← Chapters

ရှေးပျက်သုဉ်းနယ်မြေမှ အကောင်းစား ရတနာ

Vol. 85 Ch. 892

ရှေးပျက်သုဉ်းနယ်မြေမှ အကောင်းစား ရတနာ

Vol. 85 Ch. 892

“စီနီယာရဲ့ သင်ကြားပြသမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီတာအိုက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ ကျွန်တော် ဒီတာအိုကို ကျင့်ကြံဖို့ ဆန္ဒရှိပါတယ်၊ ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ” ကျန်းကျွယ်ရှီဟာ မတ်တတ်ရပ်ပြီး ရိုးသားစွာ ဦးညွှတ်လိုက်ပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “ပြီးခဲ့တဲ့ ဟောကြားမှုက မင်း အချိန်တစ်ခုအထိ ကျင့်ကြံအားထုတ်ဖို့ လုံလောက်တယ်၊ မင်း မဟာတာအို ရယူပြီးရင် ငါ ထပ်ပြီးတော့ လမ်းညွှန်ပေးမယ်”

စကားအဆုံးမှာပဲ ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။

ကျန်းကျွယ်ရှီဟာ မှင်တက်သွားပါတယ်။ တစ်ဖက်လူက ဒီလောက်မြန်မြန် ထွက်ခွာလိမ့်မယ်လို့ ကျန်းကျွယ်ရှီ ထင်မထားခဲ့ပါဘူး။

လျူပေ့ဟာ ကျန်းကျွယ်ရှီနား ရောက်လာပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းကို နှစ်တစ်သောင်းတောင် အချိန်ယူပြီး တာအိုဟောကြားပေးတယ်ဆိုတော့ စီနီယာက မင်းကို အမြင့်ကြီး တွေးထားပုံပဲ၊ ငါ ဒီလောက်ကြာအောင် ဘယ်တုန်းကမှ တာအိုနားမထောင်ဖူးဘူး”

ကျန်းကျွယ်ရှီဟာ ဝမ်းသာသွားပြီး အရင်လိုမျိုး နိုးနိုးကြားကြား မရှိတော့ပါဘူး။ ကျန်းကျွယ်ရှီဟာ တစ်ဖက်လူက သူ့ကို အသုံးချနေတာ မဟုတ်ဘူးဆိုတာကို ခံစားမိပါတယ်။ ကျန်းကျွယ်ရှီဟာ အန္တိမမူလ မဟာတာအိုကို သုံးသပ်နားလည်ပြီးနောက် သူနဲ့ တစ်ဖက်လူကြားက ကွာခြားမှုဟာ နည်းနည်းနောနော မဟုတ်ဘူးဆိုတာကို နားလည်လိုက်ပါတယ်။ သူ ဂုဏ်ယူရတဲ့ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ပညာရပ်က တစ်ဖက်လူ မျက်လုံးထဲမှာ ဘာမှမဟုတ်ပါဘူး။ ကျင့်စဉ်က ဘယ်လောက် စွမ်းအားကြီးကြီး မဟာတာအိုနဲ့ ယှဉ်လို့ရနိုင်ပါ့မလား။

ကျန်းကျွယ်ရှီဟာ စိုးရိမ်ပူပန်မှုတွေ မရှိတော့ပါဘူး။ အရင်တုန်းက ကျန်းကျွယ်ရှီ သောကရောက်ခဲ့တာက တစ်ဖက်လူက သူ့ပညာရပ်ကို ခိုးယူမှာစိုးလို့ပါ။

အဲဒီနောက် လျူပေ့နဲ့ ကျန်းကျွယ်ရှီဟာ တရားဆက်ထိုင်ပြီး ကျင့်ကြံအားထုတ်ပါတယ်။ သူတို့နှစ်ယောက်စလုံး စိတ်ကောင်း ဝင်နေကြပါတယ်။ ကျန်းကျွယ်ရှီက အနာဂတ် သာယာလှပနေပြီး လျူပေ့ကလည်း တာဝန် ပြီးမြောက်တော့မယ် မဟုတ်ပါလား။

.....

ကမ္ဘာတစ်ခုမှာ သစ်ပင်တွေကြီးထွားလာပြီး သေဆုံးသွားကြပါတယ်။ ကောင်းကင်ပြင်က မြင့်မားလွန်းပြီး ပင်လယ်ပြင်က ကျယ်ပြန့်လွန်းပါတယ်။ ခမ်းနားထည်ဝါတဲ့ တောင်ကြီးတစ်တောင်ဟာ တိမ်တွေကြား ထိုးထွက်ပြီး တည်ရှိနေပါတယ်။

တောင်ထိပ်မှာ ဧရာမ ဒေါင်းငှက်ကြီးတစ်ကောင် ရှိနေပါတယ်။ ဒီဒေါင်းငှက်ကြီးက သူ နားနေတဲ့ တောင်ကြီးထက်တောင် ကြီးမားနေပါတယ်။ တိမ်ပင်လယ်တောင် သူ့ရှေ့မှာ သေးငယ်တယ်လို့ ထင်နေရပါတယ်။

အလင်းတန်းတစ်တန်းဟာ အရှိန်နဲ့ ရောက်လာပြီး ဒေါင်းငှက်ကြီးရှေ့မှာ ရပ်တန့်လိုက်ပါတယ်။ အလင်းတန်း ပျောက်ကွယ်သွားတဲ့အခါ ချပ်ဝတ်နက် ဝတ်ဆင်ပြီး ဖီးနစ်တောင်ပံ သရဖူဆောင်းထားတဲ့ လူသန်ကြီးတစ်ယောက် ပေါ်လာပါတယ်။

ချပ်ဝတ်နက် အမျိုးသားဟာ လက်သီးဆုပ်ပြီး ဦးညွှတ်လိုက်ပါတယ် “နတ်အရှင်သခင်... ဒဏ်ခတ်သမားငါးဖော်က ‌ရှေးပျက်သုန်းနယ်မြေထဲ ဝင်သွားတာ အချိန်တစ်ခု ရှိသွားပြီ”

ဒီဧရာမ ဒေါင်းငှက်ကြီးက နတ်ဒေါင်းအရှင်ပါ။

နတ်ဒေါင်းအရှင်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “ရှေးပျက်သုန်းနယ်မြေမှာ အခြေအနေ ဘယ်လိုရှိလဲ”

“အခုထိတော့ ဘာလှုပ်ရှားမှုမှ မရှိသေးဘူး၊ နတ်အရှင်သခင်ပြောတဲ့ နိမိတ်တွေလည်း ဘယ်တုန်းကမှ ပေါ်မလာဘူး”

“အင်း...”

နတ်ဒေါင်းအရှင်ဟာ မျက်လုံးပြန်မှိတ်လိုက်ပါတယ်။ သူ ဘာတွေးနေတယ်ဆိုတာကို သူပဲ သိနိုင်ပါလိမ့်မယ်။

ချပ်ဝတ်နက် အမျိုးသားဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “နတ်အရှင်သခင်... ဘာကို စောင့်နေတာလဲ”

နတ်ဒေါင်းအရှင်က သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ် “ရှေးပျက်သုန်းနယ်မြေမှာ ဧရာမ အခွင့်အရေးကြီးတစ်ခု ရှိတယ်၊ ဒဏ်ခတ်သမားငါးဖော်က ဘာဖြစ်လို့ ရှေးပျက်သုန်းနယ်မြေထဲကို ဝင်သွားတယ်လို့ထင်လဲ၊ ရှေးပျက်သုန်းနယ်မြေက စွမ်းအားကြီးလွန်းလို့ပဲ၊ အဲဒီထဲမှာ တာအိုဘိုးဘေး ပုန်းအောင်းနေတယ်လို့တောင် ငါ သံသယဝင်မိတယ်”

ချပ်ဝတ်နက် အမျိုးသားက ခေါင်းညိတ်လိုက်ပါတယ် “ရှေးပျက်သုန်းနယ်မြေက တာအိုဘိုးဘေးကြောင့် ဖြစ်တည်လာတာ၊ တာအိုဘိုးဘေးက ထိပ်သီးကျင့်ကြံသူ အများကြီးကို ဖမ်းဆီပြီး ရှေးပျက်သုန်းနယ်မြေထဲမှာ ဖိနှိပ်ထားခဲ့တာ”

ချပ်ဝတ်နက် အမျိုးသားဟာ ခဏရပ်ပြီး တအံ့တဩနဲ့ မေးလိုက်ပါတယ် “ဒါပေမဲ့ နတ်အရှင်က ဘာကိုစောင့်နေလဲဆိုတာ မပြောရသေးဘူး”

နတ်ဒေါင်းအရှင်ဟာ မျက်လုံးဖွင့်ပြီး ချပ်ဝတ်နက်ကို အေးစက်စွာ ကြည့်လိုက်ပါတယ်။ ချပ်ဝတ်နက်ဟာ လန့်ဖျပ်ပြီး ချက်ချင်း ခေါင်းငုံ့လိုက်ပါတယ်။

“ဒီအတိုင်းသာ စောင့်ကြည့်နေ၊ နောက်ကျရင် မင်းအတွက် သေချာပေါက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်” နတ်ဒေါင်းအရှင်ရဲ့ အေးစက်တဲ့အသံကြောင့် ချပ်ဝတ်နက်ဟာ လန့်ဖျပ်ပြီး ချက်ချင်း ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ချပ်ဝတ်နက်ဟာ နတ်ဒေါင်းအရှင်ကို ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။

နတ်ဒေါင်းအရှင်ဟာ ချပ်ဝတ်နက် ထွက်သွားတဲ့ အရပ်မျက်နှာဘက်ကို ကြည့်ရင်း အတွေးနက်သွားပါတယ် ‘အမှောင်သခင်ကြီး... အမှောင်သခင်ကြီး... သခင်ကြီးက ကျွန်တော်ကို မဆက်သွယ်ရင် ကျွန်တော် ဒီလိုပဲ အကျိုးဆောင်နိုင်တော့မယ်’

နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးက သူ့ကို မကျေမနပ် ဖြစ်နေတယ်လို့ ထင်နေပါတယ်။ သူ မဟာတာအို ရယူတာက နှေးကွေးတဲ့အပြင် ပြီးခဲ့တဲ့တစ်ခေါက်ကလည်း အမှောင်သခင်ကြီးကိုယ်တိုင် လာကယ်ခဲ့ရပါသေးတယ်။

နတ်ဒေါင်းအရှင်ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပါတယ် ‘ငါ အဲဒီရတနာကို အရယူရမယ်၊ အဲဒီရတနာကို ရရင် အမှောင်သခင်ကြီးကို မကူညီနိုင်မှာ စိုးရိမ်စရာ မလိုတော့ဘူး’

နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးရဲ့ မဟာရည်မှန်းချက်က ဘာမှန်း မသိပေမဲ့ ပဋိပက္ခတစ်ခုလုံးနဲ့ ပတ်သက်နေတာကိုတော့ ခန့်မှန်းမိပါတယ်။

.....

တာအိုပညာရှိ ဆယ်ပါးကျော်ဟာ စကြဝဠာခန်းမထဲမှာ စုဝေးနေကြပါတယ်။ တာအိုပညာရှိ အများစုက ကိုယ်ပိုင်တာဝန်တွေ ရှိတဲ့အတွက် တာအိုပညာရှိ အကုန်လုံးကို ကောင်းကင်တာအိုထဲမှာ တစ်ချိန်တည်း တွေ့ရဖို့က ခက်ခဲပါတယ်။

အခုဆိုရင် ပဋိပက္ခ ကောင်းကင်လမ်းကလည်း ဆယ်လမ်း ရှိသွားပြီး ဒီပဋိပက္ခနယ်မြေထဲမှာ ခရီးသွားလာဖို့ လွယ်ကူသွားပါပြီ။ ပဋိပက္ခကောင်းကင်လမ်းပေါ် လျှောက်လှမ်းတာနဲ့ ကောင်းကင်တာအိုရဲ့ ကာကွယ်မှုကို ရရှိနိုင်ပါတယ်။ ဒါက တခြားကမ္ဘာတွေ နှိုင်းယှဉ်လို့မရတဲ့ အရာပါ။ စန့်ချွမ်အဂ္ဂကမ္ဘာကလည်း ဒီနေရာ လိုအပ်နေတဲ့အတွက် ကောင်းကင်တာအို ဖိနှိပ်တာကို အမြဲတမ်းခံရပါတယ်။

ကျင့်ကြံသူတွေဟာ ကောင်းကင်တာအိုရဲ့ ကာကွယ်မှုအောက်မှာ တာအိုပညာရှိတွေနဲ့ တာအိုပညာရှိ အထက်က တည်ရှိမှုတွေ တိုက်ခိုက်မှာကို ကြောက်စရာ မလိုပါဘူး။ ပဋိပက္ခ ကောင်းကင်လမ်းက ကျင့်ကြံသူတွေကို အကြွင်းမဲ့ လုံခြုံမှု မပေးနိုင်ပေမဲ့ အနည်းဆုံး ပြဿနာအများကြီး တက်မှာကိုတော့ ကာကွယ်ပေးနိုင်ပါတယ်။

“ငါ ဒီနေ့ မင်းတို့ကို ဆင့်ခေါ်ရတာက ရှေးပျက်သုန်းနယ်မြေအကြောင်း ပြောမလို့ပဲ၊ တာအိုမိစ္ဆာတွေ လက်ချက်နဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံ ကွဲကြေသွားကတည်းက ရှေးပျက်သုဉ်းနယ်မြေ လွတ်လပ်သွားတာ၊ ဒါပေမဲ့ နှစ်သန်းချီ ကြာတာတောင် ရှေးပျက်သုန်းနယ်မြေက တားမြစ်နယ်မြေတစ်ခု ဖြစ်နေတုန်းပဲ၊ ရှေးဟောင်း စွမ်းအားကြီးပုဂ္ဂိုလ်တွေက ရှေးပျက်သုန်းနယ်မြေကနေ မကြာမကြာ ထွက်ပြေးလာလေ့ရှိတယ်၊ မကြာသေးခင်ကမှ ရှေးပျက်သုန်းနယ်မြေမှာ အကောင်းစား ရတနာတစ်ပါး ပေါ်လာတော့မယ်လို့ ငါ ကြားထားတယ်၊ အကောင်းစား ရတနာက ပဋိပက္ခကို မုန်တိုင်းထန်စေနိုင်တယ်” ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေကို အကဲခတ်ပြီး တစ်လုံးချင်း ပြောလိုက်ပါတယ်။

ရှေးပျက်သုန်းနယ်မြေလို့ ကြားလိုက်ရတဲ့အခါ တာအိုပညာရှိ တော်တော်များများဟာ နှလုံးလှုပ်သွားကြပါတယ်။ ရှေးပျက်သုန်းနယ်မြေက ပဋိပက္ခထဲမှာ အကြားရဆုံး နာမည်တစ်ခုဆိုရင် မှားမယ် မထင်ပါဘူး။

တာအိုပညာရှိတွေဟာ ကိုယ်ပိုင်အင်အားစုတွေ ရှိကြပါတယ်။ သူတို့ရဲ့ တပည့်အများကြီးဟာ ပဋိပက္ခမှာ လျှောက်သွားနေတာမလို့ ဒီသတင်းကို ကြားထားပြီးပါပြီ။ တာအိုပညာရှိတိုင်းက ဒီအကောင်းစား ရတနာကို မျက်စိကျနေကြပါတယ်။

ပန်ရှင်းက ပြုံးလိုက်ပါတယ် “ကောင်းကင်အရှင်က ဒီရတနာကို လုယူချင်လို့လား”

ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါလိုက်ပါတယ် “မဟုတ်ဘူး၊ ငါ မင်းတို့ကို ရှေးပျက်သုန်းနယ်မြေဆီ မသွားဖို့ သတိပေးချင်လို့ပဲ၊ နောက်ပြီး အဲဒီ အကောင်းစား ရတနာကလည်း ခိုးလို့မရဘူး”

တာအိုပညာရှိအသစ် ရန်ထျန်တုန်းဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”

ရန်ထျန်တုန်းဟာ တာအိုရယူပြီးခါစမလို့ အရင်တုန်းက စိတ်ဓာတ်ကျမှုတွေ မရှိတော့ဘဲ တစ်စုံတစ်ခုကို လုပ်ချင်စိတ် ပြင်းပြနေပါတယ်။ ဒါကြောင့် ရန်ထျန်တုန်းဟာ ရှေးပျက်သုန်းနယ်မြေကို ပစ်မှတ်ထားပါတယ်။

တခြားတာအိုပညာရှိတွေလည်း ပဟေဠိ ဖြစ်သွားပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေပါတယ် “ငါ့တွက်ချက်မှုအရ ရှေးပျက်သုန်းနယ်မြေက ကပ်ဘေးတစ်ခု ဖြစ်ပေါ်စေလိမ့်မယ်၊ ငါတို့တွေ ဂရုမစိုက်ရင် ကောင်းကင်တာအို အန္တရာယ်ထဲ ကျနိုင်တယ်”

‘ကောင်းကင်တာအို အန္တရာယ်ထဲကျမယ်..’ တာအိုပညာရှိတွေဟာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်က ရယ်မောလိုက်ပါတယ် “ကောင်းကင်အရှင်... ဒါက နည်းနည်း မများလွန်းဘူးလား၊ ရှေးပျက်သုန်းနယ်မြေထဲမှာ နတ်အာဏာရှင် စစ်သူကြီး သုံး‌သောင်း ပုန်းနေလို့လား”

တခြားတာအိုပညာရှိတွေလည်း ရယ်မောလိုက်ကြပါတယ်။ သူတို့ ရယ်လည်း ရယ်ချင်စရာပါ။ ကောင်းကင်တာအိုမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရှိနေရင် ဘာကိုမှ ကြောက်စရာ မလိုပါဘူး။

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “အားလုံးပဲ... တာအိုဘိုးဘေးကို မေ့နေကြပြီးလား၊ ပန်ကူးတောင် အသက်ပြန်ရှင်လာသေးတာပဲ၊ တာအိုဘိုးဘေးကရော တကယ် သေသွားတာ သေချာလို့လား၊ တာအိုဘိုးဘေးပြန်လာရင် မင်းတို့တွေ ကောင်းကင်တာအိုကို တာအိုဘိုးဘေး လက်ထဲ ပြန်ထည့်မှာလား”

တာအိုဘိုးဘေးအကြောင်း ပြောလိုက်တဲ့အခါ ခန်းမထဲက လေထုဟာ ချက်ချင်း မွန်းကျပ်သွားပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ပန်ရှင်းနဲ့ ရန်ထျန်တုန်းလည်း ပါးစပ်ပိတ်သွားကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တု စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ ကြီးမားတဲ့ဖိအားတစ်ခု ကောင်းကင်ပေါ်ကနေ ကျရောက်လာပါတယ်။ အလင်းတိုင်တစ်တိုင်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ထိုးဖောက်ပြီး စကြဝဠာခန်းမရှေ့ ဆင်းသက်လာပါတယ်။ အဲဒီနောက် အလင်းတိုင်ဟာ တိမ်အလွှာတွေကို ထိုးဖောက်ပြီး အင်မော်တယ်ကမ္ဘာအောက်မှာရှိတဲ့ သေမျိုးကမ္ဘာတစ်ခုဆီ ကျဆင်းသွားပါတယ်။

တာအိုပညာရှိတွေဟာ လန့်သွားကြပါတယ်။

“အဲဒါ ဘာလဲ”

“တော်တော် ကြောက်ဖို့ကောင်းတဲ့ ဖိအားပဲ”

“အဲဒါ မဟာတာအိုပညာရှိ ဖြစ်ရမယ်”

“နေပါဦး... အဲဒါက ဘာဖြစ်လို့ အပေါ်ကနေ ကျလာတာလဲ”

“အဲဒီအလင်းတိုင်က သေမျိုးခန္ဓာကိုယ်ကို တကယ်ကြီး ကျသွားတယ်”

ကောင်းကင်အရှင်ရွှမ်တုဟာ မျက်မှောင်ကြုတ်သွားပြီး လက်ချောင်းတွေနဲ့ တွက်ချက် ကြည့်လိုက်တဲ့အခါ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တွက်ချလို့မရတဲ့အပြင် အလန့်တကြား ဖြစ်သွားလို့ပါ။ ကောင်းကင်အရှင်ရွှမ်တုဟာ ဒီလို ခံစားချက်ကို ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။

‘ဘာတွေ ဖြစ်ကုန်တာလဲ’

ဒီအချိန်မှာပဲ စကြဝဠာခန်းမထဲကို ရုပ်သွင်သုံးသွင် ရောက်လာပါတယ်။ ဒီရုပ်သွင်တွေက မဟာဟင်းလင်းပြင်ဝိညာဉ်၊ ဓားရူးတာအိုပညာရှိနဲ့ ဟုန်စဲ့မင်ယွင်တို့ပါ။

“ခုနက ဘာလဲ” ဓားရူးတာအိုပညာရှိက မေးလိုက်ပါတယ်။ သူလည်းပဲ လန့်နေပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ မျက်မှောင်ကြုတ်သွားပါတယ် “စီနီယာလည်း တွက်ချက်လို့ မရဘူးလား”

ဓားရူးတာအိုပညာရှိက ကောင်းကင်တာအိုထဲမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကလွဲရင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပါ။

ဟုန်စဲ့မင်ယွင်ဟာ ဓားရူးတာအိုပညာရှိကို တအံ့တဩ ကြည့်လိုက်ပါတယ်။

တာအိုပညာရှိတွေရဲ့ အကြည့်က ဓားရူးတာအိုပညာရှိကို ပိုပြီးတော့ မကျေမနပ် ဖြစ်သွားစေပါတယ်။ ဓားရူးတာအိုပညာရှိဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “တွက်ချက်လို့ရရင် ငါ မင်းတို့ဆီ လာမလား၊ ခုနက အလင်းတိုင်က ကောင်းကင်တာအို ထိပ်ကနေ လာတာ မဟုတ်ဘူး၊ ပဋိပက္ခထိပ်ကနေ လာတာ၊ မင်းတို့တွေ ဒီဟာကို ဂရုစိုက်ရလိမ့်မယ်၊ ကောင်းကင်တာအိုကို ရန်သူတွေ ထပ်ပြီးတော့ အကောက်မကြံစေနဲ့”

ဓားရူးတာအိုပညာရှိရဲ့ မျက်လုံးတွေဟာ သေမျိုးကမ္ဘာကို လှမ်းကြည့်ရင်း ပိုပိုပြီးတော့ အေးစက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဟာတာအိုပညာရှိချုပ်ဖြစ်တဲ့ သူတောင် ထိုးဖောက်မမြင်နိုင်လို့ပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters