← Chapters

ကျန်းကုန်းမင်

Vol. 84 Ch. 888

ကျန်းကုန်းမင်

Vol. 84 Ch. 888

အန္တိမဒဏ်ခတ်နတ်မင်းဆီကနေ ပန်ကူးနာမည်ကို ကြားလိုက်ရတဲ့ ဒဏ်ခတ်သမားငါးဖော်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ ပန်ကူးက လေးငါးခြောက်ကြိမ် သေသွားပြီမလို့ ပဋိပက္ခထဲက သက်ရှိတွေရဲ့ စိတ်ထဲမှာ အရင်ကလောက် စွမ်းအားမကြီးတော့ပါဘူး။

ဒါကြောင့် ဒဏ်ခတ်သမားငါးဖော်ဟာ ပန်ကူးက ကံရေစက်ကို ဖြတ်တောက်လိုက်တဲ့အတွက် နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်လိုမျိုး တည်ရှိမှုတောင် ပဋိပက္ခကို ထောက်လှမ်းလို့ မရတော့ဘူးလို့ ကြားလိုက်ရတဲ့ မအံ့ဩဘဲ မနေနိုင်ပါဘူး။

‘တော်တော် ကြောက်ဖို့ကောင်းတဲ့ ပန်ကူးပါလား...’

“ကောင်းပြီ၊ မင်းတို့ သွားလို့ရပြီ” အန္တိမဒဏ်ခတ်နတ်မင်းက လက်ဝှေ့ယမ်းလိုက်ပါတယ်။

ဒဏ်ခတ်သမားငါးဖော်လည်း အန္တိမဒဏ်ခတ်နတ်မင်းကို ဦးညွှတ်ပြီး ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။

အဲဒီနောက် လောကကြီးဟာ ပြန်တိတ်ဆိတ်သွားပါတယ်။

အဲဒီနောက် အန္တိမဒဏ်ခတ်နတ်မင်းဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်း စပြီးတော့ ကျင့်ကြံတဲ့အခါ သူ့မျက်ခုံးအကြားမှာ ရောင်ဝါနက်တချို့ ပေါ်လာတဲ့အတွက် အန္တိမဒဏ်ခတ်နတ်မင်းရဲ့ မျက်နှာကို တော်တော်လေး ထူးဆန်းသွားစေပါတယ်။

ဘိုးဘေးရှန်ယင်ရဲ့ သေဆုံးမှုက ပဋိပက္ခထဲမှာ ဘာသတင်းမှ မဖြစ်ပေါ်စေပါဘူး။ ကျောက်ခဲကို ရေထဲပစ်ချလိုက်သလို စုံးစုံးမြုပ်သွားပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်း ခေါင်းဆောင် ဖြစ်လာကတည်းက ပဋိပက္ခဟာ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့တဲ့ ငြိမ်းချမ်းမှုကို ရရှိခဲ့ပါတယ်။ အရင်တုန်းက ခြောက်ကပ် တိတ်ဆိတ်နေခဲ့တဲ့ ပဋိပက္ခဟာ အခုအချိန်မှာ စည်စည်ကားကား ဖြစ်လာပါတယ်။

အရင်တုန်းက ပုန်းအောင်းနေခဲ့တဲ့ ကမ္ဘာတွေလည်း လူမြင်ကွင်းထဲကို ထွက်လာကြပြီး ပါရမီရှင်တွေ စုဆောင်းကာ နယ်မြေတွေ ရင်းမြစ်တွေနဲ့ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်လာကြပါတယ်။

အစည်ကားဆုံး ပဋိပက္ခနယ်မြေကတော့ ကောင်းကင်တာအို တည်ရှိနေတဲ့ ပဋိပက္ခ နယ်မြေပါ။ ကောင်းကင်တာအိုက နိယာမ ပြည့်ပြည့်စုံစုံရှိတဲ့ ပထမဆုံးကမ္ဘာပါ။ အဲဒီမတိုင်ခင်မှာ ကောင်းကင်တာအိုက သာမန်ထိတွေ့လို့ရတဲ့ ကမ္ဘာတစ်ခုသာဖြစ်ပြီး ဘာမှ ထူးထူးခြားခြား မရှိခဲ့ပါဘူး။ ကောင်းကင်တာအိုရဲ့ ထူးခြားမှုကြောင့် ဘေးနားပတ်ဝန်းကျင်က ကမ္ဘာတွေကိုပါ စည်ပင်သာယာ ဝပြောလာစေပါတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ ကောင်းကင်တာအိုက ကမ္ဘာပေါင်းရာချီရဲ့ မှီခိုအားထားရာ ဖြစ်လာပါတယ်။

တာအိုဘိုးဘေးရဲ့ ကိုယ်ပိုင်တပည့်တွေ တည်ထောင်ထားတဲ့ စန့်ချွမ်အဂ္ဂကမ္ဘာကလည်း ဒီအချိန်မှာ အင်အားကောင်းလာပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူ အုပ်ချုပ်တဲ့ နယ်မြေအောက်မှာ ကောင်းကင်တာအိုနဲ့ စန့်ချွမ်အဂ္ဂကမ္ဘာက စပြီးတော့ အရှိန်အဟုန်ချင်း ပြိုင်ဆိုင်လာကြပါတယ်။

စန့်ချွမ်အဂ္ဂကမ္ဘာက မဟာနန်းတော်ကြီး တစ်ဆောင်မှာ တာအိုကျင့်ကြံသူ ထောင်သောင်းချီ တရားထိုင်နေကြပါတယ်။ သူတို့အကုန်လုံးဟာ အရပ်မျက်နှာတစ်ခုတည်းကို မျက်နှာ မူထားကြပါတယ်။ ဒီအရပ်မျက်နှာမှာ ထူးခြားရောင်ဝါရှိတဲ့ တာအိုကျင့်ကြံသူနှစ်ပါးက တာအိုကျင့်ကြံသူ ထောင်သောင်းချီကို မျက်နှာမူပြီး ထိုင်နေပါတယ်။

ဒီတာအိုကျင့်ကြံသူနှစ်ပါးက လောကဦး ကောင်းကင်အရှင်နဲ့ ကောင်းကင်ဂိုဏ်းချုပ်ပဲ ဖြစ်ပါတယ်။

လောကဦး ကောင်းကင်အရှင်ဟာ အင်မော်တယ်တာအို အရိုးရှိပြီး အကြည့်တွေက ဓားသွားလို စူးရှပါတယ်။ ကောင်းကင်ဂိုဏ်းချုပ်ကတော့ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး လူငယ်လေးတစ်ယောက်လို့ ထင်ရပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ထုတ်လွှတ်နေတဲ့ သတ်ဖြတ်ငွေ့ဟာ ပြင်းထန်လွန်းတဲ့အတွက် ဘယ်သူမှ သူ့ကို မကြည့်ရဲပါဘူး။

လောကဦး ကောင်းကင်အရှင်က တစ်လုံးချင်း ပြောလိုက်ပါတယ် “ငါတို့တွေ ကောင်းကင်တာအိုနဲ့ ထိပ်တိုက်တွေ့လို့ မရဘူး၊ ဘာပဲဖြစ်ဖြစ် ကောင်းကင်တာအိုက ငါတို့ရဲ့ မွေးရပ်မြေပဲ၊ ဒါပေမဲ့ ငါတို့ရဲ့ ကျေးဇူးမသိတတ်တဲ့ တပည့်တွေက ငါတို့ကို သစ္စာဖောက်ပြီး ကောင်းကင်တာအိုရဲ့ အာဏာကို သူတို့ဘာသာ ထိန်းချုပ်လိုက်ကြတယ်၊ ဒါ ငယ်သားက အကြီးအကဲကို ရန်စတာပဲ၊ ငါတို့တွေ ပဋိပက္ခ အစည်းအဝေးမှာ ကောင်းကင်တာအိုကို အနိုင်ယူပြီး ကောင်းကင်တာအိုရဲ့ ဂုဏ်သိက္ခာကို တိုက်ခိုက်ရမယ်၊ ဒါမှ ငါတို့တွေမှာ ကောင်းကင်တာအိုကို ဝါးမျိုဖို့ အခွင့်အရေး ရှိလာလိမ့်မယ်”

ခန်းမထဲက တာအိုကျင့်ကြံသူတွေဟာ ဒီကိစ္စကို ဆွေးနွေးကြပါတယ်။

“ပဋိပက္ခ အစည်းအဝေးက ပါရမီရှင်တွေ စုဝေးပွဲပဲ၊ ဒီပွဲက တကယ်ကို အရေးကြီးတယ်”

“ကောင်းကင်တာအိုရဲ့ အုတ်မြစ်က အားကောင်းတယ်ဆိုပေမဲ့ ဖိနှိပ်ခံထားရတာ ကြာပြီ၊ ငါတိုရဲ့ စန့်ချွမ်အဂ္ဂကမ္ဘာနဲ့ယှဉ်ရင် ကောင်းကင်တာအိုထဲမှာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က သိပ်များတာ မဟုတ်ဘူး”

“ဟုတ်တယ်၊ ကောင်းကင်တာအိုက ဘယ်လိုလုပ်ပြီး စန့်ချွမ်အဂ္ဂကမ္ဘာကို ယှဉ်နိုင်မှာလဲ”

“ဒါပေမဲ့ ငါတို့တွေ ကောင်းကင်တာအိုကို ထိချင်ရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ရှောင်လွှဲလို့မရဘူး”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက စွမ်းအားကြီးတာ အမှန်ပဲ၊ ဒါပေမဲ့ ငါတို့ရဲ့ အရှင်သုံးပါးကလည်း စွမ်းအားမနည်းပါဘူး”

တာအိုကျင့်ကြံသူတွေဟာ တော်တော်လေး ပျော်ရွှင်နေကြပြီး ကောင်းကင်တာအိုနဲ့ ပြိုင်ဆိုင်ဖို့ မစောင့်နိုင်အောင်ကို ဖြစ်နေကြပါတယ်။

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သူတို့ရဲ့ နားထဲမှာ မိုးခြိမ်းသံလိုပါပဲ။ ဒါပေမဲ့ သူတို့တွေဟာ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးတဲ့အတွက် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သိပ်ပြီးတော့ အထင်မကြီးကြပါဘူး။

ကောင်းကင်ဂိုဏ်းချုပ်က နှာခေါင်းရှုံ့လိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်း ဘယ်လောက်စွမ်းလဲဆိုတာကို ငါ ကြည့်ချင်သေးတယ်”

လောကဦး ကောင်းကင်အရှင်က ပြုံးလိုက်ပါတယ် “ဂိုဏ်းတူညီလေး... အပိုတွေ မပြောနဲ့၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တကယ်ကို စွမ်းအားကြီးတာ၊ နောက်ပြီး ကောင်းကင်တာအိုနဲ့ စန့်ချွမ်အဂ္ဂကမ္ဘာက မကြာခင်မှာ ပေါင်းစပ်တော့မှာ၊ ငါတို့တွေ ဘယ်လိုလုပ်ပြီး ရန်သူဖြစ်ရမှာလဲ”

ကောင်းကင်ဂိုဏ်းချုပ်ဟာ လောကဦး ကောင်းကင်အရှင်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောပါဘူး။

ဒီအချိန်မှာပဲ...

“ဘာတိုက်စရာရှိလို့လဲ၊ ကျွန်တော်တို့တွေ ပဋိပက္ခရဲ့ ထိပ်ဆုံးနေရာကို အရယူနိုင်ရင် ကောင်းကင်တာအိုကို ဂရုစိုက်စရာလိုဦးမှာလား”

လူတိုင်း လှည့်ကြည့်လိုက်တဲ့အခါ အသံပိုင်ရှင်က ဝတ်ရုံဖြူဝတ်ဆင်ထားတဲ့ တာအိုကျင့်ကြံသူတစ်ဦး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဒီတာအိုကျင့်ကြံသူရဲ့ မျက်နှာက ကြည့်ကောင်းပြီး အလွန်တရာ ငယ်ရွယ်ပါတယ်။ ရုပ်ရည်က အသက် ၁၆ နှစ် ၁၇ နှစ်ပဲ ရှိသေးတယ်လို့ ထင်ရပါတယ်။

ဒီတာအိုကျင့်ကြံသူဟာ မောက်မာတဲ့ မျက်နှာထားနဲ့ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး ခန်းမထဲမှာရှိတဲ့ တာအိုကျင့်ကြံတွေကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်ပါတယ်။

လောကဦး ကောင်းကင်အရှင်ဟာ တဟားဟား ရယ်မောလိုက်ပါတယ် “ကျန်းကုန်းမင်... ထိပ်ဆုံးနေရာကို ရဖို့က လွယ်တယ်များ မှတ်နေလား၊ ငါတို့အရှင်သုံးပါးတောင် ပဋိပက္ခထဲမှာ ကမ္ဘာ ဘယ်လောက်ရှိတယ်ဆိုတာ မသိဘူး၊ ပဋိပက္ခမှာ ပါရမီရှင် အရေအတွက်က အကန့်အသတ်ရှိတာ မဟုတ်ဘူး”

ကျန်းကုန်းမင်ဟာ ပြုံးလိုက်ပါတယ် “ကျွန်တော်က အသက်တစ်သန်းမှာ တာအိုရယူနိုင်ခဲ့ပြီး အသက်ဆယ်သန်းမှာ လွတ်လပ်မှုအဆင့်ကို ရောက်ခဲ့တယ်၊ ကျွန်တော်ရဲ့ အသက် သန်း ၅၀ မှာ မဟာတာအိုကို ရယူနိုင်ခဲ့တယ်၊ ပဋိပက္ခအစည်းအဝေးမှာ ကျွန်တော်ကို ယှဉ်နိုင်တဲ့လူရှိမှာ မဟုတ်ဘူး၊ ဆရာ... ကျွန်တော်ကို ပြောစမ်းပါ၊ ပဋိပက္ခထဲမှာ ကျွန်တော်ထက် အရည်အချင်း ပိုမြင့်တဲ့လူရှိလား၊ ကျွန်တော် တစ်ခါမှ စွန့်စားခရီး မထွက်ဖူးဘူး၊ ထိုးထွင်းသိမြင်တာလည်း မရှိဘူး၊ ဒီအဆင့်ရောက်အောင် ကျွန်တော့်ဘာသာ ကျင့်ကြံအားထုတ်လာတာ”

ကျန်းကုန်းမင်အကြောင်း မသိသေးတဲ့ တာအိုကျင့်ကြံသူတွေဟာ ဒီစကားကြားပြီး အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။

လောကဦး ကောင်းကင်အရှင်ဟာ ခေါင်းခါလိုက်ပါတယ် “မင်းက အရည်အချင်းရှိတာ အမှန်ပဲ၊ ဒါပေမဲ့ အတွေ့အကြုံ မရှိသေးဘူး၊ ဒီအတောအတွင်း ကောင်းကင်တာအိုထဲမှာ ပါရမီရှင်တွေ အများကြီး ပေါ်လာတယ်၊ ဥပမာပေးရရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တပည့်သုံးယောက်က အသက်ဆယ်သန်း မပြည့်ခင် လွတ်လပ်မှုအဆင့်ကို ရောက်နေပြီ၊ သူတို့တွေ အခွင့်အရေးရတယ်ဆိုပေမဲ့ သူတို့ကျင့်ကြံမှုအဆင့်က အစစ်အမှန်ပဲ”

ကျန်းကုန်းမင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “အဲဒီသုံးယောက်က ဘယ်သူတွေလဲ”

“တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီပဲ... သူတို့က အခုလောလောဆယ်မှာ မဟာသန့်စင် တာအိုပညာရှိရဲ့ ကိုယ်ပွားနဲ့ ကျင့်ကြံအားထုတ်နေကြတယ်”

ကျန်းကုန်းမင်ဟာ မျက်မှောင်ပိုကြုတ်သွားပါတယ်။

လောကဦး ကောင်းကင်အရှင်က ပြောလိုက်ပါတယ် “ကုန်းမင်... သူတို့နဲ့ သိကျွမ်းအောင်လုပ်ပြီး ပဋိပက္ခအစည်းအဝေးအတွက် ပြင်ဆင်ချည်၊ တစ်ခုတော့ မှတ်ထား... သူတို့နဲ့ ရန်သူဖြစ်မလာစေနဲ့၊ မဟာသန့်စင် တာအိုပညာရှိက သူတို့ကို ပျိုးထောင်ဖို့ ရည်ရွယ်ထားတယ်၊ နောက်ကျရင် သူတို့က တစ်ဂိုဏ်းတည်းသားတွေ ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်”

ကျန်းကုန်းမင်ဟာ မိုးမီးလောင်တဲ့ မျက်နှာနဲ့ ခေါင်းညိတ်လိုက်ပါတယ်။

တခြားတာအိုကျင့်ကြံသူတွေဟာ တာအိုအရှင်သခင်တို့ သုံးယောက် အကြောင်းကို စပြီးတော့ ဆွေးနွေးကြပါတယ်။ ဒီအခြေအနေက ကျန်းကုန်းမင်ကို ပိုပြီးတော့ မပျော်မရွှင် ဖြစ်သွားစေပါတယ်။

ကောင်းကင်ဂိုဏ်းချုပ်ဟာ ကျန်းကုန်းမင်ကို စိုက်ကြည့်ပြီး ပြုံးလိုက်ပါတယ်။ သူ ဘာတွေးနေတယ်ဆိုတာတော့ ကောင်းကင်ဂိုဏ်းချုပ် ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

တတိယ တာအိုစက်ကွင်း။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ နှစ်တစ်သိန်းကြာပြီးနောက် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ နည်းနည်း တိုးတက်လာပါတယ်။ အများကြီး မဟုတ်ပေမဲ့ အရင်ကထက် ပိုစွမ်းလာတော့ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ဒီရလဒ်ကို ကျေနပ်အားရပါတယ်။

လောကဦးကမ္ဘာ ကျယ်ပြန့်တာက အခုထိ အကန့်အသတ် မရှိသေးပါဘူး။ လောကဦးကမ္ဘာထဲက ကြယ်အရေအတွက်ဟာ ဟန်ကျွယ် အဆင့်တက်ပြီးတာနဲ့ နှစ်ဆနီးပါး ဖြစ်သွားပါတယ်။

ကမ္ဘာဖျက်ပိုးကောင်တွေကတော့ လောကဦး ကောင်းကင်ထောင်ထဲမှာ ရှိနေတုန်းပါ။ သူတို့ကို ကျွန်ပြုဖို့က အချိန်ကြာဦးမယ် ထင်ပါတယ်။ သူတို့က သက်တမ်း ၁ ထရီလီယံ သုံးပြီး တွက်ချက်ရတဲ့ တည်ရှိမှုတွေ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေတချို့က အ‌ဆော်ခံရပြီး တချို့က အခွင့်အရေးတွေ ရသွားကြပါတယ်။ တချို့ကတော့ တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာတွေဆီ ရောက်သွားကြပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်း နတ်စိတ်ဝိညာဉ် ခေါင်းဆောင် ဖြစ်လာကတည်းက စာစောင်တွေထဲမှာ ကမ္ဘာနာမည်တွေ ပိုပိုပြီးတော့ ပေါ်လာတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ အခုပုံစံကို ကြည့်ရသလောက်ကတော့ အန္တိမဒဏ်ခတ်နတ်မင်းက တကယ်ကို အမြော်အမြင်ရှိပုံပါပဲ။ ဒါပေမဲ့ ပဋိပက္ခ စွမ်းအားကြီးလာတာက လောကဦးနတ်ဘီလူးအတွက်တော့ သတင်းကောင်း မဟုတ်ပါဘူး။

‘ငါ လောကဦး နတ်ဘီလူးကို ကျော်လွန်သွားလို့ ငါ့သားက လောကဦးနတ်ဘီလူး သွေးစည်းကို ဆက်ခံရင် ပဋိပက္ခက ရှာတွေ့သွားနိုင်လား...’

ဟန်ကျွယ်ဟာ တွက်ချက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“ငါ ရှင်းဟုန်ရွှမ်သားရဲ့ အနာဂတ်ကို သိချင်တယ်၊ ဟုတ်တယ်၊ သူ ဘယ်လိုသေလဲဆိုတာ ငါ့ကိုပြ”

သေခြင်းတရားကို တွက်ချက်တာက တိုက်ရိုက်အကျဆုံးပါ။ တွက်ချက်လို့မရရင်တော့ အကောင်းဆုံးပါ။

[သက်တမ်း ၁၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘ဟင်... ငါသားက တစ်နေ့ကျရင် သေမှာလား..’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ အရိုးတွေ ပြန့်ကျဲနေတဲ့ နန်းတော်တစ်ဆောင်ထဲမှာ မတ်တတ်ရပ်နေတာကို တွေ့လိုက်ရပါတယ်။ ဒီအရိုးတွေက မျိုးနွယ်စုမျိုးစုံရဲ့ အရိုးတွေပါ။ ဒီနန်းဆောင်က ငရဲပြည်လိုမျိုး သရဲဆန်ပြီး ကြောက်ဖို့ကောင်းလှပါတယ်။

ဒီနန်းတော်က အလွန်တရာ ကျယ်ပြန့်ပါတယ်။ ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ မိုင်တစ်သန်းအကွာမှာ ပေတစ်သောင်းကျော် မြင့်မားတဲ့ ဧရာမပလ္လင်ကြီးကို တွေ့မြင်လိုက်ရပါတယ်။ ဒီပလ္လင်က နဂါးအရိုးတွေ ရစ်ပတ်နေပြီး သံနဲ့ ပြုလုပ်ထားတယ်လို့ ထင်ရပါတယ်။ ဒါ့အပြင် အေးစက်တဲ့ အလင်းရောင်ကိုလည်း လင်းတစ်ချီ မှောင်တစ်လှည့်နဲ့ ထုတ်လွှတ်နေပါတယ်။

ရုပ်သွင်တစ်သွင်ဟာ ဧရာမပလ္လင်ကြီးပေါ်မှာ ပျင်းရိလေးတွဲ့စွာ ထိုင်နေပါတယ်။ ဒီရုပ်သွင်က ပေတစ်သောင်းကျော် မြင့်မားပေမဲ့ ပလ္လင်ကြီးနဲ့ယှဉ်ရင် ကလေးတစ်ယောက်လိုပါပဲ။

“ဒါက ငါ့သားလား”

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပြီး ပေတစ်သောင်းကျော် မြင့်မားတဲ့ ရုပ်သွင်ကို ခေါင်းအစ ခြေအဆုံး စိုက်ကြည့်လိုက်ပါတယ်။

ဒီကလေးက ဟန်ကျွယ်ရဲ့ ကာလတာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်တွေကိုလည်း ရွှေရောင်ပုလဲသရဖူအောက်မှာ ချည်နှောင်ထားပါတယ်။ သူ့ရုပ်ရည်က ချောမောလှပပေမဲ့ မျက်လုံးတွေက သွေးလိုနီရဲနေပါတယ်။ သူက သက်ရှိအားလုံးကို အစိုးရတဲ့ ဧကရာဇ်တစ်ပါးနဲ့ တူပြီး ဟန်ကျွယ်ရှိနေတဲ့ အရပ်မျက်နှာဘက်ကို ပျင်းရိစွာ စိုက်ကြည့်နေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters