အဖေရဲ့ တန်ခိုးစွမ်းအား
Vol. 84 Ch. 883
ဟန်ချင်းအာ အံ့ဩပြီး စဉ်စားနေတုန်းမှာပဲ ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ ဘေးချင်းယှဉ်လျက် ထိုင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ချင်းအာကို သူ့နောက်မှာ မတ်တတ်ရပ်နေဖို့ အချက်ပြလိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ တာအိုပညာရှိတွေ တစ်ပါးပြီး တစ်ပါး ရောက်လာပါတယ်။ တာအိုပညာရှိတိုင်းဟာ ခန်းမထဲကို ရောက်တာနဲ့ ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ရွှမ်တုကို ဦးညွှတ်ကြပါတယ်။ ဒါကို ကြည့်ပြီး ဟန်ချင်းအာဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
ဟန်ချင်းအာဟာ သူ့ကျင့်ကြံမှုအဆင့်နဲ့ ခန်းမထဲဝင်လာတဲ့ လူတွေရဲ့ ကျင့်ကြံမှုကို မမြင်နိုင်တာကြောင့် ဒီလူတွေက တာအိုပညာရှိ ဖြစ်ရမယ်လို့ ကောက်ချက် ချလိုက်ပါတယ်။
မကြာခင်မှာပဲ တာအိုပညာရှိ အကုန်လုံး စုံညီသွားပါတယ်။ ဓားရူးတာအိုပညာရှိ၊ မဟာဟင်းလင်းပြင်ဝိညာဉ်နဲ့ ဟုန်စဲ့မင်ယွင်တောင် ရောက်လာပါတယ်။ ဟန်ကျွယ်ကို မြင်ဖို့က ခက်ခဲလှတဲ့အတွက် သူတို့ဟာ ဒီအခွင့်အရေးကို လက်လွတ်မခံပါဘူး။
ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မျက်တောင် ခတ်လိုက်ပါတယ်။ ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်ကို စိန်ခေါ်ချင်စိတ် မပျောက်သေးပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ကို ထပ်တွေ့လိုက်ရတဲ့အခါ သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့ပါဘူး။
တာအိုပညာရှိတွေဟာ ဟန်ကျွယ်နောက်မှာ ရပ်နေတဲ့ ဟန်ချင်းအာကို သတိထားမိသွားပြီး ဟန်ကျွယ်နဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကို ခန့်မှန်းကြပါတယ်။
ဟန်ချင်းအာဟာ ဟန်ယွီကို တွေ့လိုက်ရတဲ့အခါ ပြုံးရွှင်သွားပြီး မျက်ခုံးလှုပ်ပြလိုက်တဲ့အတွက် ဟန်ယွီဟာ တော်တော်လေး နေရထိုင်ရ ခက်သွားပါတယ်။
လုံဟောင်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဆရာသခင်... ဆရာသခင်ရဲ့ နောက်မှာ ရပ်နေတဲ့လူက ဘယ်သူလဲ”
‘ဆရာသခင်...’ ဟန်ချင်းအာရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး လုံဟောင်ကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပါတယ် ‘သူကလည်း အဖေရဲ့ တပည့်ပဲလား...’
ဟန်ကျွယ်က လုံဟောင်ရဲ့ မေးခွန်းကို ပြန်ဖြေလိုက်ပါတယ် “ဒါက ငါ့သမီး ဟန်ချင်းအာပဲ၊ သူက နှစ်နှစ်သိန်း ကျင့်ကြံအားထုတ်ပြီး တာအိုပညာရှိအတု အဆင့်ကို ရောက်နေပြီ”
တာအိုပညာရှိတွေဟာ ဟန်ချင်းအာရဲ့ အရည်အချင်းကို ချက်ချင်း ချီးကျူးကြပါတယ်။
တာအိုပညာရှိ အသစ်တွေဟာ ဟန်ကျွယ်ကို ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ သူတို့တွေဟာ ဟန်ချင်းအာက နှစ်နှစ်သိန်းတည်းနဲ့ တာအိုပညာအတု ဖြစ်လာမှန်း သိလိုက်ရတဲ့အခါ သက်ပြင်းမချဘဲ မနေနိုင်အောင်ကို ဖြစ်သွားပါတယ်။
အသက်နှစ်သိန်းနဲ့ တာအိုပညာရှိအတု အဆင့်ကို ရောက်နိုင်တာ အင်မော်တယ်ကမ္ဘာမှာ ထိပ်တန်း အရည်အချင်း ရှိသူတွေပါ။ အချိန်တစ်ခုအတွင်း တာအိုပညာရှိတွေဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ သူတို့တွေ ဟန်ချင်းအာကို တပည့်အဖြစ် လက်ခံလိုက်ရင် သူတို့နဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဆက်ဆံရေးက ပိုရင်းနှီးသွားမယ် မဟုတ်ပါလား။
ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေကို ဝေ့ကြည့်ပြီး ပြောလိုက်ပါတယ် “ငါ ဒီနေ့ မင်းတို့ကို ခေါ်လိုက်ရတာက ပဋိပက္ခတစ်ခုလုံးကို သက်ရောက်နိုင်တဲ့ ကိစ္စကြီးတစ်ခုအကြောင်း ပြောမလို့ပဲ၊ ဒါက ကောင်းကင်တာအိုအတွက် အခွင့်အရေးတစ်ခုဆိုရင်လည်း မမှားဘူး”
‘သူတို့တွေက တကယ်ကို ကောင်းကင်တာအိုပညာရှိတွေပဲ... ဒါဆို ငါ့အဖေက ကောင်းကင်တာအိုကို ထပ်ခါတလဲလဲ ကာကွယ်ခဲ့တဲ့ ဒဏ္ဍာရီလာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလား...’ ဟန်ချင်းအာဟာ စိတ်လှုပ်ရှားလွန်းပြီး သူ့ကိုယ်သူ စိတ်ကူးယဉ်နေတယ်လို့တောင် ထင်သွားပါတယ်။
ဟန်ချင်းအာဟာ အင်မော်တယ်ကမ္ဘာမှာ လျှောက်သွားခဲ့တုန်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရဲ့ ဒဏ္ဍာရီတွေကို မကြာခဏ ကြားခဲ့ရပါတယ်။
ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုကို ကာကွယ်စောင့်ကြပ်ပြီး ကောင်းကင်အရှင်ရွှမ်တုက သက်ရှိအားလုံးကို အုပ်ချုပ်တယ်။ ဒီစကားက ကောင်းကင်တာအိုထဲမှာ လူပြောအများဆုံးပါ။ ဒါကို ကြည့်ရုံနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုအတွက် ဘယ်လောက် အရေးကြီးတယ် ဘယ်လို အဆင့်အတန်း ရှိတယ်ဆိုတာကို သိနိုင်ပါတယ်။
ဟန်ချင်းအာဟာ သူ့အဖေနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဘယ်တုန်းကမှ ဆက်စပ်ပြီးတော့ မတွေးခဲ့ပါဘူး။ ဒဏ္ဍာရီလာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပြိုင်ဘက်မရှိအောင် တန်ခိုးစွမ်းအားကြီးမားပြီး ပဋိပက္ခထဲက စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးကို အပေါ်စီးကနေ ငုံ့ကြည့်နိုင်သူပါ။
ဘယ်လောက်တောင် ခမ်းနားထည်ဝါပြီး ဂုဏ်အရှိန်အဝါ ရှိလိုက်မလဲဆိုတာကို တွေးကြည့်နိုင်ပါတယ်။ ဒါပေမဲ့ သူ့အဖေကတော့...။
ဟန်ချင်းအာဟာ သူ့အဖေကို တစ်ချက် ကြည့်လိုက်ပါတယ်။ သူ့အဖေက ရုပ်ချောတာကလွဲရင် ဗိုလ်ကျစိုးမိုးတဲ့ ရောင်ဝါ မရှိပါဘူး။
“နတ်စိတ်ဝိညာဉ်ခေါင်းဆောင်နဲ့ ငါတို့ရဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အတူပူးပေါင်းပြီး ပဋိပက္ခအစည်းအဝေးတစ်ခုကို ကျင်းပလိမ့်မယ်၊ နှစ်သန်းတစ်ရာအောက်က ဘယ်သူမဆို ဒီပွဲကို တက်ရောက်ပြီး အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးနဲ့ အနှိုင်းမဲ့ ပါရမီရှင် နေရာအတွက် ယှဉ်ပြိုင်ရမယ်”
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို တစ်ချက်ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်ပါတယ်။ ဒါက ဟန်ကျွယ် အန္တိမဒဏ်ခတ်နတ်မင်းနဲ့ အိပ်မက်ထဲမှာ ပြောခဲ့တဲ့အတိုင်းပါပဲ။
တာအိုပညာရှိတွေဟာ စိတ်လှုပ်ရှားသွားကြပြီး ဟန်ကျွယ်ကို ဝိုင်းကြည့်ကြပါတယ်။ ဟန်ကျွယ်က ခေါင်းညိတ်လိုက်တဲ့အခါမှာတော့ ခန်းမတစ်ခုလုံး ပေါက်ကွဲထွက်မတတ် ဖြစ်သွားပါတယ်။
“ဒီလိုဆို နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သူနဲ့ တစ်တန်းတည်း ရှိတယ်လို့ အသိအမှတ်ပြုလိုက်တာပေါ့”
“ဒီလိုပဲ ဖြစ်ရမယ်လေ၊ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က ဘယ်လောက်ပဲ စွမ်းအားကြီးကြီး နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းထက် စွမ်းအားကြီးနိုင်ဦးမှာလား”
“ဒဏ်ခတ်သမားငါးဖော် ရောက်လာတာ အံ့ဩစရာ မရှိတော့ပါဘူး၊ ဒါက သူတို့ရဲ့ အစီအစဉ်ကိုး...”
“ဒါက ကောင်းတဲ့ကိစ္စပဲ၊ ဒီပွဲသာ အောင်မြင်သွားတာနဲ့ ငါတို့တွေ အလားအလာရှိတဲ့ မျိုးဆက်သစ်တွေကို ရွေးချယ်နိုင်ရုံမက ကောင်းကင်တာအိုရဲ့ အဆင့်အတန်းကိုလည်း ပဋိပက္ခထဲမှာ ကြော်ငြာပြီးသား ဖြစ်လိမ့်မယ်”
“အဲဒါ လိုအပ်လို့လား၊ ဘယ်သူက ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံးကို မေးခွန်းထုတ်ရဲလို့လဲ”
“ကောင်းကင်တာအိုမှာ ပါရမီရှင်တွေ ဒီလောက်များတာ၊ ပဋိပက္ခကို ငါတို့ရဲ့ အုတ်မြစ်က ဘယ်လောက်နက်တယ်ဆိုတာကို ပြလိုက်ကြရအောင်”
တာအိုပညာရှိတွေဟာ ပြောလေလေ စိတ်လှုပ်ရှားလေလေပါပဲ။
ကောင်းကင်တာအိုထဲမှာ ဂိုဏ်းတွေက အစွမ်းကုန် သီးပွင့်နေကြတာပါ။ အံ့ဩမှင်တက်ရလောက်တဲ့ ပါရမီရှင်တွေဟာ နှစ်သောင်းချီတိုင်း ပေါ်ထွက်လာပါတယ်။ ဒီလိုအခြေအနေကို ပဋိပက္ခထဲမှာရှိတဲ့ ဘယ်ကမ္ဘာ ဘယ်နယ်မြေမှ နှိုင်းယှဉ်လို့ မရပါဘူး။
‘ပဋိပက္ခထဲမှာ အစွမ်းအထက်ဆုံး...’ ဟန်ချင်းအာဟာ ဟန်ကျွယ်ကို တအံ့တဩ ကြည့်လိုက်ပါတယ် ‘အဖေက ဒီလောက်တောင် စွမ်းအားကြီးတာလား...’ ဟန်ချင်းအာဟာ ပဋိပက္ခက အဆုံးမဲ့တယ်ဆိုတာကို သိထားပါတယ်။ ဒီလိုအခြေအနေမှာ အစွမ်းအထက်ဆုံးဆိုတာက ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို ဟန်ချင်းအာ မသိတော့ပါဘူး။
‘အဖေရဲ့ တပည့်က လွတ်လပ်တာအိုပညာရှိ ဖြစ်နေတာ အံ့ဩစရာ မရှိတော့ပါဘူး’ ဟန်ချင်းအာရဲ့ မျက်နှာအမူအရာဟာ ထူးဆန်းလာပါတယ် ‘ငါ့အဖေက အစွမ်းအထက်ဆုံး ဖြစ်နေမှတော့ ငါ ဘာဖြစ်လို့ ကျင့်ကြံနေဦးမှာလဲ၊ ဘယ်သူက ငါ့ကို ထိခိုက်အောင် လုပ်ရဲမှာလဲ’
ဟန်ချင်းအာဟာ သူ့အဖေရဲ့ စိတ်နေသဘောထားကို တွေးမိလိုက်ပါတယ် ‘သက်ရှိအကုန်လုံးက ငါ့အဖေကို အစွမ်းအထက်ဆုံးလို့ တွေးနေပေမဲ့ ငါ့အဖေကို ကြောက်အောင် လုပ်နိုင်တဲ့ တည်ရှိမှုတစ်ခုခု ရှိနေတာ ဖြစ်ရမယ်၊ အဲဒါကြောင့် အဖေက အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ ဖြစ်ရမယ်’
ဟန်ချင်းအာဟာ ဟန်ကျွယ်ကို လေးစားကြည်ညိုစွာ ကြည့်လိုက်ပါတယ် ‘ငါ့အဖေက ဒီလောက်ထိ မြင့်မြတ်တာ ငါကတော့ ကစားဖို့ပဲ သိတယ်’
ရုတ်တရက်ဆိုသလို ဟန်ချင်းအာဟာ ပန်းတိုင်တစ်ခု ရှိသွားပါတယ်။ အဲဒါက လိုက်ကစားဖို့ မဟုတ်ပါဘူး။ သူ့အဖေလိုမျိုး လူတိုင်း လေးစားအားကျရတဲ့ တည်ရှိမှုကြီး ဖြစ်ချင်တာပါ။
“ပဋိပက္ခ အစည်းအဝေးက နှစ်ဆယ်သန်းကြာရင် စလိမ့်မယ်၊ တာအိုပညာရှိတွေလည်း ကြိုတင်ပြင်ဆင်ထားကြတော့၊ ဒီလိုပွဲမျိုးမှာ တာအိုပညာရှိတွေ ကျိန်းသေပေါက် ယှဉ်ပြိုင်မှာပဲ၊ ငါတို့တွေ တာအိုပညာရှိအတုချည်းပဲ စေလွှတ်လို့ မဖြစ်ဘူး၊ မဟုတ်ရင် ကောင်းကင်တာအို အထင်သေးခံရလိမ့်မယ်” ကောင်းကင်အရှင်ရွှမ်တုက အလေးအနက် ပြောလိုက်ပါတယ်။
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ သူတို့မျက်လုံးထဲမှာ မျှော်လင့်စောင့်စားမှုတွေ လောင်မြိုက်သွားပါတယ်။ ဒီပွဲက ကောင်းကင်တာအိုအတွက် ဂုဏ်တက်အောင် လုပ်ပေးနိုင်ရုံတင် မဟုတ်ပါဘူး။ အကြွင်းမဲ့ပါရမီရှင်ဆယ်ပါး နေရာကို အရယူနိုင်တာနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်သွားမှာပါ။၊
ကောင်းကင်တာအိုပညာရှိတွေက နောက်ဆုံးကျရင် ကောင်းကင်တာအိုပဲ ဂရုစိုက်မှာပါ။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကတော့ ပဋိပက္ခကို ဂရုစိုက်တာပါ။
ကောင်းကင်အရှင်ရွမ်တုက ဆက်ပြောပါတယ် “ဒုတိယကိစ္စက ကောင်းကင်တာအိုမှာ နောက်ထပ် တာအိုပညာရှိနေရာ နှစ်နေရာ ထပ်ပေါ်လာပြီ”
အရင်တုန်းက ဆိုရင် တာအိုပညာရှိတွေဟာ ဘယ်သူ့ကို ပေးရမလဲဆိုတာ တစ်ခါတည်း ဆုံးဖြတ်လိုက်မှာပါ။ ဒါပေမဲ့ ဒီနေ့ ဒီနေရာမှာ ဟန်ကျွယ်ရှိနေတဲ့အတွက် တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုလည်း ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။
“ရန်ထျန်တုန်းကို တစ်နေရာ ပေးလိုက်” ဟန်ကျွယ်က တစ်ခါတည်း အပြတ်ပြောလိုက်ပါတယ်။
ဒါကို ကြားတဲ့ ဟန်ချင်းအာဟာ ရင်ထိတ်သွားပါတယ် ‘အဖေက တခြား တာအိုပညာရှိတွေကို အပြစ်ပြုမိမှာ မကြောက်ဘူးလား... မမြင်ရတဲ့ မြားက ကြောက်ဖို့ အကောင်းဆုံးဆိုတာကို အဖေလည်း သိမှာပါ၊ တခြားလူတွေ စွန့်ပစ်သွားမှာကို မကြောက်ဘူးလား...’
“ကောင်းတယ်၊ အရမ်းကောင်းတဲ့ စီစဉ်မှုပဲ၊ ရန်ထျန်တုန်းက တကယ်ကို အထင်ကြီးဖို့ကောင်းတာ၊ သူက ငရဲပြည်ကို စနစ်တကျဖြစ်အောင် စီမံအုပ်ချုပ်နိုင်တယ်၊ ငရဲပြည်က သူတို့ဆီမှာ တာအိုပညာရှိတစ်ပါးမှ မရှိရင် လက်ခံနိုင်မှာ မဟုတ်ဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အမြော်အမြင် ကြီးမားလှပါပေတယ်၊ အသင့်တော်ဆုံးလူကို တစ်ခါတည်း ရွေးချယ်လိုက်တယ်” ရန်ချဲ့ဟာ လက်ခုပ်လက်ဝါးတီးပြီး ပြောလိုက်ပါတယ်။
ရွှီတုတောက်ကလည်း အငြိမ်မနေပါဘူး “ဟုတ်တယ်၊ တာအိုပညာရှိတွေက အရည်အချင်း၊ ကျင့်ကြံမှုနဲ့ အောင်မြင်မှုတွေချည်းကိုပဲ အာရုံစိုက်နေလို့ မရဘူး၊ ငါတို့တွေ ကောင်းကင်တာအိုကို ထိန်းချုပ်ထားတာက ကျင့်ကြံမှုကြောင့် မဟုတ်ဘူး၊ ယေဘုယျအခြေအနေကို ကြည့်ပြီး သက်ရှိအားလုံးအတွက် တွေးတောပေးနိုင်တဲ့ တာအိုနှလုံးသားရှိလို့ပဲ”
ချုံရှီလိုင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ပန်ရှင်း၊ ကောင်းကင်အရှင်ဝူဖာနဲ့ တခြားတာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို စပြီးတော့ ချီးကျူးကြပါတယ်။
ဟန်ကျွယ်ရဲ့ တပည့်တွေဟာ မှင်တက်သွားကြပါတယ်။ သူတို့တွေဟာ ဒီတာအိုပညာရှိတွေရဲ့ အရှက်မရှိမှုကို စိတ်ထဲမှာ ကျိန်ဆဲပြီး ချက်ချင်း သံယောင်လိုက်ကြပါတယ်။
တာအိုပညာရှိအသစ်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ စိတ်ထဲမှာ တော်တော်လေး မသက်မသာ ဖြစ်သွားကြပေမဲ့ မေးခွန်းမထုတ်ရဲကြပါဘူး။
ဓားရူးတာအိုပညာရှိကတော့ ခပ်တည်တည်ပါပဲ။ ဒါက သူ့အတွက်တော့ သာမန်ပါပဲ။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် ကောင်းကင်တာအိုက ဒီအခြေအနေကို ရောက်လာမှာ မဟုတ်ပါဘူး။ သူ့ဓားတစ်ချက်နဲ့ ပျက်သုန်းသွားလောက်ပါပြီ။
ဟန်ချင်းအာဟာ သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး ငိုရမလား ရယ်ရမလား မသိတော့ပါဘူး။ ဟန်ချင်းအာဟာ ဟန်ကျွယ်က ကောင်းကင်တာအိုအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ထင်ထင်ရှားရှားကြီး တွေ့မြင်လိုက်ရပါတယ်။ သူ့အဖေက ကောင်းကင်အရှင်ရွှမ်တုထက်တောင် ပိုပြီးတော့ အရေးကြီးနေပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိ တစ်နေရာပဲ လိုချင်တာ ဖြစ်တဲ့အတွက် ကျန်တစ်နေရာကိုတော့ တာအိုပညာရှိတွေ စိတ်ကြိုက်လုပ်စေပါတယ်။
တာအိုပညာရှိတွေက တာအိုပညာရှိတွေပါပဲ။ သူတို့တွေဟာ ကျိုးကြောင်းဆီလျော်ပြီး ပြောရဆိုရလွယ်တဲ့လူတွေ ဖြစ်တဲ့အတွက် ရုပ်ပျက်ဆင်းပျက် ဖြစ်တဲ့အထိတော့ မငြင်းခုန်ကြပါဘူး။
နောက်ဆုံး တာအိုပညာရှိနေရာကို သတ်မှတ်ပြီးသွားတဲ့အခါ ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုရဲ့ အခြေအနေကို ရှင်းလင်း တင်ပြပါတယ်။ ဒီအတောအတွင်း စန့်ချွမ်အဂ္ဂကမ္ဘာက ကောင်းကင်တာအိုကို ဆန့်ကျင်လိုတဲ့ အရိပ်အယောင်တွေ ပြလာပါတယ်။ ပါရမီရှင်တွေကို ဖြားယောင်း သွေးဆောင်တာအပြင် နှစ်ဖက်ကျင့်ကြံသူတွေ ပဋိပက္ခမှာတွေ့ရင် တိုက်ခိုက်ကြတဲ့အထိ ဖြစ်လာပါတယ်။
ကောင်းကင်တာအိုနဲ့ စန့်ချွမ်အဂ္ဂကမ္ဘာက ဒီပဋိပက္ခနယ်မြေရဲ့ ဗဟိုချက်မ ဖြစ်ချင်နေတာပါ။ ဒါပေမဲ့ ကျားနှစ်ကောင်က တစ်ဂူတည်း အောင်းလို့ မရပါဘူး။ စန့်ချွမ်အဂ္ဂကမ္ဘာမှာ မဟာတာအိုပညာရှိတွေနဲ့ လောင်ဇီ ရှိနေပါတယ်။
လောင်ဇီဟာ ဓားတာအိုကို တည်ထောင်သူဖြစ်ပြီး တာအိုဘိုးဘေးရဲ့ အကြီးဆုံးတပည့်လည်း ဖြစ်ပါတယ်။ သူ့ဂုဏ်သတင်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မမီပေမဲ့ အများကြီး ကွာခြားနေတာလည်း မဟုတ်ပါဘူး။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို ကြည့်ပြီး မေးလိုက်ပါတယ် “ကောင်းကင်တာအိုနဲ့ စန့်ချွမ်အဂ္ဂကမ္ဘာ အရှုပ်အရှင်း ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ”
ဟန်ကျွယ်က သာန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ် “မင်းက ကြောက်လည်း မကြောက်ဘဲနဲ့... ငါ့ကို ဘာဖြစ်လို့ မေးနေရသေးတာလဲ”
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ် ဘာပြောချင်လဲဆိုတာကို ဒက်ခနဲ သိလိုက်ပါတယ်။
ဓားရူးတာအိုပညာရှိဟာ ဒီစကားကြားပြီး စိတ်လှုပ်ရှားသွားပါတယ် ‘သူက လောင်ဇီနဲ့ တိုက်ခိုက်ချင်တာလား...’
မြန်မာပြည် ငြိမ်းချမ်ပါစေ။