ပဋိပက္ခ မသိကိန်း
Vol. 84 Ch. 889
ဟန်ကျွယ်ဟာ သူ့သားရဲ့ မျက်နှာကို ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်။ သူ့သားက သူနဲ့ တော်တော်တူပါတယ်။ သူ့သားက ဟန်ထော်ထက် ပိုချောပေမဲ့ မိစ္ဆာဆန်တဲ့ အရိပ်အယောင်လည်း ရှိနေပါတယ်။
‘ဒီကောင်လေးရဲ့ သတ်ဖြတ်ငွေ့က ပြင်းလှချည်လား...’
ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါ အလင်းရောင်တွေ ဖြာထွက်နေတဲ့ ရုပ်သွင်တစ်သွင် လျှောက်လာတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီရုပ်သွင်ကို သေချာစိုက်ကြည့်ပြီးနောက် ထူးဆန်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရုပ်သွင်က အန္တိမဒဏ်ခတ်နတ်မင်း ဖြစ်နေလို့ပါပဲ။
အန္တိမဒဏ်ခတ်နတ်မင်းနောက်မှာ ရုပ်သွင်တွေ ပေါ်လာပါတယ်။ ဒီရုပ်သွင်တွေထဲမှာ ဒဏ်ခတ်သမားငါးဖော်နဲ့ မဟာတာအို နတ်စိတ်ဝိညာဉ် ဒါဇင်ကျော် ပါဝင်ပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်ကို ဖြတ်ကျော်သွားကြပြီး ပေတစ်သောင်းကျော် မြင့်မားတဲ့ သူတို့ရှေ့က ရုပ်သွင်ကို စိုက်ကြည့်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကုန်လုံးက လက်တုန်ခြေတုန် ဖြစ်နေတာကို သတိထားမိလိုက်ပါတယ်။ ဟန်ထော်တောင် လက်သီးကို တင်းတင်းဆုပ်ထားပြီး မျက်နှာကလည်း ဖျော့တော့နေပါတယ်။
“လောကဦးနတ်ဘီလူး... ဒီနေ့က မင်းသေနေ့ပဲ၊ မသေခင် ဘာပြောချင်သေးလဲ”
ကောင်းကင်ပြင်တစ်ခုလုံး မည်းမှောင်သွားပြီး မိုးခြိမ်းသံတွေ ထွက်ပေါ်လာပါတယ်။
ပေတစ်သောင်းကျော် မြင့်မားတဲ့ ရုပ်သွင်ဟာ သူ့ရှေ့မှာရှိတဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ငုံ့ကြည့်ပြီး အထင်အမြင်သေးစွာ ပြုံးလိုက်ပါတယ် “အစ်ကိုတော်... အစ်ကိုတော် ကျွန်တော့်ကို တကယ်ပဲ သတ်မလို့လား”
ဟန်ထော်ရဲ့ မျက်နှာဟာ ပိုပြီးတော့ ရုပ်ဆိုးသွားပါတယ်။
ယီတျန်က ကြိမ်းမောင်းလိုက်ပါတယ် “ကောင်စုတ်လေး... မင်းက မကောင်းမှုမျိုးစုံကို ကျူးလွန်ခဲ့တယ်၊ မင်းအစ်ကိုက ဘယ်ဟာမှန်လဲ ဘယ်ဟာမှားလဲဆိုတာကို ကောင်းကောင်းသိတယ်၊ မင်းကို ကူညီမှာ မဟုတ်ဘူး၊ သူ့ကို အပြစ်တင်နေမဲ့အစား ဆိုးသွမ်းလွန်းတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်သင့်တယ်”
“ဟားဟား...” ပေတစ်သောင်းကျော် မြင့်မားတဲ့ ရုပ်သွင်ဟာ အရိုင်းဆန်စွာ ရယ်မောလိုက်ပါတယ် “မကောင်းမှုဆိုတာကို ဘယ်သူ ဆုံးဖြတ်တာလဲ၊ မင်းတို့တွေလား...”
“ငါ ပဋိပက္ခနယ်မြေတစ်ခုကိုပဲ သုတ်သင်ခဲ့တာ၊ အဲဒီနယ်မြေမှာရှိတဲ့ ကျင့်ကြံသူတွေကလည်း အကုသိုလ်ကံရှိတဲ့လူတွေချည်းပဲ၊ နောက်ပြီး မင်းတို့တွေလည်း လူမှားပြီး မသတ်ဖူးတာ ကျနေတာပဲ၊ မင်းတို့တွေ လူအများကြီး မသတ်ခဲ့ဘူးလို့ ကျိန်ဆိုရဲလို့လား”
မဟာတာအို နတ်စိတ်ဝိညာဉ်တွော တိတ်ဆိတ်သွားပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပါတယ် “ငါတို့တွေက စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီးတာနဲ့ ပြီးခဲ့တာကို ပြီးခဲ့တဲ့အတိုင်း ထားလိုက်တယ်၊ ငါတို့အကုန်လုံး စည်းကမ်းတွေကို လိုက်နာဖို့လိုတယ်၊ အချိန်က ပြောင်းလဲသွားပြီဆိုတာကို မင်း နားမလည်ဘူးလား၊ နောက်ပြီး ဒီကိစ္စက ပဋိပက္ခနယ်မြေတစ်ခုကို သတ်ဖြတ်တာလောက် မရိုးရှင်းဘူး၊ မင်းက အထွတ်အထိပ် နိယာမတွေကို တက်နင်းပြီး သက်ရှိအကုန်လုံးကို ဝရုန်းသုန်းကားဖြစ်အောင် လုပ်တာ၊ မင်းက ပဋိပက္ခရဲ့ ကံတရားမြစ်ထဲဝင်ပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့ အတိတ်ကို ဖြတ်တောက်ပစ်ခဲ့လို့ သူတို့တွေရဲ့ တာအိုနှလုံးသားက ဖရိုဖရဲ ဖြစ်ကုန်ပြီ၊ ဒီအပြစ်တွေနဲ့တင် မင်း သေဖို့ လုံလောက်နေပြီ"
“ဒီနေ့ မင်းသေရမယ်”
ပေတစ်သောင်းကျော် မြင့်မားတဲ့ ရုပ်သွင်ဟာ မတ်တတ်ရပ်ပြီး အထင်သေးစွာ ပြောလိုက်ပါတယ် “မင်းက ငါ့ကို သတ်ချင်တယ်... မင်းကိုယ်မင်း အမြင့်ကြီး တွေးထားတာပဲ၊ အန္တိမဒဏ်ခတ်နတ်မင်း... မင်းကိုယ်မင်း ပဋိပက္ခထဲမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်လို့ ထင်နေတာလား”
အန္တိမဒဏ်ခတ်နတ်မင်းဟာ နှလုံးလှုပ်သွားပါတယ်။
ပေတစ်သောင်းကျော် မြင့်မားတဲ့ ရုပ်သွင်က ရယ်မောလိုက်ပါတယ် “ဟားဟား... မဟာတာအိုအထက်မှာ အဆင့်တွေ ရှိသေးတယ်၊ အဲဒီအဆင့်က မင်းနဲ့ လောင်ဇီ မရောက်နိုင်တဲ့ နေရာပဲ၊ ကိုယ်ပိုင်တာအိုကို ဖန်တီးခဲ့တဲ့ ငါ့အဖေက တာအိုဖန်တီးရှင်အဆင့်ကို ရောက်သွားသလို ငါလည်းပဲ တာအိုဖန်တီးရှင်အဆင့်ကို ရောက်သွားပြီ”
“ဒီနေ့ တာအိုဖန်တီးရှင်ရဲ့ စွမ်းအားက ဘာလဲဆိုတာ မင်းတို့သိအောင် ပြပေးမယ်”
“ဝုန်း...”
ကြောက်မက်ဖွယ်ရောင်ဝါ ပေါက်ကွဲထွက်လာပြီး နန်းတော်တစ်ခုလုံး အမှုန့်ဖြစ်သွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ လက်မြှောက်ပြီး ဟန့်တားလိုက်ပေမဲ့ သူ့နောက်က မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကုန်လုံး တစ်ပါးပြီးတစ်ပါး ဖျက်ဆီးခံလိုက်ရပါတယ်။ ဟန်ထော်ဟာ အတင်းဟန့်တားလိုက်ပေမဲ့ သူ့ခန္ဓာကိုယ်က တောင့်မခံနိုင်တာကြောင့် သွေးချင်းချင်း နီရဲသွားပါတယ်။
ပေတစ်သောင်းကျော် မြင့်မားတဲ့ ရုပ်သွင်ဟာ ကောင်းကင်ပေါ် ထိုးတက်သွားပြီး သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကနေ တောက်ပတဲ့အလင်းရောင်တွေ ဖြာထွက်လာပါတယ်။ သူဟာ အန္တိမဒဏ်ခတ်နတ်မင်းကို ငုံ့ကြည့်ပြီး ညာလက်ကို မြှောက်ကာ ရိုက်ချလိုက်ပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး သူ လှုပ်ရှားလို့ မရတာကို ရှာတွေ့သွားပါတယ်။
“အန္တိမဒဏ်ခတ်နတ်မင်း... မင်းက ပဋိပက္ခအတွက် အကျိုးဆောင်ခဲ့လို့ ငါ မင်းကို လေးစားတယ်၊ ဒီတော့ ငါ မင်းကို မသတ်ခဲ့ဘူး၊ ဒါပေမဲ့ မင်းက နတ်စိတ်ဝိညာဉ်တွေနဲ့ ပူးပေါင်းပြီး ငါ့ကို တိုက်ခိုက်ရဲတယ်၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ” ပေတစ်သောင်းကျော် မြင့်မားတဲ့ ရုပ်သွင်ဟာ အေးစက်စွာ ပြောလိုက်ပါတယ်။
ဒါကို ကြည့်နေတဲ့ ဟန်ကျွယ်ဟာ လန့်သွားပါတယ် ‘ငါ့သားက တာအိုဖန်တီးရှင်လား... ဒီကောင့်ရောင်ဝါက တော်တော် ကြောက်ဖို့ကောင်းတာပဲ’
“ဟွန်း...”
အေးစက်တဲ့ အသံတစ်သံ ထွက်ပေါ်လာပြီး ပေတစ်သောင်းကျော် မြင့်မားတဲ့ ရုပ်သွင်ဆီက အလင်းရောင်တွေဟာ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ အရာအားလုံး ရပ်တန့်သွားပါတယ်။ အကာသတောင် ရပ်တန့်သွားပြီး ပြင်းထန်စွာ ရှုံ့တွသွားပါတယ်။
ပေတစ်သောင်းကျော် မြင့်မားတဲ့ ရုပ်သွင်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပါတယ် “ဘယ်သူလဲ”
“လောကဦးနတ်ဘီလူး... မင်းက ပဋိပက္ခကို တော်လှန်ချင်တယ်၊ မင်းရဲ့ အပြစ်က ခွင့်လွှတ်လို့မရဘူး၊ မင်းရဲ့ ရုပ်နာမ် နှစ်ပါးစလုံး ပျက်စီးပြီး မင်းရဲ့ ကျင့်ကြံမှု စွမ်းအားတွေလည်း နတ္ထိဖြစ်စေရမယ်”
ခံစားချက်ကင်းမဲ့တဲ့ ဒီအသံနဲ့အတူ ဟန်ကျွယ်ရှေ့က အရာအားလုံး မှန်တစ်ချပ်လို ကွဲကြေသွားပါတယ်။ ပေတစ်သောင်းကျော် မြင့်မားတဲ့ ရုပ်သွင်လည်း အပိုင်းပိုင်းပြတ်ပြီး အမှုန့်ဖြစ်သွားပါတယ်။
ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ နောက်ဆုံး တိုက်ခိုက်လိုက်တာက ပဋိပက္ခသိစိတ်၊ သဏ္ဍာန်မဲ့နတ်မင်းနဲ့ နဝမပဋိပက္ခထဲက တစ်ယောက်ယောက် ဖြစ်နိုင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သူတို့တွေက တာအိုဖန်တီးရှင်ဆိုတာကို သံသယဝင်စရာ မလိုပါဘူး။
ဟန်ကျွယ် သေချာ ပြန်တွေးကြည့်လိုက်တဲ့အခါ သူ့အငယ်ဆုံးသားက လုံးလုံးကြီး လမ်းမှားရောက်သွားတာ မဟုတ်မှန်း တွေ့လိုက်ရပါတယ်။ အနည်းဆုံး သူ့အငယ်ဆုံးသားက နောက်ဆုံးမှာ သူ့အစ်ကိုကို မသတ်ခဲ့ပါဘူး။ အဲဒီအစား ဟန်ထော်ကသာ အန္တိမဒဏ်ခတ်နတ်မင်းနောက်လိုက်ပြီး သူ့ညီကို သတ်ဖို့ ကြိုးစားပါတယ်။ ဒီနေရာမှာ တခြားအကြောင်းအရင်းတွေ ရှိနေနိုင်ပါတယ်။ ဟန်ကျွယ်ဟာ မြင်သမျှတိုင်းကို မျက်လုံးစုံမှိတ်ပြီး မယုံကြည်ပါဘူး။
ဒါပေမဲ့ တစ်ခုကတော့ ကျိန်းသေပါတယ်။ သူ့အငယ်ဆုံးသားက ကျိုးကြောင်းမစဉ်းစားဘဲ ထင်ရာလျှောက်လုပ်တယ်ဆိုတာ။ တာအိုဖန်တီးရှင်အဆင့်ကို ခြေလှမ်းတစ်ဝက် ရောက်ရုံနဲ့ စိတ်ထင်ရာ လျှောက်လုပ်ရဲတာက နည်းတဲ့ သတ္တိတော့ မဟုတ်ပါဘူး။
ဒါ့အပြင် သူ့အငယ်ဆုံးသားရဲ့ စကားကနေ အဲဒီအချိန်မှာ သူက တာအိုဖန်တီးရှင် ဖြစ်နေပြီဆိုတာကို ဟန်ကျွယ် သိလိုက်ရပါတယ် ‘ငါက တာအိုဖန်တီးရှင် ဖြစ်နေပြီဆိုရင် ဘာလို့ ပေါ်မလာတာလဲ... တခြား တာအိုဖန်တီးရှင်တွေနဲ့ ရင်ဆိုင်နေရလို့လား...’
ဟန်ကျွယ်ဟာ သားအဖနှစ်ယောက် မတည့်တဲ့ ဖြစ်နိုင်ခြေကို တစ်ခါတည်း ဖယ်ထုတ်ပစ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အန္တရာယ်အရှိဆုံး ဖြစ်နိုင်ခြေကို တွေးလိုက်ပါတယ်။ အဲဒါက သူ့ကို တခြား တာအိုဖန်တီးရှင်တွေ ပူးပေါင်းပြီး ဝိုင်းဖိနှိပ်တာပါ။
ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ အန္တရာယ်အငွေ့အသက်ကို ရလိုက်ပါတယ်။
‘မဖြစ်သေးဘူး... ငါ ဇွဲရှိရှိနဲ့ ကြိုးစားကျင့်ကြံမှပဲ’ ဟန်ကျွယ်ဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ် ‘ငါ့အငယ်ဆုံးသား မွေးဖွားလာရင် သေချာ ဆုံးမရမယ်’
ဟန်ကျွယ်ဟာ ဖြစ်လာမဲ့ အနာဂတ်ကြောင့် သူ့သားကို မငြင်းဆန်ပါဘူး။ ဒီဖြစ်နိုင်ခြေကလည်း လောလောဆယ် အခြေအနေအပေါ်မှာ မူတည်ပြီး တွက်ချက်ထားတာပါ။ မဖြစ်သေးတဲ့ကိစ္စတွေက ပြောင်းလဲလို့ ရပါသေးတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
အချိန်ဟာလျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နှစ်လေးသောင်း ကြာပြီးနောက်...
[ကမ္ဘာဖျက်ပိုးကောင်အား အောင်မြင်စွာ ကျွန်ပြုပြီးပါပြီ။]
[ကမ္ဘာဖျက်ပိုးကောင်သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျောက်ချပ်ကို လက်ဝါးပေါ် တင်ကြည့်လိုက်ပါတယ်။ မကြာခင်မှာပဲ ကျောက်ချပ်ထဲကနေ ဘုရင်မပိုးကောင် ထွက်လာပြီး တလူးလူး တလွန့်လွန်နဲ့ ဟန်ကျွယ်ကို ရင်းနှီးကြောင်း ပြသပါတယ်။
ဒီဘုရင်ပိုးကောင်က ကမ္ဘာဖျက်ပိုးကောင်ရဲ့ စိတ်ဆန္ဒ ဖြစ်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ ဘုရင်မပိုးကောင်ကို တာအိုပညာရှိအာရုံနဲ့ နှစ်သိမ့်ပေးပြီး ကျောက်ချပ်ထဲ ပြန်ခိုင်းလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကျောက်ချပ်မှာရှိတဲ့ စည်းတွေကို စပြီးတော့ သန့်စင်ပါတယ်။ ဟန်ကျွယ်ဟာ နှစ်တစ်ရာကျော် သန့်စင်ပြီး ဒီကျောက်ချပ်ကို ဓမ္မရတနာအဖြစ် ဖန်တီးလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကျောက်ချပ်တစ်ချပ်လုံးကို လောကဦးကမ္ဘာထဲ ပစ်ထည့်ပြီး လောကဦးချီနဲ့ ကမ္ဘာဖျက်ပိုးကောင်ကို အစာကျွေးပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာပြီး ဆက်ကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ပိုးကောင်ကို အတော်လေး မျှော်လင့်ထားပါတယ်။ ဒီအင်းဆက် မျိုးနွယ်စုက ဓမ္မစွမ်းအားနဲ့ အတွေးတွေကို ဝါးမျိုနိုင်တဲ့အတွက် ကျိန်းသေပေါက် ကျင့်ကြံသူတွေရဲ့ အိပ်မက်ဆိုး ဖြစ်လာမှာပါ။ ဒီပိုးကောင်တွေက အမင်္ဂလာ မကောင်းဆိုးဝါးတွေထက်တောင် ပိုကြောက်ဖို့ ကောင်းမှာပါ။
.....
အဖြူရောင်အာကာသ။ ဒီနေရာမှာ အဖြူရောင်ကလွဲရင် တခြားဘာအရောင်မှ မရှိပါဘူး။ တစ်ချက်ကြည့်ရုံနဲ့တင် ဒီနေရာက အဆုံးမဲ့တယ် ဆိုတာကို သိနိုင်ပါတယ်။ ဒီအာကာသရဲ့ ထောင့်တစ်နေရာမှာ ဧရာမခေါင်းကြီးတစ်ခေါင်း ပေါလောမျောနေပါတယ်။ သဲမှုန့်လောက် သေးငယ်တဲ့ အလောင်းကောင်တွေဟာ ဒီဧရာမခေါင်းကြီးရဲ့ ပတ်လည်မှာ ရှိနေပါတယ်။
ဒီဧရာမခေါင်းကြီးမှာ ညှိုးနွမ်းသွားတဲ့ မြက်လိုမျိုး ဆံပင်ရှည်တွေ ရှိနေပါတယ်။ သူ့မျက်နှာက ကြက်သွေးရောင် နီရဲနေပြီး မျက်လုံးက ကိုးလုံး ရှိပါတယ်။ မျက်လုံးလေးစုံက ထပ်ပြီး တည်ရှိနေတာ ဖြစ်ပြီး ကျန်တစ်လုံးကတော့ နဖူးကြားမှာ တည်ရှိနေတာ ဖြစ်ပါတယ်။
ဧရာမခေါင်းကြီးဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ သူ့အကြည့်က အလွန်တရာ အေးစက်ပြီး ခံစားချက် လုံးဝ မရှိပါဘူး။ လေးလံပြီး အထီးကျန်လွန်းတဲ့ အချိန်ရောင်ဝါလည်း ဖြတ်သန်း စီးဆင်းသွားပါတယ်။
“ဘယ်သူက ငါ့ကို ထောက်လှမ်းပြီး ငါ့ကံကြမ္မာကို ဖန်တီးနေတာလဲ” ဧရာမခေါင်းကြီးဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ် “ငါ ပဋိပက္ခကို တွက်ချက်လို့ မရတော့ဘူး၊ ပန်ကူးက ကံနိယာမကို ဖြတ်တောက်လိုက်တာက နတ်အာဏာရှင် စစ်သူကြီးတွေကို ခုခံဖို့တင်မဟုတ်ဘဲ တခြားအကြောင်းရင်း ရှိနေတာများလား”
“စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ၊ ပဋိပက္ခမှာ မသိကိန်းတွေ ရှိနေသေးတာပဲ၊ ဘယ်သူ အင်အားကြီးလာမလဲဆိုတာကို ငါ မြင်ချင်သေးတယ်”
“ငါ လှုပ်ရှားပြီဆိုမှတော့ ဒီပဋိပက္ခကို ပိုစိတ်ဝင်စားစရာကောင်းအောင် လုပ်ပေးရမယ်” စကားအဆုံးမှာ ဧရာမခေါင်းကြီးရဲ့ မျက်ခုံးကြားကနေ မျက်လုံးကနေ အလင်းတန်းတစ်တန်း ဖြာထွက်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။