အန္တိမမူလ ကောင်းကင်တံဆိပ်တော်
Vol. 88 Ch. 929
“စန့်ချွမ်အဂ္ဂကမ္ဘာ...” ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ဟွမ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူဆီကနေ စန့်ချွမ်အဂ္ဂကမ္ဘာဆိုတဲ့နာမည်ကို ကြားဖူးပါတယ်။ စန့်ချွမ်အဂ္ဂကမ္ဘာက ကောင်းကင်တာအိုနားမှာရှိတဲ့ အကြီးမားဆုံး ပြိုင်ဘက်ဆိုပြီး။ ဒါပေမဲ့ အဲဒီတုန်းက ဟန်ဟွမ်ဟာ စန့်ချွမ်အဂ္ဂကမ္ဘာကို ဂရုမစိုက်ခဲ့ပါဘူး။
ဟန်ထော် “ဟုတ်တယ်၊ စန့်ချွမ်အဂ္ဂကမ္ဘာပဲ... လောင်ဇီက ရှေးပျက်သုန်းနယ်မြေကို သွားတိုက်တာ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ပြန်လာခဲ့ရတယ်၊ အဲဒီနောက်ပိုင်း တာအိုမိစ္ဆာတွေရဲ့ အရိပ်အယောင်ကို စန့်ချွမ်အဂ္ဂကမ္ဘာမှာ ထောက်လှမ်းမိထားတယ်၊ လောင်ဇီက ရှေးပျက်သုန်း နယ်စိတ်ဝိညာဉ် ခန္ဓာသိမ်းတာကို ခံလိုက်ရတာ ဖြစ်နိုင်တယ်”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်ပါတယ် “ဟုတ်တယ်... ငါတို့တွေ ရှေးပျက်သုန်းနယ်မြေကို လျှော့တွက်မိခဲ့တယ်၊ အပေါ်ယံမှာ တည်ငြိမ်နေပေမဲ့ တကယ်တော့ ကောင်းကင်တာအိုကို ဝိုင်းတိုက်ဖို့ ကြံစည်နေတာ”
“မဟာတာအို နတ်စိတ်ဝိညာဉ်တွေက အင်အားတစ်စု၊ စန့်ချွမ်အဂ္ဂကမ္ဘာက အင်အားတစ်စု.. ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် တိုက်ခိုက်တဲ့အချိန်ကျရင်...”
ရှန်ပေါင် တာအိုကျင့်ကြံသူက ဆက်မပြောပေမဲ့ အားလုံး နားလည်လိုက်ပါတယ်။
ဟန်ဟွမ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော် နားလည်ပြီ၊ ကျွန်တော် သူတို့ကို သတင်းပေးလိုက်မယ်”
စကားအဆုံးမှာပဲ ဟန်ဟွမ်ဟာ ပျောက်ကွယ်သွားပါတယ်။
ယီတျန်ဟာ ခေါင်းကုတ်ပြီး ပြုံးလိုက်ပါတယ် “ဒီကောင်လေးက တကယ်ကို လောတာပဲ၊ ငါ့ထက်တောင် ပိုပြီး လောသေးတယ်”
ဟန်ထော်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
ရှန်ပေါင်တာအိုကျင့်ကြံသူဟာ ပြုံးလိုက်ပါတယ် “သူက ကျင့်ကြံဖို့ကျတော့ အလျင်မလိုဘူး”
သိစိတ် ခန္ဓာကိုယ်ထဲ ပြန်ရောက်တာနဲ့ ဟန်ဟွမ်ဟာ သူ့အမေ ရှင်းဟုန်ရွှမ်ဆီသွားပြီး အကျိုးအကြောင်း ပြောပြလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်က တိတ်ဆိတ်ဂိုဏ်း တပည့်တွေနဲ့ ဆက်သွယ်နိုင်တာကြောင့် ဒီကိစ္စအတွက် ဟန်ကျွယ်ကို ဒုက္ခပေးစရာ မလိုပါဘူး။
ရှင်းဟုန်ရွှမ်ဟာ ဒီကိစ္စကို သိတာနဲ့ အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲဝင်ပြီး သတင်းပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဒီကိစ္စဟာ ကောင်းကင်အရှင်ရွှမ်တုဆီ လျင်မြန်စွာ ရောက်ရှိသွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ခပ်သွက်သွက် လှုပ်ရှားပြီး စန့်ချွမ်အဂ္ဂကမ္ဘာ ကျူးကျော်လာရင် ခုခံဖို့ ခံစစ်တွေကို စပြီးတော့ ပြင်ဆင်ပါတယ်။
ဟန်ကျွယ်ဟာ ဒီအကြောင်းကို မသိပါဘူး။ သိရင်လည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ စန့်ချွမ်အဂ္ဂကမ္ဘာက ဟန်ကျွယ် မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်လောက်ပဲ ရှိပါတယ်။ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေးကို ခံစားနေရပြီမလို့ ပိုပြီးတော့ ကြိုးစား ကျင့်ကြံပါတယ်။
လျှပ်တစ်ပြက်အတွင်း နှစ်တစ်သောင်း ကုန်ဆုံးသွားပါတယ်။
နှစ်နှစ်သိန်းကျော် ကြာသွားပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေး ရသွားပါတယ်။ ဟန်ကျွယ်ဟာ အရင်ဆုံး ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်ပါတယ်။
နှစ်သုံးထောင် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အောင်မြင်စွာ အဆင့်တက်သွားပါတယ်။ အဆင့်တက်တဲ့ နေရာမှာ ဘာအခက်အခဲမှ မရှိပါဘူး။ အန္တိမမူလ နတ်ဘီလူးဆီမှာ အဆင့်တက်လို့ ရင်ဆိုင်ရတဲ့ ကပ်ဘေးဆိုတာ မရှိပါဘူး။ ဆက်တိုက် စုဆောင်းသိမ်းဆည်းပြီး အကန့်အသတ်ကို အမြဲမပြတ် ကျော်တက်တာပဲ ရှိပါတယ်။
မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်။
ပြည့်စုံတဲ့ မဟာတာအို။
ဟန်ကျွယ်ရဲ့ အန္တိမမူလစွမ်းအားဟာ အသွင် ပြောင်းလဲသွားပါတယ်။ လောကဦးကမ္ဘာကလည်း အရူးအမူး ကျယ်ပြန့်ပြီး ဝိုးတိုးဝါးတားချီကလည်း အဆပေါင်းများစွာ တိုးတက်သွားတဲ့အတွက် ကျင့်ကြံအားထုတ်နေတဲ့ ပဋိပက္ခ နတ်ဘီလူးတွေကို ထိတ်လန့်သွားစေပါတယ်။
ပဋိပက္ခ နတ်ဘီလူးတွေဟာ လောကဦးကမ္ဘာထဲမှာ လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားတဲ့ အင်အားတစ်ခု ရှိနေမှန်း သိနေကြပါပြီ။ သူတို့က ဒီအင်အားက ပုံရိပ်ယောင် အင်မော်တယ်လို့ သဘောထားကြပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်ရင်းက ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၉,၂၇၃,၀၅၀/ ၁၅, ၀၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉]
[မျိုးနွယ်စု: အန္တိမမူလ နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
[ခန္ဓာတည်ဆောက်မှု: မူလကနဦးတာအို အန္တိမမူလခန္ဓာကိုယ်]
ဟန်ကျွယ်ဟာ ရှည်လျားလှတဲ့ သက်တမ်းကို ကြည့်ပြီး အောင်မြင်မှု ခံစားချက်ကို ခံစားလိုက်ရပါတယ်။ ဒါက ဟန်ကျွယ် ကျင့်ကြံမှုရဲ့ မူလ ရည်ရွယ်ချက်ပါ။ သက်တမ်းကို စစ်ဆေးပြီးနောက် ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို သုံးသပ်နားလည်ပါတယ်။
ဒီတစ်ခါ အဆင့်တက်မှုက ဟန်ကျွယ် ထင်ထားသလိုပါပဲ။ အန္တိမမူလ စွမ်းအား အဆပေါင်းများစွာ တိုးပွားသွားပါတယ်။ ဘယ်လောက်တောင် တိုးသွားလဲဆိုရင် အဆင့်မတက်ခင်ကထက် ဆယ်ဆတောင် တိုးသွားတာပါ။
ဟန်ကျွယ် လောကဦးနတ်ဘီလူးအဖြစ် ရှိနေတုန်းကတောင် အဆင့်တက်တိုင်းမှာ စွမ်းအား ပိုကြီးလာခဲ့တာချည်းပါပဲ။ အခု လောကဦး နတ်ဘီလူးထက် သာလွန်တဲ့ အန္တိမမူလ နတ်ဘီလူးဆို ပြောမနေပါတော့နဲ့။
တခြားလူတွေ အဆင့်တက်ရင် နှစ်ဆလောက်ပဲ စွမ်းအားပိုကြီးပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် အဆင့်တက်ရင်တော့ ဒီရေအလား တိုးတက်လာပါတယ်။ ပြန်မွေးတယ်လို့တောင် ပြောလို့ရပါတယ်။
နှစ်ထောင်ချီကြာတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်ပြီးသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မဟာညီညွတ်မှု ရုပ်သွင်ကို စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
၈၁ နှစ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်ဘီလူး ဓမ္မရုပ်တု သုံးထောင်စလုံးကို အောင်မြင်စွာ စုစည်းနိုင်သွားပါတယ်။ ဒီတစ်ခါ ဟန်ကျွယ် တတ်မြောက်သွားတဲ့ နတ်ဘီလူးတွေထဲမှာ ဖန်တီးရှင် နတ်ဘီလူးလည်း ပါဝင်ပါတယ်။
မဟာတာအိုသုံးထောင်ရဲ့ စွမ်းအားက ဟန်ကျွယ် လက်ထဲကို ရောက်သွားပါပြီ။
ကျန်နေတဲ့ နတ်ဘီလူးချီတွေကို ဟန်ကျွယ် ခဲလိုက်တဲ့အခါ လောကဦးကမ္ဘာဟာ တုန်ခါသွားပါတယ်။ ဒီတုန်ခါမှုကို လောကဦးကမ္ဘာထဲက လူတွေ မခံစားနိုင်ပါဘူး။ ဟန်ကျွယ်ပဲ ရှင်းရှင်းလင်းလင်းကြီး ခံစားနိုင်တာပါ။ တုန်ခါမှုက ပြင်းထန်လွန်းတဲ့အတွက် ဟန်ကျွယ်ရဲ့ ဝိညာဉ်တောင် တုန်လှုပ်သွားပါတယ်။
ဟန်ကျွယ်ဟာ အတော်လေး စိတ်လှုပ်ရှားသွားပြီး မဟာတာအိုသုံးထောင် စွမ်းအားကို သုံးသပ်နားလည်ပါတယ်။
အချိန်ဟာ ပုံမှန် ကုန်ဆုံးသွားပါတယ်။
နှစ်ငါးထောင် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအို သုံးသပ်နားလည်မှုကို အဆုံးသတ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းဟာ အနီရောင်အလင်းနဲ့ တောက်ပသွားပါတယ်။ ဟန်ကျွယ်ရဲ့ ဝတ်ရုံဟာ လူးလွန့်နေပြီး ဟန်ကျွယ်ဆီကနေ ကြီးမားတဲ့ နတ်တန်ခိုးအာဏာစက် ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သူ့လက်ကို ကြည့်လိုက်ပါတယ်။ သူ့လက်တွေက သန့်ရှင်းပြီး ဖြူဖွေးနေပါတယ်။ သူ့လက်ဖဝါးပေါ်မှာ ထူးခြားတာ ဘာမှမရှိပါဘူး။ ဒါပေမဲ့ တကယ်တော့ ဟန်ကျွယ်ရဲ့ လက်တွေကို အန္တိမမူလစွမ်းအားက ရစ်ပတ်ဖုံးအုပ် ထားပါတယ်။
ဒီအန္တိမမူလ စွမ်းအားက တန်ခိုးကြီးမားလှပါတယ်။
ဟန်ကျွယ်ဟာ အပြုံးနဲ့ ရေရွတ်လိုက်ပါတယ် “ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်... မင်း သေရတော့မယ်”
“ငါ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တစ်ချက်တည်း သတ်နိုင်ပြီလား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[အခွင့်အရေး တချို့ရှိသည်။]
‘တစ်ရာရာခိုင်နှုန်း မဟုတ်ဘူးလား... အဲဒီကိုယ်ပွားတွေနဲ့ ပတ်သက်နေတာ ဖြစ်ရမယ်’
“ငါ လေးလေးနက်နက် တိုက်ခိုက်ရင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ငါ့ကို သတ်နိုင်လား”
[မသတ်နိုင်ပါ။]
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်အတွက် ဒီထက်ကောင်းတဲ့ သတင်း မရှိတော့ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်ပြီး ဓားရူးတာအိုပညာရှိ သုံးသိန်းကို စိန်ခေါ် တိုက်ခိုက်ပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအို သုံးထောင်စလုံး ပါဝင်တဲ့ ဆန်းကြယ်စွမ်းအား အသစ်တစ်မျိုးကို သုံးသပ်နားလည်ပြီး ဖန်တီးထားပါတယ်။ ဟန်ကျွယ်က ဒီဆန်းကြယ်စွမ်းအားကို အန္တိမမူလ ကောင်းကင်တံဆိပ်တော်လို့ နာမည်ပေးထားပါတယ်။
အန္တိမမူလ ကောင်းကင်တံဆိပ်တော်က ချုပ်နှောင်မှု၊ ဖျက်ဆီးမှု၊ ဖန်တီးမှု၊ အာကာသ၊ အချိန်၊ သတ်ဖြတ်မှု စတဲ့ လက္ခဏာတွေ ရှိပါတယ်။
အသက်ရှူကြိမ် ဆယ်ကြိမ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်က တစ်ချက်တည်းနဲ့ ဓားရူးတာအိုပညာရှိ သုံးသိန်းကို တစ်ခါတည်း ချေမှုန်း ပစ်လိုက်ပါတယ်။
“ပြင်ရတဲ့ အချိန်က နည်းနည်း ကြာတယ်၊ ချက်ချင်း ထုတ်သုံးလို့ရဖို့ လိုတယ်၊ စုပ်အားကလည်း နည်းနည်း ပိုကြီးဖို့ လိုတယ်၊ မဟုတ်သေးဘူး... ငါ အာကာသ စွမ်းအားကို သုံးပြီး ရန်သူကို အထဲ ရွှေ့လို့ရတာပဲ...”
ဟန်ကျွယ်ဟာ သူ့အကြံအတိုင်း ဆက်ပြီးတော့ စမ်းသပ်ပါတယ်။ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ လေးငါးဆယ်ကြိမ် တိုက်ခိုက်ပြီးနောက် ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ သုံးသိန်းကို တစ်ချက်တည်း အလွယ်တကူ သုတ်သင်နိုင်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ အရေအတွက်ကို တိုးလိုက်ပါတယ်။
လေးငါးဆယ်ရက် ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ တစ်သန်းကို တစ်ချက်တည်း အလွယ်တကူ သုတ်သင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်နဲ့ ပြိုင်ဘက်ကင်း ဖြစ်သွားပါတယ်။
‘ဘယ်လောက်တောင် အထီးကျန်ဖို့ ကောင်းလိုက်လဲ’
ဟန်ကျွယ်ဟာ ပြိုင်ဘက် ပြောင်းချင်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိနဲ့ တိုက်ခိုက်လာတာ အချိန်တစ်ခု ရှိသွားပြီမလို့ ပြိုင်ဘက်ကို မပြောင်းချင်ပါဘူး။ နောက်ပြီး ဓားရူးတာအိုပညာရှိကလည်း သိပ်ဆိုးနေတာ မဟုတ်ပါဘူး။ မဟာတာအိုပညာရှိချုပ်ထဲမှာတောင် စွမ်းအားကြီးတဲ့ထဲ ဝင်ပါတယ်။
ဟန်ကျွယ်ဟာ အရေအတွက်ကို ထပ်မတိုးတော့ပါဘူး။ ဟန်ကျွယ်ဟာ သူ့စွမ်းအား ဘယ်လောက် ရှိတယ်ဆိုတာကို ယေဘုယျအားဖြင့် နားလည်သွားပါပြီ။ ဒါ့အပြင် တွက်ချက်မှုအရ သူ့စွမ်းအားက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တစ်ချက်တည်း သတ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲကနေ လမ်းလျှောက်ထွက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပထမဆုံး ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာဆီ သွားလည်ပြီးမှ ဟန်ဟွမ်ရဲ့ တာအိုဘုံကျောင်းဆီ သွားပါတယ်။
နှစ်တွေကြာပြီးတဲ့နောက် ဟန်ဟွမ်ဟာ မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။
‘မဆိုးဘူး...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာတွေးရင် ဟန်ဟွမ်ကို နာမည် ခေါ်လိုက်ပါတယ် “ဟွမ်အာ..”
ဟန်ဟွမ်ဟာ ရုတ်တရက်ဆိုသလို တအံ့တဩ မျက်လုံး ဖွင့်လိုက်ပါတယ် ‘ဖေဖေက ငါမသိဘဲ ငါ့ တာအိုဘုံကျောင်းထဲကို တိတ်တဆိတ် ရောက်လာတာလား... ငါ အာရုံ လုံးဝ မခံမိဘူး... စွမ်းအားက တော်တော်လေး ကွာနေလို့လား...’
ဟန်ဟွမ်ဟာ သူက သူ့အဖေထက် နည်းနည်းပဲ နိမ့်ကျတယ်လို့ ထင်ထားခဲ့တာပါ။ ဒီလောက်ထိ ကွာခြားနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ အခုတော့...။
“ဖေဖေ..” ဟန်ဟွမ်ဟာ မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သားရဲ့ ကျင့်ကြံမှုက တိုးတက်လာတာပဲ၊ နောက်ကျလို့ သား ပဋိပက္ခဆီ သွားချင်ရင် ဖေဖေ မတားတော့ဘူး၊ သားလည်း ကြီးပြင်းသင့်ပြီ”
ဟန်ဟွမ်ဟာ တအံ့တဩ မော့ကြည့်လိုက်ပါတယ်။ သူ့ကျင့်ကြံမှုက ပဋိပက္ခရဲ့ ထိပ်တန်းကို ရောက်နေပြီ ဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် သွားလာလို့ ရနေပါပြီ။ သူကိုယ်တိုင်လည်း လွတ်လွတ်လပ်လပ် နေချင်ပါတယ်။ ဒါပေမဲ့ သူ့အဖေကို ပြဿနာပေးမိမှာကြောက်လို့ ငြိမ်နေတာပါ။ သူအပြင်ထွက်ရင် သူက ဟန်ကျွယ်ရဲ့သားဆိုတာကို ဖုံးကွယ်ဖို့ ခက်ခဲမယ် မဟုတ်ပါလား။
ဟန်ကျွယ်မှာ ရန်သူတွေရှိရင် ဒီအချက်ကို သေချာပေါက် အသုံးချမှာပါ။
“ဖေဖေ... ဘာလို့ ရုတ်တရက်ကြီး အဲဒီလို ပြောရတာလဲ” ဟန်ဟွမ်က နားမလည်နိုင်စွာ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “သားရဲ့ ဆန္ဒကို အခုထိ မပြောရသေးဘူး၊ အဲဒါကြောင့် ဖေဖေက သားအတွက် တွေးပေးပြီး တကူးတက လာပြောတာ... သားပျော်လား...”
“သား ပျော်ပါတယ်... ကျေးဇူးပါပဲ ဖေဖေ”
ဟန်ဟွမ်ဟာ စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်ပါတယ်။ ဟန်ဟွမ်ဟာ ဟန်ကျွယ်ကိုပဲ ဒူးထောက်ပါတယ်။ သူ့အမေ ရှင်းဟုန်ရွှမ်ကိုတောင် ဒူးထောက်ပြီး အရိုအသေ မပေးပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။