← Chapters

တန်ခိုးကြီးမား မဟာလက်ဝါး၊ ဝေ့လန်ရှန်မိ

Vol. 85 Ch. 894

တန်ခိုးကြီးမား မဟာလက်ဝါး၊ ဝေ့လန်ရှန်မိ

Vol. 85 Ch. 894

တတိယ တာအိုစက်ကွင်း။

အချိန်တစ်ခု အကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအို ဆန်းကြယ်စွမ်းအား အသစ်တစ်မျိုးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ဒီဆန်းကြယ်စွမ်းအားကို တန်ခိုးကြီးမား မဟာလက်ဝါးလို့ နာမည်ပေးလိုက်ပါတယ်။

ဒီလက်ဝါးက အရမ်းကြမ်းပါတယ်။ ဘယ်စွမ်းအားပဲဖြစ်ဖြစ် ဘယ်အရာပဲဖြစ်ဖြစ် နိယာမတွေကိုတောင် ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ ဒီဆန်းကြယ်စွမ်းအားက ဖျက်ဆီးနိုင်စွမ်းပဲ ရှိပါတယ်။ လုံးဝ ပြန်ပြင်လို့မရအောင်ကို အကြွင်းမဲ့ ဖျက်ဆီးနိုင်တဲ့ စွမ်းအားပါ။

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ဓားရူးတာအိုပညာရှိ တစ်သောင်းကို စိန်ခေါ်ကာ တန်ခိုးကြီးမား မဟာလက်ဝါး တစ်ခုတည်းသုံးပြီး တိုက်ခိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ အားကောင်းလွန်းတဲ့ ဓမ္မစွမ်းအားအောက်မှာ တန်ခိုးကြီးမား မဟာလက်ဝါးက ဓားရူးတာအိုပညာရှိ တစ်သောင်းကို လက်ဝါး တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပါတယ်။ အရမ်းကို လွယ်ကူလွန်းပါတယ်။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ နှစ်သောင်းကို ဆက်ပြီးတော့ စိန်ခေါ်ပါတယ်။ အတန်ကြာတိုက်ခိုက်ပြီးတဲ့နောက် ဟန်ကျွယ် အနိုင်ရသွားပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခု ရသွားပါတယ်။

ဟန်ကျွယ်ဟာ ဓမ္မရုပ်တုပေါင်းစပ်တဲ့ ပညာရပ်နဲ့ နတ်ဘီလူးဓမ္မရုပ်တု ၂,၄၄၉ ရုပ်တုကို ပေါင်းစပ်ပြီး တန်ခိုးကြီးမား မဟာလက်ဝါးကို အသုံးပြုလိုက်ပါတယ်။ ဒီစွမ်းအားအောက်မှာ ဓားရူးတာအိုပညာရှိ နှစ်သောင်းဟာ တစ်ချက်တည်း မရဏလမ်း မြန်းသွားရပါတယ်။

ဟန်ကျွယ်ရဲ့ ယုံကြည်မှုဟာ ဆတိုးသွားပါတယ်။ ဟန်ကျွယ်ဟာ သူရဲ့ လုပ်နိုင်စွမ်းအားကို စိန်ခေါ်တဲ့အနေနဲ့ ဓားရူးတာအိုပညာ ၂၅,၀၀၀ ကို စိန်ခေါ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အရင်အတိုင်း ဓမ္မရုပ်တု ပေါင်းစပ်တဲ့ ပညာရပ်နဲ့ တန်ခိုးကြီးမား မဟာလက်ဝါးကို ပေါင်းစပ် အသုံးပြုလိုက်တဲ့အခါ ဓားရူးတာအိုပညာရှိ နှစ်သောင်းခွဲလည်း တစ်ချက်တည်း အသတ်ခံလိုက်ရပါတယ်။

အရင်တုန်းက ဟန်ကျွယ်ဟာ ဓမ္မရုပ်တု ပေါင်းစပ်တဲ့ ပညာရပ်နဲ့ ဟွမ်သွမ့်ဓားကို ကိုင်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဟွမ်သွမ့်ဓားက ဓမ္မရတနာတစ်ပါးသာ ဖြစ်ပါတယ်။ ဓမ္မရတနာက ဆန်းကြယ်စွမ်းအားနဲ့ ပေါင်းစပ်အသုံးပြုမှ ပိုပြီးတော့ စွမ်းအားကြီးမှာပါ။

ဟန်ကွယ်ဟာ နောက်တစ်ခါကျရင် ဓားတာအိုနဲ့ ပတ်သက်ပြီး မဟာတာအို ဆန်းကြယ်စွမ်းအား တစ်မျိုး ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ် ဒီတစ်ခါ ဓားတာအို ဆန်းကြယ်စွမ်းအားကို မဖန်တီးတာက လောင်ဇီကို ကျော်သွားလို့ မရလို့ပါ။

ဟန်ကျွယ်ဟာ သူတည်ထောင်ထားတဲ့ တိတ်ဆိတ်ဂိုဏ်းကို လောင်ဇီရဲ့ ဓားတာအိုမှာ အခြေမတည်စေချင်ပါဘူး။

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။ နောက်ဆုံး ဓားရူးတာအိုပညာရှိ အရေအတွက်က သုံးသောင်း ဖြစ်သွားတဲ့အခါ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ သုံးသောင်းကို တစ်ချက်တည်း မသတ်နိုင်တော့ပါဘူး။ အပြင်းအထန် တိုက်ခိုက်ပြီးမှပဲ အနိုင်ယူနိုင်ပါတော့တယ်။

ဟန်ကျွယ်ဟာ တန်ခိုးကြီးမား မဟာလက်ဝါးကို ဖန်တီးဖို့ နှစ်တစ်ရာ အချိန်ယူလိုက်ရပေမဲ့ ရလဒ်က ဟန်ကျွယ်ကို ကျေနပ်အားရစေပါတယ်။ တန်ခိုးကြီးမား မဟာလက်ဝါးက ဟန်ကျွယ် မြင်ဖူးသမျှ လက်ဝါးပညာရပ်တွေထဲမှာ အကြမ်းဆုံးပါ။

ဒီနေ့ ဒီအချိန်ကစပြီး တန်ခိုးကြီးမား မဟာလက်ဝါးဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ အန္တိမပညာရပ် ဖြစ်သွားမှာပါ။

ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ ချက်ချင်းသွားပြီး နတ်ဘီလူးတွေ အကုန်လုံးကို တာအိုဟောကြားက တန်ခိုးကြီးမား မဟာလက်ဝါး ပညာရပ်ကို သင်ကြားပေးလိုက်ပါတယ်။

ပဋိပက္ခ နတ်ဘီလူးတွေ အကုန်လုံးက အားကောင်းတဲ့ ခန္ဓာကိုယ်တွေ ရှိကြပြီး ဓမ္မစွမ်းအား အသုံးပြုတဲ့နေရာမှာ မတော်ကြပါဘူး။ အများဆုံးက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းကိုပဲ မှီခိုကြတာပါ။ ဒါကြောင့် တန်ခိုးကြီးမား မဟာလက်ဝါးက သူတို့နဲ့ တော်တော်လေးကို သင့်တော့်ပါတယ်။ သူတို့အတွက် ဖန်တီးထားတဲ့ မဟာတာအို ဆန်းကြယ်စွမ်းအားလို့တောင် ပြောလို့ရပါတယ်။

ဟန်ကျွယ်ဟာ တစ်ခါတည်း တာအိုဟောကြားပြီး နတ်ဘီလူး ၄၉ ပါးကို တာအိုသုံးသပ်နားလည်တဲ့ အခြေအနေထဲ ဝင်ရောက်သွားစေပါတယ်။

နှစ်တစ်ရာ ကြာပြီးနောက်...

ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ရောက်လာပြီး တိတ်ဆိတ်ဂိုဏ်းကနေ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်ဆယ်ပါး ရွေးချယ်ဖို့ ဟန်ဇွေတျန်ကို တာဝန်ပေးလိုက်ပါတယ်။ လေးငါးဆယ်ရက် အကြာမှာပဲ ဟန်ဇွေတျန်ဟာ တာအိုပညာရှိအတု အဆင့်ကို ရောက်နေပြီ ဖြစ်တဲ့ ပါရမီရှင်ဆယ်ပါးကို ခေါ်လိုက်ပါတယ်။ ဒီလူတွေက တိတ်ဆိတ်ဂိုဏ်းရဲ့ အနာဂတ်ပါ။

ဟန်ကျွယ်ဟာ ဒီပါရမီရှင်ဆယ်ပါးကို အားပေးစကား ပြောပါတယ်။ ပါရမီရှင်ဆယ်ပါးဟာ ဟန်ကျွယ်ရဲ့ အားပေးစကားကြောင့် အလွန်တရာ စိတ်လှုပ်ရှားသွားကြပြီး ဟန်ကျွယ်ကို ဆက်တိုက် ရှိခိုးကြပါတယ်။ ဟန်ကျွယ်ဟာ ဒီပါရမီရှင်ဆယ်ပါးဆီကနေ မျက်နှာသာပေးမှု ကြယ်ခြောက်ပွင့်ကို ရရှိလိုက်ပါတယ်။

ဒီပါရမီရှင်ဆယ်ပါးရဲ့ အရည်အချင်းက နည်းနည်း လိုအပ်နေပါသေးတယ်။ ဟန်ကျွယ် နှစ်တစ်ထောင် တာအိုဟောကြားမှပဲ တန်ခိုးကြီးမား မဟာလက်ဝါးကို တတ်မြောက်သွားကြပါတယ်။ ဟန်ကျွယ်ဟာ ဒီပညာရပ်က တိတ်ဆိတ်ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်ဖြစ်ပြီး အပြင်လူတွေကို သင်ပေးလို့ မရကြောင်းလည်း အထူးတလည် မှာကြားလိုက်ပါတယ်။

ပါရမီရှင်ဆယ်ပါးဟာ သူတို့ဘိုးဘေးက သူတို့ကို အသိအမှတ်ပြုတယ်လို့ ထင်သွားကြပြီး ပိုပြီးတော့ စိတ်လှုပ်ရှားသွားကြပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ပါရမီရှင်ဆယ်ပါးကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ချက်ချင်း ထွက်မသွားသေးဘဲ အင်မော်တယ်ကမ္ဘာနဲ့ ပဋိပက္ခသိစိတ်ရဲ့ စွမ်းအားကို ရရှိသွားတဲ့လူကို လှမ်းကြည့်လိုက်ပါတယ်။

နှစ်တစ်ထောင်ကျော် ကြာခဲ့ပြီမလို့ ပဋိပက္ခသိစိတ်ရဲ့ စွမ်းအားကို ရရှိခဲ့တဲ့ ကလေးငယ်ဟာ ကြီးပြင်းလာခဲ့ပါပြီ။ သူဟာ မိုးကောင်းကင်မျိုးနွယ်စုထဲကို ဝင်ရောက်ပြီး ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ပါး ဖြစ်လာခဲ့ပါတယ်။ သူက အသက်တစ်ထောင်ပဲ ရှိသေးပေမဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်နေပါပြီ။

နှစ်တစ်ထောင်နဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်သွားတဲ့ကိစ္စက လောကတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ သူ့နာမည်က အင်မော်တယ်ကမ္ဘာရဲ့ တောကြိုချောင်ကြားအနှံ့ ပျံ့နှံ့သွားပါတယ်။

ဝေ့လန်ရှန်မိ။

ဒါက သူရဲ့ မူလနာမည် မဟုတ်ပါဘူး။ ကျင့်ကြံမှုလမ်းစဉ်ပေါ် ရောက်လာပြီး ပြောင်းလိုက်တဲ့ နာမည်ပါ။ သူက သေမျိုးကမ္ဘာမှာရှိတဲ့ ရေစက်တွေ အကုန်လုံးကို လုံးဝ ဖြတ်တောက်ခဲ့ပါတယ်။

ဝေ့လန်ရှန်မိဟာ အလွန်တရာ ဘဝင်မြင့်ပြီး မာနလည်း ကြီးပါတယ်။ သူက မိုးကောင်းကင်မျိုးနွယ်စုမှာ တော်တော်လေး နာမည်ကြီးပါတယ်။ သူက မိုးကောင်းကင်မျိုးနွယ်စု အင်အားနဲ့ ဘယ်သွားသွား တလေးတစား ဆက်ဆံခံရတာချည်းပါပဲ။

နှစ်တစ်ထောင်အတွင်း ဝေ့လန်ရှန်မိက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ယှဉ်နိုင်တယ်ဆိုတဲ့ ကောလဟာလတွေက အင်မော်တယ်ကမ္ဘာမှာ တော်တော်လေး ပြန့်လာပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အသက်သုံးသောင်းနဲ့ တာအိုပညာရှိ ဖြစ်သွားခဲ့တာပါ။ ဝေ့လန်ရှန်မိက အသက်သုံးသောင်း မပြည့်ခင်တောင် တာအိုရယူနိုင်ကောင်း ရယူနိုင်ပါတယ်။

ဒါကို သိလိုက်ရတဲ့ ဟန်ကျွယ်ဟာ ပြုံးမိလိုက်ပါတယ်။ တာအိုဖန်တီးရှင် အမွေအနှစ်နဲ့ နှစ်သုံးသောင်းအတွင်း တာအိုမရယူနိုင်ရင် ဒီဝေ့လန်ရှန်မိထက် စောက်သုံးမကျတဲ့လူ ရှိတော့မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ဝေ့လန်ရှန်မိကို စပြီးတော့ အကဲခတ်ပါတယ်။ ဝေ့လန်ရှန်မိ မိုးကောင်းကင်မျိုးနွယ်စုထဲ ဝင်လိုက်တာက ဟန်ကျွယ် လက်အောက်ထဲကို ဝင်လိုက်တာနဲ့ အတူတူပါပဲ။ ကြည့်ရတာ တာအိုပညာရှိတွေ ဆွေးနွေးပြီး နောက်ကနေ ကြိုးကိုင်လိုက်တာ ဖြစ်နိုင်ပါတယ်။ မဟုတ်ရင် မိုးကောင်းကင်မျိုးနွယ်စုရဲ့ အင်အားနဲ့ ဝေ့လန်ရှန်မိကို လုယူနိုင်မှာ မဟုတ်ပါဘူး။

ဝေ့လန်ရှန်မိဟာ အရမ်းပဲ အရည်အချင်း ရှိပါတယ်။ ဒါပေမဲ့ သူ့စရိုက်ကလည်း တစ်ဖက်စွန်းကို ရောက်လွန်းပါတယ်။ ပထမတော့ ဝေ့လန်ရှန်မိကို မရလိုက်တဲ့ တာအိုပညာရှိတွေဟာ နှမြေတသဖြစ်ပြီး စိတ်ဓာတ်ကျသွားကြပါသေးတယ်။ ဒါပေမဲ့ အခုတော့ မရလိုက်တာကိုပဲ ဝမ်းသာနေကြပါတယ်။

ဟန်ကျွယ်ဟာ ဝေ့လန်ရှန်မိက တစ်ဂိုဏ်းတည်းသားအချင်းချင်း အနိုင်ကျင့်နေတာကို တွေ့လိုက်ရပါတယ်။ ဝေ့လန်‌ရှန်မိက အင်မော်တယ်ဧကရာဇ် တစ်သောင်းကို စိန်ခေါ် အနိုင်ယူပြီးနောက် အနိုင်ကျင့် စော်ကားလိုက်ပါသေးတယ်။ သူက တော်တော်လေးကို မောက်မာလွန်းပါတယ်။

အနိုင်ကျင့်ခံရတဲ့ အင်မော်တယ်ဧကရာဇ်တွေဟာ ဘာမှ မပြောရဲကြပါဘူး။ တစ်သောင်းနဲ့ တစ်ယောက်တောင် အနိုင်မယူနိုင်ကြတဲ့အတွက် သူတို့မှာ အောင့်အည်းသည်းခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။

ဒါက သူတို့တွေ ဒီလိုခံစားရတာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။

“ဟားဟား... မင်းတို့ အင်မော်တယ်ဧကရာဇ်တွေက နှစ်သောင်းချီ ကျင့်ကြံအားထုတ်ပြီး နောက်ဆုံးကျရင် ပြန်လည်မွေးဖွားခြင်း စက်ဝန်းခြင်းထဲ ဝင်ရောက်သွားကြတယ်၊ မင်းတို့တွေ ဒီအတိုင်းလုပ်နေရင် မိုးကောင်းကင်မျိုးနွယ်စုကို ကျေးဇူး ပြန်ဆပ်နိုင်ပါ့မလား၊ ငါသာ မိုးကောင်းကင်ဘိုးဘေးဆိုရင် မိုးကောင်းကင်မျိုးနွယ်စု အရှက်မရအောင် မင်းတို့အကုန်လုံးကို ရာထူးချပြီး သေမျိုးကမ္ဘာဆီ ပို့ပစ်တယ်”

ကျယ်ပြောတဲ့ စင်မြင့်မှာ ဝတ်ရုံပြာ လူငယ်တစ်ဦးဟာ ဝင့်ကြွားစွာပြုံးနေပါတယ်။ အင်မော်တယ်ဧကရာဇ် တစ်သောင်းဟာ မိုင်တစ်သန်းပတ်လည်မှာ လဲနေကြပြီး အကုန်လုံးရဲ့ မျက်နှာတွေက နီရဲကာ အသားတွေ တဆတ်ဆတ် တုန်နေကြပါတယ်။

ဒီဝတ်ရုံပြာလူငယ်က ဝေ့လန်ရှန်မိပါ။ ဝေ့လန်ရှန်မိဟာ ရုပ်ရည် ချောမောပြီး မြင့်မြင့်မားမား ရှိပါတယ်။ ခါးမှာ ပုလဲကြိုး ရစ်ပတ်ထားပြီး ခြေထောက်မှာလည်း တိမ်ခြေနင်းကို စီးနင်းထားပါတယ်။ ခေါင်းမှာလည်း ပြဒါးငှက် ခေါင်းပေါင်းကို ဆောင်းထားပြီး ပန်းချီကားချပ်ထဲက အင်မော်တယ်တစ်ပါး လမ်းလျှောက်ထွက်လာသလိုပါပဲ။

ဒီအချိန်မှာပဲ မိုးကောင်ကင်မျိုးနွယ်စုရဲ့ အင်မော်တယ်တစ်စု ပျံသန်းလာပြီး နတ်မိမယ်တစ်ပါးက ဆူပူလိုက်ပါတယ် “ဝေ့လန်ရှန်မိ... တစ်ဂိုဏ်းတည်းသား အချင်းချင်း အနိုင်မကျင့်နဲ့လေ”

ဝေ့လန်ရှန်မိဟာ နတ်မိမယ်ကို တစ်ချက်ကြည့်ပြီး အထင်သေးစွာ ပြောလိုက်ပါတယ် “ကောင်မလေး... ဘာတွေ လာအော်နေတာလဲ၊ သတ္တိရှိရင် အောက်ဆင်းပြီး ငါနဲ့ လာတိုက်ချည်၊ အင်မော်တယ်ဧကရာဇ် အဆင့်ရှိတဲ့ ငါက နတ်မင်းအဆင့်ရှိတဲ့ မင်းကို ခြေထောက်အောက်မှာ တက်နင်းမယ်၊ အဲဒီတော့မှ တောင်းပန်ပါတယ်ဆိုပြီး တစာစာ မအော်နဲ့၊ အဲဒီလိုအော်သံကို ငါ မကြိုက်ဘူး၊ ငါက အိပ်ရာထဲမှာ မင်းရဲ့ အော်သံကိုပဲ ကြားချင်တာ”

နတ်မိမယ်ဘေးနားက အင်မော်တယ်တွေဟာ ဒေါသထွက်သွားပြီး ဝေ့လန်ရှန်မိကို ကျိန်ဆဲပါတော့တယ်။ ဒါပေမဲ့ ဝေ့လန်ရှန်မိဟာ ဒေါသမထွက်တဲ့အပြင် ပိုပြီးတော့တောင် အရူးအမူး ရယ်မောလိုက်ပါတယ် “ဆဲဖို့ပဲသိတဲ့ ပုရွက်ဆိတ်တစ်စုကများ... မင်းတို့တွေ အောက်ဆင်းလာပြီး ငါနဲ့ တိုက်ခိုက်ရဲလို့လား၊ မင်းတို့တွေကို သေအောင် ဆော်ပြမယ်... ဟားဟား...”

ဟန်ကျွယ်ဟာ ဒါကိုကြည့်ပြီး ခေါင်းခါကာ ရယ်မောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဝေ့လန်ရှန်မိကို ဘာမှလုပ်ဖို့ စိတ်ကူးမရှိပါဘူး။ ဝေ့လန်ရှန်မိနောက်မှာ တာအိုဖန်တီးရှင် ရှိနေတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဝေ့လန်‌ရှန်မိကို သိပ်ပြီးတော့ မမုန်းပါဘူး။ ဝေ့လန်ရှန်မိက စကားရိုင်းရိုင်းပြောပြီး မောက်မာတယ်ဆိုပေမဲ့ အနည်းဆုံး တစ်ဂိုဏ်းတည်းသား အချင်းချင်းတော့ ပြန်မသတ်ပါဘူး။ နောက်ပြီး ဝေ့လန်ရှန်မိက ဒီလောက်ထိ နာမည်ကျော်ကြားနေတာတောင် သူ့လက်မှာ အခုထိ သွေးမစွန်းသေးပါဘူး။ ဝေ့လန်ရှောင်မိက ကျင့်ကြံသူမပြောနဲ့ ပိုးမွှားတွေနဲ့ သစ်ပင်ကိုတောင် မသတ်ပါဘူး။

ဝေ့လန်ရှန်မိဟာ ငယ်ငယ်လေးကတည်း ပန်းပင်တွေ တွေ့ရင် တက်မနင်းပါဘူး။ ပျံလို့ရရင် ပျံပြီး သွားပါတယ်။ ပြောရရင် ဝေ့လန်ရှန်မိက လောကမှာ အသန့်ရှင်းဆုံးပုဂ္ဂိုလ်ပါ။

ဟန်ကျွယ်ဟာ ဝေ့လန်ရှန်မိကို ကြည့်နေတာ ရပ်လိုက်ပြီး တတိယ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာကာ ဟန်ချင်းအာကို တာအိုဘုံကျောင်းထဲ ခေါ်လိုက်ပါတယ်။

“ဖေဖေ... ဘာကိစ္စရှိလို့လဲ” ဟန်ချင်းအာဟာ တက်တက်ကြွကြွနဲ့ မေးလိုက်ပါတယ်။

“ဖေဖေ... ဒီအတောအတွင်း ဆန်းကြယ်စွမ်းအားတစ်မျိုး ဖန်တီးထားတယ်၊ ဒီဆန်းကြယ်စွမ်းအားက နောက်ကျရင် တိတ်ဆိတ်ဂိုဏ်းရဲ့ အမှတ်အသားတစ်ခု ဖြစ်လာလိမ့်မယ်၊ သမီး သင်ချင်လား”

ဟန်ချင်းအာဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် “အချိန်ခဏလေးနဲ့ ဖန်တီးထားတဲ့ ဆန်းကြယ်စွမ်းအားက စွမ်းအားကြီးပါ့မလား၊ သမီးကို ရှေးဟောင်း ဆန်းကြယ်စွမ်းအားတွေသာ သင်ပေးပါလား”

ရှေးပညာကို အထင်ကြီးပြီး ခေတ်သစ်ပညာကို အထင်သေးတာက မျိုးနွယ်စုတိုင်း အတူတူပါပဲ။

ဟန်ကျွယ်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “အိပ်မက်ထဲမှာ စမ်းကြည့်ချင်လား”

ဟန်ချင်းဟာ ချက်ချင်း ခေါင်းကို ယမ်းနေအောင် ခါလိုက်ပါတယ် “သမီး သင်မယ်... သမီး သင်မယ်”

ဟန်ကျွယ်ဟာ ချက်ချင်း တာအိုဟောကြားပြီး ဟန်ချင်းအာကို တန်ခိုးကြီးမား မဟာလက်ဝါး သင်ပေးပါတယ်။ ဒီတာအိုဟောကြားမှုက နှစ်နှစ်ရာ ကြာပါတယ်။

ဟန်ချင်းအာဟာ အံ့ဩတကြီး မျက်လုံးဖွင့်လိုက်ပါတယ် “လောကကြီးမှာ ဒီလိုမျိုး ဆန်းကြယ်စွမ်းအား ရှိနေသေးတာလား၊ ဒီဆန်းကြယ်စွမ်းအားက မဟာတာအိုလို သိမ်‌မွေ့နက်နဲပြီး အနုစိတ်လွန်းတယ်”

ဟန်ချင်းအာဟာ ဟန်ကျွယ်ကို လေးစားစွာ ကြည့််လိုက်ပါတယ်။ ဒါကို မြင်တဲ့ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြုံးမိလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters