← Chapters

လောကဦး ဘိုးဘေးနတ်ဘုရား ပြန်ပေါ်လာခြင်း9

Vol. 90 Ch. 941

လောကဦး ဘိုးဘေးနတ်ဘုရား ပြန်ပေါ်လာခြင်း9

Vol. 90 Ch. 941

လောကဦး ဘိုးဘေးနတ်ဘုရား။

နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ဟောင်း။

ဟန်ကျွယ်ဟာ သူ့ရောင်ဝါကို ဖူစန်းသစ်ပင်ပေါ်မှာ အာရုံခံမိလိုက်ပါတယ်။ လောကဦး ဘိုးဘေးနတ်ဘုရားက သူ့ရဲ့ ကျိန်စာတိုက်မှုနဲ့ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးပြီး အသက် တစ်စွန်းတစ်စကို အထွတ်အထိပ် နိယာမထဲမှာ ချိပ်ပိတ် ချန်ထားခဲ့ပါတယ်။ ဟန်ကျွယ်ဟာ လောကဦး ဘိုးဘေးနတ်ဘုရားက အသက်ပြန်ရှင်လာလိမ့်မယ်လို့ တွက်ထားပေမဲ့ ဒီလောက်ထိ မြန်လိမ့်မယ်လို့တော့ ထင်မထားပါဘူး။

လောကဦး ဘိုးဘေးနတ်ဘုရား ဖူစန်းသစ်ပင်ကို ရှတွေ့သွားတာက တိုက်ဆိုက်မှုတော့ မဖြစ်နိုင်ပါဘူး။ ဖူစန်းသစ်ပင်က ဟန်ကျွယ်ရဲ့ ကံရေစက် ရှိပါတယ်။ ဒါက အလွယ်လေး တွက်ချက်လို့ရတဲ့အရာပါ။ ဖူစန်းသစ်ပင်က တာအိုစက်ကွင်းထဲမှာ အမြဲတမ်း ရှိနေခဲ့တာ ဖြစ်တဲ့အတွက် ကံရေစက် အကုန်လုံးက ဟန်ကျွယ်နဲ့ ပတ်သက်နေပါတယ်။

ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို သေချာဂရုတစိုက် အကဲခတ်ပါတယ်။ လောကဦး ဘိုးဘေးနတ်ဘုရားက ဖူစန်းသစ်ပင်မှာ ပုန်းနေတာ မဟုတ်ပေမဲ့ သူ့ရောင်ဝါ ရှိနေတာကတော့ အမှန်ပါပဲ။ ဟန်ကျွယ်ဟာ လောကဦး ဘိုးဘေးနတ်ဘုရားက ဘာလုပ်ချင်လဲဆိုတာကို စဉ်းစားလို့ မရတဲ့အတွက် စနစ်ရဲ့ တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။

“လောကဦး ဘိုးဘေးနတ်ဘုရားက ဖူစန်းသစ်ပင်ကို ဘာဖြစ်လို့ ကူညီတာလဲ”

[သက်တမ်း ၁၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

အခုအချိန် သက်တမ်း ဆယ်ထရီလီယံလောက်က ဟန်ကျွယ် မျက်လုံးထဲမှာ ဘာမှမဟုတ်တော့ပါဘူး။ နောက်ပြီး ဆယ်ထရီလီယံ သက်တမ်းရှိတဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကလည်း ဟန်ကျွယ် လက်ချက်နဲ့ ဘဝနိဂုံးချုပ်သွားခဲ့ပါတယ်။

ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့ ဖျော့တော့တဲ့ နေရာတစ်ခုကို ရောက်နော တွေ့လိုက်ရပါတယ်။ ဒီနေရာမှာ ဖူစန်းသစ်ပင်နဲ့ ဖူစန်းသစ်ပင်အောက်မှာ ထိုင်နေတဲ့ ရုပ်သွင်တစ်သွင်ကလွဲရင် တခြားဘာမှ မရှိပါဘူး။ ကုန်ကုန်ပြောရရင် မြေကြီးတောင် မရှိပါဘူး။

ဖူစန်းသစ်ပင်က မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ”

လောကဦး ဘိုးဘေးနတ်ဘုရားဟာ မထင်ရှားတဲ့အသွင်ကို ယူထားတာကြောင့် အလင်းထုတ်လွှတ်နေတဲ့ အရိပ်တစ်ရိပ်သာသာပဲ ရှိပါတယ်။

လောကဦး ဘိုးဘေးနတ်ဘုရားဟာ ပြုံးလိုက်ပါတယ် “ငါက မဟာတာအို နတ်စိတ်ဝိညာဉ်ဟောင်းလို့ ယူဆလို့ရတယ်၊ ငါ မင်းဆီကို လာတာက အခွင့်အရေးတစ်ခုပေးပြီး မဟာတာအို အကောင်အထည်ဖော်အောင် ကူညီပေးဖို့ပဲ၊ မင်းကို အသုံးချပြီး အချိန်-အာကာသ နိယာမကို သုံးသပ်နားလည်ချင်တာလည်း ပါတယ်၊ တစ်ယောက်ကို တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့၊ မင်းမလုပ်ချင်ဘူးဆိုလည်း ရတယ်၊ ငါ မင်းကို ဖိအား မပေးပါဘူး”

ဖူစန်းသစ်ပင်ဟာ တိတ်ဆိတ်သွားပါတယ်။

“မင်းက ကောင်းကင်တာအိုရဲ့ မဟာနတ်သစ်ပင် ဆယ်ပါးထဲက တစ်ပင်ပဲ၊ မင်းမှာ လောကဦးပဋိပက္ခရဲ့ ဖန်တီးမှု ရှိတယ်၊ ဒါကြောင့်ပဲ အသွင်ပြောင်းလို့ မရတာ၊ ဘာဖြစ်လို့လဲဆိုတော့ မင်းက နိယာမတွေကို ကိုယ်စားပြုပြီး ပဋိပက္ခရဲ့ အနန္တကမ္ဘာကို ဆက်သွယ်နိုင်လို့ပဲ၊ မင်းမှာ မဟာဖန်တီးမှုရှိသလို ကံရေစက်ကလည်း ကြီးလေးတယ်၊ ဒါတောင် တည်ရှိမှုတစ်ခုကြောင့် မင်းက အသိဉာဏ်ပွင့်သွားခဲ့တယ်၊ မင်းကိုယ်မင်း အားကိုးပြီး ဒီအဆင့်ကနေ ကျော်လွန်နိုင်မှာ မဟုတ်ဘူး၊ နောက်ပြီး မင်းရဲ့ တည်ရှိမှုကို စွမ်းအားကြီးပုဂ္ဂိုလ် တော်တော်များများက စိတ်ဝင်စားနေကြတယ်”

“မင်းမှာ နောက်ခံလိုတယ်” လောကဦး ဘိုးဘေးနတ်ဘုရားက သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။

ဖူစန်းသစ်ပင်က မတိုးမကျယ် ပြန်ဖြေပါတယ် “ငါ့မှာ နောက်ခံရှိတယ်”

“ငါ သိတယ်၊ ဒီအကြောင်းပြောရရင် ငါ သူနဲ့တောင် တိုက်ခိုက်ခဲ့သေးတယ်၊ ဒါပေမဲ့ ငါ အမှောင်ထဲက ငယ်လူတစ်ယောက်ရဲ့ အကောက်ကြံမှုကြောင့် ဒုက္ခရောက်ခဲ့ရတယ်၊ ဒီနှစ်တွေမှာ ငါက ပဋိပက္ခကို စိုက်ကြည့်နေတာဆိုတော့ ကိစ္စတော်တော်များများကို ထိုးဖောက် မြင်နိုင်ခဲ့တယ်၊ ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး၊ ဒါပေမဲ့ မင်းနောက်ခံက မင်းကို တစ်ချိန်လုံး ကြည့်နေမှာ မဟုတ်ဘူး၊ ငါနဲ့ သူ့ရဲ့ ဆက်ဆံရေးကို ထုတ်ပြောတယ်ဆိုတာက ငါ့ရဲ့ စိတ်ရင်းအမှန်ကို သိစေချင်လို့ပဲ”

“ငါသာ မင်းကို အသုံးချပြီး သူ့ကို အကောက်ကြံချင်တာဆိုရင် ဒီလိုမျိုး ပြောမနေဘူး၊ ငါ ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ်ပြီး အကျိုးအမြတ်ပဲ ပြမှာ၊ ဒီလောက်ဆို မင်း ငါ့ကို လက်သင့်ခံမယ်လို့ ထင်ပါတယ်၊ ငါ မင်းကို လိုသလို မင်းကလည်း ငါ့ကို လိုတယ်၊ ပဋိပက္ခထဲမှာ မင်းက ဘာကို ရည်ညွှန်းတယ်၊ ကြီးပြင်းလာအောင် ဘယ်လို ကူညီရမလဲဆိုတာကို ငါ့ထက် ဘယ်သူမှ မသိဘူး”

ဖူစန်းသစ်ပင်က မေးလိုက်ပါတယ် “အဲဒါပြီးရင်ရော ဘာဆက်ဖြစ်မှာလဲ”

“မင်း မဟာတာအို အကောင်အထည် ဖော်နိုင်ပြီဆိုရင် ငါလည်း အချိန်-အာကာသ မဟာတာအိုကို ထိုက်သင့်သလောက် နားလည်သွားလိမ့်မယ်၊ အဲဒါပြီးရင် ငါတို့တွေ ဘာမှ လုပ်စရာ မရှိတော့ဘူး၊ ငါ့အတွက် မင်း ဘာမှ လုပ်ပေးစရာ မလိုဘူး၊ ငါတို့တွေက တစ်ယောက်လိုတာကို တစ်ယောက် ယူတာပဲ”

ဖူစန်းသစ်ပင်ဟာ တိတ်ဆိတ်သွားပါတယ်။ တစ်အောင့်ကြာမှ ဖူစန်းသစ်ပင်က ဆုံးဖြတ်ချက် ချလိုက်ပါတယ် “ကောင်းပြီလေ”

ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ရဲ့ ရွေးချယ်မှုကို အပြင်မမြင်ပါဘူး။ ဖူစန်းသစ်ပင်နေရာမှာ သူဆိုရင်လည်း အသွင်ပြောင်းလဲချင်မှာပါ။ လောကဦး ဘိုးဘေးနတ်ဘုရားကိုတော့ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် လောကဦး ဘိုးဘေးနတ်ဘုရားက အန္တိမဒဏ်ခတ်နတ်မင်းနဲ့ အမှောင်သခင်ကြီးရဲ့ ရန်သူပါ။ ဒါကြောင့် လောလောဆယ်မှာ လောကဦး ဘိုးဘေးနတ်ဘုရားက ကူကယ်ရာမဲ့နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ မဟာတာအိုတံခါးဆီ ရောက်သွားပါတယ်။ ဖူစန်းသစ်ပင်ရဲ့ စိတ်ဆန္ဒဟာ လှပတဲ့ အမျိုးသမီးတစ်ယောက် အသွင် ပြောင်းလဲပြီး ဓမ္မစွမ်းအားကို အသုံးပြုကာ မဟာတာအိုတံခါးကို ဖွင့်ပါတယ်။

ဒီအချိန် မဟာတာအိုတံခါးရဲ့နောက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တချို့ စောင့်ဆိုင်းနေကြပြီး ဖူစန်းသစ်ပင် အကြောင်း ဆွေးနွေးနေကြပါတယ်။ ဟန်ဟွမ်လည်း ဒီကို ရောက်နေပါတယ်။ ဟန်ဟွမ်ဟာ မဟာတာအိုပညာရှိ အသစ်တစ်ပါး ပေါ်ပေါက်တိုင်း မဟာတာအိုတံခါးဆီ လာပါတယ်။ ဒါပေမဲ့ ဟန်ဟွမ်ဟာ အမှန်တရား ဘက်တော်သားမလို့ ဘယ်မဟာတာအိုပညာရှိကိုမှ ငယ်လူတွေကို အနိုင်ကျင့်ခွင့် မပေးပါဘူး။ အဲဒါကြောင့် ဟန်ဟွမ်ဟာ တာအိုပညာရှိ အသစ်တွေရဲ့ လေးစားမှုကို ခံရပြီး ဂုဏ်သတင်း ကျော်စောလာပါတယ်။

နှစ်သိန်းချီတိုင်း ဩချရလောက်တဲ့ တည်ရှိမှုတွေ ပေါ်လာပါတယ်။ သက်ရှိတွေရဲ့ မျက်လုံးထဲမှာ ဟန်ဟွမ်က ပါရမီရှင်တစ်ပါး မဟုတ်တော့ပါဘူး။ နယ်မြေတစ်ခုကို စိုးမိုးအုပ်ချုပ်နိုင်တဲ့ ပြိုင်ဘက်ကင်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဖြစ်နေပါပြီ။

ဟန်ကျွယ်လို တည်ရှိမှုမျိုးရဲ့ မျက်လုံးထဲမှာတော့ ဟန်ဟွမ်က ပါရမီရှင်တစ်ပါးပဲ ရှိနေပါသေးတယ်။ ပါရမီရှင်ဆိုတဲ့ အဓိပ္ပာယ်က ကိန်းရှင်ပါ။ ကိန်းသေ မဟုတ်ပါဘူး။

ဟန်ဟွမ် ရှိနေတာကြောင့် ဟန်ကျွယ်ဟာ ဘာမှ မလှုပ်ရှားတော့ပါဘူး။ ဖူစန်းသစ်ပင်က ကျိန်းသေပေါက် အောင်မြင်မှာပါ။

လေးငါးဆယ်နာရီ အကြာမှာတော့ ဖူစန်းသစ်ပင်ဟာ မဟာတာအိုအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်သွားပါတယ်။ အဲဒီနောက် ဖူစန်းသစ်ပင်ဟာ မဟာတာအို တံခါးကို ဖြတ်လျှောက်ပြီး မဟာတာအိုပညာရှိ တစ်စုကို တွေ့မြင်လိုက်ရပါတယ်။

ဖူစန်းသစ်ပင်ဟာ ဟန်ဟွမ်ကို တွေ့လိုက်ရတဲ့အခါ မှင်တက်သွားပြီး ချက်ချင်း ရင်ထိတ်ကာ ခပ်မြန်မြန် ဦးညွှတ်လိုက်ပါတယ် “သခင်ကို ဂါရဝပြုပါတယ်”

ဒါကို ကြားလိုက်ရတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဟန်ဟွမ်ကို ကြည့်လိုက်ကြပါတယ်။

မဟာတာအိုပညာရှိတစ်ပါးက စနောက်လိုက်ပါတယ် “မဟာစစ်သူကြီးဟန်က တကယ်ကို စွမ်းအားကြီးတာပဲ၊ နောက်ထပ် အငယ်တစ်ယောက်ကို ထပ်ရသွားပြန်ပြီ၊ ဒီတစ်ယောက်က ဒီလောက်တောင် လှတာ၊ မဟာစစ်သူကြီးဟန်က တကယ်ကို ကံကောင်းတာပဲ”

ဟန်ဟွမ်ဟာ ဖူစန်းသစ်ပင်ကို မသိပေမဲ့ ဉာဏ်ပြေးသူမလို့ ချက်ချင်း ကောက်မေးလိုက်ပါတယ် “မင်းပြောတဲ့ သခင်ဆိုတာက ငါ့အဖေ ဟန်ကျွယ်ကို ပြောတာလား”

မဟာတာအိုပညာရှိတွေဟာ ဟန်ဟွမ်ရဲ့ စကားကြောင့် ချက်ချင်း မျက်နှာတွေ လေးနက်သွားပြီး ဘယ်သူမှ မနောက်ရဲတော့ပါဘူး။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ပတ်သက်လာရင် သူတို့တွေဟာ ဘာကို ပြောရမယ်၊ ဘာကိုမပြောရဘူးဆိုတာကို သေချာသိပါတယ်။ မဟာတာအိုပညာရှိတွေဟာ ဖူစန်းသစ်ပင်ကို တလေးတစားတောင် ကြည့်လိုက်ပါတယ်။

ဖူစန်းသစ်ပင်ဟာ ဟန်ကျွယ်ဆိုတဲ့ စကားလုံးကို အရင်တုန်းက ကြားဖူးပေမဲ့ ဟန်ကျွယ်ရဲ့ အဆင့်အတန်းက ပဋိပက္ခထဲမှာ ဘယ်လောက်ရှိတယ်ဆိုတာကို မသိပါဘူး။ ဒါပေမဲ့ မဟာတာအိုပညာရှိတွေရဲ့ အမူအရာကို အကဲခတ်ပြီး မှန်းဆနိုင်လိုက်ပါတယ်။

ဖူစန်းသစ်ပင်ဟာ ဟန်ဟွမ်ကို ခေါင်းအစ ခြေအဆုံး ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် “သခင်ရဲ့သားလို့ မပြောရဘူး၊ တော်တော်လေး အရည်အချင်းရှိတာပဲ၊ မင်းက သခင်နဲ့ တော်တော်ကို တူလွန်းတယ်၊ မင်းနာမည် ဘယ်လို‌ခေါ်လဲ”

“ငါ့နာမည်က ဟန်ဟွမ်” ဟန်ဟွမ်ဟာ အပြုံးနဲ့ ပြန်ဖြေလိုက်ပါတယ်။

ဟန်ဟွမ်ဟာ ဖူစန်းသစ်ပင်နဲ့ သူ့အဖေ ဆက်ဆံ‌ရေးက ဘယ်လိုရှိတယ်ဆိုတာကို သေချာသိအောင် စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝူတောက်ကျန့်ကလည်း သူ့အဖေကို သခင်လို့ ခေါ်ပါတယ်။ ဒါပေမဲ့ ဝူတောက်ကျန့်က သူ့အမေတွေထဲ တစ်ယောက်ပါ။

ဟန်ဟွမ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “အားလုံးပဲ လူစုခွဲကြတော့၊ ငါတို့နှစ်ယောက် သီးသန့် စကားပြောစရာ ရှိတယ်”

မဟာတာအိုပညာရှိတွေဟာ မငြင်းဆန်ရဲဘဲ ချက်ချင်း ထွက်ခွာသွားကြပါတယ်။ သူတို့တွေဟာ နည်းနည်း နောင်တရသွားကြပါတယ်။ ဒီနေရာမှာ အငယ်တွေကို ဖိနှိပ်တာကိုလွဲရင် စည်းရုံးသိမ်းသွင်းလို့လည်း ရတယ် မဟုတ်ပါလား။

အထူးသဖြင့် ဟန်ဟွမ်က ကောင်းကင်ရုံးတော်အတွက် ပါရမီရှင် အများကြီးကို စည်းရုံးသိမ်းသွင်းပြီးနောက်မှာ သူတို့မှာလည်း ဒီအကြံ ရှိလာပါတယ်။

ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်က ဟန်ဟွမ်ကို အသိအမှတ်ပြုတာ တွေ့ရတဲ့အတွက် စိတ်သက်သာရာ ရသွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ လောကဦး ဘိုးဘေးနတ်ဘုရားဆီ ရောက်သွားပါတယ်။ လောကဦး ဘိုးဘေးနတ်ဘုရားဟာ ဖူစန်းသစ်ပင်နဲ့ အတူမနေပါဘူး။ လက်ကျန်ရောင်ဝါ အငွေ့အသက်ပဲ ရှိနေတာပါ။

ဖူစန်းသစ်ပင်ရဲ့ ပင်မခန္ဓာကိုယ်ကလည်း အသွင်ပြောင်းလဲနေပါတယ်။ ဟန်ကျွယ်ဟာ အန္တိမမူလစွမ်းအားသုံးပြီး ဖူစန်းသစ်ပင်ရဲ့ ပင်မခန္ဓာကိုယ် ရှိနေတဲ့ နယ်မြေကို သီးခြားခွဲထုတ်လိုက်ပါတယ်။ ဖူစန်းသစ်ပင်ကို ကာကွယ်ချင်တာအပြင် ပဋိပက္ခထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို သတိပေးချင်တာလည်း ပါပါတယ်။

ဒီသစ်ပင်ကို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကာကွယ်ထားတယ် ဆိုပြီးတော့ပေါ့။

အဲဒီ‌နောက် ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းဆီ အသံလွှင့်ပြီး လောကဦး ဘိုးဘေးနတ်ဘုရား အသက်ပြန်ရှင်လာတော့မဲ့အကြောင်း ပြောပြလိုက်ပါတယ်။ လောကဦး ဘိုးဘေးနတ်ဘုရားကို ရင်ဆိုင်ဖို့က အန္တိမဒဏ်ခတ်နတ်မင်းနဲ့တင် လုံလောက်ပါတယ်။

အခုအချိန်မှာ ဟန်ကျွယ်က ကိုယ်တိုင်လှုပ်ရှားစရာ မလိုတော့ပါဘူး။ နောက်ပြီး လောကဦး ဘိုးဘေးနတ်ဘုရားကလည်း ဟန်ကျွယ်ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ပဋိပက္ခထဲမှာ ဘယ်သူကများ ဟန်ကျွယ်ကို ယှဉ်နိုင်မှာလဲ။ ပဋိပက္ခ အပြင်ဘက်မှာရှိတဲ့ တာအိုဖန်တီးရှင်တွေပဲ ဟန်ကျွယ်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာပါ။

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ အတော်လေး ဂုဏ်ယူသွားပါတယ်။

‘နေဦး... ငါ့စိတ်က မဟုတ်သေးဘူး... အရင်တုန်းက လောကဦး ဘိုးဘေးနတ်ဘုရားနဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်တို့လည်း သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းနေပြီလို့ ထင်ခဲ့ကြတာပဲ၊ နောက်ဆုံးတော့ ငါ ဖိနှိပ်တာကို ခံလိုက်ရတယ်’

ဟန်ကျွယ်ရဲ့ မျက်နှာဟာ လေးနက်သွားပါတယ်။

“အနာဂတ်မှာ ငါ့ကို တည်ရှိမှုတစ်ခုခုက ကျော်တက်နိုင်လား”

[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters