တာအိုမိစ္ဆာ ၈ ကွာဒလီယံ
Vol. 87 Ch. 915
‘ဒီကောင်က ငါ့တပည့် ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာတောင် တွက်ချက်နေသေးသေးတယ်၊ တော်တော် စောက်ရှက်မရှိတာပဲ’ ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တော်တော်လေး အထင်အမြင် သေးသွားပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က မေးလိုက်ပါတယ် “ဘယ်သူက မင်းတပည့်လဲ”
“တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ”
ဟန်ကျွယ်ဟာ လောင်တန်နာမည်ကိုတော့ ထည့်မပြောပါဘူး။ ပဋိပက္ခအောက်ခြေကို သွားဖို့ အကြံပြုတဲ့အထဲမှာ လောင်တန်လည်း ပါပါတယ်။ ဒီထောင်ချောက်ထဲမှာ သူပါနေလားဆိုတာ ပြောမရပါဘူး။ နောက်ပြီး သူ့နောက်မှာ လောင်ဇီရှိနေပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ တဟားဟား ရယ်မောလိုက်ပါတယ် “ငါ အဲဒီကောင်သုံးကောင်ကို နည်းနည်းတော့ သိတယ်၊ သူတို့အရည်အချင်းက တကယ်ကို မဆိုးဘူး၊ ငါ သူတို့ကို မင်းဆီ ပြန်မပေးနိုင်ဘူး”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်း... ခင်ဗျားက တကယ်ကို ထင်ရာ လျှောက်လုပ်တာပဲ”
ဟန်ကျွယ်ဟာ အမှောင်တားမြစ်ဇုန်ကို သုံးပြီး အိပ်မက်ကို အစစ်အမှန် ပြောင်းကာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ကျင့်ကြံမှုကို ပုံတူကူးလိုက်ပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “အိပ်မက်က အစစ်အမှန် ဖြစ်သွားတယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ၊ ကြည့်ရတာ ငါ ကောင်းကင်တာအိုကို ချေမှုန်းချင်ရင် မင်းကို အရင်ဆုံး ရှင်းပစ်မှပဲ”
ဟန်ကျွယ်ဟာ အကောင်းစား ရတနာ အကုန်လုံးကို အသက်သွင်းပြီးပါပြီ “ခင်ဗျားက ဘာဖြစ်လို့ ကောင်းကင်တာအိုကို ဒုက္ခပေးချင်ရတာလဲ၊ မတရားမှုတိုင်းမှာ မတရားလုပ်တဲ့လူ ရှိသလို အကြွေးတိုင်းမှာလည်း အကြွေးရှင် ရှိတာပဲ၊ ခင်ဗျားဘာသာ တာအိုဘိုးဘေးကို သွားရှာပါလား၊ နောက်ပြီး ကောင်းကင်တာအိုနဲ့ ရှေးပျက်သုန်း နယ်မြေက ရင်းမြစ်တစ်ခုတည်းကနေ လာတာ၊ ကောင်းကင်တာအိုကို တိုက်ခိုက်တာက ညီအစ်ကိုအချင်းချင်း ပြန်တိုက်တာနဲ့ အတူတူပဲ”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ကောင်းကင်တာအို နတ်စိတ်ဝိညာဉ်နဲ့ အတူတူလို့ ပြောလို့ရပါတယ်။ သီးခြားဖြစ်နေတာပဲ ရှိတာပါ။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်း... မင်းက တော်တော်လေး သိတာပဲ၊ ဒါပေမဲ့ မင်း ဘာလို့ ဒီလောက်တောင် အ,ရတာလဲ၊ ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေတာလား၊ တာအိုဘိုးဘေးက ကောင်းကင်တာအိုနဲ့ ပေါင်းစပ်သွားတာကြာပြီ၊ ပျောက်ကွယ်သွားတာ မဟုတ်ဘူး၊ တာအိုဘိုးဘေးက ကောင်းကင်တာအိုအဖြစ် အသွင်ပြောင်းလဲသွားတာ”
‘တာအိုဘိုးဘေးက ကောင်းကင်တာအိုထဲမှာလား...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ အံ့အားသင့်သွားပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က မထီမဲ့မြင် ပြုံးလိုက်ပါတယ် “မင်းက တိုက်ခိုက်ချင်မှတော့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ ကြည့်ရအောင်”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် ရုတ်တရက် လက်မြှောက်လိုက်တဲ့အခါ ရောင်ဝါနက်ဟာ မြူခိုးအသွင် ပြောင်းလဲပြီး ဟန်ကျွယ်ကို ဆွဲနှစ်လိုက်ပါတယ်။
ဒီမြူခိုးဟာ ကြောက်မက်ဖွယ် အကုသိုလ်ကံတွေ ရန်ငြိုးရန်စတွေနဲ့ ပြည့်နှက်နေပါတယ်။ အလွန်တရာလည်း အေးစက်လှပါတယ်။ ဒီအေးစက်မှုက ရုပ်ပိုင်းဆိုင်ရာတင်မက နာမ်ပိုင်းဆိုင်ရာကိုပါ အေးခဲစေနိုင်ပါတယ်။ နောက်ပြီး သရဲဘီလီယံချီ အော်ဟစ်ငိုကြွေးနေသလိုပါပဲ။
ဟန်ကျွယ်ဟာ တန်ခိုးကြီးမား မဟာလက်ဝါးကို ထုတ်သုံးလိုက်ပါတယ်။ တန်ခိုးကြီးမား မဟာလက်ဝါးရဲ့ ကြမ်းတမ်းလွန်းတဲ့ စွမ်းအားဟာ ပတ်ဝန်းကျင်က မြူခိုးတွေ အကုန်လုံးကို အကြွင်းမဲ့ ဖျက်ဆီးပစ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဖြတ်ကျော် မဟာတာအိုနဲ့ အာကာသ မဟာတာအိုကို သုံးပြီး လျင်မြန်စွာ ထွက်ပြေးပါတယ်။
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းက တကယ်ကို စွမ်းအားကြီးတာပဲ၊ ဒါပေမဲ့ မင်းငါ့လက်ထဲကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ငါ တာအိုမိစ္ဆာ ၈ ကွာဒလီယံကို ဖန်တီးပြီးတဲ့နေ့က မင်းရဲ့ ကောင်းကင်တာအို တစ်စစီဖြစ်မဲ့နေ့ပဲ”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ အသံဟာ ဟန်ကျွယ်နားထဲကို ဝင်လာပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ လေသံဟာ တာအိုဘိုးဘေးကို ကလဲ့စားချေနိုင်တော့မလိုမျိုး ဝမ်းသာပျော်ရွှင်မှုတွေနဲ့ ပြည့်နေပါတယ်။
[ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ဟာ ဘာကိုမှဂရုမစိုက်ဘဲ ကောင်းကင်တာအိုဆီ ခပ်မြန်မြန် ပြန်ပါတယ်။ ပြီးတာနဲ့ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ခုန်ဝင်ပြီး တတိယ တာအိုစက်ကွင်းဆီ သွားပါတယ်။ ဟန်ကျွယ် ကွေ့ဝိုက်ပြီး သွားတာက ကြယ်စကြဝဠာကို ထိခိုက်စေမှာ စိုးလို့ပါ။
တတိယ တာအိုစက်ကွင်းထဲ ပြန်ရောက်တဲ့အခါ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က တကယ်ကို စွမ်းအားကြီးတာပါ။ ဟန်ကျွယ်ကို အလွန်တရာ အန္တရာယ်များတဲ့ အငွေ့အသက်ကို ပေးနေပါတယ်။
ဒါပေမဲ့ ဒါက အန္တရာယ်များတဲ့ ခံစားချက်သပ်သပ်ပါပဲ။ ဒီဖိအားက ဟန်ကျွယ်ကို မျှော်လင့်ချက် ကင်းမဲ့စေတဲ့အထိတော့ မဖြစ်စေပါဘူး။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို စိန်ခေါ် တိုက်ခိုက်ပါတယ်။ ငါးမိနစ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံး ဖွင့်လိုက်ပါတယ်။ မျက်နှာထားလည်း တည်သွားပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အံ့ဩဖို့ကောင်းပါတယ်။
နောက်ဆုံးတော့ ဟန်ကျွယ်လည်း တာအိုမိစ္ဆာတွေကို ကိုယ်တိုင် တွေ့လိုက်ရပါပြီ။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ တာအိုမိစ္ဆာ ဆန်းကြယ်စွမ်းအားက ဟန်ကျွယ်ရဲ့ နတ်ဘီလူး ဓမ္မရုပ်တု သုံးထောင်နဲ့ ဆင်တူပါတယ်၊ မတူကွဲပြားတဲ့ မဟာတာအို စွမ်းအားတွေ ပါဝင်နေပါတယ်၊ ဒါပေမဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ တာအိုမိစ္ဆာ ဆန်းကြယ်စွမ်းအားက မတူခြားနားတဲ့စွမ်းအား တစ်ထောင်ပဲ ပါဝင်တာမလို့ ဟန်ကျွယ်လောက် မများပါဘူး။
နောက်ဆုံးမှာ ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို အောင်မြင်စွာ သတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သတ်ဖြတ်နိုင်ဖို့ အစွမ်းကုန် ထုတ်တိုက်တာတောင် ငါးမိနစ် ကြာပါတယ်။
ဒါက အသွင်တူ လက်ရည်စမ်းပွဲပါ။ ဒီအထဲမှာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အစွမ်းကုန် တိုက်ခိုက်ပြီး တစ်စက်မှ နောက်မဆုတ်ပါဘူး။
လက်တွေ့ဘဝမှာဆိုရင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က မနိုင်မှန်း သိတာနဲ့ ဟန်ကျွယ်ကို အချိန်ကိုဆွဲပြီး လျှောက်ပုန်းမှာပါ။ ဟန်ကျွယ်သာ မအားရင် တာအိုမိစ္ဆာ ၈ ကွာဒလီယံ ကောင်းကင်တာအိုထဲ ဝင်တာနဲ့ သိုးအုပ်ထဲ ဝံပုလွေ ဝင်သလို ဖြစ်သွားမှာပါ။
ဟန်ကျွယ်ဟာ တာအိုမိစ္ဆာတွေထဲမှာလည်း မဟာတာအိုပညာရှိတွေ ရှိနေတာကို ကြားထားပါတယ်။ တာအိုမိစ္ဆာ ၈ ကွာဒလီယံထဲမှာ မဟာတာအိုပညာရှိ ဘယ်နှပါး ပုန်းနေမလဲဆိုတာကို ဘယ်သူက အတပ်ပြောနိုင်မှာလဲ။
အရေးအကြီးဆုံးက အန္တိမဒဏ်ခတ်နတ်မင်းရဲ့ သဘောထားပါ။
ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ ပတ်သက်နေလိမ့်မယ်လို့ ခံစားနေရပါတယ်။ ပြီးခဲ့တဲ့ စကားပြောဆိုမှုအရ သူ ပြောခဲ့တဲ့စကားတွေကို အန္တိမဒဏ်ခတ်နတ်မင်းက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဆီ တစ်ဆင့်ပြန်ပြီးတော့ ဖောက်သည်ချထားပုံပါပဲ။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တစ်ချက်တည်း သတ်နိုင်ဖို့ နည်းလမ်း ဆက်ရှာပါတယ်။
လေးငါးဆယ်ရက် ကြာပြီးနောက်။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲမှာ တိုက်ခိုက်နေတာကို ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သတ်နိုင်ဖို့ အနည်းဆုံး အသက်ရှူကြိမ် အကြိမ်သုံးဆယ် အချိန်ယူရတုန်းပါ။ အသက်ရှူကြိမ် အကြိမ်သုံးဆယ်က ကြာလွန်းပါတယ်။ ဒီအတောအတွင်း တစ်ခုခု ဖြစ်ပျက်သွားနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ အန္တိမဒဏ်ခတ်နတ်မင်း ပေါ်လာပြီး ဝင်ပါရင် မလွယ်ပါဘူး။
“ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ကောင်းကင်တာအိုကို တိုက်ခိုက်ဖို့ အချိန်ဘယ်လောက် ကြာသေးလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ စကားအရ အချိန်တစ်ခုတော့ ကြာလောက်ပါသေးတယ်။ ဟန်ကျွယ်မှာက လုံလောက်တဲ့အချိန်ရှိသာရင် ဘယ်သူ့ကိုမှ မမူတာပါ။
[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[နှစ်ပေါင်း ၂.၈ သန်းခန့်။]
ဒီအချိန်က တိုလည်း မတိုသလို ကြာလည်း မကြာပါဘူး။ ပြီးခဲ့တဲ့ ကပ်ဘေးတွေနဲ့ နှိုင်းယှဉ်ရင် နှစ် ၂.၈ သန်းက မဟာတာအိုပညာရှိတွေအတွက် စွမ်းအားကြီးလာအောင်လုပ်ဖို့ အချိန်နည်းနည်းပဲ ရှိပါတယ်။ မဟာတာအိုပညာရှိချုပ်ဆိုရင်တောင် ဒီအချိန်က မျက်စိတစ်မှိတ်စာပါ။
ဒါပေမဲ့ ဟန်ကျွယ်အတွက်ဆိုရင်တော့ မတူပါဘူး။ ဟန်ကျွယ်ဟာ အန္တိမမူလ နတ်ဘီလူး ဖြစ်တဲ့အတွက် သက်ရှိအားလုံးထက် သွေးစည်းနှစ်ဆင့် မြင့်နေပါပြီ။ ဒီ ၂.၈ သန်းအတွင်း ဟန်ကျွယ်ဟာ နောက်တစ်ဆင့်တောင် ထိုးဖောက်ကောင်း ထိုးဖောက်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ တက်ကြွသွားပြီး အေးစက်စွာ ပြုံးလိုက်ပါတယ် ‘ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်... မင်း သေပြီ’
ဟန်ကျွယ်ဟာ နောက်ကျရင် ကြမ္မာဆိုးစာအုပ်ကို သုံးပြီး အချိန်ဆွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ရှေးပျက်သုန်းနယ်မြေရဲ့ နက်ရှိုင်းတဲ့ တစ်နေရာက ရေအိုင် အောက်ခြေမှာ ဧရာမ နန်းတော်ကြီးတစ်ဆောင် ရှိနေပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ကြည့်ပြီး မေးလိုက်ပါတယ် “အဲဒါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလား”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဖြေလိုက်ပါတယ် “ဟုတ်တယ်၊ သူက တကယ်ကို စွမ်းအားကြီးတယ်၊ ပဋိပက္ခနတ်ဘီလူးရဲ့ အရည်အချင်းလို့ မပြောရဘူး၊ အရင်တုန်းက ပန်ကူးထက်တောင် စွမ်းအားပိုကြီးသေးတယ်”
“ဟုတ်တယ်၊ ပန်ကူးတောင် နတ်အာဏာရှင် စစ်သူကြီးအောက်မှာ ပြားပြားဝပ်ခဲ့ရတာ၊ ဘယ်လိုလုပ်ပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ယှဉ်နိုင်မှာလဲ... မင်း သူ့ကို ရင်ဆိုင်ဖို့ ယုံကြည်ချက် တကယ် ရှိရဲ့လား”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို စိုက်ကြည့်လိုက်ပါတယ် “ရှိတာပေါ့၊ သူက စွမ်းအားကြီးပေမဲ့ ငါ့ပြိုင်ဘက်တော့ မဟုတ်ဘူး”
အန္တိမဒဏ်ခတ်နတ်မင်းဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီး မေးလိုက်ပါတယ် “သူ့ကို အသက်ရှင်ခွင့်ပေးပြီး ငါတို့တွေ ကိစ္စကြီးကို အတူတူ အကောင်အထည်ဖော်လို့ မရဘူးလား”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ တိတ်ဆိတ်သွားပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းက ဆက်ပြောပါတယ် “မင်း ပဋိပက္ခရဲ့ အခြေအနေဟောင်းကို ချိုးဖျက်ပြီး နိယာမတွေကို ပြန်တည်ဆောက်ချင်ရင် မင်းနဲ့ငါ နှစ်ယောက်တည်းအားနဲ့ အောင်မြင်ဖို့ မလွယ်ဘူး၊ ပဋိပက္ခ အထက်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုက ထောက်လှမ်းနေတယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား”
“အဲဒါက ဘာလဲဆိုတာ ငါတို့ သိတောင် မသိသေးဘူး၊ ဒါကိုကြည့်ရုံနဲ့ ငါတို့ကြားက ကွာခြားချက်ကို သိနိုင်တယ်၊ သူက အထွတ်အထိပ် နိယာမ ခုနစ်ပါးကိုတောင် ထိန်းချုပ်နိုင်ကောင်း နိုင်လောက်တယ်၊ ငါတို့တွေ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ အကူအညီကို ရရင် ပိုပြီးတော့ ယုံကြည်ချက်ရှိတာပေါ့”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အကောင်းမြင်စိတ် ရှိနေတုန်းပါ။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ခပ်ယဲ့ယဲ့ ပြန်ပြောပါတယ် “မင်း သူ့ကို စည်းရုံးနိုင်ရင် ငါ လက်ခံတယ်၊ ဒါပေမဲ့ သူက ကောင်းကင်တာအိုကို ကာကွယ်ချင်ရင်တော့ ငါ သူ့ကျင့်ကြံမှုကို သေချာပေါက် ဖျက်ဆီးပစ်မယ်”
အန္တိမဒဏ်ခတ်နတ်မင်းဟာ တိတ်ဆိတ်သွားပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နောက်ထပ် နှစ်တစ်သိန်း ကုန်ဆုံးသွားပါတယ်။ ရှေးပျက်သုန်းနယ်မြေရဲ့ ကပ်ဘေးဟာ ပဋိပက္ခမှာ မပျံ့နှံ့ပါဘူး။ လူတချို့ပဲ သိကြပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ကျင့်ကြံမှု တိုးတက်လာတာကို ခံစားမိတာကြောင့် ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။ အန္တိမမူလ နတ်ဘီလူးရဲ့ အရည်အချင်းနဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သတ်ပစ်နိုင်ဖို့က အချိန်တစ်ခုပဲ လိုပါတယ်။
ဟန်ကျွယ်ဟာ ပထမဆုံး လူမှုဆက်ဆံရေးကို စစ်ဆေးကြည့်လိုက်တဲ့အခါ တာအိုအရှင်သခင်တို့ သုံးယောက်ရဲ့ ပုံရိပ်ကို တွေ့လိုက်ရတဲ့အတွက် စိတ်သက်သာရာ ရသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို အိပ်မက်ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို အိပ်မက်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ဟန်ကျွယ်က ကျင့်ကြံအားထုတ်ရင်း အလုပ်များနေတဲ့အတွက် အန္တိမဒဏ်ခတ်နတ်မင်း အိပ်မက်ပေးတာကို လျစ်လျူရှုထားခဲ့ပါတယ်။
ဟန်ကျွယ်ဟာ ဘယ်သူ့အတွက်နဲ့မှ သူ့စည်းမျဉ်းကို ချိုးဖျက်မှာ မဟုတ်ပါဘူး။
အိပ်မက်နယ်မြေ။
အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် သက်ပြင်းချလိုက်ပါတယ် ‘တော်တော်ကြမ်းတဲ့ နည်းလမ်းပဲ... ငါ တစ်စက်ကလေးတောင် အာရုံမခံမိဘူး’
ဒီလိုနည်းလမ်းကသာ ရန်သူကို သတ်ဖြတ်နိုင်မယ်ဆိုရင် တော်တော် ကြောက်ဖို့ကောင်းမှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။