ဗိုလ်ကျစိုးမိုးမှု
Vol. 89 Ch. 931
“မြန်လှချည်လား...”
ဟန်ဟွမ်ဟာ မှင်တက်သွားပြီး ရှေ့ကို လှမ်းကြည့်လိုက်ပါတယ်။
အန္တိမမူလ လမ်းကြောင်းရဲ့ အဆုံးမှာ အလင်းရောင် အဝိုင်းတစ်ဝိုင်း ပေါ်လာပါတယ်။ အနားရောက်သွားတဲ့အခါ ဟန်ကျွယ်နဲ့ ဟန်ဟွမ်ဟာ အနီရောင် အလင်းထဲကနေ ပျံထွက်လာပါတယ်။ အပြင်ဘက်က ပဋိပက္ခ ဟင်းလင်းပြင်ပါ။
သူတို့ရှေ့မှာ ရှေးပျက်သုန်းနယ်မြေ ရှိနေပါတယ်။
ရှေးပျက်သုန်းနယ်မြေဟာ နှစ်ပိုင်းပြတ်နေပြီး ကျယ်ပြောလှတဲ့ မြူနှင်းတွေကြားထဲမှာ အထီးကျန် ခြောက်ကပ်နေပါတယ်။
ဒီအချိန်မှာ သက်ရှိတစ်ချို့ဟာ ဘက်ပေါင်းစုံကနေ ချောင်းမြောင်းပြီး ရှေးပျက်သုန်းနယ်မြေကို စောင့်ကြည့်နေကြပါတယ်။ ဒီအထဲမှာ ကောင်းကင်တာအို သူလျှိုတွေလည်း ပါပါတယ်။
ပန်ရှင်းလည်း တစ်နေရာမှာ ပုန်းနေပါတယ်။
“ဒါက ရှေးပျက်သုန်း နယ်မြေလား...” ဟန်ဟွမ်ဟာ တစ်ကိုယ်တည်း ရေရွတ်ပြီး အင်္ကျီလက်စထဲမှာ လက်သီးဆုပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ထဲကို တက်လှမ်းလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်က ထုတ်လွှတ်နေတဲ့ နတ်အလင်းရောင်ဟာ မှောင်မိုက်တဲ့ ဟင်းလင်းပြင်ကို လင်းထိန်သွားစေပါတယ်။
“ဒီနေ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ရှေးပျက်သုန်းနယ်မြေနဲ့ စစ်လာခင်းတယ်၊ မုန်းတီးမှုတွေ ကံရေစက်တွေကို ဖြေရှင်းကြရအောင်” ဟန်ကျွယ်ရဲ့ အသံဟာ ဟင်းလင်းပြင်နဲ့ ရှေးပျက်သုန်းနယ်မြေထဲမှာ ပဲ့တင်ထပ်သွားပါတယ်။
ရုတ်ခြည်းဆိုသလို ရှေးပျက်သုန်းနယ်မြေနားမှာ ချောင်းမြောင်းနေတဲ့ သက်ရှိအားလုံး နိုးနိုးကြားကြား ဖြစ်သွားပါတယ်။
ပန်ကူးဟာ ဧရာမဥက္ကာခဲကြီးဆီကနေ ပန်ကူးမျိုးနွယ်စုဝင် တာအိုပညာရှိအတုတစ်ပါးနဲ့ ပျံထွက်လာပြီး ဟန်ကျွယ်ကို လှမ်းကြည့်လိုက်ပါတယ်။
“တကယ်ပဲ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပါလား...”
ပန်ရှင်းဟာ စိတ်လှုပ်ရှားသွားပေမဲ့ ဟန်ကျွယ်ကို မနှောင့်ယှက်ပါဘူး။ ဟန်ကျွယ်နဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကြားက တိုက်ပွဲဟာ သူဝင်ပါလို့ မရမှန်း ပန်ရှင်း သိပါတယ်။
အဝေးမှာရှိနေတဲ့ တခြားသက်ရှိတွေလည်း သူတို့အချင်းချင်း ဆွေးနွေးကြပါတယ်။
“ဘာဖြစ်လို့ သူ ဖြစ်နေတာလဲ”
“သူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလား၊ တော်တော် စွမ်းအားကြီးတဲ့ ရောင်ဝါပဲ”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ရှေးပျက်သုန်းနယ်မြေကို မလာရဲဘူးလို့ ဘယ်သူ ပြောခဲ့တာလား”
“အဲဒါ အမှန်ပဲလား”
“ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မယ်”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနောက်က ဘယ်သူလဲ၊ သူ့ရောင်ဝါက အနည်းဆုံး မဟာတာအိုပညာရှိအဆင့် ရှိတယ်”
ဟန်ဟွမ်ဟာ ဟန်ကျွယ်ရဲ့ စစ်ကြော်ငြာသံကို ကြားပြီး သွေးတွေ ဆူပွက်သွားပါတယ်။ ဟန်ဟွမ်ကိုယ်တိုင်လည်း ဒီလိုမျိုး စစ်ကြော်ငြာချင်ပါတယ်။ ဟန်ဟွမ်ဟာ ချက်ချင်း ဟန်ကျွယ်နောက်ကို အမီလိုက်ပါတယ်။
ခြေလေးငါးလှမ်း အတွင်းမှာပဲ ဟန်ကျွယ်ဟာ ရှေးပျက်သုန်းနယ်မြေရှေ့ကို ရောက်သွားပါတယ်။ ရှေးပျက်သုန်းနယ်မြေကို ဝန်းရံထားတဲ့ အဆုံးမရှိတဲ့ မြူနှင်းတွေဟာ ဟန်ကျွယ် ထိတောင် မထိရသေးခင်မှာဘဲ ရုတ်ခြည်း လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ ဒီမြင်ကွင်းက ခမ်းနား ထည်ဝါလှပါတယ်။
ရှေးပျက်သုန်းနယ်မြေရဲ့ အသွင်အပြင်ဟာ အပြည့်အစုံ ပေါ်လွင် ထင်ရှားလာပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်က ရှေးပျက်သုန်း နယ်မြေရဲ့ ကျယ်ပြောလှတဲ့ တောင်တန်းတွေကို ဖြတ်သွားတဲ့အခါ ရေအိုင်ထဲမှာ ပေါလောမျောနေတဲ့ ပါရမီရှင်တစ်သန်းကျော်ကို သွားတွေ့ပါတယ်။
ဟန်ကျွယ်ဟာ ဒီရေအိုင်ထဲမှာ အလွန်တရာ စွမ်းအားကြီးမားတဲ့ အင်အားတစ်ခု ရှိနေပြီး ဖန်တီးမှုစွမ်းအားနဲ့ သိမ်မွေ့နက်နဲမှုတွေ ပါဝင်နေတာကို အာရုံခံနိုင်ပါတယ်။
“ဟွန်း...” အေးစက်တဲ့ အသံနဲ့အတူ ရှေးပျက်သုန်း နယ်မြေနက်ထဲကနေ အနက်ရောင်ချီအလုံးတစ်လုံး ပေါ်လာပြီး ကြောက်ဖက်ဖွယ် သတ်ဖြတ်ငွေ့က ပဋိပက္ခ ဟင်းလင်းပြင်ကို အေးခဲသွားစေပါတယ်။
ဒီရောင်ဝါက ဟန်ကျွယ်ကို ပစ်မှတ်ထားတဲ့အတွက် ဟန်ဟွမ်ကို အထိတ်တလန့် ဖြစ်သွားစေပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ်။ ရောင်ဝါနက်ဟာ ပေါက်ကွဲထွက်သွားပြီး ဘိုးဘေးထျန်ရွှီ ပေါ်လာပါတယ်။ ဘိုးဘေးထျန်ရွှီဟာ မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သရဲနဲ့ သွားတူနေပါတယ်။
ဘိုးဘေးထျန်ရွှီဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ဘယ်တုန်းကမှ မခံစားခဲ့ရတဲ့ တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရပါတယ်။
‘မဖြစ်နိုင်ဘူး...’
ဟန်ကျွယ်ရဲ့ နောက်ကျောမှာ တံဆိပ်တစ်ခုနဲ့ ဆင်တူတဲ့ အနီရောင်အလင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒီအလင်းထဲမှာ မရေမတွက်နိုင်တဲ့ စာလုံးတွေ ပေါ်လာပါတယ်။ ဒီစာလုံးတွေက နားလည်ဖို့ ခက်ခဲပြီး လျှို့ဝှက်ဆန်းကြယ် လွန်းပါတယ်။ ဘိုးဘေးထျန်ရွှီ ဘယ်နားကို ကြည့်ကြည့် ကြောင်တောင်တောင် ဖြစ်သွားတာချည်းပါပဲ။
အန္တိမမူလ ကောင်းကင်တံဆိပ်တော်။
ဟန်ဟွမ်ဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို ကြောင်ကြည့်မိလိုက်ပါတယ်။ ဟန်ဟွမ်ဟာ ပထမဆုံးအကြိမ် ကြောက်ရွံ့မှုကို ခံစားလိုက်ရပါတယ်။ ဟန်ဟွမ်ဟာ အရင်တုန်းက ကျန်းကျွယ်ရှီရဲ့ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ကျင့်စဉ်ကို ရင်ဆိုင်ရတာတောင် ဒီလို မခံစားခဲ့ရပါဘူး။
ဒီကြောက်ရွံ့မှုက သဘာဝရန်သူတော်ကြီးကို ရင်ဆိုင်နေရသလိုမျိုးပါပဲ။
ဘိုးဘေးထျန်ရွှီဟာ ရပ်ပြီး ဟန်ကျွယ်ကို စိုက်ကြည့်ကာ ဒေါသတကြီး မေးလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ရှေးပျက်သုန်းနယ်မြေထဲကို အတင်း တိုးဝင်ချင်တာလား”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ချက်ချင်းဆိုသလို ဟန်ကျွယ်နောက်ကျောက အန္တိမမူ ကောင်းကင်တံဆိပ်တော်ဟာ ရုတ်တရက် ပြောင်းလဲသွားပါတယ်။ ဘိုးဘေးထျန်ရွှီဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပြီး နေရာကနေ ပျောက်သွားပါတယ်။
ဘိုးဘေးထျန်ရွှီ ပြန်ပေါ်လာတဲ့အခါ အန္တိမမူလ ကောင်းကင်တံဆိပ်ထဲကို ရောက်နေပါပြီ။ ဘိုးဘေးထျန်ရွှီရဲ့ ခန္ဓာကိုယ် အောက်ပိုင်းဟာ ထူးဆန်းတဲ့ အနီရောင်ကမ္ဘာထဲ ဝင်နေပြီး အပေါ်ပိုင်းကတော့ ငရဲပြည်ရောက်နေတဲ့ သရဲလိုမျိုး ငရဲပြည်က လွတ်မြောက်ဖို့ အတင်းကြိုးစား ရုန်းကန်ပါတယ်။
“ဘုန်းတန်ခိုးကြီးမား ကောင်းကင်တာအိုပညာရှိ... ခင်ဗျား ဘာလုပ်တာလဲ” ဘိုးဘေးထျန်ရွှီက ဒေါသတကြီး မေးလိုက်ပါတယ်။ ဘိုးဘေးထျန်ရွှီဟာ ဒီလို ဆန်းကြယ်စွမ်းအားမျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး။ သူ စွမ်းအားထုတ်သုံးချိန်တောင် မရလိုက်ဘဲ ချောင်ပိတ်ခံလိုက်ရပါတယ်။
ဒီထက် ပိုပြီးတော့ ကြောက်ဖို့ကောင်းတာက သူ့ဓမ္မစွမ်းအား လွင့်ပါးပျောက်ကွယ်ပြီး တာအိုသီး အရည်ပျော်လာတာပါ။
“စကားများလိုက်တာ...”
ဟန်ကျွယ်ဟာ နောက်ကို တစ်ချက်တောင် လှည့်မကြည့်ပါဘူး။ ဟန်ကျွယ်ရဲ့ စကားအဆုံးမှာ ဘိုးဘေးထျန်ရွှီရဲ့ ခန္ဓာကိုယ်ဟာ တစ်ခါတည်း ဖျက်ဆီးခံရပြီး သေမင်းတံခါးဝမှာ ရုန်းကန်နေတဲ့ လက်ကျန်ဝိညာဉ် အပိုင်းအစသာ ကျန်ရှိပါတော့တယ်။
ဟန်ကျွယ်ရဲ့ လှုပ်ရှားမှုက ဗိုက်ကျလွန်းပြီး ပြိုင်ဘက်ကင်းပါတယ်။ ဟန်ဟွမ်ရဲ့ သွေးတွေဟာ ဆူပွက်သွားပါတယ်။
အဝေးမှာ ကြည့်နေတဲ့ ကျင့်ကြံသူတွေလည်း လန့်သွားကြပါတယ် ‘ဒီလောက် မောက်မာတဲ့ ဘိုးဘေးထျန်ရွှီက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရှေ့မှာ ကြက်ကလေး ငှက်လေးလိုပါလား...’
ပန်ရှင်းဟာ စိတ်လှုပ်ရှားလွန်းလို့ မျက်နှာတွေ နီရဲသွားပါတယ်။ ပန်ရှင်းဟာ ဘိုးဘေးထျန်ရွှီ ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာကို လက်တွေ့ ကြုံပြီးပါပြီ။ ရှေးပျက်သုန်း နတ်မြေကို တိုက်ခိုက်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်မှန်သမျှ ဘိုးဘေးထျန်ရွှီရဲ့ လက်ချက်နဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ကြပါတယ်။
မိုင်ပေါင်းသန်းချီ အဝေးက ဟင်းလင်းပြင်မှာ အက်ကြောင်းတစ်ကြောင်း ပေါ်လာပြီး ဧရာမနန်းတော်ကြီး တစ်ဆောင် ပျံထွက်လာပါတယ်။ ဒီနန်းတော်တံခါးရဲ့ ထိပ်မှာတော့ ရုပ်သွင်တွေ မတ်တတ်ရပ်နေပါတယ်။ ခေါင်းဆောင်က မိစ္ဆာ ကောင်းကင်ဧကရာဇ်ပါ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ နောက်ကျောကို တအံ့တဩ ကြည့်လိုက်ပါတယ်။
ကောင်းကင်ရုံးတော်ဟာ နက်ရှိုင်းတဲ့ အာကာသမှာ ပုန်းအောင်းနေတာပါ။ ဟန်ကျွယ်ရဲ့ အသံကြောင့်သာ မဟုတ်ရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်က ထွက်လာမှာ မဟုတ်ပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ထွက်လာတယ်ဆိုရင်ပဲ ဘိုးဘေးထျန်ရွှီ ဖိနှိပ်ခံရတာကို တွေ့လိုက်ရပါတယ်။
စစ်ဗုဒ္ဓဟာ ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။
စစ်ဗုဒ္ဓဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည်နဲ့ အတော်လေး ရင်းနှီးပါတယ်။ ဒီနာမည်က မိစ္ဆာ ကောင်းကင်ဧကရာဇ်က ထပ်ခါထပ်ခါ ပြောခဲ့တယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို သတိထားမိပေမဲ့ ဂရုမစိုက်ပါဘူး။ ရှေ့ဆက်လျှောက်ပြီး ရှေးပျက်သုန်းနယ်မြေ နက်ထဲကို ဝင်ပါတယ်။
ဘိုးဘေးထျန်ရွှီရဲ့ လက်ကျန်ဝိညာဉ်ဟာ နာကျင်စွာ အော်ဟစ် ရုန်းကန်နေပါတယ်။ ဒါပေမဲ့ သူ ဘယ်လောက် အော်အော် အသံတစ်စက်မှ ထွက်မလာပါဘူး။
ဒါက အန္တိမမူလ ကောင်းကင်တံဆိပ်တော်ပါ။
အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ တောင်နီလိုမျိုး ဟန်ကျွယ် နောက်ကနေ လိုက်ပါတယ်။ အထွတ်အထိပ် နတ်အခွင့်အာဏာကို ရည်ညွှန်းနေသလိုပါပဲ။
‘စွမ်းအားကြီးလှချည်လား...’
ဟန်ဟွမ်ဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော် နောက်ကနေ လိုက်ပြီး စိတ်လှုပ်ရှားစွာ ကြည့်နေပါတယ်။ ဟန်ဟွမ်ဟာ ဒီဆန်းကြယ်စွမ်းအားကို သင်ချင်သွားပါတယ်။
ဟန်ကျွယ်ဟာ ရှေးပျက်သုန်းနယ်မြေထဲကို လှမ်းဝင်လိုက်ပါတယ်။ ဟန်ကျွယ် ခြေထောက်အောက်က တောတောင်မြစ်ချောင်းတွေဟာ ချက်ချင်း အမှုန့် ဖြစ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ခြေလှမ်းတိုင်းဟာ ရှေးပျက်သုန်းနယ်မြေကို ပြိုလဲ ပျက်စီးစေပါတယ်။
ဒီမြင်ကွင်းက ကြည့်နေတဲ့လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေပါတယ်။
“ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်... မင်း ထွက်မလာဘူးလား...” ဟန်ကျွယ်က ခံစားချက်ကင်းမဲ့စွာ မေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အသံဟာ ခေတ်ပေါင်းများစွာကို ဖြတ်သန်းသွားတဲ့ အနှိုင်းမဲ့ ခေါင်းလောင်းသံလိုပါပဲ။
ဟန်ကျွယ်ဟာ မရပ်ပါဘူး။ ရှေးပျက်သုန်းနယ်မြေဟာ ဆက်ပြိုလဲပြီး အုတ်အော်သောင်းနင်း ဖြစ်ကုန်ပါတယ်။
ရုတ်တရက် ရှေးပျက်သုန်းနယ်မြေနက်ထဲက အဆုံးမဲ့ ရေအိုင်ဟာ ပေါက်ကွဲထွက်ပြီး ပါရမီရှင်တစ်သန်းကျော်ဟာ ကောင်းကင်ယံကို မြားတွေလို ထိုးတက်သွားပါတယ်။ သူတို့တွေဟာ ရေတစက်စက် ကျနေတဲ့ ခန္ဓာကိုယ်နဲ့ ကောင်းကင်ယံမှာ ပေါလောမျောနေပါတယ်။ အဲဒီနောက် ပါရမီရှင်တိုင်းဟာ မျက်လုံးဖွင့်လိုက်ကြပါတယ်။ သူတို့မျက်လုံးတွေက မည်းနက်ပြီး ရောင်ဝါတွေ တိုးလာပါတယ်။
အားအနည်းဆုံး ပါရမီရှင်ကတောင် တာအိုပညာရှိအတု အဆင့်ရှိပါတယ်။ လွတ်လပ် တာအိုပညာရှိ အရေအတွက်ကလည်း တစ်သောင်း ကျော်ပါတယ်။ သူတို့ရဲ့ ရောင်ဝါတွေ ပေါင်းစုပြီး ပဋိပက္ခအာကာသကို တုန်လှုပ်သွားစေပါတယ်။
“ဝုန်း... ဝုန်း... ဝုန်း...”
နှစ်ခြမ်းဖြစ်နေတဲ့ ရှေးပျက်သုန်းနယ်မြေရဲ့ နေရာအစုံကနေ ပေါက်ကွဲသံတွေ ထွက်ပေါ်လာပါတယ်။ ဖုန်မှုန့်လုံးကြီးတွေဟာ ကောင်းကင်ထိအောင် ထသွားပါတယ်။ အရိပ်နက်တွေဟာ ကောင်းကင်ယံကို ပြေးတက်လာပါတယ်။ အရိပ်နက်တွေရဲ့ အရေအတွက်က ပါရမီရှင်တွေထက် အများကြီး ပိုများပါတယ်။ ဒီအရိပ်နက်တွေက သရဲလို ရောင်ဝါတွေ ထုတ်လွှတ်နေပြီး မျက်လုံးတွေကလည်း နီရဲနေပါတယ်။
တာအိုမိစ္ဆာ။
မရေမတွက်နိုင်တဲ့ တာအိုမိစ္ဆာတွေဟာ ရှေးပျက်သုန်းနယ်မြေထဲကနေ ပျံထွက်လာပြီး ဟန်ကျွယ်တို့ သားအဖနှစ်ယောက်ကို လျင်မြန်စွာ ဝန်းရံလိုက်ပါတယ်။ ဘေးကနေ ကြည့်နေတဲ့လူတွေဟာ လန့်ဖျပ်ပြီး နောက်ဆုတ်ကုန်ပါတယ်။
ဆယ်သန်း။
သန်းတစ်ရာ။
ဆယ်ဘီလီယံ။
ဘီလီယံ တစ်ရာ။
ပိုပိုများတဲ့ တာအိုမိစ္ဆာတွေဟာ ရှေးပျက်သုန်းနယ်မြေထဲကနေ ပျံထွက်လာပါတယ်။ တာအိုမိစ္ဆာတွေဟာ ကျင့်ကြံမှုမျိုးစုံရှိပြီး မဟာတာအိုအဆင့်တွေလည်း ပါပါတယ်။ ဘက်ပေါင်းစုံကလာတဲ့ ဖိအားဟာ ဟန်ဟွမ်ကို အသက်ရှူကျပ်သွားစေပါတယ်။
“ဘာလို့ ဒီလောက်တောင် များရတာလဲ...” ဟန်ဟွမ်ဟာ တစ်ကိုယ်တည်း ရေရွတ်ပြီး ခြေတုန်ချင် လက်တုန်ချင် ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဟန်ဟွမ်ဟာ ကြောက်လန့်ခြင်းမရှိဘဲ တိုက်ခိုက်လိုစိတ် ပြင်းထန်လာပါတယ်။ ဒါက ဟန်ဟွမ် အလိုချင်ဆုံးအရာပဲ မဟုတ်ပါလား။
ဒီအချိန်မှာပဲ ရှေးပျက်သုန်းနယ်မြေထဲကနေ လောကပျက်မတတ်ရောင်ဝါတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီရောင်ဝါက တာအိုမိစ္ဆာတွေနဲ့ ဘိုးဘေးရွှီထျန်ရဲ့ ရောင်ဝါထက် အများကြီး ပိုအားကောင်းပါတယ်။ ဘယ်လောက်တောင် အားကောင်းလဲဆိုရင် အချိန်မရွေး ဝိညာဉ် လွင့်ထွက်သွားတော့မလိုမျိုး ဟန်ဟွမ်ကို ခံစားသွားရစေပါတယ်။
ဒီရောင်ဝါက သူ့အဖေကို ခုခံဖို့ လုံလောက်တဲ့အတွက် ဟန်ဟွမ်ဟာ ရုတ်တရက် လှည့်ကြည့်ပြီး မျက်လုံးကျဉ်းသွားပါတယ်။ ဟန်ဟွမ်ဟာ အနည်းငယ် စိုးရိမ်သွားပါတယ် ‘ဖေဖေက ဒီလိုစွမ်းအားကြီးတဲ့ ရန်သူကို အနိုင်ယူနိုင်ပါ့မလား...’
ဟန်ဟွမ် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဘေးက ကြည့်နေတဲ့လူတွေ အကုန်လုံး အဲဒီရောင်ဝါ ထွက်ပေါ်လာရာကို ကြည့်လိုက်ကြပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က တိုက်ခိုက်တော့မယ် မဟုတ်ပါလား။
မြန်မာပြည် ငြိမ်းချမ်းပါစေ။