ဟန်ဟွမ်ရဲ့ ဗီဇ
Vol. 86 Ch. 902
“ဝိုး... သူက နင့်ကို နားလည်နိုင်တယ်” ချန်ယွီအာဟာ တအံ့တဩဖြစ်သွားပြီး ဟန်ဟွမ်ကို တယုတယ ကြည့်လိုက်ပါတယ် ‘ဒီကလေးက တကယ်ချစ်ဖို့ကောင်းတာပဲ’
ချန်ယွီအာရဲ့ စကားကို နားလည်သလိုမျိုး ဟန်ဟွမ်ဟာ ဟန်ကျွယ်ရဲ့ လက်ကနေ ပျံထွက်လိုက်ပါတယ်။ ကံဆိုးစွာပဲ ဟန်ကျွယ်က ဟန်ဟွမ်ရဲ့ ခြေထောက်ကို အမိဖမ်းပြီး ပြန်ဆွဲယူလိုက်ပါတယ်။
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဟန်ကျွယ်လက်ကို ဆွဲဖြုတ်ပါတော့တယ်။
“ဒီကလေးက တော်တော် ကြမ်းတာပဲ” ရွှမ်ချင်းကျွင်းဟာ ရယ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်ဟွမ်ရဲ့ တင်ပါးကို ဖြန်းခနဲမြည်အောင် ရိုက်ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ကျွယ်ရဲ့ အသိဉာဏ်က သိပ်မမြင့်တာကို အာရုံခံမိပါတယ်။ ဟန်ဟွမ်က အများဆုံး ၂ နှစ် သုံးနှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အသိဉာဏ်ပဲ ရှိတာပါ။ ဒါပေမဲ့ ဟန်ဟွမ်ရဲ့ ရုပ်ခန္ဓာ အရည်အချင်းက မြင့်မားလွန်းတာကြောင့် သူ့ခန္ဓာကိုယ်ကို အလိုလို ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။
ဟန်ဟွမ်ဟာ ဟန်ကျွယ် ရိုက်တာကို ခံရပေမဲ့ မငိုဘဲ ဟန်ကျွယ်ကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်ပါတယ်။
ဟန်ကျွယ်ဟာ သဘောကျသွားပြီး ထပ်ရိုက်လိုက်ပါတယ်။ ဆယ်ကြိမ်ကျော် အရိုက်ခံရတာတောင် ဟန်ဟွမ်ဟာ မငိုသေးဘဲ ဟန်ကျွယ်ကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေတုန်းပါ။
နောက်ဆုံးမှာ ရှင်းဟုန်ရွှမ်ဟာ ထိုင်မနေနိုင်တော့ပါဘူး “ယောက်ျား... ဘာလုပ်တာလဲ”
ရှင်းဟုန်ရွှမ်ဟာ ဟန်ဟွမ်ကို ချီပြီး ဟန်ကျွယ်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပါတယ်။ ရွှမ်ချင်းကျွင်းတို့ သုံးယောက်ကလည်း ဟန်ကျွယ်ကို အပြစ်တင်တဲ့အကြည့်နဲ့ ဝိုင်းကြည့်ကြပါတယ်။
ဟန်ကျွယ်ဟာ ဘာမှမတတ်နိုင်ပါဘူး။ ငြင်းလည်း မငြင်းရဲပါဘူး။
ရွှမ်ချင်းကျွင်းတို့သုံးယောက်ဟာ ဟန်ဟွမ်နဲ့ ခဏ ကစားပြီး ထွက်ခွာသွားကြပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်နဲ့ သူ့သားကို တတိယ တာအိုစက်ကွင်းဆီ ခေါ်သွားပြီး ချင်းလွမ်အာ၊ ဟန်ချင်းအာတို့နဲ့ တွေ့ဆုံစေပါတယ်။
“သမီးရဲ့ အစ်ကိုနှစ်က မွေးသွားပြီလား” ဟန်ချင်းအာဟာ တအံ့တဩ အော်ပြောပြီး ဟန်ကျွယ်ရှေ့ ရောက်လာကာ အနှီးထဲက ဟန်ဟွမ်ကို ကြည့်လိုက်ပါတယ်။ ဟန်ဟွမ်ကို မြင်တာနဲ့ ဟန်ချင်းအာရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး လှမ်းချီပါတယ်။
ချင်းလွမ်အာဟာ ရှင်းဟုန်ရွှမ်ရဲ့ လက်ကို ကိုင်ပြီး မီးဖွားတဲ့အကြောင်း မေးမြန်းပါတယ်။
ဟန်ကျွယ်က ဟန်ချင်းအာကို သတိပေးလိုက်ပါတယ် “သေချာ ဂရုစိုက်... သမီးရဲ့ အစ်ကိုနှစ်က လွတ်လပ်တာအိုပညာရှိ၊ သမီးကို မတော်တဆ ထိခိုက်အောင် လုပ်နိုင်တယ်”
“ဘာ... လွတ်လပ် တာအိုပညာရှိ... သူက အခုမှ မွေးပြီးခါစပဲ ရှိသေးတာ မဟုတ်ဘူးလား” ဟန်ချင်းအာဟာ လန့်သွားပြီး အနှီးကို ကိုင်ထားတဲ့ လက်တွေဟာ တုန်သွားပါတယ်။
“နှစ်သန်းချီ ပျိုးထောင်ခဲ့ရတာ ဒီလောက်တော့ ရှိမှာပေါ့”
“ဒါပေမဲ့ ဒါက...”
ဟန်ချင်းအာဟာ လက်မခံနိုင်အောင် ဖြစ်သွားပါတယ်။ ဟန်ချင်းအာဟာ သူ့ကိုယ်သူ အရမ်းအရမ်း အရည်အချင်းရှိတယ်လို့ ခံယူထားတာပါ။ ဒါပေမဲ့ အခုတော့ မွေးကင်းစ အစ်ကိုနှစ်လေးထက်တောင် နိမ့်ကျနေပါတယ်။
ဟန်ချင်းအာဟာ ဟန်ဟွမ်က ချစ်စရာကောင်းလွန်းတာကြောင့် အားယူပြီး စိတ်ထိန်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ချင်းအာဟာ ဟန်ဟွမ်ကို စပြီးတော့ စ,ပါတော့တယ်။
“လွတ်လပ်မှု တာအိုပညာရှိအဖြစ် မွေးဖွားလာတယ်၊ သူက ပဋိပက္ခမှာ နံပါတ်တစ် ပါရမီရှင် ဟုတ်တယ်မလား” ချင်းလွမ်အာက အံ့ဩတကြီး ပြောလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပါတယ် “ဖြစ်နိုင်တယ်၊ အဲဒီအကြောင်း ပြောရရင် အစ်မရဲ့ ကျင့်ကြံမှု တိုးတက်လာတာကလည်း သားလေးကြောင့်ပဲ”
ဟန်ဟွမ် မွေးဖွားခါနီး ဆယ်လမှာ ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုက အလွန်လျင်မြန်စွာ တိုးတက်ခဲ့ပါတယ်။
“အစ်မက တကယ် ကံကောင်းတာပဲ”
“မဟုတ်ဘူး... ချင်းအာက လိမ္မာတယ်၊ ဒီကလေးက အရည်အချင်း ရှိပေမဲ့ နောက်ကျရင် တော်တော်ကဲမှာ ကျိန်းသေတယ်”
“နောက်ကျလို့ ဘာမှလုပ်စရာမရှိရင် သူ့ကို ခေါ်လာခဲ့လေ၊ ချင်းအာက သူ့ကို တော်တော် သဘောကျပုံရတယ်”
“အစ်မ ဒီမှာနေပြီး သားလေး ကြီးပြင်းလာတာကို စောင့်ကြည့်မှာ”
“ပိုကောင်းတာပေါ့”
ဟန်ကျွယ်ဟာ သူ့မိန်းမနှစ်ယောက်ရဲ့ စကားဝိုင်းကို ဂရုမစိုက်ဘဲ ဟန်ဟွမ်ကို ကြည့်လိုက်ပါတယ်။
ဟန်ချင်းအာရဲ့ လေပေါ် ပစ်မြှောက်မှုက ဟန်ဟွမ်ကို ပိုပြီးတော့ ရယ်မောသွားစေပါတယ်။ မွေးကင်းစ ဟန်ဟွမ်ဟာ နှစ်နှစ်အရွယ် ကလေးငယ် တစ်ယောက်လိုပါပဲ။ ဘယ်လိုကြည့်ကြည့် အပြစ် ကင်းစင်လှပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ ဟန်ဟွမ်ဟာ ထူးဆန်းတယ်လို့ ခံစားနေရပါတယ်။
ဟန်ကျွယ် မြင်ခဲ့တဲ့ အနာဂတ်ကို ထည့်မပြောရင်တောင် ဟန်ကျွယ် ရိုက်တုန်းက မငိုခဲ့ပါဘူး။ အဲဒီအစား ဟန်ကျွယ်ကို အကြောက်အလန့်မရှိ ပြန်ကြည့်ခဲ့ပါတယ်။ ဒီအကြည့်က တကယ်ကို တစ်ခုခုပါ။ သူ ကြီးလာရင် ဒီအကြည့်နဲ့တင် တခြားလူတွေရဲ့ ဒူးကို ပျော့ခွေ ကျသွားစေနိုင်လောက်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်ဟွမ် ကြီးပြင်းလာတဲ့အထိ အဖော်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်နှစ်ဆယ် သုံးဆယ်က ဟန်ကျွယ်အတွက် မျက်တောင် တစ်ခတ်စာတောင် မရှိပါဘူး။
ချင်းလွမ်အာဟာ တခြားတပည့်တွေနဲ့ ကစားဖို့ ဟန်ဟွမ်ကို ခေါ်သွားပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သိပ်မကြာလိုက်ခင်မှာပဲ ဟန်ဟွမ်က တပည့်တစ်ယောက်ကို မတော်တဆ ဒဏ်ရာရအောင် လုပ်မိသွားပါတယ်။ ကံကောင်းထောက်မစွာပဲ အဲဒီနေရာမှာ ဟန်ကျွယ် ရှိနေလို့ပါ။ မဟုတ်ရင် အဲဒီတပည့်က တစ်ချက်တည်းနဲ့ ဝိညာဉ်ပြယ်သွားမှာပါ။
ဟန်ကျွယ်ဟာ ပိုပြီးတော့ အံ့အားသင့်သွားပါတယ် ‘ဒီကောင်လေးက သူ့မိသားစု ဟုတ်မဟုတ် သိနိုင်နေပြီလား...’
ဟန်ချင်းအာရဲ့ လက်ထဲမှာတော့ ဟန်ဟွမ်က သာမန်ကလေးငယ် တစ်ယောက်လိုပါပဲ။ ဒါပေမဲ့ တခြားတပည့်တွေနဲ့ တွေ့တဲ့အခါမှာတော့ လှုပ်ရှားမှုတွေက ကြမ်းတမ်းပြီး မွေးရာပါ ဓမ္မစွမ်းအားကို အလိုလို ထုတ်သုံးပါတယ်။
ဟန်ချင်းအာဟာ ဟန်ဟွမ်ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကြောင့် လန့်သွားပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ဟန်ဟွမ်ကို လက်ပေါ် စုပ်ယူလိုက်ပါတယ်။ ဟန်ဟွမ်ဟာ သွားဖြဲပြီး ကန်ကျောက်ပါတယ်။ ဟန်ဟွမ်ဟာ ဟန်ကျွယ် လက်ပေါ် ပြန်ရောက်သွားတာကို တော်တော်လေး မကျေနပ်ပါဘူး။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီ လျှောက်လာပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်ပါတယ် “ယောက်ျား... သားလေးကို ကောင်းကောင်း ဆုံးမဦး”
ရှင်းဟုန်ရွှမ်ဟာလည်း စောစောက မြင်ကွင်းကို မြင်လိုက်ပါတယ်။ သူ့သားမဟုတ်ရင် ရှင်းဟုန်ရွှမ်လည်း တော်တော်လန့်သွားမှာပါ။
“ငါ သိတယ်”
ဟန်ကျွယ်ဟာ အနီးအနားက တပည့်တွေကို ကြည့်လိုက်တဲ့အခါ အကုန်လုံး တုန်လှုပ်ချောက်ချားပြီး အနားမကပ်ရဲတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဘာမှ မတတ်နိုင်ပါဘူး။ တကယ်တော့ သူ့သားက အရှင်သခင်လေးပါ။ ကလေးတိုင်းက ဘယ်လိုလုပ်ပြီး ဟန်ဟွမ်ကို ကြင်ကြင်နာနာ ဆက်ဆံနိုင်မှာလဲ။
ဒီလိုနဲ့ ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို ကိုယ်တိုင် ဂရုစိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ချင်းလွမ်အာကို ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းနားဆီ ခေါ်သွားပြီး တာအိုဘုံကျောင်း အသစ် တည်ဆောက်ဖို့ ပြင်ဆင်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ သစ်ပင်အောက်မှာ အမြဲတမ်း မကျင့်ကြံချင်ပါဘူး။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ဒီလိုနဲ့ လျှပ်တပြက်အတွင်း နှစ်နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို စိတ်မချတဲ့အတွက် တစ်ချိန်လုံး စိုက်ကြည့်နေပါတယ်။ ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို သိပ်ပြီးတော့ မချုပ်ချုပ်ပါဘူး။ အမြဲလိုလို ဟန်ချင်းအာနဲ့ ကစားဖို့ လွှတ်ထားပါတယ်။
နှစ်နှစ်ကြာပြီးနောက် ဟန်ဟွမ်ဟာ သုံးလေးနှစ်အရွယ် ကလေးငယ်တစ်ယောက်နဲ့ တူလာပါပြီ။ ဟန်ဟွမ်ဟာ လူသား ဘာသာစကားကို ပြောဆိုပြီး ဆယ်နှစ်အရွယ်ကလေး တစ်ယောက်လို အသိဉာဏ် ရှိလာပြီ ဖြစ်တဲ့အတွက် တခြားလူတွေနဲ့ ပုံမှန်ဆက်သွယ် ပြောဆိုနိုင်လာပါပြီ။
ဒီနေ့မှာတော့...
ဟန်ဟွမ်နဲ့ ဟန်ချင်းအာဟာ သစ်ပင်အိုကြီးအောက်မှာ ရှိနေပါတယ်။ ဟန်ချင်းအာဟာ သူမ အင်မော်တယ်ကမ္ဘာမှာ တွေ့ကြုံခဲ့ရတာတွေကို ပြန်ပြောင်း ပြောပြပါတယ်။ ဟန်ဟွမ်ဟာ ဟန်ချင်းအာရဲ့ ရှေ့မှာ ဝမ်းလျားမှောက်ပြီး မေးစေ့ကို လက်နှစ်ဖက်နဲ့ ထောက်ကာ ခြေထောက်တွေကို ခါယမ်းနေပါတယ်။
နှစ်နှစ်အရွယ် ဟန်ဟွမ်ဟာ ရွှေရောင်ပိုးသားနဲ့ ပြုလုပ်ထားတဲ့ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပါတယ်။ သူ့မျက်ဆံတွေက ခရမ်းရောင် သမ်းနေပြီး ချစ်စရာ ကောင်းလှပါတယ်။ ဟန်ဟွမ်ဟာ ကြီးလာပြီးနောက် ဟန်ကျွယ်ရဲ့ မျက်ဆံတွေက အနီရောင် ဖြစ်နေတာကို တွေ့လိုက်ရတဲ့အတွက် သူ့ခရမ်းရောင် မျက်ဆံတွေကို မဖုံးကွယ်တော့တာပါ။
ဟန်ဟွမ်ဟာ ဟန်ချင်းအာရဲ့ ပုံပြင်ကို ကြားပြီး ပဟေဠိ ဖြစ်သွားပါတယ်။
“ချင်းအာ... အဲဒီလူက ဘာဖြစ်လို့ ကလဲ့စားချေချင်တာလဲ” ဟန်ဟွမ်က မေးလိုက်ပါတယ်။
ဟန်ချင်းအာဟာ ပြုံးလိုက်ပါတယ် “တစ်ယောက်ယောက် ငါနဲ့ ငါတို့မိဘတွေကို သတ်သွားရင် နင် အဲဒီလူကို ပြန်မသတ်ချင်ဘူးလား”
ဟန်ဟွမ်ဟာ ခေါင်းငဲ့လိုက်ပါတယ် “တစ်ယောက်ယောက်က ဘယ်လိုလုပ်ပြီး မင်းတို့ကို သတ်နိုင်မှာလဲ”
ဟန်ချင်းအာဟာ မှင်တက်သွားပါတယ် “တကယ်လို့ သတ်နိုင်ခဲ့တယ်ဆိုရင်ရော...”
“အဲဒါ မဖြစ်နိုင်ဘူး”
“ဘာဖြစ်လို့လဲ”
“ငါ မင်းကို ကာကွယ်မှာမလို့”
“ပဋိပက္ခမှာ နင့်ထက် စွမ်အားကြီးတဲ့လူတွေ အများကြီး... နောက်ပြီး နင်က ငါတို့နဲ့ ထာဝရ အတူနေမှာမှ မဟုတ်တာ”
“အဲဒါဆိုရင် ငါ ပဋိပက္ခ သက်ရှိတွေ အကုန်လုံးကို သတ်ပစ်မယ်၊ အဲဒါဆို ဘယ်သူမှ မင်းကို မသတ်နိုင်တော့ဘူး”
“နင်...”
ဟန်ချင်းအာဟာ ဒေါသထွက်သွားပြီး ဟန်ဟွမ်ရဲ့ ခေါင်းကို ရိုက်ဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ သူက ညီမ ဟန်ဟွမ်က အစ်ကိုဆိုတာကို သတိရသွားပြီး လက်ပြန်ရုတ်လိုက်ပါတယ်။
“နင်တောင် ရန်ငြိုးမရှိဘဲ သတ်ဖြတ်ချင်နေတာ၊ သွေးကြွေးရှိတဲ့ သူဆို ပိုသတ်ချင်တာပေါ့”
“မဟုတ်ဘူး... သူက မတန်ဘူး”
“ဘာလို့ မတန်တာလဲ”
“သူက အားနည်းလွန်းတယ်၊ သူက ဘာဖြစ်လို့ သူ့ထက်စွမ်းအားကြီးတဲ့လူကို သတ်ချင်ရတာလဲ၊ ပြီးတော့ တခြားလူဆီကတောင် အကူအညီ လိုချင်နေသေးတယ်”
“နင် ဘာမဟုတ်တာတွေ လျှောက်ပြောပြန်ပြီလဲ၊ အားနည်းတဲ့သူက အနိုင်ကျင့်တာကို ခံရသင့်တာလား”
“ဟုတ်တယ်လေ”
“ဟီးဟီး... အဲဒါဆို နင့်ကို နင့်ထက် စွမ်းအားကြီးတဲ့လူက အနိုင်ကျင့်ရင်ရော...”
“မရှိဘူး၊ ငါ့ကို အနိုင်ကျင့်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး”
ဟန်ချင်းအာဟာ ဒေါသကြောင့် သွေးအန်လုနီးပါပဲ ‘ဒီကောင်လေး အရိုက်ခံချင်နေတာလား... ဒါမှမဟုတ် ဂေါက်နေတာလား...’
ဒီအချိန်မှာပဲ ဟန်ကျွယ် လျှောက်လာပါတယ် “ဟွမ်အာ... သားညီမကို ထပ်ပြီး အနိုင်ကျင့်ပြန်ပြီလား...”
ဟန်ဟွမ်ဟာ ချက်ချင်း ခုန်ထပြီး ခေါင်းကုတ်လိုက်ပါတယ် “ဘယ်ကလာ... သားက ဘယ်လိုလုပ်ပြီး ညီမလေးကို အနိုင်ကျင့်ရမှာလဲ၊ ညီမလေးကသာ သားကို အနိုင်ကျင့်တာ”
ဟန်ဟွမ် အကြောက်ဆုံးက ဟန်ကျွယ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ပဲ သူ့ကို ရိုက်ရဲပြီး ပြန်တိုက်လို့ မရတဲ့အပြင် ရိုက်ချက်တိုင်းက နာလို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။