← Chapters

ကောင်းကင်တာအို ရယ်သံလွှမ်းခြင်း

Vol. 89 Ch. 935

ကောင်းကင်တာအို ရယ်သံလွှမ်းခြင်း

Vol. 89 Ch. 935

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ဝိညာဉ် လွင့်ပါး ပျောက်ကွယ်သွားတဲ့အခါ ပဋိပက္ခအောက်ခြေဟာ တိတ်ဆိတ်သွားပါတယ်။ အထွတ်အထိပ် နိယာမ လွင့်ပါး ပျောက်ကွယ်သွားတဲ့အခါ ကောင်းကင်ပြင်မှာ ကြယ်တချို့ကို တွေ့မြင်နိုင်ပါသေးတယ်။ ပဋိပက္ခအောက်ခြေရဲ့ ကွဲကြေသွားတဲ့ ဟင်းလင်ပြင်ကတော့ သူ့အလိုအလျောက် ပြန်ပြုပြင်နေပါတယ်။

ဟန်ကျွယ်ဟာ တစ်ချက် လှမ်းကြည့်လိုက်တဲ့အခါ ပဋိပက္ခအောက်ခြေမှာရှိတဲ့ သက်ရှိတချို့ကို ရှာတွေ့သွားပါတယ်။ ဒီသက်ရှိတွေအပြင် မရေမတွက်နိုင်တဲ့ ရန်ငြိုးရန်စတွေဟာ ဘက်ပေါင်းစုံမှာ ပြန့်ကျဲပြီး တည်ရှိနေပါတယ်။

ဟန်ကျွယ်ဟာ ဒါတွေကို ဂရုမစိုက်ဘဲ နေရာကနေ ကွယ်ပျောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခအထက်ကို လျင်မြန်စွာ ရောက်ရှိသွားပြီး အန္တိမဒဏ်ခတ်နတ်မင်းကို ရှာလိုက်ပါတယ်။

တော်တော်လေး ဒေါသထွက်နေတဲ့ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်း ဘယ်လိုလုပ်ပြီး အထွတ်အထိပ် နိယာမကို ဖျက်ဆီးနိုင်ရတာလဲ”

ဟန်ကျွယ်ကလည်း ပြန်ဖြေလိုက်ပါတယ် “ဘာဖြစ်လို့ ဖျက်ဆီးနိုင်တာလဲ... တရားမျှတမှု စွမ်းအားကြောင့် နေမှာပေါ့၊ အထွတ်အထိပ် နိယာမက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို အများကြီး မကူညီဘူး၊ ရှုံးအောင်ပဲ လုပ်တာ၊ အထွတ်အထိပ် နိယာမရဲ့ တည်ရှိမှုက သူ့အဓိပ္ပာယ်နဲ့သူ ရှိတယ်၊ ဒါကို ချိုးဖောက်ရင် ထာဝရပျက်သုန်းခြင်း ခံရလိမ့်မယ်”

အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်နှာပျက်သွားပြီး စိတ်ထဲမှာ ခန့်မှန်းချက်မျိုးစုံ ပေါ်လာပါတယ်။

ဒီအချိန်မှာပဲ...

ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းရှေ့ ရောက်သွားပြီး မဟာချုပ်နှောင်လက်ဝါးနဲ့ ရိုက်ချလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ လှုပ်ရှားမှုက မြန်ဆန်လွန်းပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်တောင် လိုက်မီရုံပဲ ရှိတာပါ။ ဒါကြောင့် အန္တိမဒဏ်ခတ်နတ်မင်းဟာ တစ်ချက်တည်း ချိပ်ပိတ်ခံလိုက်ရပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို စိုက်ကြည့်ရင်း မျက်လုံးတွေ ပြူးကျယ်သွားပါတယ်။

ဟန်ကျွယ်ဟာ လက်မြှောက်ပြီး အန္တိမဒဏ်ခတ်နတ်မင်းကို အင်္ကျီလက်စထဲ ထည့်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ တစ်စုံတစ်ခုက သူ့ကို ကြည့်နေတယ်လို့ ခံစားလိုက်ရပါတယ်။ တဒင်္ဂလေးဆိုပေမဲ့ ဟန်ကျွယ်ဟာ တော်တော်လေး လန့်သွားပါတယ်။ ဒါပေမဲ့ မျက်နှာမှာ မပေါ်အောင် ထိန်းလိုက်နိုင်ပါတယ်။

တာအိုဖန်တီးရှင်။

ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် ပေါင်းစပ်လိုက်တဲ့ အထွတ်အထိပ် နိယာမက နဂိုအတိုင်း ပြန်ရှိနေတာကို တွေ့လိုက်ရပါတယ်။ မဟာတာအို သုံးထောင်ရဲ့ အထက်မှာ ရှိနေတဲ့ အထွတ်အထိပ် နိယာမ ခုနစ်ပါးဟာ ရှေးကျပြီး အနှိုင်းမဲ့ပါတယ်။

အကြောင်းတချို့ကြောင့် ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်က အထွတ်အထိပ် နိယာမပေါ်မှာ မတ်တတ်ရပ်နေတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ နေရာကနေ ချက်ချင်း ကွယ်ပျောက်ပြီး ဟန်ဟွမ်ရှေ့ ရောက်သွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ပဋိပက္ခတစ်ခုလုံးကို ကြော်ငြာလိုက်ပါတယ်။

“ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ငါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သုတ်သင်လိုက်ပြီ၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် ချုပ်နှောင်ထားတဲ့ ပါရမီရှင် တစ်သန်းကျော်ကို ငါ ကောင်းကင်တာအိုဆီ ခေါ်သွားပြီး အနှောင်အဖွဲ့တွေ ရှင်းပေးမယ်၊ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်မဆို ကောင်းကင်တာအိုဆီလာပြီး တပည့်တွေကို ပြန်ခေါ်နိုင်တယ်၊ ပဋိပက္ခက ထာဝရ ငြိမ်းချမ်းနေဖို့ ငါ မျှော်လင့်ပါတယ်”

သက်ရှိအားလုံးဟာ ပဋိပက္ခတစ်ခွင် ပဲ့တင်ထပ်သွားတဲ့ ဟန်ကျွယ်ရဲ့ အသံကို ကြားလိုက်ကြရပါတယ်။ ကောင်းကင်တာအိုထဲက သက်ရှိတွေလည်း အတူတူပါပဲ။ ဒါပေမဲ့ သေမျိုးကမ္ဘာက လူတွေတော့ မကြားနိုင်ကြပါဘူး။

ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ခေါင်းညိတ်လိုက်ပြပြီးနောက် ဟန်ဟွမ်ကို အန္တိမမူလ ဥမင်ထဲ ပြန်ခေါ်သွားပါတယ်။

ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ် “ဒီလောက်မြန်မြန် ပြီးသွားတာလား...”

ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ ဒီတိုက်ပွဲကို နှစ်ဖက် လက်ရည်မျှတဲ့ တိုက်ပွဲ ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ဒီလောက်ထိ အားနည်းလိမ့်မယ်လို့ ဟိန်တျန် ကောင်းကင်စစ်သူကြီး မျှော်လင့်မထားခဲ့ပါဘူး။

သူတင် မဟုတ်ပါဘူး။ တိုက်ပွဲကို ကြည့်နေတဲ့လူ အကုန်လုံးလည်း ပါပါတယ်။ သူတို့တွေ မပြောနဲ့၊ ဟန်ကျွယ်ကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်တဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်တောင် တအံ့တဩ ဖြစ်သွားရပါတယ်။

‘ဒီကောင်လေးက တကယ်ပဲ ပဋိပက္ခမှာ အစွမ်းအထက်ဆုံးလား...’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စိတ်ထဲမှာ မေးခွန်းထုတ်မိလိုက်ပါတယ်။

အန္တိမမူလဥမင်။

ဟန်ကျွယ်ဟာ အလွန်တရာ စိတ်လှုပ်ရှားနေပြီး မေးခွန်းတွေ ဆက်တိုက် မေးပါတယ်။ ဟန်ကျွယ်ဟာ တိုက်ပွဲအကျဉ်းချုပ်ကို အကြမ်းဖျင်း ရှင်းပြလိုက်ပါတယ်။ ဒါနဲ့တောင် ဟန်ဟွမ်ရဲ့ သွေးတွေက ပွက်ပွက် ဆူသွားပါတယ်။

“သား အဲဒီဆန်းကြယ်စွမ်းအားကို သင်ချင်တယ်”

“သား သင်လို့မရဘူး၊ ဖေဖေပဲ ဒီဆန်းကြယ်စွမ်းအားကို သုံးလို့ရတယ်၊ လူတိုင်းမှာ ကိုယ်ပိုင်တာအို ရှိတယ်၊ သား နောက်ကျရင် နားလည်လာလိမ့်မယ်”

ဟန်ဟွမ်ဟာ ဟန်ကျွယ်စကားကို အကြွင်းမဲ့ ယုံကြည်တာကြောင့် အတွေးနက်သွားပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ တတိယ တာအိုစက်ကွင်းကို ခပ်မြန်မြန်ပဲ ပြန်ရောက်သွားပါတယ်။

ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲမှာ တစ်ယောက်တည်း နေပြီး ဟန်ဟွမ်ကို အထဲဝင်ခွင့် မပြုပါဘူး။

“ငါ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သေအောင် ကျိန်စာတိုက်ရင် သူခန္ဓာသိမ်းထားတဲ့ ပါရမီရှင်တစ်သန်းကျော် သေသွားနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။ ဟန်ကျွယ် ဒီလိုမေးရတာက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် မသေသေးဘူးဆိုတာကို လူမှုဆက်ဆံရေးကနေ ရှာတွေ့လိုက်ရလို့ပါပဲ။

[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်သည် အထွတ်အထိပ် နိယာမ၏ တန်ပြန်မှုကြောင့် ကိုယ့်အတတ် ကိုယ်စူးပြီး ပဋိပက္ခမှာ နှင်ထုတ်ခံရကာ ကိုယ်ပွားများအားလုံးကို ထိန်းချုပ်မှု လွတ်သွား၏။]

‘ဒီကောင် တကယ်ကို တန်ပြန် ထိသွားတာပဲ’

ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်ရန်သူ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်သည် အထွတ်အထိပ် နိယာမကို ဝါးမျိုရာ သာလွန်တည်ရှိမှု၏ တိုက်ခိုက်မှုကို ခံရပြီး ကံရေစက်နှင့် ကံကြမ္မာပါ ပဋိပက္ခမှ နှင်ထုတ်ခြင်းကို ခံခဲ့ရသည်။]

‘တကယ်ကို တာအိုဖန်တီးရှင် လှုပ်ရှားလိုက်တာပဲ... ကြည့်ရတာ ငါ သရုပ်ဆောင်တာ တော်တော် ပီပြင်တယ်နဲ့ တူတယ်’

ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းဆီသွားပြီး အန္တိမဒဏ်ခတ်နတ်မင်းကို လွှတ်ပေးကာ လောကဦး ကောင်းကင်ထောင်ထဲ ထည့်လိုက်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စိတ်ဆန္ဒက ချိပ်ပိတ်ခံထားရတာဆိုပေမဲ့ ဟန်ကျွယ်ဟာ မတော်တဆ ဖြစ်မှာစိုးတဲ့အတွက် ကိုယ်တိုင် စောင့်ကြပ်ပါတယ်။

တခြားတစ်ဖက်မှာတော့...

ဟန်ချင်းအာဟာ ဟန်ဟွမ်ကို အမိဖမ်းပြီး ဘယ်လိုတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို မေးမြန်းပါတယ်။ ဟန်ဟွမ်ကလည်း မဖုံးကွယ်ဘဲ သူမြင်သမျှ အကုန်လုံးကို ပြောပြလိုက်ပါတယ်။

ဟန်ချင်းအာဟာ သွေးဆူသွားပြီး သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့တဲ့အထိ စိတ်လှုပ်ရှားသွားပါတယ်။

“ဖေဖေက နင့်ကိုပဲခေါ်ပြီး ငါကို ဘာလို့ မခေါ်တာလဲ”

“အစ်ကိုက ဖေဖေ့ကို ပူဆာတာကိုး... ညီမလေးက ဖေဖေ ထွက်သွားမှာကို သတိမှ မထားမိတာ”

“အား... ဖေဖေက ရုတ်တရက်ကြီး စကားလာပြောတာ အံ့ဩစရာ မရှိတော့ပါဘူး၊ နောက်ဆုံးစကား လာပြောတာကိုး... သေစမ်း... ငါ လွဲသွားရတယ်လို့”

“ဟားဟား... ဖေဖေက စိတ်ကူးရလို့ လုပ်တာ ဖြစ်မယ်၊ ဖေဖေရဲ့ ဂုဏ်ကျက်သရေကို ညီမလေး မတွေ့လို့၊ ဖေဖေက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို လုံးဝ ဂရုစိုက်တာ မဟုတ်ဘူး”

ဟန်ဟွမ်ဟာ ပြီးခဲ့တဲ့ တိုက်ပွဲအကြောင်းကို ပြန်ပြောရင်း လက်သီးဆုပ်လိုက်ပါတယ်။ ဟန်ဟွမ်ဟာ သူ့အဖေလိုမျိုး စွမ်းအားကြီးချင်နေတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကောင်းကင်တာအို တစ်ခုလုံး ရယ်သံတွေနဲ့ ပြည့်နေပါတယ်။

လက်ရှိ အင်မော်တယ်ကမ္ဘာက အရင်ကနဲ့ လုံးဝ မတူတော့ပါဘူး။ ပဋိပက္ခက သတင်းတွေဟာ အင်မော်တယ်ကမ္ဘာမှာ မကြာခဏ ပျံ့နှံ့ပါတယ်။ အင်မော်တယ်ကမ္ဘာက သက်ရှိအားလုံး ရှေးပျက်သုန်းနယ်မြေရဲ့ ခြိမ်းခြောက်မှုကို သိထားကြပါတယ်။ သူတို့တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခကို ကိုယ်တိုင်သွားပြီး ရှေးပျက်သုန်း နယ်မြေကို ချေမှုန်းလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြပါဘူး။

အပျော်ဆုံးကတော့ တာအိုပညာရှိတွေပါ။

စကြဝဠာခန်းမ။

တာအိုပညာရှိ ဒါဇင်ကျော်ဟာ ဩဘာပေးနေကြပါတယ်။ သူတို့တွေဟာ အခုအချိန်မှာ ဘယ်လိုကြည့်ကြည့် တာအိုပညာရှိနဲ့ မတူပါဘူး။ သာမန် သေမျိုးတစ်ယောက်လိုပါပဲ။

ကောင်းကင်အရှင်ရွှမ်တု မျက်နှာကလည်း အပြုံးမပျက်ပါဘူး။ လောင်းတဲ့ဘက် မှန်သွားတယ် မဟုတ်ပါလား။

ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ အခုထိ လန့်နေတုန်းပါ။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်က ရှေးပျက်သုန်း နယ်မြေကို ကိုယ်တိုင်သွားပြီး ဒီကိစ္စကို ဖြေရှင်းလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ တိုက်ပွဲကြာချိန်ကို ကြည့်ရင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာ သိသာလှပါတယ်။

ဒီအချိန်မှာ ကောင်းကင်အရှင်ရွှမ်တုဟာ ဘဝင်မြင့်လာပါတယ် ‘စန့်ချွမ်အဂ္ဂကမ္ဘာ... ရွေးချယ်မှုလုပ်ဖို့ အချိန်ကျပြီ’ ကောင်းကင်အရှင်ရွှမ်တုဟာ မျက်တောင်ခတ်ရင်း ပြုံးလိုက်ပါတယ်။

ဒီလိုနဲ့ အချိန်တစ်ခုအတွင်း ပဋိပက္ခက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ငယ်လူတွေနဲ့ တပည့်တွေကို ကယ်တင်ဖို့ ကောင်းကင်တာအိုဆီ အပြေးရောက်လာကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ပေါ်မလာပါဘူး။ ဒါကြောင့် တာအိုပညာရှိတွေဟာ ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး တစ်ခဏ စောင့်ခိုင်းရပါတယ်။

ကောင်းကင်တာအိုက ဝမ်းသာပျော်ရွှင်နေပေမဲ့ ပဋိပက္ခမှာရှိတဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကတော့ ကျီးလန့်စာစား ဖြစ်နေကြပါတယ်။ ရှေးပျက်သုန်း နယ်မြေက ဖျက်ဆီးခံလိုက်ရပြီ ဖြစ်တဲ့အတွက် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ပြဿနာလာရှာမှာကို ပူပန်နေကြတာ ဖြစ်ပါတယ်။

သူတို့တွေဟာ အများကြီး မတွေးရဲဘဲ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းကြပါတယ်။

ခြောက်ကပ်တဲ့ တိုက်တစ်တိုက်ဟာ ပဋိပက္ခရဲ့ ဟင်းလင်းပြင်မှာ မျောပါနေပါတယ်။ ဒီတိုက်ရဲ့ နက်ရှိုင်းတဲ့နေရာက တောင်ထိပ်တစ်ထိပ်မှာ လူတစ်ယောက် ထိုင်နေပါတယ်။ ဒီလူက ကောင်းကင်တာအိုရဲ့ နံပါတ်တစ် ပါရမီရှင် ဝေ့လန်ရှန်မိပါ။ ဝေ့လန်ရှန်မိဟာ ကျင့်ကြံအားထုတ်ရင်း ဟင်းလင်းပြင်ကို တောက်လောင်တဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လိုက်ပါတယ်။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းလိုက်လဲ...” ဝေ့လန်ရှန်မိဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။

ဝေ့လန်ရှန်မိဟာ ပဋိပက္ခမှာ လျှောက်သွားနေတာ အချိန်တစ်ခုရှိပြီမလို့ ပဋိပက္ခအကြောင်းကို နည်းနည်း နားလည်လာပါတယ်။ ရှေးပျက်သုန်းနယ်မြေရဲ့ အကြောင်းကိုလည်း မကြာခဏ ကြားလာခဲ့ပါတယ်။

ရှေးပျက်သုန်း နယ်မြေကို သွားတိုက်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးဟာ ရှုံးနိမ့်မှုနဲ့ ပြန်လာရတဲ့အပြင် ပါရမီရှင်တစ်သန်းကျော်တောင် ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီကိစ္စက ပဋိပက္ခကို တုန်လှုပ်သွားစေပြီး ရှေးပျက်သုန်းနယ်မြေက ပဋိပက္ခမှာ အန္တရာယ်အရှိဆုံး နေရာတစ်ခု ဖြစ်လာစေခဲ့ပါတယ်။

ဒီလိုအခြေအနေမှာတောင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ တိုက်ခိုက်လိုက်တဲ့အခါ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က တစ်ခါတည်း ပျက်စီးသွားပါတယ်။

ဒါက ဝေ့လန်ရှန်မိ မျှော်လင့်တောင့်တတဲ့ ပြိုင်ဘက်ကင်းလမ်းပါ။

ဝေ့လန်ရှန်မိဟာ ငယ်ငယ်လေးကတည်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို လေးစားကြည်ညိုခဲ့တာပါ။ အခုတော့ ဒီလေးစားကြည်ညိုမှုက အဆုံးစွန်ကို ရောက်ရှိသွားပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာကို နားလည်တဲ့လူတွေပဲ သူ့ရဲ့ အတိုင်းမသိတဲ့ ဓမ္မစွမ်းအားကို သက်ပြင်းချမိကြပါတယ်။

“မင်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အနိုင်ယူချင်လား”

နားထဲကို အသံတစ်သံ ဝင်လာတဲ့အတွက် ဝေ့လန်ရှန်မိဟာ ထိတ်လန့်သွားပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်ပါတယ်။

“ဘယ်သူလဲ”

ဝေ့လန်ရှန်မိဟာ ပတ်ဝန်းကျင်ကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။ ဒီတိုက်ပေါ်မှာ ဝေ့လန်ရှန်မိ တစ်ယောက်တည်း ရှိနေတာပါ။ ဒါပေမဲ့ ဝေ့လန်ရှန်မိဟာ တစ်ဖက်လူ ဝင်လာတာကို အာရုံမခံမိပါဘူး။ ဒါကြောင့် ထိတ်လန့်သွားတာ ဖြစ်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters