← Chapters

အမှောင်သခင်ကြီး ပေါ်လာခြင်း

Vol. 87 Ch. 916

အမှောင်သခင်ကြီး ပေါ်လာခြင်း

Vol. 87 Ch. 916

“ကျွန်တော့်ကို ဘာလို့လာရှာတာလဲ... သိလို့ရမလား” ဟန်ကျွယ်ဟာ ပဟေဠိလေသံနဲ့ မေးလိုက်ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဘာမှမဖုံးကွယ်ဘဲ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ ကြံစည်ထားတာတွေကို ထုတ်ပြောပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ဆီက သတင်းပေါက်ကြားသွားမှာကို မစိုးရိမ်ပါဘူး။ သူတို့က ပဋိပက္ခရဲ့ ထိပ်ဆုံးမှာ ရပ်နေကြတာ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စကားဆုံးတဲ့အခါမှာ ဆွံ့အသွားပါတယ် ‘ဒီကောင်က တခြားလူကို တကယ်ကြီး အသက်နဲ့ရင်းပြီး ယုံကြည်တာလား... ဒီကောင် ဘာတွေ တွေးနေတာလဲ’

ဟန်ကျွယ်သာ အန္တိမဒဏ်ခတ်နတ်မင်း နေရာမှာဆိုရင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်အောက်မှာ အညံ့ခံပြီး နောက်လိုက်ခွေးလုပ်မဲ့အစား ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ သေချာပေါက် ပူးပေါင်းပြီး စွမ်းအားပိုကြီးတဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ရင်ဆိုင်မှာပါ။

“ငါတို့တွေ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နောက်ကို လိုက်ရင် ပဋိပက္ခကို တကယ် ထိန်းချုပ်နိုင်လိမ့်မယ်၊ ပဋိပက္ခအထက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုတစ်ခု ရှိတယ်၊ မင်းလည်း တာအိုဘိုးဘေးက အဲဒီထဲက တစ်ယောက်ဆိုတာကို အာရုံခံမိမှာပါ၊ မင်း ကောင်းကင်တာအိုကို ခေါင်းမာမာနဲ့ ဆက်ပြီးတော့ ကာကွယ်နေရင် တာအိုဘိုးဘေးကို အကျိုးအမြတ် ဖြစ်စေလိမ့်မယ်၊ အဲဒါ မတန်ဘူး၊ နောက်ပြီး မင်း စကြဝဠာအသစ်တစ်ခုကို ဖန်တီးပြီးပြီ မဟုတ်လား” အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ သက်ပြင်းချလိုက်ပါတယ် “နောက်ပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က စိတ်ပိုင်းဖြတ်ပြီးပြီ၊ ဒီကိစ္စက ပြောင်းလဲလို့ မရတော့ဘူး”

ဟန်ကျွယ်က မေးလိုက်ပါတယ် “ခင်ဗျားဘာလို့ သူ့ကို မခုခံတာလဲ၊ ကျွန်တော်တို့တွေ ပူးပေါင်းလို့ ရတာပဲ”

အန္တိမဒဏ်ခတ်နတ်မင်းဟာ ခေါင်းခါလိုက်ပါတယ် “ငါကျင့်ကြံမှုက မတိုးတက်တာ ကြာပြီ၊ နောက်ပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အရမ်းစွမ်းအားကြီးတယ်၊ သူ့ရှေ့မှာ ငါက သေမျိုးတစ်ယောက်လိုပဲ၊ ငါတို့နှစ်ယောက်ရဲ့ ကွာခြားမှုက အရမ်းကြီးတယ်၊ ငါ စိတ်ကူးမယဉ်ရဲတဲ့အထိကို ကြီးမားတာ၊ သူ မင်းကို စောစောက လွှတ်ပေးလိုက်တာကလည်း သူ မင်းကို ကြောက်လို့ မဟုတ်ဘူး၊ အချိန်မဖြုန်းချင်လို့”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ပဋိပက္ခမှာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ခုခံနိုင်တယ်လို့ မရှိတော့ဘူးလား၊ လောင်ဇီ... အမှောင်သခင်ကြီး... အဲဒီပုန်းနေတဲ့ တည်ရှိမှုတွေရော... သူတို့တွေ အတူတူ ပူးပေါင်းရင်တောင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို အနိုင်မယူနိုင်ဘူးလား”

အန္တိမဒဏ်ခတ်နတ်မင်းဟာ ခေါင်းခါလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ထပ်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းက ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “တာအိုရောင်းရင်း... သေချာစဉ်းစားချည်၊ ငါ မင်းကို အချိန်အများဆုံး နှစ်တစ်သန်းပဲ ပေးနိုင်မယ်၊ ငါ မင်းနဲ့အတူ ပဋိပက္ခကို တည်ဆောက်ချင်တယ်၊ အဲဒါကြောင့် ငါ မင်းကို ကာကွယ်နေတာ”

အိပ်မက်ဟာ ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သရော်ပြုံး ပြုံးလိုက်ပါတယ် ‘အန္တိမဒဏ်ခတ်နတ်မင်း... မင်းရဲ့ ကြင်နာမှုအတွက်တော့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မင်းရဲ့ သတ္တိကြောင်မှုက ပဋိပက္ခကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး၊ ဒီလိုဆို မင်းနဲ့ အရင် လောကဦး ဘိုးဘေးနတ်ဘုရားက ဘာကွာခြားတော့မှာလဲ၊ မင်းထက် စွမ်းအားကြီးတဲ့ တည်ရှိမှု ပေါ်လာတာနဲ့ အညံ့လိုက်ခံတော့မှာလား’

ဟန်ကျွယ်ဟာ မျက်တောင်ခတ်လိုက်ပါတယ် ‘ငါ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ဖျက်ဆီးပြီးရင် နတ်စိတ်ဝိညာဉ် ခေါင်းဆောင်အသစ်ကို ထောက်ပံ့ပေးရမယ်... ကျန်းကျွယ်ရှီတို့ ဟန်ဟွမ်တို့ ဝေ့လန်ရှန်မိတို့ဆိုရင် ဘယ်သူ့ကိုမှ ကြောက်မှာ မဟုတ်ဘူး’

ဟန်ကျွယ် အတွေးက မမှားပါဘူး။ ဒါပေမဲ့ ကံဆိုးစွာပဲ ကျန်းကျွယ်ရှီ၊ ဟန်ဟွမ်နဲ့ ဝေ့လန်ရှန်မိတို့က ကြီးပြင်းလာဖို့ အချိန်လိုပါတယ်။

ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးမျက်နှာကို သုံးပြီး နတ်ဒေါင်းအရှင်၊ ကျင်းတျန်ကုန်း၊ ရှီတုတောက်နဲ့ တခြားလူတွေကို အိပ်မက်ပေးကာ အမှောင်သခင်ကြီးက ပဋိပက္ခကို သန့်စင်ပြီး အမှောင်ခေတ်ကို ဆောင်ယူလာမယ်လို့ သတင်းဖြန့်ခိုင်းလိုက်ပါတယ်။

ဒါက ထောင်ချောက်တစ်ခုပါ။ လူတွေကို အမှောင်သခင်ကြီးက ရည်မှန်းချက်ကြီးတဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ပစ်မှတ်ထားနေတယ်လို့ ထင်စေချင်တာပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို မျက်နှာအစစ်နဲ့ အိပ်မက်ပေးပြီး ရှေးပျက်သုန်းနယ်မြေရဲ့ အန္တရာယ်ကို သတင်းဖြန့်ခိုင်းပါတယ်။

ဟန်ကျွယ်ဟာ သတင်းအတုနဲ့ အစစ်ကို ‌ရောလွှင့်ပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို စိတ်အေးလက်အေး မနေနိုင်အောင် လုပ်တာပါ။

အခုအချိန်မှာ ဟန်ကျွယ်က အရင်လို မဟုတ်တော့ပါဘူး။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ပဋိပက္ခတစ်ခုလုံးကို ငုံ့ကြည့်လို့ရပြီး ဟန်ကျွယ်ရဲ့ နောက်လိုက်တွေက နေရာတိုင်းမှာ ပြန့်ကျဲနေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကိစ္စတွေကို ကိုယ်တိုင် လိုက်လုပ်စရာ မလိုပါဘူး။ အမိန့်တစ်ချက် ပေးလိုက်ရုံပါပဲ။

ကိစ္စတွေအားလုံး ပြီးစီးသွားတဲ့အခါ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို တစ်ပြားသားတောင် မလျှော့ပါဘူး။

အခွင့်အာဏာက ဖြည့်ဖက်ပါ။ တကယ့်အုတ်မြစ်က ကိုယ်ပိုင်အင်အားပါ။

ကောင်းကင်တာအို၊ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်။

တာအိုပညာရှိတွေဟာ စကြဝဠာခန်းမမှာ စုဝေးနေကြပါတယ်။ ဓားရူးတာအိုပညာရှိ၊ မဟာဟင်းလင်းပြင်ဝိညာဉ်နဲ့ ဟုန်စဲ့မင်ယွင်တို့လည်း ရောက်လာကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ ရှေးပျက်သုန်း နယ်မြေအကြောင်းကို ပြန်ပြောင်း ပြောပြလိုက်တဲ့အခါ တာအိုပညာရှိတွေဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။

“ဘာ... သူက တာအိုဘိုးဘေးအပေါ် မုန်းတီးမှုတွေကို ငါတို့ဆီ ပုံချတာလား”

“တော်တော် မောက်မာတာပဲ”

“ကောင်းတယ်... ကောင်းကင်တာအိုက ငြိမ်းချမ်းနေတာ ကြာပြီဆိုတော့ ဒုက္ခနည်းနည်း ခံစားဖို့ အချိန်ကျပြီ”

“အခု ကောင်းကင်တာအိုထဲမှာ တာအိုပညာရှိအတု တစ်သောင်းကျော်နဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က တစ်သန်းကျော် ရှိတယ်၊ ဒီအင်အားက ဘယ်လောက်တောင် စွမ်းအားကြီးလဲ၊ ရှေးပျက်သုန်းနယ်မြေက ဘာမလို့လဲ၊ အရင်တုန်းက အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံတောင် ကောင်းကင်တာအိုကို မယှဉ်နိုင်ခဲ့ဘူး”

“ဟုတ်တယ်၊ ကောင်းကင်တာအိုမှာ မဟာတာအိုပညာရှိ သုံးပါးနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရှိတယ်၊ သူတို့ကို အသာလေး ဖိနှိပ်နိုင်တယ်”

“ငါတို့တွေ တခြားကမ္ဘာတွေကို ဆက်သွယ်ပြီး ရှေးပျက်သုန်း နယ်မြေကို အတူခုခံလို့ရတယ်၊ ရှေးပျက်သုန်းနယ်မြေက ကောင်းကင်တာအိုကို ဖျက်ဆီးပြီးရင် သူတို့ကို ဖျက်ဆီးမှာလို့ ပြောလိုက်မယ်၊ ကောင်းကင်တာအိုက တခြားကမ္ဘာတွေကို ဘယ်လိုဆက်ဆံလဲဆိုတာ လူတိုင်းအသိပဲ၊ ရှေးပျက်သုန်းနယ်မြေက တားမြစ်နယ်မြေ... ကောင်းကင်တာအိုနဲ့ ဘယ်လိုလုပ်ပြီး လာယှဉ်လို့ရမှာလဲ”

တာအိုပညာရှိတွေဟာ သူတို့အမြင်တွေကို ဆွေးနွေးကြပါတယ်။ သူတို့တွေဟာ ရှေးပျက်သုန်းနယ်မြေကို မကြောက်ကြပါဘူး။

နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ တိုက်ပွဲပြီးတဲ့နောက် ကောင်းကင်တာအိုဟာ သံမဏိပြား ဖြစ်သွားပြီး ပဋိပက္ခကို ငုံ့ကြည့်လာပါတယ်။

ပန်ရှင်းက ကြိမ်းမောင်းလိုက်ပါတယ် “တိုက်ဆိုလည်း တိုက်ကြမယ်၊ ဒါက ကောင်းကင်တာအိုရဲ့ အင်အားကို ပြသဖို့ အခွင့်အရေးကောင်းပဲ၊ ပန်ကူးမျိုးနွယ်စုက ပါရမီရှင်တွေလည်း ကြီးပြင်းလာပြီ၊ သူတို့တွေက တာအိုပညာရှိ မဖြစ်သေးပေမဲ့ တာအိုပညာရှိဖြစ်ဖို့ သိပ်မဝေးတော့ဘူး”

ချင်လင်းဟာ မတ်တတ်ရပ်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ကျွန်တော်ကိုယ်တိုင် ရှေးပျက်သုန်းနယ်မြေဆီ သွားပြီး ကောင်းကင်တာအိုအတွက် သတင်းအချက်အလက် စုဆောင်းပေးမယ်၊ တစ်ဖက်လူက ကောင်းကင်တာအိုကို ချေမှုန်းချင်တယ်ဆိုရင် သေချာပေါက် အင်အားအကြီးကြီး လိုမှာပဲ၊ သဲလွန်စ တစ်ခုခုတော့ ရှာတွေ့မှာပဲ”

ဟန်ယွီလည်း မတ်တတ်ရပ်လိုက်ပါတယ် “ငါလည်း လိုက်မယ်”

ဟန်ယွီ မတ်တတ်ရပ်တာကို တွေ့တာနဲ့ ဂျိရှင်းရှန်၊ ရန်တျန်ကုန်း၊ လုံဟောင်၊ ဖန်းလျန်နဲ့ တခြားတာအိုပညာရှိတချို့လည်း မတ်တတ်ရပ်လိုက်ကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ငါတို့တွေ ဒီကိစ္စကို ရေရှည်စဉ်းစားဖို့ လိုအပ်တယ်၊ ရှေးပျက်သုန်းနယ်မြေကို လူလွှတ်ဖို့က တကယ်လိုအပ်တာ”

တာအိုပညာရှိတွေဟာ ရွေးချယ်စရာမရှိဘဲ နေရာမှာ ပြန်ထိုင်လိုက်ရပါတယ်။

တစ်ချိန်တည်းမှာပဲ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ တည်ရှိမှုက ပဋိပက္ခမှာ လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။ တောမီးလို ပျံ့နှံ့သွားတာပါ။

အန္တိမဒဏ်ခတ်နတ်မင်းလည်း ဒီသတင်းတွေကို ကြားသွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်ပါတယ် “ထူးဆန်းတယ်၊ ဒီသတင်းက ဘယ်လိုလုပ်ပြီး ပျံ့နှံ့သွားတာလဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ လက်ချက်များလား... မဟုတ်ဘူး... အမှောင်သခင်ကြီးရဲ့ လက်ချက် ဖြစ်နိုင်တယ်... တခြား လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတွေရဲ့ လက်ချက်လည်း ဖြစ်နိုင်တာပဲ”

အန္တိမဒဏ်ခတ်နတ်မင်းရဲ့ မျက်နှာဟာ တော်တော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်ဆိုပေမဲ့ ပဋိပက္ခမှာ သူမမြင်နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတွေ အများကြီး ရှိနေပါတယ်။

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အဲဒီတည်ရှိမှုတွေကို ခုခံချင်ပါတယ်။ အဲဒီတည်ရှိမှုတွေထဲမှာ အမှောင်သခင်ကြီးက အပေါ်ယံမှာ အလျှို့ဝှက်ဆုံး ဖြစ်ပါတယ်။ နောက်ပြီး အမှောင်သခင်ကြီးဟာ ပဋိပက္ခကို သန့်စင်တော့မယ်လို့ ကောလဟာလတွေလည်း ထွက်နေပါတယ်။

‘အမှောင်သခင်ကြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တိုက်ခိုက်ချင်တာလား... အမှောင်သခင်ကြီးနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပတ်သက်နေတာများလား...’ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို အိပ်မက်ပေးပြီး မေးမြန်းဖို့တောင် စဉ်းစားလိုက်ပါတယ်။ ဒါပေမဲ့ သေချာတွေးကြည့်တော့ မေးလည်း ဘာမှမထူးမှာကို စဉ်းစားမိလိုက်ပါတယ်။ ကိစ္စက ဖြစ်ပြီးသွားပြီ မဟုတ်ပါလား။

“ကောင်းတယ်... ငါ ကြည့်ချင်သေးတယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ အမှောင်သခင်ကြီးက ငါနဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို အနိုင်ယူနိုင်မလားဆိုတာ...” အန္တိမဒဏ်ခတ်နတ်မင်းဟာ အေးစက်စွာ ကြုံးဝါးလိုက်ပါတယ်။ မျက်လုံးထဲမှာလည်း သတ်ဖြတ်ငွေ့တွေ လျှံထွက်သွားပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ကို သတ်ရဲတဲ့လူ ဖြစ်နေတုန်းပါ။

တခြားတစ်ဖက်မှာတော့...

[အန္တိမဒဏ်ခတ်နတ်မင်းသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]

ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ သူ့ရှေ့မှာ အသိပေးချက်တစ်ချက် ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဒီကိစ္စက နောက်ကျမှ စုပြီး ရှင်းမှာပါ။

ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းနဲ့ ပဋိပက္ခအစည်းအဝေးကို အတူကျင်းပရလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ အခုတော့ သူတစ်ယောက်တည်း လုပ်ရမဲ့ပုံပါပဲ။

‘ပဋိပက္ခက ငါ့ကို သည်းမခံနိုင်မှတော့ ငါ ထိန်းချုပ်ပစ်မယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ အမြဲတမ်း အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ချင်ခဲ့တာပါ။ ဒါပေမဲ့ ပြဿနာတွေက အမြဲတမ်း ဟန်ကျွယ်ဆီကို တံခါးလာခေါက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုဘိုးဘေးကို တွေးမိလိုက်ပါတယ်။

‘ဒီလိုဖြစ်နေတာတွေက ကောင်းကင်တာအို မငြိမ်းချမ်းအောင် တာအိုဘိုးဘေး နောက်ကနေ ကြံစည်နေတာများလား...’

ဒါက ဟန်ကျွယ်ရဲ့ ခန့်မှန်းချက်တစ်ခုပါ။ တာအိုဘိုးဘေးက ကောင်းကင်တာအိုကို ပိုပြီးတော့ ကာကွယ်ထားပြီး အခုမှ ဖြေလျှော့ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

သစ်ပင်အိုကြီးအောက်မှာ ဘေးချင်းယှဉ်လျက် တရားထိုင်နေတဲ့ ဟန်ချင်းအာနဲ့ ဟန်ဟွမ်ဟာ တစ်ချိန်တည်း မျက်လုံးဖွင့်လိုက်ကြပါတယ်။

“ချင်အာ... နင် စွမ်းအား ပိုကြီးလာပြီ” ဟန်ဟွမ်က ချီးကျူးလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ဟွမ်ရဲ့ ချီကျူးစကားက ဟန်ချင်းအာ နားထဲမှာတော့ အပ်နဲ့ ထိုးနေသလိုပါပဲ။

“ဟမ်...” ဟန်ချင်းအာဟာ နှာခေါင်းရှုံ့ပြီး ထွက်ခွာသွားပါတယ်။

ဟန်ဟွမ်ဟာ နောက်ကနေ အမီလိုက်ပါတယ် “ချင်းအာ... အစ်ကို ညီမလေးကို နှစ်သိမ့်နေတာ မဟုတ်ဘူး၊ အစ်ကိုက အစွမ်းကုန် ထုတ်တိုက်တာ အကျင့်ဖြစ်နေပြီ၊ ဒါက ဖေဖေ သင်ပေးထားတာ၊ အစ်ကိုက ရန်သူကို ဘယ်လောက်ပဲ အထင်သေးသေး တိုက်ခိုက်တာနဲ့ အစွမ်းကုန် ထုတ်တိုက်တာ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters