← Chapters

အလယ်အဆင့်သို့ ထိုးဖောက်ခြင်း၊ ဓားရူးတာအိုပညာရှိ နှစ်သောင်းခွဲနှင့် တိုက်ခိုက်ခြင်း

Vol. 84 Ch. 885

အလယ်အဆင့်သို့ ထိုးဖောက်ခြင်း၊ ဓားရူးတာအိုပညာရှိ နှစ်သောင်းခွဲနှင့် တိုက်ခိုက်ခြင်း

Vol. 84 Ch. 885

“တိုက်ခိုက်ဖို့ ပြင်ဆင်ကြ” ဟန်ထော်ဟာ မတိုးမကျယ် အမိန့်ပေးပြီး ညာလက်ကို မြှောက်လိုက်တဲ့အခါ ဟန်ကျွယ် မဟာညီညွတ်မှု ရုပ်သွင်ကို အသုံးပြုလိုက်သလိုမျိုး ကြောက်မက်ဖွယ် အရိပ်နက်ကြီးတစ်ခု ဟန်ထော်ရဲ့ ခန္ဓာကိုယ်ထက်မှာ ပေါ်လာပါတယ်။

တခြားဒဏ်ခတ်သမား လေးဖော်လည်း တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ကြပါတယ်။ သူတို့ရဲ့အကြည့်တွေဟာ သူတို့ရှေ့က ဧရာမကျောက်ချပ်ကြီးဆီ စုပြုံကျရောက်သွားပါတယ်။ မ‌ရေမတွက်နိုင်တဲ့ တွင်းပေါက်တွေကနေ ရုပ်သွင်တွေ တစ်သွင်ပြီးတစ်သွင် ထွက်ပေါ်လာပါတယ်။ ပုရွက်ဆိတ်အုံထဲက ပုရွက်ဆိတ်တွေ ထိုးထွက်လာသလိုပါပဲ။

ဒီအချိန်မှာပဲ ကျောက်ချပ်ကြီးပေါ်မှာ တွင်းပေါက်ချင်း ချိတ်ဆက်ပြီး သွေးစာလုံးတွေ ပေါ်လာပါတယ်။ ဒီစာလုံးတွေက ကြည့်တဲ့လူ ဘယ်သူကိုမဆို အသည်းယားပြီး ကျောရိုးထဲ စိမ့်တက်သွားစေနိုင်ပါတယ်။

“ပဋိပက္ခ နတ်ဘီလူး... အရမ်းကောင်းတယ်၊ မင်းက ငါနဲ့ ပိုသင့်တော်တယ်” အေးစက်တဲ့အသံတစ်သံ ထွက်ပေါ်လာပါတယ်။ ဒီဘာသာစကားက ထူးဆန်းတဲ့အတွက် ဒဏ်ခတ်သမားငါးဖော်ဟာ ဒီအသံရဲ့ အဓိပ္ပာယ်ကို နားမလည်ကြပါဘူး။

ဟန်ထော်ဟာ မျက်ခုံးပင့်တင်ပြီး အော်ဟစ် အမိန့်ပေးလိုက်ပါတယ် “သတ်...”

ဒဏ်ခတ်သမားငါးဖော်ဟာ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြတဲ့အတွက် သူတို့ရဲ့ ဓမ္မစွမ်းအားဟာ ဟင်းလင်းပြင်ကို လှုပ်ခါသွားစေပါတယ်။ မတူကွဲပြားတဲ့ နတ်အလင်းရောင်ခြည် ငါးပါးဟာ ဧရာမကျောက်ချပ်ကြီးနဲ့ တိုက်မိပြီး မျက်စိကျိန်းလောက်တဲ့ အလင်းရောင် ထွက်ပေါ်လာတာက အရပ်ဆယ်မျက်နှာကို ပျံ့နှံ့သွားတဲ့အတွက် ဟင်းလင်းပြင်ဟာ အရောင်မဲ့သွားပါတယ်။

တတိယ တာအိုစက်ကွင်း။

ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို အာရုံစိုက်နေပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်နက်ထဲက လောကဦးကမ္ဘာဟာ ဆက်ပြီးတော့ ကျယ်ပြန့်ပါတယ်။ ဟန်ကျွယ်ရဲ့ အထွတ်အထိပ်စွမ်းအားနဲ့ ဖန်တီးမှုစွမ်းအား အပေါ် နားလည်နိုင်စွမ်းက ပိုနက်ရှိုင်းသွားပါတယ်။

ဂူအောင်းကျင့်ကြံတာ နှစ်ခုနစ်သောင်း ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေးကို ရှာတွေ့သွားပါတယ်။ ဟန်ကျွယ်ဟာ စပြီးတော့ အဆင့် ထိုးဖောက်ပါတယ်။ နှစ်ငါးထောင်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အောင်မြင်စွာ အဆင့်တက်နိုင်သွားပါတယ်။

မဟာတာအို အထွတ်အထိပ် အလယ်အဆင့်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ နောက်ဆုံးတော့ အဆင့်တက်နိုင်ခဲ့ပြီ မဟုတ်ပါလား။ အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၅,၄၂၅,၁၂၂/ ၉၀, ၀၃၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉]

[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]

[ကျင့်ကြံမှု: မဟာတာအို အထွတ်အထိပ် အလယ်အဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)။]

[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]

[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]

သက်တမ်းဟာ ရှစ်ဆလောက် တိုးသွားတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်ကောင်း ဝင်သွားပါတယ်။ လောကမှာ အသက်ရှည်ရှည် နေရတာကို ဘယ်သူက မကြိုက် ရှိမှာလဲ။

အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်ပါတယ်။

နှစ်သုံးထောင်ကြာလို့ ကျင့်ကြံမှု ခိုင်မြဲသွားတဲ့အခါ ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအားတွေကို စပြီးတော့ မြှင့်တင်ပါတယ်။

နှစ်ငါးရာကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု အသစ် ၅၀၀ ကို လေ့လာတတ်မြောက်ပြီး နတ်ဘီလူးဓမ္မရုပ်တုပေါင်း ၂,၄၄၉ ရုပ်တုကို ပိုင်ဆိုင်သွားပါတယ်။ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု သုံးထောင်ကို ပိုင်ဆိုင်ဖို့ တော်တော်လေး နီးစပ်သွားပါပြီ။ ဒါပေမဲ့ ဒီနတ်ဘီလူး ဓမ္မရုပ်တုတွေထဲမှာ ဖန်တီးရှင် တာအို မပါသေးပါဘူး။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ ပြိုင်ဘက်က ဓားရူးတာအိုပညာရှိ ဖြစ်နေတုန်းပါ။ မဟာတာအို အထွတ်အထိပ်အဆင့်ရှိတဲ့ ဓားရူးတာအိုပညာရှိဟာ နတ်အာဏာရှင် စစ်သူကြီးထက် နည်းနည်းတော့ စွမ်းအားပိုကြီးပါတယ်။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ တစ်သောင်းကို တစ်ခါတည်း စိန်ခေါ်တိုက်ခိုက်ပါတယ်။

တစ်ချက်တည်း အသေသတ်။

ဟန်ကျွယ် မျှော်လင့်ထားသလိုပဲ ဟန်ကျွယ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အဆင့်တက်တိုင်း အများကြီး တိုးတက်သွားပါတယ်။ နတ်ဘီလူးဓမ္မရုပ်တု ၂,၄၄၉ ရုပ်တုကို ပေါင်းစပ်လိုက်ရင် ထွက်ပေါ်လာမဲ့ ကြောက်မက်ဖွယ် စွမ်းအားက ယုံမှားဖွယ် မရှိပါဘူး။ ဒီစွမ်းအားက သူတို့လမ်းမှာရှိတဲ့ အရာအားလုံးကို ချေမှုန်းနိုင်စွမ်း ရှိပါတယ်။ ဓားရူးတာအိုပညာရှိ တစ်သောင်းကတော့ စကားထဲတောင် ထည့်မပြောပါဘူး။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စိန်ခေါ် တိုက်ခိုက်ပါတယ်။

ဓားရူးတာအိုပညာရှိ နှစ်သောင်း။

ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ အခက်အခဲ နည်းနည်း တွေ့သွားပါတယ်။ တစ်နာရီကြာ တိုက်ခိုက်တာတောင် ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ နှစ်သောင်းကို အသေ မသတ်နိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ စိတ်ဓာတ်မကျဘဲ ပိုပြီးတော့ စိတ်လှုပ်ရှားလာပါတယ်။ အခက်အခဲတွေကသာ လူတစ်ယောက်ရဲ့ တိုက်ခိုက်လိုစိတ်ကို တိုးမြှင့်ပေးနိုင်တယ် မဟုတ်ပါလား။

လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ တိုက်ခိုက်နိုင်စွမ်း အကန့်အသတ်က ဓားရူးတာအိုပညာရှိ နှစ်သောင်းခွဲပါ။ ဒါပေမဲ့ ဒီစွမ်းအားက အတော်လေးကို ကြောက်ဖို့ကောင်းနေပါပြီ။ ဟန်ကျွယ် တိုက်ခိုက်တဲ့ ဓားရူးတာအိုပညာရှိက မဟာတာအိုပညာရှိ မဟုတ်ဘဲ မဟာတာအိုပညာရှိချုပ် မဟုတ်ပါလား။

ဒီလိုတိုက်ပွဲသာ အပြင်မှာ တကယ်ဖြစ်ပေါ်ခဲ့ရင် ပဋိပက္ခကြီး ပြိုလဲသွားနိုင်ပါတယ်။ လက်ရှိ ပဋိပက္ခက ဒီလောက်များတဲ့ မဟာတာအိုပညာရှိချုပ်တွေရဲ့ တိုက်ပွဲကို ခံနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ သူ့အောင်မြင်မှုကို အောင်ပွဲခံဖို့ ရန်သူကို ကျိန်စာတိုက်ချင်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ဘယ်သူ့ကို ကျိန်စာတိုက်ရမလဲ မသိတော့ပါဘူး။

ဟန်ကျွယ်ရဲ့ ရန်သူတွေက‌ သေသူသေ ပုန်းသူပုန်း ဖြစ်နေပြီး အပေါ်ယံမှာ ဟန်ကျွယ်ကို ဘယ်သူ့မှ ရန်မစရဲပါဘူး။ ဟန်ကျွယ်ဟာ ပြောပြလို့မရလောက်အောင်ကို နောင်တရသွားပါတယ်။

အရင်တုန်းက ဟန်ကျွယ်ဟာ ရန်သူတွေ များလွန်းမှာကို ကြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ရန်သူများတာကို လိုချင်နေပါတယ်။ ရန်သူမရှိရင် သူ့ဆန်းကြယ်စွမ်းအားကို အသုံးမပြုနိုင်ဘူး မဟုတ်ပါလား။

“ကြည့်ရတာ ငါ့တာအိုနှလုံးသားက မခိုင်ခံ့သေးဘူးပဲ” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နဝမပဋိပက္ခ၊ ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်း အကြောင်းကို တွေးပြီး သူ့ကိုယ်သူ ဆုံးမပါတယ် ‘ငါသွားဖို့ အဝေးကြီး လိုသေးတယ်’

ဟန်ကျွယ်ဟာ စာ‌စောင်တွေကို စစ်ဆေးလိုက်ပါတယ်။

ဒီအတောအတွင်း ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းဟာ ငြိမ်းချမ်းမနေပါဘူး။ အဓိက ဇာတ်ကောင်တွေကတော့ ဟန်ထော်၊ တာအိုအရှင်သခင်နဲ့ ဟွမ်ဇွမ်တျန်တို့ပါ။

ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ဘိုးဘေးရှီတျန်တို့က ဒီအတောအတွင်း ငြိမ်ချက်သား ကောင်းနေတာကို ရုတ်တရက် သတိထားမိလိုက်ပါတယ်။ ဒီနှစ်ယောက်က ရည်မှန်းချက် ကြီးတဲ့လူတွေမလို့ တစ်စုံတစ်ခုကို ကြိတ်ပြီး ကြံစည်နေတာ ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီးတဲ့အခါ ဟန်ချင်းအာကို ခေါ်လိုက်ပါတယ်။ ဟန်ချင်းအာဟာ တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်မှာ ပိတ်မိနေပြီး တာအိုမရယူနိုင်သေးပါဘူး။ အဓိက အကြောင်းရင်းကတော့ အတွေ့အကြုံနည်းပြီး တာအိုနှလုံးသား မခိုင်ခံ့တာပါ။ ဒါကြောင့် ဟန်ချင်းအာဟာ သူ့ကိုယ်ပိုင်တာအိုကို ရှာမတွေ့နိုင်သေးပါဘူး။

စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ဟန်ချင်းအာဟာ တာအိုဘုံကျောင်းထဲ ဝင်လာပါတယ် “ဖေ‌ဖေ... သမီးက အရည်အချင်း မရှိတာလား”

ဟန်ချင်းအာဟာ ဟန်ကျွယ်က သူ့ကို ဆူပူတော့မယ်လို့ ထင်နေတာပါ။ နှစ်တွေ ဒီလောက်ကြာတာတောင် တာအိုမရယူနိုင်တဲ့အတွက် ဟန်ချင်းအာဟာ သူ့ကိုယ်သူလည်း ဒေါသထွက်နေပါတယ်။ အရင်တုန်းက ဟန်ချင်းအာဟာ သူ့အစ်ကိုကို ဖိနှိပ်မယ်လို့ ပြောထားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒီစကားက အပြောသက်သက် ဖြစ်နေပါပြီ။

‘ငါ့အရည်အချင်းက ဒီလောက်ပဲ ရှိတာလား... ငါ အပြင်ထွက်ပြီး အခွင့်အရေး ရှာသင့်လား...’

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သမီးရဲ့ အရည်အချင်းက အဆိုးကြီး မဟုတ်ပါဘူး၊ သမီး တာအိုရယူနိုင်အောင် ဖေဖေ ကူညီပေးမယ်”

“တကယ်လား” ဟန်ချင်းအာဟာ ကျေနပ်အံ့အားသင့်သွားပါတယ်။

“သမီးက သမီးကိုယ်ပိုင် တာအိုကို ရှာမတွေ့သေးရုံပါ၊ အဲဒီတော့ ဖေဖေရဲ့ တာအိုကို ကျင့်ကြံလိုက်၊ ဖေဖေရဲ့ တာအိုက မဟာတာအိုသုံးထောင်ရဲ့ အမှန်တရားတွေ ပါဝင်နေတော့ ဘယ်တာအိုနဲ့မဆို သဟဇာတ ဖြစ်တယ်”

ဒီစကားကို ကြားလိုက်ရတဲ့ ဟန်ချင်းအာဟာ ဟန်ကျွယ်ကို တလေးတစား ကြည့်လိုက်ပါတယ်။ ဟန်ချင်းအာဟာ ဟန်ကျွယ် ရင်ခွင်ထဲ တိုးဝင်ပြီး ချွဲပါတော့တယ်။

ဟန်ကျွယ်ဟာ ဟန်ချင်းအာကို အသာတွန်းထုတ်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ် “မိန်းကလေး တစ်ယောက်က ကြီးလာရင် သူ့အဖေနဲ့ အရမ်း မနီးကပ်သင့်ဘူး၊ ဖေဖေ ပြောတာကို နားလည်လား၊ သမီးက ကလေးလေး မဟုတ်တော့ဘူး၊ ဒီလိုမျိုး နောက်မလုပ်နဲ့၊ မသင့်တော်ဘူး”

“ခစ်..ခစ်... လုပ်တော့ ဘာဖြစ်မှာမလို့လဲ၊ သမီးက အမြဲတမ်း ဖေဖေ့သမီးပဲကို”

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ဟန်ချင်းအာကို တာအိုဟောကြားပေးပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုအသံကို ကြားတာနဲ့ ဟန်ချင်းအာဟာ တာအို သုံးသပ်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားပါတယ်။

မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်ရာ ကုန်ဆုံးသွားပါတယ်။

ဟန်ချင်းအာဟာ မျက်လုံးပွင့်လာပြီး တအံ့တဩ ပြောလိုက်ပါတယ် “တော်တော်စွမ်းအားကြီးတဲ့ တာအိုပါလား၊ ဖေဖေ ဒါ ဘာတာအိုလဲ”

“အန္တိမမူလ မဟာတာအို”

“သမီး ဒီလမ်းမှာ လျှောက်နေတဲ့ ရုပ်သွင်တွေ အများကြီးကို တွေ့ရတယ်၊ သူတို့က ဘယ်သူတွေလဲ”

“ဖေဖေရဲ့ တပည့်တွေ၊ သူတို့လည်း ဒီတာအိုကို ကျင့်ကြံအားထုတ်ကြတယ်၊ သမီးရှေ့မှာ ရှိနေတဲ့လူတွေ အကုန်လုံးက သမီးထက် စွမ်းအားကြီးတဲ့လူတွေချည်းပဲ”

“ဒီလောက်တောင် များတာလား”

ဟန်ချင်းအာဟာ လန့်သွားပါတယ်။ အဲဒီအချိန်တုန်းက ဟန်ချင်းအာဟာ အန္တိမမူလ မဟာတာအိုပေါ်ရပ်ပြီး ရှေ့ကို မျှော်ကြည့်လိုက်တဲ့အခါ အဆုံးသတ်ကို မမြင်ရပေမဲ့ ရုပ်သွင်တွေ အများကြီးကို တွေ့မြင်ခဲ့ရပါတယ်။ ဒီလူတွေနဲ့ ဟန်ချင်းအာရဲ့ အကွာအဝေးက ဟန်ချင်းအာနဲ့ ဟန်ချင်းအာ နောက်မှာရှိတဲ့ လူတွေရဲ့ အကွာအဝေးထက် အများကြီး ပိုဝေးကွာပါတယ်။

ဟန်ချင်းအာက စပ်စုလိုက်ပါတယ် “ဖေဖေရဲ့ တပည့်တွေထဲမှာ ဘယ်သူက စွမ်းအားအကြီးဆုံးလဲ”

ဟန်ကျွယ်ဟာ တစ်ခဏ စဉ်းစားပြီး အဖြေပြန်ပေးလိုက်ပါတယ် “ဖေဖေရဲ့ မြေးတပည့် မုရုံချီ”

မုရုံချီက ပဋိပက္ခ နတ်ဘီလူး ဖြစ်လာပြီးနောက် ဒုတိယ တာအိုစက်ကွင်းထဲမှာ အမြဲတမ်း နံပါတ်တစ်နေရာမှာ ရှိနေခဲ့တာပါ။ သူ့ကျင့်ကြံမှုကလည်း လွတ်လပ်တာအိုပညာရှိ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ မုရုံချီပြီးရင် ကောင်းကင်နက္ခ နတ်ဘီလူး၊ ကြက်သွေးရောင် မြေခွေးနီနဲ့ တခြားလူတွေ ရှိနေပါတယ်။ တာအိုအရှင်သခင်တို့ သုံးယောက်ကလည်း အဆင့်လေးတစ်ဆင့်ပဲ ခြားပြီး နောက်မှာ ကျန်နေတာပါ။

‘မုရုံချီ..’ ဟန်ချင်းအာဟာ ဒီနာမည်ကို တစ်ခါမှ မကြားဖူးပါဘူး။ ဟန်ချင်းအာဟာ ကျန်းကျွယ်ရှီကို ဟန်ကျွယ်ရဲ့ အစွမ်းအထက်ဆုံး တပည့် ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ အခုတော့ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ကျန်းကျွယ်ရှီတောင် သူ့အဖေရဲ့ တပည့်တွေထဲမှာ ပထမနေရာ ရှိမနေပါဘူး။

“အဲဒါဆို ကျန်းကျွယ်ရှီက ဘယ်နေရာမှာ ရှိနေလဲ”

“အဲဒီကောင်လေးလား... အဲဒီကောင်လေးက ထိပ်တန်းဆယ်နေရာတောင် မဝင်ပါဘူး၊ ဒီနှစ်တွေမှာ အဲဒီကောင်လေးရဲ့ ကျင့်ကြံမှုက တိုးမလာဘူး၊ အဲဒီကောင်လေးက ဒီနှစ်တွေမှာ သူ့ကိုယ်ပိုင် ဖန်တီးမှု တာအိုကို စူးစမ်းလေ့လာနေတာ” ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်က အမှန်အတိုင်း ပြောတာပါ။ ကျန်းကျွယ်ရှီက ဒီဘဝမှာ အဆင့်တက်တာ အရမ်းမြန်တဲ့အတွက် အခြေခိုင်ဖို့ အချိန်လိုပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ အချိန်တစ်ခုကြာမှ ကျန်းကျွယ်ရှီကို ကိုယ်တိုင် သင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီအချိန်မှာပဲ ဟန်ကျွယ်နောက်မှာ ဝဲကတော့နက်တစ်ခု ပေါ်လာပါတယ်။

ဟန်ချင်းအာဟာ မျက်လုံးပြူးသွားပြီး ဘာလဲလို့ မေးဖို့ ပြင်နေစဉ်မှာပဲ ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး လက်ဝါးရိုက်ချက် ထုတ်လိုက်ပါတယ်။ ဝဲကတော့နက်ထဲက ထွက်ပေါ်လာတဲ့ လက်တစ်လက်ဟာ ဟန်ကျွယ်ရဲ့ လက်ဝါးရိုက်ချက်ကြောင့် ဝဲကတော့နက်ထဲ ပြန်ဝင်သွားပါတယ်။

ဟန်ကျွယ် သေချာ အာရုံခံကြည့်လိုက်တဲ့အခါ ဖိတ်ခေါ်ပညာရပ် သုံးတာက ဟန်‌ထော်မှန်း သိလိုက်ရပါတယ်။ ဟန်ထော်ဟာ ဖိတ်ခေါ်ပညာရပ်ကို သုံးသုံးချင်း ရန်သူတိုက်ခိုက်တာကို ခံလိုက်ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီရန်သူက မရိုးရှင်းဘူးဆိုတာကို သိနိုင်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters