လောကဦးကမ္ဘာရဲ့ ပထမဆုံးသက်ရှိ
Vol. 88 Ch. 924
‘ဒီတံခါးကို ဖွင့်ပြီးရင် ငါ မဟာတာအိုကို ရယူနိုင်ပြီ’ ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ မျက်လုံးတွေဟာ အရိုင်းဆန်သွားပါတယ်။ ကောင်းကင်နက္ခ နတ်ဘီလူးဟာ လူသားနဲ့တူပေမဲ့ သူ့ရုပ်သွင်က သားရဲလိုမျိုး ရန်လိုမှုကို ထုတ်လွှတ်နေပါတယ်။
ကောင်းကင်နက္ခ နတ်ဘီလူးဟာ မဟာတာအိုတံခါးဆီ လျှောက်သွားပြီး လက်ဝါးတင်ကာ အားကုန် စတွန်းပါတယ်။ ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ ပြင်းထန်လွန်းတဲ့ စွမ်းအားဟာ ပေါက်ကွဲထွက်လာပြီး မဟာတာအိုတံခါးကို တုန်လှုပ်သွားစေပါတယ်။
“အို... ပဋိပက္ခထဲမှာ ရှန်တျန် ပဋိပက္ခနတ်ဘီလူးတစ်ပါး ပုန်းနေလိမ့်မယ်လို့ ထင်မထားဘူး” အံ့အားသင့်တဲ့အသံ တစ်သံ ထွက်ပေါ်လာပါတယ်။
ဒီအသံကြောင့် ကောင်းကင်နက္ခ နတ်ဘီလူးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ကောင်းကင်နက္ခ နတ်ဘီလူးဟာ သူ အဆင့်ထိုးဖောက်နေတာကို တခြားတစ်ယောက်က ရှာတွေ့သွားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
“တာအိုရောင်းရင်း... ဒီလူက ကျွန်တော့်လူ၊ ကျွန်တော်မျက်နှာ ထောက်ပါ”
မဟာတာအိုတံခါးရဲ့ တခြားဖက်ကနေ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပါတယ်။ ဒီအသံပိုင်ရှင်က ဟန်ဟွမ်ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
ကောင်းကင်နက္ခ နတ်ဘီလူးဟာ ဒီအသံကို ကြားလိုက်ရတဲ့အခါ နှလုံးလှုပ်သွားပါတယ်။ ကောင်းကင်နက္ခ နတ်ဘီလူးဟာ ဒီအသံကို ကောင်းကောင်းမှတ်မိပါတယ် ‘ဒီကောင်လေးက မဟာတာအို ရသွားပြီလား...’
“ဒီလိုကိုး... ငါက နည်းနည်း စပ်စုချင်ရုံပါ၊ မင်းကို နှောင့်ယှက်မိရင် တောင်းပန်ပါတယ်” အဲဒီနောက် လျှို့ဝှက်ဆန်းကြယ်အသံဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။
ကောင်းကင်နက္ခ နတ်ဘီလူးဟာ မဟာတာအိုတံခါးကို အစွမ်းကုန် တွန်းဖွင့်လိုက်ပါတယ်။ အသက်ရှူကြိမ် ဆယ်ကြိမ်ကျော် ကြာပြီးနောက် မဟာတာအိုတံခါးဟာ ဟာလာဟင်းလင်း ပွင့်ထွက်သွားပါတယ်။ ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ ဓမ္မစွမ်းအားလည်း ထိုးတက်သွားပါတယ်။
ကောင်းကင်နက္ခ နတ်ဘီလူးဟာ မဟာတာအိုတံခါးထဲကို ခပ်မြန်မြန် လျှောက်ဝင်လိုက်တဲ့အခါ အမှောင်ထုထဲမှာ သူ့ကို အပြုံးနဲ့ ကြိုဆိုနေတဲ့ ဟန်ဟွမ်ကို တွေ့မြင်လိုက်ရပါတယ်။
ကောင်းကင်နက္ခ နတ်ဘီလူးက မေးလိုက်ပါတယ် “ခုနက ဘယ်သူလဲ”
“ဘာမှမဟုတ်ပါဘူး... ငါ ရှိနေမှတော့ မင်းကို ဘယ်သူမှ ထိခိုက်အောင် မလုပ်ရဲဘူး”
ကောင်းကင်နက္ခ နတ်ဘီလူးဟာ အရိပ်ပြ အကောင်မြင်သူမလို့ ချက်ချင်း လက်သီးဆုပ်ကိုင်ပြီး ကျေးဇူးတင်စကား ဆိုပါတယ်။
“ကျေးဇူးပါပဲ”
“ငါ့ကို ကျေးဇူးမတင်နဲ့... မင်းရဲ့ ကျင့်ကြံမှုကို ခိုင်ခံ့အောင် အရင်လုပ်... ပြီးမှ ပြောစရာရှိတာ ပြောကြမယ်”
“ကောင်းပြီလေ”
ကောင်းကင်နက္ခ နတ်ဘီလူးဟာ မျက်လုံးမှိတ်ပြီး မဟာတာအို စွမ်းအားကို စပြီးတော့ အာရုံခံပါတယ်။
ဟန်ဟွမ်ဟာ ပြုံးပျော်သွားပါတယ်။ နောက်ဆုံးမှာ သူနဲ့ တိုက်ခိုက်မဲ့လူ ပေါ်လာပြီ မဟုတ်ပါလား။ ဟန်ဟွမ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ အကြိမ်သုံးသောင်းလောက် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ မျက်ဆံနီထဲမှာ တောက်ပတဲ့ အလင်းရောင်တစ်ရောင် လျှပ်တစ်ပြက် ယှက်သမ်းသွားပါတယ်။
နောက်ဆုံးတော့ ဟန်ကျွယ်ရဲ့ လောကဦးကမ္ဘာထဲမှာ ပဋိပက္ခ နတ်ဘီလူးတစ်ပါး မွေးဖွားလာခဲ့ပါပြီ။ ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ပေါင်းစပ်ထားတဲ့ ပဋိပက္ခ နတ်ဘီလူးကို လောကဦးကမ္ဘာ အပြင်ဘက် ရွှေ့ပြောင်းပြီးပါပြီ။ ဒါကြောင့် ဒီပဋိပက္ခ နတ်ဘီလူးအသစ်ဟာ လောကဦးကမ္ဘာရဲ့ ပထမဆုံး နဂိုသက်ရှိပါပဲ။
အသက် နတ်ဘီလူး။
ဒီနတ်ဘီလူးက အသက်ဓာတ်ကို ကိုယ်စားပြုပါတယ်။ အသက်ဓာတ်က လောကဦးကမ္ဘာကို အစစ်အမှန်အဖြစ် ပြောင်းလဲဖို့ သော့ချက်ဆိုရင်လည်း မမှားပါဘူး။
အောင်မြင်စွာ မွေးဖွားလာခဲ့တဲ့ အသက်နတ်ဘီလူးဟာ ထောင့်တစ်နေမှာ လိမ်ခွေပြီး ဝိုးတိုးဝါးတား လောကဦးချီကို အလိုလို စုပ်ယူနေပါတယ်။ လောလောဆယ်မှာတော့ အသက်နတ်ဘီလူးဟာ ပတ်ဝန်းကျင်ကို စူးရှာဖွေလိုစိတ် မရှိသေးပါဘူး။
အသက်နတ်ဘီလူး မွေးဖွားလာမှုက လောကဦးကမ္ဘာကို လေးငါးဆယ်ဆကျော် ကျယ်ပြန့်သွားစေပါတယ်။ ဟန်ကျွယ်ဟာ လောကဦးကမ္ဘာမှာ အသက် မဟာတာအို ပေါ်လာပြီး ပထမဆုံးနိယာမ စတင်တည်ဆောက်တာကိုလည်း ခံစားမိလိုက်ပါတယ်။
တခြားနတ်ဘီလူးချီတွေက သက်ရှိတွေ မွေးဖွားလာရင် လောကဦးကမ္ဘာက လုံးဝ ပြီးပြည့်စုံသွားမှာပါ။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုလည်း ဆတိုး တိုးတက်သွားမှာပါ။
ဟန်ကျွယ်ဟာ တော်တော်လေးကို စိတ်ကောင်း ဝင်သွားပါတယ်။ ကျင့်ကြံမှုလမ်းစဉ်အမှန်ကို ရှာတွေ့သွားပြီ မဟုတ်ပါလား။
‘လောကဦးပဋိပက္ခက ပဋိပက္ခလိုမျိုး ဖြစ်လာရင် ငါ တာအိုဖန်တီးရှင် ဖြစ်သွားမှာလား...’
‘ဒါ ဖြစ်နိုင်ခြေ တော်တော်များတယ်... နဝမ ပဋိပက္ခက ဒီလိုမျိုး တာအိုဖန်တီးရှင် ဖြစ်ရမယ်... ဒါဆို တခြားတာအိုဖန်တီးရှင် လေးပါးကရော... သူတို့မှာလည်း သူတို့ကိုယ်ပိုင်ကမ္ဘာ ရှိနေတာလား...’
‘ဒါကြောင့် သူတို့တွေ ပဋိပက္ခကို အာရုံမစိုက်တာ ဖြစ်ရမယ်... ပဋိပက္ခ ဖျက်ဆီးခံရလည်း သူတို့နဲ့မှ မဆိုင်တာ...’
ဟန်ကျွယ်ဟာ သူ့ခန်းမှန်တာက တကယ်ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ခန့်မှန်းချက် ထုတ်ရင်းနဲ့ အသက်နတ်ဘီလူးကို စိုက်ကြည့်ပါတယ်။
ဟန်ကျွယ်ဟာ လောကဦးကမ္ဘာရဲ့ အချိန်ကာလကို မြန်ဆန်သွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အသက် နတ်ဘီလူးက စွမ်းအားကြီးလွန်းတဲ့အတွက် ဟန်ကျွယ် ဒီလိုလုပ်လိုက်ရင် ဝိုးတိုးဝါးတား လောကဦးချီက လုံလောက်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ လောကဦးကမ္ဘာရဲ့ အချိန်ကို ပဋိပက္ခနဲ့ တန်းတူ ထားလိုက်ပါတယ်။
အချိန်က မြန်လို့ နှေးလို့ရပေမဲ့ စွမ်းအင်ကတော့ ကိန်းသေပါ။ လောကဦးကမ္ဘာရဲ့ ဝိုးတိုးဝါးတား လောကဦးချီ ထုတ်လွှတ်နှုန်းက အချိန်ကြောင့် တိုးသွားမှာ မဟုတ်ပါဘူး။
လေးငါးဆယ်ရက် အကြာမှာတော့...
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးကြောင့် အသိဉာဏ် လင်းလက်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဓားရူးတာအိုပညာရှိသည် သင့်ရန်သူ ဘိုးဘေးထျန်ရွှီ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဓားရူးတာအိုပညာရှိသည် သင့်ရန်သူ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့် ကျိုးဖန်သည် မဟာတာအို ခုနစ်ပါးနှင့် ပေါင်းစပ်ပြီး မဟာတာအို ဆန်းကြယ်စွမ်းအား တစ်မျိုးကို သုံးသပ်နားလည်ကာ ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာ တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၉၈၂၂၂
[သင့်မိတ်ဆွေ ကျန်းယီသည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာ တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၁၀၈၇၄
[သင့်မိတ်ဆွေ လောင်တန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အိပ်မက်ပေးမှုကြောင့် ကျင့်ကြံမှု တိုးတက်သွား၏။]
[သင့်မိတ်ဆွေ သိကျန်းသည် သင့်ရန်သူ ဘိုးဘေးထျန်ရွှီ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
‘တိုက်ခိုက်တာတွေရော ဒဏ်ရာရတာတွေရော များလှချည်လား...’
ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်း တစ်ခုလုံးက ရှေးပျက်သုန်းနယ်မြေကို တိုက်ခိုက်နေပုံပါပဲ။ ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းတောင် ဒီလောက်ဖြစ်နေရင် ပဋိပက္ခဆို ပြောမနေပါတော့နဲ့။
ရှေးပျက်သုန်းနယ်မြေက တော်တော်လေး လူမုန်းခံရပုံပါပဲ။ ရှုံဟွာအင်အားစုနဲ့ ကောင်းကင်တာအိုရဲ့ သတင်းဖြန့်မှုအောက်မှာ ရှေးပျက်သုန်းနတ်စိတ်ဝိညာဉ်က ဆိုးသွမ်းရက်စက်လွန်းတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်လာပါတယ်။ ပဋိပက္ခရဲ့ အင်အားစု အသီးသီးကလည်း ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ကြောက်ရွံ့လာကြပါတယ်။
ဟန်ကျွယ်ဟာ စာတစ်စောင်ကို မြင်လိုက်ရတဲ့အခါ မျက်ခုံးပင့်တက်သွားပါတယ်။
[သင့်ရန်သူ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်သည် သာလွန်တည်ရှိမှု၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ရှေးပျက်သုန်းနယ်မြေ၏ ကံတရား အထောက်အပံ့လည်း ဖြတ်တောက်ခံလိုက်ရ၏။]
‘သာလွန်တည်ရှိမှု... ဘယ်သူများပါလိမ့်’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တိုက်ခိုက်တဲ့ သာလွန်တည်ရှိမှုက ဘယ်သူလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သဏ္ဌာန်မဲ့နတ်မင်း။]
‘ဒီကောင်လား...’ ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ်။
တာအိုဖန်တီးရှင် တိုက်ခိုက်လိုက်တာ ဖြစ်တဲ့အတွက် အဓိပ္ပာယ်က မတူတော့ပါဘူး။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို ထပ်မေးလိုက်ပါတယ် “ငါ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သတ်လိုက်ရင် တာအိုဖန်တီးရှင်က ငါ့ကို တိုက်ခိုက်နိုင်လား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မတိုက်ခိုက်ပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
ကြည့်ရတာ တာအိုဖန်တီးရှင်တွေက ကျိုးကြောင်းဆီလျော်ပုံပါပဲ။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က မောက်မာလွန်းတဲ့အတွက် တာအိုဖန်တီးရှင်ကို ပါးပါးလေး သင်ခန်းစာပေးလိုက်တာ ဖြစ်ပါလိမ့်မယ်။ ဟန်ကျွယ်သာ ပဋိပက္ခကို အုပ်စိုးလိုတဲ့ ရည်မှန်းချက် မပြဘူးဆိုရင် တာအိုဖန်တီးရှင်က ဟန်ကျွယ်ကို ပစ်မှတ်မထားလောက်ပါဘူး။
ဟန်ကျွယ်လည်း ဒီလို စိတ်ဓာတ်မျိုး ရှိပါတယ်။ ပဋိပက္ခက ကျယ်ပြောလွန်းတဲ့အတွက် ပါရမီရှင်တွေ စွမ်းအားကြီးပုဂ္ဂိုလ်တွေက အမြဲမပြတ် မွေးဖွားနေမှာပါ။ သူ့ကိုသာ လာမသက်ရောက်ဘူးဆိုရင် သူ့ဘာသာ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က ဂရုမစိုက်ပါဘူး။
“သဏ္ဌာန်မဲ့နတ်မင်းက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ဘာဖြစ်လို့ မသတ်တာလဲ”
[တွက်ချက်၍ မရနိုင်သော ကံရေစက် ပါဝင်နေသည်။]
‘တွက်ချက်လို့ မရဘူး... တာအိုဘိုးဘေးလား..’
‘မဟုတ်သေးဘူး... တာအိုဘိုးဘေးက သဏ္ဌာန်မဲ့နတ်မင်းထက် စွမ်းအား ပိုမကြီးလောက်ဘူး၊ မဟုတ်ရင် တာအိုဘိုးဘေးက ပျောက်ကွယ်သွားဖို့မှ မလိုတာ... နဝမပဋိပက္ခပဲ ဖြစ်ရမယ်’
ကြည့်ရတာ နဝမပဋိပက္ခက တာအိုဖန်တီးရှင်တွေအပေါ် ဟန်ကျွယ် ထင်ထားတာထက် ပိုပြီးတော့ ကန့်သတ်ထားပုံပါပဲ။ ဟန်ကျွယ် အတွေးများနေတုန်းမှာပဲ ကြယ်စကြဝဠာကို အပြင်ဘက်က မဖိတ်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာပါတယ်။
ဒီရောင်ဝါက ဟန်ကျွယ်နဲ့ အကျွမ်းတဝင် ရှိပါတယ်။
နတ်ဒေါင်းအရှင်ပါ။
‘ဒီကောင်က ဒီကို ဘာလာလုပ်တာလဲ’
ကျန်းကျွယ်ရှီဟာ နတ်ဒေါင်းအရှင်ရဲ့ ရောင်ဝါကို အာရုံခံမိတာကြောင့် ချက်ချင်းဆိုသလို ကြယ်စကြဝဠာ အပြင်ဘက် ရောက်သွားပြီး နတ်ဒေါင်းအရှင်ကို တားဆီးလိုက်ပါတယ်။
နတ်ဒေါင်းအရှင်ဟာ ငါးရောင်ခြယ် အလင်းတန်းကို စီးနင်းထားပါတယ်။ သူ့အဝတ်အစားတွေကလည်း တောက်ပြောင်လွန်းပြီး စကြဝဠာကို လျှောက်ကြည့်နေတဲ့ အင်မော်တယ် အရှင်သခင်တစ်ပါးလို ဟိတ်ဟန်ကောင်းလှပါတယ်။
နတ်ဒေါင်းအရှင်ဟာ ကျန်းကျွယ်ရှီကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး တအံ့တဩ ပြောလိုက်ပါတယ် “ဒီစကြဝဠာကို မဟာတာအိုပညာရှိတစ်ပါး စောင့်ကြပ်နေလိမ့်မယ်လို့ ထင်မထားဘူး”
ကျန်းကျွယ်ရှီဟာ မျက်မှောင်ကြုတ်သွားပါတယ် “တာအိုရောင်းရင်း... ကျေးဇူးပြုပြီး ကွေ့သွားပေးပါ၊ ဒီစကြဝဠာက အခုမှ စိတ်ဝိညာဉ်တစ်ပါးကို မွေးဖွားပြီးခါစဆိုတော့ တာအိုရောင်းရင်းရဲ့ ဖိအားကို မခံနိုင်ဘူး”
“ငါ ပဋိပက္ခမှာ လျှောက်သွားနေတာ ကြာလို့ ဂူအောင်းကျင့်ကြံဖို့ နေရာရှာနေတာ၊ ဒီနေရာက ငါ ဂူအောင်းကျင့်ကြံဖို့ သင့်တော်တယ်၊ မင်းရောင်ဝါက ဒီစကြဝဠာနဲ့ မတူပါဘူး၊ မင်းနဲ့ မသက်ဆိုင်တာ အသိသာကြီးပဲ၊ မင်းက ငါ့ထက် စောပြီးရောက်လာတာ တစ်ခုပဲ ရှိတယ်၊ ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် မနှောင့်ယှက်ကြေး... ဘယ်လိုသဘောရလဲ” နတ်ဒေါင်းအရှင်ဟာ မေးငေါ့ပြီး ပြောလိုက်ပါတယ်။
နတ်ဒေါင်းအရှင်ဟာ ကျန်းကျွယ်ရှီကို ဂရုမစိုက်ပါဘူး။
ကျန်းကျွယ်ရှီဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။ ကျန်းကျွယ်ရှီဟာ ညာလက်မြှောက်လိုက်ပါတယ် “ခင်ဗျားက ဆက်ပြီး ခေါင်းမာနေရင်တော့ ကျုပ်က ယဉ်ကျေးနေမှာ မဟုတ်ဘူး”
နတ်ဒေါင်းအရှင်ဟာ ဝမ်းသာသွားပါတယ် “မင်းက အခုမှ မဟာတာအို ရယူပြီးရုံ ရှိသေးတာ၊ ငါနဲ့ ယှဉ်ချင်တာလား၊ ငါ ဘယ်သူလဲဆိုတာ မင်းသိလား”
ကျန်းကျွယ်ရှီဟာ ဒီစကားကို ကြားလိုက်တာနဲ့ စကားနဲ့ပြောလို့ မရတော့ဘူးဆိုတာ သိလိုက်ပါတယ်။ ဒါကြောင့် ဘာမှထပ်မပြောတော့ဘဲ ချက်ချင်း တိုက်ခိုက်လိုက်ပါတယ်။
တန်ခိုးကြီးမား မဟာလက်ဝါး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။