နတ်အာဏာရှင် စစ်သူကြီး နှစ်သိန်း
Vol. 87 Ch. 911
“တာအိုရောင်းရင်း... ဘာလို့ ဘာမှ မပြောတာလဲ” ကျန်းယီဟာ တာအိုအရှင်သခင်ကို ကြည့်ပြီး မေးလိုက်ပါတယ်။
တာအိုအရှင်သခင်ဟာ မျက်စိမှိတ်ပြီး မျက်မှောင်ကြုတ်နေပါတယ်။ သတ်ဖြတ်ငွေ့တွေက မျက်ခုံးကြားထဲကနေ လျှံထွက်နေပြီး ထူးဆန်းတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ကျောက်ရွှမ်ယွမ်နဲ့ လောင်တန်ဟာ လှည့်ကြည့်ပြီး မူမမှန်တာကို ရှာတွေ့သွားပါတယ်။
လောင်တန်ဟာ တာအိုအရှင်သခင်ဘေးကို ရုတ်ခြည်းရောက်သွားပြီး တာအိုအရှင်သခင်ကို ပုတ်လိုက်ပါတယ်။ ဒါပေမဲ့ တာအိုအရှင်သခင်က နိုးမလာပါဘူး။ လောင်တန်ဟာ မန္တန်တွေ ထုတ်သုံးပြီး နှိုးပါတယ်။ ဒါလည်း တာအိုအရှင်သခင်က နိုးမလာပါဘူး။
ကျောက်ရွှမ်ယွမ်ဟာ ရင်ထိတ်သွားပါတယ် “သူ တစ်ခုခု ဖြစ်သွားမှာလား”
သူတို့တွေက လွတ်လပ် တာအိုပညာရှိတွေ ဖြစ်တဲ့အတွက် ဒီလိုမျိုး ထူးဆန်းတဲ့ အခြေအနေကို မရင်ဆိုင်ရတာ အတော်ကြာခဲ့ပါပြီ။
လောင်တန်က လေးလေးနက်နက် ပြောလိုက်ပါတယ် “တစ်ခုခုတော့ မဟုတ်သေးဘူး... တစ်ခုခုတော့ မဟုတ်သေးဘူး... သူဆီမှာ ဘာဒဏ်ရာမှ မရှိဘူး၊ ဓမ္မစွမ်းအားကလည်း ပုံမှန်ပဲ၊ ဝိညာဉ်ကလည်း ရှိနေတယ်... ဘယ်လိုလုပ်ပြီး...”
လောင်တန်ဟာ တာအိုအရှင်သခင် နောက်ကို သွားပြီး တာအိုအရှင်သခင်ရဲ့ ခန္ဓာကိုယ်ကို ဆက်ပြီးတော့ စစ်ဆေးပါတယ်။
ဒီအချိန်မှာပဲ...
တာအိုအရှင်သခင်ဟာ မျက်လုံးပွင့်လာပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် တာအိုအရှင်သခင်ဟာ လောင်တန်ကို မြူခိုးထဲ ကန်ထုတ်လိုက်ပါတယ်။
ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ လန့်သွားပြီး တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်ပါတယ်။
တာအိုအရှင်သခင်ဟာ ကျောက်ရွှမ်ယွမ်တို့ကို ကြည့်လိုက်ပါတယ်။ ဒီအချိန်မှာ တာအိုအရှင်သခင်ရဲ့ မျက်လုံးတွေက ပြောင်းလဲသွားပါပြီ။ သူ့မျက်ဆံတွေက ကိုယ့်အမြီး ကိုယ်ပြန်ကိုက်နေတဲ့ မြွေနက်နှစ်ကောင်လိုပါပဲ။ ထူးဆန်းပြီး အရမ်းကြောက်ဖို့ ကောင်းပါတယ်။
“တာအိုရောင်းရင်း... ဘာဖြစ်လို့လဲ” ကျောက်ရွှမ်ယွမ်က အလေးအနက် မေးလိုက်ပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ ဒီလို အခြေအနေမျိုးကို ဘယ်တုန်းကမှ မတွေ့ဖူးပါဘူး။
ကျန်းယွီက ပြောလိုက်ပါတယ် “တစ်ခုခုက နေရာဝင်ယူတာများလား”
တာအိုအရှင်သခင်ဟာ ရက်ရက်စက်စက် ပြုံးလိုက်ပါတယ် “ကလေးလေးနှစ်ကောင်... အရည်အချင်းက မဆိုးဘူး၊ ငါလည်း ပဋိပက္ခသက်ရှိ အစေခံတွေ လိုနေတာနဲ့ အတော်ပဲ”
ဒီအချိန်မှာပဲ လောင်တန်ဟာ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီရှေ့ကို ပြန်ရောက်လာပါတယ်။ လောင်တန်ဟာ တာအိုအရှင်သခင်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ၊ ဘာဖြစ်လို့လဲ ငါတူတပည့်ရဲ့ ခန္ဓာကိုယ်ကို နေရာဝင်ယူရတာလဲ”
တာအိုအရှင်သခင်ဟာ ဇက်ချိုးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့... ငါ သူ့ကို ထိခိုက်အောင် မလုပ်ပါဘူး၊ မင်းတို့တွေ ငါ့စကားကို နာခံရင် အခွင့်အရေးအကြီးကြီး ရလိမ့်မယ်၊ မင်းတို့တွေ ရှေးပျက်သုန်း ဒဏ္ဍာရီကို ကြားဖူးကြလား”
‘ရှေးပျက်သုန်း ဒဏ္ဍာရီ’
လောင်တန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ ဘယ်လိုတိုက်ရမလဲ စဉ်းစားနေတာပါ။
တာအိုအရှင်သခင်က ဆက်ပြောပါတယ် “ငါက ရှေးပျက်သုန်းနယ်မြေရဲ့ စိတ်ဝိညာဉ်ပဲ၊ အခုအချိန်ကစပြီး ငါ ပဋိပက္ခအောက်ခြေမှာရှိတဲ့ အဆုံးမရှိတဲ့ တာအိုမိစ္ဆာတွေနဲ့ သရဲတွေကို ဆင့်ခေါ်ပြီး ပဋိပက္ခကို တော်လှန်ပစ်မယ်၊ မင်းတို့တွေ ငါ့ကို အခုကတည်းက ကူညီရင် သေခြင်းတရားကို ရှောင်လွှဲနိုင်ပြီး ပဋိပက္ခအသစ်မှာ သာလွန်အဆင့်အတန်းကို ရနိုင်လိမ့်မယ်”
လောင်တန်ဟာ ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “မင်းပြောတာက လိုချင်စရာပဲ၊ ဒါပေမဲ့ မင်း ပဋိပက္ခကို တကယ်ရော နားလည်ရဲ့လား၊ ဘာဖြစ်လို့ ပဋိပက္ခကို ဖျက်ဆီးချင်ရတာလဲ၊ ပြီးခဲ့တဲ့ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းက ကောင်းကင်တာအိုရှေ့မှာ သေဆုံးသွားတာနော်၊ နတ်အာဏာရှင် စစ်သူကြီးတွေက မဟာတာအိုပညာရှိတွေနဲ့ အတူတူပဲ၊ ပထမတန်းစား မဟာတာအိုပညာရှိနော်”
တာအိုအရှင်သခင်ဟာ ထူးဆန်းစွာ ပြုံးလိုက်ပါတယ် “ငါ ဒီကိစ္စကို သိတယ်၊ ဒါပေမဲ့ ငါ့ကိုယ်ငါ လုံးဝ ယုံကြည်မှုရှိတယ်၊ ငါ တက်နင်းချင်တဲ့အထဲမှာ ကောင်းကင်တာအိုလည်း ပါတယ်”
ဒီစကားအဆုံးမှာ ဘေးနားဝန်းကျင်က မြူခိုးတွေဟာ ရေလွှမ်းနဂါးလိုမျိုး လည်ပတ်သွားပါတယ်။ ဒီမြင်ကွင်းက ခမ်းနားသလို ကြောက်ဖို့လည်း ကောင်းပါတယ်။
လောင်တန်ဟာ မျက်မှောင်ကြုတ်သွားပြီး အင်္ကျီလက်အိုးထဲမှာ လက်သီးကို တင်းတင်းဆုပ်လိုက်ပါတယ်။
တာအိုအရှင်သခင်ဟာ တဖြည်းဖြည်း လေပေါ် မြောက်တက်သွားပြီး လက်ဖြန့်ကာ အရူးပမာ ပြုံးလိုက်ပါတယ် “မဟာတာအိုပညာရှိက မဟာတာအို လောကဦးပဋိပက္ခအဆင့်ဆိုတာ သိလား၊ ဒီမဟာတာအို လောကဦးပဋိပက္ခ အဆင့်အထက်မှာ မဟာတာအို အထွတ်အထိပ်အဆင့် ရှိသေးတယ်”
လောင်တန်တို့သုံးယောက်ဟာ နှလှုံးလှုပ်သွားကြပါတယ်။
ကျန်းယီက မတိုးမကျယ် မေးလိုက်ပါတယ် “ဒါဆို ခင်ဗျားက မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီလား”
တာအိုအရှင်သခင်ဟာ ဟားတိုက်ရယ်မောလိုက်ပါတယ် “ဟားဟား... ငါက မဟာတာအို အထွတ်အထိပ်အဆင့်ကို ကျော်လွန်ပြီး ဒီထက်မြင့်တဲ့အဆင့်ကို ရောက်သွားပြီ၊ ငါ့ရှေ့မှာ မဟာတာအိုပညာရှိတွေက သေမျိုးနဲ့ မခြားဘူး၊ အဲဒီတော့ အဲဒီကောင်တွေ များတော့ရော ဘာဖြစ်လဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ နတ်အာဏာရှင် စစ်သူကြီး နှစ်သောင်းကို ချေမှုန်းနိုင်ရင် ငါက နတ်အာဏာရှင် စစ်သူကြီးနှစ်သိန်းကို ဖျက်ဆီးပစ်နိုင်တယ်”
ကျောက်ရွှမ်ယွမ်၊ ကျန်းယီနဲ့ လောင်တန်တို့ဟာ လန့်သွားကြပါတယ်။ လောင်တန်တောင် မဟာတာအို အထွတ်အထိပ်အဆင့်နောက်မှာ နောက်တစ်ဆင့် ရှိနေတာကို မသိပါဘူး။ သူ့ရဲ့ ပင်မခန္ဓာကိုယ်တောင် မဟာတာအို အထွတ်အထိပ်အဆင့်မှာပဲ ရှိနေတာ မဟုတ်ပါလား။ ဒါကြောင့် ဒီစကားသာ အမှန်ဆိုရင် ပဋိပက္ခကို ပြောင်းလဲနိုင်စွမ်း ရှိမှာပါ။
ကျန်းယီက စိတ်ဆိုးမာန်ဆိုး မေးလိုက်ပါတယ် “ခင်ဗျားက ဘာဖြစ်လို့ ကောင်းကင်တာအိုကို ချေမှုန်းချင်ရတာလဲ၊ ခင်ဗျားတို့ ပဋိပက္ခ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ရူးနေတာလား... ကောင်းကင်တာအိုကိုပဲ ပြဿနာလာရှာနေတယ်”
တာအိုအရှင်သခင်ဟာ ကျန်းယီကို အေးစက်စွာ ကြည့်လိုက်ပါတယ်။ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ရဲ့ ချိန်ရွယ်မှုကြောင့် ကျန်းယီ တစ်ကိုယ်လုံး အေးစက်သွားပါတယ်။ ကျန်းယီဟာ ကြောက်သွားပေမဲ့ မာနက ရှိသေးတာမလို့ တာအိုအရှင်သခင်ကို စိန်းစိန်းဝါးဝါး ပြန်ကြည့်လိုက်ပါတယ်။ အရင်တုန်းက ကျန်းယီဟာ ကောင်းကင်တာအိုထဲမှာ နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့တာ မဟုတ်ပါလား။
တာအိုအရှင်သခင်ဟာ ရုတ်တရက် ပြုံးလိုက်ပါတယ် “ဟမ်... မင်းက အငယ်ဆိုတော့ ငါ မင်းနဲ့ ပြိုင်ပြောမနေတော့ဘူး၊ ကောင်းကင်တာအို ဘာဖြစ်လို့ ဒီလောက် ဒုက္ခရောက်ရတာလဲဆိုတော့ အပြစ်တွေ အများကြီး လုပ်ထားလို့ပဲ၊ တာအိုဘိုးဘေးက သူ ပျောက်သွားချင်ယောင် ဆောင်တာနဲ့ပဲ အရာအားလုံး ပြီးသွားမယ်လို့ ထင်နေတာလား... လုံးဝ မဖြစ်နိုင်ဘူး... ငါ ကောင်းကင်တာအို တစ်စစီလုပ်ပစ်ရင် တာအိုဘိုးဘေး ထိုင်ကြည့်နေဦးမလားဆိုတာ ကြည့်ရသေးတာပေါ့”
လောင်တန်ဟာ နားမလည်နိုင်ဘဲ မေးလိုက်ပါတယ် “မင်းက ငါတို့ကို ဒီလောက်အများကြီး ပြောပြနေတာ ငါတို့ကို အမြင့်ကြီး တွေးထားလို့လား”
တာအိုအရှင်သခင်ဟာ ပြုံးလိုက်ပါတယ် “မင်းတို့ကို အမြင့်ကြီးတွေးတယ်... ဟီးဟီး... ငါက မင်းတို့ကို အခွင့်အရေးတစ်ခု ပေးတာ၊ ငါ့စိတ်ဆန္ဒက ကမ္ဘာအသီးသီးရဲ့ အချိန်ဘီလီယံချီမှာ ပျံ့နှံ့နေတာ၊ မင်းတို့နဲ့ စကားပြောနေလို့ အချိန်ကုန်မယ် မထင်နဲ့၊ ငါပြောတာ နားလည်လား... မင်းတို့မှာ ပြေးစရာမြေ မရှိဘူး၊ ငါ့နောက်လိုက်ရင် လိုက် မဟုတ်ရင် သေမှာ ထိုင်စောင့်တော့”
တာအိုအရှင်သခင်ဟာ ကျောက်ရွှမ်ယွမ်ဟာ ရုတ်တရက် လှမ်းကြည့်ပြီး မျက်တောင်ခတ်သွားပါတယ်။
ဒီအချိန်မှာ ကျောက်ရွှမ်ယွမ်နဲ့ သိစိတ်ကာ အနန္တကမ္ဘာမြင်ကွင်းကျယ်ထဲ ရောက်သွားပါပြီ။
“သတင်းဆိုးပဲ... ကောင်းကင်တာအို ထပ်ပြီးတော့ ခြိမ်းခြောက်ခံရပြန်ပြီ၊ ငါတို့သုံးယောက် အဖမ်းခံထားရတယ်” ကျောက်ရွှမ်ယွမ်က အလောတကြီး အော်ဟစ်လိုက်ပါတယ်။ ဒီအချိန် အနန္တကမ္ဘာမြင်ကွင်းကျယ်ထဲမှာ လူတစ်စုပဲ ရှိပါတယ်။ ဒီအထဲမှာ ငရဲကြက်နက်လည်း ပါပါတယ်။
ငရဲကြက်နက်ဟာ တစ်ချက် သမ်းလိုက်ပါတယ် “အကူအညီလိုချင်ရင်လည်း အေးဆေးပြောပါဟ... လေလုံးမထွားနဲ့၊ ဘယ်သူမှ မင်းတို့ကို မကယ်နိုင်ဘူး၊ သခင်ပဲ မင်းတို့ကို ကူညီနိုင်မှာ”
ကျောက်ရွှမ်ယွမ်ဟာ အံ့ကြိတ်လိုက်ပါတယ် “တစ်ဖက်လူက ရှေးပျက်သုန်းနယ်မြေက... နောက်ပြီး နတ်အာဏာရှင် စစ်သူကြီးနှစ်သိန်းကို သတ်နိုင်တယ်လို့ ပြောတယ်၊ အဲဒါကြောင့် ငါ ဆရာသခင်ကို အလျင်စလို မဆင့်ခေါ်တာ”
‘နတ်အာဏာရှင် စစ်သူကြီး နှစ်သိန်း’
ငရဲကြက်နက်ဟာ ဖျားချင်သွားပါတယ်။ အဲဒီနောက် ငရဲကြက်နက် စကားမပြောနိုင်ခင်မှာပဲ ကျောက်ရွှမ်ယွမ်ဟာ ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။
ငရဲကြက်နက်ဟာ အနန္တကမ္ဘာမြင်ကွင်းကျယ်ထဲကနေ ထွက်ပြီး ပဋိပက္ခနတ်ဘီလူးတွေကို စုစည်းကာ ကျောက်ရွှမ်ယွမ်ရဲ့ စကားတွေကို တစ်ဆင့် ပြန်ပြောလိုက်ပါတယ်။
မုရုံချီဟာ မျက်မှောင်ကြုတ်သွားပါတယ် “ပဋိပက္ခမှာ နောက်ထပ် ရုတ်ရုတ်သဲသဲ ဖြစ်ပြန်ပြီလား”
ကွမ်းပုပိုင်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဒါ ပုံမှန်ပဲ၊ ပဋိပက္ခက အဆုံးမရှိဘူး၊ ဒီရှည်ကြာတဲ့နှစ်တွေမှာ စွမ်းအားကြီးပုဂ္ဂိုယ် ဘယ်လောက်များများ ပေါ်ထွက်ခဲ့ပြီး ဘယ်လောက်များများ ပုန်းနေလဲဆိုတာ ဘယ်သူက အတပ်ပြောနိုင်မှာလဲ”
တခြားနတ်ဘီလူးတွေလည်း လေးနက်သွားကြပါတယ်။
သူတို့တွေဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ တိုက်ခိုက်ပြီးပါပြီ။ သူတို့တစ်ယောက်မှ နတ်အာဏာရှင် စစ်သူကြီးတစ်ပါးကို အနိုင်မယူနိုင်ပါဘူး။ အကုန်လုံး တစ်ချက်တည်း အသတ်ခံရတာချည်းပါပဲ။
“ဆရာသခင် လာတာကို စောင့်ရင်စောင့် မဟုတ်ရင်လည်း ဆရာကတော်ကို သွားပြောကြမယ်” ရွှင်ချန်အန်းက တွေးတွေးဆဆ ပြောလိုက်ပါတယ်။ ရွှင်ချန်အန်းရဲ့ စကားကို နတ်ဘီလူးတွေက သဘောတူကြပါတယ်။ လက်ရှိမှာ သူတို့တွေက မဟာတာအိုပညာရှိချုပ်တစ်ပါးကိုတောင် မခုခံနိုင်သေးပါဘူး။
ကောင်းကင်နက္ခ နတ်ဘီလူးက မပျော်မရွှင် ပြောလိုက်ပါတယ် “ငါတို့ တိုးတက်နှုန်းက နှေးလွန်းတယ်၊ နှစ်တစ်သန်းအတွင်း အနည်းဆုံး နတ်ဘီလူးသုံးပါး မဟာတာအိုကို ရယူရမယ်၊ ငါပြောတာ နားလည်လား”
ကောင်းကင်နက္ခ နတ်ဘီလူးဟာ တခြားနတ်ဘီလူးတွေကို ဝေ့ကြည့်လိုက်ပါတယ်။ အများစုက ခေါင်းငုံ့သွားကြပါတယ်။ မဟာတာအို ရယူဖို့က သူတို့အတွက် လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ပဋိပက္ခနတ်ဘီလူးဆိုရင်တောင် အချိန်လိုပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် နှစ်တစ်သိန်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ရှင်းဟုန်ရွှမ်နဲ့ ဟန်ဟွမ်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့် ပြုလိုက်ပါတယ်။
“ယောက်ျား... သတင်းဆိုးတစ်ခု ရှိတယ်၊ ကောင်းကင်တာအိုက နောက်ထပ် ကပ်ဘေးတစ်ခုကို ထပ်ရင်ဆိုင်ရပြန်ပြီ၊ ယောက်ျားရဲ့ တပည့်တွေလည်း အဖမ်းခံလိုက်ရတယ်” ရှင်းဟုန်ရွှမ်က စိုးရိမ်တကကြီး ပြောလိုက်ပါတယ်။
ဟန်ဟွမ်ရဲ့ အမူအရာက မပြောင်းလဲပေမဲ့ တစ်စုံတစ်ခုကို တော်တော်လေး သိချင်သွားပါတယ်။
“အေးအေးဆေးဆေး ပြောပါ”
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ တာအိုအရှင်သခင်တို့ သုံးယောက်ရဲ့ ကံရေစက် တကယ် ပျောက်ကွယ်သွားတာကို ရှာတွေ့သွားပါတယ်။ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးကြည့်လိုက်တဲ့အခါ ပုံရိပ်တွေ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ငရဲကြက်နက်ဆီက ကြားခဲ့ရသမျှကို ပြန်ပြီးတော့ ဖောက်သည်ချပါတယ်။
‘နတ်အာဏာရှင် စစ်သူကြီး နှစ်သိန်းကို သတ်နိုင်တယ်... ရှေးပျက်သုန်းနယ်မြေက... ဒီကောင်တွေ လှုပ်ရှားတာ မြန်လှချည်လား...’
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ငါ ဒီကိစ္စကို သိပြီးပြီ၊ ဖြေရှင်းဖို့ ငါ နည်းလမ်းရှာလိုက်မယ်”
ဟန်ဟွမ်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဖေဖေ... သား နတ်အာဏာရှင် စစ်သူကြီးတစ်ပါးနဲ့ တိုက်ခိုက်တာ သရေပဲကျတယ်၊ ဖေဖေက တကယ်ပဲ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို တစ်ချက်တည်းနဲ့ သတ်နိုင်တာလား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။