← Chapters

အသက် ၇ သန်း ပြည့်လိုခြင်း

Vol. 85 Ch. 898

အသက် ၇ သန်း ပြည့်လိုခြင်း

Vol. 85 Ch. 898

“ပြောရရင် တာအိုမိစ္ဆာတွေကို ကျွန်တော်တို့တွေ အာရုံစိုက်သင့်တယ်၊ တချို့စွမ်းအားကြီးတဲ့ တာအိုမိစ္ဆာတွေက မဟာတာအိုပညာရှိတွေနဲ့ ယှဉ်နိုင်တယ်၊ အားအနည်းဆုံးကောင်ကတောင် အင်မော်တယ်ဧကရာဇ်အဆင့် ရှိတယ်”

ဟန်ထော်စကားကို ကြားလိုက်ရတဲ့ တခြားဒဏ်ခတ်သမားတွေဟာ ခေါင်းညိတ် ထောက်ခံကြပါတယ်။ သူတို့လည်း တာအိုမိစ္ဆာတွေရဲ့ လက်ထဲမှာ တော်တော်လေး ဒုက္ခခံခဲ့ရတယ်ဆိုတာ သိသာလှပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ တစ်ခဏ တွေးတောပြီး ပြောလိုက်ပါတယ် “ဒါပဲ... မင်းတို့တွေ ပဋိပက္ခ အစည်းအဝေးအတွက် သွားပြင်ဆင်ကြတော့၊ မင်းတို့ထဲက တစ်ယောက်ယောက် မဖြစ်မနေ အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးထဲက တစ်နေရာကို ရရမယ်... ငါပြောတာ နားလည်လား...”

ဒဏ်ခတ်သမားငါးဖော်ဟာ ဦးညွှတ်လိုက်ကြပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်း အင်္ကျီလက်စကို ဝှေ့ယမ်းပြီး အချက်ပြလိုက်တဲ့အခါ ဒဏ်ခတ်သမားငါး‌ဖော်ဟာ ချက်ချင်း ထွက်ခွာသွားပါတယ်။

ဒဏ်ခတ်သမားငါးဖော် မရှိတော့တဲ့အခါ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ မျက်နှာက ချက်ချင်း အေးစက်သွားပါတယ် “တာအိုမိစ္ဆာ... မင်း အသက်ရှင်နေလိမ့်ဦးမယ်လို့ ငါ ထင်မထားဘူး၊ မင်းက တကယ်ကို ပြန်လာတာပဲ...” အန္တိမဒဏ်ခတ်နတ်မင်းဟာ တစ်ကိုယ်တည်း ရေရွတ်ရင်း မျက်လုံးထဲမှာ မုန်းတီးမှုတွေ ပြည့်လျှံထွက်သွားပါတယ်။

အဲဒီနောက် အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။ အခုအချိန်မှာ အန္တိမဒဏ်ခတ်နတ်မင်း ဂရုအစိုက်ဆုံးက ပဋိပက္ခအစည်းအဝေး ဖြစ်နေတုန်းပါ။ ဒီပွဲက အောင်မြင်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခကို ပြောင်းလဲမဲ့ ပထမဆုံး ခြေလှမ်းဖြစ်တာကြောင့်ပါ။ ဒဏ်ခတ်သမားငါးဖော်က ကြီးကြပ်ရုံတင် ဖြစ်တဲ့အတွက် ပဋိပက္ခကို တကယ်ပြောင်းလဲချင်တယ်ဆိုရင် အန္တိမဒဏ်ခတ်နတ်မင်းအနေနဲ့ အကွက်ကြီးကြီး ရွှေ့ဖို့လိုပါတယ်။

.....

ဧည့်ကြိုနန်းဆောင်။

ဓားရူးတာအိုပညာရှိနဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဝေ့လန်ရှန်မိကို စိုက်ကြည့်နေကြပါတယ်။ ဝေလ့န်ရှန်မိဟာ လွန်ခဲ့တဲ့ နှစ်တစ်သိန်းကတည်းက ကောင်းကင်တာအိုပညာရှိ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် ဝေ့လန်ရှန်မိဟာ ကြိုးပြတ်သွားတဲ့ မြင်းရိုင်းလို အရူးအမူး ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ ဒီလိုအားထုတ်ခဲ့တာကြောင့် ဝေ့လန်ရှန်မိဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။

အခုအချိန်မှာတော့ ဝေ့လန်ရှန်မိက လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ထိုးဖောက်နေပါတယ်။

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “မျိုးဆက်သစ်တွေက ငါတို့ကို ကျော်တက်လာပါလား၊ ကောင်းကင်တာအိုက ပဋိပက္ခအစည်းအဝေးမှာ အောင်မြင်မှုတစ်ခုခုကို ဆွတ်ခူးဖို့ ကျိန်းသေနေပြီ”

ဓားရူးတာအိုပညာရှိက ပြောလိုက်ပါတယ် “ဒီကောင်လေးရဲ့ အရည်အချင်းက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ အကြွင်းမဲ့ပါရမီရှင်ဆယ်ပါး ဖြစ်ဖို့ ခက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ အနှိုင်းမဲ့နေရာကတော့ ပြောဖို့ခက်တယ်”

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တအံ့တဩ ဖြစ်သွားပါတယ် “ကောင်းကင်တာအိုက ပဋိပက္ခထဲမှာ အသိဉာဏ် အလင်းလက်ဆုံးလေ၊ ပဋိပက္ခထဲမှာရှိတဲ့ ပါရမီရှင်တွေက ကောင်းကင်တာအိုလိုမျိုး ပတ်ဝန်းကျင်ကောင်း ရဖို့ ခက်တယ် မဟုတ်ဘူးလား”

ဓားရူးတာအိုပညာရှိဟာ ခေါင်းခါလိုက်ပါတယ် “တစ်ခါတလေမှာ အရည်အချင်းနဲ့တင် မလုံလောက်ဘူး၊ နောက်ပြီး ကောင်းကင်တာအိုရဲ့ ပတ်ဝန်းကျင်က ဘယ်လောက်ကောင်းကောင်း မဟာတာအိုကို မယှဉ်နိုင်ဘူး”

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။

“ငါက ငါ့အရည်အချင်းကို မကြာခဏ ကြွားဝါတယ်ဆိုပေမဲ့ ငါ့ထက် အရည်အချင်းရှိတဲ့လူတွေ ငါ့ထက် ထက်မြက်တဲ့လူတွေ အများကြီးကို တွေ့ဖူးတယ်၊ သူတို့နဲ့ ငါ ကွာခြားသွားတာက သူတို့တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေပြီး ငါ ရှင်သန်နိုင်ခဲ့တာပဲ၊ အခု ပဋိပက္ခက အေးချမ်းနေတော့ ပါရမီရှင်တွေ ကြီးပြင်းဖို့ လွယ်ကူတယ်၊ ပဋိပက္ခတစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေနိုင်တဲ့ တည်ရှိမှုတစ်ခု ထွက်ပေါ်ကောင်း ထွက်ပေါ်လာနိုင်တယ်၊ ဝေ့လန်ရှန်မိက အဲဒီထဲက တစ်ယောက် ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဝေ့လန်ရှန်မိက အထူးချွန်ဆုံးလို့တော့ ပြောလို့မရဘူး”

ဓားရူးတာအိုပညာရှိဟာ သက်ပြင်းချလိုက်ပါတယ်။ ဓားရူးတာအိုပညာရှိ မပြောဘဲ ချန်ထားတာ ရှိပါသေးတယ်။ ဥပမာပေးရရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပါ။

ဝေ့လန်ရှန်မိရဲ့ ကျင့်ကြံမှုအလျင်က မြန်ဆန်တယ်ဆိုပေမဲ့ ကျင့်ကြံမှု အရည်အချင်းတင်ပါ။ ကျင့်ကြံသူတစ်ယောက်အတွက် ကျင့်ကြံမှု အရည်အချင်းအပြင် တိုက်ရည်ခိုက်ရည်ကလည်း အရေးကြီးပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဟာ အဆင့်တူရင် ရန်သူ ဘယ်လောက်လောက်လာလာ လုံးဝ မမှုပါဘူး။

ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ် နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို တစ်ချက်တည်းနဲ့ သတ်လိုက်တဲ့ မြင်ကွင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ဒါပေမဲ့ အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးထဲက တစ်ပါး ဖြစ်လာနိုင်တာကလည်း ကောင်းကင်တာအိုအတွက် ဂုဏ်ဆောင်ပေးတယ်လို့ ပြောလို့ရတယ်”

ဓားရူးတာအိုပညာရှိဟာ ခေါင်းညိတ်လိုက်ပါတယ်။

ဝေ့လန်ရှန်မိဟာ ထိုးထွင်းသိမြင်တဲ့ အခြေအနေမှာမလို့ ဓားရူးတာအိုပညာရှိနဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ စကားဝိုင်းကို မကြားပါဘူး။ အဆင့်ထိုးဖောက်ဆဲမှာတောင် ဝေ့လန်ရှန်မိက ဝင့်ကြွားတဲ့မျက်နှာနဲ့ တက်တက်ကြွကြွ ရှိနေတုန်းပါ။

ဒါက အစသာ ဖြစ်ပါတယ်။ ကောင်းကင်တာအိုတင် မကဘဲ ပဋိပက္ခတစ်ခုလုံးက ပဋိပက္ခအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်နေကြတာပါ။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ တွန်းပို့မှုအောက်မှာ ပဋိပက္ခအစည်းအဝေးက လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ အကြွင်းမဲ့ပါရမီရှင်ဆယ်ပါးနဲ့ အနှိုင်းမဲ့ပါရမီရှင်က ပေါ်မလာသေးပေမဲ့ ပဋိပက္ခတစ်ခုလုံး ကျော်ကြားနေပါပြီ။

လျှို့ဝက်ဆန်းကြယ်ကမ္ဘာ။

လေထဲမှာ မြူခိုးတွေ ပြည့်နေပါတယ်။

နတ်ဒေါင်းအရှင်ဟာ ကျောက်ပြားတစ်ချပ်ရှေ့ ထိုင်နေပါတယ်။ နတ်ဒေါင်းအရှင် နေရာကနေ ဘယ်ကိုကြည့်ကြည့် တောင်တွေချည်းပါပဲ။ သူတို့တွေက မြူခိုးတွေရဲ့ ဖုံးကာမှုအောက်မှာ ဧရာမနတ်ဆိုးကြီးတွေလိုပါပဲ။

ဒီအချိန်မှာ နတ်ဒေါင်းအရှင်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “ငအိုကြီး... ခင်ဗျား ကျုပ်ကို ဘယ်အချိန်အထိ ဖမ်းထားမှာလဲ၊ ကျုပ်နောက်မှာ ‌နောက်ခံရှိတယ်နော်”

နတ်ဒေါင်းအရှင်ရဲ့ အကြည့်ဟာ သူ့ရှေ့က ကျောက်ပြားချပ်ဆီ ရောက်သွားပါတယ်။ ဒီကျောက်ပြားချပ်က ခြောက်ကပ်နေတဲ့ သစ်သားနဲ့တူပေမဲ့ သွေးတွေ စီးထွက်နေတာကြောင့် ကြောက်ဖို့ကောင်းပုံ ပေါ်နေပါတယ်။

နတ်ဒေါင်းအရှင်ရဲ့ မေးခွန်းကို ဘယ်သူမှ ပြန်မဖြေပါဘူး။

နတ်ဒေါင်းအရှင်ဟာ ဒေါသထွက်လာပေမဲ့ မလှုပ်ရှားနိုင်တာကြောင့် လက်လျှော့လိုက်ရပါတယ်။ နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးကို အကူအညီတောင်းဖို့ စဉ်းစားပါသေးတယ်။ ဒါပေမဲ့ အမှောင်သခင်ကြီး သူ့ကို စိတ်ပျက်နေတာ ဖြစ်တဲ့အတွက် နောက်ဆုံးအခြေအနေ မဟုတ်ရင် နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးကို အကူအညီတောင်းမှာ မဟုတ်ပါဘူး။

အမှောင်သခင်ကြီးက သူ့ကို အေးအေးဆေးဆေး ကျင့်ကြံအားထုတ်စေချင်တာပါ။ ဒါပေမဲ့ နတ်ဒေါင်းအရှင်ကတော့ အကျိုးဆောင်ချင်လွန်းတဲ့အတွက် အန္တရာယ်ကြားထဲ တိုးဝင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ အမှောင်သခင်ကြီးကို အကူအညီတောင်းရရင် နတ်ဒေါင်းအရှင်ရဲ့ ကြိုးစားမှုက သဲထဲရေသွန် ဖြစ်သွားမှာပါ။

ဒါကို တွေးမိတဲ့ နတ်ဒေါင်းအရှင်ဟာ ပိုပြီးတော့ ဒေါသထွက်သွားပြီး သူ့ကိုယ်သူလည်း အပြစ်တင်မိလိုက်ပါတယ်။ ရုတ်တရက်ဆိုသလို နတ်‌ဒေါင်းအရှင်ဟာ သူ့ဘဝရဲ့ အချိန်တွေကို အကြောင်းမဲ့ ဖြုန်းတီးမိခဲ့တယ်ဆိုတာကို သဘောပေါက်သွားပါတယ်။ နတ်ဒေါင်းအရှင်ရဲ့ အရည်အချင်းက ထက်မြက်ပါတယ်။ ဒါပေမဲ့ နတ်ဒေါင်းအရှင်ဟာ ဘာမဟုတ်တာနဲ့ အချိန်အများကြီး ဖြုန်းတီးမိခဲ့ပါတယ်။

နတ်ဒေါင်းအရှင်ဟာ တွေးလေလေ စိတ်ဓာတ်ကျလေလေပါပဲ။

‘ငါက တကယ်ကို အသုံးမကျတာပဲ... မဟုတ်သေးဘူး... ငါ ဒီလိုလုပ်လို့ မရဘူး...’

နတ်ဒေါင်းအရှင်ဟာ စိတ်အခြေအနေကို ပြုပြင်ပြီး မျက်လုံးဖွင့်လိုက်တဲ့အခါ သူ့မျက်လုံးတွေက ပြန်ပြီးတော့ လေးနက် ပြတ်သားသွားပါတယ်။

.....

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ကြယ်စကြဝဠာ၊ တတိယ တာအိုစက်ကွင်း၊ သစ်ပင်အိုကြီးအောက်။

ဟန်ချင်းအာ ပျင်းရိလေးတွဲ့စွာ အကြောဆန့်လိုက်ပါတယ် “မေမေ... ဘယ်လောက်ကြာသွားပြီလဲ”

ချင်းလွမ်အာဟာ မျက်လုံးဖွင့်ပြီး ပြန်ဖြေလိုက်ပါတယ် “သမီး ဂူအောင်းကျင့်ကြံတာ နှစ်တစ်သိန်း ပြည့်တော့မယ် ထင်တယ်”

ဟန်ချင်းအာဟာ ခေါင်းခါလိုက်ပါတယ် “မဟုတ်ဘူး... သမီး မေးချင်တာက ဖေဖေ ဂူအောင်းကျင့်ကြံတာ ဘယ်လောက်ကြာပြီလဲလို့”

ဟန်ချင်းအာကို တန်ခိုးကြီးမား မဟာလက်ဝါး သင်ပေးပြီးကတည်းက ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲက တစ်ဖဝါးမှ မခွာပါဘူး။ ဟန်ချင်းအာဟာ ဟန်ကျွယ်ကို တာအိုဘုံကျောင်းထဲမှာ လေးငါးဆယ်ကြိမ် တွေ့ရလို့သာ မဟုတ်ရင် ရင်ပူလွန်းလို့ သေနိုင်ပါတယ်။

“မေမေလည်း မသိဘူး၊ နှစ်တစ်သန်းလောက်ရှိပြီ ထင်တာပဲ” ချင်းလွမ်အာဟာ ခေါင်းခါလိုက်ပါတယ်။

ချင်းလွမ်အာဟာ နှစ်ပေါင်းမျာစွာ ကျင့်ကြံအားထုတ်ပြီးတဲ့နောက် လောကဦးပဋိပက္ခ တာအိုအသီးကို ရယူနိုင်ခဲ့ပြီမလို့ ဒီလိုကျင့်ကြံမှုဘဝကို အသားကျလာပါပြီ။

ချင်းလွမ်အာဟာ ဟန်ကျွယ်ကို နားလည်နိုင်လာပါတယ်။ တာအိုပညာရှိအဆင့်ကို ရောက်ပြီးနောက် အချိန်က တကယ်ကို အဓိပ္ပာယ်မရှိတော့တာပါ။

“ဒီတစ်ခါ ဘာဖြစ်တာလဲ၊ ဖေဖေ နှစ်တစ်သိန်းပဲ ဂူအောင်းကျင့်ကြံတာ မဟုတ်ဘူးလား၊ ဒီတစ်ခါ ဘာဖြစ်လို့ ဒီလောက်ကြာအောင် ဂူအောင်းကျင့်ကြံနေတာလဲ၊ တစ်ခုခုများ ဖြစ်လို့လား” ဟန်ချင်းအာဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။

ဒါကို ကြားသွားတဲ့ ချင်းလွမ်အာက ရင်ထိတ်သွားပြီး မေးလိုက်ပါတယ် “သမီးဖေဖေက သမီးကို တစ်ခုခု ပြောထားလို့လား”

“မပြောပါဘူး၊ သမီးဘာသာ ခန့်မှန်းကြည့်တာ၊ မစိုးရိမ်ပါနဲ့ မေမေ၊ ဖေဖေ ဘာမှမဖြစ်မှာ မဟုတ်ပါဘူး၊ ဖေဖေက ဒီလောက်စွမ်းအားကြီးတာ ဘယ်သူက ဘာလုပ်နိုင်မှာလဲ၊ သမီးက ဖေဖေ ဘာလို့ နှစ်အကြာကြီး ဂူအောင်းကျင့်ကြံနေတာလဲဆိုတာ သိချင်ရုံပါ၊ ဖေဖေက အဆင့်ထိုးဖောက်ခါနီးလို့ ဒီလောက်ကြာနေတာလား မသိဘူး”

ဟန်ချင်းအာဟာ သူ့အမေကို နှစ်သိမ့်ပေးလိုက်ပါတယ်။ ဟန်ချင်းအာဟာ သူ့အဖေက ပဋိပက္ခမှာ အစွမ်းအထက်ဆုံးဆိုတာကို သိထားတာကြောင့် သိပ်ပြီးတော့ မစိုးရိမ်ပါဘူး။

ချင်းလွမ်အာဟာ စိတ်လျှော့လိုက်ပါတယ်။ ဒီလိုနဲ့ သားအမိနှစ်ယောက်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ကြပါတယ်။

တစ်ချိန်တည်းမှာပဲ တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ကျင့်ကြံမှုထဲ နစ်ဝင်နေပါတယ်။ ဟန်ကျွယ်ဟာ ဘယ်တုန်းကမှ ဒီလောက်နှစ်အကြာကြီး ဂူအောင်း မကျင့်ကြံခဲ့ဖူးပါဘူး။

လောကဦးကမ္ဘာက အရင်ထက် လေးငါးဆယ်ဆလောက် ကျယ်ပြန့်သွားပါပြီ။ နတ်ဘီလူးချီတွေထဲမှာလည်း သန္ဓေသားရုပ်သွင်တွေ ပေါ်လာပါတယ်။ ဒီနှုန်းအတိုင်းဆက်သွားရင် ဟန်ကျွယ်ဟာ သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ နတ်ဘီလူးတွေကို ဖန်တီးဖို့ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထပ်ပြီး လိုတော့မှာ မဟုတ်ပါဘူး။

ဟန်ကျွယ် အသက်ခြောက်သန်းပြည့်တုန်းက ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ဖန်တီးထားခဲ့တဲ့ ပဋိပက္ခ နတ်ဘီလူးဟာ လောကဦးကမ္ဘာထဲမှာ ရှိနေပါသေးတယ်။

ဟန်ကျွယ်ဟာ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အများကြီးက တိုးတက်သွားပေမဲ့ အဆင့်တက်ဖို့တော့ အချိန်ယူရဦးမှာပါ။ ဟန်ကျွယ်ဟာ အချိန်ကို တွက်ချက်ကြည့်လိုက်တဲ့အခါ နှစ်ရှစ်သိန်းပဲ ကုန်ဆုံးသေးတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် ဟန်ကျွယ် အသက် ၇ သန်းပြည့်ဖို့ နှစ်နှစ်သိန်း လိုနေပါသေးတယ်။

“သားလေး... မင်း နောက်ထပ် နှစ်သိန်းဆိုရင် အပြင်ထွက်လာနိုင်တော့မယ်” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်ပြီး ရင်ထဲမှာ ထိသွားပါတယ် ‘ငါက ငါ့သားအတွက် တိုက်ခိုက်နေတာပဲ’

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးကြည့်လိုက်တဲ့အခါ သူ့မိတ်ဆွေတွေ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ဂူအောင်းကျင့်ကြံပြီး အသက် ၇ သန်းပြည့် မွေးနေ့ကို စောင့်ဆိုင်းပါတယ်။

စနစ်က ဟန်ကျွယ်ရဲ့ မူလသက်တမ်းကို ပြတာပါ။ ဒါကြောင့် ဟန်ကျွယ် တာအိုဘုံကျောင်းထဲက အချိန်ကို မြန်အောင်လုပ်လိုက်ရင်တောင် အသုံးမဝင်ပါဘူး။ ဘာမှလုပ်မရတဲ့အတွက် သည်းခံရုံကလွဲပြီး တခြားမရှိပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters