← Chapters

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလို ဖြစ်လိုခြင်း

Vol. 89 Ch. 937

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလို ဖြစ်လိုခြင်း

Vol. 89 Ch. 937

ဟန်ဟွမ်ရဲ့ စကားက တည်ငြိမ်တဲ့ ကျန်းကျွယ်ရှီရဲ့ နှလုံးသားကို ဂယက်ထသွားစေပါတယ်။

အနှိုင်းမဲ့ ပါရမီရှင်။

ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင်။

ဘယ်သူက ဒီလိုဂုဏ်ကို မလိုချင်ဘဲ ရှိမှာလဲ။

အရင်တုန်းကဆိုရင် ကျန်းကျွယ်ရှီဟာ ပြဿနာတက်မှာကို ကြောက်နေဦးမှာပါ။ ဒါပေမဲ့ အခု သူ့ဆရာသခင်က ပဋိပက္ခမှာ အစွမ်းအထက်ဆုံး ဖြစ်တဲ့အတွက် ဘာမှ ကြောက်စရာ မလိုတော့ပါဘူး။

ကျန်းကျွယ်ရှီဟာ စိတ်ယိုင်သွားပါတယ်။

လျူပေ့ဟာ ကျန်းကျွယ်ရှီ ဘာတွေးနေတယ်ဆိုတာကို သိတဲ့အတွက် အပြုံးနဲ့ “သွားလေ... ဒါက မင်းအတွက် လေ့ကျင့်မှုပုံစံတစ်မျိုးလည်း ဖြစ်နိုင်တယ်”

‘သွားတော့... ငါ့တပည့်ကို မလုနဲ့’

ကြယ်စကြဝဠာမှာ သက်ရှိတွေ ပိုပို မွေးဖွားလာပါပြီ။ ပထမအသုတ်က အရည်အချင်း ထက်မြက်ပြီး အရေအတွက်က အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် လျူပေ့ဟာ ဒီသက်ရှိတွေကို အပိုင်စီးချင်နေပါတယ်။

“ဟုတ်တယ်... သွားကြရအောင်... အချိန်ဖြုန်းမနေတော့နဲ့” ဟန်ဟွမ်ဟာ ကျန်းကျွယ်ရှီကို ပခုံးပုတ်ပြီး နှိုးဆော်လိုက်ပါတယ်။

ဟန်ချင်းအာကလည်း ကျန်းကျွယ်ရှီကို စိုက်ကြည့်နေပါတယ်။

ကျန်းကျွယ်ရှီဟာ အံကြိတ်လိုက်ပါတယ် “ကောင်းပြီ... ဒါဆိုရင်လည်း ငါ မင်းတို့နဲ့ ပဋိပက္ခကို လိုက်ခဲ့မယ်”

ဟန်ဟွမ်နဲ့ ဟန်ချင်းအာဟာ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားပါတယ်။

သူ့ကလေးတွေ ထွက်ခွာသွားတဲ့အခါ ဟန်ကျွယ်ဟာ လောကဦးကမ္ဘာကို လေ့လာပါတယ်။ ဟန်ကျွယ်ဟာ အဆင့်တက်ထားတာ မကြာသေးပါဘူး။ နောက်တစ်ခါ အဆင့်ထိုးဖောက်ဖို့ကလည်း အကြာကြီး စောင့်ရဦးမှာပါ။ နောက်ပြီး နောက်တစ်ဆင့်က တာအိုဖန်တီးရှင်အဆင့်ဆိုတော့ လွယ်လွယ်နဲ့ ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။

နှစ်သိန်းချီ ကြာပြီးနောက် လောကဦးကမ္ဘာထဲမှာ နောက်ထပ် ပဋိပက္ခ နတ်ဘီလူးတစ်သုတ် မွေးဖွားလာပါတယ်။ ဟန်ကျွယ် သုံးသပ်နားလည်ပြီးတဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေကလည်း လောကဦးကမ္ဘာထဲမှာ နတ်ဘီလူးချီအဖြစ် အသွင်ပြောင်းလဲသွားကြပါတယ်။

လောကဦးကမ္ဘာမှာ ဂလက်ဆီပေါင်း နိန္နဟုတံ ၁၅၀၀ ကျော် ပါဝင်ပါတယ်။ ဂလက်ဆီ တချို့မှာတော့ သက်ရှိတွေ မွေးဖွားပြီး ပြီးပြည့်စုံတဲ့ကမ္ဘာတစ်ခု ဖြစ်လာပါပြီ။ ဒါပေမဲ့ လောလောဆယ်တော့ လောကဦးကမ္ဘာထဲမှာ ပဋိပက္ခနတ်ဘီလူးတွေပဲ ရှိပြီး တခြားသက်ရှိတွေ မရှိသေးပါဘူး။

ဟန်ကျွယ်ဟာ ဖန်တီးမှုစွမ်းအားကို ဆုပ်ကိုင်နိုင်ပြီမလို့ သက်ရှိအားလုံးကို တစ်ခါတည်း ဖန်တီးလို့ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။ ဟန်ကျွယ်ဟာ လောကဦးကမ္ဘာထဲကို မဟာတာအိုသုံးထောင် စွမ်းအား ထည့်ထားပြီးပြီပါပြီ။ ဟန်ကျွယ် လိုချင်တာက ပဋိပက္ခ နတ်ဘီလူးတွေ ဖန်တီးမှုစွမ်းအားကို သူတို့ဘာသာ သုံးသပ်နားလည်ပြီး သက်ရှိတွေကို ဖန်တီးစေချင်တာပါ။

ဟန်ကျွယ် သက်ရှိတွေကို တိုက်ရိုက် ဖန်တီးလိုက်ရင် ဒီသက်ရှိတွေက ပဋိပက္ခ နတ်ဘီလူးတွေရဲ့ အစာ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခ နတ်ဘီလူးတွေက သူတို့ဘာသာ ဖန်တီးမယ်ဆိုရင်တော့ သက်ရှိအကုန်လုံးက သူတို့တွေရဲ့ မျိုးဆက်တွေ ဖြစ်သွားမှာပါ။ အဓိပ္ပာယ်ချင်းက မိုးနဲ့မြေလို ကွားခြားလှပါတယ်။

နောက်ပြီး သက်ရှိတွေရဲ့ တည်ရှိမှုက ဟန်ကျွယ်ကို သိပ်ပြီးတော့ သက်ရောက်မှု မရှိပါဘူး။

လောကဦးကမ္ဘာက စွမ်းအားကြီးလှပြီမလို့ သက်ရှိတွေ ပေါ်လာရင်တောင် ဝိုးတိုးဝါးတား လောကဦးချီကို တိုးစေမှာ မဟုတ်ပါဘူး။ အဲဒီအစား သူတို့တွေက လောကဦးချီကို စားသုံးမှာပါ။

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို နဝမပဋိပက္ခကို တွေးမိလိုက်ပါတယ် ‘ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိတွေက ပဋိပက္ခကို သက်ရောက်မှုမရှိလို့ နဝမပဋိပက္ခက ဘာကိုမှ ဂရုမစိုက်တာလား... ကြည့်ရတာ ပဋိပက္ခ ဖျက်ဆီးခံရမှ နဝမပဋိပက္ခက ကိုယ်တိုင်ဝင်ပါမယ်နဲ့ တူတယ်’

ဟန်ကျွယ်လည်း လောကဦးကမ္ဘာထဲမှာ ပဋိပက္ခ နတ်ဘီလူးတွေ တိုက်ခိုက်တာကို ဂရုမစိုက်ပါဘူး။ တစ်ယောက်သေရင် နောက်ထပ် ပဋိပက္ခနတ်ဘီလူးတစ်ပါး မွေးဖွားလာမှာပါ။ မဟာညီညွတ်မှု ရုပ်သွင်နဲ့ နတ်ဘီလူးချီတွေကို ဆက်ပြီးတော့ ဖန်တီးလို့ရပါတယ်။

ပြောရရင် မဟာညီညွတ်မှု ရုပ်သွင်က တကယ်ကို အထင်ကြီးဖို့ ကောင်းတာပါ။ ဓမ္မရုပ်တု ပညာရပ်ဆိုပေမဲ့ တကယ်တမ်းကျတော့ မဟာတာအိုသုံးထောင်ပါ။ ဒါက စနစ်ပေးထားတဲ့ ဆန်းကြယ်စွမ်းအားပါ။ ဒါကို ကြည့်ခြင်းအားဖြင့် စနစ်ရဲ့ နောက်ခံက ဘယ်လောက်ထိ နက်ရှိုင်းတယ်ဆိုတာကို မှန်းဆနိုင်ပါတယ်။

ဒါကို တွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “စနစ်ရဲ့ မူလဇာစ်မြစ်က တာအိုဖန်တီးရှင် ငါးပါးနဲ့ ဆက်နွှယ်နေတာလား”

[ကံရေစက် မရှိပါ။]

‘ကံရေစက် မရှိဘူး... စနစ်က လောကဦးပဋိပက္ခနဲ့ပဲ ဆက်နွှယ်တာလား...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ နောက်ထပ် စာကြောင်းတစ်ကြောင်း ထပ်ပေါ်လာပါတယ်။

[သင်သည် တာအိုဖန်တီးရှင်အဆင့်သို့ ဦးတည်သွားနေကြောင်း စနစ်မှ ရှာဖွေ့တွေ့ရှိထား၏။ သင် တာအိုဖန်တီးရှင် ဖြစ်လာလျှင် စနစ်၏ မူလဇာစ်မြစ်အားလုံးကို သိလာလိမ့်မည်။]

‘တာအိုဖန်တီးရှင်...’

ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ်။ နောက်ဆုံးတော့ သူ စနစ်ရဲ့ နောက်ခံကို သိရတော့မယ် မဟုတ်ပါလား။

လက်ရှိအချိန်မှာ ဟန်ကျွယ်က အတော်လေး စွမ်းအားကြီးနေပါပြီ။ ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ကို လုံးဝ ထိုးဖောက်မြင်နိုင်ပြီး တခြားစွမ်းအားတွေရဲ့ ထိန်းချုပ်တာကို မခံရဘူးဆိုတာ သိပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ စနစ်က ဝါးမျိုမှာကို မစိုးရိမ်ပါဘူး။ နောက်ပြီး စနစ်ကြောင့်သာ မဟုတ်ရင် သူ ဒီနေ့ ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။

တကယ်လို ဒီစနစ်ကို ဖန်တီးခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က သေသွားပြီဆိုရင် ဟန်ကျွယ်ဟာ အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ဆန္ဒကို တတ်နိုင်သလောက် ကြိုးစား ဖြည့်ဆည်းပေးမှာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ စနစ်ကို တည်ရှိမှုတစ်ခုခုက ဖန်တီးထားတာ မဟုတ်ဘဲ နိယာမတစ်ခုနဲ့ ပိုတူတယ်လို့ ခံစားနေရပါတယ်။

စနစ်က စက်လို လှုပ်ရှား ဆောင်ရွက်နေတာ ဖြစ်ပြီး နှစ်ကိုးသန်းကြာတာတောင် စိတ်ဝိညာဉ် ရှိမလာပါဘူး။ ပုန်းနေတာတော့ မှတ်ဉာဏ် ပျောက်ဆုံးသွားတာတို့လည်း ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဒီကိစ္စတွေကို တာအိုဖန်တီးရှင် ဖြစ်ပြီးမှပဲ တွေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ လေးငါးနာရီ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး အကြောဆန့်လိုက်ပါတယ်။

“တစ်ခဏ အပန်းဖြေဖို့ အချိန်တန်ပြီ” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် ရှင်းဟုန်ရွှမ်၊ ချင်းလွမ်အာတို့ဆီသွားကာ အပြင်ထွက်ပြီး လျှောက်သွားချင်လား လိုက်မေးပါတယ်။ ဒါပေမဲ့ ရလဒ်က ဟန်ကျွယ်ကို အံ့အားသင့်သွားစေပါတယ်။ ရှင်းဟုန်ရွှမ်ရော ချင်းလွမ်အာရော သူနဲ့ အပြင်ထွက်ဖို့ ငြင်းလိုက်ပါတယ်။

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ဟန်ကျွယ် သတ်ဖြတ်ပြီး ကြော်ငြာလိုက်တဲ့ စကားလုံးတွေက ပဋိပက္ခတစ်ခွင် ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါကို ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာလည်း ကြားလိုက်ကြရပါတယ်။ အဲဒီနောက် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို ဟန်ဟွမ်က ပြောပြတဲ့အခါ ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာဟာ တော်တော်လေး ကြောက်လန့်သွားကြပါတယ်။

ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာဟာ ဟန်ကျွယ်က ဘာဖြစ်လို့ သူတို့ဆီ လာလည်လဲဆိုတာကိုလည်း နားလည်သွားကြပါတယ်။ ဟန်ကျွယ်က တစ်ခုခုဖြစ်မှာကို ကြောက်တဲ့အတွက် နောင်တမရချင်တာကြောင့် မဟုတ်ပါလား။

အဲဒီနောက် ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာဟာ နှစ်ယောက်သား ဆွေးနွေးပြီး ဟန်ကျွယ်ကို အမီလိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါက ဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာကလည်း ဒါကို သိပါတယ်။ ဒါကြောင့် သူတို့လိုချင်တာက အနည်းဆုံး ဖိအားကို မျှဝေခံစားနိုင်စွမ်း ရှိချင်တာပါ။

နည်းနည်း ပျင်းရိသွားတဲ့ ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ တစ်ယောက်တည်း သွားပါတယ်။ ဟန်ကျွယ်ဟာ မတော်တဆ ဖြစ်မှာစိုးတဲ့အတွက် တာအိုစက်ကွင်း သုံးခုစလုံးမှာ သူ့စိတ်ဆန္ဒ တစ်စွန်းတစ်ကို ချန်ထားခဲ့ပါတယ်။

လီယောင်နဲ့ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အတော်လေး အံ့အားသင့်သွားကြပြီး ချက်ချင်း မတ်တတ်ရပ်ကာ ကြိုဆိုကြပါတယ်။ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်နဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ တိုက်ပွဲအကြောင်းကို အသေးစိတ် မေးမြန်းပါတယ်။ ဟန်ကျွယ်ကလည်း မဖုံးကွယ်ဘဲ အကုန်ပြောပြပါတယ်။

“ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က တကယ်ကို စွမ်းအားကြီးတာ၊ ငါ သူ့ကို လေးလေးနက်နက် တိုက်ခိုက်ခဲ့ရတယ်”

ဟန်ကျွယ်ရဲ့ ရုပ်တည်ကြီးကို ကြည့်ပြီး ဝူတောက်ကျန့်ဟာ မျက်လုံးပင့်တက်သွားပါတယ်။

လီယောင်ကလည်း ခေါင်းညိတ်ပြီး ထောက်ခံပါတယ် “တိုက်ပွဲ မြန်မြန် ပြီးလေလေ ယောက်ျားက လေးနက်လေလေပဲ၊ ယောက်ျားက လေးနက်လွန်းလို့ အငိုက်ဖမ်းလိုက်နိုင်တာ”

“ငါက သူ့ကို ဗြောင်တိုက်ပြီး အနိုင်ယူတာပါ၊ အငိုက်ဖမ်း တိုက်တာ မဟုတ်ပါဘူး” ဟန်ကျွယ်က နှာခေါင်းရှုံ့လိုက်ပါတယ်။ အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ ရန်သူ အာရုံထွေပြားအောင် မဟုတ်တာတွေ တမင်ပြောပြီးမှ တိုက်ခိုက်ခဲ့တာ မဟုတ်ပါလား။

လီယောင်ရဲ့ တလေးတစား အကြည့်က ဟန်ကျွယ်ကို ပျော်ရွှင်သွားစေပါတယ်။

ဝူတောက်ကျန့်က စိတ်လှုပ်တရှား မေးလိုက်ပါတယ် “ဒါဆို ကျွန်မတို့ စွမ်းအားကြီးလာအောင် ဆန်းကြယ်စွမ်းအား သင်ပေးရမယ်”

“သင်ပေးမှာပေါ့၊ လာ... တာအိုအကြောင်း ပြောကြရအောင်”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။

လေးငါးဆယ်ရက် အကြာမှာတော့...

ဟန်ကျွယ်နဲ့ ဝူတောက်ကျန့်တို့နှစ်ယောက်ဟာ တာအိုဘုံကျောင်းထဲကနေ ထွက်လာပါတယ်။ လီယောင်ရဲ့ မျက်နှာက ပုံမှန်ပဲဆိုပေမဲ့ ဝူတောက်ကျန့်ရဲ့ မျက်နှာကတော့ နီရဲနေပါတယ်။

ပဋိပက္ခနတ်ဘီလူး ၅၃ ပါးဟာ စိတ်လှုပ်ရှားတဲ့ မျက်နှာနဲ့ ချက်ချင်း အပြေးရောက်လာကြပါတယ်။

“ဂိုဏ်းချုပ်ကို ဂါရဝ ပြုပါတယ်”

“ဆရာဘိုးဘိုးကို ဂါရဝ ပြုပါတယ်”

“ဆရာသခင်ကို ဂါရဝ ပြုပါတယ်”

ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ပြုံးလိုက်ပါတယ် “ထိုင်ကြ... ငါ မင်းတို့ကို တာအို မ‌ဟောကြားတာ အတော်ကြာခဲ့ပြီ၊ အခု တာအိုဟောကြားဖို့ အချိန်ကျပြီ”

လူတိုင်းဟာ ဟန်ကျွယ်ကို စပြီးတော့ မြှောက်ပင့် ပြောဆိုကြပါတယ်။ ဒုတိယ တာအိုစက်ကွင်းမှာ ကျင့်ကြံအားထုတ်တာကလွဲရင် တခြား ဘာမှလုပ်စရာ မရှိပါဘူး။ တော်တော်လေး ပျင်းဖို့ ကောင်းပါတယ်။ ဒါကြောင့် ဟန်ကျွယ်နဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ တိုက်ပွဲက သူတို့အတွက် တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းနေပါတယ်။

ဒါ့အပြင် ဒီတိုက်ပွဲရဲ့ လွှမ်းမိုးမှုက နှစ်သိန်းချီကြာတာတောင် အကင်းမသေသေးပါဘူး။ တာအိုအရှင်သခင်နဲ့ တခြားလူတွေ အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲကို ဝင်တိုင်း ဒီတိုက်ပွဲရဲ့ လွှမ်းမိုးမှုကို ပြောကြတာချည်းပါပဲ။

အခုအချိန်မှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခထဲမှာ ဩဇာအရှိဆုံး တည်ရှိမှုတစ်ခု ဖြစ်လာပါပြီ။ ကောင်းကင်တာအိုတင် မဟုတ်ပါဘူး။ တခြားကမ္ဘာ တခြားပဋိပက္ခနယ်မြေက ပါရမီရှင်တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို လေးစား ကြည်ညိုလာကြပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလို ဖြစ်ချင်တာက လောကမှာရှိတဲ့ ပါရမီရှင်တွေရဲ့ အကြီးမားဆုံး ပန်းတိုင်တစ်ခုပါ။

တာအိုဟောကြားမှု စတင်ပါတယ်။ ဟန်ကျွယ်ရဲ့ ပထမဆုံး စကားလုံးနဲ့တင် နတ်ဘီလူး အကုန်လုံးဟာ တာအိုသုံးသပ်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားကြါပတယ်။

နှစ်သုံးထောင်ကြာတဲ့အခါမှာတော့ သူတို့တွေဟာ တစ်ယောက်ပြီး တစ်ယောက် နိုးလာကြပါတယ်။ သူတို့ရဲ့ ကျင့်ကြံမှုတွေဟာ တိုးတက်သွားပြီး မဟာတာအိုနဲ့ ပတ်သက်တဲ့ အသိအမြင်တွေလည်း စိတ်ထဲမှာ ပေါ်လာကြပါတယ်။

ဟန်ကျွယ်ကတော့ မရှိတော့ပါဘူး။

မုရုံချီဟာ သက်ပြင်းချလိုက်ပါတယ် “ဆရာဘိုးဘိုးက ဘယ်အဆင့်ကို ရောက်နေပြီလဲ၊ တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ”

ကွမ်းပုပိုင်ဟာ ပြုံးလိုက်ပါတယ် “ဟားဟား... မင်း ခန့်မှန်းလို့ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်း ငါ့အဆင့်ကို ခန့်မှန်းနိုင်ပါတယ်၊ ငါက မဟာတာအို ရတော့မယ်”

“ငါရောပဲ...” ကြက်သွေးရောင် မြေခွေးနီက ယုံကြည်ချက်အပြည့်နဲ့ ဝင်ပြောပါတယ်။

သူတို့အကုန်လုံးက ပဋိပက္ခ နတ်ဘီလူးတွေမလို့ ပြိုင်ဘက်ကင်း အရည်အချင်းတွေ ရှိကြပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုကို နားထောင်ပြီးတာနဲ့ ပဋိပက္ခ နတ်ဘီလူးတချို့ရဲ့ရှေ့မှာ မဟာတာအို တံခါး ပေါ်လာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters