← Chapters

ဘိုဘေးထျန်ရွှီ၊ အခွင့်အရေးတစ်ခု ရှိတယ်

Vol. 86 Ch. 908

ဘိုဘေးထျန်ရွှီ၊ အခွင့်အရေးတစ်ခု ရှိတယ်

Vol. 86 Ch. 908

“ဟန်ဟွမ် ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်ရင် တာအိုဖန်တီးရှင်တွေ ပစ်မှတ်ထားတာကို ခံရနိုင်လား”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မခံရပါ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်တွေရဲ့ ရှုထောင့်ကို စိတ်ဝင်စားသွားပါတယ် ‘ဒီတာအိုဖန်တီးရှင်တွေက ဘယ်လိုအန္တရာယ်မျိုးမှ ထိုင်ကြည့်မနေနိုင်မှာလဲ’

အတိတ်မှာတုန်းကလည်း ဟန်ကျွယ် နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို သတ်ပစ်ခဲ့ပေမဲ့ ပဋိပက္ခ သိစိတ်က မလှုပ်ရှားခဲ့ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် မဟာတာအိုပညာရှိချုပ်နဲ့ တာအိုဖန်တီးရှင်ကြားက ကွာခြားမှုဟာ စိတ်ကူးယဉ်လို့ မရဘူးဆိုတာ သိနိုင်ပါတယ်။ ကွာခြားမှုက ကြီးမားလွန်းတဲ့အတွက် တာအိုဖန်တီးရှင်တွေက စိတ်ချလက်ချ နေနိုင်တာ ဖြစ်ပါလိမ့်မယ်။

ဟန်ကျွယ်ဟာ ဒီမေးခွန်းကို စဉ်းစားနေတာ ရပ်လိုက်ပါတယ်။ သူ တာအိုဖန်တီးရှင် ဖြစ်သွားရင် ဒီမေးခွန်းရဲ့အဖြေကို နားလည်သွားမယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဖွင့်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ် စာစောင်တွေ မဖတ်ဖြစ်တာ အတော်ကြာခဲ့ပါပြီ။

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ယုံကြည်မှုစွမ်းအား အမြောက်အမြားကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ပန်ရှင်းသည် သင့်မိတ်ဆွေ ပန်ကူး၏ လမ်းညွှန်မှုကြောင့် မဟာတာအို ဆန်းကြယ်စွမ်းအား တစ်ပါးကို လေ့လာ တတ်မြောက်သွား၏။]

[သင့်မြေးတပည့် ချူရှီရန်သည် ရှေးပျက်သုန်းနယ်မြေသို့ ဝင်ရောက်သွားသည်။]

[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံရပြီး တာအိုဝိညာဉ် ထိခိုက်သွား၏။]

[သင့်မိတ်ဆွေ နတ်‌ဒေါင်းအရှင်သည် မွေးရာပါမူလစွမ်းအား နှုတ်ယူခံရပြီး အသိဉာဏ် ချိပ်ပိတ်ခံလိုက်ရ၏။]

[သင့်သား ဟန်ဟွမ်သည် လောကဦးအဓိပ္ပာယ်စစ်ကို သုံးသပ်နားလည်ပြီး မဟာတာအို ဆန်းကြယ်စွမ်းအား တစ်မျိုးကို ဖန်တီးလိုက်သဖြင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကြောင့် ကံတရား အထောက်အပံ့များစွာ တိုးတက်သွား၏။]

[သင့်တပည့် တာအိုအရှင်သခင်သည် ပဋိပက္ခ အောက်ခြေသို့ ဝင်ရောက်သွား၏။]

ဒီစာစောင်တွေက တော်တော်လေး သဟဇာတ ဖြစ်လှပါတယ်။ တိုက်ခိုက်မှု ကြီးကြီးမားမားလည်း မရှိပါဘူး။ အဲဒီနောက် ဟန်ကျွယ်ရဲ့ အာရုံဟာ နတ်ဒေါင်းအရှင်ဆီ ရောက်သွားပါတယ်။ ဒီတစ်ခါမှာတော့ နတ်ဒေါင်းအရှင်က ဖိနှိပ်ခံထားရတာ တော်တော်ကြာပါပြီ။ အခုထိ မလွတ်နိုင်သေးပါဘူး။ ကြည့်ရတာ ဆက်ပြီးတော့ တောင့်ခံမထားနိုင်တော့တဲ့ပုံပါပဲ။

ဘာပဲဖြစ်ဖြစ် နတ်ဒေါင်းအရှင်က သူ့ရဲ့ နယ်ရုပ်တစ်ရုပ်ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို လက်လွှတ်မခံနိုင်ပါဘူး။ ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် အမှောင်သခင်ကြီးမျက်နှာနဲ့ နတ်ဒေါင်းအရှင်ကို အိပ်မက်ပေးလိုက်ပါတယ်။

နတ်ဒေါင်းအရှင်ရဲ့ အသိဉာဏ် ချိပ်ပိတ်ခံလိုက်ရတာက သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လို့ မရရုံတင်ပါ။ ကျိုးကြောင်း တွေးတောနိုင်စွမ်း ဖျက်ခံလိုက်ရတာ မဟုတ်ပါဘူး။

အိပ်မက်နယ်မြေ။

နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးကို တွေ့လိုက်ရတဲ့အခါ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ အဲဒီနောက် နတ်ဒေါင်းအရှင်ဟာ ရှက်ရွံ့သွားပါတယ်။

ဒီနှစ်တွေမှာ နတ်ဒေါင်းအရှင်ဟာ နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ပေမဲ့ လွတ်အောင် မရုန်းနိုင်ခဲ့ပါဘူး။ နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးဆီကနေ အကြိမ်ပေါင်းများစွာ အကူအညီတောင်းချင်ခဲ့ပါတယ်။ ဒါပေမဲ့ မျက်နှာပျက်မှာစိုးတဲ့အတွက် နတ်ဒေါင်းအရှင်က ဆက်ပြီးတော့ တောင့်ခံနေတာပါ။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘာဖြစ်လို့ ရှေးပျက်သုန်းနယ်မြေဆီ သွားတာလဲ၊ မင်းကို ဘယ်သူ ဖိနှိပ်ထားတာလဲ”

နတ်ဒေါင်းအရှင်ဟာ အမှုမဲ့အမှတ်မဲ့ မနေရဲဘဲ အမှောင်သခင်ကြီးကို အကုန်လုံး ပြောပြပါတယ်။ ပြောရင်းဆိုရင်း နတ်ဒေါင်းအရှင်ဟာ မျက်နှာ ပိုပူသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ဖိနှိပ်တဲ့လူက အဖြူလား အမည်းလား မကွဲလို့ပါ။

“စောင့်နေ”

စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်ပြီး တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။ ဟန်ကျွယ် နတ်ဒေါင်းအရှင်ကို အိပ်မက်ပေးတာက သူ့ကို ကူညီတဲ့လူက သူဆိုတာကို သိစေချင်တာကြောင့်ပါ။ ဒါမှ နတ်ဒေါင်းအရှင် သူ့အပေါ် ပိုပြီးတော့ သစ္စာရှိလာမယ် မဟုတ်ပါလား။

“နတ်ဒေါင်းအရှင်ကို ဖိနှိပ်ထားတာ ဘယ်သူလဲ”

[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘သက်တမ်း ၁ ထရီလီယံတောင်... ဒါ လောင်ဇီနဲ့ ညီမျှတဲ့ တန်ဖိုးပဲ...’ ဟန်ကျွယ်ဟာ ရှေးပျက်သုန်းနယ်မြေထဲမှာ ဒီလိုမျိုး တည်ရှိမှုတစ်ခု ပုန်းအောင်းနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ဆက်တွက်မယ်။

ဟန်ကျွယ်ဟာ တစ်ဖက်လူက အရမ်းစွမ်းအားကြီးရင် နတ်ဒေါင်းအရှင်ကို လက်လျှော့လိုက်မှာပါ။ နတ်ဒေါင်းအရှင်အတွက်နဲ့ ဟန်ကျွယ်က သူ့အသက်ကို စွန့်စားမှာ မဟုတ်ပါဘူး။ နောက်ပြီး အရင်တစ်ခေါက်ကလည်း ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို ကယ်ပြီးပါပြီ။ ဒါပေမဲ့ နတ်ဒေါင်းအရှင်က အေးအေးဆေးဆေး မကျင့်ကြံဘဲ ပြဿနာတောထဲ ခုန်ဆင်းပါတယ်။ ကျိန်စာနတ်ဘီလူးနောက်ကို အကြာကြီး လိုက်ခဲ့တဲ့ အကျိုးဆောင်မှုကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်ဟာ နတ်‌ဒေါင်းအရှင်ကို ပစ်ထားလိုက်တာ ကြာပါပြီ။

ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်သွင် ပေါ်လာပြီး ဟန်ကျွယ် မြင်ကွင်းထဲမှာ စာကြောင်းတွေ ပေါ်လာပါတယ်။

[ဘိုးဘေးထျန်ရွှီ: မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်၊ တာအိုဖြတ်ကျော် ဆရာကြီး၊ ကမ္ဘာဖန်တီးရှင်၊ ပဋိပက္ခ၏ ရှန်တျန်သက်ရှိ။ ပဋိပက္ခ၏ ပထမဆုံးကမ္ဘာကို ဖန်တီးခဲ့သူ ဖြစ်ပြီး ရှေးပျက်သုန်းနယ်မြေ၌ တာအိုဘိုးဘေး၏ ဖိနှိပ်ခြင်းကို ခံရကာ ဘယ်သောအခါမျှ တာအိုဘိုးဘေးကို သာလွန်နိုင်ခြင်းမရှိတော့ပေ။]

‘ဒီကောင်ရဲ့ ကျင့်ကြံမှုအဆင့်က ငါနဲ့ အတူတူပဲ... ဒီလိုတည်ရှိမှုမျိုးကိုတောင် တာအိုဘိုးဘေးက ဖိနှိပ်ထားခဲ့တာဆိုတော့ တာအိုဘိုးဘေးက တာအိုဖန်တီးရှင်များလား...’

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ကြည့်လိုက်တဲ့အခါ တာအိုဘိုးဘေးရဲ့ ပုံရိပ်က အနက်ရောင် ဖြစ်နေပြီး ကျင့်ကြံမှုက မသိလို့ ပြနေပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲက‌နေ စနစ်ကို မေးလိုက်ပါတယ် “တာအိုဘိုးဘေးက တာအိုဖန်တီးရှင်လား”

[ကံတရားအား ဖမ်းယူ၍ မရပါ။ မတည်ရှိသည်လည်း ဖြစ်နိုင်သည်။]

‘တာအိုဘိုးဘေးက လျှော့တွက်လို့ မရဘူးပဲ’

“တာအိုဖန်တီးရှင်ငါးပါးထဲမှာ တာအိုဘိုးဘေးပါလား”

[ကံတရားအား ဖမ်းယူ၍ မရပါ။ မတည်ရှိသည်လည်း ဖြစ်နိုင်သည်။]

ဟန်ကျွယ်ဟာ တာအိုဘိုးဘေးအကြောင်း မေးမြန်းတာကို လက်လျှော့ပြီး ဘိုးဘေးထျန်ရွှီကို အာရုံစိုက်လိုက်ပါတယ် “ငါ ဘိုးဘေးထျန်ရွှီကို တစ်ချက်တည်းနဲ့ သတ်နိုင်လား”

[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[သတ်နိုင်ပါသည်။]

‘ဒါဆို ရပြီ’

ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးမျက်နှာနဲ့ ဘိုးဘေးထျန်ရွှီကို ချက်ချင်း အိပ်မက်ပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပထမဆုံး စကားကောင်းကောင်းပြောပြီး အလုပ်မဖြစ်မှ အားသုံးဖို့ စီစဉ်ထားပါတယ်။ ဒီအဆင့်အထိရောက်အောင် ကျင့်ကြံအားထုတ်ဖို့ဆိုတာက လွယ်ကူတာ မဟုတ်ပါဘူး။ ကံရေစက်ကိုသာ ဖြေရှင်းနိုင်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဟန်ကျွယ်ဟာ နောက်ထပ် လူတစ်ယောက်ကို ထပ်မသတ်ချင်ပါဘူး။

အိပ်မက်နယ်မြေ။

အမှောင်သခင်ကြီးမျက်နှာနဲ့ ဟန်ကျွယ်ဟာ ဘိုးဘေးထျန်ရွှီကို တွေ့မြင်လိုက်ရပါတယ်။

ဘိုးဘေးထျန်ရွှီဟာ ဆံပင်တွေ ဖြူနေပြီး စုတ်ပြတ်သဝာ်နေတဲ့ မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ ဘိုးဘေးထျန်ရွှီရဲ့ အဝတ်အစားတွေက စုတ်ပြတ်သဝာ်နေပေမဲ့ ရုပ်ဆင်းသွင်ပြင်က ထူးခြားနေတုန်းပါ။ အထူးသဖြင့် မျက်လုံးတွေပါ။ ဘို‌ဘေးထျန်ရွှီရဲ့ မျက်လုံးတွေက လောကမှာရှိတဲ့ အရာအားလုံးကို ထိုးဖောက်မြင်နိုင်တဲ့ စွမ်းအားတွေ ပြည့်နှက်နေသလိုပါပဲ။

ဘိုးဘေးထျန်ရွှီဟာ အမှောင်သခင်ကြီးကို တွေ့လိုက်ရတဲ့အခါ မျက်မှောင်ကြုတ်သွားပါတယ်။ တစ်ဖက်လူက သူ့ကို အိပ်မက်ထဲ အတင်းဆွဲသွင်းနိုင်တဲ့အတွက် မခေဘူးဆိုတာကိုလည်း သိလိုက်ပါတယ်။

ဒါပေမဲ့ ဘိုးဘေးထျန်ရွှီဟာ အမှောင်သခင်ကြီးကို မသိပါဘူး။ ဘိုးဘေးထျန်ရွှီဟာ မျိုးဆက်သစ်တွေ အင်အားကြီးလာတာကို တွေးပြီး သက်ပြင်းချမိလိုက်ပါတယ်။ ဘိုးဘေးထျန်ရွှီဟာ တာအိုဘိုးဘေး ဖိနှိပ်တာကို အချိန်အကြာကြီး ခံခဲ့ရတဲ့အတွက် ပဋိပက္ခမှာ စွမ်းအားကြီးပုဂ္ဂိုလ် အသစ်တစ်ပါး ပေါ်ပေါက်လာတာကို အံ့အားသင့်ခြင်း မရှိပါဘူး။

ဟန်ကျွယ်က အရင် စကားစလိုက်ပါတယ် “တာအိုရောင်းရင်း... ကျုပ်ရဲ့ ငယ်သားက ရှေးပျက်သုန်းနယ်မြေထဲကို မတော်တဆ ဝင်ရောက်မိပြီး တာအိုရောင်းရင်းကို အပြစ်ပြုမိခဲ့တယ်၊ သူ ဖိနှိပ်ခံထားရတာလည်း ကြာပြီဆိုတော့ သူ့အပြစ်တွေ ကျေလောက်ပါပြီ၊ သူ့ကို လွှတ်ပေးပါတော့”

“သူက မဟာတာအိုပညာရှိအဆင့်ပဲ ရှိတာ၊ တာအိုရောင်းရင်းရဲ့ မဟာာအိုအထွတ်အထိပ် ထိပ်ဆုံးအဆင့်နဲ့ ယှဉ်ရင် ပြောပလောက်တာ မဟုတ်ဘူး၊ သူ့ဆီမှာ တာအိုရောင်းရင်း လိုချင်တာလည်း ရှိမှာမဟုတ်ဘူး”

ဘိုးဘေးထျန်ရွှီဟာ မျက်လုံးကျဉ်းသွားပြီး ပြန်မေးပါတယ် “မင်းက ဘယ်သူ့ကို ပြောနေတာလဲ”

“နတ်ဒေါင်းအရှင်...”

“အို... အဲဒီကောင်လေးလား၊ ဒီဒေါင်းလေးက သူ့မှာ နောက်ခံရှိတယ်လို့ ဆက်တိုက်ပြောနေတာ၊ ဒါပေမဲ့ ငါ တစ်ယောက်မှ မတွေ့လို့ သူ ဝမရှိဘဲ ဝိလုပ်နေတယ် ထင်တာ၊ အမှန်ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး”

“တာအိုရောင်းရင်းရဲ့ သဘောထားလေး ပြောပါဦး”

ဘိုးဘေးထျန်ရွှီဟာ ချက်ချင်း ပြန်မဖြေဘဲ ဟန်ကျွယ်ကို စိုက်ကြည့်ကာ တစ်စုံတစ်ခုကို တွေးတောလိုက်ပါတယ်။

ဟန်ကျွယ်ကလည်း အလျင်မလိုတာကြောင့် အေးဆေး စောင့်ပါတယ်။

အချိန်အတော်ကြာသွားတဲ့ အခါမှာတော့...

ဘိုးဘေးထျန်ရွှီက မေးလိုက်ပါတယ် “တာအိုရောင်းရင်းရဲ့ နာမည်ကို သိလို့ရမလား၊ ကျုပ်က ဘိုးဘေးထျန်ရွှီ၊ တာအိုရောင်းရင်းက ကျုပ်နာမည်ကို တစ်ခါမှ မကြားဖူးတာလည်း ဖြစ်နိုင်တယ်”

“သက်ရှိအားလုံးက ကျုပ်ကို အမှောင်သခင်ကြီးလို့ ခေါ်တယ်၊ တာအိုရောင်းရင်းရဲ့ နာမည်ကိုတော့ ကျုပ်သိပါတယ်၊ မဟုတ်ရင် တာအိုရောင်းရင်းရဲ့ အိပ်မက်ထဲကို ဘယ်လိုလုပ်ပြီး လာလည်လို့ရမှာလဲ၊ တာအိုရောင်းရင်းက ပဋိပက္ခရဲ့ ပထမဆုံးကမ္ဘာဖြစ်တဲ့ ကောင်းကင်အပျက်အစီး နတ်ကမ္ဘာကို တည်ထောင်သူမလား၊ ဒါပေမဲ့ တာအိုရောင်းရင်းရဲ့ ကံကြမ္မာက သိပ်မကောင်းခဲ့ဘူး”

ဘိုးဘေးထျန်ရွှီဟာ သက်ပြင်းချလိုက်ပါတယ် “ကျုပ်ကို မှတ်မိနေတဲ့ ကျင့်ကြံသူ ရှိလိမ့်မယ်လို့ ထင်မထားဘူး၊ ကောင်းပြီ... ငါ နတ်ဒေါင်းအရှင်ကို လွှတ်ပေးလို့ရတယ်၊ သူ ပြန်‌ရောက်ရင် ရှေးပျက်သုန်းနယ်မြေက အလိမ်အညာတစ်ခုဆိုတာကို သတိပေးလိုက်၊ ထပ်ပြီးတော့ မလာစေနဲ့”

“တာအိုဘိုးဘေးနဲ့ ပတ်သက်နေလို့လား”

ဘိုးဘေးထျန်ရွှီဟာ နှလုံးလှုပ်သွားပြီး မျက်လုံးကျဉ်းသွားပါတယ်။ အဲဒီနောက် ရုတ်တရက်ဆိုသလို အမျက်ထွက်သွားပါတယ် “တာအိုဘိုးဘေး... ဟားဟား... အဲဒီကောင်က ဘယ်လို တာအိုဘိုးဘေးမျိုးလဲ၊ အဲဒီကောင်အကြောင်းကို ထပ်မပြောနဲ့၊ ဒါပဲ... ငါ ဒေါင်းလေးကို ရှေးပျက်သုန်းနယ်မြေ အပြင်ဘက် ပို့လိုက်မယ်”

အိပ်မက်ဟာ ကွဲကြေသွားပါတယ်.

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘိုးဘေးထျန်ရွှီက ဒီလောက်ထိ စိတ်ခံစားချက် ပြင်းထန်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဒါပေမဲ့ ဘိုးဘေးထျန်ရွှီက သူ့ကို မမုန်းတဲ့အတွက် သူ့စကားကိုတော့ တည်လောက်မှာပါ။

ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတဲ့အတွက် အိပ်မက်တွေ လျှောက်ပေးပါတယ်။ ဒီတစ်ခါ ဟန်ကျွယ်ရဲ့ ပစ်မှတ်က ဟွမ်ဇွမ်တျန်ပါ။ ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ ပင်မမျက်နှာကို အသုံးပြုပါတယ်။

အိပ်မက်နယ်မြေ။

ဟွမ်ဇွမ်တျန်ရဲ့ ရောင်ဝါဟာ ရှန်ပေါင် တာအိုကျင့်ကြံသူထက် မနိမ့်ပါဘူး။ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရလို့ စိတ်လှုပ်ရှားခြင်း မရှိဘဲ အရင်မေးလိုက်ပါတယ် “ကျွန်တော့်မှာ အခွင့်အရေးတစ်ခု ရှိတယ်၊ လိုချင်လား”

ဟန်ကျွယ်ဟာ မျက်လုံးပင့်တက်သွားပါတယ် “မလိုချင်ဘူး”

ဒီတော့မှ ဟွမ်ဇွမ်တျန်ဟာ စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ အခြေအနေကို မေးမြန်းပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဘာတစ်ခုမှ မဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောပြပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ကပ်ဘေးထိန်းချုပ်သူ အများစုကို ထိန်းချုပ်နိုင်နေပါပြီ။ ဘိုးဘေးရှီတျန်၊ လီတောက်ခုံး၊ ရှီတုတောက်နဲ့ တခြားလူတွေတောင် ဟွမ်ဇွမ်တျန် လက်အောက်ကို ရောက်နေကြပါပြီ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters