← Chapters

နိယာမများအား စုပ်ယူခြင်း

Vol. 87 Ch. 917

နိယာမများအား စုပ်ယူခြင်း

Vol. 87 Ch. 917

ဟန်ချင်းအာဟာ ဟန်ဟွမ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခခါ ပိုပြီးတော့ ဒေါသထွက်သွားပါတယ် “အစ်ကိုနှစ်... အစ်ကိုနှစ် စကားမပြောတတ်ရင် ပါးစပ်မဟနဲ့”

ဟန်ဟွမ်ဟာ ခေါင်းကုတ်သွားပါတယ်။ ဟန်ဟွမ်ဟာ သူပြောတာ မှားသွားမှန်း သိတာကြောင့် စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ချင်းအာ... အစ်ကိုနှစ် ညီမလေးကို ဆန်းကြယ်စွမ်းအား သင်ပေးရမလား၊ အစ်ကိုနှစ်က တန်ခိုးကြီးမား မဟာလက်ဝါးအကြောင်းကို တော်တော်လေး သိထားတယ်”

ဟန်ချင်းအာဟာ ဟွန်းခနဲမြည်အောင် လေမှုတ်ထုတ်လိုက်ပါတယ် “ကောင်းပြီလေ... ညီမလေး အစ်ကိုနှစ်ရဲ့ အတွေးအမြင်တွေကို သိချင်တယ်”

မောင်နှမနှစ်ယောက်ဟာ သစ်ပင်အိုကြီးဆီ ပြန်ရောက်သွားပါတယ်။ ဟန်ဟွမ်ဟာ သူ့အတွေ့အကြုံတွေကို စပြီးတော့ ပြောပြပါတယ်။ မကြာခင်မှာပဲ ဟန်ချင်းအာဟာ ဟန်ဟွမ်ရဲ့ စကားထဲ နစ်မျောသွားပါတယ်။ ဟန်ချင်းအာဟာ ဟန်ဟွမ်ရဲ့ အရည်အချင်းကို မကျေနပ်ပေမဲ့ အထင်လည်း ကြီးပါတယ်။ ဒါကြောင့် ဟန်ဟွမ်ရဲ့ နားလည်မှုကို နားထောင်ချင်တာပါ။

ကြယ်တစ်စင်းပေါ်မှာ...

မဟာတာအို ရယူပြီးခါစ ကျန်းကျွယ်ရှီဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်နေပါတယ်။ လျူပေ့ဟာ ကျန်းကျွယ်ရှီ ဘေးနားမှာနေပြီး အဖြူရောင်ချပ်ပြား တစ်ပြားကို ကိုင်ထားပါတယ်။ ဒီအဖြူရောင်ချပ်ပြားထဲမှာ ရုပ်သွင်သေးသေးလေး တစ်သွင် ရှိနေပြီး လှုပ်ရှားမှုတွေ လုပ်နေပါတယ်။ ဒီရုပ်သွင်သေးသေးလေးရဲ့ ရွှေ့လျားမှုတွေက စူးရှပြီး မြန်ဆန်လှပါတယ်။

ကျန်းကျွယ်ရှီဟာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “ကြည့်နေတာ ရပ်တော့... ဘာအဓိပ္ပာယ်မှလည်း ရှိတာ မဟုတ်ဘဲနဲ့”

လျူပေ့ဟာ ကျန်းကျွယ်ရှီကို လှည့်တောင်မကြည့်ဘဲ ပြောလိုက်ပါတယ် “ငါ့ကို မင်းလို မှတ်နေတာလား၊ ငါ့အရည်အချင်းက သာမန်ပဲရှိတာ၊ ဒီဆန်းကြယ်စွမ်းအားက ငါ့အတွက် ဧရာမအခွင့်အရေးကြီးပဲ”

ကျန်းကျွယ်ရှီဟာ ဒီချပ်ပြားကို အပြင်လူတွေ ကြယ်စကြဝဠာဆီ မကျူးကျော်အောင် တားဆီးရင်း ရရှိခဲ့တာပါ။ ဒီချပ်ပြားဝိုင်းထဲမှာ မျိုးနွယ်စုရဲ့ အမွေအနှစ်နဲ့ လွတ်လပ်အဆင့်ရှိတဲ့ ပညာရပ်တစ်မျိုးကို မှတ်တမ်း တင်ထားပါတယ်။

ကျန်းကျွယ်ရှီက အလေးအနက် ပြောလိုက်ပါတယ် “ဒီအတောအတွင်း ကိစ္စအကြီးကြီး တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရတယ်၊ ငါ့ကို အရမ်း စိတ်လေးစေတယ်”

“မင်းမှာ ဘာကြောက်စရာရှိလို့လဲ၊ သခင်ရဲ့ နယ်မြေထဲမှာ မင်းကို ဘယ်သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ”

ကျန်းကျွယ်ရှီဟာ ဟန်ကျွယ်ကို တွေးမိပြီး စိတ်ပြေလျော့သွားပါတယ် ‘ငါ့ရဲ့ လျှို့ဝှက်ဆန်းကြယ် ဆရာသခင်က တကယ် စွမ်းအားကြီးတာဆိုတော့ ငါ့ကို ကာကွယ်နိုင်လောက်ပါတယ်’

ဒါပေမဲ့ ကျန်းကျွယ်ရှီ ရင်ထဲက လေးလံမှုဟာ လုံးဝဥဿုံ ပျောက်ကွယ်သွားခြင်း မရှိပါဘူး။ ကျန်းကျွယ်ရှီဟာ ဘယ်တုန်းကမှ ဒီလိုမျိုး မခံစားခဲ့ရပါဘူး။

‘ဘာလို့ ဒီလိုဖြစ်ရတာလဲ’ ကျန်းကျွယ်ရှီဟာ မျက်မှောင်ကြုတ်သွားပြီး အတွေးနက်သွားပါတယ်။

.....

ကောင်းကင်ပြာအောက်က တောင်ထိပ်တစ်ထိပ်မှာ...

ဟန်ထော်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ယီတျန်လည်း အတူတူပါပဲ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တစ်ယောက်မျက်လုံးထဲက အဓိပ္ပာယ်ကို နားလည်သွားကြပါတယ်။

ယီတျန်ဟာ ကြိမ်းမောင်းလိုက်ပါတယ် “လာပြန်ပြီ... ဒီခံစားချက်၊ ညီအစ်ကို... မင်း ဘယ်လိုထင်လဲ၊ အင်အားတချို့က ငါတို့ကို ကြိုးကိုင်နေတာလား”

ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါလည်း သေချာမသိဘူး၊ ငါတို့တွေ မဟာတာအိုရရင် နားလည်သွားလိမ့်မယ်လို့ ထင်တာပဲ”

ယီတျန်က မေးလိုက်ပါတယ် “ငါတို့တွေ အန္တိမနတ်မင်းကို ဒီအကြောင်း ပြောသင့်တယ်လို့ ထင်လား”

ဟန်ထော်ဟာ ခေါင်းခါလိုက်ပါတယ် “ထားလိုက်ချည်... ဆက်ပြီးတော့ ကျင့်ကြံအားထုတ်၊ အခုအချိန်မှာ အရေးကြီးဆုံးက မဟာတာအိုကို တတ်နိုင်သလောက် မြန်မြန် ရယူဖို့ပဲ၊ ပဋိပက္ခ အစည်းအဝေးမှာ ဝင်ပြိုင်တာက လူများဖို့ သက်သက်ပဲ”

ယီတျန်ဟာ ဟန်ထော်ရဲ့ စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာကြောင့် ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ထော်နဲ့ ယီတျန်ဟာ မဟာတာအို တတ်နိုင်သလောက် မြန်မြန် ရယူနိုင်အောင် ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ကြပါတယ်။

…..

မြို့ပေါင်းများစွာ ကျွန်းပေါင်းများစွာ ဝန်းရံနေတဲ့ မဟာတာအိုမျှော်စင်ဟာ ပဋိပက္ခ ဟင်းလင်းပြင်ထဲမှာ တိတ်တဆိတ် ပေါလောမျောနေပါတယ်။

မဟာတာအိုမျှော်စင်ထဲမှာ ကျိုးဖန်ဟာ လမ်းလျှောက်လာတဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို လှမ်းကြည့်ပြီး နှုတ်ဆက်လိုက်ပါတယ် “အရှင်မင်းကြီး... မတွေ့ရတာ ကြာပြီနော်၊ ကျွန်တော်ဆီကို လာလည်ရလောက်အောင် အားနေပုံထောက်ရင် နောက်ထပ် အခွင့်အရေးတစ်ခု ရှိနေပြီနဲ့ တူတယ်”

မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်မှာ နောက်ထပ် လူတစ်ယောက် ပါလာပါတယ်။ ဒီလူက စစ်ဗုဒ္ဓပါ။ သူက ချူရှီရန်ရဲ့ တပည့်ဖြစ်ပြီး ဗုဒ္ဓကမ္ဘာရဲ့ ဗုဒ္ဓစိတ်ဝိညာဉ် ဖြစ်ပါတယ်။ အခုတော့ သူက ကောင်းကင်ရုံးတော်ရဲ့ မဟာစစ်သူကြီး ဖြစ်နေပါပြီ။

“ဟုတ်တယ်၊ ဧရာမ အခွင့်အရေးကြီးပဲ... ဟားဟား...” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရယ်မောရင်း ကျိုးဖန်နောက်မှာရှိတဲ့ မော့ဖူချိုဆီ အကြည့်ရောက်သွားပြီး ခေါင်းညိတ်လိုက်ပါတယ်။

ကျိုးဖန်ဟာ မိစ္ဆာကောင်းကင်ဧကရာဇ်ကို နွေးထွေးစွာ ကြိုဆိုပြီး ထိုင်ခုံဆီ ဆွဲခေါ်သွားပါတယ်။

“ပြောစမ်းပါဦး... ဘယ်လို အခွင့်အရေးကြီးလဲ၊ ကျွန်တော် အခွင့်အရေးကို စောင့်နေတာ ကြာပြီ” ကျိုးဖန်ဟာ ပြုံးလိုက်ပါတယ်။ ပဋိပက္ခက ကျယ်ပြောလွန်းတဲ့အတွက် မဟာတာအိုမျှော်စင်က အမြဲတမ်း ရွက်လွှင့်နေတာတောင် အခွင့်အရေးတွေနဲ့ ရင်ဆိုင်တွေ့ဖို့က အရမ်းရှားပါးလှပါတယ်။

ဒါကြောင့် ကျိုးဖန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ အလုပ်လုပ်ရတာကို မကြာခဏ သတိရလေ့ ရှိပါတယ်။ ကျိုးဖန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဘာဖြစ်လို့ ရင်းမြစ်တွေ၊ ရတနာတွေ၊ အ‌မွေအနှစ်တွေ ပေါကြွယ်ဝတဲ့ ကမ္ဘာတွေကို အမြဲတမ်း ရှာဖွေနိုင်လဲဆိုတာ နားမလည်ပါဘူး။ ဒီလိုရှာဖွေနိုင်တဲ့ အကြောင်းအရင်းကိုလည်း တော်တော် စိတ်ဝင်စားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ဒီအခွင့်အရေးနဲ့ဆိုရင် မင်း မဟာတာအိုထဲကို တက်လှမ်းနိုင်လောက်တယ်”

ကျိုးဖန်ဟာ ပိုပြီးတော့ စိတ်လှုပ်ရှားသွားပါတယ်။

ကျိုးဖန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ပြောတာကို ဂရုတစိုက် နားထောင်ပါတယ်။

မော့ဖူချိုလည်း ကျိုးဖန်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားဝိုင်းကို သေချာ နားထောင်ပါတယ်။ မော့ဖူချိုဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ မော့ဖူချိုဟာ အင်မော်တယ်ကမ္ဘာက မိတ်ဆွေဟောင်းတစ်ယောက်ကို ပဋိပက္ခထဲမှာ ပြန်တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ လောကကြီး ပြောင်းလဲသွားသလို ခံစားလိုက်ရပါတယ်။

စစ်ဗုဒ္ဓကတော့ ဒီကိစ္စကို စိတ်မဝင်စားသလိုမျိုး မျက်နှာသေကြီးနဲ့ ရှိနေပါတယ်။

အချိန်အတန် ကြာသွားတဲ့အခါမှာတော့...

ကျိုးဖန်ဟာ မျက်မှောင်ကြုတ်သွားပြီး အတွေးနက်သွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ကလည်း အလျင်မလိုပါဘူး။ မော့ဖူချိုနဲ့ အင်မော်တယ်ကမ္ဘာက ရှေး‌ဟောင်းနှောင်းဖြစ်တွေ ပြောဆိုပါတယ်။

“ဒါက အလုပ်ဖြစ်နိုင်တယ်လို့ ငါထင်တယ်၊ စွန့်စားရတယ်ဆိုပေမဲ့ ဘယ်အခွင့်အရေးက အန္တရာယ်မရှိလို့လဲ၊ ငါ့အမွေအနှစ်နဲ့တောင် မင်း အများဆုံး မဟာတာအိုပဲ ရယူနိုင်မှာ၊ နောက်ထပ် ရှေ့ဆက်တက်ဖို့က မဖြစ်နိုင်သလောက်ပဲ”

ကျိုးဖန်ရဲ့ နားထဲမှာ အသံတစ်သံကို ကြားလိုက်ရပါတယ်။ ဒီအသံက ခုနစ်ပါး တာအိုပညာရှိပါ။ ကျိုးဖန်ဟာ တုံ့ဆိုင်းသွားပြီး ခုနစ်ပါးတာအိုပညာရှိကို ပြန်မေးလိုက်ပါတယ် “ရှေးပျက်သုန်းနယ်မြေက ဘယ်လောက် အန္တရာယ်များလဲ၊ ဒီအတောအတွင်း ပဋိပက္ခမှာ ပျံ့နေတဲ့ သတင်းတွေအရ အဲဒီမှာ တာအိုမိစ္ဆာတွေ မရေမတွက်နိုင်အောင် စုဝေးနေကြတယ်တဲ့၊ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာတုန်းကလည်း တာအိုမိစ္ဆာတွေကို မင်း ရှုံးနိမ့်ခဲ့တာမလား”

“တာအိုမိစ္ဆာတွေကြောင့်ဆိုတာ အမှန်ပဲ၊ ဒါပေမဲ့ အခု အခြေအနေက မတူဘူး၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဒီလောက်ထိ အကြောက်အလန့် ကင်းနေတာ သူ့နောက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရှိနေတယ်ဆိုတာ အသိသာကြီး”

ကျိုးဖန်ဟာ ခုနစ်ပါးတာအိုပညာရှိရဲ့ စကားကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကျိုးဖန်ရဲ့ အကြည့်ကို ခံစားမိတာကြောင့် ပြုံးပြပါတယ်။

ကျိုးဖန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ယုံကြည်ပါသေးတယ်။ သူတို့နှစ်ယောက်က တစ်ကြိမ်မက အသက်ကို စွန့်စားပြီးပါပြီ။ ဒါကြောင့် ယုံကြည်ဖို့ ထိုက်တန်တဲ့အထဲမှာ ပါပါတယ်။

“ကောင်းပြီ၊ ကျွန်တော် လုပ်မယ်၊ ကျွန်တော်တို့တွေ ဘယ်တော့ လှုပ်ရှားကြမလဲ” ကျိုးဖန်က အံကြိတ်ပြီး မေးလိုက်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “မလောပါနဲ့၊ ငါ တခြားလူတွေကို စည်းရုံးရဦးမယ်၊ ဒီကိစ္စက အလျင်လိုလို့ မရဘူး”

ကျိုးဖန်လည်း ပြုံးလိုက်ပါတယ် “ကျွန်တော် မလောပါဘူး... အရှင်မင်းကြီးကို ယုံကြည်ပါတယ်၊ ကျွန်တော် အရှင်မင်းကြီးရဲ့ အမိန့်ကို စောင့်စားနေမယ်”

ကျိုးဖန်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တစ်ယောက်ကို တစ်ယောက် ပြုံးပြုလိုက်ပါတယ်။

“ဒါနဲ့ မင်း ဟန်ကျွယ်ရဲ့သား ဟန်ဟွမ်ကို မြင်ဖူးပြီးပြီလား” မိစ္ဆာ ကောင်းကင်ဧကရာဇ်က ရုတ်တရက် မေးလိုက်ပါတယ်။

‘ဟန်ကျွယ်...’ မော့ဖူချိုဟာ မျက်နှာပြောင်းသွားပါတယ်။

ကျိုးဖန်ဟာ မော့ဖူချို မျက်နှာပြောင်းသွားတာကို သတိထားမိတာကြောင့် ချက်ချင်း ရယ်မောပြီး မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို အဖြေပြန်ပေးလိုက်ပါတယ် “ကျွန်တော် သူ့ကို ကြားမိတယ်၊ ဒါပေမဲ့ တစ်ခါမှ မတွေ့ဖူးသေးဘူး”

“မင်းဆရာသခင်က တကယ်ကို သားကောင်း မွေးလိုက်တာ၊ ဟွမ်အာက သူ့အစ်ကိုထက်တောင် အရည်အချင်း ပိုရှိတယ်၊ သူက မဟာတာအိုရယူပြီးပြီလို့ ငါ ကြားထားတယ်... ဟင်း...” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချလိုက်ပါတယ်။

“ဗျာ...”

“ဗျာ...”

မော့ဖူချိုနဲ့ ကျိုးဖန် နှစ်ယောက်စလုံး အံ့ဩတကြီး ဖြစ်သွားကြပါတယ်။ မော့ဖူချိုဟာ ဟန်ကျွယ်က ကျိုးဖန်ရဲ့ ဆရာသခင် ဖြစ်လာလို့ အံ့အားသင့်သွားတာပါ။ ကျိုးဖန်ကတော့ သူ့ဂျူနီယာက သူ့ကို ကျော်တက်သွားလို့ တအံ့တဩ ဖြစ်သွားတာပါ။

စစ်ဗုဒ္ဓရဲ့ မျက်လုံးလည်း ကျဉ်းသွားပါတယ်။ စစ်ဗုဒ္ဓဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဟန်ဟွမ်ကို တစ်ကြိမ်မက ချီကျူးတာကို ကြားထားပါတယ်။ ဒါကြောင့် နည်းနည်း လက်မခံချင် ဖြစ်လာပေမဲ့ မျက်နှာမှာ မပေါ်အောင် ထိန်းထားနိုင်ပါတယ်။

ကျိုးဖန်ဟာ မော့ဖူချိုကို ဂရုမစိုက်အားပါဘူး။ ကျိုးဖန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “ဂိုဏ်းတူညီလေးက ဘယ်တုန်းက မဟာတာအို ရသွားတာလဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “ငါလည်း သေချာမသိဘူး၊ ဘာပဲဖြစ်ဖြစ် သူ ဘယ်လောက်ပဲ အချိန်ယူရယူရ သူ့အရည်အချင်းက အရမ်း ကြောက်ဖို့ကောင်းတယ်”

ကျိုးဖန်ဟာ တိတ်ဆိတ်သွားပါတယ်။

တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။

ပဋိပက္ခဟာ လေပြင်းထန်လာပါတယ်။

အမှောင်သခင်ကြီးက အရှိန်အဟုန် ဖန်တီးပြီး ရှေးပျက်သုန်းနယ်မြေက ကပ်ဘေးတစ်ခုကို လှုံ့ဆော်လိုက်တဲ့အတွက် ပဋိပက္ခဟာ မငြိမ်မသက် ဖြစ်လာပါတယ်။

နှစ်တစ်သိန်း ကြာသွားပေမဲ့ ရှေးပျက်သုန်းနယ်မြေက ဘာလှုပ်ရှားမှုမှ မရှိပါဘူး။ အမှောင်သခင်ကြီးရဲ့ တပည့်တွေကတော့ ကောလဟာလတွေ ဆက်ဖြန့်နေတုန်းပါ။ ပဋိပက္ခထဲက ရက်စက်ယုတ်မာတဲ့ ကိစ္စတွေကိုလည်း အမှောင်သခင်ကြီးခေါင်းပုံ ပုံချကြပါတယ်။ အမှောင်သခင်ကြီးဆိုတော့ ဒီလောက်တော့ ရက်စက်ယုတ်မာရမယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အားရစွာ အကြောဆန့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ် နောက်ဆုံးအဆင့်ကို ရောက်နေတာတောင် သူ့ကျင့်ကြံမှုအလျင်က မြန်ဆန်နေတုန်းပါ။ ဆက်တိုက် စွမ်းအားကြီးလာတဲ့ ခံစားချက်က တကယ်ကို ခံစားလို့ ‌ကောင်းလှပါတယ်။

‘ငါ နောက်တစ်ခါ လောကဦးပဋိပက္ခ မဟာဖန်တီးမှုကို ထပ်ရရင် ငါ့သွေးစည်းကို ထပ်မြှင့်သင့်လား...’ ဟန်ကျွယ်ဟာ သူ့အကြံကို အလုပ်ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ပဋိပက္ခသက်ရှိတွေကို အဝေးကြီးမှာ ချန်ထားခဲ့ချင်ပါတယ်။ ဟန်ကျွယ်ဟာ အစွမ်းအထက်ဆုံး ဖြစ်လာရင် ပဋိပက္ခထဲက ဒုတိယ အစွမ်းအထက်ဆုံးနဲ့ ဝေးကွာသထက် ဝေးကွာအောင် ကြိုးစားမှာပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တာကြောင့် အပေါ်ကို မော့ကြည့်လိုက်ပါတယ်။

ပဋိပက္ခအထက် အထွတ်အထိပ် နိယာမ ခုနစ်ပါးရဲ့ အောက်မှာ ရုပ်သွင်တစ်သွင် ရှိနေပါတယ်။ ဒီရုပ်သွင်က အထွတ်အထိပ် နိယာမခုနစ်ပါးကို စုပ်ယူနေပါတယ်။ ဒီရုပ်သွင်က နတ်ဒေါင်းအရှင်ကို ဖိနှိပ်ခဲ့တဲ့ ဘိုးဘေးထျန်ရွှီပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters