← Chapters

ဟန်ဟွမ်ရဲ့ မတူကွဲပြားမှု

Vol. 86 Ch. 903

ဟန်ဟွမ်ရဲ့ မတူကွဲပြားမှု

Vol. 86 Ch. 903

“ငါက နင့်ကို အနိုင်ကျင့်တယ်၊ နင်က ဒီလောက် စွမ်းအားကြီးတာ ဘယ်သူက နင့်ကို အနိုင်ကျင့်ရဲမှာလဲ”

ဟန်ချင်းအာဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ ဟန်ချင်းအာဟာ သူ့အစ်ကိုနှစ်နဲ့ ပတ်သက်လာရင် ဘာမှမတတ်နိုင်ပါဘူး။ တွေ့တိုင်း စိတ်ဒုက္ခရောက်ရတာချည်းပါပဲ။ ဒါပေမဲ့ သူတို့နှစ်ယောက် ရန်ဖြစ်ပြီး မခေါ်တိုင်း ဟန်ဟွမ်က သူ့ကို အရင်ဆုံး အမြဲတမ်း လာရှာပါတယ်။ အမြဲတမ်း သနားစရာအကြည့်နဲ့ စိုက်ကြည့်တဲ့အတွက် ဟန်ချင်းအာဟာ အမြဲတမ်း စိတ်ပျော့သွားတာချည်းပါပဲ။

ဒါကြောင့် သူတို့နှစ်ယောက်ဟာ အစ်ကို ညီမ မဟုတ်ဘဲ အစ်မ မောင်လေးနဲ့ ပိုတူပါတယ်။

ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို ခေါ်လိုက်ပါတယ်။

“ဘာလုပ်တာလဲ... သားကို လွှတ်ပေး”

ဟန်ဟွမ်ဟာ အားကုန် ကြိုးစား ရုန်းကန်ပါတယ်။ ဟန်ဟွမ်ဟာ လက်ဝှေ့ယမ်းပြီး ခုခံဖို့ ကြိုးစားပေမဲ့ သူ့လက်လေးတွေက တိုလွန်းတဲ့အတွက် ဟန်ကျွယ်ဆီ မရောက်ပါဘူး။ ဟန်ဟွမ်ဟာ လွတ်လပ်မှုအဆင့် ဓမ္မစွမ်းအား ရှိပေမဲ့ ဆန်းကြယ်စွမ်းအားကို ဘယ်လိုသုံးရမလဲ မသိပါဘူး။

“ကောင်စုတ်လေး... မင်းညီမလေးကို အမြဲတမ်း အနိုင်ကျင့်မနေနဲ့၊ မင်းက ငါတို့ကို ကာကွယ်ချင်တယ်လို့ ပြောသေးတယ်၊ ဘာဖြစ်လို့ အနိုင်ကျင့်တာကိုတောင် ဝန်မခံရဲရတာလဲ”

ဟန်ဟွမ်ဟာ ပြန်အော်ပြောပါတယ် “သားက ညီမလေးကို အနိုင်မကျင့်ပါဘူး၊ ဒီအတိုင်း ရိုးရိုးတန်းတန်း စကားပြောရုံပါ၊ သားစိတ်ထဲမှာရှိတာ ပြောတာလေ၊ ညီမလေးကို ကြိမ်းမောင်းနေတာမှ မဟုတ်တာ၊ ဘယ်လိုလုပ်ပြီး အနိုင်ကျင့်တယ် ဖြစ်ရတာလဲ”

ဟန်ချင်းအာက စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ် “ဖေဖေ... ဒီကောင်လေးက ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအကုန်လုံးကို သတ်ဖြတ်ချင်နေတယ်၊ သူက သူ့ကိုယ်သူ တခြားလူတွေထက် မြင့်မြတ်ပြီး မွေးဖွားလာတယ်လို့ ထင်နေတယ်၊ အဲဒါ စိတ်တိုစရာလို့ ဖေဖေ မထင်ဘူးလား”

ဟန်ဟွမ်က မကျေမနပ် ပြန်ပြောပါတယ် “အဲဒါ ဘာမှားနေလို့လဲ၊ တာအိုစက်ကွင်းထဲမှာရှိတဲ့ တပည့်တွေက ငပျော့တွေချည်းပဲ၊ ငါက သူ့တို့ထက် အဆင့်ပိုမြင့်တာ မဟုတ်ဘူးလား၊ ဒီနေရာလေးမှာတောင် ဒီလိုဖြစ်နေပြီ၊ ပဋိပက္ခထဲမှာရှိနေတဲ့ သက်ရှိတွေက ငါ့ထက် စွမ်းအားကြီးမှာမလို့လား”

ဟန်ချင်းအာဟာ တံတွေးသီးသွားပါတယ်။ ဟန်ဟွမ်ဟာ လွတ်လပ်မှု တာအိုပညာရှိအဖြစ် မွေးဖွားလာတာပါ။ ဒါကြောင့် မွေးဖွားမှုချင်းယှဉ်ရင် ပဋိပက္ခထဲမှာ သူ့ကို ယှဉ်နိုင်တဲ့လူ မရှိပါဘူး။ ဟန်ချင်းအာဟာ ဟန်ဟွမ်ကို သေမျိုးတစ်ယောက်လို အင်မော်တယ်တစ်ပါးလို တွေးလို့ မရဘူးဆိုတာကို ရုတ်တရက် သဘောပေါက် နားလည်သွားပါတယ်။

ဟန်ချင်းအာဟာ ဟန်ဟွမ်ရဲ့ မျက်နှာကို ကြည့်ပြီး သူက အရမ်းသေးငယ်တယ်လို့ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို ချီရင်း မေးလိုက်ပါတယ် “သား အင်မော်တယ်ကမ္ဘာဆီ သွားချင်လား”

ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်ပါတယ် “သွားချင်တယ်... သွားချင်တယ်... သားကို အဲဒီ‌ခေါ်သွားပါ”

အင်မော်တယ်ကမ္ဘာဆိုတဲ့အတွက် ဟန်ချင်းအာလည်း စိတ်ဝင်စားသွားပြီး ဟန်ကျွယ်ကို မျှော်လင့်တကြီး ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ဟန်ချင်းတာအို မောင်နှမနှစ်ယောက်ကို ပင်မတာအိုစက်ကွင်းဆီ ခေါ်ဆောင်သွားပါတယ်။ အဲဒီနောက် ဟန်ဟွမ်နဲ့ ဟန်ချင်းအာတို့ရဲ့ ကျင့်ကြံမှုတွေကို ချိပ်ပိတ်လိုက်ပါတယ်။

လွတ်လပ်တာအိုပညာရှိဟာ ကောင်းကင်တာအိုထဲကို ဝင်လို့ မရပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ ဝိညာဉ်အပိုင်းအစနဲ့ အင်မော်တယ်ကမ္ဘာထဲ ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အသွင်ပြောင်းလဲမှု ပညာရပ်က နက်နဲသိမ်မွေ့လွန်းတဲ့အတွက် ဟန်ချင်းအာနဲ့ ဟန်ဟွမ်ဟာ ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်နဲ့ ဝိညာဉ်အပိုင်းအစ ပြောင်းသွားတာကို သတိမထားမိလိုက်ကြပါဘူး။

သားအဖသုံးယောက်ဟာ အင်မော်တယ်ကမ္ဘာမှာ ခရီးနှင်ပြီး လူတွေနဲ့ နတ်ဆိုးတွေ အများကြီးရှိတဲ့ နေရာတွေဆီ လျှောက်သွားကြပါတယ်။ ဟန်ချင်းအာဟာ တော်တော် စိတ်လှုပ်ရှားနေပြီး တွေ့သမျှ အရာတိုင်းကို ဟန်ဟွမ်သိအောင် ရှင်းပြပါတယ်။

ပထမတော့ ဟန်ဟွမ်ဟာ အရမ်း စိတ်လှုပ်ရှားပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ငြိမ်ကျသွားပါတယ်။

လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ဟွမ်က ဟန်ချင်းအာကို စိတ်မရှည်စွာ ဖြတ်ပြောလိုက်ပါတယ် “ဒါတွေပဲလား၊ ပျော်စရာလည်း မကောင်းဘူး၊ ဖေဖေ... သားတို့တွေ ဘယ်တော့ ပြန်သွားကြမှာလဲ”

ဟန်ကျွယ်ဟာ အံ့အားသင့်ချင်ယောင်ဆောင်ပြီး မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ၊ အင်မော်တယ်ကမ္ဘာက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ မထင်ဘူးလား”

ဟန်ဟွမ်ဟာ ခေါင်းခါလိုက်ပါတယ်။

ဟန်ချင်းအာဟာ ဟန်ဟွမ်ကို နားမလည်နိုင်စွာ ကြည့်လိုက်ပါတယ်။ ဟန်ချင်းအာဟာ ငယ်ငယ်တုန်းက အင်မော်တယ်ကမ္ဘာကို လာလည်ခဲ့ဖူးပါတယ်။ အင်မော်တယ်ကမ္ဘာမှာ ဆယ်နှစ်ဆယ်မိုး လျှောက်သွားတာတောင် ဟန်ချင်းအာဟာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူ့အစ်ကိုလေးက လေးငါးဆယ်ရက်နဲ့ ပြန်သွားချင်နေပါပြီ။ ကွာတာမှ နည်းနည်းနောနော မဟုတ်ပါဘူး။

ဟန်ဟွမ်ဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် “ဘာအသစ်အဆန်းမှလည်း မရှိဘူး၊ သူတို့တွေက ကျွန်တော်တို့နဲ့ တူရုံပဲရှိတာ၊ တကယ်ကျတော့ အကွာကြီး ကွာနေတယ်၊ သူတို့က လမ်းဘေးမှာရှိတဲ့ သစ်ပင်တွေနဲ့ အင်းဆက်တွေလိုပဲ”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ အကြောင်းအရင်းတချို့ကြောင့် ဟန်ကျွယ်ဟာ ဟန်ဟွမ် မျက်လုံးထဲမှာ အထီးကျန်မှု အရိပ်အယောင်ကို တွေ့မြင်လိုက်ရပါတယ်။

‘ဒီကောင်လေးက စိတ်ဝင်စားဖို့တော့ ကောင်းသား... ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလိုခံစားချက်မျိုး ရှိနေပြီလား...’

သေချာတွေးကြည့်ရင် အဓိပ္ပာယ် မရှိတာတော့ မဟုတ်ပါဘူး။ ဟန်ဟွမ်ဟာ ပဋိပက္ခထဲမှာ တစ်ဦးတည်းသော လောကဦး နတ်ဘီလူးပါ။

ဟန်ဟွမ်ဟာ ပထမ စိတ်လှုပ်ရှားတာက သူနဲ့တူတဲ့လူကို ရှာချင်တာကြောင့်ပါ။ ဒါပေမဲ့ အကြာကြီး လျှောက်သွားတာတောင် ဟန်ဟွမ်ဟာ လောကဦး နတ်ဘီလူး ရောင်ဝါကို မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားတာပါ။

ဟန်ချင်းအာဟာ လောကဦး နတ်ဘီလူး မဟုတ်ပါဘူး။ အရင်းစစ်လိုက်ရင် ဟန်ချင်းအာက လူသားတစ်ယောက်ပါ။ မျိုးနွယ်တူတာမလို့ သူမအတွက် အရာအားလုံးက အသစ်အဆန်း ဖြစ်နေတာပါ။ ဒါပေမဲ့ မျိုးနွယ်မတူတဲ့ ဟန်ဟွမ်ကတော့ အထူးတလည် မသက်မသာ ဖြစ်တဲ့အပြင် ရွံတောင် ရွံသွားပါသေးတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး အင်္ကျီလက်စကို ဝှေ့ယမ်းကာ မောင်နှမနှစ်ယောက်ကို တာအိုစက်ကွင်းဆီ ပြန်ခေါ်သွားပါတယ်။

တတိယ တာအိုစက်ကွင်း။

ဟန်ချင်းအာဟာ တာအိုဘုံကျောင်းထဲကနေ နောင်တရစွာ ထွက်သွားပေမဲ့ ဟန်ဟွမ်ကတော့ တာအိုဘုံကျောင်းထဲမှာ ဆက်ရပ်နေပါတယ်။ ဟန်ဟွမ်ဟာ ဟန်ကျွယ်ရှေ့မှာ ခေါင်းငုံ့ပြီး မတ်တတ်ရပ်နေတာပါ။

ဟန်ကျွယ်ဟာ နေရာမှာထိုင်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ ဟွမ်အာ”

ဟန်ဟွမ်ဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး စိုက်ကြည့်လိုက်ပါတယ် “ဖေဖေ... သားရဲ့ရောင်ဝါက ဖေဖေတို့နဲ့ ဘာလို့ မတူရတာလဲ၊ သားက ဖေဖေတို့ရဲ့ သားရော ဟုတ်ရဲ့လား”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တာပေါ့၊ သားအမေက သားကို နှစ်သန်းချီအောင် ကိုယ်ဝန်ဆောင်ပြီးမှ မွေးဖွားနိုင်ခဲ့တာ၊ သားက ဘာဖြစ်လို့ ဖေဖေတို့ရဲ့ သား မဟုတ်ရမှာလဲ”

“ဒါဆို သားရောင်ဝါက ဖေဖေတို့ရဲ့ ရောင်ဝါနဲ့...”

“အရင်တုန်းက ဖေဖေလည်း မင်းလိုပဲ၊ နောက်ကျမှ စွမ်းအားပိုကြီးသွားလို့ ရောင်ဝါပြောင်းသွားတာ” ဟန်ကျွယ်က ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်ပါတယ်။ ဟန်ဟွမ် ကြီးလာမှ လောကဦးနတ်ဘီလူး အကြောင်းကို ဟန်ကျွယ်က ပြောပြမှာပါ။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို အပြင်ဘက် မလွှတ်နိုင်ပါဘူး။ လောကဦး နတ်ဘီလူးဆိုတဲ့ သရုပ်က ဆတ်ဆတ်ထိမခံပါဘူး။ အနည်းဆုံး ဟန်ဟွမ်မှာ သူ့ဘာသာ ကာကွယ်နိုင်တဲ့ စွမ်းအားတော့ ရှိသင့်ပါတယ်။ အကောင်းဆုံးကတော့ မဟာတာအိုပညာရှိချုပ် ဖြစ်တဲ့အထိ တာအိုစက်ကွင်းထဲမှာ ကျင့်ကြံအားထုတ်ခိုင်းတာပါ။

ဟန်ဟွမ်ဟာ ဟန်ကျွယ်ရဲ့ စကားကို ကြားတဲ့အခါ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ ရင်ဘက်ကို သပ်ချလိုက်တဲ့ ဟန်ဟွမ်က တော်တော်လေး ချစ်စရာ ကောင်းလာပါတယ်။ ပဋိပက္ခ သက်ရှိတွေ ထင်နေကြတဲ့ လောကဦး နတ်ဘီလူးပုံစံနဲ့ လုံးဝကို ပြောင်းပြန်ပါ။

ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ဟန်ဟွမ်ကို လက်မောင်းထဲ ဆွဲယူလိုက်ပါတယ် “ဟွမ်အာ... သားက သူများတွေနဲ့ မတူတာ အမှန်ပဲ၊ ဒါပေမဲ့ ဒီလောကကြီးမှာ သားထက် စွမ်းအားကြီးတဲ့လူတွေ ရှိတယ်ဆိုတာကို မှတ်ထားချည်၊ သားကြီးလာရင် မပျင်းမရိဘဲ ကြိုးကြိုးစားစား ကျင့်ကြံဖို့လိုတယ်”

ဟန်ဟွမ်ဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး စပ်စုလိုက်ပါတယ် “ဖေဖေ... ဖေဖေက ဘယ်လောက်ထိ စွမ်းအားကြီးလဲ”

“သားထက် စွမ်းအားကြီးတယ်”

“ဟုတ်တယ်၊ ဖေဖေ သားကို ရိုက်ရင် သား ခုခံလို့တောင် မရဘူး”

“ဘာလဲ... သားက ဖေဖေကို ခုခံချင်တာလား”

“ဟီးဟီး...” ဟန်ဟွမ်ဟာ ခေါင်းကုတ်ပြီး ပေါတောတော ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မနေနိုင်ဘဲ ဟန်ဟွမ်ရဲ့ ပါးနှစ်ဖက်ကို ဆွဲဖြဲလိုက်ပါတယ်။ ဟန်ဟွမ်ရဲ့ စရိုက်က ဟန်ထော်နဲ့ ဟန်ချင်းအာတို့ထက် ပိုထူးဆန်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို အနှစ်သက်ဆုံးပါ။ ဒီလိုဖြစ်ရတာက အရည်အချင်းကြောင့် မဟုတ်ပါဘူး။ သွေးသားထက် ပိုနက်ရှိုင်းတဲ့ ဆက်နွှယ်မှုကြောင့်ပါ။

အဲဒီနောက် သားအဖေနှစ်ယောက် စပြီးတော့ စကားပြောဆိုကြပါတယ်။ ဒီလိုအခွင့်အရေးမျိုးက ရှားပါးပါတယ်။

ဟန်ဟွမ်ဟာ သူ့အဖေက အရင်ကထက် အများကြီး နူးညံ့ပြီး သူ့ကို အရမ်းချစ်တယ်လို့ ခံစားလိုက်ရပါတယ်။ အတန်ကြာ စကားပြောပြီးနောက် ဟန်ဟွမ်ရဲ့ ရင်ထဲမှာ ဟန်ကျွယ်ရဲ့ ပုံရိပ်က ဟန်ချင်းအာကို ကျော်လွန်သွားပါတယ်။

ရှင်းဟုန်ရွှမ်ကတော့ ကျင့်ကြံအားထုတ်ရင်း အလုပ်များနေတဲ့အတွက် ဟန်ဟွမ်ဟာ သူ့အမေကို သိပ်မတွေ့ရပါဘူး။

၇နှစ် ၈ နှစ် ကြာပြီးနောက်...

အသက်ဆယ်နှစ် ပြည့်ရုံ ရှိသေးတဲ့ ဟန်ဟွမ်ဟာ သူ့ဘာသာ စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ကျင့်စဉ်မရှိဘဲ ကျင့်ကြံအားထုတ်တာက လောကဦး နတ်ဘီလူးရဲ့ အရည်အချင်းကို စော်ကားရာရောက်တဲ့အတွက် ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို ခေါ်ပြီး အန္တိမမူလ မဟာတာအို သင်ပေးလိုက်ပါတယ်။

သစ်ပင်အိုကြီးအောက်မှာ ချင်းလွမ်အာဟာ ဟန်ချင်းအာဘေးထိုင်ပြီး သက်ပြင်းချလိုက်ပါတယ် “ဟွမ်အာက ငယ်ငယ်လေးနဲ့ စပြီးတော့ ကျင့်ကြံအားထုတ်နေပြီ၊ ယောက်ျားတွေက တကယ်ကို မတူကွဲပြားတာပဲ၊ အရင်တုန်းက သမီးအဖေက သမီးကို ကျင့်ကြံအားထုတ်ဖို့ တွန်းအားပေးခဲ့ရတယ်”

ဟန်ချင်းအာဟာ နှုတ်ခမ်းမဲ့လိုက်ပါတယ် “အစ်ကိုနှစ်က အရည်အချင်းထက်မြက်တော့ ကျင့်ကြံမှုကနေ အောင်မြင်မှု ရမှာပဲ၊ ငယ်ငယ်လေးနဲ့ ကျင့်ကြံတာ မဆန်းပါဘူး”

ဟန်ချင်းအာရဲ့ စကားကြားပြီး ချင်းလွမ်အာဟာ မျက်လုံး ပင့်တက်သွားပါတယ်။

ဒီအချိန်မှာပဲ ဟန်ဟွမ်ဟာ တာအိုဘုံကျောင်းထဲကနေ ပြေးထွက်လာပြီး ဟန်ချင်းအာတို့ရှေ့ ရောက်လာပါတယ် “ချင်းအာ... ငါ ဆန်းကြယ်စွမ်းအားတစ်မျိုးကို သင်လာတာ၊ လက်ရည်စမ်းချင်လား”

လောကဦးနတ်ဘီလူးရဲ့ အရည်အချင်းက တကယ်ကို သာမန်မဟုတ်ပါဘူး။ နှစ်ဝက်အတွင်းမှာ အန္တိမမူလ မဟာတာအိုပေါ် လျှောက်လှမ်းပြီး ဆန်းကြယ်စွမ်းအားတောင် တတ်မြောက်သွားပါတယ်။ ဆယ်နှစ်အရွယ် ဟန်ဟွမ်က ချောမောလှပပြီး ဘာမထီတဲ့ လူငယ်လေးတစ်ယောက်ပါ။

ဟန်ချင်းအာက စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ် “ငါ့ကို အနိုင်ကျင့်ချင်တာလား”

ဟန်ဟွမ်က လွတ်လပ်တာအိုပညာရှိပါ။ တာအိုပညာရှိအဆင့်ပဲ ရှိတဲ့ ဟန်ချင်းအာက သူ့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။

အကြောင်းအရင်းတချို့ကြောင့် ဟန်ချင်းအာဟာ ကျန်းကျွယ်ရှီကို တွေးမိလိုက်ပါတယ်။ ကျန်းကျွယ်ရှီကလည်း လွတ်လပ်တာအိုပညာရှိမလို့ ဟန်ဟွမ်ကို ယှဉ်နိုင်ကောင်း ယှဉ်နိုင်လိမ့်မယ်လို့ တွေးလိုက်ပါတယ်။

ဟန်ဟွမ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဘယ်သူမှ ငါ့ကို မတိုက်နိုင်ပါလား၊ ငါ ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာတောင် မသိနိုင်တော့ဘူး၊ တာအိုစက်ကွင်းထဲမှာရှိတဲ့ တပည့်တွေက အားနည်းလွန်းတယ်၊ ငါ သူတို့ကို သတ်မိမှာ ကြောက်ရတယ်”

ဟန်ချင်းအာက ပြောလိုက်ပါတယ် “နင်က ပြိုင်ဘက်ရှာချင်တာလား၊ ဖေဖေရဲ့ တပည့်တစ်ယောက် တာအိုစက်ကွင်း အပြင်မှာ ရှိတယ်၊ သူ့နာမည်က ကျန်းကျွယ်ရှီ၊ သူလည်း လွတ်လပ်တာအိုပညာရှိ အဆင့်မှာ၊ သူနဲ့ တိုက်ရဖို့ ဖေဖေကို သွားတောင်းဆိုချည်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters