← Chapters

မိစ္ဆာ ကောင်းကင်ဧကရာဇ်နှင့် တွေ့ဆုံခြင်း

Vol. 86 Ch. 905

မိစ္ဆာ ကောင်းကင်ဧကရာဇ်နှင့် တွေ့ဆုံခြင်း

Vol. 86 Ch. 905

ငါးနှစ်တာ ကာလဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ဟန်ဟွမ်ဟာ ကြာကြာ မစောင့်နိုင်တဲ့အတွက် ကျန်းကျွယ်ရှီကို နှိုးလိုက်ပါတယ်။

“မင်းက ငါ့ကို ထပ်စိန်ခေါ်ချင်တာလား” ကျန်းကျွယ်ရှီဟာ သူ့ရှေ့က လူငယ်လေးကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ပါတယ် ‘မင်းက ငါးနှစ်ကျင့်ကြံပြီး ငါ့ကို အနိုင်ယူချင်တာလား... တော်တော် ဘဝင်မြင့်တာပဲ’

“လာစမ်းပါ... ကျွန်တော် ဆရာတူအစ်ကိုကို ငါးနှစ်အတွင်း အနိုင်ယူမယ်လို့ ဖေဖေကို ကတိပေးထားတယ်၊ ကျွန်တော် ထပ်စောင့်နေရင် ငါးနှစ်ကျော်သွားလိမ့်မယ်”

ကျန်းကျွယ်ရှီဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်က ဘာမှမပြောတဲ့အတွက် ကျန်းကျွယ်ရှီဟာ ဟန်ဟွမ်ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ရဲ့ လျှို့ဝှက်အသံက ကျန်းကျွယ်ရှီရဲ့ နားထဲကို ဝင်လာပါတယ် “နိုင်အောင်တိုက်”

ကျန်းကျွယ်ရှီဟာ စိတ်လှုပ်ရှားပြီး မျှော်လင့်ချက်ကြီးနေတဲ့ ဟန်ဟွမ်ကို ကြည့်ကာ ကရုဏာ သက်သွားပါတယ်။

အသွင်တူ လက်ရည်စမ်းပွဲထဲ ရောက်တဲ့နောက် ကျန်းကျွယ်ရှီက ပထမဆုံး စကား စပြောလိုက်ပါတယ် “ဆရာတူညီလေး... မင်းရဲ့ အရည်အချင်းက တကယ်ကို ထက်မြက်လွန်းတယ်၊ တခြား လွတ်လပ် တာအိုပညာရှိဆိုရင် ငါးနှစ်အတွင်းမှာ မင်း သူတို့ကို အနိုင်ယူနိုင်လိမ့်မယ်၊ ဒါပေမဲ့ ငါ့ကို ငါးနှစ်အတွင်း ကျော်တက်ဖို့ကတော့ မဖြစ်နိုင်ဘူး၊ လွတ်လပ်တာအိုပညာရှိထဲမှာ ငါ အခုထိ ပြိုင်ဘက် မတွေ့သေးဘူး”

ဟန်ဟွမ်ဟာ ရုတ်တရက် လက်ဝါးကို ဝှေ့ယမ်းလိုက်ပါတယ်။

တန်ခိုးကြီးမား မဟာလက်ဝါး။

လက်ဝါးတစ်ချက်နဲ့ အာကာသ ကွဲကြေသွားပါတယ်။ တားဆီးမရနိုင်တဲ့ စွမ်းအားပါ။

ကျန်းကျွယ်ရှီဟာ လက်နှစ်ဖက်နဲ့ စက်ဝိုင်းပုံဆွဲပြီး ပထမဆုံး ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ပညာရပ်ကို ထုတ်သုံးပါတယ်။ အဲဒီနောက် တန်ခိုးကြီးမား မဟာလက်ဝါးကို ထုတ်သုံးလိုက်ပါတယ်။ ဒီစွမ်းအားက ဟန်ဟွမ်ရဲ့ စွမ်းအားထက် အများကြီး ပိုပါတယ်။

လက်ဝါးနှစ်ခုဟာ အရှိန်ပြင်းထန်စွာ ဝင်တိုက်ပါတယ်။ သူတို့နှစ်ယောက်သာ အင်မော်တယ်ကမ္ဘာမှာ တိုက်ခိုက်တာဆိုရင် ဒီလက်ဝါးနှစ်ချက် ရင်ဆိုင်တွေ့မှုကြောင့် အင်မော်တယ်ကမ္ဘာ တစ်ခုလုံး အမှုန့် ဖြစ်သွားမှာပါ။

ဒီတိုက်ပွဲဟာ လျင်မြန်စွာ ပြီးဆုံးသွားပါတယ်။ အစကနေ အဆုံးအထိ အသက်ရှူကြိမ် နှစ်ဆယ်ပဲ ကြာပါတယ်။

ဟန်ဟွမ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။

ကျန်းကျွယ်ရှီဟာ နည်းနည်း ရှက်သွားပါတယ်။ ပြိုင်ဘက်က ၁၅ နှစ်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက် ဖြစ်နေတယ် မဟုတ်ပါလား။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “တော်ပြီ... ဆက်မတိုက်တော့နဲ့၊ ကျန်းကျွယ်ရှီ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ချည်၊ သူ့ကို လျစ်လျူရှုထားလိုက်”

ကျန်းကျွယ်ရှီဟာ မတ်တတ်ရပ်လိုက်ပါတယ် “ဆရာသခင်... ကျွန်တော် ပြန်သွားပြီး ကျင့်ကြံအားထုတ်သင့်ပြီ၊ ဆရာတူညီလေးရဲ့ အရည်အချင်းက တကယ်ကို မကြားဖူးတဲ့ အရည်အချင်းပါ၊ နောက်ငါးနှစ်ဆိုရင် ကျွန်တော် ကျိန်းသေပေါက် ရှုံးလိမ့်မယ်၊ ကျွန်တော် ပြန်သွားပြီး မဟာတာအိုကို တတ်နိုင်သလောက် မြန်မြန်ရဖို့ ကြိုးစားကျင့်ကြံတော့မယ်”

ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး လက်ဝှေ့ယမ်းကာ ကျန်းကျွယ်ရှီကို ပြန်ပို့လိုက်ပါတယ်။

ကျန်းကျွယ်ရှီရဲ့ စကားကြောင့် ဟန်ဟွမ်ရဲ့ မျက်နှာက ပြေလျော့မသွားပါဘူး။ ဟန်ဟွမ်ဟာ လန့်နေတုန်းပါ။ ဟန်ဟွမ်ဟာ ကျန်းကျွယ်ရှီကို ငါးနှစ်အတွင်း အနိုင်ယူမယ်လို့ သူ့အဖေကို ကတိပေးခဲ့ပေမဲ့ အနိုင်မယူနိုင်ခဲ့ပါဘူး။ ဒါက ဟန်ဟွမ် ပထမဆုံးအကြိမ် စိတ်ဒုက္ခရောက်တာပါ။

ဟန်ကျွယ်ဟာ နတ်အလင်းရောင်ကို ရုပ်သိမ်းပြီး သက်ပြင်းချလိုက်ပါတယ် “ဟွမ်အာ... ဖေဖေ ဘာပြောချင်လဲဆိုတာကို နားလည်ပြီလား၊ အဲဒီကျန်းကျွယ်ရှီက ပိုးကောင်နဲ့ တူပေမဲ့ သူ့မှာ ကြီးမားတဲ့ ကံတရား အထောက်အပံ့ရှိတယ်၊ ပြောရရင် သားရဲ့ အရည်အချင်းထက် အများကြီး နိမ့်ကျနေတာ မဟုတ်ဘူး”

ဟန်ဟွမ်ဟာ ခေါင်းမော့လာပါတယ် “ကြီးမားတဲ့ ကံတရား အထောက်အပံ့ဆိုတာ ဘာကို ပြောတာလဲ”

“နောက်ကျရင် သား နားလည်လာလိမ့်မယ်၊ သားရဲ့အဆင့်က နိမ့်သေးတယ်၊ ဖေဖေ ပြောရင်တောင် သား နားလည်နိုင်မှာ မဟုတ်ဘူး၊ ဖေဖေ မျှော်လင့်တာက သားကိုယ်သား သံသယ မဝင်ဖို့နဲ့ သက်ရှိတွေကို လျှော့မတွက်မိဖို့ပဲ”

ဟန်ဟွမ်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် သားအဖေနှစ်ယောက်ဟာ စကားထပ်ပြောပြီး အတန်ကြာတဲ့အခါမှာတော့ ဟန်ဟွမ်ဟာ တာအိုဘုံကျောင်းထဲက ထွက်ကာ ဟန်ချင်းအာဆီ လျှောက်သွားပါတယ်။

ဟန်ချင်းအာဟာ ဟန်ဟွမ်က ငါးနှစ်အတွင်း စွမ်းအားပိုကြီးလာတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားမိပါတယ်။ ဟန်ဟွမ်ရဲ့ ရောင်ဝါက အဝေးမှာရှိနေတဲ့ တပည့်တွေကိုတောင် ထိတ်လန့်သွားစေပါတယ်။

“ဘာဖြစ်တာလဲ၊ နင့်ကြည့်ရတာ မပျော်သလိုပဲ” ဟန်ချင်းအာက မေးလိုက်ပါတယ်။ ဟန်ချင်းအာဟာ ဟန်ဟွမ် စိတ်မရွှင်တာကို တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်ပါတယ်။ ဟန်ချင်းအာဟာ တော်တော်လေး မပျော်မရွှင် ဖြစ်သွားပါတယ် ‘နင့် အရည်အချင်းက ဒီလောက်ထက်မြက်တာကို ဘာတွေ မပျော်ဖြစ်နေတာလဲ’

ဟန်ဟွမ်ဟာ ဟန်ချင်းအာရှေ့မှာ ထိုင်လိုက်ပါတယ် “ငါ ကျန်းကျွယ်ရှီကို မနိုင်ဘူး”

ဟန်ချင်းအာဟာ လန့်သွားပါတယ်။ ဟန်ချင်းအာဟာ ကျန်းကျွယ်ရှီက စွမ်းအားပိုကြီးတယ်လို့ တွေးထားခဲ့ပေမဲ့ တကယ့်ရလဒ်ကို ကြားလိုက်ရတဲ့အခါမှာ မအံ့ဩဘဲ မနေနိုင်ပါဘူး။ ဟန်ချင်းအာရဲ့ ရင်ထဲမှာ သူ့အစ်ကိုနှစ်လေးက မွန်းစတားတစ်ကောင် မဟုတ်ပါလား။

ဟန်ချင်းအာဟာ ဟန်ဟွမ်ကို နှစ်သိမ့်လိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ အဲဒီကျန်းကျွယ်ရှီက နှစ်သောင်းချီတောင် ကျင့်ကြံအားထုတ်ထားတာ၊ နင် ကျင့်ကြံတာက ဆယ်နှစ်တောင် မပြည့်သေးဘူး”

“မဟုတ်ဘူး... သူက တကယ်ကို စွမ်းအားကြီးတာ၊ ဒါပေမဲ့ ငါ သူ့ကို ကျော်တက်ပြမယ်၊ ငါ ဒီနေ့ မင်းဆီလာတာက နောက်ကျရင် မင်းနဲ့ မကစားနိုင်တော့ဘူးလို လာပြောတာ၊ ငါ ဖေဖေ့လိုပဲ ဂူအောင်းကျင့်ကြံမလို့”

ဟန်ချင်းအာဟာ ဟန်ဟွမ်ကို တအံ့တဩ စိုက်ကြည့်ပြီးနောက် ဟန်ဟွမ်က တကယ် ပြောနေတာဆိုတာကို သိလိုက်ရပါတယ်။ ဟန်ချင်းအာဟာ ကျန်းကျွယ်ရှီက ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို ပိုပြီးတော့ သိချင်သွားပါတယ်။ ဟန်ဟွမ်က ဒီလောက်ထိ စိတ်ဓာတ်ကျအောင် လုပ်နိုင်တာက နည်းတဲ့ အရည်အချင်းတော့ မဟုတ်ပါဘူး။

ဟန်ဟွမ်ဟာ လှည့်ထွက်သွားပါတယ်။ ဟန်ဟွမ်ဟာ ဒီအကြောင်းပြောပြဖို့ သူ့အမေနှစ်ယောက်ဖြစ်တဲ့ ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာဆီ သွားလည်တာပါ။ ဟန်ဟွမ်က ငယ်ငယ်လေးပဲ ရှိသေးပြီး ပထမဆုံးအကြိမ် ဂူအောင်းကျင့်ကြံတာ ဖြစ်တဲ့အတွက် ဒါက သူ့ဘဝရဲ့ ကိစ္စကြီးလို့ ခံယူထားပါတယ်။

ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာဟာ ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရပေမဲ့ ဟန်ဟွမ်ကို လေးလေးနက်နက် သတိပေးလိုက်ပါတယ်။

ဒီလိုနဲ့ ဟန်ဟွမ်ဟာ ဟန်ကျွယ် ဘေးနားကို ပြန်လာပြီး သားအဖနှစ်ယောက် ဂူအောင်း ကျင့်ကြံပါတယ်။

မျက်တောင်တစ်ခတ်အတွင်း ၇,၄၃၅ နှစ် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကြီးပြင်းလာပြီဖြစ်တဲ့ ဟန်ဟွမ်ကို ကြည့်လိုက်ပါတယ်။ ဟန်ဟွမ်ရဲ့ ကျင့်ကြံမှုက ဒီအတောအတွင်း ဒီရေအလား တိုးတက်လာခဲ့ပါတယ်။ ဟန်ဟွမ်ဟာ လွတ်လပ် တာအိုပညာရှိ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီနှုန်းအတိုင်း ဆက်သွားရင် နှစ်သုံးသောင်းအတွင်း မဟာတာအိုကို ရယူဖို့က စိတ်ကူးယဉ်တာ မဟုတ်တော့ပါဘူး။ ဒီနေရာမှာ ဟန်ဟွမ်က ဟန်ကျွယ်ထက် အများကြီး သာပါတယ်။

“ဟွမ်အာ...” ဟန်ကျွယ်က ညင်သာစွာ ခေါ်လိုက်ပါတယ်။

ဟန်ဟွမ်ဟာ မျက်လုံး ပွင့်လာပါတယ် “ဖေဖေ... ဘာကိစ္စရှိလို့လဲ”

ဟန်ဟွမ်ဟာ ပျင်းရိလေးတွဲစွာ အကြောဆန့်လိုက်ပါတယ်။ သားအဖနှစ်ယောက်ဟာ ဂူအောင်းကျင့်ကြံကတည်းက စကားမပြောဖြစ်တာပါ။ နှစ်ယောက်စလုံး ကျင့်ကြံမှု နစ်ဝင်နေကြတာပါ။

စွမ်းအားကြီးလာတဲ့ ခံစားချက်က တကယ်ကို ခံစားလို့ကောင်းပါတယ်။

“မင်းကို လူတစ်ယောက်ဆီ ခေါ်သွားမလို့” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ဟန်ဟွမ်ကိုခေါ်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ရွှေ့ပြောင်းသွားလာလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ဆီ ခုန်တက်လိုက်ပါတယ်။

လက်ရှိ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကာ မဟာတာအိုပညာရှိအောက်က ဘယ်သူမဆို ဝင်ထွက်သွားလာလို့ ရနေပါပြီ။

ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို စကြဝဠာခန်းမဆီ ခေါ်သွားပါတယ်။ ဒီအချိန်မှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ကောင်းကင်အရှင်ရွှမ်တုနဲ့ စကားပြောနေပါတယ်။ ဟန်ကျွယ်နောက်ကို လိုက်လာတဲ့ ဟန်ဟွမ်ဟာ စပ်စုချင်နေပါတယ် ‘ဒါက ဘယ်နေရာလဲ’

စကြဝဠာခန်းမထဲကို ရောက်ပြီးနောက် ဟန်ဟွမ်ရဲ့အကြည့်ဟာ ကောင်းကင်အရှင်ရွှမ်တုနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆီ ရောက်သွားပါတယ်။ ဟန်ဟွမ်ဟာ ကောင်းကင်အရှင်ရွှမ်တုနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က လွတ်လပ်အဆင့်မှာရှိပြီး အရမ်းစွမ်းအားကြီးတာကို အာရုံခံနိုင်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အကြည့်ဟာ ဟန်ဟွမ်အပေါ်ကို အရင်ဆုံးကျရောက်သွားပြီး မျက်လုံးတွေ တောက်ပသွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။

“ဟားဟား... ဟန်ကျွယ် ဒါ မင်းသားလား၊ မင်းနဲ့ တကယ်တူတာပဲ... ဟင်း...” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချလိုက်ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ဟွမ်ကို ရင်တုန်သွားပါတယ် ‘လွတ်လပ်တာအိုပညာရှိ... လွန်ခဲ့တဲ့ နှစ်ထောင်ချီက ဖြစ်ပေါ်ခဲ့တဲ့ နိမိတ်က ဒီကောင်လေးကြောင့်လား... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားတော်... သူက နှစ်တစ်သောင်းတောင် မပြည့်သေးဘဲနဲ့ ဒီလောက်တောင် စွမ်းအားကြီးနေပြီလား’

ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရှေ့ ရပ်ပြီး ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ သူ့နာမည်က ဟန်ဟွမ်... ဟွမ်အာ... စီနီယာနှစ်ယောက်ကို နှုတ်မဆက်တော့ဘူးလား၊ ဒါက မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ သူက ဖေဖေ ငယ်ငယ်တုန်းက ကူညီ‌ပေးခဲ့တဲ့ ကျေးဇူးရှင်ပဲ၊ ဒါက ကောင်းကင်အရှင်ရွှမ်တု၊ ဖေဖေရဲ့ မိတ်ဆွေကောင်း တစ်ယောက်ပဲ”

အမြဲတမ်း တည်ငြိမ်နေတဲ့ ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာဟာ ဟန်ကျွယ်ရဲ့ မိတ်ဆွေကောင်းဆိုတဲ့ စကားကို ကြားရတဲ့အခါ ဝင်းလက် တောက်ပသွားပါတယ်။

“ဟန်ဟွမ်... စီနီယာနှစ်ယောက်ကို ဂါရဝ ပြုပါတယ်” ဟန်ဟွမ်ဟာ လက်သီးဆုပ်ပြီး ဦးညွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ဟွမ်ရဲ့ မျက်နှာက သိပ်ပြီး လေးစားပုံ မပေါ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောင်းကင်အရှင်ရွှမ်တုနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က စိတ်မရှိပါဘူး။ အဲဒီအစား ဓမ္မရတနာတွေ ထုတ်ယူပြီး ဟန်ဟွမ်ကို လက်ဆောင်ပေးပါတယ်။

သူတို့နှစ်ယောက်က တော်တော်လေး ရက်ရောပါတယ်။ ပဋိပက္ခ စိတ်ဝိညာဉ်ရတနာကို ထုတ်ပေးတာပါ။ သူတို့နှစ်ယောက်မှာ ဒီလိုရတနာမျိုးက များများစားစားရှိတာ မဟုတ်ပါဘူး။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို ကြည့်ပြီး ခြိမ်းခြောက်ခံရသလို ခံစားလိုက်ရပါတယ်။ ကောင်းကင်အရှင်ရွှမ်တုကတော့ သူ့ရတနာကို နှမြောတသ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီရတနာက သူ့အတွက် အရေးမပါတော့ဘူးဆိုတာကို ကောင်းကင်အရှင်ရွှမ်တု သိပါတယ်။ အပြင်ကို ထွက်ပြီး တိုက်ခိုက်စရာ မလိုတော့ဘူး မဟုတ်ပါလား။

ဒါကြောင့် အနာဂတ်မှာ ပဋိပက္ခရဲ့ ထိပ်ဆုံးနေရာ ရောက်လာမဲ့လူကို လက်ဆောင်ပေးလိုက်တာက ပိုကောင်းပါတယ်။

ဟုတ်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုရဲ့ ရင်ထဲမှာ ဟန်ဟွမ်က သမိုင်းရဲ့ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်နေပါပြီ။ ဝေ့လန်ရှန်မိတောင် ဟန်ဟွမ်ကို မယှဉ်နိုင်ပါဘူး။

ဟန်ဟွမ်ဟာ ပထမဆုံးအကြိမ် ရရှိတဲ့ ရတနာမလို့ အရမ်းပျော်ရွှင်သွားပါတယ်။ ဟန်ဟွမ်ဟာ ကျန်းကျွယ်ရှီနဲ့ တိုက်ခိုက်တုန်းက ကျန်းကျွယ်ရှီ ဓမ္မရတနာ ထုတ်သုံးတာကို မြင်ခဲ့ရပါတယ်။

“ကျေးဇူးပါပဲ စီနီယာ” ဟန်ဟွမ်ဟာ ဓမ္မရတနာကိုယူပြီး တအံ့တဩ ပြောလိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ကောင်းကင်အရှင်ရွှမ်တုအပေါ် ကြည့်တဲ့ အကြည့်ကလည်း ပျော့ပျောင်းသွားပါတယ်။

ဟန်ကျွယ်၊ ကောင်းကင်အရှင်ရွှမ်တုနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်တို့ဟာ ထိုင်ပြီး စကားပြောဆိုကြပါတယ်။ မကြာခင်မှာပဲ စကားလမ်းကြောင်းက ဟန်ဟွမ်ဆီ ရောက်သွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ဟွမ်အာ... မင်းငါနဲ့ ပဋိပက္ခကို လိုက်ချင်လား၊ အရင်တုန်းက မင်းအစ်ကိုလည်း ငါ့နောက်ကို လိုက်ခဲ့တာပဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters