ဘိုးဘေးရှန်ယင်
Vol. 84 Ch. 886
“ဖေဖေ အဲဒါ ဘာကြီးလဲ” ဟန်ချင်းအာက ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ်။ ဟန်ချင်းအာဟာ ဒီလိုမျိုး အခြေအနေကို ပထမဆုံး ရင်ဆိုင်ဖူးတာမလို့ တော်တော်လေး ထိတ်လန့်သွားပါတယ်။
“အပြင်မှာ သွားစောင့်နေ” အဲဒီနောက် ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲဝင်ပြီး သူ့ခန္ဓာကိုယ်ပေါ်က အကောင်းစား ရတနာတွေကို အသက်သွင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ စောစောက ပေါ်လာတဲ့ လက်ကို ကြည့်ရုံနဲ့ တစ်ဖက်လူရဲ့ ကျင့်ကြံမှုကို ခန့်မှန်းပြီးပါပြီ။
မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်။
ဟန်ကျွယ်ဟာ တစ်ဖက်လူက ဝဲကတော့နက်ကို အသုံးချပြီး တတိယ တာအိုစက်ကွင်းထဲ ဝင်ရောက်မှာကို အထူးအာရုံစိုက်ပြီး ကာကွယ်ပါတယ်။
ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲက လှမ်းထွက်လိုက်တဲ့အခါ ပျက်စီးယိုယွင်းနေတဲ့ ဟင်းလင်းပြင်ကို တွေ့လိုက်ရပါတယ်။ လျှပ်စီးတွေ ယှက်ဖြာနေပြီး ခမ်းနားထည်ဝါလှတဲ့ ကျောက်ချပ်ကြီးတစ်ချပ်ဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။ ဒီကျောက်ချပ်ကြီးက တွင်းပေါက်တွေ မရေမတွက်အောင် ရှိနေပြီး တွင်းပေါက်တွေထဲကနေ ကြောက်ဖွယ်ကောင်းတဲ့ အရာတွေ ထိုးထွက်နေပါတယ်။
ဒဏ်ခတ်သမားငါးဖော်ဟာ ကျောက်ချပ်ကြီးရဲ့ ထိပ်ပိုင်းမှာ ချိန်းကြိုးတွေနဲ့ ချည်နှောင်ခံထားရတာကြောင့် တစ်လက်မတောင် မလှုပ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်း အသွင်တူ လက်ရည်စမ်းပွဲကို သုံးပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပါတယ်။
[ဘိုးဘေးရှန်ယင်: မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်၊ ပဋိပက္ခသက်ရှိ၊ တာအိုဖြတ်ကျော် ဆရာကြီး၊ အမှောင်ထု ခန္ဓာကိုယ်။]
သူ့ထက်စွမ်းအားကြီးတဲ့ တည်ရှိမှု မရှိတဲ့အတွက် ဟန်ကျွယ် အာရုံခံတာ မမှားပါဘူး။ ဟန်ကျွယ်ရဲ့ အကြည့်ဟာ ကျောက်ပြားထိပ်ကို ကျသွားပါတယ်။ ရုပ်သွင်တစ်သွင်ဟာ ကျောက်ပြားထိပ်မှာ ရပ်နေပြီး ဝတ်ရုံနက်ကို ဝတ်ဆင်ထားပါတယ်။ သူ့ဆံပင်တွေကလည်း ရှုပ်ပွပြီး ဖွာလန်ကြဲနေပါတယ်။ သူ့အသားအရေက သစ်ခေါက်လို ခြောက်သွေ့ပြီး မျက်နှာကလည်း ငရဲပြည်က တွယ်တက်လာတဲ့ နတ်ဆိုးလို အသက်ကင်းမဲ့နေပါတယ်။
ဒီအချိန်မှာ ဘိုးဘေးရှန်ယင်ရဲ့ ညာလက်ဟာ တဖြည်းဖြည်း ပြန်ကောင်းလာနေပါတယ်။ ဒီလက်က ဟန်ကျွယ် စောစောတုန်းက ဖျက်ဆီးလိုက်တဲ့ လက်ပဲ ဖြစ်ပါတယ်။
ဘိုးဘေးရှန်ယင်ဟာ ဟန်ကျွယ်ကို အံ့ဩတကြီး စိုက်ကြည့်ရင်း မတိုးမကျယ် မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ”
ဘိုးဘေးရှန်ယင်ဟာ ဟန်ထော်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ဘိုးဘေးရှန်ယင်ဟာ ဟန်ထော်ဆီမှာ ဒီလိုမျိုး နောက်ခံ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ယီတျန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပါတယ် “ခေါင်းကိုင်အဖေ... ကျွန်တော်တို့ကို ကယ်ပါဦး”
‘ခေါင်းကိုင်အဖေ...’ တခြား ဒဏ်ခတ်သမား သုံးဖော်လည်း လန့်သွားကြပါတယ်။ ဒဏ္ဍာရီလာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သူတို့ရှေ့ကို ရောက်နေတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ အကောင်းစား ရတနာ အကုန်လုံးကို အသက်သွင်းထားတဲ့အတွက် သူ့ကိုယ်က ထုတ်လွှတ်နေတဲ့ နတ်အလင်းရောင်ဟာ အလွန်တရာမှ ပြင်းထန်ပါတယ်။ ဒဏ်ခတ်သမားငါးဖော်ရဲ့ အမြင်မှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ရောင်ဝါက အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ရောင်ဝါထက် ပိုအားကောင်းပါတယ်။
ဒီမြင်ကွင်းက ဒဏ်ခတ်သမားတွေကို ပါးစပ်အဟောင်းသား ဖြစ်သွားစေပါတယ်။
“မင်း ဘာလို့ ငါ့သားကို ဖမ်းထားတာလဲ” ဟန်ကျွယ်က ဘိုးဘေးရှန်ယင်ကို မေးလိုက်ပါတယ်။
ဘိုးဘေးရှန်ယင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်းသားက ဘယ်သူလဲ၊ ငါ့ကို ပြော... ငါ သူ့ကို လွှတ်ပေးမယ်”
ဟန်ကျွယ်ဟာ တစ်ချက်ကြည့်ရုံနဲ့ ဒီငါးယောက်က ဒဏ်ခတ်သမားငါးဖော်ဆိုတာကို အတပ်ပြောနိုင်ပါတယ်။ လောလောဆယ်မှာ ဟန်ကျွယ်က အန္တိမဒဏ်ခတ်နတ်မင်းနဲ့ ဆက်ဆံရေး ကောင်းနေတဲ့အပြင် ဒီလူတွေကလည်း ဟန်ထော်ရဲ့ မိတ်ဆွေတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ သူတို့ကို မကယ်လို့ မရပါဘူး။
“သူတို့အကုန်လုံးကို လွှတ်ပေးလိုက်၊ ငါ ဒါကို နားလည်မှုလွဲတာလို့ သဘောထားပေးမယ်” ဟန်ကျွယ်က အလေးနက် ပြောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့စိတ်ဆန္ဒရဲ့ တစ်စွန်းတစ်စကို ဝဲကတော့နက်ထဲ ပြန်လွှတ်လိုက်ပါတယ်။
ဘိုးဘေးရှန်ယင်ဟာ ဟန်ကျွယ်ရဲ့ စကားကို ကြားရတဲ့အခါ ကမ္ဘာပေါ်က အရယ်ရဆုံး ပြက်လုံးကို ကြားရသလိုမျိုး ဟက်ဟက်ပက်ပက် ရယ်မောပါတော့တယ် “ဟားဟား... မင်းကိုယ်မင်း ဘာထင်နေတာလဲ”
ဘိုးဘေးရှန်ယင်ရဲ့ အေးစက်တဲ့အသံကြောင့် ဟန်ကျွယ်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ် “သူတို့က မင်းကို အပြစ်လုပ်မိလို့လား”
“မလုပ်ဘူး”
“ဒါဆို မင်းက ဘာလိုချင်တာလဲ”
“ငါက သူတို့ခန္ဓာကိုယ်ကို လိုချင်တာ”
ဘိုးဘေးရှန်ယင် လက်မြှောက်လိုက်တဲ့အခါ ကျောက်ချပ်ပေါ်မှာရှိတဲ့ မရေမတွက်နိုင်တဲ့ တွင်းပေါက်တွေကနေ ထူးဆန်းတဲ့ ရောင်ဝါနက်တစ်မျိုး ထွက်ပေါ်လာပါတယ်။ ဒီအချိန်မှာပဲ ဘိုးဘေးရှန်ယင်ဟာ ဟန်ကျွယ် ပျောက်သွားတာကို တွေ့လိုက်ရပါတယ်။ ဘိုးဘေးရှန်ယင်ဟာ အထိတ်တလန့် မဖြစ်ဘဲ နှုတ်ခမ်းတွန့်သွားပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ဘိုးဘေးရှန်ယင်နောက်မှာ ပေါ်လာပြီး ဟွမ်သွမ့်ဓားနဲ့ ဘိုးဘေးရှန်ယင်ကို ခုတ်ပိုင်းလိုက်ပါတယ်။
အနက်ရောင်ချီဟာ ရုတ်တရက်ပေါ်လာပြီး ဘိုးဘေးရှန်ယင်ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ် အုပ်မိုးလိုက်ပါတယ်။ ဒါပေမဲ့ အနက်ရောင်ချီဟာ ဟွမ်သွမ့်ဓားနဲ့ ထိမိတဲ့အခါ လွှင့်ပါးပျောက်ကွယ်သွားပြီး ဘိုးဘေးရှန်ယင်လည်း နှစ်ပိုင်း ပိုင်းခံလိုက်ရပါတယ်။
“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ဘိုးဘေးရှန်ယင်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ရလဒ်ကို လက်မခံနိုင်အောင် ဖြစ်သွားပါတယ်။
ဒီအချိန်မှာပဲ အားကောင်းတဲ့ ချုပ်နှောင်မှုစွမ်းအားရဲ့ ဖိနှိပ်မှုကြောင့် ဘိုးဘေးရှန်ယင်ဟာ တစ်လက်မတောင် မလှုပ်နိုင်တော့ပါဘူး။ ဝိညာဉ်လည်း ထွက်ပြေးလို့ မရတော့ပါဘူး။ ဒါ့အပြင် ဘိုးဘေးရှန်ယင်ဟာ မဟာတာအို စွမ်းအားကိုတောင် ထုတ်မသုံးနိုင်တော့ပါဘူး။
‘မဖြစ်နိုင်ဘူး... ငါက ထိပ်တန်း မဟာတာအိုပညာရှိလေ... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
ဘိုးဘေးရှန်ယင်ဟာ ပဋိပက္ခတစ်ခုလုံးမှာ ထိပ်တန်းတည်ရှိမှုပါ။ ရှေးဟောင်း နတ်စိတ်ဝိညာဉ်တွေကလွဲရင် ဘယ်သူ့မှ သူ့ကို မယှဉ်နိုင်ပါဘူး။
နတ်ဘီလူးဓမ္မရုပ်တု တစ်ရုပ်တုဟာ ဟန်ကျွယ် ခေါင်းထဲမှာ ရုတ်တရက် ပေါ်လာပြီး ဘိုးဘေးရှန်ယင်ကို လက်နဲ့ ခြေမွှလိုက်ပါတယ်။
[ဘိုးဘေးရှန်ယင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်ကို အာရုံခံကြည့်ပေမဲ့ ဘိုးဘေးရှန်ယင်ကို ထပ်မတွေ့ရတော့ပါဘူး။ ဟန်ကျွယ်ဟာ ခုနက ဘိုးဘေးရှန်ယင်ကို အသေသတ်လိုက်တာ အမှန်ပါ။ တခြားစကားနဲ့ ပြောရရင် ဘိုးဘေးရှန်ယင်မှာ အသက်ကယ် နည်းလမ်းတချို့ ရှိနေပါတယ်။
‘ဒီလောက်လေးနဲ့များ လူတွင်ကျယ် လုပ်ရဲသေးတယ်’
ဟန်ကျွယ်ဟာ ဘိုးဘေးရှန်ယင်မှာ နည်းလမ်းကောင်းတချို့ ရှိနေလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ အခုတော့ တိုက်ချက်တစ်ချက်တောင် မခံနိုင်ရှာပါဘူး။
ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ဒဏ်ခတ်သမား ငါးဖော်ကို ချုပ်နှောင်ထားတဲ့ ချိန်းကြိုးတွေကို ချိုးဖျက်ပစ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ဓမ္မစွမ်းအားနဲ့ ဧရာမကျောက်ချပ်ကြီးကို ဖိနှိပ်ကာ အင်္ကျီလက်အိုးထဲ ထည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဒီကျောက်ချပ်ကြီးထဲမှာ မရေမတွက်နိုင်တဲ့ သက်ရှိတွေ ပါဝင်နေတာကို အာရုံခံမိပါတယ်။ ဒါက မျိုးနွယ်စု တစ်စုဆိုပေမဲ့ ဒီမျိုးနွယ်စုက အလွန်ထူးဆန်းပြီး အသက်မရှိတဲ့ မျိုးနွယ်စုပါ။
ယီတျန်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ တခြား ဒဏ်ခတ်သမား သုံးဖော်လည်း ဟန်ကျွယ်ကို ကြည်ညိုလေးစားစွာ ကြည့်လိုက်ပါတယ်။
ဟန်ထော်ဟာ ဟန်ကျွယ်ရှေ့ ရောက်လာပြီး မျက်နှာပူပူနဲ့ ပြောလိုက်ပါတယ် “အဖေကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်”
“ဘာမှမဖြစ်ပါဘူး၊ ဒီနေရာကနေ မြန်မြန် ထွက်သွားတော့” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။ ခပ်လှမ်းလှမ်းမှာရှိတဲ့ ဝဲကတော့နက်လည်း ကျုံ့ဝင်သွားပါတယ်။
ဒဏ်ခတ်သမားတစ်ဦးဟာ ဟန်ထော်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် “ခေါင်းဆောင်ရဲ့ အဖေက တကယ်ကို စွမ်းအားကြီးတာပဲ၊ သူ့အတွက် ဘာမှမခက်သလိုပဲ”
သူတို့ကို မျှော်လင့်ချက် ကင်းမဲ့စေခဲ့တဲ့ ဘိုးဘေးရှန်ယင်က ဟန်ကျွယ်ရှေ့မှာ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ ဒီအဖြစ်အပျက်က ဒဏ်ခတ်သမားငါးဖော်ကို အမြင်ကျယ်သွားစေပါတယ်။
“ဟုတ်တယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလို့ မပြောရဘူး”
“နတ်စိတ်ဝိညာဉ် ခေါင်းဆောင်နဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အတူ ပူးပေါင်းပြီး ပဋိပက္ခအစည်းအဝေးကို ကျင်းပမယ်လို့ ပြောကြတယ်၊ ဒါက သူတို့တွေ တန်းတူပဲလို့ ဆိုလိုတာ မဟုတ်ဘူးလား”
“သူတို့ရဲ့ စွမ်းအားက တကယ်ကို တန်းတူဖြစ်လောက်တယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခမှာ အစွမ်းအထက်ဆုံးပဲ”
“ကံဆိုးချင်တော့ ခေါင်းကိုင်အဖေက ခပ်သုတ်သုတ် ပြန်သွားတယ်၊ ငါ့ကို ခုထိ အသိအမှတ် မပြုရသေးဘူး”
သူ့အဖော်တွေရဲ့ စကားကို ကြားရတဲ့အခါ ဟန်ထော်ဟာ မပြုံးဘဲ မနေနိုင်ပါဘူး။ ဟန်ကျွယ်က သူ့ကို တော်တော်လေး မျက်နှာရစေပါတယ်။ အကြောင်းရင်းကို မမေးသလို မျက်နှာပျက်အောင်လည်း မလုပ်ပါဘူး။
ဟန်ထော်ဟာ သက်ပြင်းချလိုက်ပါတယ် “တကယ်တော့ ငါ အဖေကို သိပ်ခေါ်ချင်တာ မဟုတ်ဘူး၊ နောက်ကျရင် ငါတို့တွေ ဂရုစိုက်ဖို့ လိုတယ်၊ ငါတို့တွေ အမှုမဲ့အမှတ်မဲ့နေလို့ အဲဒီအဘိုးကြီးရဲ့ ထောင်ချောက်ထဲကို ကျသွားတာ၊ ငါတို့တွေက ဘာမှမသိဘဲနဲ့ သူ့နောက်ကို နှစ်တစ်သောင်းတောင် လိုက်ခဲ့တယ်၊ အခု ပြန်စဉ်းစားကြည့်ရင် ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ”
တခြားဒဏ်ခတ်သမားလေးဖော်ဟာ ဟန်ထော်ရဲ့ စကားကို ကြားရတဲ့အခါ မျက်နှာ ထားစရာမရှိ ဖြစ်သွားပါတယ်။
ယီတျန်က ချောင်းဟန့်လိုက်ပါတယ်။ ဘိုးဘေးရှန်ယင် ထွက်ပြေးတာကို မြင်တော့ နောက်ကနေ လိုက်ချင်ခဲ့တာက ယီတျန်ပါ။ သူတို့တွေက ဘိုးဘေးရှန်ယင်နောက်ကို ဘုမသိဘမသိနဲ့ နှစ်တစ်သောင်းတောင် လိုက်နေခဲ့တာပါ။ ပြန်တွေးကြည့်ရင် သူတို့တွေက တကယ်ကို တုံးအခဲ့ပါတယ်။
“ဒီနေရာက မရိုးရှင်းဘူး၊ ငါတို့တွေ လိုက်စုံစမ်းကြမလား” ဒဏ်ခတ်သမား တစ်ယောက်က မေးလိုက်ပါတယ်။
ဟန်ထော်ဟာ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ပြောလိုက်ပါတယ် “ဒီနေရာကနေ အရင်ထွက်ပြီး နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ကို ဒီအကြောင်း တင်ပြရအောင်”
ဒဏ်ခတ်သမားလေးဖော်ဟာ ဘာမှမကန့်ကွက်ဘဲ ဟန်ထော်နဲ့အတူ ခပ်သုတ်သုတ် ထွက်ခွာသွားကြပါတယ်။
တာအိုဘုံကျောင်းအတွင်း။
ဟန်ကျွယ်ဟာ နေရမှာ ပြန်ထိုင်လိုက်ပြီး ဝဲကတော့နက်လည်း ပျောက်ကွယ်သွားပါတယ်။
ဟန်ချင်းအာဟာ ချက်ချင်းဆိုသလို ရောက်လာပြီး မေးခွန်းထုတ်ပါတော့တယ် “မြန်လှချည်လား... ခုနက ဘာဖြစ်တာလဲ”
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “သမီးအစ်ကို အကူအညီတောင်းလို့ ဖေဖေ သွားကူညီတာ”
ဟန်ချင်းအာဟာ မျက်တောင် ခတ်သွားပါတယ် “ကူညီလို့ ပြီးသွားပြီလား”
“အင်း...”
“အစ်ကိုက ရန်သူတွေ့တာလား၊ ထောင်ချောက်မိတာလား”
“နှစ်ခုစလုံးပဲ”
“ရန်သူကရော...”
“လောလောဆယ်တော့ သေသွားပြီ”
“လောလောဆယ် သေသွားပြီ ဆိုတာက ဘာကိုပြောတာလဲ”
“ဖေဖေ သူ့ကို သတ်လိုက်တယ်၊ ဒါပေမဲ့ သူ့မှာ အသက်ပြန်ရှင်နိုင်တဲ့ နည်းလမ်း ရှိနေတယ်”
ဟန်ချင်းအာဟာ စိတ်ထဲမှာ လန့်သွားပါတယ် ‘ဒီရန်သူက သေသွားတာတောင် အသက်ပြန်ရှင်နိုင်သေးတာလား... ကြည့်ရတာ နောက်ကျလို့ ငါ ရန်သူတွေနဲ့ ရင်ဆိုင်ရရင် သတိထားမှပဲ... ငါက ရန်သူ သေ မသေ ဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ’
“အပြင်သွားပြီး ကျင့်ကြံအားထုတ်ချည်၊ တာအိုရယူဖို့ အတတ်နိုင်ဆုံး ကြိုးစားတော့”
ဟန်ချင်းအာဟာ ခေါင်းညိတ်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဒါနဲ့ ရန်သူရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ရှိလဲ၊ လွတ်လပ် တာအိုပညာရှိလား၊ ဒါမှမဟုတ် ဒီထက် စွမ်းအား ပိုကြီးတာလား”
ဟန်ချင်းအာရဲ့ အမြင်မှာ သူ့အစ်ကိုကို ထောင်ချောက်ဆင်နိုင်တဲ့လူက သေချာပေါက် လွတ်လပ်တာအိုပညာရှိပါ။ ဘယ်လိုနည်းနဲ့မှ သူ့အစ်ကိုထက် စွမ်းအားနိမ့်မှာ မဟုတ်ပါဘူး။
“စွမ်းအား ပိုကြီးတယ်”
ဟန်ကျွယ်ရဲ့ အဖြေကို ကြားရတဲ့အခါ ဟန်ချင်းအာဟာ မျက်မှောင်ကြုတ်ပြီး တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ ဟန်ချင်းအာကို ကြည့်ပြီး အံ့အားသင့်သွားပါတယ် ‘ဒီကောင်မလေး ဘာဖြစ်လို့ သဘောထား ပြောင်းသွားတာလဲ... လန့်သွားတာလား... ဟင်း... ငါ့သမီးက အသက်ကြီးလာတော့ ငယ်ငယ်တုန်းကလို ချစ်ရာ မကောင်းတော့ဘူး’
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
ဟန်ချင်းအာ တာအိုဘုံကျောင်းထဲမှာ မရှိတော့တဲ့အခါ ဟန်ကျွယ်ဟာ ဧရာမကျောက်ချပ်ကြီးကို ထုတ်ယူလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။