← Chapters

သူ့လိုလူ သမိုင်းမှာ နောက်တစ်ယောက် မရှိဘူး

Vol. 89 Ch. 939

သူ့လိုလူ သမိုင်းမှာ နောက်တစ်ယောက် မရှိဘူး

Vol. 89 Ch. 939

အချိန်ဟာ ပုံမှန်ကုန်ဆုံးသွားပါတယ်။

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်‌ သေဆုံးပြီးနောက် ပဋိပက္ခဟာ ပြန်အေးချမ်းသွားပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သက်ရှိတွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိအပေါ် စိတ်ဝင်စားမှု လျော့ကျလာပါတယ်။ အဲဒီအစား ပဋိပက္ခအစည်းအဝေးက ပဋိပက္ခရဲ့ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ အနှိုင်းမဲ့ပါရမီရှင်နေရာနဲ့ အကြွင်းမဲ့ပါရမီရှင်ဆယ်ပါးနေရာကလွဲရင် ကျန်တဲ့ ပါရမီရှင် ထိပ်ဆုံးတစ်သောင်း နေရာအတွက် ဆုတွေကို တိုးလိုက်ပါတယ်။ ဆုတွေက ကောင်းလွန်းနေတဲ့အတွက် သက်ရှိတွေကို ရူးသွပ်သွားစေပါတယ်။

ပဋိပက္ခရဲ့ နက်ရှိုင်းတဲ့ တစ်နေရာက တိုက်တစ်တိုက်ပေါ်မှာ ဝေ့လန်ရှန်မိဟာ အဆုံးမဲ့ပင်လယ်ထဲ ပေါလောမျောနေပါတယ်။ လှိုင်းတွေဟာ ဝေ့လန်ရှန်မိကို ဗဟိုထားပြီး အရပ်ရှစ်မျက်နှာကို ပျံ့နှံ့သွားပါတယ်။ တော်တော်လေး ကြည့်လို့ကောင်းတဲ့ မြင်ကွင်းပါ။

ဝေ့လန်ရှန်မိရဲ့ နောက်မှာ သူနဲ့တူတဲ့ ရုပ်သွင်တစ်သွင် ရှိနေပါတယ်။ ဒီရုပ်သွင်ဟာ စိမ်းနီနေပြီး ကြီးမားတဲ့ဖိအားကို ထုတ်လွှတ်နေပါတယ်။

“ဝုန်း...”

လှိုင်းတွေဟာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ပင်လယ်ရေဟာ ကောင်းကင်ပြင်ကို လွင့်စဉ်သွားပါတယ်။ ဝေ့လန်ရှန်မိဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။

“ဒါက ဘာကျင့်စဉ်လဲ၊ တစ်ခုခုတော့ မှားနေပြီ၊ မဟာတာအိုလည်း ဟုတ်ဟန်မတူဘူး၊ ဒါပေမဲ့ မဟာတာအိုရဲ့ အမှန်တရားတွေ ပါဝင်နေတယ်...” ဝေ့လန်ရှန်မိဟာ မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။

ဒီအချိန်မှာပဲ သောကမဲ့ အင်မော်တယ်ဟာ ရုတ်တရက်ပေါ်လာပြီး အပြုံးနဲ့ “ဒါက မဟာတာအို မဟုတ်တာ အမှန်ပဲ၊ ဒီဟာက မဟာတာအိုထက် စွမ်းအားပိုကြီးတယ်”

ဝေ့လန်ရှန်မိရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် “ဒါဆို ခင်ဗျားပြောခဲ့တဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာဆိုတာလား”

“ဟုတ်တယ်... အထွတ်အထိပ် နိယာမ ခုနစ်ပါးက မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ ခုနစ်ပါးကို ရည်ညွှန်းတယ်၊ မင်း ကျင့်ကြံအားထုတ်နေတာကလွဲရင် လက်ရှိပဋိပက္ခထဲမှာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ နှစ်ပါး ရှိတယ်၊ တစ်ပါးက နတ်အာဏာရှင် စစ်သူကြီးတွေကို ထိန်းချုပ်တဲ့ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ရဲ့ဟာပဲ၊ အဲဒါက သတ်ဖြတ်မှုကို ကိုယ်စားပြုတယ်၊ နောက်တစ်ပါးက ရှုံဟွာအင်အားစုရဲ့ ကပ်ဘေးထိန်ချုပ်သူပဲ”

“ကပ်ဘေး ထိန်းချုပ်သူတွေအကြောင်း ပြောရရင် မင်း လူတစ်ယောက်ကို သတိထားရလိမ့်မယ်၊ အဲဒီလူက လက်ရှိရှုံဟွာသခင် ဟွမ်ဇွမ်တျန်ပဲ၊ သူကလည်း ကောင်းကင်တာအိုကပဲ”

‘ကောင်းကင်တာအို...’ ဝေ့လန်ရှန်မိဟာ တအံ့တဩ မေးလိုက်ပါတယ် “ဟွမ်ဇွမ်တျန်... ကျွန်တော့်ရဲ့ ကောင်းကင်တာအိုက လူတော်တွေများလှချည်လား... နေပါဦး.. ကျွန်တော် ဒီနာမည်ကို အရင်က ကြားဖူးပါတယ်”

ဝေ့လန်ရှန်မိဟာ သေချာပြန်တွေးပြီးနောက် သတိပြန်ရသွားပါတယ် “ကျွန်တော် မှတ်မိပြီ၊ ရှုံဟွာ အင်အားစု ပေါ်လာတာက အတော်ကြာပြီ၊ အဲဒီတုန်းက ကောင်းကင်တာအိုပညာရှိတွေကို ရှုံဟွာအင်အားစုက ဖမ်းသွားတယ်၊ အဲဒီတာအိုပညာရှိတွေထဲမှာ ဟွမ်ဇွမ်တျန်လည်း ပါတယ်”

ဝေ့လန်ရှန်မိဟာ တအံ့တဩ ဖြစ်သွားတဲ့အပြင် ကောင်းကင်တာအိုသား ဖြစ်ရတာကို ပိုပြီးတော့ ဂုဏ်ယူသွားပါတယ်။ ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံးကလည်း ကောင်းကင်တာအိုက။ ကပ်ဘေးထိန်းသူတွေရဲ့ အရှင်သခင် ရှုံဟွာအရှင်ကလည်း ကောင်းကင်တာအိုက။ ဒီလိုအခြေအနေမှာ ဘယ်သူက ဂုဏ်မယူဘဲ နေမှာလဲ။

“ဟွမ်ဇွမ်တျန်က ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်‌လောက်တယ်၊ သူ့အသက် သန်းတစ်ရာ မကျော်သေးဘူး၊ ဒါက ရှုံဟွာအင်အားစု အမှောင်ထဲကနေ အလင်းကိုလာဖို့အတွက် ခြေလှမ်းကြီးတစ်လှမ်းပဲ၊ သူ မဟာတာတာအို နတ်စိတ်ဝိညာဉ် ဖြစ်လာတာနဲ့ ရှုံဟွာအင်အားစုက ပဋိပက္ခထဲမှာ နေရာတစ်ခု ရသွားလိမ့်မယ်၊ သူသာ အနှိုင်းမဲ့ပါရမီရှင်ဖြစ်ရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ အန္တိမဒဏ်ခတ်နတ်မင်းက သူ့ကို ပစ်မှတ်ထားတော့မှာ မဟုတ်ဘူး၊ မဟုတ်ရင် ဘယ်သူက သူတို့အရည်အချင်းကို ထုတ်ပြရဲတော့မှာလဲ” သောကမဲ့ အင်မော်တယ်က သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။

ဝေ့လန်ရှန်မိဟာ သောကမဲ့ အင်မော်တယ်တယ်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အဲဒီလောက်ထိ သဘောထား သေးသိမ်တဲ့ လူစားမျိုး မဟုတ်ဘူး”

သောကမဲ့ အင်မော်တယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ဟီးဟီး... မင်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဒီလောက်ထိ ယုံကြည်နေရင် သူ့ကို အနာဂတ်မှာ ဘယ်လို ကျော်တက်မှာလဲ”

“ကျော်တက်တာနဲ့ ယုံကြည်တာနဲ့က ဘာဆိုင်လိုလဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကျွန်တော်ရဲ့ ပန်းတိုင်ပဲ၊ ကျွန်တော် သူနဲ့ ဘယ်တော့မှ ရန်သူ ဖြစ်လာမှာ မဟုတ်ဘူး”

“ဒါဆို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မင်းကို နှိပ်ကွပ်ရင်ရော...”

“မဖြစ်နိုင်ဘူး” ဝေ့လန်ရှန်မိဟာ ပြတ်ပြတ်သားသား အော်ငြင်းလိုက်ပါတယ်။ စိတ်ထဲမှာလည်း တော်တော်လေး ဒေါသထွက်သွားပါတယ် ‘ဒီကောင်က ငါနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သွေးကွဲအောင် အမြဲတမ်း လုပ်နေတာပဲ’

ဝေ့လန်ရှန်မိဟာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ကျင့်ကြံ အားထုတ်ချင်တာကြောင့်သာ သည်းခံနေတာပါ။ မဟုတ်ရင် သောကမဲ့အင်မော်တယ်နဲ့ ရန်ဖြစ်တာ ကြာပါပြီ။

သောကမဲ့ အင်မော်တယ်ဟာ ဘာမှ ထပ်မပြောတော့ပါဘူး။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ အကြောင်းပဲ ဆက်ပြီးတော့ ဆွေးနွေးကြပါတယ်။

.....

နေ့အခါမှာ အပြာရောင် တိမ်တိုက်တွေဟာ နန်းတော်ထဲ စုစည်းနေကြပါတယ်။

အခမ်းနားဆုံး စိတ်ဝိညာဉ်နန်းတော်ထဲမှာ ဟန်ဟွမ်၊ ဟန်ချင်းအာနဲ့ ကျန်းကျွယ်ရှီတို့ဟာ ဂုဏ်ရှိရှိ မတ်တတ်ရပ်နေကြပါတယ်။ ခန်းမထဲက အင်မော်တယ် နှစ်တန်းဟာ သူတို့သုံးယောက်ကို ခေါင်းအစ ခြေအဆုံး မျက်နှာမျိုးစုံနဲ့ ကြည့်နေကြပါတယ်။

ရှေ့ဆုံးမှာ ရပ်နေတဲ့ စစ်ဗုဒ္ဓနဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးကလည်း ဟန်ဟွမ်တို့ သုံးယောက်ကို စိုက်ကြည့်နေပါတယ်။

“ဟားဟား... ဟွမ်အာ.... မင်းက ငါ့ကို တကယ် လာတွေ့တာပဲ၊ ချင်းအာ... ဟုတ်တယ်မလား... ဒါက ငါတို့တွေ ပထမဆုံးအကြိမ် တွေ့ဆုံတာပဲ၊ အခုအချိန်ကစပြီး ချင်းအာက ကောင်းကင်ရုံးတော်ရဲ့ ရှန်ဝေမင်းသမီးပဲ၊ အဆင့်အတန်းက ငါပြီးရင် ဒုတိယပဲ” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ တဇွတ်ထိုးလုပ်တာကို ဘယ်အင်မော်တယ် နတ်ဘုရားမှ မေးခွန်းထုတ်မရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ဩဇာရှိတဲ့အပြင် အင်မော်တယ် နတ်ဘုရားတွေကလည်း မိစ္ဆာကောင်းကင်ဧကရာဇ်ကို ရန်မစရဲတာကြောင့်ပါ။

ဟန်ချင်းအာဟာ ဝမ်းသာသွားပေမဲ့ “ဒါက မကောင်းဘူးထင်တယ်... ဟုတ်တယ်မလား”

“ဘာမကောင်းစရာ ရှိလို့လဲ၊ ဒီအတိုင်းပဲ သတ်မှတ်လိုက်မယ်၊ ဒါနဲ့ ဒီပါရမီရှင်က ဘယ်သူလဲ” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အပြုံးနဲ့ လက်ဝှေ့ယမ်းရင်း အကြည့်က ကျန်းကျွယ်ရှီဆီ ရောက်သွားပါတယ်။

ကျန်းကျွယ်ရှီဟာ ဟန်ဟွမ်ဘေးမှာ ရပ်နေတဲ့အတွက် သတိမထားမိဖို့ လွယ်ပါတယ်။ ဒါပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ မျက်လုံးတွေက စူးရှတဲ့အတွက် ကျန်းကျွယ်ရှီက သာမန်မဟုတ်ဘူးဆိုတာကို တန်းသိလိုက်ပါတယ်။ ဒါ့အပြင် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကျန်းကျွယ်ရှီကို တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ခံစားလိုက်ရပါတယ်။

ကျန်းကျွယ်ရှီဟာ လက်သီးဆုပ်ပြီး ပြန်ဖြေပါတယ် “ကျွန်တော်နာမည်က ကျန်းကျွယ်ရှီပါ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တပည့်တစ်ယောက်ပါ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “မင်းနဲ့ ကျန်းတုကူက ဘယ်လိုပတ်သက်လဲ”

“ကျွန်တော်တို့က ညီအစ်ကိုတွေပါ၊ ဒါပေမဲ့ ကျွန်တော်တို့တွေ အဆက်အသွယ် ပြတ်သွားတာ အတော်ကြာပြီ၊ သူ သေလားရှင်လားတောင် ကျွန်တော် မသိဘူး”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သဘောပေါက်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကျန်းတုကူးမှာ ညီအစ်ကိုရင်း တစ်ယောက်ရှိခဲ့တာကို သတိပြန်ရသွားပါတယ်။ ဒါပေမဲ့ သူ့အရည်အချင်းက သိပ်မကောင်းတဲ့အတွက် စောစောစီးစီး သေဆုံးသွားခဲ့ပါတယ်။

‘နေပါဦး... ဒီကောင်လေးက အသက်သုံးလေးသန်းပဲ ရှိသေးတာ... ပြန်လည်မွေးဖွားတဲ့ အငွေ့အသက်လည်း မရှိဘူး၊ သူ ဘယ်လိုများ လုပ်နိုင်တာလဲ... ဟန်ကျွယ်က သူ့ကို တပည့်အဖြစ် လက်ခံတာ အံ့ဩစရာ မရှိတော့ပါဘူး’

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “မင်းက ဟန်ကျွယ်ရဲ့ တပည့်ဆိုမှတော့ ငါ့ရဲ့တပည့်ပဲပေါ့၊ ကောင်းကင်ရုံးတော်မှာ အချိန်တစ်ခုလောက်‌ နေသွားဦး၊ ထွက်သွားဖို့ အလျင်မလိုနဲ့”

ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “အရှင်မင်းကြီး... ကျွန်တော်တို့က ပဋိပက္ခမှာ ခရီးနှင်မလို့၊ အဲဒါ ကျွန်‌တော်တို့ သဘောတူထားတာကို သတိရလို့ အရှင်မင်းကြီးဆီကို အရင်ဆုံးလာတာ”

“ကောင်းပါပြီ... ကောင်းပါပြီ... ဟွမ်အာက တကယ် သိတတ်တာပဲ၊ ငါ့အမိန့်ပြန်လိုက်... ကောင်းကင်မက်မွန် ပွဲတော်ကို ခပ်စောစော ကျင်းပကြမယ်” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မတ်တတ်ရပ်ပြီး ပြုံးလိုက်ပါတယ်။

အင်မော်တယ် နတ်ဘုရားတွေကတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်ကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်မက်မွန် ပွဲတော်က ကောင်းကင်ရုံးတော်ရဲ့ မဟာပွဲတော်ကြီးတစ်ခု ဖြစ်တာကြောင့်ပါ။ ဒီပွဲတော်က ကျင်းပလာတာ အတော်ကို ကြာညောင်းခဲ့ပါပြီ။ အခုလိုမျိုး စောပြီးကျင်းပတာက မရှိသလောက်ပါပဲ။

အင်မော်တယ် နတ်ဘုရားတွေဟာ ဟန်ဟွမ်တို့သုံးယောက်ကို တောက်လောင်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်တောင် ဖော်လံဖားယားလုပ်တာကို သူတို့က ဘယ်လိုလုပ်ပြီး လက်လွှတ်ခံမှာလဲ။

ဒီလိုနဲ့ ဟန်ဟွမ်တို့သုံးယောက်ဟာ ကောင်းကင်ရုံးတော်မှာ အခြေကျသွားပါတယ်။ ဟန်ဟွမ်ဟာ တိုက်ခိုက်လိုစိတ် ပြင်းထန်တဲ့အတွက် ကောင်းကင်ရုံးတော်က ပြိုင်ဘက်ကင်းပုဂ္ဂိုလ် အကုန်လုံးနဲ့ ခပ်မြန်မြန် တိုက်ခိုက်ပါတယ်။ အင်မော်တယ် အကုန်လုံး အထူးသဖြင့် ကောင်းကင် စစ်သူကြီးတွေဟာ ဟန်ဟွမ်ကို လုံးဝ လက်ခံသွားကြပါတယ်။

စစ်ဗုဒ္ဓကလည်း ဟန်ဟွမ်နဲ့ မိတ်ဆွေတွေ ဖြစ်သွားကြပြီး ဟန်ဟွမ်နား အမြဲတမ်း လိုက်ကပ်တဲ့ နောက်လိုက်ခွေးလို ဖြစ်သွားပါတယ်။

ကျန်းကျွယ်ရှီကတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ရင်းနှီးသွားပါတယ်။ သူတို့နှစ်ယောက်ဟာ မိတ်ဆွေဟောင်းတွေ ပြန်တွေ့သလို အတိတ်နဲ့ လက်ရှိအကြောင်းတွေကို ပြောဆိုကြပါတယ်။

လေးငါးဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီဟာ စစ်ဗုဒ္ဓနဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးလိုမျိုး မဟာစစ်သူကြီးတွေ ဖြစ်လာပြီး ကောင်းကင်စစ်သား တစ်သန်းစီကို ဦးဆောင်ကြပါတယ်။

ကောင်းကင်ရုံးတော်ဟာ စပြီးတော့ နယ်မြေချဲ့ထွင်တဲ့အတွက် ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီဟာ နောက်နှစ်တစ်သောင်းအတွင်း ပဋိပက္ခမှာ နာမည်ကျော်လာပါတယ်။

ပဋိပက္ခထဲက ကြယ်ပျံတစ်စင်းရဲ့ မြို့တစ်မြို့မှာ မရေမတွက်နိုင်တဲ့ သက်ရှိတွေ နေထိုင်ကြပါတယ်။ ဒီမြို့မှာ ကုန်သည်မျိုးစုံ၊ ဆိုင်မျိုးစုံရှိပြီး သေမျိုးတွေရဲ့ မြို့လို ကြိတ်ကြိတ်တိုး စည်ကားလှပါတယ်။ လူသွားလူလာကလည်း ဘယ်အချိန်ကြည့်ကြည့် ပြတ်တယ်ကို မရှိပါဘူး။

ဟန်ကျွယ်ဟာ တည်းခိုးခန်းတစ်ခန်းမှာ ပဋိပက္ခ စိတ်ဝိညာဉ်အရက်ကို ထိုင်သောက်ရင်း ကျင့်ကြံသူတွေ ပြောတဲ့ ကောင်းကင်ရုံးတော်ရဲ့ လှုပ်ရှားမှုအကြောင်းကို နားထောင်နေပါတယ်။ လက်ရှိ ကောင်းကင်ရုံးတော်က ပဋိပက္ခမှာ တော်တော်လေး နာမည်ကြီးပါတယ်။ အထူးသဖြင့် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားဆိုတာက လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ပါတယ်။

ဟန်ဟွမ်ဟာ ပဋိပက္ခမှာ နာမည်တစ်ခု ရနေပါပြီ။ သူ့ကို မြင်ဖူးတဲ့ ဘယ်သူမဆို “သူ့လိုလူ သမိုင်းမှာ နောက်တစ်ယောက်ရှိလာမှာ မဟုတ်တော့ဘူး” လို့ ပြောရတဲ့အထိ အံ့ဩဘနန်း ဖြစ်ကုန်ကြပါတယ်။

ဟန်ကျွယ်ဟာ သူ့သားရဲ့ အောင်မြင်မှုကို ကြားရပေမဲ့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါကလည်း မထူဆန်းပါဘူး။ ဟန်ဟွမ်က လောကဦး နတ်ဘီလူးဆိုတော့ ဒီလောက်တော့ ရှိသင့်ပါတယ်။

ဒီအချိန်မှာပဲ တည်းခိုခန်းအပြင်ဘက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။

“ရှုံဟွာတွေ ရောက်လာပြီ”

ဒီစကားအဆုံးမှာပဲ ဟန်ကျွယ်ဟာ အားကောင်းတဲ့ ရောင်ဝါ တချို့ကို ခံစားမိလိုက်ပါတယ်။ အကုန်လုံးက မဟာတာအိုပညာရှိတွေပါ။

ဟန်ကျွယ် ဒီနေရာကို လာတာကလည်း လီတောက်ခုံးကို တွေ့ဆုံဖို့ပါ။ လီတောက်ခုံး၊ ရှီတုတောက်၊ ဟွမ်ဇွမ်တျန်၊ ဘိုးဘေးရှီတျန်နဲ့ တခြားလူတွေဟာ ဒီနေမှာ အကြောင်းတချို့ကြောင့် ပုန်းအောင်းနေကြပါတယ်။ ဟန်ကျွယ်ဟာ တွက်ချက်ကြည့်လို့ မရပေမဲ့ မတွက်ချက်ပါဘူး။ ဒီနေရာမှာ ရှိနေတယ်လို့ပဲ ခံစားရတာပါ။

ဒီအချိန်မှာ ရှုံဟွာအင်အားစုက ဘာပဲလုပ်လုပ် ဟန်ကျွယ်ကို သက်ရောက်မှု မဖြစ်စေတော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ရှုံဟွာ အင်အားစုကို ပုံမှန်အတိုင်း ဆက်ပြီးတော့ တိုးတက်ခွင့် ပေးလိုက်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ လီတောက်ခုံးကို အခက်အခဲမရှိ ပုန်းနိုင်အောင် အခွင့်အရေးတစ်ခု ပေးချင်နေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters