← Chapters

ဩဇာအာဏာနဲ့ လွှမ်းမိုးမှု

Vol. 89 Ch. 938

ဩဇာအာဏာနဲ့ လွှမ်းမိုးမှု

Vol. 89 Ch. 938

ဒုတိယ တာအိုစက်ကွင်းက ပဋိပက္ခ နတ်ဘီလူးတွေ စိတ်လှုပ်တရှား ဆွေးနွေးနေစဉ်မှာပဲ ဟန်ကျွယ်ဟာ ‌ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ကို ရောက်ရှိသွားပြီး ကောင်းကင်အရှင်ရွှမ်တုနဲ့ စကြဝဠာခန်းမမှာ တွေ့ဆုံပါတယ်။

ဒီတစ်ခါတော့ ကောင်းကင်အရှင်ရွှမ်တုဟာ သူ့ကိုယ်သူ ငယ်သားနေရာမှထားပြီး ဟန်ကျွယ်ကို အကြီးတစ်ယောက်လို ဆက်ဆံပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး တော်တော်လေး ကျေနပ်ပါတယ်။

ဟန်ကျွယ်ဟာ အရင်တုန်းကလိုမျိုး ကောင်းကင်အရှင်ရွှမ်တုကို သူနဲ့ တန်းတူနေဖို့ မပြောတော့ပါဘူး။ အခုလိုမျိုး အခြေအနေကသာ သူတို့ရဲ့ ဆက်ဆံရေးကို ပိုပြီးတော့ နက်ရှိုင်းစေမှာပါ။

စကားခဏ ပြောပြီးတာနဲ့ ကောင်းကင်တာအိုထဲမှာရှိတဲ့ ကောင်းကင်တာအိုပညာရှိ ဒါဇင်ကျော်ဟာ စကြဝဠာခန်းမထဲ ရောက်လာကြပါတယ်။ အကုန်လုံး ငြိမ်ကုပ်နေကြပြီး ဘယ်သူမှ လှုပ်လှုပ်ရှားရှား မလုပ်ရဲပါဘူး။ တာအိုပညာရှိ အကုန်လုံးဟာ ဟန်ကျွယ်ကို ကြည်ညိုလေးစားစွာ ကြည့်နေကြပါတယ်။

ဓားရူးတာအိုပညာရှိနဲ့ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓလည်း ဒီထဲမှာ ပါပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေကို ဝေ့ဝိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ကောင်းကင်တာအိုမှာရှိတဲ့ တာအိုပညာရှိတွေ အကုန်လုံး ရောက်လာကြပြီ၊ ဘုန်းတန်ခိုးကြီမားတဲ့ ကောင်းကင်တာအိုပညာရှိ... ကျွန်တော် မိတ်ဆက်ပေးပါရစေ၊ ဒါက ပဋိပက္ခကနေလာတဲ့ မဟာတာအိုပညာရှိ အင်မော်တယ် ဘိုးဘေးချန်ယွီပဲ”

အင်မော်တယ် ဘိုးဘေးချန်ယွီဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ်။ အင်မော်တယ် ဘိုးဘေးချန်ယွီဟာ မဟာတာအိုပညာရှိ ဖြစ်ပေမဲ့ ဟန်ကျွယ်ကို ရင်ဆိုင်ရတဲ့အခါ ရင်မထိတ်ဘဲ မနေနိုင်ပါဘူး။

ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ပါတယ်။

စကြဝဠာခန်းမဟာ တိတ်ဆိတ်သွားပါတယ်။ အင်မော်တယ် ဘိုးဘေးချန်ယွီလည်း အတော်လေးကို ရင်ထိတ်သွားပါတယ်။

တကယ်တော့ ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး တွက်ချက်စရာ မလိုပါဘူး။ ဒါပေမဲ့ ဒီလိုမလုပ်ရင် တခြားလူတွေက သူ ဘာလုပ်နေတယ်ဆိုတာကို သိမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ သူ့ရဲ့ သဘောထားကို ပြလိုက်ရုံပါ။

အင်မော်တယ် ဘိုးဘေးချန်ယွီရဲ့ နောက်ခံက တကယ်ကို ရှုပ်ထွေးလွန်းပြီး ကံရေစက်ကလည်း ကြီးမားလှပါတယ်။ အင်မော်တယ် ဘိုးဘေးချန်ယွီဟာ မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးကို အပြစ်ပြုမိခဲ့လို့ သူ့လက်အောက်မှာရှိတဲ့ ကမ္ဘာဟာ ဖျက်ဆီးခံခဲ့ရပါတယ်။ ရှင်းရှင်းပြောရရင် အင်မော်တယ် ဘိုးဘေးချန်ယွီက ကောင်းကင်တာအိုမှာ လာခိုလှုံတာပါ။

ဟန်ကျွယ်ရဲ့ တွက်ချက်မှုအရ အင်မော်တယ် ဘိုးဘေးချန်ယွီမှာ အကုသိုလ်ကံက များများစားစား မရှိပါဘူး။ အင်မော်တယ် ဘိုးဘေးချန်ယွီဟာ ပွင့်လင်းပြီး မကောင်းမှု အကြီးစားတွေကို ဘယ်တုန်းကမှ မကျူးလွန်ခဲ့ပါဘူး။ ဒီလိုဆိုလို့ ဘိုးဘေးချန်ယွီရဲ့လက်က ဖြူစင်တဲ့လက် မဟုတ်ပါဘူး။ သွေးစွန်းတဲ့လက်ပါ။ ဒါပေမဲ့ မဟာတာအိုပညာရှိ အဆင့်ရောက်အောင် ကျင့်ကြံနိုင်တဲ့လူ ဘယ်သူမဆို လူမသတ်ဖူးတဲ့လူ တစ်ယောက်မှ မရှိပါဘူး။

“မင်း ကောင်းကင်တာအိုကို ရောက်လာပြီဆိုမှတော့ အတိတ်ကို ဂရုမစိုက်တော့နဲ့၊ အခုအချိန်ကစပြီး မင်းကိုယ်မင်း ကောင်းကင်တာအိုရဲ့ တစ်စိတ်တစ်ပိုင်းလို သဘောထား၊ လုပ်စရာရှိတာလုပ်၊ ထမ်းဆောင်စရာရှိတာ ထမ်းဆောင်၊ မင်းရဲ့ ကျင့်ကြံမှုက မြင့်တယ်ဆိုပေမဲ့ ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားကို နားထောင်ရမယ်၊ မင်း ကောင်းကင်တာအိုအတွက် အကျိုးပြုမယ်ဆိုရင် ကောင်းကင်တာအိုက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ”

ဟန်ကျွယ်ရဲ့ စကားကို ကြားလိုက်ရတဲ့ အင်မော်တယ် ဘိုးဘေးချန်ယွီဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။

ကောင်းကင်တာအိုပညာရှိတွေလည်း ပြုံးလိုက်ကြပါတယ်။ ကောင်းကင်တာအိုပညာရှိတွေဟာ ပဋိပက္ခက စွမ်အားကြီးပုဂ္ဂိုလ်တွေ ရောက်လာပြီး သူတို့နေရာကို လုယူသွားမှာ စိုးရိမ်နေတာပါ။ ဒါပေမဲ့ အခုတော့ ဟန်ကျွယ်ရဲ့ စကားကြောင့် သူတို့တွေဟာ စိတ်ချလက်ချ ဖြစ်သွားကြပါတယ်။

အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို အင်မော်တယ်ကမ္ဘာက တာအိုပညာရှိတွေနဲ့ မိတ်ဆက်ပေးပါတယ်။ ဒီမိတ်ဆက်ခံရတဲ့ တာအိုပညာရှိတွေရဲ့ စိတ်လှုပ်ရှားမှုက တာအိုပညာရှိလို့ မထင်ရတဲ့အထိ သိသာလွန်းပါတယ်။

ဟန်ကျွယ်ဟာ တစ်ယောက်ပြီးတစ်ယောက် ‌ခေါင်းညိတ်ပြလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တမင်တကာ ဂုဏ်မမောက်တဲ့အတွက် ကြယ်ငါးပွင့် ကြယ်ခြောက်ပွင့် မျက်နှာသာပေးမှုတွေကို လွယ်လွယ်လေး ရသွားပါတယ်။

ဘယ်တာအိုပညာရှိမှ ဟန်ကျွယ်ကို မမုန်းရဲပါဘူး။ အကုန်လုံးက မိတ်ဆွေကောင်းချည်းပါပဲ။ ဒါက ဟန်ကျွယ်ကို တော်တော်လေး သက်သောင့်သက်သာ ရှိစေပါတယ်။

အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုရဲ့ လတ်တလော တိုးတက်ပြောင်းလဲမှုတွေကို စပြီးတော့ ပြောပါတယ်။

ပဋိပက္ခသက်ရှိတွေဟာ ကောင်းကင်တာအိုထဲကို ပိုပိုပြီးတော့ ဝင်ရောက်လာကြပါတယ်။ ပဋိပက္ခထဲမှာ တာအိုပညာရှိနဲ့ လွတ်လပ် တာအိုပညာရှိတွေက မရှားပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ ကောင်းကင်တာအိုပညာရှိတွေရဲ့ အသိအမှတ်ပြုမှုကို မရရှိတာကြောင့် ဧည့်ကြိုနန်းတော်မှာ ယာယီတည်းနေကြပါတယ်။ အကုန်လုံးထဲမှာမှ အင်မော်တယ် ဘိုးဘေးချန်ယွီပဲ အောင်မြင်သွားပါတယ်။ ဒါကလည်း ကောင်းကင်အရှင်ရွှမ်တုက အင်မော်တယ် ဘိုးဘေးချန်ယွီ ပြန်ပြေးသွားမှာကို စိုးရိမ်လို့ပါ။ အင်မော်တယ် ဘိုးဘေးချန်ယွီက မဟာတာအိုပညာရှိ မဟုတ်ပါလား။

ဒီနှစ်တွေမှာ ကောင်းကင်တာအိုရဲ့ ပိုင်နက်က အလွန်တရာ လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပါတယ်။ အဓိက အကြောင်းရင်းကတော့ ကံတရား အထောက်အပံ့ လျင်မြန်စွာ တိုးတက်လာတာကြောင့်ပါ။

အင်မော်တယ်ကမ္ဘာအောက်မှာရှိတဲ့ အင်အားကြီး သေမျိုးကမ္ဘာတချို့ဟာ မဟာကမ္ဘာတွေအဖြစ် ပြောင်းလဲလာကာ ကပ်ဘေးမတိုင်ခင်က အင်မော်တယ်ကမ္ဘာလောက် စွမ်းအားကြီးလာကြပါတယ်။ လက်ရှိ အင်မော်တယ်ကမ္ဘာအောက်မှာ မဟာကမ္ဘာ ၁၂ ပါးနဲ့ ကမ္ဘာငယ် ၂၀၀,၀၀၀ ကျော် ရှိပါတယ်။

ဟန်ကျွယ်ဟာ နားထောင်လေလေ စိတ်မဝင်စားလေလေပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မျက်နှာတစ်ချက် ပြောင်းမသွားအောင် ထိန်းထားတဲ့အတွက် တာအိုပညာရှိတွေ အကုန်လုံး လေးလေးနက်နက် ရှိနေကြပြီး တစ်ချက်ကလေးတောင် သတိလက်လွတ် မနေရဲကြပါဘူး။

ဟန်ယွီဟာ ဟန်ကျွယ်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ ဟန်ယွီဟာ ဟန်ကျွယ်ရဲ့ စွမ်းအားကြီးမှုတွေကို ပြန်တွေးမိတိုင်း သူ့ကိုယ်သူ ရှက်သွားပါတယ်။ ဟန်ယွီဟာ သူက ဟန်ကျွယ်ရဲ့ မျိုးဆက်ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ခံစားနေရပါတယ်။

လီရွှမ်အောက်ကတော့ ဂုဏ်အယူဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ လူမှန်နောက်ကို လိုက်နိုင်ခဲ့လို့ပါ။ တခြားတိတ်ဆိတ်ဂိုဏ်း တပည့်တွေကတော့ အကျင့်ဖြစ်နေပြီမလို့ ဘာမှမဖြစ်ပါဘူး။

လေးငါးဆယ်နာရီ ကြာတဲ့အခါမှာတော့ ကောင်းကင်အရှင်ရွှမ်တု ပြောလို့ ပြီးသွားပါတယ်။

“မင်းတို့တွေ တာအိုပညာရှိအသစ်ကိစ္စနဲ့ ပတ်သက်ပြီး ငါ့ကို မေးမနေတော့နဲ့၊ မင်းတို့ဘာသာ ဆွေးနွေးပြီး ဆုံးဖြတ်ကြတော့၊ ငါသွားတော့မယ်”

စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ခြေလှမ်းနှစ်လှမ်း လှမ်းကာ စကြဝဠာခန်းမကနေ ကွယ်ပျောက်သွားပါတယ်။

တာအိုပညာရှိတွေဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ကြပါတယ်။ ဟန်ကျွယ်က ကွယ်ပျောက်သွားပြီဆိုပေမဲ့ တာအိုပညာရှိတွေဟာ ထင်သလို မပြုမူရဲပါဘူး။

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုက ထွက်ပြီး ပဋိပက္ခကို လျှောက်ကြည့်ပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သတ်ဖြတ်ပြီးနောက် ပဋိပက္ခက ဟန်ကျွယ်ကို မခြိမ်းခြောက်နိုင်တော့ပါဘူး။

.....

နတ်စိတ်ဝိညာဉ် နယ်မြေ၊ ကျောက်သားပုံ စင်မြင့်။

မဟာတာအို နတ်စိတ်ဝိညာဉ် ဒါဇင်ကျော် စုဝေးနေကြပါတယ်။ ဒဏ်ခတ်သမားငါးဖော်လည်း ရောက်လာကြပါတယ်။ ယီတျန်ရဲ့ မျက်နှာက လုံးဝကို မကြည်ပါဘူး။ တခြားဒဏ်ခတ်သမား သုံးဖော်ကတော့ စိတ်လှုပ်ရှားနေကြပါတယ်။ ဒါပေမဲ့ ဟန်ထော်ကတော့ အတော်လေး တည်ငြိမ်နေပါတယ်။

တကယ်တော့ သူတို့အကုန်လုံး အန္တိမဒဏ်ခတ်နတ်မင်းရဲ့ သဘောထားကို သိချင်နေကြပါတယ်။ သူတို့တင် မဟုတ်ပါဘူး။ တခြား မဟာတာအို နတ်စိတ်ဝိညာဉ်တွေလည်း အတူတူပါပဲ။ ဘာပဲဖြစ်ဖြစ် အန္တိဒဏ်ခတ်နတ်မင်းရဲ့ စကားတွေက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ထောက်ခံတယ်လို့ သဘော သက်ရောက်ခဲ့တယ် မဟုတ်ပါလား။

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က သေဆုံးသွားပြီး နှစ်သိန်းချီကြာမှ အန္တိမဒဏ်ခတ်နတ်မင်းက ပြန်ပေါ်လာပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ အန္တိမဒဏ်ခတ်နတ်မင်းကို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သင်ခန်းစာ ပေးလိုက်လားဆိုတာ သိချင်နေကြပါတယ်။

သူတို့တွေဟာ အခုအချိန်မှာ အန္တိမဒဏ်ခတ်နတ်မင်းကို အထင်သေးရဲပေမဲ့ ဟန်ထော်ကိုတော့ အထင်မသေးရဲပါဘူး။ ဒဏ်ခတ်သမားဆိုတဲ့ ရာထူးကြောင့် မဟုတ်ပါဘူး။ ဒဏ်ခတ်သမားဆိုတဲ့ ရာထူးက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားတော်ဆိုတဲ့ သရုပ်နဲ့ယှဉ်ရင် ဘာဟုတ်မှာလဲ။

အချိန်အတော်အတန် ကြာသွားတဲ့အခါမှာတော့ အန္တိမဒဏ်ခတ်နတ်မင်း ပေါ်လာပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်း ပေါ်လာတာနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ် အကုန်လုံး တိတ်ဆိတ်သွားပြီး ပါးစပ် မဟရဲကြတော့ပါဘူး။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ဘယ်လို ဖုံးကွယ်ရမယ်ဆိုတာ သိပါသေးတယ်။ ယီတျန်တစ်ယောက်ပဲ ခေါင်းမာမာနဲ့ အန္တိမဒဏ်ခတ်နတ်မင်းကို စိုက်ကြည့်ပြီး ရှေ့တစ်လှမ်းတိုးကာ ရန်စလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ငါ့ရဲ့ မွေးစားအဖေပဲ”

တိတ်ဆိတ်သွားပါတယ်။

ဟန်ထော်ဟာ ယီတျန်ဟာကို ခပ်မြန်မြန် ပြန်ဆွဲလိုက်ပါတယ်။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေကလည်း ယီတျန်ကို တော်တော်လေး အထင်သေးသွားပါတယ် ‘ဒီကောင်က တကယ်ကို စောက်ရူးပဲ’

ဒါပေမဲ့ ယီတျန်ရဲ့ စကားက အလေးတော့ စီးပါတယ်။ အနည်းဆုံး မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ ယီတျန်ကို မရှုတ်ချရဲပါဘူး။

အန္တိမဒဏ်ခတ်နတ်မင်းက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပါတယ် “ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကိစ္စက ရှင်းပြီးသွားပြီ၊ အကုန်လုံးက အရင်အတိုင်းပဲ၊ ပဋိပက္ခအစည်းအဝေးက ငါတို့ရဲ့ ဦးစားပေးပဲ၊ မင်းတို့ စိုးရိမ်နေတာတွေကိုတော့ ဘေးချလိုက်တော့၊ ငါနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိတွေက အမြဲတမ်း မိတ်ဆွေကောင်းတွေ၊ အရင်ကလည်း ဒီအတိုင်းပဲ၊ နောက်လည်း ဒီအတိုင်း ဆက်ဖြစ်နေဦးမှာ၊ ငါက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို မတားဘူးလို့ပဲ ပြောခဲ့တာ၊ ကောင်းကင်တာအိုကို ပစ်မှတ်ထားလိမ့်မယ်လို့ မပြောခဲ့ဘူး”

မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ ခေါင်းတညိတ်ညိတ် ဖြစ်သွားကြပါတယ် ‘ကြည့်ရတာ မင်းကို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပြီနဲ့ တူတယ်’

ယီတျန်ဟာ နှာခေါင်းရှုံ့ပြီး ဘာမှ ဆက်မပြောတော့ပါဘူး။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ယီတျန်ကို လျစ်လျူရှုပြီး ပြောစရာရှိတာ ဆက်ပြောပါတယ် “ရှေးပျက်သုန်းနယ်မြေရဲ့ သက်‌ရောက်မှုက အရမ်းကြီးတယ်၊ ငါတို့တွေ အမှားထပ်လုပ်လို့ မဖြစ်ဘူး၊ အခုအချိန်မှာ အန္တရာယ်အများဆုံးက ပဋိပက္ခအောက်ခြေပဲ၊ အဲဒါကြောင့် ပဋိပက္ခအောက်ခြေကို စောင့်ကြပ်ဖို့ မင်းတို့တွေ တစ်ယောက်ကို အနည်းဆုံး လွတ်လပ် တာအိုပညာရှိတစ်ရာ စေလွှတ်ရမယ်၊ ငါ သူတို့ကို ပစ်မထားပါဘူး၊ အနာဂတ်မှာ အခွင့်အရေးကြီးတွေ ကျိန်းသေပေါက် ပေးမှာပါ”

မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ သဘောတူကြပါတယ်။ ဘာပဲဖြစ်ဖြစ် အန္တိမဒဏ်ခတ်နတ်မင်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ပြန်တည့်သွားပြီ ဖြစ်တဲ့အတွက် အနည်းဆုံး သူ့နေရာက တည်ငြိမ်သွားပါပြီ။ ဒါကြောင့် သူတို့တွေ သူ့စကားကို နားမထောင်လို့ မရပါဘူး။

ဟန်ထော်ဟာ စိတ်ထဲမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ တကယ်တော့ ဟန်ထော်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို လေးစားပါတယ်။ အရင်တုန်းက ဆုံးဖြတ်ချက်ဟာလည်း ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ကြောက်လို့ ဆုံးဖြတ်ခဲ့တာလို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် ဟန်‌ထော်ဟာ အန္တိမဒဏ်ခတ်နတ်မင်းနဲ့ ရန်သူ မဖြစ်ချင်ပါဘူး။ အခုတော့ ကံကောင်းထောက်မစွာပဲ သူ့အဖေက ကိစ္စအားလုံးကို ဖြေရှင်းပေးလိုက်ပါတယ်။

ဟန်ထော်ဟာ သူ့အဖေကို ပိုပြီးတော့ လေးစားသွားပါတယ်။ စွမ်းအားကြီးရုံသာမက လူတွေကိုလည်း ကောင်းကောင်း ကိုင်တွယ်နိုင်တယ် မဟုတ်ပါလား။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ပဋိပက္ခနဲ့ ပတ်သက်တဲ့ အမိန့်တချို့ကို ဆက်ပြီးတော့ ထုတ်ပြန်ပါတယ်။ ကောင်းကင်တာအိုနဲ့ ပတ်သက်တာတော့ တစ်ခွန်းတစ်ပါဒမှ မပြောပါဘူး။

အဲဒီနောက် အန္တိမဒဏ်ခတ်နတ်မင်းရော ဒဏ်ခတ်သမားငါးဖော်ရော ထွက်ခွာသွားကြပါတယ်။ ဒဏ်ခတ်သမားငါးဖော် နတ်စိတ်ဝိညာဉ် နယ်မြေရဲ့ အပြင်ဘက်ကို ရောက်တာနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ နောက်ကနေ အမီလိုက်ပြီး သူတို့ရဲ့ တာအိုစက်ကွင်းတွေဆီ လာလည်ဖို့ ပျူငှာစွာ ဖိတ်ခေါ်ကြပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters