← Chapters

အန္တိမဒဏ်ခတ်နတ်မင်း လှုပ်ရှားခြင်း

Vol. 88 Ch. 926

အန္တိမဒဏ်ခတ်နတ်မင်း လှုပ်ရှားခြင်း

Vol. 88 Ch. 926

၂၀ ရာခိုင်နှုန်း ရှုံးနိမ့်မှုက မြင့်လွန်းပါတယ်။ ဟန်ကျွယ် အသတ်ခံရနိုင်ခြေတောင် ရှိပါတယ်။ ဟန်ကျွယ်ဟာ ဘဝဟောင်းက ဂိမ်းကစားတာကို ပြန်တွေးမိလိုက်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း မဟုတ်ဘူးဆိုရင် ၁ ရာခိုင်နှုန်းနဲ့ ၉၀ ရာခိုင်နှုန်းက အတူတူပါပဲ။ နှစ်ခုစလုံး ရှုံးနိမ့်နိုင်ခြေ ရှိပါတယ်။ နည်းနည်း ရှုံးတာနဲ့ များများရှုံးတာပဲ ကွာပါတယ်။

ဒါ့အပြင် ဟန်ကျွယ်ဟာ လက်တွေ့ဘဝမှာ ရန်သူကို ရင်ဆိုင်နေရတာပါ။ ဒါကြောင့် ပိုသတိထားမှ ဖြစ်ပါလိမ့်မယ်။ နည်းနည်းလေးမှ မှားလို့ မရပါဘူး။ ဟန်ကျွယ်ဟာ အနည်းဆုံး ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိမှ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တိုက်ခိုက်မှာပါ။

‘ငါ မင်းကို နှစ်နည်းနည်း အသက်ရှင်ခွင့် ပေးလိုက်ဦးမယ်’

ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ နောက်ဆုံးရလဒ်ကို သတ်မှတ်ပြီးပါပြီ။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က သေရမှာဖြစ်ပြီး အန္တိမဒဏ်ခတ်နတ်မင်းကတော့ လောကဦး ကောင်းကင်ထောင်ထဲမှာ ချုပ်နှောင်ခံရမှာပါ။

ဟန်ကျွယ်အနေနဲ့ ရန်သူအကုန်လုံးကို ကျွန်ပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုလုပ်ရင် လောကဦး ကောင်းကင်ထောင်အကြောင်း ပေါ်သွားနိုင်ပြီး ခြိမ်းခြောက်နိုင်စွမ်း ကျဆင်းသွားပါလိမ့်မယ်။ လောကမှာ မသိတာက ကြောက်စရာအကောင်းဆုံး မဟုတ်ပါလား။

ဟန်ကျွယ် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သတ်ဖြတ်တာက အကြောင်းမဲ့ မဟုတ်ပါဘူး။ သူ့ကို ရန်လာစရင် ပေးဆပ်ရမှာက အနှိုင်းမဲ့ ပျက်စီးမှုဆိုတာကို သိစေချင်တာကြောင့်ပါ။

ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်တပည့် တာအိုအရှင်သခင်၏ ခန္ဓာကိုယ်သည် ရှေးပျက်သုန်းရေစမ်း၌ ရေနှစ်မင်္ဂလာ ပြုခဲ့သောကြောင့် ရုပ်ခန္ဓာအရည်အချင်းမှာ အကြီးအကျယ် တိုးတက်သွား၏။]

[သင့်တပည့် ကျောက်ရွှမ်ယွမ်၏ ခန္ဓာကိုယ်သည်...]

[သင့်တပည့် ကျိုးဖန်၏ ခန္ဓာကိုယ်သည် ရှေးပျက်သုန်းရေစမ်း၌ ရေနှစ်မင်္ဂလာ ပြုခဲ့သောကြောင့် ရုပ်ခန္ဓာ အရည်အချင်းမှာ အကြီးအကျယ် တိုးတက်သွား၏။]

[သင့်မျိုးဆက် ဟန်ယွီ၏ ခန္ဓာကိုယ်သည် ရှေးပျက်သုန်းရေစမ်း၌ ရေနှစ်မင်္ဂလာ ပြုခဲ့သောကြောင့် ရုပ်ခန္ဓာ အရည်အချင်းမှာ အကြီးအကျယ် တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ စွမ်းအားကို စုပ်ယူပြီး မဟာတာအို ရရှိသွား၏။]

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် ဖန်တီးမှု အဓိပ္ပာယ်စစ်ကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှု တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဓားရူးတာအိုပညာရှိသည် သင့်ရန်သူ ဘိုဘေးထျန်ရွှီနှင့် ရင်ဆိုင်မိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား၏။]

‘ရှေးပျက်သုန်းနယ်မြေမှာ အဖမ်းခံရတဲ့ ပါရမီရှင်အကုန်လုံး ရှေးပျက်သုန်းရေစမ်းမှာ ရေနှစ်မင်္ဂလာလုပ်တာလား... ကျွတ်..ကျွတ်... ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ မဟုတ်ဘူးလား...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

တစ်ယောက်ယောက်ကသာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သတ်လိုက်တာနဲ့ ဒီပါရမီရှင်တွေက ကပ်ဘေးက လွတ်မြောက်ပြီး အကျိုးအမြတ် ရသွားကြမှာပါ။

ဒါပေမဲ့ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သတ်ပစ်ဖို့ ခက်ခဲမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပါရမီရှင်တွေက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ကိုယ်ပွားတွေ ဖြစ်နေတာကြောင့်ပါ။

ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ မရှင်းနိုင်ရင် အမှောင်သခင်ကြီးက ရှင်းပစ်မှာပါ။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ရှုပြီး သူ့မိတ်ဆွေ အသိုင်းအဝိုင်းထဲက တစ်ယောက်မှ မသေတာကို အတည်ပြုပြီးတဲ့အခါ သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းထဲကို ဝင်နိုင်တဲ့လူ အကုန်လုံးက ထူးခြားတည်ရှိမှုတွေချည်းပါပဲ။ အကုန်လုံးက သတ်ဖို့ခက်ပါတယ်။ သူ့အပေါ် အကောင်းမမြင်တဲ့ မုန်းတီးတဲ့ သေမျိုးတွေနဲ့ သာမန်တပည့်တွေကိုတော့ ဟန်ကျွယ်က လုံးလုံး ဂရုမစိုက်ပါဘူး။

ကြည့်ရတာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အကောင်ကြီးကြီးနဲ့ တူပါတယ်။ တာအိုဖန်တီးရှင်ရဲ့ တိုက်ခိုက်မှုကို ရှင်သန်ပြီးနောက် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ပဋိပက္ခကို လိုက်ကြည့်ရင် ဟန်ကျွယ်ကလွဲပြီး ပြိုင်ဘက်ရှာတွေ့မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်အနေနဲ့ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို အရင်ဆုံး ရောက်ဖို့ လိုပါတယ်။

.....

ကောင်းကင်ပြာအောက်မှာ စက်ဝိုင်းပုံ စင်မြင့်တွေ ပေါလောမျောနေပါတယ်။ ကျယ်ပြောတဲ့ စက်ဝိုင်းပုံ ကျောက်သား စင်မြင့်မှာတော့ မဟာတာအို နတ်စိတ်ဝိညာဉ် ဆယ်ပါးကျော် စုဝေးနေကြပါတယ်။ ဒဏ်ခတ်သမားငါးဖော်လည်း ရောက်လာကြပါတယ်။

သူတို့တွေဟာ တစ်ယောက်နဲ့ တစ်ယောက် စကားစမြည် ပြောဆိုပြီး အန္တိမဒဏ်ခတ်နတ်မင်း ရောက်လာတာကို စောင့်ဆိုင်းနေကြပါတယ်။

“ရှေးပျက်သုန်းနယ်မြေက ပိုပိုပြီးတော့ ဝရုန်းသုန်းကား ဖြစ်လာပြီ၊ ငါတို့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ လှုပ်ရှားဖို့ အချိန်တန်ပြီ”

“ဟုတ်တယ်၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ပါရမီရှင် အမြောက်အမြားကို ပြန်ပေးဆွဲထားတာ၊ ဒါက ပဋိပက္ခရဲ့ အနာဂတ်ကို သက်ရောက်လာပြီ၊ ငါတို့တွေ ဝင်ပါသင့်ပြီ”

“အန္တိမဒဏ်ခတ်နတ်မင်းက ဘယ်လိုစီစဉ်ထားလဲ မသိဘူး”

“သူက ရှေးပျက်သုန်း နတ်စိတ်ဝိညဉ်ကို ဖိနှိပ်ချင်တာ ဖြစ်ရမယ်၊ မဟုတ်ရင် ငါတို့ကို ဒီခေါ်မှာ မဟုတ်ဘူး”

“အန္တိမဒဏ်ခတ်နတ်မင်း ခေါင်းဆောင်ဖြစ်လာမှ ငါတို့တွေ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နိုင်တာ၊ ဒါက တော်တော်လေး သက်သောင့်သက်သာ ရှိတယ်၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကြောင့် ဒီငြိမ်းချမ်းမှု ပျက်စီးသွားမှာကို ငါ မလိုလားဘူး”

မဟာတာအို နတ်စိတ်ဝိညာဉ် အကုန်လုံးဟာ အန္တိမဒဏ်ခတ်နတ်မင်းကို အနည်းဆုံး အပေါ်ယံမှာ အသိအမှတ်ပြုကြပါတယ်။ တချို့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကတော့ အေးချမ်းတာကို မကြိုက်ကြပါဘူး။ ငြိမ်းချမ်းနေတဲ့အတွက် သူတို့အစွမ်းကို ပြသခွင့်မရဘဲ သူတို့ရဲ့ အဆင့်အတန်းကိုလည်း စံစားခွင့်မရလို့ပါပဲ။

ဟန်ထော်နဲ့ ယီတျန်ကတော့ မျက်နှာသေနဲ့ ရပ်နေပြီး စကားဝိုင်းထဲ မဝင်ပါဘူး။

မကြာခင်မှာပဲ အန္တိမဒဏ်ခတ်နတ်မင်း ပေါ်လာပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ် အကုန်လုံး အန္တိမဒဏ်ခတ်နတ်မင်းကို ဦးညွှတ်လိုက်ကြပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ အကုန်လုံးကို ဝေ့ကြည့်ပြီး ပြောလိုက်ပါတယ် “ငါ ဒီနေ့ မင်းတို့ကို ခေါ်လိုက်ရတာက ရှေးပျက်သုန်းနယ်မြေကြောင့်ပဲ”

မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ နားလည်တဲ့ မျက်နှာတွေ ဖြစ်သွားကြပြီး အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အမိန့်ကို စောင့်ဆိုင်းပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းက စူးရှတဲ့ မျက်လုံးနဲ့ ဆုံးဖြတ်ချက် ချလိုက်ပါတယ် “ငါတို့တွေ ဝင်မပါဘူး”

မဟာတာအိုပညာရှိတွေ အကုန်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။ သူတို့တွေဟာ အန္တိမဒဏ်ခတ်နတ်မင်းဆီက ဒီလိုအမိန့်မျိုးကို ကြားရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြပါဘူး။

ယီတျန်က ပထမဆုံး မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ... ခေါင်းဆောင်က ငြိမ်းချမ်းရေးကို လိုချင်တာ မဟုတ်ဘူးလား၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ခေါင်းဆောင်က လုံးဝ ဆန့်ကျင်နေတာ”

ယီတျန်ဟာ အန္တိမဒဏ်ခတ်နတ်မင်းက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သေချာပေါက် ဖိနှိပ်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ အခုထိ မလှုပ်ရှားတာကလည်း ဂူအောင်းကျင့်ကြံနေတာကြောင့်လို့ တွေးထင်ထားခဲ့ပါတယ်။ အခုတော့...။

ဟန်ထော်လည်း မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ထော်ဟာ သူ့မိတ်ဆွေတချို့ကို ကယ်တင်ဖို့ ရှေးပျက်သုန်းနယ်မြေကို သွားချင်နေပါတယ်။

အခုအချိန်မှာ ပါရမီရှင်တစ်သိန်းကျော်က ရှေးပျက်သုန်းနယ်မှာ ပျောက်သွားပါတယ်။ တာအိုမိစ္ဆာတွေကလည်း ပဋိပက္ခမှာ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပါတယ်။ တာအိုမိစ္ဆာတွေဟာ နေရာတကာမှာ ပါရမီရှင်တွေကို လိုက်ဖမ်းပြီး ရှေးပျက်သုန်းနယ်မြေဆီ ဖမ်းခေါ်သွားကြတာကြောင့် ပဋိပက္ခထဲက သက်ရှိတွေကို တုန်လှုပ်ချောက်ချားပြီး ဆောက်တည်ရာမရ ဖြစ်စေပါတယ်။ သူတို့တွေဟာ ဒီဘေးအန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် မဟာတာအို နတ်စိတ်ဝိညာဉ်တွေ လှုပ်ရှားမှာကို မျှော်လင့်စောင့်စားနေကြတာပါ။

အန္တိမဒဏ်ခတ်နတ်မင်းကို ယီတျန်ကို တစ်ချက် ကြည့်လိုက်ပါတယ် “ငါ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ သဘောတူညီချက် ရသွားပြီ၊ သူ့ပန်းတိုင်က ကောင်းကင်တာအိုကို ကလဲ့စားချေဖို့ပဲ၊ ပဋိပက္ခကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး၊ အဲဒီကောလဟာလတွေက အမှောင်သခင်ကြီးရဲ့ နောက်လိုက်တွေ လိုက်ဖြန့်တာ၊ တကယ် မဟုတ်ဘူး၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် ဖမ်းထားတဲ့ ပါရမီရှင်တွေကလည်း မသေသေးဘူး၊ အဲဒီအစား သူတို့တွေက ဧရာမအခွင့်အရေးကြီးတစ်ခု ရသွားကြတယ်”

မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။

ဟန်ထော်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ခေါင်းဆောင်က ကောင်းကင်တာအိုကို ဆက်ပြီးတော့ ဂရုမစိုက်တော့ဘူးလား”

ရှန်ပေါင်တာအိုကျင့်ကြံသူဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ကောင်းကင်တာအိုက သူအုပ်ချုပ်တဲ့ ပဋိပက္ခနယ်မြေထဲမှာပါ။ ဟန်ကျွယ်အပေါ် သူသစ္စာရှိတာကို ထည့်မတွက်ရင်တောင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် ကောင်းကင်တာအိုကို တိုက်ခိုက်တာနဲ့ သူလည်း ဒုက္ခရောက်မှာပါ။

အန္တိမဒဏ်ခတ်နတ်မင်းက ပြောလိုက်ပါတယ် “ကောင်းကင်တာအိုက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ဖိနှိပ်ထားခဲ့တယ်၊ အဲဒါကို ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ပြန်ပြီးတော့ ကလဲ့စားမချေရတော့ဘူးလား၊ သူ ပဋိပက္ခကို မခြိမ်းခြောက်ရင် ကိစ္စမရှိဘူး၊ ပဋိပက္ခရဲ့ ငြိမ်းချမ်းရေးက အကုန်လုံးကို ခြုံကြည့်တာ၊ ကိုယ်ပိုင်ရန်ငြိုးရန်စတစ်ခု အတွက် ပဋိပက္ခတစ်ခုလုံးကို ဆွဲထည့်လို့ မဖြစ်ဘူး၊ ဒီနေ့ ကောင်းကင်တာအို နောက်နေ့ကျ နောက်တစ်ယောက် ပေါ်လာလိမ့်မယ်၊ ငါတို့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ပဋိပက္ခရဲ့ စနစ်ကျမှုကို ကာကွယ်ပြီး သက်ရှိအကုန်လုံးကို ထိန်းချုပ်ချင်တာ၊ သက်ရှိတွေရဲ့ ရန်ငြိုးရန်စတွေကို နေရာတကာမှာ လိုက်ဖြေရှင်းဖို့ မဟုတ်ဘူး၊ ဒီလောကမှာ ရန်ငြိုးရန်စက ဘယ်တော့မှ ချုပ်ငြိမ်းမှာ မဟုတ်ဘူး”

မဟာတာအို နတ်စိတ်ဝိညာဉ် အများကြီးဟာ ခေါင်းတညိတ်ညိတ် ဖြစ်သွားကြပါတယ်။ တကယ်တော့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကလည်း ကောင်းကင်တာအိုကို မနှစ်သက်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအို ထက်လွန်းလို့ပါ။

အထူးသဖြင့် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပါ။ ပဋိပက္ခသက်ရှိတွေက သူ့ကို အစွမ်းအထက်ဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်တာကို မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ဘယ်လိုမှ လက်မခံနိုင်ပါဘူး။

“ဟုတ်တယ်... အန္တိမဒဏ်ခတ်နတ်မင်းပြောတာ မှန်တယ်”

“ပါရမီရှင်တွေ အဆင်ပြေမယ်၊ ရှေးပျက်သုန်းနယ်မြေကလည်း ပဋိပက္ခကို မခြိမ်းခြောက်ဘူးဆိုရင် ပြီးတာပဲ”

“အန္တိမဒဏ်ခတ်နတ်မင်းက တကယ်ကို စွမ်းအားကြီးတာပဲ၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ အစောကြီးကတည်းက ဆက်သွယ်ပြီးပြီ”

“ကောင်းကင်တာအိုရဲ့ ရန်ငြိုးရန်စထဲ ပဋိပက္ခကို ဆွဲထည့်လို့ မဖြစ်ဘူး၊ နောက်ပြီး ဒီလိုတွေဖြစ်လာတာက အရင်တုန်းက တာအိုဘိုးဘေးကြောင့်ပဲမလား”

“ဒါက သဘာဝကျတယ်”

ဟန်ထော်နဲ့ ယီတျန်ဟာ မျက်နှာပျက်သွားပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းက သူတို့ရဲ့ ဇာစ်မြစ်ကို သိရဲ့သားနဲ့ ကောင်းကင်တာအိုကို ပွင့်ပွင့်လင်းလင်း ပစ်မှတ်ထားနေတာက သူ့တို့ကို စွန့်ပစ်လိုက်ပြီလို့ ပြောနေတာပါ။ အန္တိမဒဏ်ခတ်နတ်မင်းက သူတို့ကို ဂရုစိုက်တယ်ဆိုရင် အစောကြီးကတည်းက ကြိုပြောခဲ့မှာပါ။

အန္တိမဒဏ်ခတ်နတ်မင်းဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “နတ်စိတ်ဝိညာဉ် အကုန်လုံး ဒီကိစ္စထဲ ဝင်ပါခွင့် မရှိဘူး၊ ဝင်ပါရဲရင် နတ်မင်းနေရာကနေ ဖယ်ရှားခံရမယ်”

စကားဆုံးတာနဲ့ အန္တိမဒဏ်ခတ်နတ်မင်းဟာ ပျောက်ကွယ်သွားပါတယ်။

ဟန်ထော်ဟာ လှည့်ထွက်သွားပါတယ်။ ယီတျန်နဲ့ တခြားဒဏ်ခတ်သမား သုံးဖော်လည်း နောက်ကနေ ခပ်သုတ်သုတ် လိုက်သွားပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကတော့ သူတို့တွေက သရော်ပြုံးနဲ့ ကြည့်နေပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ ဒဏ်ခတ်သမားငါးဖော်ကို မကြိုက်တာ ကြာပါပြီ။ ကျင့်ကြံမှုအဆင့်က သူတို့လောက်မရှိဘဲနဲ့ သူတို့ကို ဖိနှိပ်ခဲ့တယ် မဟုတ်ပါလား။

အခုတော့ ကံကောင်းထောက်မစွာပဲ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဒဏ်ခတ်သမားငါးဖော်ကို ဂရုမစိုက်တော့ပါဘူး။ ဒဏ်ခတ်သမားငါးဖော်ကို လူစားလဲချင်တာလည်း ဖြစ်နိုင်ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ကမ္ဘာကနေ ထွက်လာပြီးနောက် ဒဏ်ခတ်သမားတစ်ယောက်ဟာ ဟန်ထော်ကို အမီလိုက်ပြီး မေးလိုက်ပါတယ် “ရောင်းရင်း...ဘာလုပ်ချင်လို့လဲ”

ဟန်ထော်ဟာ ရပ်လိုက်ပါတယ် “ငါ ကောင်းကင်တာအိုကို ပစ်မထားနိုင်ဘူး၊ မင်းတို့ကတော့ ဒီလိုလုပ်ဖို့ မလိုပါဘူး၊ ဒီမှာနေလို့ရတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters