← Chapters

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်၊ ခြေလှမ်းတစ်ဝက် တာအိုဖန်တီးရှင်

Vol. 86 Ch. 909

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်၊ ခြေလှမ်းတစ်ဝက် တာအိုဖန်တီးရှင်

Vol. 86 Ch. 909

ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်တို့ ဟွမ်ဇွမ်တျန်ရဲ့ လက်အောက် ရောက်သွားပြီလို့ ကြားလိုက်ရတဲ့အခါ ဟွမ်ဇွမ်တျန်ကို ခေါင်းအစ ခြေအဆုံး ပြန်ကြည့်မိလိုက်ပါတယ်။ မသိမသာနဲ့ ဟွမ်ဇွမ်တျန်က ဟန်ကျွယ်ရဲ့ ထင်မြင်ချက်ကို ချိုးဖျက်နိုင်တဲ့အထိ စွမ်းအားကြီးလာခဲ့ပါပြီ။

အရင်တုန်းကဆိုရင် ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်နဲ့ ဟွမ်ဇွမ်တျန် ဘယ်သူ စွမ်းအားပိုကြီးလဲလို့ မေးလာရင် ဘိုးဘေးရှီတျန်ပဲလို့ ဖြေမိမှာပါ။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ အနာဂတ်ကို တွက်ချက်မိချင်သွားပါတယ်။

ဟွမ်ဇွမ်တျန်ဟာ သူ့အတွေ့အကြုံတွေကို တက်တက်ကြွကြွ ပြောပြပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ကျယ်ကျောင်းတော်မှာ ခခယယနေခဲ့ရတဲ့ သေမျိုးတစ်ယောက် မဟုတ်တော့ပါဘူး။

ဟန်ကျွယ်အတွက်တော့ အချိန်တွေက အရမ်းမြန်လွန်းပါတယ်။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်အတွက်တော့ အချိန်တွေက အရမ်းနှေးလွန်းပါတယ်။ ဟွမ်ဇွမ်တျန်ဟာ အခုအချိန်မှာ အရမ်းကို ဂုဏ်သိမ်တွေ ထည်ဝါနေပေမဲ့ ဘယ်လောက်ထိ ပေးဆပ်ခဲ့ရလဲ ဘယ်လောက်ထိ ကြိုးစားခဲ့ရလဲဆိုတာကို ဟွမ်ဇွမ်တျန် တစ်ယောက်ပဲ သိပါတယ်။ ပြန်တွေးကြည့်တိုင်း ဟွမ်ဇွမ်တျန်ဟာ ခြေလက် လှုပ်ချင်စိတ် မရှိတော့ပါဘူး။

အကောက်ကြံတာ၊ အာဏာလွန်ဆွဲတာ၊ သွေးဆောင်ဖြားယောင်းတာ၊ ဖျောင်းဖျတာ စတာတွေ စုံလို့ပါပဲ။ ဟွမ်ဇွမ်တျန်ဟာ ကျဆုံးမှာကြောက်တဲ့အတွက် ခြေလှမ်းတိုင်းကို ဂရုတစိုက် လှမ်းခဲ့ပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “သခင်... ကျွန်တော်ရဲ့ လက်အောက်ငယ်သားတွေက ဒီအတောအတွင်း ပဋိပက္ခကို အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ မူမမှန်တာကို ရှာတွေ့ထားတယ်”

ဟန်ကျွယ်ဟာ ဘာမှမပြောပါဘူး။

ဟွမ်ဇွမ်တျန်ဟာ လူတွေရဲ့ အမူအရာကို ဖတ်တဲ့နေရာမှာ ထက်မြက်လွန်းတာကြောင့် ချက်ချင်း ပြောလိုက်ပါတယ် “အဲဒီနေရာက ရှေးပျက်သုန်းနယ်မြေထဲမှာ... ရှေးပျက်သုန်းနယ်မြေမှာ အမျိုးအမည် မသိတဲ့ နယ်မြေတစ်ခုဆီ ဦးတည်တဲ့ တားမြစ်နေရာတစ်ခု ရှိတယ်၊ တာအိုမိစ္ဆာတွေက အဲဒီနေရာကနေ ထွက်လာကြတာ၊ ဒီအတောအတွင်း ရှေးပျက်သုန်းနယ်မြေမှာ တာအိုမိစ္ဆာတွေ ပိုပိုပြီးတော့ ပေါ်လာတယ်၊ ဒါက ပြဿနာကြီး ဖြစ်လာမှာကို ကျွန်တော် စိုးရိမ်မိတယ်”

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပြီး အတွေးနက်သွားပါတယ် ‘ဘိုးဘေးထျန်ရွှီက တာအိုဘိုးဘေးကို ကလဲ့စားချေဖို့ ပြင်ဆင်နေတာလား... ဒါ ဖြစ်နိုင်တယ်’

“ရှေးပျက်သုန်းနယ်မြေက တားမြစ်နယ်မြေပဲ၊ မကြာသေးခင်က စွမ်းအားကြီးပုဂ္ဂိုလ် တော်တော်များများ အဲဒီအထဲမှာ သေသွားတယ်၊ အဲဒါကြောင့် အဲဒီနေရာကို ဘယ်သူမှ အာရုံမစိုက်တော့ဘူး၊ အဲဒီနောက်ပိုင်း တာအိုမိစ္ဆာတွေ ထွက်လာနှုန်းက အရင်ကထက် ပိုတိုးလာတာပဲ၊ ဒီလိုတိုးလာတာက အကြောင်းအရင်းတစ်ခုတော့ ရှိရမယ်၊ အရေးအကြီးဆုံးက နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာကို ကျွန်တော် ရှာလို့မရဘူး၊ ပဋိပက္ခရဲ့ ပထမဆုံးကမ္ဘာကို ဖန်တီးခဲ့တဲ့ ဘိုးဘေးထျန်ရွှီက အစွမ်းအထက်ဆုံး တာအိုမိစ္ဆာဆိုတာပဲ ကျွန်တော် သိတယ်” ဟွမ်ဇွမ်တျန်က အလေးအနက် ပြောလိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ မျက်လုံးထဲက ကြောက်ရွံ့မှုကို ကြည့်ခြင်းအားဖြင့် ဟွမ်ဇွမ်တျန်က ဘိုးဘေးထျန်ရွှီနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ပုံပါပဲ။

ဟန်ကျွယ်ရဲ့ မျက်နှာသာ မသိမသာ ပြောင်းသွားပါတယ် ‘ဘိုးဘေးထျန်ရွှီက တာအိုမိစ္ဆာ... တကယ်ပဲ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတာလား...’

“ငါ ဒီကိစ္စကို အာရုံစိုက်လိုက်မယ်၊ ရှုံဟွာကို မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ”

မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ လောကဦး ဘိုးဘေးနတ်ဘုရား သေဆုံးပြီးနောက် ရှုံဟွာအင်အားစုကို လိုက်ပြီးတော့ မတိုက်တော့ပါဘူး။ ဒါကြောင့် ရှုံဟွာအင်အားစုဟာ အနားယူဖို့ အခွင့်အရေး ရသွားပါတယ်။

ဟွမ်ဇွမ်တျန်က ပြောလိုက်ပါတယ် “ကျွန်တော် မျိုးဆက်တစ်ဆက် တည်ထောင်ပြီး ဂူအောင်းနေထိုင်ဖို့ စီစဉ်ထားတယ်၊ ဒီမျိုးဆက် ပြီးပြည့်စုံရင် ကျွန်တော် အစီအစဉ်ဆွဲမယ်၊ လက်ရှိ ပဋိပက္ခက ငြိမ်းချမ်းတယ်လို့ ထင်ရပေမဲ့ အောက်ရေစီး ကြမ်းတယ်လို့ ကျွန်တော် ခံစားမိတယ်”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ အခြေကျဖို့ အချိန်တန်ပြီ၊ အချိန်က အရာအားလုံးကို ဖျက်သွားပါလိမ့်မယ်”

အဲဒီနောက် ဟန်ကျွယ်နဲ့ ဟွမ်ဇွမ်တျန်ဟာ စကား နည်းနည်းပါးပါး ထပ်ပြောပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ ဒီအိပ်မက်ရဲ့ အဓိက ရည်ရွယ်ချက်က ဟွမ်ဇွမ်တျန်ကို ဂရုစိုက်သေးကြောင်း သိစေချင်လို့ပါ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “တာအိုမိစ္ဆာတွေနောက်မှာ ဘယ်သူရှိလဲ”

[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

သက်တမ်း ၁၀၀ ထရီလီယံက လောင်ဇီထက် အဆတစ်ရာ စွမ်းအားကြီးပြီး တာအိုဖန်တီးရှင် ဆယ်ဆ အားနည်းပါတယ်။ ဒီတန်ဖိုးကို ကြည့်ခြင်းအားဖြင့် ဘိုးဘေးထျန်ရွှီ မဟုတ်ဘူးဆိုတာ ကျိန်းသေသွားပါပြီ။

ဟန်ကျွယ်ဟာ ချက်ချင်း ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။

ဟန်ကျွယ် စိတ်ထဲမှာ ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။ ဒီရုပ်သွင်ရဲ့ ခန္ဓာကိုယ်က အစိမ်းရောင် မီးလျှံတွေနဲ့ တူပြီး အရိုးဖြူ မျက်နှာဖုံးကို ဝတ်ဆင်ထားပါတယ်။ သူ့ဆံပင်နက်တွေက ရေဘဝဲရဲ့ လက်တံလိုမျိုး လေထဲမှာ လူးလွန့်နေပါတယ်။ တစ်ချက်ကြည့်ပြီး ပြောရရင် မြင်သူတိုင်းကို အသည်းယားပြီး ချောက်ချား‌စေမဲ့ ရုပ်သွင်ပါ။

[ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်: မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်၊ ခြေလှမ်းတစ်ဝက် တာအိုဖန်တီးရှင်၊ တာအိုဖြတ်ကျော် ဆရာကြီး၊ မိုးမြေစိတ်ဝိညာဉ်၊ အကုသိုလ်ကံ အရှင်သခင်၊ တာအိုမိစ္ဆာ အရှင်သခင်၊ ကောင်းကင်တာအို မိစ္ဆာ စိတ်ဝိညာဉ်။]

‘ခြေလှမ်းတစ်ဝက် တာအိုဖန်တီးရှင်...’

‘ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းလိုက်လဲ...’

ဟန်ကျွယ်ဟာ ကောင်းကင်တာအို မိစ္ဆာ စိတ်ဝိညာဉ်ဆိုတာကို သတိထားမိသွားပါတယ် ‘ဒီကောင်က ကောင်းကင်တာအိုနဲ့ ပတ်သက်နေတာလား’

သေချာတွေးကြည့်ရင် ဒါက အဓိပ္ပာယ်မရှိတာတော့ မဟုတ်ပါဘူး။ ရှေးပျက်သုန်းနယ်မြေက လောကဦးကမ္ဘာ ကွဲကြေပြီး ဖြစ်ပေါ်လာတာပါ။ လောကဦးကမ္ဘာရဲ့ အပိုင်းအစ အများစုက ရှေးပျက်သုန်းနယ်မြေအဖြစ် အသွင်ပြောင်းလဲသွားပြီး ကျန်တဲ့အပိုင်းအစတွေက အင်မော်တယ်ကမ္ဘာ ဖြစ်သွားတာပါ။ ဒါကြောင့် ရှေးပျက်သုန်း စိတ်ဝိညာဉ်က ကောင်းကင်တာအိုနဲ့ ပတ်သက်နေတာပါ။

ကောင်းကင်တာအိုက ပဋိက္ခထဲမှာ သိပ်စွမ်းအားကြီးတဲ့ပုံ မပေါ်ပါဘူး။ ဒီလိုဖြစ်ရတာ တာအိုဘိုးဘေးရဲ့ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုကြောင့်ပါ။ တကယ်တော့ ကောင်းကင်တာအိုက တော်တော်လေး ရှေးကျပါတယ်။ ကောင်းကင်တာအို သက်ရှိတွေဟာ ပဋိပက္ခရဲ့ ထိပ်ဆုံးရောက်အောင် ကျင့်ကြံအားထုတ်နိုင်ကြပါတယ်။

“ငါ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တစ်ချက်တည်း သတ်နိုင်လား”

[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မသတ်နိုင်ပါ။]

ဟန်ကျွယ်ဟာ နည်းနည်း စိတ်ပျက်သွားပါတယ်။ ဒါပေမဲ့ သေချာပြန်တွေးကြည့်တော့ ဒါက အဓိပ္ပာယ်ရှိပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က တာအိုဖန်တီးရှင်အဆင့်ထဲကို ခြေလှမ်းတစ်ဝက် ရောက်သွားပါပြီ။ သူက မဟာတာအိုပညာရှိချုပ်တစ်ပါး သတ်နိုင်တဲ့ တည်ရှိမှု မဟုတ်တော့ပါဘူး။

ဟန်ကျွယ်ဟာ အများကြီး မတွေးဘဲ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပစ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပဋိပက္ခရဲ့ အရှင်သခင်က အန္တိမဒဏ်ခတ်နတ်မင်းပါ။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ မဟုတ်ပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

သစ်ပင်အိုကြီးအောက်။

ဟန်ချင်းအာဟာ အဝေးက တပည့်တွေကို ပျင်းပျင်းနဲ့ ထိုင်ကြည့်နေပါတယ်။ ဟန်ချင်းအာဟာ တစ်ချက်သမ်းလိုက်ပါတယ် “ဝါး... အစ်ကိုနှစ်က ဘာဖြစ်လို့ ဂူအောင်းရာက ထွက်မလာသေးတာလဲ၊ ဂူအောင်းကျင့်ကြံတာက အဲဒီလောက် ပျော်ဖို့ကောင်းလို့လား...”

ဟန်ချင်းအာ ‌ဘေးမှာရှိတဲ့ ချင်းလွမ်အာဟာ ပြုံးလိုက်ပါတယ် “သမီးရဲ့ အစ်ကိုနှစ်က ရည်မှန်းချက် ကြီးတယ်၊ သူက သမီးနဲ့ ဘယ်လိုလုပ်ပြီး တူမှာလဲ၊ သူက သမီးအဖေလိုမျိုး ကြိုးကြိုးစားစား ကျင့်ကြံနေတာ၊ ပျင်းဖို့တောင် အချိန်မရှိဘူး”

ဟန်ချင်းအာဟာ မျက်လုံးပင့်တက်သွားပါတယ် “အရင်တုန်းက သမီးလည်း ရည်မှန်းချက် ကြီးခဲ့ပါတယ်နော်... ဒါပေမဲ့ အစ်ကိုနှစ် မွေးလားကတည်းက ဖေဖေ့ဘေးမှာ သမီးအတွက် နေရာမရှိတော့ဘူးဆိုတာ သိလိုက်တယ်၊ အဲဒါကြောင့် အစ်ကိုနှစ်နဲ့ မပြိုင်ဘဲ ဘဝကို အေးအေးချမ်းချမ်း စံစားနေတာ”

ဟန်ချင်းအာဟာ ဘယ်ပါရမီရှင်ဖြစ်ဖြစ် ဟန်ဟွမ်ကိုတွေ့ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်သွားမယ်လို့ ယုံကြည်ထားပါတယ်။ နောက်ပြီး အဲဒီလူက သူ့ရဲ့အစ်ကိုရင်း ဖြစ်နေရင်ပေါ့။

ချင်းလွမ်အာဟာ ပါးစပ်ကိုကာပြီး ရယ်လိုက်ပါတယ်။

ဒီအချိန်မှာပဲ ဟန်ဟွမ်ရဲ့ တာအိုဘုံကျောင်းတံခါးဟာ ရုတ်တရက် ပွင့်သွားပြီး အထဲကနေ ရုပ်သွင်တစ်သွင် ထွက်လာပါတယ်။

ဟန်ချင်းအာဟာ ဒီရုပ်သွင်ကို ကြည့်ပြီး မှင်တက်သွားပါတယ်။

ချင်းလွမ်အာရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး ချီးကျူးလိုက်ပါတယ် “သားက သားအဖေနဲ့ ပိုပိုတူလာပြီ”

ဒီရုပ်သွင်က ဟန်ဟွမ်ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။

ဟန်ဟွမ်ဟာ ရုပ်ချောပြီး ခန္ဓာကိုယ် တောင့်တင်းလှပါတယ်။ မျက်လုံးထဲမှာတော့ မာနတွေ ပြည့်နေပါတယ်။ ဟန်ဟွမ်ရဲ့ ဝတ်ရုံဖြူဟာ မဆိုစလောက် လူးလွန့်နေပြီး သူ့ရဲ့ ဆံပင်နက်တွေကိုတော့ ပါးလွှာတဲ့ ကြိုးတစ်ချောင်းနဲ့ ခေါင်းထက်မှာ ချည်နှောင်ထားပါတယ်။ ဟန်ဟွမ်ရဲ့ အရည်အချင်းတင် ပြိုင်ဘက်ကင်းတာ မဟုတ်ပါဘူး။ သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကပါ ပြိုင်ဘက်ကင်းတာပါ။

ဟန်ချင်းအာဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “နင်က ထွက်လာဖို့ သတိရသေးတယ်ပေါ့”

ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “ချင်းအာ... အစ်ကို မဟာတာအို ရသွားပြီ၊ အစ်ကိုရဲ့ ကိုယ်ပိုင် ဆန်းကြယ်စွမ်းအားကိုလည်း ဖန်တီးနိုင်လိုက်တယ်၊ ပြောကြည့်... အစ်ကိုက စွမ်းအားကြီးလား”

“ကြီးတယ်... ကြီးတယ်...” ဟန်ချင်းအာဟာ ဝတ်ကျေတမ်းကျေ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ လန့်သွားပါတယ်။ ဟန်ချင်းအာဟာ ဟန်ဟွမ်ဟာ မွန်းစတား တစ်ကောင်မှန်း သိပေမဲ့ ဒီလောက်ထိ အရည်အချင်း ရှိလိမ့်မယ်လို့တောင် ထင်မထားခဲ့ပါဘူး။

မဟာတာအို။

တွေးကြည့်ရုံနဲ့တင် ဟန်ချင်းအာဟာ ရင်ထဲမှာ တဆစ်ဆစ် ကိုက်သွားပါတယ်။ သူမရဲ့ အစ်ကိုနှစ်ရှေ့မှာ သူမက သေမျိုးပဲ မဟုတ်ပါလား။

ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “အစ်ကို နောက်ထပ် နှစ်တစ်သန်း ကျင့်ကြံပြီးရင် ညီမလေးကိုခေါ်ပြီး ပဋိပက္ခဆီ လျှောက်သွားမယ်၊ အစ်ကိုရှိနေရင် ပဋိပက္ခမှာ ညီမလေးကို ဘယ်သူမှ ထိခိုက်အောင် လုပ်ရဲမှာ မဟုတ်ဘူး၊ အဲဒီအချိန်ကျရင် ညီမလေး သွားချင်တဲ့နေရာမှန်သမျှ အစ်ကို အဖော်ပြုပေးမယ်”

ဟန်ချင်းအာဟာ ချက်ချင်း ဝမ်းသာသွားပါတယ်။ ရင်ထဲက ဝမ်းနည်းမှုတွေလည်း တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပါတယ်။ ဟန်ချင်းအာဟာ ဟန်ဟွမ်ရဲ့ ရင်ဘက်ကို လိမ်ဆွဲပြီး ကြိမ်းသလိုလို နောက်သလိုလိုနဲ့ ပြောလိုက်ပါတယ် “အစ်ကိုနှစ်က အသိတရားလေးတော့ ရှိသေးသားပဲ”

“ရှိတာပေါ့”

ဟန်ဟွမ်ဟာ ငယ်ငယ်လေးကတည်းက ဟန်ချင်းအာနား ကပ်ခဲ့တာပါ။ သူတို့နှစ်ယောက်က အိမ်ကနေ ဘယ်တုန်းကမှ ထွက်မသွားရတဲ့အတွက် သူတို့ဆက်ဆံရေးက နီးကပ်လှပါတယ်။

ဟန်ဟွမ်ဟာ ချင်းလွမ်အာ၊ ဟန်ချင်းအာတို့နဲ့ စကားခဏ ပြောပြီးနောက် ဟန်ချင်းအာတို့ကို နှုတ်ဆက်ကာ သူ့အမေ ရှင်းဟုန်ရွှမ်ဆီ သွားလည်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကျင့်ကြံမှုရလဒ်ကို သွားကြွားတာပါ။

ဒါပေမဲ့ ရှင်းဟုန်ရွှမ်က မျက်နှာကြီး တည်နေတဲ့အတွက် ဟန်ဟွမ်ဟာ တော်တော်လေး မကျေမနပ် ဖြစ်သွားပါတယ် ‘အမေသုံးပဲ ငါ့ကို ချစ်တယ်’

အမေအကြီးဆုံးက ရှင်းဟုန်ရွှမ်၊ အမေနှစ်က ရွှမ်ချင်းကျွင်း၊ အမေသုံးက ချင်းလွမ်အာ၊ အမေလေးက လီယောင်၊ အမေငါးက ဝူတောက်ကျန့်ပါ။ ဒါက ဟန်ကျွယ် စီစဉ်ထားတဲ့ ဆက်ဆံရေးပါ။

ဟန်ဟွမ်ဟာ နောက်ကျရင် ရှင်းဟုန်ရွှမ်ဆီ လာလည်မဲ့အစား ချင်းလွမ်အာဆီ သွားလည်ဖို့ စိတ်ပိုင်း ဖြတ်လိုက်ပါတယ်။

ဟန်ဟွမ်ဟာ သူ့အမေ တာအိုဘုံကျောင်းထဲကထွက်ပြီး တာအိုဘုံကျောင်းဆီ ပြန်မလို့လုပ်တုန်း အပေါ်ကို ရုတ်တရက် မော့ကြည့်မိလိုက်ပါတယ်။

ဒီအချိန်မှာ ကြယ်စကြဝဠာအပြင်ဘက်မှာ မရေမတွက်နိုင်တဲ့ ယာဉ်သင်္ဘောတွေ ခရီးနှင်နေကြပါတယ်။ ယာဉ်တိုင်းမှာ ပုံစံမျိုးစုံနဲ့ သက်ရှိထောင်ချီ ပါဝင်ပြီး သူတို့တွေက လူသားလိုလို နတ်ဆိုးလိုလို ပုံပန်းသဏ္ဌာန်တွေ ရှိကြပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters