← Chapters

အန္တိမဒဏ်ခတ်နတ်မင်းအား သတင်းပေးခြင်း

Vol. 86 Ch. 910

အန္တိမဒဏ်ခတ်နတ်မင်းအား သတင်းပေးခြင်း

Vol. 86 Ch. 910

ကျယ်ပြောလှတဲ့ ဟင်းလင်းပြင်ထဲမှာ ဒီသင်္ဘောတွေဟာ အရပ်မျက်နှာတစ်ခုတည်းကို ဦးတည်နေကြပါတယ်။ ဧရာမ သင်္ဘောကြီးရဲ့ ကုန်းပတ်ပေါ်မှာတော့ သက်လတ်ပိုင်း တာအိုကျင့်ကြံသူတစ်ဦး မတ်တတ်ရပ်နေပါတယ်။ လက်တစ်ဝါးခန့်ရှိတဲ့ ကျောက်ပြားတွေဟာ ဒီတာအိုကျင့်ကြံသူကို ဝန်းရံလှည့်ပတ်နေတဲ့အတွက် လျှို့ဝှက်ဆန်းကြယ်ပြီး သိမ်မွေ့နက်နဲစေပါတယ်။

သက်လတ်ပိုင်း တာအိုကျင့်ကြံသူဟာ ရှေ့က ကြယ်စကြဝဠာကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ သူ့ဘေးမှာ ရပ်နေတဲ့ မြွေခန္ဓာကိုယ်နဲ့ လူခေါင်းရှိတဲ့ သက်ရှိတစ်ကောင်ကတော့ ပြုံးလိုက်ပါတယ် “ပဋိပက္ခထဲမှာ ဒီလိုမျိုး ကောင်းကင်ဘုံ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး၊ ဒီနေရာက ကျွန်တော်တို့ မျိုးနွယ်စု ရှင်သန်ဖို့ အရမ်းသင့်တော်တယ်”

သက်လတ်ပိုင်း တာအိုကျင့်ကြံသူက ပြောလိုက်ပါတယ် “တစ်ခုခု မဟုတ်သေးဘူး၊ အနီးအနားမှာ အားကောင်းတဲ့ ကန့်သတ်စည်း မရှိဘူး၊ အထဲမှာလည်း သက်ရှိရောင်ဝါ လုံးဝ မရှိဘူး၊ ဘာဖြစ်လို့ ဒီနေရာမှာ တခြားမျိုးနွယ်စုတွေ မရှိရတာလဲ”

မြွေခန္ဓာကိုယ်နဲ့ လူခေါင်း သက်ရှိက ပြောလိုက်ပါတယ် “ပဋိပက္ခ အဆုံးမရှိဘူး၊ ဒီနေရာကို တခြားသက်ရှိတွေ ရှာမတွေ့တာ မဆန်းပါဘူး”

“အဲဒါလည်း ဟုတ်တာပဲ၊ ဒါပေမဲ့ ငါတို့တွေ ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်” သက်လတ်ပိုင်း တာအိုကျင့်ကြံသူဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။

မြွေခန္ဓာကိုယ်နဲ့ လူခေါင်းသက်ရှိကတော့ ခေါင်းညိတ်ပြီး အမိန့်ပေးဖို့ ဆင်းသွားပါတယ်။

တစ်ချိန်တည်းမှာပဲ...

တတိယ တာအိုစက်ကွင်း။

ဟန်ဟွမ်ဟာ စကြဝဠာအပြင်ဘက်က မျိုးနွယ်စုတွေကို ကြည့်ပြီး ပြုံးပျော်သွားပါတယ် “လွတ်လပ် တာအိုပညာရှိ... မင်းက ငါ့ကို လေ့ကျင့်ပြီး စားသောက်ဖို့ အခွင့်အရေးပေးတာပဲ” ဟန်ဟွမ်ဟာ တစ်ကိုယ်တည်း ရေရွတ်ပြီးနောက် အပြင်ကို ခုန်ထွက်လိုက်ပါတယ်။

“ဝုန်း...”

ဟန်ဟွမ်ဟာ မမြင်နိုင်တဲ့ တာအိုစက်ကွင်း အရံအတားကို ဝင်တိုက်ပါတယ်။

ကောင်းကင်ယံဟာ ဂယက်ထသွားပြီး တာအိုစက်ကွင်းထဲက တပည့်တွေ အကုန်လုံးကို ထိတ်လန့်သွားစေပါတယ်။

ဟန်ချင်းအာလည်း အံ့အားသင့်သွားပါတယ် ‘ဒီကောင်လေး ဘာလုပ်ချင်နေတာလဲ’ ဟန်ချင်းအာဟာ အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ကြယ်စကြဝဠာ အပြင်ဘက်က လျှို့ဝှက်ဆန်းကြယ် မျိုးနွယ်စုကို သွားတွေ့ပါတယ်။

“အစ်ကိုနှစ်... မစိုးရိမ်နဲ့၊ အပြင်မှာ ကျန်းကျွယ်ရှီ ရှိနေတာပဲ” ဟန်ချင်းအာက အော်ပြောလိုက်ပါတယ်။ အရင်တစ်ခေါက်က ကျန်းကျွယ်ရှီ ရန်သူတွေကို ခုခံခဲ့တယ် မဟုတ်ပါလား။

ဒါပေမဲ့ ဟန်ချင်းအာရဲ့ စကားက ဟန်ဟွမ်ကို မျက်မှောင်ကြုတ်သွားစေပါတယ်။ ဟန်ဟွမ်ဟာ တာအိုစက်ကွင်းရဲ့ အရံအတားကို ဆက်ပြီးတော့ မတိုက်ခိုက်ဘဲ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းရှိရာကို ပျံသန်းသွားပါတယ်။ အဲဒီနောက် ဟန်ဟွမ်ဟာ ဟန်ကျွယ်နဲ့ တွေ့ပြီး အပြင်ထွက်ဖို့ တောင်းဆိုချင်ပေမဲ့ တာအိုဘုံကျောင်းတံခါးက ဖွင့်မရပါဘူး။

ဟန်ကျွယ်ဟာ ကျင့်ကြံတာနဲ့ အလုပ်များနေတဲ့အတွက် နှောင့်ယှက်မခံပါဘူး။

ဟန်ဟွမ်ဟာ နှလုံးလှုပ်သွားပါတယ် ‘ငါက မဟာတာအိုပညာရှိ ဖြစ်နေပြီ၊ တံခါးလေးတောင် မဖွင့်နိုင်ပါ့လား...’ ဟန်ဟွမ်ဟာ သူ့အဖေက စွမ်းအားကြီးမှန်း သိပေမဲ့ ဒီလောက်ကြီး စွမ်းအားကြီးလိမ့်မယ်လို့တောင် ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ ရလဒ်ကို မယုံကြည်နိုင်တာကြောင့် အံ့ကြိတ်ပြီး တာအိုဘုံကျောင်းရဲ့ တံခါးကို အားကုန် တွန်းဖွင့်ပါတယ်။ ဒါပေမဲ့ ဟန်ဟွမ် ဘယ်လောက်ပဲ ကြိုးစားကြိုးစား တံခါးက မပွင့်ပါဘူး။ တန်ခိုးကြီးမား မဟာလက်ဝါးကို သုံးတာတောင် အသုံးမဝင်ပါဘူး။

နောက်ဆုံး ဟန်ဟွမ်ဟာ လက်လျှော့သွားပါတယ်။

ဟန်ဟွမ်ဟာ သူ့တာအိုဘုံကျောင်းဆီ ပြန်ပြီး ဂူအောင်းကျင့်ကြံပါတယ်။

တစ်ချိန်တည်းမှာပဲ ကျန်းကျွယ်ရှီဟာ ကြယ်စကြဝဠာအပြင်ဘက်ကို ထွက်လိုက်ပါတယ်။ ဟန်ချင်းအာဟာ တိုက်ပွဲကို ထိုင်ကြည့်ပါတယ်။

ကျန်းကျွယ်ရှီဟာ လွတ်လပ် တာအိုပညာရှိအဆင့်မှာ ပြိုင်ဘက်ကင်းနေပါပြီ။ တစ်ဖက်မျိုးနွယ်စုရဲ့ ခေါင်းဆောင်က လွတ်လပ်တာအိုပညာရှိ အဆင့်သာ ရှိတဲ့အတွက် ကျန်းကျွယ်ရှီကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ဒီတိုက်ပွဲက ဘယ်လောက်မှာတောင် မကြာလိုက်ဘဲ ကျန်းကျွယ်ရှီက လွယ်လွယ်ကူကူ အနိုင်ရသွားပါတယ်။

ဟန်ချင်းအာဟာ သက်ပြင်းချလိုက်ပါတယ် “သူက အစ်ကိုနှစ်ကို နှိပ်ကွပ်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး၊ သူက တကယ်ကို စွမ်းအားကြီးတာပဲ”

ဟန်ချင်းအာဟာ ကျန်းကျွယ်ရှီရဲ့ တိုက်ပွဲကို ကြည့်တိုင်း ကျန်းကျွယ်ရှီကို မလေးစားဘဲ မနေနိုင်ပါဘူး။ ချင်းလွမ်အာလည်း ဒီတိုက်ပွဲကိုကြည့်ပြီး ချီးကျူးလိုက်ပါတယ် “သမီးအဖေရဲ့ တပည်လို့ မ‌ပြောရဘူး... သူက သမီးအဖေရဲ့ ဂုဏ်အယူရဆုံးတပည့် ဖြစ်လောက်တယ်... ဟုတ်တယ်မလား”

ဟန်ချင်းအာဟာ ခေါင်းခါလိုက်ပါတယ် “အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး၊ အစ်ကိုနှစ် ပြောတာတော့ ကျန်းကျွယ်ရှီက ဖေဖေရဲ့ တပည့်တွေထဲမှာ အများဆုံး ထိပ်တန်းဆယ်ယောက် ဝင်ရုံပဲတဲ့”

ချင်းလွမ်အာဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။

ဟန်ချင်းအာဟာ သူ့အမေကို တစ်ချက်ကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်ပါတယ် “မေမေ... မေမေက ဖေဖေ့အကြောင်းကို စိတ်မဝင်စားဘူးလား၊ တော်ကြာ ဖေဖေက နောက်ထပ် မိန်းမ လေးငါးယောက် ထပ်ယူနေဦးမယ်”

ချင်းလွမ်အာဟာ ပြုံးလိုက်ပါတယ် “ယူချင်လည်း ယူပလေ့စေ၊ သမီးဖေဖေက မေမေနဲ့ စတွေ့ကတည်းက လျှို့ဝှက်ဆန်းကြယ်တာ၊ မေမေက သမီးဖေဖေ လျှို့ဝှက်ဆန်းကြယ်တာကို ကြိုက်တယ်၊ အရင်တုန်းက မေမေ တစ်ချိန်ကျရင် အသက်ပြန်ရှင်လာလိမ့်မယ်လို့ တွေးတောင် မတွေးရဲခဲ့ဘူး၊ မေမေက ဘယ်လိုလုပ်ပြီး သမီးဖေဖေရဲ့ ကျင့်ကြံမှုကို နှောင့်ယှက်မှာလဲ”

ဟန်ချင်းအာဟာ နှုတ်ခမ်းမဲ့သွားပါတယ်။ ဟန်ချင်းအာဟာ သူ့အမေကို နားမလည်နိုင်ပေမဲ့ ဘာမှ ထပ်မပြောပါဘူး။ လူတိုင်းမှာ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ပိုင်ခွင့် ရှိတယ် မဟုတ်ပါလား။

ဒါ့အပြင် ဟန်ကျွယ်ကိုယ်တိုင်က ပြီးပြည့်စုံလွန်းပါတယ်။ အဆင်းရော အချင်းရော ပြောစရာ မလိုပါဘူး။ ဟန်ချင်းအာဟာ သူ့လက်တွဲဖော်က သူ့အဖေလိုမျိုးဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ စိတ်ကူးယဉ်မိလိုက်ပါတယ်။

‘မဟုတ်သေးဘူး... ဖေဖေက အစွမ်းအထက်ဆုံးပဲ... ဖေဖေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဆို တော်ပြီ’

နောက်ထပ် နှစ်တစ်သိန်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ အများကြီး တိုးတက်လာပါတယ်။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို အိပ်မက်ပေးပြီး နတ်ဒေါင်းအရှင် လွတ်မြောက်သွားတာကို အတည်ပြုပါတယ်။

အိပ်မက်ထဲမှာ နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်ကို ထပ်တလဲလဲ ရှိခိုးပါတယ်။ နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးကို လုံးဝ လက်ခံသွားပါပြီ။ အမှောင်သခင်ကြီးက မတိုက်ခိုက်ဘဲ သူ့ကို ကယ်တင်နိုင်ခဲ့တယ် မဟုတ်ပါလား။

အဲဒီနောက် ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို အိပ်မက်ပေးပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်အကြောင်း ပြောပြလိုက်ပါတယ်။

“ငါ ဒီအကြောင်းကို သိပြီးပြီ၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အရမ်းစွမ်းအားကြီးတယ်၊ ငါ သူ့ကို မယှဉ်နိုင်ဘူး” အန္တိမဒဏ်ခတ်နတ်မင်းက လေးနက်တဲ့မျက်နှာနဲ့ ပြန်ပြောပါတယ်။ ဒီအကြောင်းကြောင့်လည်း အန္တိမဒဏ်ခတ်နတ်မင်းက ရှေးပျက်သုန်းနယ်မြေကို ကိုယ်တိုင် မသွားရဲတာပါ။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို မယှဉ်နိုင်ဘူးဆိုတာ သိပါတယ်။ သူတို့နှစ်ယောက်ရဲ့ စွမ်းအားက တော်တော်ကို ကွာခြားတာပါ။ ဟန်ကျွယ် ရည်ရွယ်ချက်ကလည်း အန္တိမဒဏ်ခတ်နတ်မင်းကို ကြိုတင်ပြီး ပြင်ဆင်ထားချင်စေရုံပါ။

အန္တိမဒဏ်ခတ်နတ်မင်းက ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ် “တာအိုရောင်းရင်း... ပဋိက္ခထဲမှာ ထောက်လှမ်းလို့မရတဲ့ နေရာတွေကို တွေ့တယ်မလား၊ ပုန်းနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ရေတွက်လို့မရဘူး၊ ပဋိပက္ခက အချိန်အကြာကြီး တည်ရှိခဲ့တာ၊ အချိန်ကို ရေတွက်လို့မရအောင် ကြာ‌ညောင်းနေပြီ”

ဟန်ကျွယ်ဟာ ဆိတ်ဆိတ် နေလိုက်ပါတယ်။

‘ဒီကောင်က အားပျော့သွားတာလား... အားလျော့သွားတာလား... လူကောင်းလုပ်မှ ဖြစ်ရတယ်လို့...’

ဒါပေမဲ့ ဟန်ကျွယ် သေချာတွေးကြည့်တဲ့အခါ ဒါက အဓိပ္ပာယ်ရှိပါတယ်။ အရင်တုန်းက အန္တိမဒဏ်ခတ်နတ်မင်းဟာ သူ့ထက်စွမ်းအားကြီးတဲ့လူတွေကိုပဲ စိန်ခေါ်တာမလို့ လောကဦး ဘိုးဘေးနတ်ဘုရားထက်စာရင် ရန်သူ နည်းပါတယ်။ ဒါပေမဲ့ အခု အန္တိမဒဏ်ခတ်နတ်မင်းက လောကဦး ဘိုးဘေးနတ်ဘုရားရဲ့ ထိုင်ခုံမှာ ထိုင်နေတာ ဖြစ်တဲ့အတွက် မရေမတွက်နိုင်တဲ့ မျက်လုံးတွေရဲ့ စိုက်ကြည့်ခြင်းကို ခံနေရပါတယ်။ ဖိအားကလည်း အရင်ကထက် အများကြီး ကြီးမားတဲ့အတွက် အန္တိမဒဏ်ခတ်နတ်မင်းဟာ စိတ်လိုက်မာန်ပါ မလုပ်ရဲပါဘူး။

“ငါ ဒီကိစ္စကို ဂရုစိုက်လိုက်မယ်၊ သတင်းပေးတဲ့အတွက် ကျေးဇူးပါပဲ၊ တာအိုရောင်းရင်း စိုးရိမ်စရာ မလိုပါဘူး၊ ငါ ရှေးပျက်သုန်းနယ်မြေ အကြောင်းကို အတိုင်းအတာ တစ်ခုအထိ နားလည်တယ်၊ အခုအချိန်မှာ ရှေးပျက်သုန်းနယ်မြေက ပဋိပက္ခကို ထိခိုက်အောင် မလုပ်နိုင်သေးဘူး” အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စကားသံက လေးနက်လွန်းပြီး ဟန်ကျွယ်ရဲ့ သတင်းပေးမှုကို စိတ်ရင်းထဲကနေ ကျေးဇူးတင်နေတဲ့အသံပါ။

ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းက ချက်ချင်းကြီး ရင်ထဲ ထိသွားလိမ့်မယ်လို့ မယုံပါဘူး။ ဒါကြောင့် ရေလိုက်ငါးလိုက်ပဲ ပြောဆိုဆက်ဆံပါတယ်။

အိပ်မက် ပြီးဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ မျက်လုံး ဖွင့်လိုက်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စကားအရ သူနဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဆက်ဆံရေးကောင်း ရှိနေသလိုပါပဲ။ မနိုင်နိုင်ဘဲနဲ့ အန္တိမဒဏ်ခတ်နတ်မင်း ဒီလိုမျိုး တည်ငြိမ်နေတာက ဆက်ဆံရေးကောင်း ရှိတာကလွဲရင် တခြားဖြစ်နိုင်ခြေ မရှိသလောက်ပါပဲ။

ဟန်ကျွယ်ဟာ ဒီကိစ္စကို သက်တမ်း အကုန်ခံပြီး မတွက်ချက်ပါဘူး။ သူ ခန့်မှန်းချက် မှားရင်လည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က အန္တိမဒဏ်ခတ်နတ်မင်းနဲ့ ဆက်ဆံရေးကောင်းနေသလို ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကလည်း သူ့ကို မမုန်းဘူး မဟုတ်ပါလား။

ဟန်ကျွယ်အတွက် ပဋိပက္ခရဲ့ ခေါင်းဆောင်က ဘယ်သူပဲဖြစ်ဖြစ် သူ့ကို ရန်မစရင် အကုန်လုံး အဆင်ပြေပါတယ်။ တကယ်လို့ အဲဒီလူတွေက ဟန်ကျွယ်ကို ရန်လာစခဲ့ရင်တောင် ဟန်ကျွယ်က တာအိုစက်ကွင်းထဲမှာ ပုန်းနေမှာပါ။

ပဋိပက္ခထဲမှာ ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းထဲမှာ ဘယ်သူမှ မဝင်နိုင်ပါဘူး။ တာအိုဖန်တီးရှင်တွေလည်း မဝင်နိုင်ပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးပြီး သူ့မိတ်ဆွေတွေရဲ့ လက်တလော အခြေအနေကို အာရုံစိုက်ပါတယ်။

.....

မှောင်မိုက်တဲ့ ကမ္ဘာတစ်ခုမှာ မြူခိုးတွေဟာ ကောင်းကင်ယံကို ဝန်းရံထားပါတယ်။ မြေပြင်ဟာ ညီညာပြန့်ပြူးပြီး ကျယ်ပြောလှပါတယ်။

တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ဟာ အတူတူ ထိုင်နေပါတယ်။ လောင်တန်ကတော့ မလှမ်းမကမ်းမှာရပ်ပြီး ဘေးဘီဝန်းကျင်ကို လိုက်ကြည့်နေပါတယ်။

“အန္တရာယ်မရှိဘူး မလား၊ ကျွန်တော် ပြောပြီးပြီလေ၊ မစိုးရိမ်ပါနဲ့၊ ကျွန်တော်ရဲ့ ရတနာက အားကိုးလို့ရပါတယ်လို့... အန္တရာယ်ရှိတဲ့ရောင်ဝါ ချဉ်းကပ်လာရင် ကျွန်တော်တို့ကို သေချာပေါက် သတိပေးလိမ့်မယ်” ကျောက်ရွှမ်ယွမ်က အပြုံးနဲ့ ပြောလိုက်ပါတယ်။

လောင်တန်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မင်းရတနာက တခြားနေရာမှာဆို အလုပ်ဖြစ်ကောင်း ဖြစ်လိမ့်မယ်၊ ဒီနေရာမှာတော့ မရဘူး”

ကျောက်ရွှမ်ယွမ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။

ကျန်းယီက ပြောလိုက်ပါတယ် “တစ်စုံတစ်ခုက ငါတို့ကို စိုက်ကြည့်နေတယ်လို့ ခံစားရတယ်၊ ဒီကောင်က ငါတို့ကို စောစောက လိုက်တိုက်ခိုက်ခဲ့တဲ့ ကောင်များလား”

“မဖြစ်နိုင်ဘူး... ဘယ်လောက်တောင် ကြာသွားပြီလဲ၊ ငါတို့တွေ အားဖြည့်နေတာ နှစ်တစ်ထောင် ရှိသွားပြီ” ကျောက်ရွှမ်ယွမ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်လေးသွားပါတယ်။

သူတို့တွေ ကောင်းတဲ့ကိစ္စကို ခန့်မှန်းရင် မှန်ခဲပါတယ်။ ဒါပေမဲ့ မကောင်းတဲ့ကိစ္စဆိုရင်တော့ မှန်းလိုက်တိုင်း လွဲခဲပါတယ်။

ကျောက်ရွှမ်ယွမ်ဟာ တွေးလေလေ စိတ်လေးလေးပါပဲ။ ကျောက်ရွှမ်ယွမ်ဟာ ရုတ်တရက် မတ်တတ်ရပ်ပြီး ဘေးဘီဝန်းကျင်ကို လိုက်ကြည့်ပါတယ်။

ကျန်းယွီဟာ သက်ပြင်းချလိုက်ပါတယ် “ငါ ဒဏ်ရာရဖို့ ပြင်ဆင်ပြီးပြီ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters