်မင်းဟာ ပြုံးလိုက်ပါတယ် “နှစ်သန်းတစ်ရာ မပြည့်သေးတဲ့ ဘယ်သူမဆို ဝင်ပြိုင်လို့ရတယ်၊ နှစ်ဆယ်သန်းတိုင်း တစ်ခါ ကျင်းပမယ်၊ ဘယ်လို သဘောရလဲ”

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ် “နှစ်သန်းတစ်ရာတိုင်း မဟာတာအို နတ်စိတ်ဝိညာဉ် အပါးတစ်ရာ ပေါ်လာမှာလား...”

ဟန်ကျွယ်ဟာ နည်းနည်းမြန်လွန်းတယ်လို့ ခံစားလိုက်ရပါတယ်။

“မဟာတာအို နတ်စိတ်ဝိညာဉ် အရေအတွက်က အရမ်းနည်းတယ်၊ ပဋိပက္ခတစ်ခုလုံးနဲ့ ယှဉ်ကြည့်ရင် မဟာတာအို နတ်စိတ်ဝိညာဉ် အရေအတွက်က လောက်တောင် မလောက်ဘူး၊ ငါ အဲဒီ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို အဆင့်သတ်မှတ်ပြီး အာဏာခွဲခြားပေးမယ်၊ ဒါမှ ပဋိပက္ခရဲ့ အာဏာကို တည်ဆောက်နိုင်မှာ”

ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို အထင်ကြီးသွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းက ရည်မှန်းချက်ကြီးပြီး လုပ်ရဲကိုင်ရဲတယ် မဟုတ်ပါလား။

“ငါ ပင်မခန္ဓာကိုယ်နဲ့ သွားရမှာလား”

အန္တိမဒဏ်ခတ်နတ်မင်းဟာ ပြုံးလိုက်ပါတယ် “မလိုပါဘူး၊ ကိုယ်ပွားပဲဖြစ်ဖြစ် စိတ်ဆန္ဒပဲဖြစ်ဖြစ် မင်းလာတယ်ဆို လုံလောက်တယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းက ပဋိပက္ခမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲ၊ မင်းကသာ ပါရမီရှင်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်၊ တကယ်လို့ မင်းဝင်ပြိုင်ရင် ပိုတောင် ကောင်းသေးတယ်၊ မင်းက အရမ်းကို အရည်အချင်း ပြည့်မီတယ်”

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ထားလိုက်ပါ... ငါ ဝင်မပြိုင်ဘူး၊ ငါ တိုက်ပွဲပဲ ထိုင်ကြည့်ပါရစေ”

ပင်မခန္ဓာကိုယ် မသွားရတဲ့အတွက် ဘာမှ စိုးရိမ်စရာ မရှိတော့ပေမဲ့ ဟန်ကျွယ်ဟာ ကလေးတွေနဲ့ မပြိုင်ချင်ပါဘူး။ ကလေးတွေနဲ့ ပြိုင်လို့ နိုင်ခဲ့ရင်တောင် ဘာမှာ ဂုဏ်ယူစရာ မရှိဘူး မဟုတ်ပါလား။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ရယ်မောလိုက်ပါတယ် “ဟားဟား... ငါက စကားအဖြစ် ပြောရုံပါ၊ မင်းသာ ဝင်ပြိုင်ရင် ဘယ်သူက အနှိုင်းမဲ့နေရာကို တိုက်ခိုက်ရဲတော့မှာလဲ”

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းပြီး မေးလိုက်ပါတယ် “ငါတို့ထက် စွမ်းအားကြီးတဲ့ တည်ရှိမှုတွေ ရှိတယ်လို့ ထင်လား”

ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် အန္တိမဒဏ်ခတ်နတ်မင်းဟာ တိတ်ဆိတ်သွားပါတယ်။ ဒါကို ကြည့်ပြီး ဟန်ကျွယ်ဟာ စိတ်ထဲမှာ ခန့်မှန်းချက် ထုတ်လိုက်ပါပြီ။

“ဒါဆို ငါ တစ်ယောက်တည်း ဒီလိုခံစားရတာ မဟုတ်ဘူးပေါ့၊ အရင်တုန်းက ငါ လောကဦး ဘိုးဘေးနတ်ဘုရားကို အစွမ်းအထက်ဆုံးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူသေသွားတာတောင် အဲဒီလေးလံတဲ့ ခံစားချက်က ပျောက်မသွားဘူး၊ အထွတ်အထိပ် နိယာမတွေက ဒီလောက်စွမ်းအားကြီးတာ၊ ငါတို့က အဲဒီနိယာမတွေရှေ့မှာ ဘာဟုတ်မှာလဲ... ဟင်း...” အန္တိမဒဏ်ခတ်နတ်မင်းဟာ သက်ပြင်းချလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ မေးခွန်းက သူတို့နှစ်ယောက်ကြားမှာရှိတဲ့ ဆက်ဆံရေးကို ပိုပြီးတော့ နီးကပ်သွားစေပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်နာရီကျော်အောင် စကားပြောပြီးမှ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းဆီကနေ မျက်နှာသာပေးမှုကို ရရှိလိုက်ပါတယ်။ ဒါပေမဲ့ သိပ်မမြင့်ပါဘူး။ ကြယ်သုံးပွင့်တည်းပါ။ ဘာပဲဖြစ်ဖြစ် ဘာမှ မရှိတာထက်စာရင်တော့ အများကြီး ပိုကောင်းပါတယ်။

ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ ဟန်ကျွယ် ခန္ဓာကိုယ်ထဲကို ပြန်ရောက်လာပါတယ်။ ဟန်ချင်းအာဟာ အင်မော်တယ်ကမ္ဘာကို ခရီးသွားဖို့ ဟန်ကျွယ်နဲ့ ငြင်းခုံနေတုန်းပါ။

“သမီး တာအိုပညာရှိအတု အဆင့်ကို ရောက်ရင် ဖေဖေ သမီးကို အပြင်လွှတ်မယ်၊ အဲဒီမတိုင်ခင်တော့ ဖေဖေ သမီးကို ဆန်းကြယ်စွမ်းအားတချို့ သင်ပေးမယ်”

တာအိုပညာရှိအတုက အင်မော်တယ်ကမ္ဘာရဲ့ မျက်နှာကြက်ပါ။ ဟန်ချင်းအာသာ တာအိုပညာရှိအတု ဖြစ်သွားရင် အင်မော်တယ်ကမ္ဘာမှာ သေလောက်တဲ့ အန္တရာယ်တွေ့မှာ မဟုတ်ပါဘူး။

ဟန်ချင်းအာဟာ ခေါင်းငိုက်စိုက်ကျသွားပါတယ်။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ကနေ တာအိုပညာရှိအတု ဖြစ်ဖို့က အနည်းဆုံး နှစ်တစ်သောင်းလောက် ကျင့်ကြံရမယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ တာအို ရုတ်တရက် ဟောကြားပြီး ဟန်ချင်းအာကို အန္တိမမူလ မဟာတာအိုနဲ့ လွှမ်းခြုံလိုက်ပါတယ်။ ဟန်ချင်းအာဟာ တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ တာအိုသုံးသပ်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားပါတယ်။

ဒီတာအိုဟောကြားမှုက နှစ်တစ်ရာ ကြာပါတယ်။ တာအိုကို နှစ်တစ်ရာ သုံးသပ် နားလည်ပြီးနောက် ဟန်ချင်းအာရဲ့ သွင်ပြင်လက္ခဏာဟာ ပြောင်းလဲသွားပါတယ်။

ဟန်ချင်းအာဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ မျက်လုံးဖွင့်ခါစမလို့ ဟန်ချင်းအာရဲ့ မျက်လုံးတွေဟာ အာရုံစူးစိုက်မှု မရှိပါဘူး။ ဒါပေမဲ့ ခပ်မြန်မြန်ပဲ ဟန်ချင်းအာရဲ့ မျက်လုံးတွေဟာ ရှင်းလင်း ပြတ်သားပြီး တည်ကြည် လေးနက်သွားပါတယ်။

“ဖေဖေ... ဖေဖေရဲ့ ဆန်းကြယ်စွမ်းအားက စွမ်းအားကြီးလှချည်လား...” ဟန်ချင်းအာက တအံ့တဩ ပြောလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုကြောင့် ဟန်ချင်းအာရဲ့ စိတ်ထဲမှာ ဆန်းကြယ်စွမ်းအား အများကြီးပေါ်လာပါတယ်။ ဒါတင် မကသေးပါဘူး။ ကျင့်ကြံမှုလည်း အများကြီး တိုးတက်သွားပါတယ်။

ဟန်ကျွယ်ဟာ ဟန်ချင်းအာရဲ့ စကားကြောင့် နေသာထိုင်သာ ရှိသွားပါတယ် ‘ဒီကောင်မလေးက အရင်က ရိုင်းခဲ့သလောက် အခုတော့လည်း ယဉ်ကျေးလှချည်လား... အခု ငါ ဘယ်လောက် စွမ်းအားကြီးလဲဆိုတာကို သိပြီမလား...’

“သမီး တာအိုပညာရှိအတုအဆင့် ရောက်အောင် ကျင့်ကြံဖို့ ယုံကြည်ချက် ရှိလား...” ဟန်ကျွယ်က မေးလိုက်ပါတယ်။

ဟန်ချင်းအာဟာ ခေါင်းညိတ်ပြီး လေပွေ့လို ဟန်ကျွယ်ရှေ့ကနေ ထွက်ခွာသွားပါတယ်။ တာအိုသုံးသပ်နားလည်မှု ပြီးတဲ့နောက် ဟန်ချင်းအာဟာ အရင်ကထက် ကျင့်ကြံမှုကို ပိုစိတ်ဝင်စားသွားပါတယ်။

ဟန်ကျွယ်ဟာ ကျေနပ်စွာ ပြုံးလိုက်ပါတယ် ‘ဒါမှ ငါ့သမီး... ငါ့သမီးက မိန်းမဆိုရင်တော့ စွမ်းအားကြီးဖို့ ဆန္ဒရှိရမယ်’

ဟန်ကျွယ်ဟာ သူ့မိတ်ဆွေ ဘာဖြစ်နေလဲဆိုတာကို သိချင်တဲ့အတွက် စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ် စာစောင်တွေ မဖတ်ဖြစ်တာကလည်း အတော်လေး ကြာခဲ့ပါပြီ။

[သင့်တပည့် တာအိုအရှင်သခင်သည် အမင်္ဂလာ မကောင်းဆိုးဝါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၉၀၉၃၆၈၂

[သင့်တပည့် ကျော်ရွှမ်ယွမ်သည်...]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကပ်ဘေးထိန်းချုပ်သူ တစ်သောင်းကျော်၏ ကံတရား အထောက်အပံ့ကို စုပ်ယူပြီး သူတို့၏ အရှင်သခင် ဖြစ်လာခဲ့သည်။]

[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် အမှောင်ထု မဟာတာအိုကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်သား ဟန်ထော်သည် ဒဏ်ခတ်သမားတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃

[သင့်မိတ်ဆွေ ယီတျန်သည် ဒဏ်ခတ်သမားတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သွေးနှစ်ကို မျိုးဆက်အဖြစ် အသွင်ပြောင်းလဲပြီး မဟာ ဆန်းကြယ်စွမ်းအားတစ်မျိုးကို သုံးသပ်နားလည်သွား၏။]

[သင့်မိတ်ဆွေ ဓားရူးတာအိုပညာရှိသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီနဲ့ လောင်တန်တို့က ထုံးစံအတိုင်း အဆော်ခံနေရတုန်းပါ။

ဟွမ်ဇွမ်တျန်ရဲ့ အခွင့်အရေးကလည်း ဟန်ကျွယ် မျှော်လင့်မှု အတွင်းထဲမှာပါပဲ။ သိပ်မကြာခင်မှာ ဟွမ်ဇွမ်တျန်က မိုးပေါ် ပျံတက်တော့မှာပါ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ လှုပ်ရှားမှုက ဟန်ကျွယ်ရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ် ‘သွေးနှစ်ကို မျိုးဆက်အဖြစ် အသွင်ပြောင်းလဲတယ်... မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဘာလုပ်နေတာလဲ’

ဟန်ကျွယ်ဟာ လက်ချောင်းတွေသုံးပြီး တွက်ချက်ကြည့်တဲ့အခါ မိစ္ဆာ ကောင်းကင်ဧကရာဇ်က တကယ်ကြီး မျိုးဆက် ၂၀,၀၀၀ ဖန်တီးလိုက်တာကို သွားတွေ့ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဒီမျိုးဆက်နှစ်သောင်းကို ကောင်းကင်တာအို တိုက်ခိုက်သိမ်းယူထားတဲ့ ကမ္ဘာတွေကို ထိန်းချုပ်ခွင့် ပေးလိုက်ပါတယ်။ တစ်နည်းအားဖြင့် ဘုရင်ခံ ရာထူးပေးလိုက်သလိုပါပဲ။

ဘာလိုလိုနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လွတ်လပ်မှု ထိပ်ဆုံးအဆင့်ကို ရောက်နေပါပြီ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က မဟာတာအိုကို ရယူနိုင်ဖို့ သိပ်မဝေးတော့တဲ့ပုံပါပဲ။

ဟန်ကျွယ်ဟာ စာစောင်တွေကို စိတ်ဝင်တစား ဆက်ပြီးတော့ ဖတ်ရှုပါတယ်။

ငါးမိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံမှု အခြေအနေထဲ ပြန်ရောက်သွားပါတယ်။

တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ် ဂူအောင်းကျင့်ကြံနေတုန်း ဟန်ချင်းအာရဲ့ ကျင့်ကြံမှုက ဒီရေအလား တိုးတက်လာပါတယ်။ ဟန်ချင်းအာဟာ အန္တိမမူလ မဟာတာအိုနဲ့ ထိတွေ့ပြီးနောက် ကျင့်ကြံမှုအလျင်က အရမ်းကို မြန်ဆန်လာခဲ့ပါတယ်။ ဟန်ချင်းအာဟာ ခဏလေးနဲ့ စွမ်းအားကြီးလာတဲ့ ခံစားချက်ကို ကိုယ်တိုင် တွေ့ကြုံခံစားရပြီးနောက် ဒီခံစားချက်ကို စွဲလမ်းလာပါတယ်။

ဟန်ချင်းအာရဲ့ ကျင့်ကြံမှု လျင်မြန်လာတာက အန္တိမမူလ မဟာတာအိုရဲ့ သိမ်မွေ့နက်နဲမှုကြောင့်ပဲ မဟုတ်ပါဘူး။ တာအိုဟောကြားစဉ်က ဟန်ကျွယ်ဟာ ဟန်ချင်းအာရဲ့ အရည်အချင်း ချိပ်ပိတ်စည်းကို ဖြေပေးခဲ့ပါတယ်။ ဒါ့အပြင် ဟန်ချင်းအာဟာ ဟန်ကျွယ်ဆီကနေ နတ်ဘီလူးဓမ္မရုပ်တု တစ်ပါးကို အမွေရခဲ့ပါတယ်။ ဒီနတ်ဘီလူးဓမ္မရုပ်တုက ဟန်ထော်ရဲ့ နတ်ဘီလူးဓမ္မရုပ်တုလိုမျိုး ဟန်ချင်းအာရဲ့ ဝိညာဉ်နက်ထဲမှာ တည်ရှိနေပါတယ်။ ဒီနတ်ဘီလူးဓမ္မရုပ်တုက ဘာလဲဆိုတာကိုတော့ ဟန်ချင်းအာကို ကိုယ်တိုင်ပဲ သုံးသပ်နားလည်းပြီ အဖြေရှာရမှာပါ။

နှစ်ငါးသောင်း ကြာပြီးနောက်မှာတော့ ဟန်ချင်းအာဟာ တာအိုပညာရှိအတု အဆင့်ကို ရောက်ရှိသွားပါတယ်။ ဟန်ချင်းအာဟာ ဟန်ကျွယ်ကို ချက်ချင်း သွားမရှာဘဲ တာအိုပညာရှိအတု အဆင့်ကို သုံးသပ်နားလည်တဲ့နေရာမှာ နစ်မြုပ်သွားပါတယ်။ ဟန်ချင်းအာရဲ့ နတ်အာရုံဟာ ထိုးတက်သွားပြီး ကြယ်စကြဝဠာတစ်ခုလုံးကို အကဲခတ် လေ့လာပါတယ်။

ဟန်ချင်းအာဟာ ဒီနေရာက ကောင်းကင်တာအို မဟုတ်ဘူးဆိုတာကို ဟန်ချင်းအာ ရှာတွေ့သွားပါတယ်။ ဒီစကြဝဠာရဲ့ အထဲမှာရော အပြင်ဘက်မှာရော အင်မော်တယ်ကမ္ဘာရဲ့ အရိပ်အယောင်ကို လုံးဝ မတွေ့ရပါဘူး။ အင်မော်တယ်ကမ္ဘာအောက်က အနန္တကမ္ဘာကတော့ ပြောမနေပါတော့နဲ့။

ဒီအချိန်မှာပဲ ဟန်ချင်းအာဟာ ဒီစကြဝဠာထဲမှာ တခြားလူနှစ်ယောက် ရှိနေတာကို ရှာတွေ့သွားပါတယ်။ ဒီလူနှစ်ယောက်က ဘယ်သူတွေလဲဆိုတာ ပြောဖို့ လိုမယ် မထင်ပါဘူး။

ကျန်းကျွယ်ရှီဟာ အမင်္ဂလာ မကောင်းဆိုးဝါးတွေ တိုက်ခိုက်တာကို ခံရပြီးနောက် သူ့ရောင်ဝါနဲ့ ရုပ်သွင်ကို ဖုံးကွယ်မထားတော့ပါဘူး။ ကြယ်စကြဝဠာကို ကျူးကျော်ချင်တဲ့ ကျင့်ကြံသူတွေကို ကြောက်လန့်ပြီး ထွက်ပြေးစေချင်တာကြောင့်ပါ။

“ဘယ်သူလဲ...”

ကျန်းကျွယ်ရှီရဲ့ အေးစက်တဲ့ အသံကို ကြားလိုက်ရတဲ့ ဟန်ချင်းအာဟာ လန့်ဖျပ်သွားပြီး ဝိညာဉ်တောင် တုန်တက်သွားပါတယ်။ သူမရဲ့ မျက်လုံးတွေဟာလည်း ပြူးကျယ်သွားပါတယ် ‘ဒီလူက ဘယ်သူလဲ၊ အသံနဲ့တင် ငါ့ကို ဒီလောက်ကြောက်အောင် လုပ်နိုင်တယ်...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters