ဓားရူးတာအိုပညာရှိ တစ်သိန်းခွဲ
Vol. 86 Ch. 907
“ငါက အသက်တစ်သောင်း မပြည့်သေးတာ အမှန်ပဲ၊ ဒါပေမဲ့ ခင်ဗျားလည်း မဆိုးပါဘူး၊ အနည်းဆုံး ငါ့ကို အထင်ကြီးအောင် လုပ်နိုင်တယ်၊ မင်းတို့တွေက မတူညီတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားပုံပဲ၊ လာ... တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်ကြရအောင်...”
ဟန်ဟွမ်ဟာ နတ်ဘီလူးတွေကို ဝေ့ကြည့်ပြီး ပြုံးလိုက်ပါတယ်။ နတ်ဘီလူးတွေကလည်း ဒီကိစ္စကို မငြင်းပါဘူး။ ဘာပဲဖြစ်ဖြစ် အသွင်တူ လက်ရည်စမ်းပွဲထဲမှာ သူတို့တွေ အသက်မဆုံးနိုင်ပါဘူး။ ဒါ့အပြင် သူတို့ကလည်း ဟန်ဟွမ်ရဲ့ စွမ်းအားကို စမ်းသပ်ချင်နေတာပါ။
ဒီလိုနဲ့ ဟန်ဟွမ်ဟာ ပဋိပက္ခ နတ်ဘီလူးတွေနဲ့ ချက်ချင်း မိတ်ဆွေ ဖြစ်သွားကြပါတယ်။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲမှာ လီယောင်နဲ့ ဝူတောက်ကျန့်ကို တာအိုဟောကြားပါတယ်။ ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဟန်ဟွမ်နဲ့ ထွက်ခွာသွားပါတယ်။
နတ်ဘီလူးတွေ အကုန်လုံးဟာ ဟန်ဟွမ်ရဲ့ အရည်အချင်းကို လက်ခံသွားကြပါတယ်။ ဟန်ကျွယ်ဟာ နောက်ကျလို့ သူအနားယူရင် တိတ်ဆိတ်ဂိုဏ်းချုပ်နေရာက ဟန်ဟွမ်ဆီ ရောက်သွားမယ်လို့ ကောက်ချက် ချလိုက်ပါတယ်။ အနည်းဆုံး ဟန်ဟွမ်ဆီမှာ ပဋိပက္ခ နတ်ဘီလူး ၅၁ ပါးရဲ့ ထောက်ခံမှု ရှိနေပါတယ်။
တတိယ တာအိုစက်ကွင်း။
ဟန်ဟွမ်ဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် “ဘာဖြစ်လို့ သားကို ပြန်ခေါ်လာတာလဲ၊ သား အဲဒီမှာ နေချင်သေးတယ်”
ဟန်ကျွယ်က အပြုံးနဲ့ ကြိမ်းလိုက်ပါတယ် “မင်းက နေချင်တာပေါ့၊ နေ့တိုင်း အနိုင်ကျင့်ရတာကို ပျော်နေတာမလား၊ ကျန်းကျွယ်ရှီကို အမြဲတမ်း ရှုံးနေရင် မင်း နေပျော်ပါ့မလား”
“သူက အခု သားကို မယှဉ်နိုင်တော့ဘူး၊ မယုံရင် ခေါ်လိုက်” ဟန်ဟွမ်ဟာ ဒေါသတကြီး ပြောလိုက်ပါတယ်။ ဟန်ဟွမ်ဟာ အသက်ကြီးလာတာနဲ့ မာနကလည်း လိုက်ကြီးလာပါတယ်။ ကျန်းကျွယ်ရှီကို ရှုံးနိမ့်ခဲ့တာက ဟန်ဟွမ်ရဲ့ တစ်ခုတည်း အစော်ကားခံရမှုပါ။
“ဘာလဲ သားက ကျန်းကျွယ်ရှီကို မုန်းနေတုန်းလား၊ ငါ့သားက အဲဒီလောက်တောင် အမြင်ကျဉ်းတာလား”
ဟန်ဟွမ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မဟုတ်ပါဘူး၊ သားတို့က တစ်ဂိုဏ်းတည်းသားတွေဆိုတော့ သား သူ့ကို မမုန်းပါဘူး၊ သားရှုံးတာကိုပဲ သား လက်မခံနိုင်ရုံပါ”
“သွား... အပြင်မှာ နေရာတစ်ခုရှာပြီး ကျင့်ကြံအားထုတ်ချည်၊ ငါ့ဘေးနားမှာ မနေတော့နဲ့၊ ဒီနေ့ကစပြီး ငါ ပုံမှန်အတိုင်း ဂူအောင်းကျင့်ကြံတော့မယ်၊ ငါ ဂူအောင်းကျင့်ကြံတာက တစ်ကြိမ်ကို နှစ်တစ်သိန်း ကြာတယ်” ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ်။
‘နှစ်တစ်သိန်း...’ ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပြီး နှုတ်ခမ်းမဲ့သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ကို ဦးညွှတ်ကာ တာအိုဘုံကျောင်းထဲကနေ ချက်ချင်း ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ နောက်ဆုံးတော့ အေးအေးချမ်းချမ်း ပြန်ကျင့်ကြံနိုင်ပြီ မဟုတ်ပါလား။ ဘာတွေပဲဖြစ်ဖြစ် ဟန်ကျွယ်ကို အကျေနပ်စေဆုံး အားအရစေဆုံးက သူ့ကိုယ်ပိုင်စွမ်းအားပါ။
ဟန်ကျွယ်ဟာ ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတဲ့ စည်းမျဉ်းတစ်ခုကိုပဲ ယုံကြည်ပါတယ်။
ဟန်ကျွယ်ဟာ အန္တိမမူလ နတ်ဘီလူးအဖြစ် ဆင့်ကဲပြောင်းလဲပြီးကတည်းက သူ့အကန့်အသတ်ကို မသိတော့ပါဘူး။ အရင်တုန်းက ဓားရူးတာအိုပညာရှိ တစ်သိန်းကို တစ်ချက်တည်း သတ်နိုင်ခဲ့တာဆိုပေမဲ့ ဒါက ဟန်ကျွယ်ရဲ့ အကန့်အသတ် မဟုတ်သေးပါဘူး။ အခုက အကန့်အသတ်ကို စမ်းကြည့်ဖို့ အချိန်ကောင်းပါပဲ။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ဓားရူးတာအိုပညာရှိ တစ်သိန်းခွဲနဲ့ တစ်ခါတည်း တိုက်ခိုက်လိုက်ပါတယ်။ မဟာတာအိုပညာရှိ တစ်သိန်းခွဲရဲ့ စွမ်းအားက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းမယ်ဆိုတာ စဉ်းစားသာ ကြည့်ပါတော့။
ပထမတော့ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ တစ်သိန်းခွဲ ဖိနှိပ်တာကို ခံရပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဟန်ကျွယ်ဟာ အသာစီး ပြန်ရသွားပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အချိန်ငါးမိနစ် သုံးပြီး ဓားရူးတာအိုပညာရှိ တစ်သိန်းခွဲစလုံးကို သုတ်သင်ပစ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စိန်ခေါ်ပါတယ်။ အကြိမ်ရာချီ တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ အသက်ရှူကြိမ် သုံးကြိမ်အတွင်း ဓားရူးတာအိုပညာရှိ တစ်သိန်းခွဲကို သတ်ဖြတ်နိုင်သွားပါတယ်။
ဒါက ဟန်ကျွယ်ရဲ့ အကန့်အသတ်ပါ။ သူက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး မဟာတာအိုပညာရှိချုပ်တွေက သေမျိုးတွေ မဟုတ်ပါဘူး။ လက်တွေ့ဘဝမှာဆိုရင် မဟာတာအိုပညာရှိချုပ် တစ်သိန်းခွဲကို သတ်ပစ်ဖို့က ဒီထက် ပိုခက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့ဘဝမှာ မဟာတာအိုပညာရှိချုပ်တွေဟာ မနိုင်ရင် ထွက်ပြေးနိုင်လို့ပါပဲ။ အသွင်တူ လက်ရည်စမ်းပွဲက တိုက်ရည်ခိုက်ရည်ကို လေ့ကျင့်တဲ့ လုပ်ဆောင်ချက်မလို့ အသေအကြေ တိုက်ခိုက်ကြတာပါ။
ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပြီး ဆက်ကျင့်ကြံ အားထုတ်ပါတယ်။ နောက်တစ်ဆင့်သာ တက်သွားရင် ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ တစ်သိန်းခွဲကို တစ်ချက်တည်း သတ်နိုင်သွားမှာပါ။
တိမ်ပင်လယ်ဟာ တောင်တန်းတွေကို ဝန်းရံထားပြီး ကောင်းကင်ဆီ ထိုးထွက်နေတဲ့ လှေကားထစ်တွေကို ကွယ်ထားပါတယ်။
တောင်နံရံတစ်ခုမှာ...
တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ လောင်တန်၊ ဟန်ထော်နဲ့ ယီတျန်ဟာ ဇရပ်တစ်ဆောင်ထဲ ထိုင်ပြီး အရက်သောက်ကာ စကားပြောဆိုနေကြပါတယ်။
“ဒီလိုဆို ဟန်ဟွမ်လို့ခေါ်တဲ့ အဲဒီကောင်လေးက မဟာတာအိုပညာရှိအဆင့်ကို မကြာခင် ရောက်တော့မယ်ပေါ့... ကျွတ်..ကျွတ်... ဒီကောင်လေးရဲ့ အရည်အချင်းက တကယ်ကို ယုတ္တိမဲ့တာပဲ၊ ဟန်ထော် ဘာဖြစ်လို့ အဲဒီလောက် စွမ်းအားမကြီးရတာလဲ” ယီတျန်ဟာ လက်ထဲက အရက်ခွက်ကို လှည့်ရင်း တအံ့တဩ ပြောလိုက်ပါတယ်။
ဟန်ထော်ဟာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပါတယ် “ငါ့ကို မွေးတုန်းက အဖေရဲ့ ကျင့်ကြံမှုနဲ့ ငါ့ညီလေးကို မွေးတုန်းက အဖေရဲ့ ကျင့်ကြံမှုက မိုးနဲ့မြေမက ကွာတယ်၊ ဒီတော့ ငါတို့ အရည်အချင်းကွာတာ ပုံမှန်ပါပဲ”
လောင်တန်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဒီလိုအရည်အချင်းက ယုတ္တိမဲ့တာ မဟုတ်ဘူး၊ လုံးဝကို မရှိခဲ့တဲ့အရာ”
ကျန်းယီဟာ ပြုံးလိုက်ပါတယ် “ဆရာတူညီလေးက ဒီလို အစကောင်းတော့ စိတ်ရှည်လက်ရှည် ကျင့်ကြံနိုင်ပါ့မလားဆိုတာ ငါ သိချင်မိတယ်”
တခြားသူတွေလည်း ဆွေးနွေးကြပါတယ်။ ဟန်ဟွမ်ကတော့ အဓိက အကြောင်းအရာပါ။
ဟန်ထော်ဟာ ပြုံးလိုက်ပါတယ်။ ဟန်ထော်ဟာ ဟန်ဟွမ်ကို တစ်ခါမှ မမြင်ဖူးသေးပေမဲ့ တော်တော်လေး ကြိုက်နေပါပြီ။ မွေးကတည်းက ကြွားလို့ရတဲ့ သူ့ညီလေးကို ဟန်ထော်က ဘယ်လိုလုပ်ပြီး မကြိုက်ဘဲ နေမှာလဲ။
မကြာခင်မှာပဲ သူတို့တွေဟာ ဟန်ဟွမ်အကြောင်း ဘေးထားပြီး အရေးကြီးကိစ္စ စပြောပါတယ်။
“မင်းတို့တွေက ပဋိပက္ခ အောက်ခြေကို သွားချင်တာလား” ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
လောင်တန်ဟာ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါတို့ကိုသာ သွားခွင့်ပြုပါ၊ နောက်ကျရင် ငါတို့တွေ မင်းကို ပြဿနာမရှာပါဘူး”
တာအိုအရှင်သခင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
ကျောက်ရွှမ်ယွမ်ဟာ သက်ပြင်းချလိုက်ပါတယ် “ပြဿနာ ထပ်တက်တော့မယ်လို့ ငါ ခံစားနေရတယ်”
တာအိုအရှင်သခင်ဟာ ကျောက်ရွှမ်ယွမ်ကို ဝါးစားမတတ် စိုက်ကြည့်လိုက်ပါတယ်။ ကျောက်ရွှမ်ယွမ်လည်း ပါးစပ်ပိတ်သွားပါတယ်။
ယီတျန်က ပြောလိုက်ပါတယ် “ပဋိပက္ခ အောက်ခြေက အရမ်းအန္တရာယ်များတယ်၊ ငါတို့တွေ အဲဒီမှာ သေတော့မလို့ပဲ၊ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်တောင် အဲဒီနေရာကို ကြောက်တယ်”
လောင်တန်က အေးဆေး ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ့ ပင်မခန္ဓာကိုယ်က အဲဒီကို ရောက်ဖူးတယ်၊ မကြာသေးခင်ကမှ ပြန်ပြီး ချိပ်ပိတ်ထားတော့ ငါ ဝင်ပေါက်ကို ရှာမတွေ့ဘူး၊ ငါက ဒီကောင်လေးသုံးကောင်အတွက် အခွင့်အရေး ရှာပေးချင်ရုံပါ၊ ပဋိပက္ခအစည်းအဝေးက တဖြည်းဖြည်း နီးလာပြီမလား”
ပဋိပက္ခအစည်းအဝေး။
အခုအချိန်မှာ ဒီအစည်းအဝေးက ပဋိပက္ခတစ်ခုလုံးရဲ့ အာရုံကို ဆွဲဆောင်ထားပါတယ်။ ဒဏ်ခတ်သမားငါးဖော်တောင် အန္တိမဒဏ်ခတ်နတ်မင်းကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
ဟန်ထော်ဟာ တာအိုအရှင်သခင်တို့ သုံးယောက်ကို လှမ်းကြည့်ပြီး တစ်ခဏ တုံ့ဆိုင်းသွားပေမဲ့ နောက်ဆုံးမှာ ခေါင်းညိတ်လိုက်ပါတယ်။
ဒါကို မြင်လိုက်ရတဲ့ တာအိုအရှင်သခင်နဲ့ ကျန်းယီဟာ ပြုံးလိုက်ပါတယ်။ ကျောက်ရွှမ်ယွမ်ကတော့ သက်ပြင်းချလိုက်ပါတယ်။
ယီတျန်က ရုတ်တရက် မေးလိုက်ပါတယ် “ဟန်ဟွမ်က ဒီပဋိပက္ခအစည်းအဝေးကို ဝင်ပြိုင်မှာလား၊ သူက အသက်လေးငါးခြောက်သန်းနဲ့ အနှိုင်းမဲ့နေရာကို ရသွားရင်...”
ကျန်တဲ့လူတွေဟာ ဘယ်လို ပြန်ဖြေရမှန်း မသိတဲ့အတွက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ မဖြစ်နိုင်ဘူးလို့ ပြောချင်ပေမဲ့ ဟန်ဟွမ်က အကန့်အသတ်မဲ့ ဖြစ်နိုင်ခြေနဲ့ မွေးဖွားလာတာ မဟုတ်ပါလား။
အချိန်တစ်ခုထိ ဇရပ်တစ်ခုလုံး တိတ်ကျသွားပါတယ်။ သူတို့တွေဟာ ဟန်ဟွမ်က အစွမ်းအထက်ဆုံး ပြိုင်ဘက် ဖြစ်လိမ့်မယ်လို့ ရုတ်တရက် သဘောပေါက်သွားကြပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်သိန်း ကြာသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ အံ့အားသင့်မှု အရိပ်အယောင်တွေ ယှက်သမ်းသွားပါတယ် ‘တော်တော်ကြမ်းတဲ့ အန္တိမမူလ နတ်ဘီလူးပါလား...’
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်ဟာ အရင်ကထက် အများကြီး ပိုမြန်ပါတယ်။ အနည်းဆုံး ဆယ်ဆကျော် ပိုမြန်ပါတယ်။ ဒီနှုန်းအတိုင်း ဆက်သွားရင် ဟန်ကျွယ်ဟာ မကြာတော့တဲ့ အချိန်အတွင်းမှာ မဟာတာအို အထွတ်အထိပ် နောက်ဆုံးအဆင့်ကို ထိုးဖောက်နိုင်မှာပါ။
ဟန်ကျွယ်ရဲ့ သွေးစည်းက ပဋိပက္ခမှာရှိတဲ့ ထိပ်တန်းပါရမီရှင်တွေထက် နှစ်ဆပိုမြင့်တဲ့အတွက် သူ့ကျင့်ကြံမှုအလျင်က ပဋိပက္ခမှာ အမြန်ဆန်ဆုံးပါ။
ဟန်ကျွယ်ဟာ ဘေးနားက တာအိုဘုံကျောင်းထဲမှာရှိတဲ့ ဟန်ဟွမ်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ဟန်ဟွမ်က မဟာတာအိုပညာရှိ ဖြစ်နေပါပြီ။ မဟာတာအိုကို ရယူပြီးရင် မဟာတာအိုတံခါးထဲ လှမ်းဝင်ဖို့ လိုအပ်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ဟွမ်က မဟာတာအိုတံခါးကို လှမ်းဝင်တုန်း ပြဿနာရှာမရှာ သိချင်သွားတာကြောင့် လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ပြုံးသွားပါတယ် “ရှန်ပေါင် တာအိုကျင့်ကြံသူက မဆိုးဘူးပဲ”
အဖြစ်အပျက်က ဒီလိုပါ။ ဟန်ဟွမ် မဟာတာအိုတံခါးကို ထိုးဖောက်တဲ့အခါ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ စိတ်ဆန္ဒက တံခါးနောက်ကို ရောက်လာပြီး ဟန်ဟွမ်ကို ကူညီခဲ့ပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူ ရှိနေတာကြောင့် ဘယ်မဟာတာအိုပညာရှိ ဘယ်မဟာတာအို နတ်စိတ်ဝိညာဉ်မှ ဟန်ဟွမ် မဟာတာအိုတံခါးထဲ လှမ်းဝင်တာကို မတားဆီးကြပါဘူး။
ဟန်ဟွမ်ဟာ မဟာတာအိုတံခါးကို အဆင်ပြေပြေ ထိုးဖောက်ပြီး ရှန်ပေါင်တာအိုကျင့်ကြံသူနဲ့ မိတ်ဆွေတွေတောင် ဖြစ်သွားကြပါသေးတယ်။ သူတို့နှစ်ယောက် အချိန်ရှိရင် တွေ့ဆုံကြမယ်လို့တောင် ကတိထားခဲ့ကြပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူက တကယ်ကို သိတတ်တာပါ။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါကလွဲရင် ဟန်ဟွမ်က လောကဦး နတ်ဘီလူးဆိုတာကို သိတဲ့လူ ရှိလား”
[သက်တမ်း ၃ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရှိပါ။]
ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။
သေချာတွေးကြည့်ရင် ဒါက အဓိပ္ပာယ် ရှိပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ သောင်းကျန်းမှုနဲ့ လောကဦး နတ်ဘီလူးရဲ့ ဒဏ္ဍာရီက လုံးဝကို ပြီးပြတ်သွားခဲ့တာပါ။ သက်ရှိအကုန်လုံးက လောကဦး နတ်ဘီလူးဆိုတာ အလိမ်အညာတစ်ခုလို့ ယုံကြည်နေကြပါပြီ။
ဟန်ဟွမ်ရဲ့ အရည်အချင်းကိုတော့ သက်ရှိအားလုံးက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကြောင့်လို့ တွေးထင်ကြမှာပါ။
အခု အခြေအနေက တာအိုဖန်တီးရှင်တွေ ဘာတွေးလဲဆိုတာ အပေါ် မူတည်သွားပါပြီ။
ဟန်ဟွမ်က ပဋိပက္ခတစ်ခုလုံးကို မခြိမ်းခြောက်နိုင်သရွေ့ တာအိုဖန်တီးရှင်တွေက လှုပ်ရှားမှာ မဟုတ်ပါဘူး။ သက်ရှိအားလုံးက တာအိုဖန်တီးရှင်ရဲ့ တည်ရှိမှုကို လုံးဝ မသိကြပါဘူး။ သူတို့မျက်လုံးထဲမှာ မဟာတာအိုပညာရှိချုပ် မပြောနဲ့ မဟာတာအိုပညာရှိကို ပဋိပက္ခရဲ့ ထိပ်ဆုံးလို့ ထင်နေကြတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။