← Chapters

ကိုးသန်းပြည့်ခြင်း

Vol. 88 Ch. 928

ကိုးသန်းပြည့်ခြင်း

Vol. 88 Ch. 928

လောကဦးကမ္ဘာကို အကဲခတ်ပြီးနောက် ဟန်ကျွယ်ဟာ ပင်မ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာကာ ကောင်းကင်တာအိုထဲက အနန္တကမ္ဘာကို အကဲခတ်ပါတယ်။ ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခကို ဖန်တီးဖို့ ပြင်ဆင်ထားပေမဲ့ ကောင်းကင်တာအိုကို လက်လွှတ်ဖို့ အစီအစဉ် မရှိပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ ဟန်ကျွယ်ရဲ့ ခြေရာတွေ အကုန်လုံးက ကောင်းကင်တာအိုထဲမှာပါ။ ဟန်ကျွယ်က အတိတ်ကို တန်ဖိုးထားတဲ့လူ ဖြစ်တာကြောင့် တတ်နိုင်သလောက် ကောင်းကင်တာအိုကို ကာကွယ်မှာပါ။ ကောင်းကင်တာအိုမှာက သူ့ရဲ့ ခြေရာတင် မဟုတ်ပါဘူး။ သူ့မိတ်ဆွေဟောင်းတွေကလည်း ကောင်းကင်တာအိုကချည်းပါပဲ။

မသိမသာနဲ့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ကာကွယ်တဲ့ တာဝန်ကို ယူမိလိုက်ပါတယ်။ အတိတ်မှာတုန်းကဆိုရင် ဟန်ကျွယ်ဟာ ဒီတာဝန်ကို သေချာပေါက် ငြင်းဆန်မှာပါ။ ဒါပေမဲ့ အခုတော့ ဟန်ကျွယ်ဟာ ဒီတာဝန်ကို ခံစားပါတယ်။

ဒါက စွမ်းအားပါပဲ။

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုက သက်ရှိတွေကို သူ့မျိုးဆက်တွေကို ကြည့်သလိုမျိုး ကြည့်တာပါ။ ဟန်ကျွယ်ဟာ ကောင်းကင်တာအို သက်ရှိတွေဆီကနေ စကားလုံးနဲ့ ရှင်းပြလို့မရတဲ့ ရင်းနှီးမှုကို ခံစားရပါတယ်။ လူသားတွေတင် မဟုတ်ပါဘူး။ ကောင်းကင်တာအိုထဲက မျိုးနွယ်စုအကုန်လုံး ပါပါတယ်။

ကောင်းကင်တာအိုမှာ ပုံစံမျိုးစုံရှိပါတယ်။ အနန္တကမ္ဘာနဲ့ တောတောင်တွေကလည်း သူတို့ဟန်နဲ့ သူတို့ တည်ရှိနေကြပါတယ်။ ဒါက ပဋိပက္ခရဲ့ တခြားကမ္ဘာတွေ ယှဉ်လို့မရတဲ့ အသက်ဝင်မှုပါ။ ပဋိပက္ခကမ္ဘာတွေက ကိုယ်ပိုင်ပုံစံရှိပေမဲ့ ရည်ရွယ်ချက်ကောင်း မရှိပါဘူး။

ကောင်းကင်တာအိုရဲ့ အလှက သက်ရှိအားလုံးရဲ့ အသက်ဓာတ်၊ မှန်းဆလို့မရတဲ့ နေ လ ကြယ်တာရာ၊ တောတောင် မြစ်ချောင်းတွေနဲ့ သက်ရှိအားလုံးရဲ့ ခံစားချက်တွေ ပါဝင်ပါတယ်။

ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ထပ်ပြီးတော့ ခရီးသွားချင်လာပါတယ်။ အတိအကျ ပြောရရင် ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာကို လျှောက်ကြည့်ချင်တာပါ။ ဟန်ကျွယ်ဟာ သေမျိုးတစ်ယောက်အနေနဲ့ ဘဝရဲ့ ပုံစံမျိုးစုံကို တွေ့ကြုံခံစားကြည့်ချင်တာပါ။

ဒါပေမဲ့ လောလောဆယ်တော့ မဟုတ်သေးပါဘူး။ အရင်ဆုံး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သတ်ဖို့ လိုပါတယ်။

လေးငါးဆယ်နာရီ ကြာတဲ့အခါ...

ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ပြီး ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ် အဆင့်တက်ခဲ့တာ ၁.၄ သန်းရှိသွားပါပြီ။ ဟန်ကျွယ်ရဲ့ ခန့်မှန်းမှုအရ အများဆုံး နောက်ထပ် နှစ်ငါးသိန်းအတွင်း ထိပ်ဆုံးအဆင့်ကို တက်လှမ်းနိုင်မှာပါ။

အဲဒီအချိန်ကျရင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် လောကကြီးနဲ့ ခွဲခွာရမဲ့အချိန်ကို ရောက်ပါပြီ။ ဟန်ကျွယ်ဟာ အဲဒီအချိန်ကို မျှော်ကြည့်မိလိုက်ပါတယ်။

.....

ရှေးပျက်သုန်းနယ်မြေရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ တည်ရှိတဲ့ အပြောကျယ်လှတဲ့ ရေအိုင်ကြီးထဲမှာ မရေမတွက်နိုင်တဲ့ ရုပ်သွင်တွေဟာ ရေပေါ် ပေါလောမျောနေပါတယ်။ လူသားတွေ နတ်ဆိုးတွေ မိစ္ဆာတွေ စုံလို့ပါပဲ။ ရေအိုင်မျက်နှာပြင်ကို မြူခိုးကမ္ဘာလို မြူတွေ ဆိုင်းပြီး အရပ်ဆယ်မျက်နှာလုံး မသဲမကွဲ ရှိနေပါတယ်။

ဒီအချိန်မှာ ဘိုးဘေးထျန်ရွှီနဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ တိမ်ပေါ်ရပ်ပြီး ရေအိုင်ထဲက ရုပ်သွင်တွေကို ငုံ့ကြည့်နေပါတယ်။

“နတ်စိတ်ဝိညာဉ်... ရှေးပျက်သုန်း ကိုယ်ပွားက တစ်သန်း၊ တာအိုမိစ္ဆာက ဘီလီယံပေါင်း ရာချီ ရှိနေပြီ၊ ဘယ်အချိန် တိုက်ခိုက်မှာလဲ” ဘိုးဘေးထျန်ရွှီက မေးလိုက်ပါတယ်။

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ပြန်ဖြေပါတယ် “မလောက်သေးဘူး၊ ငါတို့တွေ အနိုင်တိုက်နိုင်ဖို့ ယုံကြည်ချက် ရှိရမယ်၊ ကောင်းကင်တာအို မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ကပ်ဘေးတွေကို လေးငါးဆယ်ကြိမ် တောင့်ခံနိုင်တာက ရန်သူတွေ လုံလုံလောက်လောက် မပြင်ဆင်ထားလို့ပဲ၊ ငါတို့တွေ ကောင်းကင်တာအိုကို တစ်ချက်တည်း ချေမှုန်းပစ်ဖို့ လိုတယ်”

ဘိုးဘေးထျန်ရွှီဟာ တိတ်ဆိတ်သွားပါတယ်။ ဘိုးဘေးထျန်ရွှီဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်ပါတယ် “ကောင်းကင်တာအိုကလည်း ပြင်ဆင်နေတယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းတယ်၊ ဒီအတောအတွင်း သူက ဂူအောင်းကျင့်ကြံနေတယ်၊ ကျွန်တော် ကြောက်မိတာက...”

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဂုဏ်သတင်းက ကျယ်လောင်လွန်းလှပါတယ်။ အဲဒီတိုက်ပွဲ အောင်မြင်မှုတွေက ပဋိပက္ခထဲမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်အကုန်လုံးကို ခြိမ်းခြောက်ဖို့ လုံလောက်ပါတယ်။

“သူ ဘယ်လောက် စွမ်းအားကြီးတယ် ဆိုတာကို ငါ သိတယ်၊ အဲဒါကြောင့် ငါ တာအိုမိစ္ဆာတွေကို ပျိုးထောင်ချင်တာ၊ မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်ပြီးရင် ကျင့်ကြံမှုအလျင်က နှေးသွားတယ်၊ သူ့ဘာသာ အရည်အချင်း ဘယ်လောက်ရှိရှိ နှစ်လေးငါးသန်းနဲ့ မဟာတာအို အထွတ်အထိပ် အဆင့်ကို ကျော်လွန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ဘိုးဘေးထျန်ရွှီဟာ တွေးကြည့်ပြီးနောက် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် ဘိုးဘေးထျန်ရွှီဟာ ရေအိုင်ထဲက ပါရမီရှင်တွေကို ကြည့်ပြီး အတွေးနက်သွားပါတယ်။

“ကောင်းကင်တာအိုနဲ့ တိုက်ပွဲက အတော်လေး အရေးကြီးတယ်၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေတင် စောင့်ကြည့်နေတာ မဟုတ်ဘူး၊ အဲဒီ အထွတ်အထိပ် တည်ရှိမှုတွေကလည်း စောင့်ကြည့်နေတာ၊ သူတို့တွေနိုင်ရင် သူတို့တွေက ဒီအချိန်ကစပြီး ပဋိပက္ခကို ဖိနှိပ်လိမ့်မယ်၊ သူတို့ရှုံးရင် သူတို့ဘဝဆုံးပြီ” ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အေးစက်စွာ ပြောလိုက်ပါတယ်။

ဘိုးဘေးထျန်ရွှီဟာ ရှေးပျက်သုန်းနယ်မြေကို ထက်ဝက်ပိုင်းခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုကို ပြန်တွေးမိပြီး တုန်လှုပ်ချောက်ချားသွားပါတယ်။ ပဋိပက္ခက သူတို့ မျက်ခုံးတစ်ဆုံးစာပဲ ရှိတယ်လို့ ထင်ရပေမဲ့ အမျိုးအမည်မသိတဲ့ နေရာတွေ အများကြီးရှိပြီး စွမ်းအားကြီး တည်ရှိမှုတွေ ပုန်းအောင်းနေကြပါတယ်။ ဒါကြောင့် ကျင့်ကြံမှု မြင့်လေလေ ပဋိပက္ခကို ပိုပြီး လေးစားလေလေပါပဲ။

ဘိုးဘေးထျန်ရွှီဟာ ခေါင်းခါလိုက်ပြီး ကောင်းကင်တာအိုရှိတဲ့ဘက်ကို ကြည့်လိုက်ပါတယ်။ ဘိုးဘေးထျန်ရွှီရဲ့ စိတ်ထဲမှာ အိုဟောင်းနေတဲ့ ရုပ်သွင်တစ်သွင် ပေါ်လာပါတယ် ‘မင်း အခု ဘယ်ရောက်နေတာလဲ’

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ပဋိပက္ခက ဘယ်လိုပဲ ပြောင်းလဲပါစေ ဟန်ကျွယ်ကတော့ ဟန်မပျက်ပါဘူး။ အချိန်ဆိုတဲ့အရာက ဟန်ကျွယ်အတွက် ဘာအဓိပ္ပာယ်မှ မရှိသလိုပါပဲ။ ဒီအတောအတွင်း ဟန်ကျွယ်ဟာ မျက်လုံး သုံးကြိမ် ဖွင့်ခဲ့တဲ့အတွက် နှစ်သုံးသိန်း ကုန်ဆုံးသွားပြီဆိုတာ သိနိုင်ပါတယ်။

ဒီတစ်ခါက ဟန်ကျွယ် တတိယအကြိမ် မျက်လုံးဖွင့်တာပါ။ ဒီအချိန်မှာပဲ ဟန်ကျွယ် မြင်ကွင်းထဲကို စာကြောင်းသုံးကြောင်း ရောက်လာပါတယ်.

[သင်သည် အသက် ကိုးသန်း ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ ပဋိပက္ခထဲတွင် လောကဦးပဋိပက္ခကို ဖွင့်လှစ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် လောကဦး အပိုင်းအစ တစ်စအား ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် လောကဦး အပိုင်းအစ တစ်စအား ရရှိမည်။]

ဒီရွေးချယ်မှု အခွင့်အရေးက အံ့ဩစရာတော့ မရှိပါဘူး။ ဟန်ကျွယ် ဆယ်သန်းပြည့်မှပဲ ဆုအကြီးကြီး ရနိုင်မှာပါ။

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။ ဒီတစ်ကြိမ် ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ပဋိပက္ခ နတ်ဘီလူးကို မဖန်တီးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောကဦးကမ္ဘာက ပဋိပက္ခနတ်ဘီလူးကို မွေးထုတ်နိုင်နေပြီမလို့ပါပဲ။

ဒါကြောင့် ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို နောက်ကျရင် အသုံးချနိုင်ဖို့အတွက် သိမ်းထားလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ အဆင့်တက်နိုင်ဖို့ သိပ်မလိုတော့ပါဘူး။

မဟာတာအို အထွတ်အထိပ် နောက်ဆုံးအဆင့်ကနေ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်ဖို့ ဟန်ကျွယ်ဟာ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတာပါ။ တစ်နေ့တောင် အလကားသက်သက် မဖြုန်းပစ်ပါဘူး။

အခုအချိန် ဟန်ကျွယ်ဆီမှာ ပန်းတိုင်တစ်ခုပဲ ရှိပါတယ်။ အဲဒါက မြန်မြန် စွမ်းအားကြီးအောင်လုပ်ပြီး ရှေးပျက်သုန်းနယ်မြေကို ချေမှုန်းဖို့ပါ။ ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် မလှုပ်ရှားခင် ရှေးပျက်သုန်းနယ်မြေဆီ ကိုယ်တိုင်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

.....

မဟာတာအိုထိုးဖောက်ရာ နယ်မြေ။

ဟန်ဟွမ်၊ ရှန်ပေါင် တာအိုကျင့်ကြံသူနဲ့ ဒဏ်ခတ်သမားငါးဖော်ဟာ ဒီနေရာမှာ စုဝေးနေကြပါတယ်။ ဒီနှစ်သိန်းချီအတွင်း ကျန်တဲ့ ဒဏ်ခတ်သမားတွေလည်း မဟာတာအိုအဆင့်ကို ရောက်ရှိသွားကြပါတယ်။

လူတိုင်းရဲ့ စကားကို ကြားပြီးနောက် ဟန်ဟွမ်ဟာ ဒေါသထွက်ကာ ကြိမ်းမောင်းလိုက်ပါတယ် “ဘာ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်လဲ၊ သူက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ကြောက်နေတာ အသိသာကြီး... ဖေဖေက အပြင်မလွှတ်လို့ မဟုတ်ရင် ကျွန်တော် ရှေးပျက်သုန်းနယ်မြေကို တစ်စစီ လုပ်ပစ်တယ်”

ဟန်ထော်ဟာ ခေါင်းခါလိုက်ပါတယ် “မင်းက မဟာတာအိုပညာရှိ ဆိုပေမဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို အနိုင်ယူနိုင်ဖို့ အများကြီး လိုသေးတယ်”

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို မပြောနဲ့၊ ဘိုးဘေးထျန်ရွှီတောင် မဟာတာအိုပညာရှိအဆင့်ကို ကျော်လွန်တယ်၊ လွန်ခဲ့တဲ့ နှစ်လေးငါးသိန်းကတောင် သူက မဟာတာအိုပညာရှိဆယ်ပါးကို တစ်ပါးတည်း ဖိနှိပ်ခဲ့တာ၊ ရှေးပျက်သုန်းနယ်မြေထဲမှာရှိတဲ့ တာအိုမိစ္ဆာ တော်တော်များများက မဟာတာအိုပညာရှိတွေနဲ့ ယှဉ်နိုင်ကြတယ်”

ဟန်ဟွမ်ဟာ မကျေမနပ်ဖြစ်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။

ယီတျန်ဟာ မျက်‌မှောင်ကြုတ်သွားပါတယ် “ဘာမှမဖြစ်ဘူး... အချိန်ရှိသေးတယ်၊ ရှေးပျက်သုန်းနယ်မြေက ဘာမှ မလှုပ်ရှားသေးဘူး၊ သူတို့က မွေးစားအဖေကို ကြောက်နေတာ ဖြစ်ရမယ်”

နှစ်ပေါင်းမျာစွာ ကြာတာတောင် ရှေးပျက်သုန်းနယ်မြေက ကောင်းကင်တာအိုကို တစ်ချက်ကလေးတောင် မတိုက်ခိုက်ခဲ့ပါဘူး။ ဒါကြောင့် ပဋိပက္ခက တည်ငြိမ်သွားပါတယ်။ မျိုးဆက်သစ်တွေကတော့ ဒီအကြောင်းကို မသိတဲ့အတွက် ပဋိပက္ခက ပြန်ငြိမ်းချမ်းသွားပြီလို့ ထင်နေပါတယ်။

ဒဏ်ခတ်သမားငါးဖော်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ တာအိုစက်ကွင်းမှာပဲ နေပြီး ပြန်မသွားကြပါဘူး။ အန္တိမဒဏ်ခတ်နတ်မင်းကလည်း သူတို့ကို ဘာအမိန့်မှ ထပ်မပေးပါဘူး။ ဒဏ်ခတ်သမားငါးဖော်အသစ် ပေါ်မလာပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးက ပြတ်တောက်သွားခဲ့ပါပြီ။

ဒဏ်ခတ်သမားချီဖာက ပြောလိုက်ပါတယ် “ငါ့အထင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က တာအိုမိစ္ဆာတွေ ဖန်တီးနေတုန်းပဲ ထင်တယ်၊ လွန်ခဲ့တဲ့ နှစ်သိန်းချီတုန်းကတောင် ရှေးပျက်သုန်း နယ်မြေထဲမှာ တာအိုမိစ္ဆာ အရေအတွက်က ရေတွက်လို့မရတဲ့ အတိုင်းအတာတစ်ခုကို ရောက်နေပြီ၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က တာအိုမိစ္ဆာတွေကို ဖန်တီးနေတုန်းဆိုတော့ နတ်အာဏာရှင် စစ်သူကြီးတွေလိုမျိုး မရှုံးနိမ့်ချင်လို့ ဖြစ်ရမယ်”

ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “အဲဒါဆို ကျွန်တော်ကို ဘာလို့ လာရှာတာလဲ၊ ကျွန်တော်က ရှေးပျက်သုန်းနယ်မြေကို ချေမှုန်းချင်တယ်ပြောတော့ ကျွန်တော်ကို အထင်သေးတယ်၊ အခု ကျွန်တော်ကို ဘာလို့ အများကြီး ပြောနေတာလဲ၊ ကျွန်တော် နှစ်သိမ့်ပေးတာကို လိုချင်နေတာလား”

ရင်းနှီးတဲ့အတွက် ဟန်ဟွမ်က ယဉ်ကျေးမနေပါဘူး။ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။ ဟန်ဟွမ်က သူက စွမ်းအားကြီးနေပြီလို့ ယုံကြည်ထားပါတယ်။

ဟန်ဟွမ်ဟာ အသက်နှစ်သန်း ပြည့်ပြီဆိုပေမဲ့ နေ့တိုင်း ကြိုးစားကျင့်ကြံတုန်းပါ။ သူက သူ့အဖေကို မယှဉ်နိုင်သေးဘူးဆိုပေမဲ့ ပဋိပက္ခထဲမှာ သူ့ကို ယှဉ်နိုင်တဲ့လူက တော်တော် ရှားပါတယ်။ အစွမ်းပြဖို့ အခွင့်အရေးပဲ မရသေးတာပါ။

ယီတျန်က လှောင်သလိုလို ပြောလိုက်ပါတယ် “မင်းက ဘာတွေ အလျင်လိုနေတာလဲ၊ မင်းထွက်လာပြီး အစွမ်းပြချင်နေတာလား”

ဟန်ဟွမ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။

ဟန်ထော်က ပြောလိုက်ပါတယ် “ငါတို့တွေ မင်းဆီကို လာတာက တိတ်ဆိတ်ဂိုဏ်းသားတွေနဲ့ ကောင်းကင်တာအိုပညာရှိတွေဆီ သတင်းပါးချင်လို့ပဲ”

“ဘာသတင်းလဲ...”

“စန့်ချွမ်အဂ္ဂကမ္ဘာက ကောင်းကင်တာအိုရဲ့ ရန်သူ ဖြစ်လာနိုင်တယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters