ဂျိရှင်းရှန်၏ ရည်မှန်းချက်၊ ဗိုလ်ကျလွန်းတဲ့ ပါရမီရှင်
Vol. 85 Ch. 895
“ဒီလက်ဝါးက ကြမ်းလွန်းတယ်၊ သူသေကိုယ်သေ မဟုတ်ရင် ထုတ်မသုံးနဲ့၊ အထူးသဖြင့် တာအိုစက်ကွင်းထဲက တပည့်တွေထဲ တိုက်ခိုက်ရင် လုံးဝ မသုံးမိစေနဲ့”
ဟန်ကျွယ်ဟာ ဟန်ချင်းအာ ထင်ရာ လျှောက်လုပ်မှာစိုးတဲ့အတွက် သတိပေးလိုက်ပါတယ်။
ဟန်ချင်းအာဟာ ခေါင်းညိတ်လိုက်ပါတယ် “မစိုးရိမ်ပါနဲ့ ဖေဖေ... ဘာလုပ်ရမလဲဆိုတာ သမီးသိပါတယ်၊ သမီးက မာနလည်းမကြီးသလို စိတ်လိုက်မာန်ပါလည်း မလုပ်ပါဘူး”
ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် အကြောင်းအရင်း တချို့ကြောင့် ဟန်ကျွယ်ဟာ ဝေ့လန်ရှန်မိကို တွေးမိလိုက်ပါတယ်။ ဝေ့လန်ရှန်မိရဲ့ မောက်မာမှုက ဟန်ကျွယ် တွေ့ဖူးသမျှထဲမှာ အမြင့်ဆုံးပါ။ ဝေ့လန်ရှန်မိက တမင် လုပ်နေတာလားဆိုတာတော့ ဟန်ကျွယ်လည်း မသိပါဘူး။
ဝေ့လန်ရှန်မိက ဒီလောက်ထိ မောက်မာပေမဲ့ ကံရေစက် လုံးဝ မရှိပါဘူး။ ဒါက တကယ်ကို ထူးဆန်းတဲ့ အချက်ပါ။
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ဟန်ချင်းအာအတွက် အသွင်တူ လက်ရည်စမ်းပွဲကို ဖွင့်ပေးလိုက်ပါတယ်။ အဲဒီနောက် ဟန်ချင်းအာကို အသွင်တူလက်ရည်စမ်းပွဲ ဘယ်လို အသုံးပြုရမလဲဆိုတာ သင်ပေးလိုက်ပါတယ်။ ဟန်ချင်းအာဟာ အရမ်း အံ့အားသင့်သွားပြီး ချက်ချင်း စမ်းသပ်ပါတော့တယ်။
လက်ရှိ အသွင်တူလက်ရည်စမ်းပွဲထဲမှာ အဆင့်မျိုးစုံက ကျင့်ကြံသူ တော်တော်များများကို ပုံတူကူးထားပြီးပါပြီ။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေလည်း ဒီအထဲမှာ ရှိနေပါတယ်။
လေးငါးဆယ်နာရီ အကြာမှာတော့ ဟန်ချင်းအာဟာ မျက်လုံးပွင့်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “ဖေဖေ... ဒါ ဘယ်လိုဆန်းကြယ်စွမ်းအားမျိုးလဲ၊ အရမ်းကို လက်တွေ့ကျလွန်းတယ်၊ အိပ်မက်ထက်တောင် ပိုပြီးတော့ လက်တွေ့ကျတယ်”
“ဒီအထဲမှာ တိတ်ဆိတ်ဂိုဏ်းသားတွေနဲ့ ဖေဖေ ရင်ဆိုင်ခဲ့တဲ့ ရန်သူတွေ ရှိတယ်၊ သမီး နှစ်အများကြီး လေ့ကျင့်လို့ရတယ်”
ဟန်ချင်းအာဟာ ခေါင်းညိတ်ပြီး တာအိုဘုံကျောင်းထဲက ထွက်သွားပါတယ်။ ဟန်ချင်းအာဟာ သူ့အမေဘေးနားကို ပြန်သွားပြီး အသွင်တူလက်ရည်စမ်းပွဲထဲမှာ စိတ်နှစ်လိုက်ပါတယ်။ ဟန်ချင်းအာဟာ အင်တာနက်စွဲနေတဲ့လူလိုပါပဲ။
ဟန်ကျွယ်ဟာ ဒါကို ရယ်စရာလို့ မထင်ပါဘူး။ ဟန်ကျွယ်ရဲ့ တပည့်ရင်းတွေလည်း အသွင်တူ လက်ရည်စမ်းပွဲကို စထိတွေ့တုန်းက ဒီအတိုင်းပါပဲ။ တချို့ဆို နှစ်ထောင်ချီကြာမှ နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့တာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
ကောင်းကင်တာအို၊ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ မိုးကောင်းကင်ဘိုးဘေး နန်းတော်။
ဂျိရှင်းရှန်ဟာ ခန်းမထဲက အင်မော်တယ်တွေကို မျက်နှာမည်းကြီးနဲ့ စိုက်ကြည့်နေပါတယ်။ ဒီအင်မော်တယ်တွေ အကုန်လုံးက မိုးကောင်းကင်မျိုးနွယ်စုက အင်မော်တယ်တွေပါ။
မိုးကေင်းကင်မျိုးနွယ်စုရဲ့ အင်မော်တယ်အများစုက ငရဲပြည်မှာ နေထိုင်ကြတာဆိုပေမဲ့ ဂျိရှင်းရှန် တာအိုရယူပြီးနောက် အင်မော်တယ်ကမ္ဘာကို ပြန်လာပြီး ကောင်းကင်တာအိုဂိုဏ်းနဲ့ တိတ်တဆိတ် အားပြိုင်ကြပါတယ်။
“ဝေ့လန်ရှန်မိကို ကောင်းကောင်း သင်ကြားပေးဖို့ ငါ မင်းတို့ကို ပြောခဲ့တယ်မလား၊ အခုကြည့်စမ်း... ဘယ်လိုတွေ ဖြစ်ကုန်ပြီလဲ၊ ဒီကိစ္စကို ဘယ်သူ တာဝန်ယူမှာလဲ” ဂျိရှင်းရှန်ဟာ ခန်းမထဲက အင်မော်တယ်တွေကို ဝေ့ကြည့်ရင်း အေးစက်စွာ မေးလိုက်ပါတယ်။
အင်မော်တယ်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ဘယ်သူမှ ဂျိရှင်းရှန် မေးခွန်းကို ပြန်မဖြေကြပါဘူး။
ဂျိရှင်းရှန်က အေးစက်စွာ ပြောလိုက်ပါတယ် “ဝေ့လန်ရှန်မိကို ငါ့ဆီ ခေါ်လာခဲ့ချည်၊ ငါကိုယ်တိုင် သူ့ကို သင်ကြားပေးမယ်”
အင်မော်တယ်တွေဟာ မငြင်းဆန်ဘဲ ချက်ချင်း သဘောတူ လက်ခံလိုက်ပါတယ်။ ဂျိရှန်းရှန်ဟာ မကျေမချမ်း ဖြစ်သွားပြီး အင်မော်တယ်တွေကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ မိုးကောင်ကင်မျိုးနွယ်စုက ကြီးမားပေမဲ့ အသုံးကျတဲ့ အင်မော်တယ်တွေက အရမ်းရှားပါတယ်။ ဂျိရှင်းရှန်ဟာ တိတ်ဆိတ်ဂိုဏ်းကို မတွေးမိဘဲ မနေနိုင်ပါဘူး ‘ငါ လီရွှမ်အောက်ကို အကူအညီ တောင်းသင့်လား...’
တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာ တစ်ခုလုံးမှာ အုတ်မြစ်အနက်နဲဆုံးပါ။ တိတ်ဆိတ်ဂိုဏ်းထဲမှာ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိပြီး သူတို့အင်အားစုတွေက ကောင်းကင်တာအို တစ်ခုလုံးကို လွှမ်းခြုံထားပါတယ်။
အင်မော်တယ်တွေ ထွက်ခွာသွားတဲ့အခါ ဂျိရှင်းရှန်ဟာ မျက်လုံးမှိတ်ပြီး ကျင့်ကြံအားထုတ်ပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ အင်မော်တယ် နတ်ဘုရားတစ်ပါးဟာ ဝေ့လန်ရှန်မိကို ဂျိရှင်းရှန်ဆီခေါ်လာပြီး နှုတ်ဆက် ထွက်ခွာသွားပါတယ်။ ဒါကြောင့် ခန်းမထဲမှာ ဂျိရှင်းရှန်နဲ့ ဝေ့လန်ရှန်မိသာ ကျန်ရှိပါတော့တယ်။
ဂျိရှင်းရှန်ဟာ ဝေ့လန်ရှန်မိကို သေချာအကဲခတ်ကြည့်ပြီး ကျေနပ်အားရသွားပါတယ် ‘ဒီကောင်လေးက တကယ်ကို အရည်အချင်းရှိတာပဲ... ငါ့ဆရာသခင်ကိုတောင် မီလောက်တယ်’
ဝေ့လန်ရှန်မိက ဝင့်ကြွားစွာ ပြောလိုက်ပါတယ် “တာအိုပညာရှိ... ကျွန်တော်ကို ဘာဖြစ်လို့ ဆင့်ခေါ်တာလဲ၊ ကျွန်တော်ကို တပည့်အဖြစ် လက်ခံချင်လို့လား၊ ကျွန်တော်မှာ ဆရာရှိပြီးသားဆိုတော့ နောက်တစ်ယောက်ကို ဆရာတင်မှာ မဟုတ်ဘူး၊ တာအိုပညာရှိက ကျွန်တော်ရဲ့ ဆရာသခင်ထက် စွမ်းအားကြီးတယ်ဆိုပေမဲ့ ကျွန်တော်ရဲ့ ဆရာသခင်က ကျွန်တော်အပေါ်မှာ ကျေးဇူး အများကြီး ရှိတယ်”
ဂျိရှင်းရှန်ဟာ ပြုံးလိုက်ပါတယ် “ငါက ဘာဖြစ်လို့ မင်းရဲ့ ဆရာသခင် လုပ်ရမှာလဲ၊ ငါက မင်းရဲ့ ဘိုးဘေး”
ဝေ့လန်ရှန်မိဟာ မှင်တက်သွားပါတယ်။ မိုးကောင်းကင်မျိုးနွယ်မှာ တာအိုပညာရှိတွေ ရှိပေမဲ့ သူတို့က မျိုးရိုးတစ်ရိုးတည်းက မဟုတ်ပါဘူး။ ဝေ့လန်ရှန်မိဟာ သူ့ဆရာသခင်က တာအိုပညာရှိရဲ့ တပည့်ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဝေ့လန်ရှန်မိဟာ ချက်ချင်း ဦးညွှတ်လိုက်ပါတယ် “ဘိုးဘေးကို ဂါရဝ ပြုပါတယ်”
“မင်းက နှလုံးသားထဲမှာ ကြီးမြတ်တဲ့ သနားကြင်နာမှု ရှိရဲ့သားနဲ့ ဘာဖြစ်လို့ ဒီလောက်မောက်မာပြီး တခြားလူတွေရဲ့ ဂုဏ်သိက္ခာကို တက်နင်းချင်ရတာလဲ”
ဝေ့လန်ရှန်မိက မော့ကြည့်လိုက်ပါတယ် “ဘိုးဘေး... ကျွန်တော် အဲဒီလူတွေကို ဘယ်လိုမှ သည်းမခံနိုင်ဘူး၊ အဲဒီလူတွေက အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ဖားလျားကြတယ်၊ ကျွန်တော်က အဲဒီလိုမျိုးလူတွေကိုပဲ ပစ်မှတ်ထားတာပါ၊ နောက်ပြီး လောကမှာ ကျွန်တော့်ထက် အရည်အချင်း ပိုရှိတဲ့လူကို တွေ့ချင်တာလည်း ပါတယ်”
ဝေ့လန်ရှန်မိရဲ့ လေသံဟာ မာနအပြည့်ပါပဲ။
ဂျိရှင်းရှန်ဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။ တခြားတစ်ယောက်သာ တာအိုပညာရှိကို ဒီလိုမျိုး ပြောဆိုရဲရင် အကြိမ်တစ်ထောင်မက သေသွားလောက်ပါပြီ ‘ကောင်စုတ်လေး တခြားလူတွေ အနိုင်ကျင့်တာကိုပဲ ပြောနေတယ်၊ မင်းကရော တူတူပဲ မဟုတ်ဘူးလား’
“မင်း ငါ့တာအိုစက်ကွင်းထဲမှာ နှစ်တစ်သောင်း ကျင့်ကြံအားထုတ်ပြီးမှ အင်မော်တယ်ကမ္ဘာကို ပြန်...” ဂျိရှင်းရှန်က အလေးအနက် ပြောလိုက်ပါတယ်။ ဂျိရှန်းရှန်ဟာ အစီအစဉ်တစ်ခု ဆွဲလိုက်ပါတယ်။ အဲဒါက ဝေ့လန်ရှန်မိကို ပဋိပက္ခ အစည်းအဝေးမှာ ဝင်ပြိုင်ခိုင်းဖို့ပါ။
ဝေ့လန်ရှန်မိက နည်းနည်း နောက်ကျနေပြီဆိုပေမဲ့ သူ့အရည်အချင်းက ထက်မြက်လွန်းပါတယ်။ နှစ်လေးငါးသန်းလောက် ကျင့်ကြံပြီး ပဋိပက္ခမှာ အစွမ်းအထက်ဆုံး ဖြစ်လာတဲ့ ဟန်ကျွယ်လိုပါပဲ။
ဝေ့လန်ရှန်မိဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် အဖြေ ပြန်ပေးလိုက်ပါတယ် “ကောင်းပါပြီ... ကျေးဇူးတင်ပါတယ်... ဘိုးဘေး”
ဂျိရှင်းရှန် ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ဝေ့လန်ရှန်မိရှေ့မှာ ကော်ဇောတစ်ချပ် ပေါ်လာပါတယ်။ ဝေ့လန်ရှန်မိဟာ ကော်ဇောချပ်ဆီ လျှောက်သွားပြီး ထိုင်လိုက်ပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နှစ်တစ်သောင်းက မျက်တောင်တစ်ခတ်ပါပဲ။
ဟန်ကျွယ်က ဂူအောင်းကျင့်ကြံနေတုန်း ရှိပေမဲ့ ဝေ့လန်ရှန်မိကတော့ ဂျိရှင်းရှန်ရဲ့ တာအိုစက်ကွင်းကနေ ထွက်လာပါပြီ။ ဒီနှစ်တစ်သောင်းအတွင်း ဝေ့လန်ရှန်မိဟာ ကျင့်ကြံအားထုတ်တာအပြင် ဂျိရှင်းရှန်ဆီကနေ ဆန်းကြယ်စွမ်းအား အများကြီးကို သင်ယူခဲ့ရပါတယ်။
ဝေ့လန်ရှန်မိရဲ့ ကျင့်ကြံမှုကလည်း ဒီရေအလား တိုးတက်သွားပြီး အခုဆိုရင် မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးအဆင့်ကို ရောက်ရှိကာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အဆင့်နဲ့ ခြေတစ်လှမ်းသာ လိုပါတော့တယ်။ ဒါတောင် ဝေ့လန်ရှန်မိက ဆန်းကြယ်စွမ်းအားတွေ သုံးသပ်နားလည်ဖို့ အချိန်အများကြီး ပေးခဲ့လို့ပါ။ မဟုတ်ရင် နှစ်တစ်သောင်းအတွင်း ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို ထိုးဖောက်ဖို့က ဝေ့လန်ရှန်မိအတွက် ထမင်းစား ရေသောက်အဆင့်ပဲ ရှိပါတယ်။
ဝေ့လန်ရှန်မိဟာ မိုးကောင်းကင်ဘိုးဘေး နန်းတော်က ပျံသန်းထွက်လာပြီးနောက် အင်္ကျီကို အဖြူရောင် ပြောင်းလိုက်ပါတယ်။ ဝေ့လန်ရှန်မိရဲ့ ရုပ်ရည်သွင်ပြင်က သာမန်မဟုတ်တဲ့အတွက် တစ်ချက်ကြည့်ရုံနဲ့ ပါရမီရှင်တစ်ပါးဆိုတာ တန်းသိနိုင်ပါတယ်။
ဝေ့လန်ရှန်မိဟာ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကနေ ချက်ချင်း ထွက်မသွားဘဲ လျှောက်ကြည့်ပါတယ်။ ဝေ့လန်ရှန်မိဟာ အလာတုန်းက အလျင်စလို လာခဲ့ရတာမလို့ တာအိုပညာရှိတွေသာ ပိုင်တဲ့ ဒီနေရာကို ကောင်းကောင်း မကြည့်ခဲ့ရပါဘူး။
ကောင်းကင်ဘုံ ၃၃ ဘုံမြောက်က တာအိုစက်ကွင်း ဒါဇင်ကျော်နဲ့ ကျယ်ပြန့်လွန်းပါတယ်။ ဝေ့လန်ရှန်မိဟာ ပျံသန်းရင်း သူ့ကို တအံ့တဩ စိုက်ကြည့်ကြတဲ့ တာအိုရှာဖွေသူတွေ မကြာခဏ တွေ့ကြုံရပါတယ်။
‘နတ်မင်းအဆင့် ကျင့်ကြံသူက ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကို လာရဲတာလဲ၊ ဒီကောင်လေး သတ္တိမသေးပါ့လား...’
ဒီနေရာကို လာနိုင်တဲ့ ကျင့်ကြံသူတွေက အနည်းဆုံး ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့် ရှိပါတယ်။ မဟုတ်ရင် သူတို့တွေဟာ တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်းဆီ သွားပြီး တာအိုရှာဖွေဖို့ အရည်အချင်း မပြည့်မီပါဘူး။
ဝေ့လန်ရှန်မိဟာ တာအိုရှာဖွေသူတွေ ဘာတွေးနေတယ်ဆိုတာကို မသိပေမဲ့ တာအိုရှာဖွေသူတွေကို မနှောင့်ယှက်ပါဘူး။ ဝေ့လန်ရှန်မိဟာ တာအိုစက်ကွင်းတွေကို လျှောက်ကြည့်ပြီးနောက် အင်မော်တယ်ကမ္ဘာဆီ ဆင်းသက်ပါတယ်။
ကောင်းကင်လွှာ ဆယ်လွှာကို ဖြတ်သန်းအပြီးမှာပဲ ရုပ်သွင်တစ်သွင်က ဝေ့လန်ရှန်မိကို ဟန့်တားလိုက်ပါတယ်။ ဒီရုပ်သွင်က ခရမ်းနီရောင် ဝတ်ဆင်ထားတဲ့ ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးပါ။ ဒီအမျိုးသမီးရဲ့ ဆံပင်တွေက ရှုပ်ပွနေပြီး သူ့ခန္ဓာကိုယ်မှာလည်း သွေးကွက်တွေကို တွေ့မြင်နိုင်ပါတယ်။ သူမရဲ့မျက်နှာကလည်း ကြောက်လန့်နေပါတယ်။
“တာအိုရောင်းရင်း... ကျွန်မကို ကယ်ပါဦး” အမျိုးသမီးက အလောတကြီး တောင်းပန်လိုက်ပါတယ်။
ဝေ့လန်ရှန်မိဟာ မျက်မှောင်ကြုတ်သွားပါတယ်။
အမျိုးသမီးက ဆက်ပြောပါတယ် “ကျွန်မက ကောင်းကင်တာအို အင်မော်တယ် နတ်ဘုရားပဲ၊ ကျယ်ကျောင်းတော်ရဲ့ တပည့်တွေကို အပြစ်ပြုမိခဲ့လို့ သူတို့တွေက ကျွန်မနောက်ကို လိုက်နေကြတယ်”
“အို...”
“တာအိုရောင်းရင်းသာ ကျွန်မကို ကယ်ပေးမယ်ဆိုရင် ကျွန်မ သေချာပေါက် ကျေးဇူးတင်မှာပါ”
“သွားစမ်းပါ”
အမျိုးသမီးဟာ ဝေ့လန်ရှန်မိရဲ့ ငေါက်သံကြောင့် မှင်တက်သွားပါတယ်။
ဒီအချိန်မှာပဲ ကျယ်ကျောင်းတော်ရဲ့ တပည့်ဆယ်ယောက်ကျော်ဟာ ဓားကိုယ်စီနဲ့ ပျံသန်းလာကြပါတယ် “မိစ္ဆာမ... မင်း ဘယ်ပြေးမလဲ” ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ သက်လတ်ပိုင်းအမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ဒီလူရဲ့ လက်ထဲမှာလည်း မျှော်စင်ဘုံကျောင်းကို ကိုင်ဆောင်ထားပါတယ်။
အဲဒီနောက် မျှော်စင်ဘုံကျောင်းထဲကနေ ဝေ့လန်ရှန်မိနဲ့ အမျိုးသမီးဆီကို အစိမ်းရောင် အလင်းတန်း ထွက်လာပါတယ်။
ဝေ့လန်ရှန်မိဟာ မျက်လုံးကျဉ်းသွားပြီး နောက်လှည့်ကြည့်လိုက်ပါတယ်။ ဝေ့လန်ရှန်မိရဲ့ မျက်ခုံးကြားက ဒေါင်လိုက်မျက်လုံး ပွင့်လာပြီး ရွှေရောင်အလင်းတန်း ဖြာထွက်ကာ မျှော်စင်ဘုံကျောင်းထဲက အစိမ်းရောင်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။
“မင်းက ဘယ်သူလဲ၊ ကျယ်ကျောင်းတော်က တပည့်တွေကို ဘယ်လိုလုပ်ပြီး တားဆီးရဲတာလဲ” သက်လတ်ပိုင်း အမျိုးသားက ဒေါသတကြီး မေးလိုက်ပါတယ်။ တခြားတပည့်တွေကတော့ ရပ်ပြီး စောင့်ကြည့်နေကြပါတယ်။
အမျိုးသမီးဟာ အလောတကြီး ပြောလိုက်ပါတယ် “တာအိုရောင်းရင်း... သူတို့က ကျွန်မရဲ့ ဓမ္မရတနာကို လိုချင်နေကြတာ၊ တာအိုရောင်းရင်း ကျွန်မကို ကယ်ပေး...”
ဝေ့လန်ရှန်မိဟာ နောက်လှည့်ပြီး အမျိုးသမီးကို ပါးချလိုက်ပါတယ်။ အမျိုးသမီးဟာ စကားဆုံးအောင် မပြောနိုင်ဘဲ သွေးအန်ပြီး နောက်ကို လွင့်စဉ်ထွက်သွားပါတယ်။
ဝေ့လန်ရှန်မိက အထင်သေးစွာ ပြောလိုက်ပါတယ် “သောက်ပိုတွေ လာပြောနေတယ်၊ အရည်အချင်းမရှိရင် အင်မော်တယ်ကမ္ဘာမှာ လျှောက်မသွားတာ အကောင်းဆုံးပဲ”
အဲဒီနောက် ဝေ့လန်ရှန်မိဟာ ကျယ်ကျောင်းတော် တပည့်တွေကို လှမ်းကြည့်ပြီး ပြောလိုက်ပါတယ် “ငါက သူများကို အနိုင်ကျင့်တဲ့လူဆို အမုန်းဆုံးပဲ၊ ဒီနေ့ မင်းတို့တွေ ငါနဲ့တွေတာ ဝဋ်လည်တာပဲ၊ ငါ မင်းတို့ကို ပညာကောင်းကောင်း ပြပေးမယ်၊ လာ... အကုန်လုံးလာခဲ့...”
မြန်မာပြည် ငြိမ်းချမ်းပါစေ။