လောကဦးပဋိပက္ခ မဟာဖန်တီးမှု
Vol. 85 Ch. 899
နှစ်တစ်သောင်းက ကျင့်ကြံသူအများဆုံးအတွက် အရမ်းကြာညောင်းတဲ့ အချိန်ဆိုပေမဲ့ ဟန်ကျွယ်အတွက်တော့ ဘာမှမဟုတ်ပါဘူး။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ...
[သင်သည် အသက် ၇ သန်း ပြည့်သွားပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ချက်ချင်းထွက်၍ ပဋိပက္ခအပြင်ရှိ ဗလာနယ်သို့ ဦးတည်ကာ လောကဦးပဋိပက္ခကို ဖွင့်လှစ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ စနစ်က သူ့ကို ဟန့်တားဖို့ လောကဦး အပိုင်းအစ မပေးမှာ စိုးရိမ်နေတာပါ။ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ် အတွေးလွန်နေတာ ဖြစ်သွားပါတယ်။
ဒီတစ်ခါ ပထမရွေးချယ်မှုက ပြောင်းလဲသွားပါတယ်။ ဗလာနယ်ဆီ ဦးတည်ပြီး လောကဦးပဋိပက္ခကို ဖွင့်လှစ်ခိုင်းတာ ဖြစ်ပါတယ်။ ဗလာနယ်မှာ သက်ရှိလုံးဝ မရှိတဲ့အတွက် သေတာနဲ့ အတူတူပါပဲ။ ဟန်ကျွယ်ဟာ ဗလာနယ်ထဲမှာ တာအိုဖန်တီးရှင်တွေ ပုန်းအောင်းနေမှာကို စိုးရိမ်တဲ့အတွက် ဗလာနယ်ဆီ မသွားရဲတာပါ။
“ငါ ဗလာနယ်ဆီသွားပြီး လောကဦးပဋိပက္ခကို ဖွင့်လှစ်ရင် တာအိုဖန်တီးရှင်တွေ သတိထားမိသွားနိုင်လား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သတိထားမိပါလိမ့်မည်။]
ဟန်ကျွယ်ဟာ ချက်ချင်း နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာပြီး အရင်က ဖန်တီးခဲ့တဲ့ ပဋိပက္ခ နတ်ဘီလူးကို လွှတ်ပေးကာ မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။
“သခင် နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ ကျွန်မတို့ကို မေ့သွားပြီလို့တောင် ထင်နေတာ” မုရုံချီ ထွက်သွားတဲ့အခါ ဝူတောက်ကျန့်က နှုတ်ခမ်းစူပြီး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ခေါင်းကို ပုတ်ပြီး ပြုံးလိုက်ပါတယ် “ဘာလို့မေ့ရမှာလဲ၊ ငါ ကျင့်ကြံအားထုတ်တာနဲ့ မအားလို့ပါ၊ နောက်ပြီး ငါ မလာလည်း မင်းနဲ့ လီယောင်အတူတူ ကျင့်ကြံအားထုတ်လို့ရတာပဲ”
ဝူတောက်ကျန့်ရဲ့ ချောမောလှပတဲ့ မျက်နှာလေးဟာ ချက်ချင်း ပြိုကျသွားပါတယ် “ကျွန်မက ဘယ်လိုလုပ်ပြီး အစ်မ လီယောင်ကို ယှဉ်နိုင်မှာလဲ၊ သူက သာမန်မဟုတ်ဘူး၊ သခင်လိုပဲ အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ”
ဟန်ကျွယ်ရဲ့ အကြည့်ဟာ လီယောင်ဆီ ရောက်သွားပါတယ်။ လီယောင်ဟာ ကော်ဇောပေါ်ထိုင်ပြီး သူ့ကို စိုက်ကြည့်နေပါတယ်။ ဟန်ကျွယ် စိတ်ထင်တာလား မပြောတတ်ပါဘူး။ လီယောင်ရဲ့ မျက်လုံးထဲမှာ နူးညံသိမ်မွေ့မှုကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့် လီယောင်တို့နဲ့ စကားခဏပြောပြီး တတိယ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။ အခုအချိန်မှာ ဘယ်ကိစ္စမှ သူ့သွေးစည်းကို အသွင်ပြောင်းလဲဖို့ထက် အရေးမကြီးပါဘူး။ ဟန်ကျွယ်ဟာ ကော်ဇောပေါ်ထိုင်ပြီး လောကဦး အပိုင်းအစ ကိုးစကို ထုတ်ယူလိုက်ပါတယ်။
လောကဦး အပိုင်းအစ ကိုးစဟာ လေထဲမှာ စက်ဝိုင်းပုံ လည်ပတ်ပြီး မဟာတာအို အပိုင်းအစတွေလိုပဲ သူတို့ဘာသာ စပြီးတော့ ပေါင်းစပ်ပါတယ်။ ဒီပေါင်းစပ်မှုကနေ ခရမ်းရောင် အလင်းရောင်ဟာ မှိတ်မှိတ်တုတ်တုတ် ဖြာထွက်လာပြီး တာအိုဘုံကျောင်းထဲက အလင်းနဲ့ အမှောင်ထုကို ပြောင်းလဲသွားစေပါတယ်။
ဟန်ကျွယ်ဟာ ရင်တထိတ်ထိတ်နဲ့ စောင့်စားပါတယ်။
“ဝှစ်...”
မဆိုစလောက် ပေါက်ကွဲသံလေး ထွက်ပေါ်လာပြီး လောကဦး အပိုင်းအစ ကိုးစဟာ တစ်ခုတည်းအဖြစ် စုစည်းကာ ဟန်ကျွယ်ရဲ့ မျက်ခုံးကြားကို ဝင်တိုက်ပါတယ်။
ရုတ်ခြည်းဆိုသလို ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ခရမ်းရောင်ဒေသ တစ်ခုဆီ ရောက်ရှိသွားပါတယ်။ ပတ်ဝန်းကျင်မှာ အဆုံးမရှိတဲ့ ဝိုးတိုးဝါးတား လောကဦးချီတွေနဲ့ ပြည့်နှက်နေပါတယ်။
[ကျေးဇူးပြု၍ သင်လိုချင်သော လောကဦးပဋိပက္ခ မဟာဖန်တီးမှုကို ရွေးချယ်ပါ။]
ဒီစာကြောင်းက ဟန်ကျွယ် မြင်ကွင်းထဲမှာ ပေါ်လာတာပါ။ ရွေးချယ်ပါ ဆိုပေမဲ့ ဘာရွေးချယ်မှုမှ ပေးမထားပါဘူး။ ဘာရွေးချယ်မှုမှ မရှိတာက အကောင်းဆုံး ရွေးချယ်မှုပါ။
“ငါ့ရဲ့ သွေးစည်းကို ဆင့်ကဲပြောင်းလဲချင်တယ်”
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[သင့်သွေးစည်းသည် လောကဦး ကြယ်တာရာခန္ဓာကိုယ် ဖြစ်သည်။ သင်သည် လောကဦး နတ်ဘီလူး ဖြစ်သောကြောင့် သင့်သွေးစည်းသည် အမျိုးအမည်မသိနိုင်သော သွေးစည်းသို့ ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။ ဆက်လက် လုပ်ဆောင်လိုပါသလား။]
‘အမျိုးအမည်မသိဆိုတော့ အန္တရာယ်ရှိလာနိုင်တဲ့ သဘောလား...’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ တန်ပြန် ထိခိုက်နိုင်လား”
[လောကဦးပဋိပက္ခ မဟာဖန်တီးမှုသည် ဖန်တီးမှု အထွတ်အထိပ် စွမ်းအား ဖြစ်သည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။]
“ဒါဆို ဆက်လုပ်မယ်”
ဟန်ကျွယ်ဟာ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်သွားပါတယ်။
ဟန်ကျွယ် ဆုံးဖြတ်လိုက်တဲ့ တစ်ခဏမှာပဲ ဘေးနားက ခရမ်းရောင် အာကာသဟာ ရုတ်တရက် ကျုံ့ဝင်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့စိတ်ဆန္ဒ ပေါက်ကွဲထွက်သွားတာကို ခံစားလိုက်ရပြီး သိစိတ်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားပါတယ်။
ဒါက အိပ်မက်တစ်ခုလိုပါပဲ။ ဟန်ကျွယ်ဟာ သူ မွေးဖွားပြီး ဘာမှန်းမသိတဲ့နေရာမှာ ရှေ့ဆက်သွားနေတာကို အိပ်မက်မြင်မက်လိုက်ပါတယ်။ ဒီနေရာက အစလည်းမရှိသလို အဆုံးလည်း မရှိပါဘူး. အိပ်မက်ထဲမှာ ဟန်ကျွယ်ဟာ ရှေ့ကို ဆက်တိုက်သွားနေပြီး ဘယ်တော့မှ ရပ်နားခြင်း မရှိပါဘူး။
တစ်ချိန်တည်းမှာပဲ...
တတိယ တာအိုစက်ကွင်းရဲ့ ကြမ်းပြင်ဟာ ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ မုန်တိုင်းထန်လှတဲ့ စိတ်ဝိညာဉ်ချီတွေဟာ ဟန်ကျွယ်ခန္ဓာကိုယ်ထဲကို တိုးဝင်ပါတယ်။ တတိဘ တာအိုစက်ကွင်းတင် မဟုတ်ပါဘူး။ ပင်မတာအိုစက်ကွင်းနဲ့ ဒုတိယ တာအိုစက်ကွင်းရဲ့ စိတ်ဝိညာဉ်ချီနဲ့ ရှန်တျန်ချီတွေပါ နှုတ်ယူခံရပြီး ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်ကုန်ပါတယ်။
ကြယ်စကြဝဠာ။
မရေမတွက်နိုင်တဲ့ ကြယ်တွေ တုန်ခါလာတဲ့အတွက် ကျင့်ကြံအားထုတ်နေတဲ့ ကျန်းကျွယ်ရှီနဲ့ လျူပေ့ကို ထိတ်လန့်သွားစေပါတယ်။
“ဘာတွေ ဖြစ်နေတာလဲ၊ ရန်သူ တိုက်ခိုက်တာလား” ကျန်းကျွယ်ရှီ မတိုးမကျယ် မေးလိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ တာအိုပညာရှိအာရုံကို ဖြန့်ကြက်လိုက်ပေမဲ့ တခြားရောင်ဝါတစ်ခုကိုမှ မဖမ်းမိပါဘူး။
လျူပေ့ဟာ ဒီအုတ်အော်သောင်းနင်း ဖြစ်မှုက တတိယတာအိုစက်ကွင်းကနေ လာတာကို သတိထားမိလိုက်ပြီး ဘာဖြစ်နေတယ်ဆိုတာကို ချက်ချင်း သိသွားပါတယ် “ကြည့်ရတာ မင်းဆရာသခင်က အဆင့်ထိုးဖောက်နေတယ်နဲ့ တူတယ်၊ စိုးရိမ်စရာ မရှိဘူး”
ကျန်းကျွယ်ရှီဟာ တအံ့တဩ ဖြစ်သွားပါတယ် “ဆရာသခင်က ပဋိပက္ခမှာ အစွမ်းအထက်ဆုံးလေ၊ ဒါတောင် အဆင့်ထိုးဖောက်နိုင်သေးတာလား”
“သူက မင်းကို ဘာဖြစ်လို့ လက်ခံတယ်လို့ ထင်လဲ၊ မင်းအရည်အချင်းကြောင့်လို့ ထင်နေတာလား၊ မဟုတ်ဘူး... သူက မင်းရဲ့ ကျင့်ကြံမှု သဘောထားကို လေးစားလို့ မင်းကို တပည့်အဖြစ် လက်ခံတာ၊ သူက မင်းလိုပဲ အချိန်အများစုကို ကျင့်ကြံအားထုတ်ရင်း ကုန်ဆုံးတယ်၊ မင်းကို မြင်ရတာက သူ့ရဲ့ ငယ်ဘဝကို ပြန်မြင်ရသလိုပဲ၊ ငါပြောတာကို မင်းနားလည်မယ် ထင်ပါတယ်” လျူပေ့က အလေးအနက် ပြောလိုက်ပါတယ်။
ကျန်းကျွယ်ရှီဟာ သဘောပေါက်သွားပြီး ဟန်ကျွယ်ကို စိတ်ထဲကနေ ရိုသေ လေးစားသွားပါတယ်။ ကျန်းကျွယ်ရှီဟာ သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်ပါတယ် ‘ငါ ပဋိပက္ခမှာ အစွမ်းအထက်ဆုံး ဖြစ်သွားရင် ဆရာသခင်လိုမျိုး ဆက်ပြီးတော့ ဇွဲရှိရှိနဲ့ ကျင့်ကြံအားထုတ်နိုင်ပါ့မလား’
ကောင်းကင်တာအို၊ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်။
တာအိုပညာရှိတွေဟာ စကြဝဠာခန်းမမှာ စုဝေးနေကြပါတယ်။
ရှန်ဝေဗုဒ္ဓက အလောသုံးဆယ် မေးလိုက်ပါတယ် “ဘာတွေ ဖြစ်နေတာလဲ၊ ကောင်းကင်တာအိုရဲ့ တစ်ခုလုံးရဲ့ စိတ်ဝိညာဉ်ချီတွေ စုပ်ယူခံနေရတယ်”
တကယ်တော့ စိတ်ဝိညာဉ်ချီတင် မဟုတ်ပါဘူး။ ကောင်းကင်တာအိုရဲ့ နိယာမတွေနဲ့ ကံတရားမြစ်တောင် အချိန်မရွေး ပြိုလဲနိုင်သလိုမျိုး ဘောင်ဘင်ခတ်နေပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ အင်မော်တယ်ကမ္ဘာကို စိုက်ကြည့်ပြီး ရုတ်တရက် ပြောလိုက်ပါတယ် “ဒီရုတ်ရုတ်သဲသဲဖြစ်မှုက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ လာတာ၊ ဒါက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ပတ်သက်နေတာ ဖြစ်ရမယ်၊ အားလုံးပဲ အထိတ်တလန့် မဖြစ်ကြနဲ့”
ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ။
ဒီနာမည်ကို ကြားလိုက်ရတဲ့အခါ တာအိုပညာရှိတွေဟာ ချက်ချင်း ငြိမ်ကျသွားပြီး စိုးရိမ်သောကတွေ နေလာနှင်းပျောက် ဖြစ်သွားပါတယ်။
လုံဟောင်က ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ် “ကျွန်တော်ရဲ့ ဆရာသခင်က အဆင့်ထိုးဖောက်တာ မဟုတ်ရင် ဆန်းကြယ်စွမ်းအားတစ်မျိုးကို ဖန်တီးနေတာ ဖြစ်ရမယ်၊ ဘယ်တစ်ခုပဲဖြစ်ဖြစ် ဆရာသခင် စွမ်းအားကြီးလေလေ ကောင်းကင်တာအို လုံခြုံလေလေပဲ”
တာအိုပညာရှိတွေဟာ လုံဟောင်ရဲ့ စကားကို ခေါင်းညိတ် ထောက်ခံကြပါတယ်။
အရင်တုန်းကဆိုရင် သူတို့တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ရည်မှန်းချက်ကို သံသယဝင်မှာ ကျိန်းသေပါတယ်။ ဒါပေမဲ့ ဒီလောက်များတဲ့ ကပ်ဘေးတွေ အပြီးမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုကို ထိန်းချုပ်လို့ရပေမဲ့ မထိန်းချုပ်ဘဲ ဒီအတိုင်း လွှတ်ထားတဲ့အတွက် တာအိုပညာရှိတွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သံသယ မဝင်ကြတော့ပါဘူး။
တာအိုပညာရှိ အသိုင်းအဝိုင်းမှာ တိတ်ဆိတ်ဂိုဏ်းက ပါရမီရှင်တွေ အများကြီး ရှိတယ်ဆိုပေမဲ့ ဒီပါရမီရှင်တွေက တကယ်ကို စွမ်းအားကြီးတာပါ။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တာအိုရယူချင်ရင် တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ရမယ်လို့ မပြောထားပါဘူး။
အရင်တုန်းက တာအိုဘိုးဘေး အုပ်ချုပ်တဲ့ ကောင်းကင်တာအိုထက်စာရင် လက်ရှိ ကောင်းကင်တာအိုက တာအိုပညာရှိတွေအတွက် အရမ်း လွတ်လပ်ပါတယ်။ ဘာစည်းကမ်းမှ မရှိတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက်လည်း သိပ်ပြီးတော့ အကောက်မကြံကြပါဘူး။ တာအိုပညာရှိတွေဟာ ကောင်းကင်တာအို တိုးတက်ဖို့အတွက်သာ အဓိကထားပြီး ကြိုးစားအားထုတ်ကြပါတယ်။
ဝေ့လန်ရှန်မိက မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘယ်အဆင့်မှာလဲ၊ မဟာတာအိုပညာရှိလား...”
တာအိုပညာရှိဟောင်းတွေဟာ တဟားဟား ဖြစ်သွားကြပါတယ်။
ဒါကို ဝေ့လန်ရှန်မိက သူ့ကို အထင်သေးတယ် ထင်ပြီး ဒေါသတကြီး ပြောလိုက်ပါတယ် “ကျွန်တော်က တာအိုပညာရှိအသစ်လေ၊ ခင်ဗျားတို့က ကျွန်တော်ကို ပဋိပက္ခထဲမှ မလွှတ်တာ၊ ဒါတွေကို ကျွန်တော် ဘယ်လိုလုပ်ပြီး နားလည်မှာလဲ”
ဓားရူးတာအိုပညာရှိက ပြောလိုက်ပါတယ် “ငါက မဟာတာအိုပညာရှိအဆင့်ထက် ကျော်လွန်တဲ့ တည်ရှိမှုပဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ငါ့ကို အသာလေး သတ်နိုင်တယ်၊ သူ ဘယ်အဆင့်မှာရှိတယ်လို့ မင်းထင်လဲ”
ဝေ့လန်ရှန်မိဟာ မှင်တက်သွားပါတယ်။
ဝေ့လန်ရှန်မိ တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြား တာအိုပညာရှိတွေလည်း ပါးစပ် အဟောင်းသား ဖြစ်သွားကြပါတယ်။ ဒါက ဓားရူးတာအိုပညာရှိ ပထမဆုံးအကြိမ် သူ့ကျင့်ကြံမှုအဆင့်ကို ထုတ်ပြောတာပါ။
‘မဟာတာအိုပညာရှိအဆင့်ကို ကျော်လွန်တယ်’
အရင်တုန်းက တာအိုပညာရှိတွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ တာအိုပညာရှိ၊ ဓားရူးတာအိုပညာရှိ၊ ဟုန်စဲ့မင်ယွင်နဲ့ မဟာဟင်းလင်းပြင်ဝိညာဉ်တို့ကို အကုန်လုံး မဟာတာအိုပညာရှိတွေလို့ ထင်ထားခဲ့ကြတာပါ။ စွမ်းအားချင်း ကွာရင်လည်း နည်းနည်းပဲ ကွာမယ်လို့ ထင်ထားခဲ့ကြတာပါ။ မဟာတာအိုပညာရှိအဆင့်ရဲ့ အထက်မှာ နောက်တစ်ဆင့် ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ကြပါဘူး။
တခြားတစ်ဖက်မှာတော့...
တတိယတာအိုစက်ကွင်းထဲက ဟန်ကျွယ်ဟာ ဖြည်းညင်းစွာ မျက်လုံး ဖွင့်လိုက်ပါတယ်။ ကြယ်စကြဝဠာနဲ့ ကောင်းကင်တာအိုဟာ နဂိုအတိုင်း ပြန်ဖြစ်သွားပါတယ်။
ဒီအချိန်မှာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက သိပ်သည်းတဲ့ ခရမ်းရောင်ကို ထုတ်လွှတ်နေပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးတွေက အေးစက်နေပြီး ဆံပင်တွေက လေထဲမှာ လူးလွန့်နေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။