← Chapters

အဖေနဲ့ သမီး တိုက်ခိုက်ခြင်း

Vol. 84 Ch. 890

အဖေနဲ့ သမီး တိုက်ခိုက်ခြင်း

Vol. 84 Ch. 890

ပဋိပက္ခနက်ထဲက ပျက်စီးယိုယွင်းနေတဲ့ တိုက်တစ်တိုက်မှာ ကျင့်ကြံသူ အုပ်စုနှစ်စုဟာ ဓားဆွဲမလို တုတ်ဆွဲမလို ဖြစ်နေကြပါတယ်။ အုပ်စုတစ်စုက ဘိုးဘေးရှီတျန်၊ လီတောက်ခုံး၊ ရှီတုတောက်နဲ့ တခြားလူတွေ ဖြစ်ပြီး တခြားအုပ်စုကတော့ ဟွမ်ဇွမ်တျန်နဲ့ တခြားလူတွေပါ။

ဟွမ်ဇွမ်တျန်ဟာ ဘိုးဘေးရှီတျန်ထက် နောက်လိုက်ငယ်သား ပိုများနေပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ဘိုးဘေးရှီတျန်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ဘိုးဘေး... ကောင်းကင်တာအိုနဲ့ ဆက်ဆံရေးကို ထောက်ထားပြီး ကျွန်တော်တို့ ရှုံဟွာထဲ ဝင်ပါ၊ ကျွန်တော်က ရှုံဟွာသခင်ရဲ့ ဆက်ခံသူ မျိုးဆက်အမှန်ပဲ၊ နောက်ပြီး ကျွန်တော်ရဲ့ လက်အောက်မှာ ကပ်ဘေးထိန်းချုပ်သူ တစ်သန်းကျော် ရှိတယ်၊ ဘိုးဘေး ဒီနောက်လိုက်တွေကို တစ်ယောက်တည်း ဦးဆောင်နိုင်မှာ မဟုတ်ဘူး”

ရှီတုတောက်နဲ့ လီတောက်ခုံးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ သူတို့တွေဟာ ဟွမ်ဇွမ်တျန်ရဲ့ ဂုဏ်သတင်းကို ကြားထားပါတယ်။ ဟွမ်ဇွမ်တျန်က ဘာမှမရှိတဲ့ဘဝကနေ ရှုံဟွာသခင် ဖြစ်လာတာပါ။ သူ့နည်းလမ်းတွေက အရမ်းကို ထက်မြက်ပါတယ်။ အနည်းဆုံးတော့ ဒီနယ်ပယ်မှာ သူတို့တွေ ဟွမ်ဇွမ်တျန်ကို မယှဉ်နိုင်ပါဘူး။

ဘိုးဘေးရှီတျန်ဟာ ပြုံးလိုက်ပါတယ် “ဟွမ်ဇွမ်တျန်... ကောင်းကင်တာအိုမှာ မင်းလိုမျိုး လူရှိနေလိမ့်မယ်လို့ ထင်မထားဘူး၊ မင်းရဲ့ အရည်အချင်းက ကျင့်ကြံမှု မဟုတ်ဘူး၊ ဒါပေမဲ့ မင်းရဲ့ စွမ်းရည်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလိုမျိုး အကန့်အသတ်မရှိဘူး”

“ဟီးဟီး... ဘိုးဘေးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် အခုတော့ ကပ်ဘေးထိန်းချုပ်သူတွေကို စုစည်းပြီး အနာဂတ်ကောင်းကို စောင့်ဆိုင်းချင်တယ်၊ ပဋိပက္ခက ငြိမ်းချမ်းနေတယ်ဆိုပေမဲ့ ကျွန်တော်တို့တွေ ကံကြမ္မာကနေ ပြေးလွတ်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့တွေ မစုစည်းရင် တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူခံရလိမ့်မယ်၊ ကပ်ဘေးထိန်းချုပ်သူ ဖြစ်လာတာနဲ့ ကျွန်တော်တို့တွေက ပဋိပက္ခသက်ရှိတွေ မဟုတ်တော့ဘူး၊ ကျွန်တော်တို့တွေ ပဋိပက္ခမှာ ရှင်သန်ချင်ရင် အချင်းချင်း စည်းလုံးပြီး ချုပ်တည်းနိုင်မှ ဖြစ်မယ်”

ဘိုးဘေးရှီတျန်ဟာ ဟွမ်ဇွမ်တျန်ရဲ့ အဆိုကို သဘောတူပေမဲ့ ပူးပေါင်းဖို့ကိုတော့ သဘောမတူပါဘူး။ ဒါကြောင့် နှစ်ဖက်စလုံး ခုပဲ ထသတ်တော့မလို ဖြစ်ကုန်ပါတယ်။

ရှီတုတောက်က စိတ်ထဲမှာ တွေးလိုက်ပါတယ် ‘ဘာတွေဖြစ်ကုန်တာလဲ၊ ဘာဖြစ်လို့ အမှောင်သခင်ကြီး ပေါ်မလာတာလဲ၊ သခင်ကြီးက ဘာလုပ်နေတာလဲ’ ရုတ်တရက်ဆိုသလို ရှီတုတောက်ဟာ အခြေအနေတွေကို မခန့်မှန်းနိုင်တော့ပါဘူး။

ရှီတုတောက်ဟာ အမှောင်သခင်ကြီးနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တစ်ယောက်တည်းလို့ ထင်ထားတာပါ။ အမှောင်သခင်ကြီး ရှုံဟွာအင်အားစုကို ထောက်ပံ့တာကလည်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဂုဏ်သတင်း ကြီးမားအောင် ကူညီတာပါ။ အခု ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခမှာ နာမည်ကျော်နေပြီ ဖြစ်တဲ့အတွက် ရှုံဟွာအင်အားစုကို ရှင်းလင်းပြီး အမှောင်ထဲက အင်အားစုကြီးတစ်စုဖြစ်အောင် ပျိုးထောင်ဖို့ အချိန်တန်ပါပြီ။

“ဘိုးဘေး... သေချာတွေးပြီးပြီလား” ဟွမ်ဇွမ်တျန်က မျက်လုံးကျဉ်းပြီး မေးလိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ညာလက်ကို နောက်ပစ်ပြီး တိတ်တဆိတ် အချက်ပြလိုက်ပါတယ်။ ဒါက တိုက်ပွဲအတွက် အချက်ပြတာပါ။

ဘိုးဘေးရှီတျန်ဟာ ရှေ့တစ်လှမ်းတိုးပြီး ပြောလိုက်ပါတယ် “ငါတို့တွေ အညံ့ခံလို့ရတယ်၊ ဒါပေမဲ့ ရှုံဟွာသခင်အနေနဲ့ မင်းစွမ်းအားကို ပြသသင့်တယ်လို့ မထင်ဘူးလား၊ အထက်ကို တက်နိုင်ရုံနဲ့ လက်အောက်ငယ်သားတွေ လက်ခံလာအောင် မလုပ်နိုင်ဘူး၊ ရှုံဟွာအင်အားစုကို တိုးတက်အောင် ဦးဆောင်ချင်တယ်ဆိုရင် ဆန်းကြယ်စွမ်းအားကို မှီခိုရဦးမှာပါ”

ဟွမ်ဇွမ်တျန်ဟာ ပြုံးလိုက်ပါတယ် “ဒါဆိုလည်း ကျွန်တော့်ကို သင်ပြပေးပါ ဘိုးဘေး...”

ဟွမ်ဇွမ်တျန်ရဲ့ မျက်လုံးကနေ အေးစက်တဲ့အလင်းရောင်တွေ ဖြာထွက်လာပါတယ်။

ဘိုးဘေးရှီတျန်ဟာ ရုတ်တရက်ဆိုသလို အန္တရာယ် အငွေ့အသက်ကို ရလိုက်ပါတယ်။ အကြောင်းအရင်း တချို့ကြောင့် ဘိုးဘေးရှီတျန်ဟာ ဟန်ကျွယ်ရဲ့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကို တွေးမိလိုက်ပါတယ်။

‘ဒီကောင်လေး မရိုးရှင်းဘူးပဲ၊ ရှုံဟွာသခင် ဖြစ်လာတာ အံ့ဩစရာ မရှိတော့ပါဘူး’

အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး နှစ်တစ်သိန်း ကြာသွားပါတယ်။

ဟန်ချင်းအာဟာ သစ်ပင်အိုကြီးအောက်မှာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေတုန်းပါပဲ။ အခုဆိုရင် သူမရဲ့ ကျင့်ကြံမှုက လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို ရောက်နေပါပြီ။ ဟန်ချင်းအာက နှစ်တစ်သိန်းကျော်တည်းနဲ့ တာအိုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကျင့်ကြံမှုအလျင်က ယုံနိုင်ဖွယ်ရာကို မရှိပါဘူး။

ချင်းလွမ်အာဟာ ကျင့်ကြံမှုပြီးလို့ အကြောဆန့်နေပါတယ်။ ချင်းလွမ်အာဟာ သူ့သမီးကို လှမ်းကြည့်ပြီး မမေးဘဲ မနေနိုင်ပါဘူး “ချင်းအာ... သမီး မပင်ပန်းဘူးလား”

ဘယ်လိုပဲဖြစ်ဖြစ် ချင်းလွမ်အာဟာ တရစပ် မကျင့်ကြံနိုင်ပါဘူး။ အချိန်တစ်ခုကြာတာနဲ့ ကျင့်ကြံတာရပ်ပြီး တစ်ခဏ အနားယူလေ့ ရှိပါတယ်။

ဟန်ချင်းအာဟာ မျက်လုံးတောင် မဖွင့်ဘဲ ပြန်ဖြေပါတယ် “စွမ်းအားပိုကြီးလာတာကို သမီးက ဘာဖြစ်လို့ ပင်ပန်းရမှာလဲ၊ ကြည့်ရတာ မေမေက မေမေရဲ့ ကျင့်ကြံမှုအလျင်ကို မခံစားနိုင်ဘူးနဲ့ တူတယ်”

ချင်းလွမ်အာဟာ တစ်ခဏ မှင်တက်သွားပြီးနောက် အခြေအနေကို နားလည်သွားပါတယ်။ သူ့သမီးက သူ့ကျင့်ကြံမှု အရည်အချင်းကို သရော်နေတာပါ။

ချင်းလွမ်အာဟာ ဟန်ချင်းအာရဲ့ နောက်ကျောကို ရိုက်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ချင်းအာရဲ့ ကျင့်ကြံမှုကို နှောင့်ယှက်မိမှာစိုးတဲ့အတွက် အားမထည့်ပါဘူး။ ချင်းလွမ်အာဟာ သက်ပြင်းချပြီး ကျင့်ကြံအားထုတ်နေတဲ့ ဟန်ချင်းအာကို ကြည့်လိုက်ပါတယ်။ သားရော သမီးရောက စိတ်ထဲမှာ ကျင့်ကြံအားထုတ်ဖို့ပဲ ရှိပါတယ်။

အရင်တုန်းက ချင်းလွမ်အာဟာ အကြောင်းရင်းကို နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ နားလည်သွားပါပြီ။ ဒီစရိုက်က သူတို့အဖေဆီကနေ အမွေဆက်ခံထားတာပါ။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ပိုပြီးတော့တောင် ယုတ္တိမရှိပါဘူး။ နှစ်သန်းချီအောင် ဂူအောင်းကျင့်ကြံနေတာပါ။ ချင်းလွမ်အာဟာ တွေးကြည့်ရုံနဲ့တင် ခေါင်းကျိန်းသွားပါတယ်။

ဒီအချိန်မှာပဲ ခြေသံ ကြားလိုက်ရတဲ့အတွက် လှည့်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရပါတယ်။ ချင်းလွမ်အာဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် တအံ့တဩ မတ်တတ်ရပ်လိုက်ပါတယ်။

“ယောက်ျား... ဘာဖြစ်လို့ ရောက်လာတာလဲ”

ဟန်ချင်းအာဟာ မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်ရှေ့ကို ရုတ်ခြည်းရောက်လာပါတယ် “ဖေဖေ... သမီး ဖေဖေနဲ့ လက်ရည်စမ်းချင်တယ်”

မလှမ်းမကမ်းမှာရှိတဲ့ သက်ရှိတွေလည်း မျက်လုံးဖွင့်လိုက်ကြပါတယ်။ နှစ်သိန်းချီကြာပြီး နောက်မှာတော့ သူတို့တွေဟာ နည်းနည်း အသက်ကြီးလာပါပြီ။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ မင်းကို လာတွေ့တာ”

အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ချင်းအာကို လှမ်းကြည့်လိုက်ပါတယ် “သမီးက ဖေဖေနဲ့ တိုက်ခိုက်ဖို့ အရည်အချင်း မမီသေးဘူး”

ဟန်ချင်းအာဟာ ဟန်ကျွယ်စကားကို လက်မခံချင်ပါဘူး။

“မဖြစ်နိုင်ဘူး... သမီးက အခု အရမ်းစွမ်းအားကြီးနေပြီ၊ အဲဒီတပည့်တွေက သမီးကို မယှဉ်နိုင်ဘူး”

“သူတို့က တာအိုထဲမှ မရောက်သေးတာ၊ သူတို့က ဒီအတိုင်း ကျင့်ကြံအားထုတ်နေတာ၊ ဘယ်လိုလုပ်ပြီး သမီးနဲ့ နှိုင်းယှဉ်လို့ရမှာလဲ”

“အဲဒါကြောင့် ဖေဖေပဲ သမီးနဲ့ တိုက်ခိုက်နိုင်တာလေ”

“ဖေဖေ ကျန်းကျွယ်ရှီကို သမီးနဲ့ တိုက်ခိုက်ခိုင်းမယ်လေ... ဘယ်လိုသဘောရလဲ”

“မရဘူး...” ဟန်ချင်းအာဟာ ယတိပြတ် ငြင်းလိုက်ပါတယ်။ ဟန်ချင်းအာဟာ ငတုံးမဟုတ်ပါဘူး။ ကျန်းကျွယ်ရှီက လွတ်လပ် တာအိုပညာရှိပါ။ နောက်ဆုံး အရင်တစ်ခေါက်တုန်းက ခံစားခဲ့ရတဲ့ ကြောက်မက်ဖွယ် ခံစားချက်က အခုထိ မပျောက်သေးပါဘူး။

နောက်ပြီး ကျန်းကျွယ်ရှီက တပည့်တစ်ယောက် ဖြစ်တဲ့အတွက် သူ့ကို အ‌လျှော့ပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့အဖေကတော့ သူ့ကို ထိခိုက်အောင်လုပ်မှာ မဟုတ်ပါဘူး။ ဟန်ချင်းအာရဲ့ အစီအစဉ်ကို တကယ်ကို ပြီးပြည့်စုံပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ စွမ်းအားကို ထည့်မတွက်မိခဲ့ပါဘူး။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုကာ ဟန်ချင်းအာကို အိပ်မက်ထဲ ဆွဲထည့်လိုက်ပါတယ်။ အိပ်မက်နယ်မြေက ပဋိပက္ခ ဟင်းလင်းပြင်ပါ။

ဟန်ချင်းအာဟာ ပတ်ဝန်းကျင်ကို တအံ့တဩ ကြည့်လိုက်ပါတယ်။ ဟန်ချင်းအာဟာ သူ့အဖေက သူ့ကို ဟင်းလင်းပြင်ဆီ ခေါ်သွားတယ်လို့ ထင်နေပါတယ်။ အိပ်မက်တစ်ခုဆိုတာကို သတိမထားမိပါဘူး။

“သမီးက တိုက်ခိုက်ချင်မှတော့ တိုက်ကြတာပေါ့”

ဟန်ကျွယ်ရဲ့ စကားအဆုံးမှာ နတ်ဘီလူးဓမ္မရုပ်တုတွေ ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ ပေါ်လာပါတယ်။ နတ်ဘီလူးဓမ္မရုပ်တုတိုင်းက ပေတစ်သန်းကျော် မြင့်မားပြီး တစ်ရာကျော်ပါတယ်။ အကုန်လုံးက ဟန်ချင်းအာကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်ကြပါတယ်။

ဟန်ချင်းအာဟာ ကြက်သေသေသွားပါတယ်။ ဟန်ချင်းအာဟာ ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဟန်ချင်းအာဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်တဲ့အခါ သူမ ဝန်းရံထားခံရမှန်း သိလိုက်ပါတယ်။

ဟန်ချင်းအာဟာ ကြောက်လန့်ပြီး အသားတွေ တုန်သွားပါတယ်။

‘ပုရွက်ဆိတ်’ ဟန်ချင်းအာဟာ ဒီဝေါဟာရကို တွေးမိလိုက်ပါတယ်။

ဟန်ချင်းအာဟာ အင်မော်တယ်ကမ္ဘာမှာ လျှောက်သွားခဲ့တုန်းက ကလေးတွေ ဆောင့်ကြောင့်ထိုင်ပြီး မြေကြီးပေါ်က ပုရွက်ဆိတ်တွေနဲ့ ကစားတာကို တွေ့ဖူးပါတယ်။ ကလေးတွေဟာ ပုရွက်ဆိတ်ကို ဝန်းရံပြီး တုတ်နဲ့ ဟိုတို့ဒီတို့ ကစားကြတာပါ။ အခု သူမရဲ့ အခြေအနေကလည်း အဲဒီအတိုင်းပါပဲ။

ဟန်ကျွယ်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပါတယ် “သမီးက အဖေနဲ့ တိုက်ခိုက်ဖို့ စိတ်အား ထက်သန်နေမှတော့ အဖေရဲ့ စွမ်းအားကို သမီးမြင်အောင် ပြပေးမယ်၊ ဖေဖေရဲ့ နာမည်က ပဋိပက္ခကို တုန်လှုပ်စေတာ အကြောင်းမဲ့မဟုတ်ဘူး... သေချာကြည့်ထား...”

ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ ဒေါသတကြီး ဟိန်းဟောက်သံကို ဟန်ချင်းအာကို အသည်းငယ်သွားစေပါတယ်။ ဟန်ချင်းအာဟာ အလိုလို ထွက်ပြေးဖို့ ကြိုးစားပေမဲ့ ကြောက်မက်ဖွယ် စွမ်းအားတစ်ပါးရဲ့ ချုပ်နှောင်မှုကြောင့် တစ်စက်ကလေးတောင် မလှုပ်ရှားနိုင်ပါဘူး။ ဝိညာဉ်တောင် ခန္ဓာကိုယ်ထဲကနေ ထွက်လို့မရပါဘူး။

‘မဖြစ်နိုင်ဘူး...’ ဟန်ချင်းအာရဲ့ မျက်နှာဟာ သွေးမရှိတော့ပါဘူး။ ဟန်ချင်းအာဟာ ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ လက်သီးချက် ရောက်လာတာကို ဒီအတိုင်း ထိုင်ကြည့်နေရပါတယ်။

‘ဒါ တကယ် သတ်ဖြတ်ငွေ့ပဲ... ဖေဖေက ငါ့ကို နောက်နေတာ မဟုတ်ဘူး’

“ဝုန်း...”

ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ လက်သီးချက်အောက်မှာ ဟန်ချင်းအာရဲ့ ရုပ်နာမ်နှစ်ပါးစလုံး ပျက်သုဉ်းသွားပါတယ်။

အိပ်မက်လည်း အဆုံးသတ်သွားပါတယ်။

ဟန်ချင်းအာဟာ မျက်လုံးဖွင့်ပြီး တစ်ဝကြီး အသက်ရှူလိုက်ပါတယ်။ ဟန်ချင်းအာရဲ့ နဖူးမှာ ချွေးသီးချွေးပေါက်တွေ စို့နေပါတယ်။

ချင်းလွမ်အာက သောကနဲ့ မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ သမီး”

အိပ်မက်က မြန်ဆန်လွန်းပါတယ်။ ဟန်ကျွယ်ဟာ ဟန်ချင်းအာနဲ့ တိုက်ခိုက်နေတုန်း ချင်းလွမ်အာနဲ့ စကားပြောနေတာ ဖြစ်တဲ့အတွက် ချင်းလွမ်အာဟာ သူ့သမီး အိပ်မက်ထဲ ဆွဲထည့်ခံလိုက်ရတာကို မသိပါဘူးး။

ဟန်ကျွယ်ဟာ ခပ်ယဲ့ယဲ့အပြုံးနဲ့ မေးလိုက်ပါတယ် “သမီး တိုက်ခိုက်ချင်သေးလား”

ဟန်ချင်းအာဟာ ခေါင်းကို ယမ်းနေအောင် ခါလိုက်ပါတယ်။

ချင်းလွမ်အာရဲ့ မျက်နှာဟာ မည်းမှောင်သွားပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

“အဟွတ်... ဘာမှမဟုတ်ဘူး၊ ငါ သမီးနဲ့ အိပ်မက်ထဲမှာ တိုက်ခိုက်လိုက်ရုံပါ၊ သူ ဘာမှမဖြစ်ပါဘူး၊ လန့်သွားရုံပါ၊ ဟင်း... ဒီလိုစိတ်ဓာတ်မျိုးနဲ့ ဘယ်လိုလုပ်ပြီး ငါ့ကို စိန်ခေါ်ရဲတာလဲ၊ ဒီလောက်နဲ့ သူ့အစ်ကိုကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး”

ဟန်ချင်းအာရဲ့ မျက်နှာဟာ နီရဲသွားပြီး စောစောက မြင်ကွင်းကို ပြန်တွေးကာ ခိုက်ခိုက်တုန်အောင် ကြောက်သွားပါတယ်။

‘ဖေဖေက မျက်နှာတည်ကြီးနဲ့ တော်တော် ကြောက်ဖို့ကောင်းတာပဲ... စကြဝဠာခန်းမထဲက တာအိုပညာရှိတွေ ဖေဖေကို ဒီလောက်ထိ လေးစားတာ အံ့ဩစရာ မရှိတော့ပါဘူး... သူတို့တွေ အရင်တုန်းက ဒီလိုမျိုး အ‌ဆော်ခံထားရလို့နဲ့ တူတယ်’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters