← Chapters

ဖူစန်းသစ်ပင် မဟာတာအို ရယူခြင်း

Vol. 89 Ch. 940

ဖူစန်းသစ်ပင် မဟာတာအို ရယူခြင်း

Vol. 89 Ch. 940

ရှုံဟွာတွေ ပေါ်လာတာနဲ့ တည်းခိုခန်းထဲက ကျင့်ကြံသူတွေဟာ အလျှိုလျှို ထွက်သွားကြပါတယ်။ ဟန်ကျွယ်ဟာ ဒီထွက်သွားကြတဲ့ ကျင့်ကြံသူတွေက ရှုံဟွာတွေကို ကြောက်လို့မဟုတ်ဘဲ ပွဲကြည့်ချင်လို့ဆိုတာ သတိထားမိလိုက်ပါတယ်။

နှစ်သန်းချီ ကြာပြီးနောက် ရှုံဟွာအင်အားစုက အရင်လိုမျိုး ရွံ့ကြောက်ကြီး မဟုတ်တော့ပါဘူး။ ဒီပဋိပက္ခနယ်မြေထဲမှာ ကောင်းတဲ့ကိစ္စတွေ အများကြီး လုပ်ထားတဲ့အတွက် နာမည်ကောင်းတစ်ခုတော့ ရှိနေပါတယ်။

ဟွမ်ဇွမ်တျန်ဟာ မြို့ရိုးပေါ်မှာ ခေါင်းမော့ ရင်ကော့ပြီး မတ်တတ်ရပ်နေပါတယ်။ သူ့ဘေးမှာတော့ ဘိုးဘေးရှီတျန်၊ လီတောက်ခုံး၊ ရှီတုတောက်၊ ကျင်းတျန်ကုန်းနဲ့ တခြား ကပ်ဘေးထိန်ချုပ်သူတွေ မတ်တတ်ရပ်နေကြပါတယ်။ မြို့ရိုးအောက်က လမ်းမှာတော့ ရုပ်သွင်တွေနဲ့ ပြည့်နှက်နေပြီး ထက်သန်တဲ့ မျက်လုံးတွေနဲ့ သူတို့ကို မော့ကြည့်နေကြပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ဘေးဘီဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး ပြုံးလိုက်ပါတယ် “ဒီနေ့ ငါတို့တွေ လူဆယ်ယောက် လက်ခံမယ်၊ လောကဦးပဋိပက္ခ တာအိုအသီးကို သန့်စင်တာကလွဲရင် ပဋိပက္ခက ကုသိုလ်ကံလည်း ရှိရမယ်၊ ငါက ရှုံဟွာအင်အားစုကို ကံရေစက်နယ်မြေအသစ် ဖြစ်လာအောင် ဦးဆောင်ပြီး ကပ်ဘေးထိန်းချုပ်သူတွေရဲ့ ကံရေစက်ကို ဖြန့်ကြက်မယ်၊ ပြီးရင် ပဋိပက္ခရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပြီး မဟာတာအိုကို ဆက်ခံမယ်”

ဟွမ်ဇွမ်တျန်ရဲ့ ကျယ်လောင်တဲ့လှတဲ့အသံဟာ မြို့တစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ ဒီမြို့က မရိုးရှင်းပါဘူး။ ဒီနေရာကို လာနိုင်တဲ့ ကျင့်ကြံသူတွေ အကုန်လုံးက အနိမ့်ဆုံး နတ်မင်းအဆင့် ရှိကြပါတယ်။ အများဆုံးက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အဆင့်မှာ ရှိကြပြီး မြို့စားမင်းက လွတ်လပ်တာအိုပညာရှိပါ။

ဟွမ်ဇွမ်တျန်ရဲ့ စကားဆုံးတဲ့အခါ မြို့တစ်ခုလုံး ဩဘာသံ ညံသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်စိနဲ့ အတပ်မတွေ့ရပေမဲ့ လီတောက်ခုံး ပြုံးနေတာကို တွေ့လိုက်ရပါတယ်။ အချိန်က အတော်ကြာသွားပြီမလို့ ရှုံဟွာလည်း အသွင်ပြောင်းလဲသွားပါပြီ။ အခုအချိန်မှာ ရှုံဟွာက လောကကြီးကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ လူကောင်းတွေ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုလိုပါပဲ။

ဟန်ကျွယ်ဟာ အပြင်မထွက်ပါဘူး။ ရှုံဟွာအင်အားစု ထွက်သွားတဲ့အထိ ထိုင်စောင့်ပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးက ကောင်းကင်တာအိုကို ပြန်မလာချင်ဘူးဆိုတာ သိနေပါတယ်။ လီတောက်ခုံးက လွတ်လပ် တာအိုပညာရှိ ဖြစ်နေပြီမလို့ မဟာတာအိုရဖို့ သိပ်မလိုတော့ပါဘူး။ ဒါကလည်း လီတောက်ခုံးရဲ့ ကံကြမ္မာ ဖြစ်နိုင်ပါတယ်။

ကပ်ဘေးထိန်းချုပ်သူတွေက လုံးလုံးလျားလျားကြီး မကောင်းတာတော့ မဟုတ်ပါဘူး။ ပထမရှုံဟွာအရှင်ရဲ့ အတွေးအခေါ်ကသာ မှားယွင်းနေတာပါ။ ကပ်ဘေးထိန်းချုပ်သူတွေက အထွတ်အထိပ် နိယာမတွေကနေ ဖြစ်ပေါ်လာတဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ပိုင်ဆိုင်ထားသူတွေပါ။ အရင်တုန်းက သူတို့တွေကို ပဋိပက္ခက လက်မခံခဲ့လို့သာ လူရှေ့မထွက်နိုင်ခဲ့ကြတာပါ။

ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ လမ်းကြောင်းကိုယ်စီ ရှိပါတယ်။ ရှီတုတောက်လည်း အတူတူပါပဲ။ သူ့အပြုံးကလည်း လီတောက်ခုံးနဲ့ အတူတူပါ။ အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းခါပြီး တစ်ချက် ရယ်မောကာ တည်းခိုခန်းကနေ ထွက်ခွာလာခဲ့ပါတယ်။

ဟန်ကျွယ်ဟာ နောက်ကျရင် သူတို့တွေဆီကို အိပ်မက်ထဲကနေ သွားလည်မှာပါ။ အဲဒီအချိန်မှာ သူတို့တွေ စိတ်ပြောင်းသွားမယ်ဆိုရင် ဟန်ကျွယ်က သူတို့ကို ထပ်ပြီးတော့ ကူညီမှာပါ။

လူတချို့အတွက် ကံကြမ္မာက ပြောင်းလဲဖို့ ခက်ခဲတဲ့အရာဆိုပေမဲ့ ဟန်ကျွယ်အတွက်တော့ ကံကြမ္မာကို လိုသလို သတ်မှတ်လို့ရပါတယ်။ အဲဒီနောက်ပိုင်း ဟန်ကျွယ်ဟာ ပဋိပက္ခတစ်ခွင် လှည့်လည်ပြီး သူ့တပည့်တွေဆီ လျှောက်လည်ပါတယ်။

တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့က လောင်တန်နောက်ကို လိုက်နေကြတုန်းပါ။ သူတို့လေးယောက်ဟာ ပဋိပက္ခမှာ ခြေဦးတည့်ရာ လျှောက်သွားနေပြီး တစ်ခါမှ အခြေကျတယ် မရှိပါဘူး။

ကျိုးဖန်ကတော့ သူ့ မဟာတာအိုမျှော်စင်ကို တိုးတက်အောင် လုပ်ပါတယ်။ သူလည်း မဆိုးပါဘူး။

တခြားတပည့်တွေကတော့ ကောင်းကင်တာအိုထဲမှာ အများဆုံးပါ။ တချို့က အမွေအနှစ်တွေ ဖန်တီးပြီး တချို့ကတော့ တာအိုကျင့်စဉ်တွေ မျှဝေကြပါတယ်။ အကုန်လုံးက မှန်ကန်တဲ့လမ်းကို ကိုယ်စီ လျှောက်လှမ်းနေကြပြီး တစ်ရံတစ်ခါမှ သံသယဝင်တယ်ဆိုတာ မရှိပါဘူး။

ဟန်ကျွယ်ဟာ သူတို့တွေကို သရုပ်မျိုးစုံနဲ့ တွေ့ဆုံပါတယ်။ ဟန်ကျွယ် လိုက်မရှာတာဆိုလို့ ဟန်‌ထော်ပဲ ရှိပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စောင့်ကြည့်မှုအောက်မှာ ဟန်ထော်က အလုံခြုံဆုံး ဖြစ်မှာပါ။

မျက်တောင်တစ်ခတ်အတွင်း နှစ်နှစ်သောင်းကျော် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းဆီ ပြန်ပြီး စပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်က မလုံလောက်သေးပါဘူး။ ဟန်ကျွယ်ရဲ့ နောက်ထပ် ပန်းတိုင်က တာအိုဖန်တီးရှင်... မဟုတ်ပါဘူး... ဖန်တီးရှင်သခင် ဖြစ်ဖို့ပါ။

....

အဆုံးမဲ့ပင်လယ်ထက်။

ဝေ့လန်ရှန်မိဟာ လေပေါ်မှာ ထိုင်နေပါတယ်။ ဘေးနားဝန်းကျင်က လှိုင်းတွေဟာ ကောင်းကင်နဲ့ ပင်လယ်ကို ဆက်သွယ်ချင်သလိုမျိုး လိမ်တက်နေပါတယ်။ ဝေ့လန်ရှန်မိရဲ့ဘေးမှာ စိမ်းနီရောင်ရှိတဲ့ ရုပ်သွင်သုံးသွင်လည်း တရားထိုင်နေကြပါတယ်။ သူတို့တွေဟာ တစ်ယောက်ကို တစ်ယောက် ကျောပြုပြီး ဝေ့လန်ရှန်မိကို ဝန်းရံထားကြပါတယ်။

မိုင်ပေါင်းသန်းချီဝေးတဲ့ ကမ်းစပ်မှာတော့ သောကမဲ့ အင်မော်တယ်ဟာ ကျိုးပဲ့နေတဲ့ ခရုခွံကို မျက်စိနားတေ့ပြီး ကောင်းကင်ပြာကို ကြည့်လိုက်ပါတယ်။

“ဒီကောင်လေးက လိုသေးတာပဲ” သောကမဲ့ အင်မော်တယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ် “ငါ သူ့အတွက် ပြိုင်ဘက်ရှာပေးမှနဲ့ တူတယ်”

သောကမဲ့ အင်မော်တယ်ဟာ ခရုခွံကို သာမန်ကာလျှံကာ ချေမွလိုက်ပြီး သဲတစ်ဆုပ်ကို ဆုပ်ကိုင်လိုက်ပါတယ်။ အဲဒီနောက် သဲတစ်ဆုပ်ကို ဖြန့်ကြဲလိုက်တဲ့အခါ သဲတွေဟာ လေထဲ ပေါလောမျောသွားပြီး စာလုံးနှစ်လုံး ဖြစ်ပေါ်လာပါတယ်။

ဒဏ်ခတ် သမား။

“ဒဏ်ခတ်သမားငါးဖော်က ဒီကောင်အတွက် ပြိုင်ဘက်ကောင်းတွေပဲ” သောကမဲ့ အင်မော်တယ်ဟာ နှုတ်ခမ်းတစ်ချက် တွန့်လိုက်ပြီး ကမ်းခြေကနေ ကွယ်ပျောက်သွားပါတယ်။

ဝေ့လန်ရှန်မိ မျက်လုံးဖွင့်လိုက်တဲ့ အချိန်မှာ သောကမဲ့အင်မော်တယ်က ကွယ်ပျောက်သွားတာ ဖြစ်ပါတယ်။

“ဒီကောင် နောက်ဆုံးတော့ ထွက်သွားပြီပဲ၊ ငါ့ကို ဒီလောက်အကြာကြီး စိုက်ကြည့်နေခဲ့တာ၊ မပျင်းဘူးလား မသိဘူး” ဝေ့လန်ရှန်မိဟာ သွားဖြဲရယ်ပြီးနောက် ဒီကမ္ဘာကနေ ခုန်ထွက်ကာ ထွက်ပြေးပါတယ်။

ဝေ့လန်ရှန်မိဟာ ပဋိပက္ခကို ခရီးနှင်ရင်း စိတ်ကောင်းဝင်သွားပါတယ်။ ဝေ့လန်ရှန်မိဟာ ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်သွားတဲ့ ငှက်တစ်ကောင်လိုပါပဲ။

“ခွေးကောင်... မင်းက ငါ့ကို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ မတည့်အောင် ဆက်တိုက် ကုန်းတိုက်ခဲ့တယ်၊ မင်းက ငါ့ကို ငတုံးများ မှတ်နေလား၊ ငါ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို တတ်မြောက်သွားရင် မင်းကို အရင်ဆုံး ပြဿနာလာရှာမှာ၊ ဒါပေမဲ့ မင်းက ငါ့ကို ကျေးဇူးပြုခဲ့တာဆိုတော့ ငါ မင်းကို မသတ်ပါဘူး၊ သင်ခန်းစာပဲ ပေးမှာပါ၊ တချို့လူတွေကို အကောက်ကြံလို့မရဘူးဆိုတာ သိသွားအောင်ပေါ့”

ဝေ့လန်ရှန်မိဟာ အလွန်လျင်မြန်စွာ ခရီးနှင်ပါတယ်။ သောကမဲ့အင်မော်တယ် လိုက်လာမှာကို ကြောက်လို့ပါ။ ဝေ့လန်ရှန်မိဟာ ကောင်းကင်တာအိုကို ဦးတည်နေတာ ဖြစ်ပါတယ်။ ကောင်းကင်တာအိုကို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ စောင့်ကြပ်တာ ဖြစ်တဲ့အတွက် သောကမဲ့ အင်မော်တယ် လာရဲမှာ မဟုတ်ဘူးလို့ ဝေ့လန်ရှန်မိက ယူဆထားပါတယ်။

ဝေ့လန်ရှန်မိဟာ သောကမဲ့ အင်မော်တယ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို တွေ့ရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်ကူးယဉ်ကြည့်မိလိုက်ပါတယ် ‘အဲဒီအချိန်ကျရင် ဒီကောင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ မကောင်းကြောင်းကို ပြောရဲဦးမှာလား...

နှစ်တစ်သိန်းဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကျေနပ်ပုံ ပေါက်သွားပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်နေပေမဲ့ သူ့ကျင့်ကြံမှုအလျင်က နှေးမသွားပါဘူး။ နှစ်တစ်သိန်းက ကျင့်ကြံမှု တိုးတက်လာတာကို ခံစားသိရှိနိုင်စေဖို့ လုံလောက်ပါတယ်။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဘိုးဘေးထျန်ရွှီဆီ ရောက်သွားပါတယ်။ ဘိုးဘေးထျန်ရွှီဟာ လောကဦး ကောင်းကင်ထောင်ထဲ ရောက်နေတာ နှစ်တစ်သိန်းကြာသွားပေမဲ့ အခုထိ ကျွန်မပြုနိုင်သေးပါဘူး။ ဟန်ကျွယ် ဘိုးဘေးထျန်ရွှီကို မသတ်တာက ဘိုးဘေးထျန်ရွှီဟာ တာအိုဘိုးဘေးက မုန်းနေမလို့ပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဘိုးဘေးထျန်ရွှီကို တိုက်ခိုက်ရေးသမားအဖြစ် ထားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ဟာ တာအိုဘိုးဘေးရဲ့ အကြောင်းတချို့ကို ဘိုးဘေးထျန်ရွှီဆီက သိချင်ပါသေးတယ်။

တာအိုဘိုးဘေးရဲ့ ကံရေစက်က တွက်ချက်လို့ မရတဲ့အတွက် ဟန်ကျွယ်ဟာ တာအိုဘိုးဘေးရဲ့ အကြောင်းကို သေချာ မသိပါဘူး။ တာအိုဖန်တီးရှင် ငါးပါးထဲမှာလည်း တာအိုဘိုးဘေး မရှိပါဘူး။ တာအိုဘိုးဘေးက တကယ်မရှိတဲ့ ပုံရိပ်ယောင်လိုပါပဲ။ ဒီလိုတည်ရှိမှုမျိုးကို ဟန်ကျွယ်အနေနဲ့ သတိမထားလို့ မရပါဘူး။ နောက်ပြီး တာအိုဘိုးဘေးက ကောင်းကင်တာအိုနဲ့ ပတ်သက်နေပါတယ်။ တာအိုဘိုးဘေးက ကောင်းကင်တာအိုထဲမှာ ပုန်းနေတာတောင် ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။

ဒီနှစ်တွေမှာ ဟန်ကျွယ်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းက အတော်လေး စည်ကားနေပါတယ်။ အများစုက ပဋိပက္ခအစည်းအဝေးဆီ အပြေးသွားရင်း ကျင့်ကြံအားထုတ်ပြီး အခွင့်အရေးရတာတွေချည်းပါပဲ။

ဒီအကြောင်းပြောရရင် ပဋိပက္ခအစည်းအဝေး ကျင်းပဖို့က နှစ်ငါးသန်း လိုပါသေးတယ်။ နှစ်ငါးသန်းက နည်းနည်းနောနော အချိန် မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ပဋိပက္ခအစည်းအဝေးကို မျှော်ကြည့်မိလိုက်ပါတယ်။ ဟန်ဟွမ်ရဲ့ အရည်အချင်းနဲ့ဆိုရင် ပထမဆုံး ပဋိပက္ခအစည်းအဝေးက စွမ်းအားကြီးပုဂ္ဂိုလ်တွေကြားက တိုက်ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်ကျရင် မဟာတာအိုပညာရှိတွေက အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးနေရာအတွက်ပဲ တိုက်ခိုက်နိုင်တော့မှာပါ။

ဒီအချိန်မှာပဲ...

ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို အာရုံခံမိတာကြောင့် မော့ကြည့်လိုက်တဲ့အခါ တစ်စုံတစ်ယောက် မဟာတာအို ရယူနေတာကို သွားတွေ့ပါတယ်။ ဒီနှစ်တစ်သန်းအတွင်း မဟာတာအိုပညာရှိတွေ ပေါ်ထွန်းလာတာ လေးငါးဆယ်ယောက် ရှိနေပါပြီ။ ဒါက အရင်တုန်းကထက် အများကြီး ပိုများပါတယ်။

ဒီတစ်ခါ မဟာတာအိုရယူတဲ့လူက ဟန်ကျွယ်နဲ့ အသိပါ။ အတိအကျပြောရရင် ဟန်ကျွယ်နဲ့ အတော်လေး ရင်းနှီးတဲ့ရောင်ဝါပါ။

ဖူစန်းသစ်ပင်။

ဖူစန်းသစ်ပင်ဟာ ဝီရိယတောင်ကနေ ထွက်ခွာသွားတာ အတော်ကြာခဲ့ပါပြီ။ ဖူစန်းသစ်ပင်ဟာ တစ်ချိန်လုံး ပဋိပက္ခအစွန်းမှာ သိုသိုသိပ်သိပ်နေပြီး ကျင့်ကြံအားထုတ်နေခဲ့တာပါ။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဖူစန်းသစ်ပင်ဆီ ရောက်သွားပါတယ်။ လက်ရှိ ဖူစန်းသစ်ပင်ဟာ ကောင်းကင်တာအို တစ်ခုလုံးထက် ပိုရှည်ပြီး အကိုင်းအခက်တွေက ဘီလီယံချီ ရှိပါတယ်။ အသီးအပွင့်တွေကလည်း ကြယ်တွေထက်တောင် ကြီးမားပါတယ်။ ပဋိပက္ခကနေ မွေးဖွားလာတဲ့ ရှေးဟောင်း နတ်သစ်ပင်တစ်ပင်လိုပါပဲ။

“ဟင်...”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖူစန်းသစ်ပင်ပေါ်မှာ မဟာတာအိုရောင်ဝါက တစ်ခုမက ရှိနေလို့ပါပဲ။ ပဋိပက္ခအထက်ကနေ ကြည့်ရင် ဖူစန်းသစ်ပင်က မဟာတာအိုသုံးထောင်ရဲ့ တာအိုစွမ်းအားကို စုပ်ယူနေတာပါ။ ဒီစုပ်ယူမှုက အတော်လေး အားပျော့ပေမဲ့ တကယ်ကို စုပ်ယူနေတာပါ။

‘တစ်ခုခုတော့ မှားနေပြီ... ဖူစန်းသစ်ပင်မှာ အရင်က ဒီလိုအရည်အချင်းမျိုး မရှိပါဘူး’

ဟန်ကျွယ်ဟာ စပြီးတော့ တွက်ချက်ကြည့်လိုက်တဲ့အခါ မခံစားရတာ ကြာပြီဖြစ်တဲ့ အားကောင်းတဲ့ ရောင်ဝါတစ်ခုကို ရှာတွေ့သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters