← Chapters

ထူးဆန်းတဲ့ကပ်ဘေး

Vol. 90 Ch. 945

ထူးဆန်းတဲ့ကပ်ဘေး

Vol. 90 Ch. 945

“ခင်ဗျားက ဘယ်သူလဲ၊ ဘာလိုချင်တာလဲ” ကျန်းကျွယ်ရှီက မတိုးမကျယ် မေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျန်းကျွယ်ရှီဟာ ခါးနောက်က ဘယ်လက်သီးကို ဆုပ်ကာ ဖန်တီးမှုစွမ်းအားကို စုဆောင်းလိုက်ပါတယ်။

သောကမဲ့အင်မော်တယ်ဟာ ကျန်းကျွယ်ရှီတို့ကို ငုံ့ကြည့်ပြီး ပြုံးလိုက်ပါတယ် “ဟန်ဟွမ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားတော်... မင်းက လွတ်လပ် တာအိုပညာရှိအဖြစ် မွေးဖွားလာခဲ့တယ်၊ ဒါက ဘယ်တုန်းကမှ မရှိခဲ့တဲ့ အဖြစ်အပျက်ပဲ၊ တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ ဘာမတော်တဆမှ မရှိရင် မင်းက ပဋိပက္ခကို ချုပ်ကိုင်နိုင်လိမ့်မယ်”

ဟန်ဟွမ်ဟာ သောကမဲ့အင်မော်တယ်ကို ဝါးစားမတတ် ကြည့်လိုက်ပေမဲ့ ဘာမှမပြောပါဘူး။

သောကမဲ့အင်မော်တယ်ဟာ ကျန်းကျွယ်ရှီကို ကြည့်လိုက်ပါတယ် “မင်းကလည်း ကြီးမားတဲ့ အခွင့်အရေးနဲ့ မွေးဖွားလာခဲ့တာ၊ မင်း ဘယ်သူမှ မလျှောက်ဖူးတဲ့ အထွတ်အထိပ်လမ်းပေါ် ရောက်နေပြီ၊ မင်းရဲ့ ကံကြမ္မာကလည်း ပြိုင်ဘက်ကင်းလမ်းကြောင်းပေါ်မှာပဲ...”

“မင်းတို့နှစ်ယောက်လုံးက ပြိုင်ဘက်ကင်းလမ်းကြောင်းပေါ်မှာ၊ ဒါကို ရင်ပေါင်တန်း လျှောက်နေတော့ မကြာခင် မင်းတို့နှစ်ယောက်ထဲက တစ်ယောက် သေလိမ့်မယ်... နောက်ပြီး မင်းတို့အထက်မှာ ရပ်နေတဲ့လူကလည်း ပြိုင်ဘက်ကင်းတယ်၊ ပြိုင်ဘက်ကင်း လမ်းကြောင်းသုံးကြောင်း ဆုံတွေ့တာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး”

ဟန်ဟွမ်ဟာ ‌ဒေါသတကြီး ရယ်မောပြီး ကျိန်ဆဲလိုက်ပါတယ် “စောက်ပိုတွေ... မင်း ငါတို့ကို ပိတ်ထားတာက ငါ့အဖေနဲ့ ရင်ဆိုင်ချင်လို့မလား၊ မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ၊ အဲဒီ အထွတ်အထိပ် ရတနာကြောင့်သာ မဟုတ်ရင် မင်း ငါ့လက်ချက်နဲ့ အမှုန့် ဖြစ်နေလောက်ပြီ၊ ဒီလောက်လေးနဲ့များ ငါ့အဖေကို ယှဉ်ချင်သေးတယ်”

ဟန်ချင်းအာဟာ သူ့အစ်ကို စကားကို ခေါင်းညိတ် ထောက်ခံပါတယ်။ ကျန်းကျွယ်ရှီက ဘာမှမပြောပေမဲ့ တည်ကြည်လေးနက်တဲ့ မျက်နှာထားနဲ့ အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ဆင်ထားပါတယ်။

သောကမဲ့ အင်မော်တယ်ဟာ ပြုံးလိုက်ပါတယ် “မင်းက ငယ်သေးတော့ ငါ့စကားကို နားလည်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်း နားလည်ထားရမှာ တစ်ခုရှိတယ်၊ ရှေးခေတ်ကတည်းက အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဆိုတာက တစ်ယောက်ပဲ ရှိတယ်၊ ပန်ကူး၊ တာအိုဘိုးဘေး၊ လောကဦးဘိုးဘေး နတ်ဘုရား၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်၊ အခု ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းက သူ့နေရာမှာ ထိုင်ချင်ရင် သူက အစွမ်းအထက်ဆုံး ဆက်ပြီးတော့ ဖြစ်နေမယ် ထင်နေလား”

သောကမဲ့ အင်မော်တယ်ဟာ လက်မြှောက်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို တောအုပ်အထက်က ကောင်းကင်ပြင်ဟာ ပြောင်းလဲသွားပြီး လျှပ်စီးတွေ တဝင်းဝင်းလက်ကာ မိုးခြိမ်းသံတွေ ဆူညံလာပါတယ်။ ကြောက်မက်ဖွယ် ပုံရိပ်ယောင်တွေလည်း မိုးကြိုးတိမ်တိုက်တွေကြားမှာ ပေါ်လာပါတယ်။

ဟန်ဟွမ်တို့သုံးယောက်ဟာ သောကမဲ့အင်မော်တယ်က ဘာလုပ်ချင်မှန်း မသိတဲ့အတွက် ရင်ထိတ်သွားကြပါတယ်။

လခြမ်းကျောက်စိမ်းဟာ သောကမဲ့ အင်မော်တယ်ရဲ့ ခေါင်းထက်ကနေ ပျံထွက်သွားပါတယ်။ အဲဒီနောက် အလွန်လျင်မြန်တဲ့အရှိန်နဲ့ လှည့်ပတ်ကာ အလင်းရောင် ထောင်ချီ ထွက်ပေါ်လာပြီး တစ်လောကလုံးကို လင်းထိန်သွားစေပါတယ်။

“လာပြန်ပြီ... အဲဒီဟာပဲ...” ဟန်ဟွမ်ဟာ ကူကယ်ရာမဲ့စွာ ဆဲဆိုလိုက်ပါတယ်။

သောကမဲ့ အင်မော်တယ်ဟာ ထူးဆန်းတဲ့ အပြုံးကို ပြုံးလိုက်ပါတယ်။ အဲဒီနောက် လခြမ်းကျောက်စိမ်းဟာ ရုတ်တရက် ကွဲကြေပြီး ကောင်းကင်ပြင် ပြိုလဲသွားပါတယ်။ ပေတစ်သောင်းကျော် မြင့်မားတဲ့ တောအုပ်ဟာ အမှုန့် ဖြစ်သွားပြီး ဟန်ဟွမ်တို့ သုံးယောက်ရဲ့ သိစိတ်တွေလည်း အမှောင်ထုထဲ ဆင်းသက်သွားပါတယ်။

အင်မော်တယ်ကမ္ဘာ လူသားမြို့တစ်မြို့။

ဓမ္မရတနာတွေ သိမ်းဆည်းထားတဲ့ ဟန်ကျွယ်ဟာ တာအိုကျင့်ကြံသူအိုကြီးတစ်ဦး ပြောတဲ့ တိတ်ဆိတ်ဂိုဏ်း အစည်းအဝေးရဲ့ ခမ်းနားကြီးကျယ်မှုကို နားထောင်နေပါတယ်။ လက်ရှိ အင်မော်တယ်ကမ္ဘာက သူတင်ငါတင် ကျင့်ကြံတဲ့ ရေစီးကြောင်းမလို့ ကိစ္စကြီးမှန်သမျှ ကောင်းကင်တာအိုထဲမှာ လျင်မြန်စွာ ပျံ့နှံ့ပါတယ်။ မကြာမကြာဆိုသလိုလည်း ပဋိပက္ခထဲက သတင်းတွေကို ကြားနိုင်ပါသေးတယ်။

အပြင်ထွက်ဖို့က လွယ်တာမဟုတ်လို့ ဟန်ကျွယ်ဟာ အေးဆေး အပန်းဖြေပါတယ်။ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ခရီးနှင်တာ နှစ်သုံးလေးဆယ် ရှိပြီမလို့ စိတ်ဝင်စားဖို့ကောင်းတဲ့အရာ အများကြီးကို တွေ့မြင်ပြီးပါပြီ။

ဒီအချိန်မှာ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိပြီး မျက်မှောင်ကြုတ်သွားပါတယ်။ သွေးစည်း တိုးတာပါ ‘ငါ့သား တစ်ခုခုဖြစ်သွားတာလား...’

ဟန်ကျွယ်ဟာ မနေနိုင်ဘဲ တွက်ချက်ကြည့်လိုက်တဲ့အခါ ဟန်ဟွမ်၊ ဟန်ချင်းအာနဲ့ ကျန်းကျွယ်ရှီတို့ ပျောက်ဆုံးနေတာကို သွားတွေ့ပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့တောင် ဟန်ဟွမ်တို့ သုံးယောက်ကို မတွက်ချက်နိုင်တဲ့အတွက် ဒီကိစ္စက မရိုးရှင်းဘူးဆိုတာ သိသာ ထင်ရှားလှပါတယ်။

ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ စနစ်ရဲ့ တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ် “ဟန်ဟွမ်တို့သုံးယောက် အခု ဘယ်ရောက်နေလဲ”

[ကံတရားအား တွက်ချက်မရပါ။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး လူမှုဆက်ဆံရေးကနေ စစ်ဆေးကြည့်လိုက်တဲ့အခါ ဟန်ဟွမ်တို့သုံးယောက်ရဲ့ ပုံရိပ်က ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။

‘သူတို့တွေ အသက်ရှင်နေသေးရင် ဘာဖြစ်လို့ တွက်ချက်လို့ မရတာလဲ... ပဋိပက္ခထဲမှာ ငါတွက်ချက်လို့ မရတာများ ရှိလို့လား..’

“ဗလာနယ်မြေမှာ ကံတရား မရှိဘူး၊ စနစ်က အဲဒါကို တွက်ချက်လို့မရဘူး... ဟုတ်တယ်မလား”

[မှန်ပါသည်။]

ဒီအဖြေက ဟန်ကျွယ်နှလုံးသားကို ရေထဲမြုပ်သွားစေပါတယ်။ သာမန်သက်ရှိတွေက ဗလာနယ်မြေထဲကို မဝင်နိုင်ပါဘူး။

‘သူတို့သုံးယောက် တိုက်ခိုက်ခံလိုက်ရတာလား...’

ဟန်ကျွယ်ဟာ ချက်ချင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်သား ဟန်ဟွမ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်သမီးသည်...]

ဟန်ဟွမ်တို့သုံးယောက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာကို တွေ့လိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ဟန်ဟွမ်ကို ဘယ်သူ တိုက်ခိုက်တာလဲ”

[တစ်ဖက်လူ၌ အန္တိမတာအိုရတနာ ရှိသောကြောင့် တွက်ချက်မရပါ။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်မှာလည်း အန္တိမတာအိုရတနာ ရှိပါတယ်။ ဟန်ကျွယ်ရဲ့ အန္တိမတာအိုရတနာက အန္တိမမော်တယ်ဝတ်ရုံ ဖြစ်ပြီး တာအိုဖန်တီးရှင်ရဲ့ တိုက်ချက်တစ်ချက်ကို ခုခံနိုင်ပါတယ်။ တခြားစကားနဲ့ ပြောရရင် အန္တိမတာအိုရတနာက တာအိုဖန်တီးရှင်စွမ်းအားနဲ့ ညီမျှတယ်လို့ ပြောလို့ရပါတယ်။

‘တာအိုဖန်တီးရှင်က တိုက်ခိုက်လိုက်တာများလား... မဟုတ်ဘူး... တာအိုဖန်တီးရှင်ဆိုရင် တွက်ချက်လို့ရမှာပဲ... ဒီလူက အနည်းဆုံး နဝမပဋိပက္ခ၊ ပဋိပက္ခသိစိတ်နဲ့ သဏ္ဌာန်မဲ့နတ်မင်းတော့ မဖြစ်နိုင်ဘူး... ကျန်တဲ့ တာအိုဖန်တီးရှင်နှစ်ပါးများလား...’

ဟန်ကျွယ်ဟာ အားနည်းချက် တွေ့လိုတွေ့ငြား မေးခွန်းတွေ ဆက်တိုက်မေးပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် ဘယ်လိုမေးမေး တစ်ဖက်လူရဲ့ ကံတရားကို ဘယ်လိုမှ တွက်ချက်မရပါဘူး။ ဟန်ကျွယ်လည်း ဘာမှမတတ်နိုင်တော့ဘဲ စောင့်ရုံပဲ တတ်နိုင်ပါတော့တယ်။

တစ်ဖက်လူက ဟန်ဟွမ်တို့သုံးယောက်ကိုသာ တကယ် သတ်ချင်တယ်ဆိုရင် အခုအချိန်မှာ ဟန်ဟွမ်တို့တွေ သေနေလောက်ပါပြီ။ တစ်ဖက်လူက အန္တိမတာအိုရတနာကို ကိုင်ဆောင်ထားတဲ့အတွက် ဟန်ဟွမ်တို့တွေ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ တာအိုကျင့်ကြံသူအိုကြီး ပြောနေတာကို နားထောင်လိုစိတ် မရှိတော့ပါဘူး။ ဟန်ကျွယ် မတ်တတ်ရပ်ပြီး ထွက်သွားဖို့ ပြင်လိုက်စဉ်မှာပဲ ခြောက်နှစ် ခုနစ်နှစ်ရှိတဲ့ ကလေးငယ်တစ်ယောက်ဟာ ဟန်ကျွယ်ရှေ့မှာ ဝင်ထိုင်လိုက်ပါတယ်။

ဒီကလေးငယ်ဟာ ဟန်ကျွယ်ဟာ လျစ်လျူရှုပြီး စားပွဲပေါ်က အစားအစာတွေကို စားသောက်ပါတယ်။ ဟန်ကျွယ်ဟာ ကလေးငယ်ကို မတားဘဲ တိတ်တဆိတ် စိုက်ကြည့်ပါတယ်။

အတော်ကြာသွားတဲ့အခါမှာတော့ ကလေးငယ်ဟာ ဗိုက်ဝသွားပြီး နှုတ်ခမ်း သပ်လိုက်ပါတယ်။ ဒီကလေးက ဖြတ်ကတတ်ဆန်း နိုင်လှပါတယ်။ အဲဒီနောက် ကလေးငယ်ဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး ပြောလိုက်ပါတယ် “မူမှား... မင်း ရှလွန်းရင် ကပ်ဘေးတွေ့လိမ့်မယ်”

ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြန်မေးလိုက်ပါတယ် “ဘာမူမှားတာလဲ”

ကလေးငယ်ဟာ အရက်ကရားကို ကိုင်ပြီး မော့သောက်လိုက်ပါတယ်။ ဒီအရက်ကရားက ကလေးငယ်ရဲ့ အပေါ်ပိုင်းခန္ဓာကိုယ်ထက် ပိုကြီးပါတယ်။ ဒီမြင်ကွင်းက အတော် ထူးဆန်းလှပါတယ်။

ဟန်ကျွယ်ဟာ အလျင်မလိုဘဲ စိတ်ရှည်လက်ရှည် စောင့်ပါတယ်။

အရက်တစ်ငုံ သောက်ပြီးတဲ့အခါ ကလေးငယ်ရဲ့ မျက်နှာဟာ နီရဲသွားပါတယ်။ ကလေးငယ်ဟာ ဟန်ကျွယ်ကို အရက်မူးတဲ့ မျက်လုံးနဲ့ ကြည့်ပြီး ပြုံးလိုက်ပါတယ် “မင်းက မူမှားပဲ၊ မင်းက မတည်ရှိသင့်ဘူး၊ မင်းပေါ်လာတာက ကောင်းကင်တာအိုထဲမှာရှိတဲ့ အရာအားလုံးကို နှောင့်ယှက်ပြီး ပဋိပက္ခရဲ့ ရှိရင်းစွဲ အခြေအနေကို ချိုးဖျက်ပစ်လိုက်တယ်၊ မင်းက ပဋိပက္ခကို ခြိမ်းခြောက်နေပြီ၊ ပြဿနာက လာနေပြီ”

“အို... ဘာပြဿနာလဲ” ဟန်ကျွယ်ဟာ မေးစေ့ကို ညာလက်နဲ့ပွတ်ပြီး စိတ်ဝင်တစား မေးလိုက်ပါတယ်။

ကလေးငယ်ရဲ့ အသံက ကျယ်လောင်ပေမဲ့ ဘေးနားက ဖောက်သည်တွေဟာ ကလေးငယ်ရဲ့ အသံကို မကြားပုံပါပဲ။ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။

ကလေးငယ်ဟာ ပြုံးဖြဲဖြဲ ရယ်လိုက်ပါတယ် “မင်းဂရုစိုက်တဲ့ အရာအားလုံးက မင်းကို ဝါးမြိုလိမ့်မယ်၊ မင်း ပိုကြိုက်လေလေ နောက်ကျရင် မင်းပိုပြီးတော့ မုန်းတီခံရလေလေပဲ”

“ငါ ဒါကို အရင်က ကြုံပြီးပြီ၊ ညီငယ်လေး... နောက်လာမဲ့အရာက မင်းအတွက် အရေးအကြီးဆုံး ကပ်ဘေးပဲ၊ မင်း ပဋိပက္ခကို ထိုးဖောက်မြင်ကောင်း မြင်လိမ့်မယ်၊ ဒါပေမဲ့ ပဋိပက္ခရဲ့ အနှစ်သာရကိုတော့ မင်း ထိုးဖောက်မြင်နိုင်မှာ မဟုတ်ဘူး”

ဟန်ကျွယ် မျက်နှာပေါ်က အပြုံးဟာ ပျောက်သွားပါတယ် “တာအိုဘိုးဘေး...”

ကလေးငယ်ဟာ မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ် “တာအိုဘိုးဘေး... အဲဒါက သက်ရှိတွေ ငါ့ကိုပေးတဲ့ နာမည်၊ သက်ရှိတွေ တာအိုဘိုးဘေးကို မလိုအပ်ရင် သူလည်း တည်ရှိတော့မှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ ကလေးငယ် ထွက်သွားတာကို ကြည့်နေပါတယ်။ ဟန်ကျွယ်ဟာ ဒီကလေးငယ်က သေမျိုးတစ်ယောက်သာ ဖြစ်ပြီး ထူးခြားတဲ့ကံကြမ္မာမရှိတာကို မြင်နိုင်ပါတယ်။ တာအိုဘိုးဘေးရဲ့ စိတ်ဆန္ဒက ဒီကလေးငယ်ကို တခဏ ခန္ဓာသိမ်းလိုက်တာ ဖြစ်နိုင်ပါတယ်။

‘တာအိုဘိုးဘေးက တကယ်ကို ကောင်းကင်တာအိုထဲမှာ ပုန်းနေတာပဲ’

ဟန်ဟွမ်တို့သုံးယောက် တစ်ခုခုဖြစ်တဲ့အချိန်မှာပဲ ဟန်ကျွယ်ဟာ တာအိုဘိုးဘေးကို တွေ့လိုက်ရပါတယ်။ ဘယ်လိုပဲတွေးကြည့် တွေးကြည့် ဒါက ထူးဆန်းလွန်းပါတယ်။

ဟန်ကျွယ်ဟာ ထွက်မသွားသေးဘဲ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “တာအိုဘိုး‌ဘေးပြောတဲ့ ကပ်ဘေးက ဘယ်ဟာလဲ”

[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ သူက ဝီရိယတောင်ပေါ်မှာ ရပ်နေတာကို တွေ့လိုက်ရပါတယ်။ မရေမတွက်နိုင်တဲ့ ရုပ်သွင်ဟာ မျက်စိတစ်ဆုံး ကောင်းကင်ပြင်မှာ ပြည့်နှက်နေပါတယ်။ ဒီရုပ်သွင်တွေ အကုန်လုံးက တိတ်ဆိတ်ဂိုဏ်း တပည့်တွေပါ။ ခမ်းနားတဲ့ သစ်ပင်ကြီးတစ်ပင်ဟာလည်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ မိုးကုပ်စက်ဝိုင်း အဆုံးသတ်မှာ မိုးမြေကို ဆက်သွယ်ထားပါတယ်။

ဖူစန်းသစ်ပင်။

ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ဟန်ဟွမ်၊ ဟန်ထော်၊ ရှင်းဟုန်ရွှမ်၊ ရန်တျန်ကုန်း၊ ကျန်းကျွယ်ရှီ၊ တာအိုအရှင်သခင်စတဲ့ ဟန်ကျွယ် ရင်းနှီးတဲ့လူတွေကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ရဲ့ ဆွေမျိုးတွေနဲ့ တပည့်အကုန်လုံးက ဟန်ကျွယ်ကို မုန်းတီးမှုအပြည့်နဲ့ ကြည့်နေပါတယ်။

ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါ သူ့နောက်မှာ ရုပ်နေတဲ့ ရုပ်သွင်တစ်သွင်ကို တွေ့လိုက်ရပါတယ်။ ဒီရုပ်သွင်က သူကိုယ်တိုင်ပါပဲ။ ဟန်ကျွယ်ရဲ့ အနာဂတ်ရုပ်သွင်ဟာ အကောင်းစား ရတနာတွေကို ဆင်မြန်းပြီး ပတ်ဝန်းကျင်က တပည့်တွေကို ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ကြည့်နေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters