လောကဦး စိတ်ဝိညာဉ်၊ တိတ်ဆိတ်ဂိုဏ်းရဲ့ အစည်းအဝေး
Vol. 90 Ch. 942
၁၀၀ ထရီလီယံ။ ဒီတန်ဖိုးက ခြေလှမ်းတစ်ဝက် တာအိုဖန်တီးရှင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ ညီမျှပါတယ်။
ဟန်ကျွယ်နှလုံးဟာ ရေထဲမြုပ်သွားပါတယ် ‘ဒါဆို ပဋိပက္ခထဲမှာ အမျိုးအမည်မသိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တကယ်ကြီး ရှိနေတာပေါ့’
ဒါကလည်း အဓိပ္ပာယ်ရှိပါတယ်။ ဟန်ကျွယ်က စွမ်းအား အတော်ကြီးလာပေမဲ့ ပဋိပက္ခထဲက တချို့နေရာတွေကို ထိုးဖောက် မမြင်နိုင်သေးပါဘူး။ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ကာကွယ်မှုကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်ဟာ ဒီနေရာတွေကို အသာလေး ထိုးဖောက်မြင်နိုင်မှာပါ။
ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ သက်တမ်း ၁၀၀ ထရီလီယံလောက်တော့ ဟန်ကျွယ် တတ်နိုင်ပါသေးတယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ မှောင်မိုက်တဲ့ ဒေသတစ်ခုကို ရောက်နေတာ တွေ့လိုက်ရပါတယ်။ ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ ခရမ်းရောင် ရောင်ဝါငွေ့တွေနဲ့ ပြည့်နှက်နေပြီး အဝေးတစ်နေရာမှာတော့ ရက်စက်ကြမ်းတမ်းပြီး တန်ခိုးစွမ်းအားကြီးမားတဲ့ ဝိုးတိုးဝါးတား အရိပ်တွေ ပေါလော မျောပါနေပါတယ်။
ဟန်ကျွယ်ဟာ ရုပ်သွင်ကိုးသွင်က အတူစုဝေးနေတာကို ရှာတွေ့သွားပါတယ်။ သူတို့တွေက တစ်စုံတစ်ခုကို ငြင်းခုံနေပုံပါပဲ။
“ပဋိပက္ခ... အဲဒါက အယူအဆသက်သက်ပဲ ရှိသေးတာ”
“ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ၊ လောကဦး နတ်ဘီလူးရဲ့ ဖိနှိပ်မှုကြောင့် ငါတို့တွေ ကိုယ်ထင်တောင် မပြနိုင်ကြဘူး”
“ဟုတ်တယ်... ဘာလို့ အကောက်ကြံနေမှာလဲ၊ သူ့စွမ်းအားက အရမ်းကြီးမားလွန်းတယ်၊ ငါတို့တွေ ဘာလုပ်လုပ် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ ငါတို့တွေ လောကဦး ပဋိပက္ခကိုတောင် မထိန်းချုပ်နိုင်တာ ပဋိပက္ခကို ဖွင့်လှစ်ဖို့က လေပေါ် တိုက်အိမ်ဆောက်တာထက် ပိုမြင့်သွားပြီ’
“အစ်ကိုရဲ့ အစီအစဉ်က အလုပ်မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့တွေ ပဋိပက္ခကို ဖန်တီးလိုက်ပြီပဲ ထားပါတော့၊ လောကဦး နတ်ဘီလူးရှိနေရင် ပဋိပက္ခ တည်ရှိတောင် ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်ဘူး”
ရုပ်သွင်ကိုးသွင်ဟာ ဟန်ကျွယ် တစ်ခါမှ မကြားဖူးတဲ့ ဘာသာစကားတစ်မျိုးနဲ့ ပြောဆိုနေကြတာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူတို့ပြောတဲ့စကားတွေရဲ့ အဓိပ္ပာယ်ကို အလိုလို နားလည်နိုင်စွမ်း ရှိနေပါတယ်။ နားထောင်ရင်း နားထောင်ရင်းနဲ့ ဟန်ကျွယ်ဟာ မျက်ခုံး ပင့်တက်သွားပါတယ်။
‘ဒါက နဝမပဋိပက္ခနဲ့ လောကဦး စိတ်ဝိညာဉ် ရှစ်ပါးများလား...’
ဟန်ကျွယ် နဝမပဋိပက္ခရဲ့ အချက်အလက်ကို စစ်ဆေးတုန်းက ပထမ လောကဦး စိတ်ဝိညာဉ် ရှစ်ပါးဟာ ပဋိပက္ခကို ဖန်တီးဖို့ ကျရှုံးခဲ့ပြီး နဝမပဋိပက္ခကျမှ ပဋိပက္ခကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့တာဆိုတာ သိထားပါတယ်။
‘ဒီကောင်တွေ ဘာကြံနေတာလဲ... ပဋိပက္ခနဲ့ပဲ ပတ်သက်တာဆိုရင် ငါ့ကို ခြိမ်းခြောက်နိုင်ပါ့မလား...’
ရုပ်သွင်တစ်သွင်က ပြောလိုက်ပါတယ် “ငါတို့ တစ်ယောက်စီက ပဋိပက္ခကို ကြိုးစားဖွင့်လှစ်ဖို့ လိုတယ်၊ ပြီးတော့ ငါတို့တွေ ကျရှုံးခဲ့ရင် ငါတို့ရဲ့ အတွေ့အကြုံတွေနဲ့ ငါတို့ရဲ့ မျှော်လင့်ချက်တွေကို ညီကိုးဆီ ပုံအပ်ရမှာပဲ”
တခြားရုပ်သွင် ခုနစ်သွင်ဟာ အပါးဆုံး ရုပ်သွင်ကို ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဒီရုပ်သွင်က နဝမပဋိပက္ခပဲလို့ ခန်းမှန်းမိလိုက်ပါတယ်။
နဝမပဋိပက္ခက ရေးကြီးသုတ်ပျာ ပြောလိုက်ပါတယ် “အစ်ကိုတို့ အကုန်လုံး သေသွားရင် ကျွန်တော် တစ်ယောက်တည်း အသက်မရှင်ချင်ဘူး၊ ကျွန်တော် ပဋိပက္ခကို ဖွင့်လှစ်ဖို့လည်း စိတ်မဝင်စားဘူး... တကယ်တော့ အခုလိုမျိုး နေတာက ကျွန်တော်အတွက် ပိုမကောင်းဘူးလား၊ လောကဦး နတ်ဘီလူးက ကျွန်တော်တို့ကို အနိုင်ကျင့်နေတာမှ မဟုတ်တာ၊ လောကဦး စိတ်ဝိညာဉ်တွေကိုပဲ ထပ်ပြီးတော့ မဖန်တီးခိုင်းတာမလား...”
နဝမပဋိပက္ခရဲ့ စကားကြောင့် ကျန်လောကဦး စိတ်ဝိညာဉ် ရှစ်ပါးဟာ အမျက်ချောင်းချောင်း ထွက်ကုန်ပါတယ်။ နဝမပဋိပက္ခလည်း ကြောက်လန့်သွားပြီး စကား ထပ်မပြောရဲတော့ပါဘူး။
ဒီနဝမပဋိပက္ခက ဟန်ကျွယ် ထင်ထားတဲ့ နဝမပဋိပက္ခနဲ့ မိုးနဲ့မြေလို ကွာခြားလှပါတယ်။ သိမ်မွေ့နက်နဲမှုလည်း မရှိသလို အကြွင်းမဲ့ ပြိုင်ဘက်ကင်းမှုလည်း မရှိပါဘူး။ စရိုက်ကလည်း ကောင်စုတ်လေး တစ်ကောင်လိုပါပဲ။
လောကဦး စိတ်ဝိညာဉ်တစ်ပါးက ပြောလိုက်ပါတယ် “ငါတို့တွေ ကျရှုံးသွားရင်တောင် အရန်အစီအစဉ် ချန်ထားခဲ့ဖို့လိုတယ်၊ ငါတို့ရဲ့ မူလအမှတ် တစ်စွန်းတစ်စကို ညီကိုးဆီမှာ ချန်ထားခဲ့မယ်၊ ငါတို့တွေ တကယ် ကျရှုံးခဲ့ရင်တောင် နောက်ကျလို့ ညီကိုး အသက်ပြန်ရှင်လာရင် ငါတို့ရဲ့ မျှော်လင့်ချက်တွေကို သူ့ဆီ ထားရမှာပဲ”
ဟန်ကျွယ်ဟာ အခြေအနေကို သဘောပေါက်သွားပါတယ် ‘ဒါဆို လောကဦး စိတ်ဝိညာဉ် ရှစ်ပါးက အသက်ပြန်ရှင်ချင်တယ်၊ သူတို့နောက်မှာလည်း နဝမပဋိပက္ခ ရှိနေတာဆိုတော့ ငါ့ကို တကယ် ခြိမ်းခြောက်လာနိုင်တယ်’
မကြာခင်မှာပဲ ပုံရိပ်ယောင်ဟာ အဆုံးသတ်သွားပါတယ်။ အဲဒီနောက်ပိုင်း စကားဝိုင်းက ပဋိပက္ခကို ဘယ်လိုဖွင့်လှစ်မယ်ဆိုတာ တိုင်ပင်ဆွေးနွေးတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်နဲ့ ဘာမှ မဆိုင်ပါဘူး။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စနစ်ကို ထပ်မေးပါတယ် “ဘယ်လောကဦး စိတ်ဝိညာဉ် အသက်ပြန်ရှင်လာလဲဆိုတာ ငါ သိချင်တယ်”
[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် အဆင့်တောင် ရောက်နေပြီလား...’
ဟန်ကျွယ်နှလုံးဟာ ရေထဲမြုပ်သွားပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်း ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ ရုပ်သွင်တစ်သွင်နဲ့ မြင်ကွင်းထဲမှာ စာကြောင်းတွေ ပေါ်လာပါတယ်။
[ကျောက်ရွှမ်ချွမ်: ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ကနဦးအဆင့်၊ အဋ္ဌမပဋိပက္ခ လောကဦး စိတ်ဝိညာဉ် ဝင်စားသူ၊ တာအိုပညာရှိတပည့်၊ တိတ်ဆိတ်ဂိုဏ်းတပည့်၊ မွေးရာပါ မဟာဖန်တီးမှု။]
‘အဋ္ဌမပဋိပက္ခ ဝင်စားတာ... ထူးဆန်းတယ်... ဘာဖြစ်လို့ စနစ်ရဲ့ ကံတရား အထောက်အပံ့ရှိတဲ့ အသိပေးချက် မပေါ်တာလဲ’
ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ ကျောက်ရွှမ်ချွမ်က လွန်ခဲ့တဲ့ နှစ်တစ်သိန်းအတွင်း မွေးဖွားခဲ့တာကို တွေ့လိုက်ရပါတယ်။ ဒီအတောအတွင်း ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းမှာပဲ ရှိနေပြီး ကောင်းကင်တာအိုနားကို ယောင်လို့တောင် မသွားခဲ့ပါဘူး။
ပြောစရာရှိတာဆိုလို့ ကျောက်ရွှမ်ချွမ်က စုချီရဲ့ တပည့်ရင်း ဖြစ်နေတာပါ။ ကျောက်ရွှမ်ချွမ်က နိမိတ်နဲ့ မွေးဖွားလာခဲ့တာဆိုပေမဲ့ ဒီလိုဖြစ်ရပ်မျိုးက ကောင်းကင်တာအိုမှာ မရှားတော့ပါဘူး။ လောလောဆယ်မှာ ကျောက်ရွှမ်ချွမ်က သူ့ရဲ့ ပြိုင်ဘက်ကင်း အရည်အချင်းကို ထုတ်မပြရသေးပါဘူး။
ဟန်ကျွယ်ဟာ အဋ္ဌမပဋိပက္ခ ကောင်းကင်တာအိုမှာ မွေးဖွားတာက တိုက်ဆိုင်မှု မဟုတ်နိုင်ဘူးလို့ ခံစားလိုက်ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ မြေးတပည့်လည်း ဖြစ်နေပါတယ်။
“နဝမပဋိပက္ခက ငါ့ကို အကောက်ကြံဖို့ အဋ္ဌမပဋိပက္ခကို ကောင်းကင်တာအိုမှာ မွေးဖွားဖို့ စီစဉ်တာလား”
[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် ဘာအကြံအစည်မှ မရှိပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ကြည့်ရတာ ငါရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ရင်ဆိုင်တုန်းက ပြောခဲ့တဲ့စကားတွေက အတော်လေး အကျိုးရှိပုံပဲ’
ဟန်ကျွယ်ဟာ နဝမပဋိပက္ခက သူ့အစ်ကိုကို တစ်ယောက်ယောက်က ထိခိုက်အောင်လုပ်မှာ ကြောက်တဲ့အတွက် ပိုလုံခြုံတဲ့ ကောင်းကင်တာအိုမှာ မွေးဖွားခိုင်းတာလို့ ခန့်မှန်းလိုက်ပါတယ်။ ဒါပေမဲ့ စနစ်ရဲ့ အဖြေက လောလောဆယ်မှာ ဘာအကြံအစည်မှ မရှိဘူးဆိုတဲ့အတွက် အနာဂတ်မှာ ရှိလာနိုင်တယ်လို့ ပြနေပါတယ်။
ဟန်ကျွယ်ရဲ့ တွက်ချက်မှုအရလည်း ကျောက်ရွှမ်ချွမ်က သူ့ကို ခြိမ်းခြောက်လာမယ်လို့ ရလဒ်ထွက်ထားတယ် မဟုတ်ပါလား။
‘ထားလိုက်ပါတော့... ဒီကောင် ကြီးပြင်းလာဖို့ အချိန်လိုသေးတယ်၊ အများဆုံး ငါ သူ့ကို ကျွန်ပြုဖို့ အခွင့်အရေးတစ်ခု ရှာရုံပေါ့၊ နောက်ပြီး ဒီကောင်ရဲ့ ကျင့်ကြံမှုအလျင်က ဘာကိစ္စနဲ့ ငါ့ကို ယှဉ်နိုင်မှာလဲ’
ဟန်ကျွယ်ဟာ ဒီလို တွေးလိုက်ပေမဲ့ အန္တရာယ်အငွေ့အသက်ကိုလည်း ခံစားလိုက်ရပါတယ်။ လောလောဆယ်မှာ သူက ပဋိပက္ခထဲမှာ ပြိုင်ဘက်ကင်းနေပြီဆိုပေမဲ့ ဒါက ပစ္စပ္ပုန်မှာပါ။ အနာဂတ်က အမြဲတမ်း ပြောင်းလဲနေပြီး မသိကိန်းတွေ များပါတယ်။
ဒီလောကမှာ အာဏာ အပြောင်းအလဲက အရည်အချင်းနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ အရည်အချင်းထက် အခွင့်အရေးက ပိုအရေးကြီးပါတယ်။
ဟွမ်ဇွမ်တျန်ကိုပဲ ကြည့်ပါ။ သူ့အရည်အချင်းက သာမန်ပဲဆိုပေမဲ့ ဧရာမ အခွင့်အရေးကြီးတစ်ခုအပေါ် အမှီပြုပြီး ဟန်ကျွယ်ရဲ့ တပည့်ရင်းတွေထက် ရှေ့ကို ရောက်နေပါပြီ။
‘ငါ တိတ်ဆိတ်ဂိုဏ်း တပည့်တွေကို တွေ့ဆုံသင့်တယ်’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ အကြံဖြစ်လာတာနဲ့ တပည့်ရင်းတွေ အကုန်လုံးကို ချက်ချင်း အသံလွှင့်ပြီး နှစ်တစ်သိန်းအတွင်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ စုရုံးဖို့ အမိန့်ပေးလိုက်ပါတယ်။ ဒီထဲမှာ ရှုံဟွာအင်အားစုထဲ ရောက်နေတဲ့ လီတောက်ခုံးလည်း ပါပါတယ်။ ဟန်ကျွယ်ဟာ ဒီပွဲအတွက် စီစဉ်စရာ ကိစ္စတွေကိုတော့ လီရွှမ်အောက်လက်ထဲ အပ်လိုက်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ နတ်ဘီလူးစစ်တပ်ကိုပါ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ခေါ်သွားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဒီပဋိပက္ခ နတ်ဘီလူးတွေရဲ့ သွေးစည်းကိုတော့ ဖုံးကွယ်ထားဦးမှာပါ။
ဟန်ကျွယ်ဟာ စီစဉ်စရာရှိတာ စီစဉ်ပြီးတာနဲ့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ တပည့်ရင်းတွေကတော့ ငြိမ်ငြိမ်မနေနိုင်တော့ပါဘူး။ ဒါက နှစ်သန်းချီအတွင်း တိတ်ဆိတ်ဂိုဏ်းရဲ့ ပထမဆုံး စုစည်းမှု မဟုတ်ပါလား။
အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲမှာ တပည့်ရင်းတွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာပါတယ်။
“မင်းတို့တွေ ဆရာဘိုးဘိုးရဲ့ စီစဉ်မှုကို ကြားကြလား”
“ကြားတယ်၊ ဒါက ကောင်းတဲ့ကိစ္စပဲ၊ ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် မတွေ့တာ အတော်ကြာပြီဆိုတော့ ပြန်တွေဖို့ အချိန်တန်ပြီ”
“ဟုတ်တယ်၊ အနန္တကမ္ဘာ မြင်ကွင်းကျယ်ကြောင့်သာ မဟုတ်ရင် ငါတို့တွေ ဒီလောက်ထိ ရင်းရင်းနှီးနှီး ရှိနေမှာ မဟုတ်တော့ဘူး”
“သခင်က အကောင်းဆုံးပဲ၊ ပဋိပက္ခကို ဖုံးလွှမ်းနိုင်တဲ့ ဒီလို ဆန်းကြယ်စွမ်းအားမျိုး ရှိတယ်”
“ဟားဟား... အချိန်ကျရင် မင်းတို့တွေရဲ့ ငါ့ရဲ့ ဂုဏ်ရှိန်ကို တွေ့မြင်ရလိမ့်မယ်”
တပည့်ရင်းတွေဟာ စိတ်လှုပ်တရှား ဖြစ်နေကြပါတယ်။ အဲဒီနောက် ဘယ်သူက စလိုက်လဲ မသိပါဘူး။ သူတို့တွေဟာ သူတို့ရဲ့ တပည့်တွေအကြောင်း စပြောကြပါတယ်။ သူတို့တွေဟာ အရင်လိုမျိုး မငယ်တော့ပါဘူး။ ကိုယ်ပိုင် အမွေအနှစ်ကိုယ်စီ ရှိနေကြပါတယ်။ တပည့်တွေတင် မဟုတ်ပါဘူး။ မြေးတပည့်တွေတောင် ရှိနေပါပြီ။ တချို့ဆို မျိုးဆက်တွေ မွေးဖွားပြီး မိသားစုတောင် ထူထောင်ပြီးပါပြီ။
ဒီသတင်းက လျင်မြန်စွာပဲ ဟန်ဟွမ်ရဲ့ နားထဲကို ရောက်သွားပါတယ်။ ဟန်ဟွမ်ဟာ အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲမှာ မရှိပေမဲ့ တပည့်ရင်းတွေဟာ မဟာတာအို တံခါးကနေ ဟန်ဟွမ်ဆီ သတင်းပို့လိုက်ပါတယ်။
ပြောရရင် မဟာတာအိုတံခါး နယ်မြေက တစ်စုံတစ်ဦးတစ်ယောက် ပိုင်တဲ့ နယ်မြေ မဟုတ်ပါဘူး။ တော်တော်နည်းတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေပဲ ဒီနေရာကနေ သတင်းဖြန့်တာပါ။ နောက်ပြီး ဒီသတင်းက ရှက်စရာကိစ္စလည်း မဟုတ်တဲ့အတွက် ဟန်ဟွမ်နားထဲ ခပ်မြန်မြန် ရောက်သွားတာ ဖြစ်ပါတယ်။
ဟန်ဟွမ်ဟာ စိတ်လှုပ်ရှားသွားပါတယ်။ ဟန်ဟွမ်ဟာ သူ့အဖေရဲ့ တပည့်ရင်းတွေကို တွေ့ချင်တာ ကြာပါပြီ။ ဟန်ဟွမ်ဟာ ချက်ချင်းပဲ မိစ္ဆာကောင်းကင်ဧကရာဇ်ကို ဒီအကြောင်း ပြောပြလိုက်ပါတယ်
“ဟားဟား... ဒါ ကောင်းတဲ့ကိစ္စပဲ၊ မင်းအဖေက အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ... ဒီလိုမျိုး အစည်းအဝေးသာ မရှိရင် ဘယ်တပည့် ပျောက်နေလဲဆိုတာ သိမှာတောင် မဟုတ်ဘူး” မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အပြုံးက ဟန်ဟွမ်ရဲ့ နှလုံးသားကို သိမ်းပိုက်လိုက်ပါတယ်။
အဲဒီနောက် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ဟွမ်အာ... ဒီတစ်ကြိမ် မင်း အဲဒီကိုသွားပြီး ငါ့ကို ကူညီရမယ်.... အဟွတ်... အဟွတ်... ငါ ပြောတာကို မင်း သိပါတယ်”
ဟန်ဟွမ်ဟာ ရင်ဘတ်ပုတ်ပြီး တာဝန်ခံလိုက်ပါတယ် “အရှင်မင်းကြီး... မစိုးရိမ်ပါနဲ့၊ ကျွန်တော် အနည်းဆုံး ပါရမီရှင်ဆယ်ပါး ခေါ်လာခဲ့မယ်၊ သူတို့တွေက ကောင်းကင်ရုံးတော်ကို စွမ်းအားကြီးလာအောင် သေချာပေါက် လုပ်ပေးလိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။