အထွတ်အထိပ်နိယာမနှင့် ပေါင်းစပ်ခြင်း
Vol. 89 Ch. 933
ဟန်ကျွယ်ရဲ့ အသံဟာ ကွဲကြေနေတဲ့ ပဋိပက္ခ ဟင်းလင်းပြင်မှာ ပဲ့တင်ထပ်ပြီး သက်ရှိတိုင်းကို လန့်သွားစေပါတယ်။
လူတိုင်းဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲမှာ ရုန်းကန်နေတဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ကြည့်ပြီး စကားလုံးနဲ့ ဖော်ပြလို့မရအောင်ကို လန့်သွားကြပါတယ်။ သူတို့တွေဟာ အိပ်မက်မက်နေတယ်လို့တောင် ခံစားလိုက်ကြရပါတယ်။
အဝေးတစ်နေရာက ကောင်းကင်တာအို စကြဝဠာခန်းမထဲမှာ ရှိနေတဲ့ တာအိုပညာရှိတွေဟာလည်း ဒီမြင်ကွင်းကို ကြည့်ပြီး သွေးဆူသွားကြပါတယ်။
‘ဒါက ငါတို့ရဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပဲ... ထာဝရ ပြိုင်ဘက်ကင်းတယ်၊ ဘယ်တော့မှ မရှုံးဘူး...’
ဟန်ကျွယ်ဟာ သူ့နောက်က ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တစ်ချက်ကြည့်ပြီး မျက်လုံးကျဉ်းလိုက်ပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကနေ အားကောင်းတဲ့ ရောင်ဝါ ထွက်ပေါ်လာပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ခန္ဓာကိုယ်ကို အမှုန့်ကြိတ်ပစ်လိုက်ပါတယ်။
“မဖြစ်နိုင်ဘူး... မင်းက ငါ့ကို ဒီလိုမျိုး အနိုင်ယူလို့ရမယ် ထင်နေတာလား၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းက သွေးနားထင် ရောက်နေတာပဲ” ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ချက်ချင်းဆိုသလို ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲထွက်ပြီး နတ်အလင်းရောင်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် လှမ်းကြည့်လိုက်တဲ့အခါ အဝေးမှာရှိနေတဲ့ ပါရမီရှင်တစ်သန်းကျော်ထဲမှာ ပါရမီရှင်တစ်ပါးက နတ်အလင်းရောင် တောက်ပလာတာကို တွေ့လိုက်ရပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ရောင်ဝါက ဒီပါရမီရှင်ရဲ့ ခန္ဓာကိုယ်မှာ ပေါ်လာပြီး အရူးအမူး အားကောင်းလာပါတယ်။
‘ဒီကောင်က ဒီလောက်များတဲ့ ပါရမီရှင်တွေကို ခန္ဓာသိမ်းထားတာ အံ့ဩစရာ မရှိတော့ပါဘူး... ထွက်ပြေးဖို့ကို’
အောင်မြင်စွာ ခန္ဓာသိမ်းပြီးတာနဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ပါရမီရှင်တစ်သန်းကျော်ကြားထဲက ပျံထွက်လာပြီး ဟန်ကျွယ်ကို ငုံ့ကြည့်လိုက်ပါတယ် “မင်းရဲ့ ဆန်းကြယ်စွမ်းအားက အထင်ကြီးဖို့ ကောင်းပါတယ်၊ ဒါပေမဲ့ မင်း ငါ့နောက်မှာရှိတဲ့ ပါရမီရှင်တစ်သန်းကျော်ကို ဖျက်ဆီးရဲလို့လား”
တကယ်ကို ယုတ်မာလွန်းတဲ့ အစီအစဉ်ပါ။ ဟန်ကျွယ်သာ ပါရမီရှင်တစ်သန်းကျော်ကို သတ်လိုက်ရင် ပဋိပက္ခကို ရန်စမိမှာပါ။ ဒီလိုဆို ပြဿနာတွေက ပြီးတော့မှာ မဟုတ်ပါဘူး။ ဒီပါရမီရှင်တစ်သန်းကျော်က ပဋိပက္ခထဲမှာရှိတဲ့ အင်အားစုအကုန်လုံးက လာတာပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါဆို မင်းက ဒါကို မင်းမှီခိုတာလား၊ ဒီလိုနည်းလမ်းနဲ့ မင်းက ကောင်းကင်တာအိုကို ကလဲ့စားချေပြီး ပဋိပက္ခကို စုစည်းချင်တယ်... မင်း ပဋိပက္ခကို ထိန်းချုပ်လို့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ စိန်လာခေါ်ရင် ပဋိပက္ခထဲက သက်ရှိတွေကိုသုံးပြီး ခြိမ်းခြောက်မှာလား... သူတို့တွေ တစ်ဇွတ်ထိုးလုပ်ရင် ပဋိပက္ခထဲက သက်ရှိတွေကို သတ်ပစ်ပြီး သူတို့တွေ ပဋိပက္ခ ထိန်းချုပ်သူ ဖြစ်မလာအောင် လုပ်မယ်လို့ မင်းက ပြောမှာလား”
ဟန်ကျွယ်ရဲ့ စကားလုံးတွေက လှောင်ပြောင်မှု အပြည့်ပါပဲ။ ဘေးက ကြည့်နေတဲ့လူတွေတောင် ရယ်ချင်သွားပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မရယ်ရဲပါဘူး။
ဟန်ကျွယ်နဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ မျက်လုံးထဲမှာ ပဋိပက္ခထဲက သက်ရှိတွေဟာ အချိန်မရွေး ဖျက်ဆီးလို့ရတဲ့ အရာတွေ ဖြစ်နေပါတယ်။ ဒါကို သူတို့တွေက ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာနိုင်မှာလဲ။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အေးစက်စွာ ပြောလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းက စကားပြောတော့ ကောင်းသားပဲ၊ ငါ့ကို စွမ်းအားနဲ့ အရင်ဆုံး အနိုင်ယူဦး”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် လက်မြှောက်လိုက်တဲ့အခါ ရှေးပျက်သုန်း နယ်မြေဟာ ပြင်းထန်စွာ လှုပ်ခါသွားပြီး လက်ထဲကို စွမ်းအားတွေ စီးဝင်လာပါတယ်။ အဲဒီနောက် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ လက်ဝါးကို ဝှေ့ယမ်းပြီး တိုက်ခိုက်လိုက်တဲ့အခါ တလက်လက် တောက်ပတဲ့ အလင်းရောင် ဖြစ်ပေါ်လာပြီး ပဋိပက္ခနယ်မြေတစ်ခုလုံး အရောင်မဲ့သွားပါတယ်။
အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ စွမ်းအားကို စုပ်ယူလိုက်ပါတယ်။
ရုတ်ခြည်းဆိုသလို ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ်နောက်မှာ ပေါ်လာပါတယ်။ တစ်ပြိုင်နက်တည်းဆိုသလို ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ လက်ထဲမှာ ခရမ်းရောင် တုတ်တစ်ချောင်း ပေါ်လာပြီး ဟန်ကျွယ်ကို ရိုက်ချလိုက်ပါတယ်။ ခရမ်းရောင် တုတ်ချောင်းရဲ့ အလင်းရောင်ဟာ မီးလျှံနဲ့ တူပါတယ်။
တုတ်ချောင်းက ဟန်ကျွယ် ထိခါနီးမှာပဲ အန္တိမမူလ ကောင်းကင်တံဆိပ်တော် ပေါ်လာပြီး ကာဆီးလိုက်ပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ နှလုံးလှုပ်သွားပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်က တစ်ခုမက ရှိနေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။
ဟန်ကျွယ်ရဲ့ နောက်ကျောမှာ ပေါ်လာတဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်က ရှေ့မှာရှိနေတဲ့ တံဆိပ်တော်ထက် သေးငယ်ပါတယ်။ ဒါပေမဲ့ အလွန်တရာ မာကျောပြီး ခရမ်းရောင် တုတ်ချောင်းကို လွယ်လင့်တကူ တားဆီးလိုက်ပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ်။ ချက်ချင်းဆိုသလို ခရမ်းရောင် တုတ်ချောင်းရဲ့ စွမ်းအားကြောင့် ပတ်ဝန်းကျင် အာကာသဟာ ရှုံ့တွသွားပြီး မရေမတွက်နိုင်တဲ့ ပုံရိပ်ယောင်တွေ ပေါ်လာပါတယ်။ အဆုံးမဲ့ ပုံရိပ်ယောင် အသူရာချောက်ထဲကို ကျသွားတဲ့ အတိုင်းပါပဲ။ ဘဝပေါင်းမျိုးစုံနဲ့ ငရဲ ၁၈ ထပ်က မြင်ကွင်းတွေဟာ သူတို့နှစ်ယောက်ရဲ့ မျက်လုံးထဲကို ဝင်လာပါတယ်။
“ကလေးကွက်တွေ...” ဟန်ကျွယ်က အထင်သေးစွာ ပြောလိုက်ပါတယ်။ ချက်ချင်းဆိုသလို ဟန်ကျွယ်နောက်မှာရှိတဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ကြောက်မက်ဖွယ် စုပ်အားကို ထုတ်လွှတ်ပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို စုပ်ယူကာ ရုတ်ခြည်း ဖျက်ဆီးပစ်လိုက်ပါတယ်။
ပတ်ဝန်းကျင်မှာရှိတဲ့ အဆုံးမဲ့ ပုံရိပ်ယောင်တွေလည်း ကွဲကြေသွားပါတယ်။ ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ နောက်ထပ် ပါရမီရှင်တစ်ပါးမှာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ရောင်ဝါ ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
ဒီအတိုင်းဆို အဆုံးရှိတော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်း ပျံသန်းသွားပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ခုန်ပျံပြီး လက်ဝါးနှစ်ဖက်နဲ့ ပြန်ရိုက်ပါတယ်။ လက်တစ်ဖက်တစ်ချက်စီမှာ မတူညီတဲ့ ဆန်းကြယ်စွမ်းအားတွေ ပါဝင်ပါတယ်။ မရေမတွက်နိုင်တဲ့ ပုံရိပ်တွေလည်း ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ နောက်မှာ ပေါ်လာပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် လက်ဝှေ့ယမ်းလိုက်တဲ့အခါ ဆန်းကြယ်စွမ်းအားတွေဟာ အတောမသတ်အောင် ပြောင်းလဲသွားပြီး အနှိုင်းမဲ့လောက်အောင်ကို သိမ်မွေ့နက်နဲသွားပါတယ်။
တိုက်ပွဲကြည့် ပရိသတ်တွေဟာ ဆက်တိုက် နောက်ဆုတ်ပါတယ်။ ဟန်ဟွမ်လည်း နောက်မဆုတ်ဘဲ မနေနိုင်ပါဘူး။
“ဒါက မဟာတာအို အထွတ်အထိပ် အဆင့်လား... မဟုတ်ဘူး... ဒါက မဟာတာအို အထွတ်အထိပ် အဆင့်ထက် ကျော်လွန်တယ်” ဟန်ဟွမ်ဟာ တန်ခိုးကြီးမားတဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို မော့ကြည့်ရင်း လက်သီးဆုပ်လိုက်ပါတယ်။
‘တစ်နေ့ကျရင် ငါလည်း ဒီလိုမျိုး စွမ်းအားကြီးရမယ်... နေဦး... မဟုတ်သေးဘူး... ငါ သူ့ထက် စွမ်းအား ပိုကြီးရမယ်’
အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ဆန်းကြယ်စွမ်းအားတွေ အကုန်လုံးကို ကာဆီးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှေ့ဆက်သွားနေတုန်းပါပဲ။ ဟန်ကျွယ်ရဲ့ ခြေလှမ်းတိုင်းမှာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်က တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ရှေ့ကို ဆက်ချေမှုန်းပါတယ်။
ဟန်ကျွယ်ရဲ့နောက်မှာ ရုတ်တရက်ဆိုသလို အရိပ်နက်တစ်ခု ခဲလာပါတယ်။
နတ်ဘီလူးဓမ္မရုပ်တု။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ မျက်မှောင်ကြုတ်သွားပြီး နိုးနိုးကြားကြား ဖြစ်သွားပေမဲ့ တိုက်ခိုက်တာကိုတော့ မရပ်ပါဘူး။
ကျယ်ပြောလှတဲ့ တိုက်ပွဲဖိအားဟာ ပဋိပက္ခတစ်ခွင် ပျံ့နှံ့သွားတာကြောင့် အကြည့်တွေတစ်ခုပြီး တစ်ခု ကျရောက်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီအကြည့်တွေထဲမှာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အကြည့်ကို ခံစားမိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။ အန္တိမဒဏ်ခတ်နတ်မင်း လာရင်လည်း အသတ်ခံရမှာပါ။
ဟန်ကျွယ်နောက်က အရိပ်နက်ဟာ ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။
နောက်တစ်စက္ကန့်မှာပဲ ဒီအရိပ်နက်ဟာ ပါရမီရှင်တစ်သန်းကျော် အကြား ပေါ်လာပြီး ပါရမီရှင်တွေကို ဆက်တိုက် စုပ်ယူပါတယ်။ ဒီပါရမီရှင်တွေက ကောင်းကင်တာအို သက်ရှိတွေ ဖြစ်ပြီး တာအိုအရှင်သခင်တို့လည်း ပါဝင်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နတ်ဘီလူးဓမ္မရုပ်တုဟာ ကောင်းကင်တာအို ပါရမီရှင်တွေကို အလွန်လျင်မြန်တဲ့အလျင်နဲ့ စုပ်ယူလို့ ပြီးသွားပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ညာလက်ကို ထပ်မြှောက်လိုက်တဲ့အခါ လက်ဖဝါးထဲကနေ ခရမ်းရောင် အလင်းရောင် ဖြာထွက်လာပြီး အဆုံးမဲ့ ပဋိပက္ခ မိုးကြိုးတွေ ယှက်ဖြာလာပါတယ်။ မိုးကြိုးတွေက များပြားလွန်းတဲ့အတွက် ကောင်းကင်ပြင်တောင် ကွဲကြေနေသလိုမျိုး ဖြစ်သွားပါတယ်။
ပဋိပက္ခမိုးကြိုးတွေထဲကနေ ရုပ်သွင်တွေ ပျံထွက်လာပါတယ်။ ပွဲကြည့် ပရိသတ်တွေဟာ ဒီရုပ်သွင်တွေကို ကြည့်ပြီး နှလုံးလှုပ်သွားကြပါတယ်။
နတ်အာဏာရှင် စစ်သူကြီး။
မရေမတွက်နိုင်တဲ့ နတ်အာဏာရှင် စစ်သူကြီးတွေဟာ ဟန်ကျွယ်ဆီကို တစ်ဟုန်ထိုး ထိုးဆင်းလာပါတယ်။
ဟန်ကျွယ်ရဲ့ အနက်ရောင် ဆံပင်တွေဟာ လေထဲမှာ လူးလွန့်သွားပြီး မျက်လုံးက အေးစက်သွားပါတယ်။ ဟန်ကျွယ်ရှေ့က အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ တလက်လက် တောက်ပလာပြီး နတ်အာဏာရှင် စစ်သူကြီးတွေကို တစ်ခါတည်း စုပ်ယူပစ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဘယ်လက်မြှောက်ပြီး တန်ခိုးကြီးမား မဟာလက်ဝါးကို ထုတ်သုံးလိုက်ပါတယ်။ မမြင်နိုင်တဲ့စွမ်းအားဟာ နှစ်ပိုင်းဖြစ်နေတဲ့ ရှေးပျက်သုန်းနယ်မြေကို တစ်ချက်တည်း ကွဲကြေသွားစေပါတယ်။
အဖြစ်အပျက်တွေက မြန်ဆန်လွန်းပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေ ပေါ်လာတာနဲ့ ရှေးပျက်သုန်းနယ်မြေက ကွဲကြေသွားတာပါ။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဒေါသကြောင့် မျက်လုံးတွေ ပြူးကျယ်သွားပါတယ်။ ရှေးပျက်သုန်းနယ်မြေက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သက်ရောက်မှု မပေးနိုင်တော့ပေမဲ့ ရှေးပျက်သုန်းနယ်မြေက သူ့ကို မွေးထုတ်ခဲ့တဲ့ နေရာပါ။ ဒီလိုအခြေအနေမှာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဘယ်လိုလုပ်ပြီး ဒေါသမထွက်ဘဲ နေနိုင်မှာလဲ။
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းက သေချင်နေပြီပဲ”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ရုတ်တရက် ခုန်ပျံလိုက်ပါတယ်။ ပါရမီရှင် တစ်သန်းကျော်ဟာလည်း ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် နောက်ကို လိုက်ပါတယ်။ သူတို့တွေဟာ အာကာသအလွှာတွေကို မြားလိုမျိုး ထိုးဖောက်ပြီး အထွတ်အထိပ် နိယာမခုနစ်ပါးဆီ တစ်ဟုန်ထိုး သွားပါတယ်။
ဟန်ကျွယ်ဟ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ပေါ် စီးနင်းပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ခေါင်းထဲမှာ ပေါ်လာပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ တောင်ကြီးလိုမျိုး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ကာဆီးလိုက်ပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ထပ်ဖျက်ဆီးခံရပြီး နောက်ထပ် ပါရမီရှင်တစ်ပါးကို ခန္ဓာသိမ်းပါတယ်။ ပါရမီရှင်တစ်သန်းကျော်ဟာ လူစုခွဲပြီး အထွတ်အထိပ်နိယာမ ခုနစ်ပါးဆီ ဆက်ပျံသန်းပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ပါရမီရှင်တစ်သန်းကျော်ကို အန္တိမမူလ ကောင်းကင်တံဆိပ်တော်နဲ့ စုပ်ယူလိုက်ပါတယ်။ ဟန်ကျွယ်က ပါရမီရှင်တစ်သန်းကျော်ကို ထိခိုက်လိုစိတ် မရှိပေမဲ့ သူတို့တွေဟာ စိတ်ကူးယဉ်လို့ မရတဲ့ နာကျင်မှုနဲ့ နှိပ်စက်မှုကို ခံစားလိုက်ရပါတယ်။
“ဟမ်... မင်း ခြေတစ်လှမ်း နောက်ကျသွားပြီ”
အပေါ်ကလာတဲ့ အသံကြောင့် ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါ အထွတ်အထိပ် နိယာမ ခုနစ်ပါးအောက်မှာ ရုပ်သွင်နှစ်သွင် ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ အန္တိမဒဏ်ခတ်နတ်မင်း နှစ်ယောက်လွဲရင် ဘယ်သူတွေ ဖြစ်နိုင်ဦးမှာလဲ။
အထွတ်အထိပ် တည်ရှိမှုနှစ်ခုဟာ ညာလက်မြှောက်ပြီး အထွတ်အထိပ်နိယာမတစ်ပါးကို လက်ဝါးနဲ့ ဖိချလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို အေးစက်စွာ ကြည့်လိုက်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို မကြည့်ရဲဘဲ မသိမသာ သက်ပြင်းချလိုက်ပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ကို ငုံ့ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းက တကယ်ကို စွမ်းအားကြီးတယ်၊ ငါ မင်းကို မယှဉ်နိုင်တာ အမှန်ပဲ၊ ဒါပေမဲ့ အထွတ်အထိပ်နိယာမကို ထည့်ပေါင်းလိုက်ရင်ရော...”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ အထွတ်အထိပ်နိယာမထဲကို တိုက်ရိုက်ဝင်သွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ သူ့ခန္ဓာကိုယ်ထဲက ဓမ္မစွမ်းအားတွေ အကုန်လုံးကို ဒီနိယာမထဲ လောင်းထည့်လိုက်တာကြောင့် သူ့ခန္ဓာကိုယ်ဟာ အချိန်မရွေး ပျောက်ကွယ်သွားတော့မလိုမျိုး ဝါးတားတား ဖြစ်သွားပါတယ်။
အထွတ်အထိပ် နိယာမ ခုနစ်ပါးဟာ တိတ်တဆိတ် ပြင်းထန်စွာ လှုပ်ခါပါတယ်။ အရမ်းကို ပြင်းပြင်းထန်ထန် လှုပ်ခါတာပါ။ ဟန်ကျွယ်တောင် နည်းနည်း စိတ်လေးသွားပါတယ်။
‘ဒီကောင် ဘာလုပ်တာလဲ’
ဟန်ကျွယ်ဟာ အလျင်စလို မတိုက်ခိုက်ရဲပါဘူး။ အထွတ်အထိပ်နိယာမကို ထိရင် တာအိုဖန်တီးရှင်ကို ရန်စမိမှာ ကြောက်လို့ပါ။
‘မဟုတ်သေးဘူး... ဘာပဲဖြစ်ဖြစ် ငါ့စိတ်ဆန္ဒ တစ်စွန်းတစ်စကို တာအိုဘုံကျောင်းထဲမှာ ထားခဲ့တာပဲ၊ ငါ သေသွားရင်တောင် အသက်ပြန်ရှင်နိုင်တယ်... နောက်ပြီး ငါက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တိုက်ခိုက်တာ၊ အထွတ်အထိပ် နိယာမကို တိုက်ခိုက်တာ မဟုတ်ဘူး၊ တကယ်လို့ တာအိုဖန်တီးရှင်က အပြစ်တင်စရာရှိရင်လည်း ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကိုပဲ တင်မှာ၊ ငါ့ကို အပြစ်မတင်လောက်ဘူး’
မြန်မာပြည် ငြိမ်းချမ်းပါစေ။